NU Skin & Aesthetic Clinic

NU Skin & Aesthetic Clinic Caring Skin, Caring Wellness

ကလေးတွေမှာ အဖြစ်များတဲ့ ပဲသီတာရောဂါဆိုတာ ဘာလဲ❓✨ ပဲသီတာရောဂါဆိုတာ ရေကျောက်လို ဗိုင်းရပ်စ်တစ်မျိုးကြောင့် ဖြစ်တဲ့အရေပြားကူ...
04/03/2026

ကလေးတွေမှာ အဖြစ်များတဲ့ ပဲသီတာရောဂါဆိုတာ ဘာလဲ❓

✨ ပဲသီတာရောဂါဆိုတာ ရေကျောက်လို ဗိုင်းရပ်စ်တစ်မျိုးကြောင့် ဖြစ်တဲ့အရေပြားကူးစက်ရောဂါ ဖြစ်ပြီးတော့ မူကြိုနဲ့ မူလတန်းအရွယ် ကလေးတွေမှာ အဖြစ်များပါတယ်။ တစ်ခါဖြစ်ဖူးပြီးသွားလည်း ပြန်ပြန်ဖြစ်တတ်တာမို့လို့ ကျွမ်းကျင်တဲ့အရေပြားကုဆရာဝန်တွေနဲ့ သေချာပြသပြီး ကုသမှုခံယူသင့်ပါတယ်။

ဘယ်လိုအခြေအနေမျိုးမှာ ကူးစက်နိုင်လဲ❓

✨ ကလေးငယ်တွေရဲ့ သဘာဝအရ ဆော့ကစားရင်း အရေပြားချင်း ထိတွေ့မိတဲ့အခါမျိုးမှာ ဒဏ်ရာတွေကတစ်ဆင့် ဒါမှမဟုတ် မွှေးညှင်းပေါက်လိုနေရာမျိုးကတစ်ဆင့် အလွယ်တကူပဲ ကူးစက်နိုင်ပါတယ်။ လူကြီးအရွယ်ရောက်တဲ့အချိန်မှာလည်း ကူးစက်နိုင်ပေမယ့် ကိုယ်ခံအားကောင်းတာ၊ မကောင်းတာပေါ်မူတည်ပြီး ကူးစက်နိုင်ချေ ကွာဟသွားပါတယ်။ ဒါ့ကြောင့်လည်း ကိုယ်ခံအားစနစ် သေချာဖွံ့ဖြိုးမှုမရှိသေးတဲ့ ကလေးငယ်အရွယ်တွေမှာ အဖြစ်များကြတာပါ။

ပဲသီတာရောဂါ ဖြစ်ပြီဆိုတာကို ဘယ်လိုသိနိုင်မလဲ❓

✅ ခန္ဓာကိုယ်အနှံ့မှာ 1-5 mm အရွယ် ယားယံနိုင်တဲ့ အရည်ကြည်အဖုလေးတွေ၊ အလယ်မှာချိုင့်နေတဲ့အနီစက်လေးတွေ

✅ တလုံးထဲ ဒါမှမဟုတ် စုလိုက် အတန်းလိုက်လေး တွေ့ရတယ်
အများစုကတော့ မျက်နှာ၊ရင်ဘတ်၊ လက်နှင့်ခြေထောက်တွေမှာ တွေ့ရတတ်ပါတယ်

✅ ကိုယ်ပူ၊ ချောင်းဆိုး၊ နှာစေး၊ လည်ချောင်းနာ၊ နုံးတာတွေနဲ့လဲတွဲတွေ့ရတတ်ပါတယ်

ဒါဆိုရင် ဘယ်လို ကုသနိုင်မလဲ❓

✨ သိပ်ပြီးတော့ စိုးရိမ်စရာမရှိပါဘူး
ပဲသီတာလေးတွေဟာ 6-12 months အတွင်းမှာ သူ့ဟာနဲ့သူလဲပြန်ကောင်းသွားတတ်ပါတယ်။
တခြားနေရာတွေကို ပြန့်မသွားအောင်နဲ့ ပိုးဝင်မဝင်အောင် လက်နဲ့မကုတ်ပါနဲ့ မဖဲ့ပါနဲ့။
ကလေးရဲ့အသုံးဆောင်ပစ္စည်းလေးတွေ ကို သန့်သန့်ရှင်းရှင်းနဲ့သီးသန့်သုံးပေးပါ။ မျက်နှာသုတ်ပဝါ၊ အဝတ်တို့ကိုလဲ အတူမျှဝေသုံးတာ မလုပ်ပါနဲ့။
ပြည်တည်ခြင်း အလွန်နာကျင်ခြင်း နီရဲခြင်းများ ဖြစ်လာခဲ့ရင်တော့ အမြန်ဆုံးကုသမှုခံယူသင့်ပါတယ်။
အမာရွတ်မကျန်ရလေအောင် အိမ်တွင်းဆေးမြီတိုတွေနဲ့ ကုသနေမယ့်အစား ကိုယ့်ကလေးမှာ ပဲသီတာရောဂါ ဖြစ်စပြုပြီဆိုတာနဲ့ စိတ်ချရတဲ့ ဆေးရုံဆေးခန်းတွေမှာ ချက်ချင်းသွားရောက်ပြသ တိုင်ပင်သင့်ပါတယ်နော်။

ကျွမ်းကျင်အရေပြားဆရာဝန်တွေကိုယ်တိုင် သေသေချာချာ ကုသပေးနိုင်တဲ့ နေရာမှာမှ ကုသမှုခံယူစေချင်ပါတယ်ဆိုတဲ့ မေမေတို့အတွက်ကတော့ 𝗡𝗨 𝗦𝗸𝗶𝗻 & 𝗔𝗲𝘀𝘁𝗵𝗲𝘁𝗶𝗰 𝗖𝗹𝗶𝗻𝗶𝗰 ကိုပဲ ရွေးချယ်လိုက်ပါရှင်။💯

*အင်္ဂါနေ့တိုင်း ဆေးခန်းပိတ်ပါတယ်ရှင်။ *

အသေးစိတ်အချက်အလက်များကိုသိရှိနိုင်ဖို့အတွက်

📞 Contact Us

☎️ 𝟬𝟵 𝟳𝟳𝟱𝟱 𝟰𝟬 𝟰𝟰𝟱

📍 No.(97), Between 26th and 27 Streets, 77th Street, Chan Aye Thar San Township, Mandalay.

‌ #ပဲသီတာ #ရေကျောက် #ကလေးကျန်းမာရေး

ဒီအကောင့်ပိုင်ရှင်ပုံလေးထဲကညီမလေးကို သူ့ချစ်မမက ပျော်ရွှင်စရာမွေးနေ့လေးဖြစ်ပါစေ ညီမလေးရေ 🎂🎉🎁BF ပူဆာတာကလွဲပြီးကျန်တာပူဆာန...
04/03/2026

ဒီအကောင့်ပိုင်ရှင်ပုံလေးထဲကညီမလေးကို သူ့ချစ်မမက ပျော်ရွှင်စရာမွေးနေ့လေးဖြစ်ပါစေ ညီမလေးရေ 🎂🎉🎁
BF ပူဆာတာကလွဲပြီးကျန်တာပူဆာနိုင်ပါတယ် အပူပင်ကင်းတဲ့ရပ်ဝန်းမှာပဲရှင်သန်ပါ 😇ဆိုပြီး '' Carbon Laser Peel တစ်ကြိမ်စာလုပ်ခွင့်'' လက်ဆောင်ဝယ်ပေးထားပါတယ်ရှင့်
Happy Birthday ပါ ညီမလေးရေ 🎉🎂

ဒီနေ့ကျရောက်တဲ့ တောင်သူလယ်သမားများနေ့ ချိန်ခါသမယမှာ ကျေးဇူးရှင် တောင်သူဦးကြီးများနဲ့တကွ မိဘပြည်သူများအားလုံး စိတ်၏ချမ်းသ...
02/03/2026

ဒီနေ့ကျရောက်တဲ့ တောင်သူလယ်သမားများနေ့ ချိန်ခါသမယမှာ ကျေးဇူးရှင် တောင်သူဦးကြီးများနဲ့တကွ မိဘပြည်သူများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေ၊ စိုက်ပျိုးသမျှ သီးနှံတွေလည်း အောင်မြင်ဖြစ်ထွန်းပြီး ရွှေမိုးငွေမိုးတွေ ရွာသွန်းဖြိုးပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

*အင်္ဂါနေ့တိုင်း ဆေးခန်းပိတ်ပါတယ်ရှင်။ *

အသေးစိတ်အချက်အလက်များကိုသိရှိနိုင်ဖို့အတွက်

📞 Contact Us

☎️ 𝟬𝟵 𝟳𝟳𝟱𝟱 𝟰𝟬 𝟰𝟰𝟱

📍 No.(97), Between 26th and 27 Streets, 77th Street, Chan Aye Thar San Township, Mandalay.

တင်းတိပ်ဆိုတာ ပျောက်ကင်းဖို့ ခဲယဉ်းပြီး ပျိုမေတို့ရဲ့အလှတရားကို မှေးမှိန်စေနိုင်ပါတယ်။ ဒါပေမယ့် နည်းစနစ်မှန်ကန်တဲ့ ကုသမှ...
28/02/2026

တင်းတိပ်ဆိုတာ ပျောက်ကင်းဖို့ ခဲယဉ်းပြီး ပျိုမေတို့ရဲ့အလှတရားကို မှေးမှိန်စေနိုင်ပါတယ်။ ဒါပေမယ့် နည်းစနစ်မှန်ကန်တဲ့ ကုသမှုတွေနဲ့ဆိုရင်တော့ သိသိသာသာ ကြည်လင်ပျောက်ကင်းလာနိုင်ပါတယ်။

တင်းတိပ်ဆိုတာ ဘာလဲ❓

တင်းတိပ်ဆိုတာ အရေပြားပေါ်မှာ မယ်လနင်ဓာတ်တွေ အလွန်အကျွံထွက်လာရာကနေ ဖြစ်ပေါ်လာတဲ့အညိုကွက်တွေ ဖြစ်ပါတယ်။ အဓိကအားဖြင့် နေရောင်ခြည်၊ ဟော်မုန်းအပြောင်းအလဲနဲ့ မျိုးရိုးဗီဇတို့ကြောင့် ဖြစ်တတ်ပါတယ်။

အလှတရားအတွက် အဟန့်အတားဖြစ်စေနိုင်တဲ့ တင်းတိပ်တွေကို 𝗡𝗨 𝗦𝗸𝗶𝗻 & 𝗔𝗲𝘀𝘁𝗵𝗲𝘁𝗶𝗰 𝗖𝗹𝗶𝗻𝗶𝗰 မှာတော့ သောက်ဆေး ၊ လိမ်းဆေး ၊ Meso အင်ဂျက်ရှင်း ၊ လေဆာ စတဲ့ ကုသနည်း (၄) မျိုးနဲ့ အရှင်းပျောက်ကင်းအောင် နည်းစနစ်ကျကျ ကုသပေးနေပါတယ်။

𝗡𝗨 𝗦𝗸𝗶𝗻 & 𝗔𝗲𝘀𝘁𝗵𝗲𝘁𝗶𝗰 𝗖𝗹𝗶𝗻𝗶𝗰 ရဲ့ ကုသနည်းတွေက မယ်လနင်ထုတ်လုပ်မှုကို ရပ်တန့်ပေးပြီး တင်းတိပ်အသစ်တွေ ထပ်မဖြစ်အောင်နဲ့ ရှိပြီးသား တင်းတိပ်တွေ အရောင်မှေးမှိန်သွားအောင် ထိန်းညှိပေးနိုင်ပါတယ်။

တင်းတိပ်ဆိုတာက တစ်ယောက်နဲ့တစ်ယောက် ဖြစ်ပုံချင်းမတူတာကြောင့် 𝗡𝗨 𝗦𝗸𝗶𝗻 & 𝗔𝗲𝘀𝘁𝗵𝗲𝘁𝗶𝗰 𝗖𝗹𝗶𝗻𝗶𝗰 က တစ်ဦးချင်းစီရဲ့ လိုအပ်ချက်ပေါ်မူတည်ပြီး ဘယ်လိုကုသနည်းနဲ့ အဆင်ပြေမလဲဆိုတာကို အသေးစိတ် သေချာလေး ဆွေးနွေးပေးပါတယ်။

မျက်နှာလှလှလေးပေါ်က တင်းတိပ်ကွက်တွေကြောင့် ယုံကြည်မှုမပျောက်ဆုံးစေဖို့ 𝗡𝗨 𝗦𝗸𝗶𝗻 & 𝗔𝗲𝘀𝘁𝗵𝗲𝘁𝗶𝗰 𝗖𝗹𝗶𝗻𝗶𝗰 က ကူညီပေးနေပြီနော်။😉

*အင်္ဂါနေ့တိုင်း ဆေးခန်းပိတ်ပါတယ်ရှင်။ *

အသေးစိတ်အချက်အလက်များကိုသိရှိနိုင်ဖို့အတွက်

📞 Contact Us

☎️ 𝟬𝟵 𝟳𝟳𝟱𝟱 𝟰𝟬 𝟰𝟰𝟱

📍 No.(97), Between 26th and 27 Streets, 77th Street, Chan Aye Thar San Township, Mandalay.

‌ #တင်းတိပ်

Seborrheic Dermatitis ဆိုတာ ဦးရေပြားဗောက်ထပြီး အရေပြားနီမြန်းခြင်းနဲ့ အဆီဂလန်း ရောင်ရမ်းတဲ့ အရေပြားရောဂါတစ်မျိုးဖြစ်ပါတယ...
24/02/2026

Seborrheic Dermatitis ဆိုတာ ဦးရေပြားဗောက်ထပြီး အရေပြားနီမြန်းခြင်းနဲ့ အဆီဂလန်း ရောင်ရမ်းတဲ့ အရေပြားရောဂါတစ်မျိုးဖြစ်ပါတယ်။

ဦးရေပြား၊ နှာခေါင်းဘေး၊ ရင်ဘတ်အပေါ်ပိုင်း၊ ကျောကုန်း၊ ပေါင်ခြံ၊ ချိုင်း စတာလိုမျိုး အဆီများတဲ့ အရေပြားနေရာတွေမှာ Seborrheic Dermatitis ဖြစ်တတ်ပါတယ်။ Seborrheic Dermatitis ရောဂါက မကူးစက်နိုင်ပေမယ့် ရုပ်ပိုင်းဆိုင်ရာအသွင်အပြင်ကို ထိခိုက်စေနိုင်ပြီး နေရခက်စေနိုင်ပါတယ်။

ဒါ့အပြင် နာတာရှည်ရောဂါလိုမျိုး ဖြစ်နိုင်တာကြောင့် ပုံမှန်အသားအရေထိန်းသိမ်းမှုတွေ ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။ လက္ခဏာတွေကတော့ အရေပြားအဖတ်အဖတ်တွေ ပေါ်လာတာ၊ အဖြူရောင် (သို့) အဝါရောင် အဖတ်တွေ ကွာကျလာတာ၊ ယားယံတာ၊ အရေပြားနီမြန်းလာတာ၊ အမွှေးတွေကျွတ်တာ စတာတွေ ဖြစ်တတ်ပါတယ်။

ဒါ့ကြောင့် Seborrheic Dermatitis ဖြစ်တယ်လို့ သံသယရှိတယ်ဆိုရင် ကျွမ်းကျင်ဆရာဝန်တွေနဲ့ဆွေးနွေးတိုင်ပင်ပြီး လိုအပ်တဲ့ကုသမှုတွေ ပြုလုပ်ပေးဖို့ လိုအပ်သလို အသားအရေကို ပုံမှန်ထိန်းသိမ်းသွားဖို့ အင်မတန်အရေးကြီးပါတယ်။

𝗡𝗨 𝗦𝗸𝗶𝗻 & 𝗔𝗲𝘀𝘁𝗵𝗲𝘁𝗶𝗰 𝗖𝗹𝗶𝗻𝗶𝗰 မှာ Seborrheic Dermatitis ရောဂါအပြင် တခြားအရေပြားဆိုင်ရာပြဿနာတွေကို သေချာဆွေးနွေးတိုင်ပင်ပေးပြီး လိုအပ်တဲ့ကုသမှု၊ ထိန်းသိမ်းမှုတွေကို ပြုလုပ်ပေးနေပါတယ်။

ကိုယ့်ရဲ့အရေပြားကျန်းမာရေး ကောင်းမွန်ပြီး ဝင်းမွတ်လှပတဲ့အသားအရေလေးကို ပိုင်ဆိုင်ချင်တယ်ဆိုရင် 𝗡𝗨 𝗦𝗸𝗶𝗻 & 𝗔𝗲𝘀𝘁𝗵𝗲𝘁𝗶𝗰 𝗖𝗹𝗶𝗻𝗶𝗰 ကိုပဲ ကြွလှမ်းခဲ့လိုက်ပါရှင့်။

*အင်္ဂါနေ့တိုင်း ဆေးခန်းပိတ်ပါတယ်ရှင်။ *

အသေးစိတ်အချက်အလက်များကိုသိရှိနိုင်ဖို့အတွက်
📞 Contact Us
☎️ 𝟬𝟵 𝟳𝟳𝟱𝟱 𝟰𝟬 𝟰𝟰𝟱
📍 No.(97), Between 26th and 27 Streets, 77th Street, Chan Aye Thar San Township, Mandalay.

#ကျွဲအရေပြားရောဂါ #အသားပို #မှဲ့ခြောက် #ဖယောင်းချပ်

𝐆𝐨𝐧𝐠 𝐗𝐢 𝐅𝐚 𝐂𝐚𝐢 🧧စိတ်သစ်၊ လူသစ်၊ အလှတရားအသစ်တွေနဲ့ လန်းဆန်းနိုင်ကြပါစေ။ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရုံတင်မကဘဲ ချမ်းသာကြွယ်ဝမ...
16/02/2026

𝐆𝐨𝐧𝐠 𝐗𝐢 𝐅𝐚 𝐂𝐚𝐢 🧧

စိတ်သစ်၊ လူသစ်၊ အလှတရားအသစ်တွေနဲ့ လန်းဆန်းနိုင်ကြပါစေ။ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရုံတင်မကဘဲ ချမ်းသာကြွယ်ဝမှုတွေ အဆမတန် တိုးပွားပါစေကြောင်း 𝗡𝗨 𝗦𝗸𝗶𝗻 & 𝗔𝗲𝘀𝘁𝗵𝗲𝘁𝗶𝗰 𝗖𝗹𝗶𝗻𝗶𝗰 မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

*အင်္ဂါနေ့တိုင်း ဆေးခန်းပိတ်ပါတယ်ရှင်။ *

အသေးစိတ်အချက်အလက်များကိုသိရှိနိုင်ဖို့အတွက်

📞 Contact Us

☎️ 𝟬𝟵 𝟳𝟳𝟱𝟱 𝟰𝟬 𝟰𝟰𝟱

📍 No.(97), Between 26th and 27 Streets, 77th Street, Chan Aye Thar San Township, Mandalay.

ချစ်ခြင်းမေတ္တာတွေ လွှမ်းခြုံထားတဲ့ Valentine’s Day လေးမှာ 𝗡𝗨 𝗦𝗸𝗶𝗻 & 𝗔𝗲𝘀𝘁𝗵𝗲𝘁𝗶𝗰 𝗖𝗹𝗶𝗻𝗶𝗰 ရဲ့ ချစ်ရတဲ့သူလေးတွေအားလုံးကို နှု...
13/02/2026

ချစ်ခြင်းမေတ္တာတွေ လွှမ်းခြုံထားတဲ့ Valentine’s Day လေးမှာ 𝗡𝗨 𝗦𝗸𝗶𝗻 & 𝗔𝗲𝘀𝘁𝗵𝗲𝘁𝗶𝗰 𝗖𝗹𝗶𝗻𝗶𝗰 ရဲ့ ချစ်ရတဲ့သူလေးတွေအားလုံးကို နှုတ်ခွန်းဆက်သလိုက်ပါတယ်ရှင်။

အချစ်ဆိုတာ တခြားသူဆီက စတင်တာမျိုးမဟုတ်ဘဲနဲ့ ကိုယ့်ကိုယ်ကိုယ် လက်ခံတန်ဖိုးထားတတ်ခြင်းကနေ စတင်ပါတယ်။ ကိုယ့်ရဲ့ စိတ်ရောကိုယ်ပါ ကျန်းမာပျော်ရွှင်နေဖို့ ဂရုစိုက်တာက ကိုယ့်ကိုယ်ကိုယ်ချစ်ကြောင်း ဖော်ပြနေတဲ့နည်းလမ်းတစ်ခုပါပဲ။

ဒါ့ကြောင့် 𝗡𝗨 𝗦𝗸𝗶𝗻 & 𝗔𝗲𝘀𝘁𝗵𝗲𝘁𝗶𝗰 𝗖𝗹𝗶𝗻𝗶𝗰 ကို ယုံကြည်အားကိုးကြတဲ့ ချစ်ခင်ရသူတိုင်း ကိုယ်စိတ်နှစ်ပါး ကြည်လင်လန်းဆန်းပြီး ပျော်ရွှင်စရာကောင်းတဲ့ Valentine’s Day လေးကို ပိုင်ဆိုင်နိုင်ကြပါစေ လို့ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ရှင်။

*အင်္ဂါနေ့တိုင်း ဆေးခန်းပိတ်ပါတယ်ရှင်။*

အသေးစိတ်အချက်အလက်များကိုသိရှိနိုင်ဖို့အတွက်

📞 Contact Us

☎️ 𝟬𝟵 𝟳𝟳𝟱𝟱 𝟰𝟬 𝟰𝟰𝟱

📍 No.(97), Between 26th and 27 Streets, 77th Street, Chan Aye Thar San Township, Mandalay.

ပုံမှန်ဝက်ခြံလေးပါပဲဆိုပြီး လက်နဲ့ညှစ်လိုက်ရာ အခြေအနေဆိုးသွားတာမျိုး ကြုံဖူးကြလား❓တကယ်တော့ လက်နဲ့ညှစ်ရာကနေ ဝက်ခြံပိုးဝင်...
12/02/2026

ပုံမှန်ဝက်ခြံလေးပါပဲဆိုပြီး လက်နဲ့ညှစ်လိုက်ရာ အခြေအနေဆိုးသွားတာမျိုး ကြုံဖူးကြလား❓

တကယ်တော့ လက်နဲ့ညှစ်ရာကနေ ဝက်ခြံပိုးဝင်သွားလို့ပါ…ဝက်ခြံပိုးဝင်တယ်ဆိုတာက အရေပြားပေါ်မှာရှိတဲ့ ဘတ်တီးရီးယားတွေက ဝက်ခြံရဲ့အတွင်းပိုင်းကို ဝင်ရောက်သွားပြီး ဝက်ခြံဖုပိုကြီးလာတဲ့အခြေအနေကို ခေါ်ပါတယ်။

ဝက်ခြံပိုးဝင်နေပြီဆိုတာကို ဘယ်လိုသိနိုင်မလဲ❓

ဝက်ခြံက ပုံမှန်ထက်ပိုပြီး အရွယ်အစားကြီးနေတာ၊ နီရဲရောင်ရမ်းပြီး အထိမခံနိုင်အောင် နာနေတာ၊ ပြည်တွေတည်နေတာမျိုးဆိုရင် ဝက်ခြံပိုးဝင်နေပြီလို့ မှတ်ယူနိုင်ပါတယ်။ အရမ်းပြင်းထန်တယ်အခြေအနေမျိုးဆိုရင် ကိုယ်ပူတာ၊ ခြေကုန်လက်ပန်းကျတာ၊ နေရထိုင်ရမသက်မသာဖြစ်တဲ့အထိပါ ဖြစ်နိုင်ပါတယ်။

😉 ဒါ့ကြောင့် ကိုယ့်ရဲ့မျက်နှာပြင်လှလှလေးမှာ ဝက်ခြံတွေ ပေါက်နေပြီဆိုရင် သတိကြီးကြီးထားပြီး သေချာဂရုစိုက်သင့်ပါတယ်။ ဝက်ခြံကင်းရှင်းပြီး သဘာဝအတိုင်းလှပနေတဲ့ မျက်နှာအသားအရေလေးကို ထိန်းသိမ်းထားနိုင်ဖို့အတွက် 𝗡𝗨 𝗦𝗸𝗶𝗻 & 𝗔𝗲𝘀𝘁𝗵𝗲𝘁𝗶𝗰 𝗖𝗹𝗶𝗻𝗶𝗰 ရှိနေပါတယ်။

𝗡𝗨 𝗦𝗸𝗶𝗻 & 𝗔𝗲𝘀𝘁𝗵𝗲𝘁𝗶𝗰 𝗖𝗹𝗶𝗻𝗶𝗰 မှာက ဝက်ခြံအတွက် သီးသန့် Package ဆိုတာမျိုးထက် အသားအရေရဲ့အခြေအနေပေါ်မူတည်ပြီး လိုအပ်တဲ့ကုသမှုအကြိမ်အရေအတွက်အတိုင်း ပျောက်ကင်းသက်သာတဲ့အထိ ကုသပေးပါတယ်။

ကိုယ်အသုံးပြုနေတဲ့ Skin Care တွေကို သေချာစစ်ဆေးပေးပြီးတော့ အမှန်တကယ်လိုအပ်တဲ့ ပြောင်းလဲမှုတွေကိုပဲ ပြုလုပ်ရတာကြောင့် အပိုငွေကုန်တာကနေ သက်သာစေနိုင်ပါတယ်။ ဒါ့ကြောင့် ဝက်ခြံကင်းရှင်းတဲ့ မျက်နှာပိုင်ရှင်လေး ဖြစ်လိုသူတိုင်းအတွက် 𝗡𝗨 𝗦𝗸𝗶𝗻 & 𝗔𝗲𝘀𝘁𝗵𝗲𝘁𝗶𝗰 𝗖𝗹𝗶𝗻𝗶𝗰 ကိုပဲ အရောက်လှမ်းခဲ့လိုက်ပါရှင်။✨

*အင်္ဂါနေ့တိုင်း ဆေးခန်းပိတ်ပါတယ်ရှင်။ *

အသေးစိတ်အချက်အလက်များကိုသိရှိနိုင်ဖို့အတွက်

📞 Contact Us

☎️ 𝟬𝟵 𝟳𝟳𝟱𝟱 𝟰𝟬 𝟰𝟰𝟱

📍 No.(97), Between 26th and 27 Streets, 77th Street, Chan Aye Thar San Township, Mandalay.

‌ #ဝက်ခြံ

ဒီနေ့ ကျရောက်တဲ့ (၇၉) ကြိမ်မြောက် ပြည်ထောင်စုနေ့ကို 𝗡𝗨 𝗦𝗸𝗶𝗻 & 𝗔𝗲𝘀𝘁𝗵𝗲𝘁𝗶𝗰 𝗖𝗹𝗶𝗻𝗶𝗰 မှ ဂုဏ်ပြုကြိုဆိုလိုက်ပါတယ်။ 𝗡𝗨 𝗦𝗸𝗶𝗻 & 𝗔𝗲...
11/02/2026

ဒီနေ့ ကျရောက်တဲ့ (၇၉) ကြိမ်မြောက် ပြည်ထောင်စုနေ့ကို 𝗡𝗨 𝗦𝗸𝗶𝗻 & 𝗔𝗲𝘀𝘁𝗵𝗲𝘁𝗶𝗰 𝗖𝗹𝗶𝗻𝗶𝗰 မှ ဂုဏ်ပြုကြိုဆိုလိုက်ပါတယ်။

𝗡𝗨 𝗦𝗸𝗶𝗻 & 𝗔𝗲𝘀𝘁𝗵𝗲𝘁𝗶𝗰 𝗖𝗹𝗶𝗻𝗶𝗰 ရဲ့ မိတ်ဟောင်းမိတ်သစ်များအားလုံး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပြီး အလှတရားတွေ တိုးပွားကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

*အင်္ဂါနေ့တိုင်း ဆေးခန်းပိတ်ပါတယ်ရှင်။ *

အသေးစိတ်အချက်အလက်များကိုသိရှိနိုင်ဖို့အတွက်

📞 Contact Us

☎️ 𝟬𝟵 𝟳𝟳𝟱𝟱 𝟰𝟬 𝟰𝟰𝟱

📍 No.(97), Between 26th and 27 Streets, 77th Street, Chan Aye Thar San Township, Mandalay.

#ပြည်ထောင်စုနေ့

🧧 တရုတ်နှစ်သစ်ကူး ပရိုမိုရှင်း Up To 30% OFF တွေကို လုံးဝလက်မလွှတ်လိုက်နဲ့နော်။🧧နှစ်သစ်ကို ဝင်ရောက်ဖို့ အလှပဆုံးအလှတရားတ...
11/02/2026

🧧 တရုတ်နှစ်သစ်ကူး ပရိုမိုရှင်း Up To 30% OFF တွေကို လုံးဝလက်မလွှတ်လိုက်နဲ့နော်။🧧

နှစ်သစ်ကို ဝင်ရောက်ဖို့ အလှပဆုံးအလှတရားတွေနဲ့ ယုံကြည်မှုရှိရှိ ခြေလှမ်းစတင်ချင်တယ်ဆိုရင် 𝗡𝗨 𝗦𝗸𝗶𝗻 & 𝗔𝗲𝘀𝘁𝗵𝗲𝘁𝗶𝗰 𝗖𝗹𝗶𝗻𝗶𝗰 ရဲ့ တရုတ်နှစ်သစ်ကူးပရိုမိုရှင်းအစီအစဉ်ကြီးက ပျိုမေတို့အတွက်ပါပဲ။✨

˚.˚.🎀༘ နှစ်သစ်ရဲ့မှော်အစွမ်းတွေအလား ကြည်လင်ဝင်းပပြီး ကျက်သရေရှိတဲ့အသွင်လေးကို ပိုင်ဆိုင်ရဖို့အတွက် 𝗡𝗨 𝗦𝗸𝗶𝗻 & 𝗔𝗲𝘀𝘁𝗵𝗲𝘁𝗶𝗰 𝗖𝗹𝗶𝗻𝗶𝗰 က ခေါင်းအစခြေအဆုံး တာဝန်ယူပေးနေတာမို့လို့ အခုပရိုမိုရှင်းလေးကို အမိအရဖမ်းဆုပ်ထားလိုက်တော့နော်။

📌 ပရိုမိုရှင်းကာလလေးကတော့ 𝐅𝐞𝐛𝐫𝐮𝐚𝐫𝐲 (𝟏𝟐) ရက်နေ့ကနေ (𝟏𝟖) ရက်နေ့ထိ ဖြစ်ပြီး ပရိုမိုရှင်းအစီအစဉ်ထဲမှာ ပါဝင်တာတွေကတော့

✨ H-I-F-U treatment (𝟑𝟎%) 𝐎𝐅𝐅
လျော့တွဲကျနေတဲ့အသားအရေကိုတောင် ပြန်လည်တင်းရင်းစေပြီးတော့ မျက်နှာကို V-Shape ပုံစံလေး ဖြစ်သွားစေနိုင်ပါတယ်။ နဖူး၊ မျက်လုံးဘေးနဲ့ ပါးစပ်ဘေးက အရေအကြောင်းတွေကိုလည် သက်သာစေနိုင်ပြီး မေးစေ့အောက်က အဆီတွေကို လျှော့ချပေးနိုင်လို့ မေးရိုးကို ပိုမိုပေါ်လွင်စေနိုင်ပါတယ်။

✨ All Whitening Package (𝟑𝟎%) 𝐎𝐅𝐅
အသားအရေကို နဂိုထက် ပိုမိုဖြူဝင်းလှပလာစေပြီး သန့်စင်လှပတဲ့ အသားအရေကို ပိုင်ဆိုင်လိုသူတွေအတွက် အထူးသင့်တော်ပါတယ်။

✨ All Slimming Package (𝟑𝟎%) 𝐎𝐅𝐅
ခန္ဓာကိုယ်ထဲက မလိုလားအပ်တဲ့ အဆီပိုတွေကို လောင်ကျွမ်းစေနိုင်ပြီး အစားစားချင်စိတ်ကို ထိန်းချုပ်ပေးနိုင်တာကြောင့် သွယ်လျလှပတဲ့ခန္ဓာကိုယ်ကို အချိန်တိုအတွင်း ပိုင်ဆိုင်စေနိုင်ပါတယ်။

✨ C-h-e-m-i-c-a-l Peeling(𝟐𝟎%) 𝐎𝐅𝐅
မွဲခြောက်ခြောက်နဲ့ ညိုညစ်နေတဲ့ အသားအရေကို ပြန်လည်ကြည်လင်ဝင်းပလာစေပြီးတော့ ပိတ်ဆို့နေတဲ့ ချွေးပေါက်တွေကို ပြန်လည်သန့်စင်ပေးလို့ ဝက်ခြံထွက်တာကို လျှော့ချပေးနိုင်ပါတယ်။ ဒါ့အပြင် နေလောင်ဒဏ်ကြောင့် ဖြစ်တဲ့ အသားအရေမညီညာမှုကိုလည်း ပြန်လည်ထိန်းညှိပေးနိုင်ပါတယ်။

✨ All Exosomes treatment (𝟏𝟎%) 𝐎𝐅𝐅
အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးနေတဲ့ အရေပြားဆဲလ်တွေကို အမြန်ဆုံးပြန်လည်ပြုပြင်ပေးနိုင်ပြီး အရေးအကြောင်းတွေကို သက်သာစေနိုင်ပါတယ်။ ဝက်ခြံအမာရွတ်‌၊ တင်းတိပ်နဲ့ မှဲ့ခြောက်တွေကို သိသိသာသာ လျော့ပါးသွားစေပြီး ချွေးပေါက်ကျဉ်းစေနိုင်လို့ အသားအရေကို ချောမွေ့တင်းရင်းလှပစေနိုင်ပါတယ်။

💖 ပြစ်မျိုးမှဲ့မထင်တဲ့အလှတရားလေးနဲ့ ဆွဲဆောင်မှုရှိတဲ့အသွင်အပြင်လေးကို ပိုင်ဆိုင်လိုတယ်ဆိုရင် 𝗡𝗨 နဲ့အတူ ပိုပိုလှဖို့ အခုပဲ 𝗡𝗨 𝗦𝗸𝗶𝗻 & 𝗔𝗲𝘀𝘁𝗵𝗲𝘁𝗶𝗰 𝗖𝗹𝗶𝗻𝗶𝗰 မှာ Booking တင်ထားလိုက်တော့နော်။💫

*အင်္ဂါနေ့တိုင်း ဆေးခန်းပိတ်ပါတယ်ရှင်။ *

အသေးစိတ်အချက်အလက်များကိုသိရှိနိုင်ဖို့အတွက်
📞 Contact Us
☎️ 𝟬𝟵 𝟳𝟳𝟱𝟱 𝟰𝟬 𝟰𝟰𝟱
📍 No.(97), Between 26th and 27 Streets, 77th Street, Chan Aye Thar San Township, Mandalay.

#တရုတ်နှစ်သစ်ကူး

10/02/2026

သင့်မှာ ပွေးရှိနေတယ်ဆိုရင် လုံးဝ လုံးဝ မကုတ်လိုက်ပါနဲ့။‼️ ပွေးက အင်မတန်ယားယံတတ်ပြီးတော့ ကုတ်ချင်၊ ဖဲ့ချင်စိတ်တွေ တဖွားဖွားပေါ်လာစေနိုင်ပါတယ်။

ဒါပေမယ့် လုံးဝမကုတ်မိဖို့ သတိပြုရပါမယ်…ဘာလို့လဲဆိုရင် ပွေးကို ကုတ်လိုက်တာက အခန့်မသင့်ရင် ဘတ်တီးရီးယားပိုးတွေ ဝင်တာ၊ တခြားနေရာကို အလျင်အမြန် ကူးစက်တာ၊ ကြည့်ရဆိုးတဲ့အမာရွတ်တွေ ကျန်ခဲ့တာမျိုးတွေ ဖြစ်နိုင်ပါတယ်။

ဒါဆို ပွေးတွေ ယားပြီဆို ဘယ်လိုလုပ်ရမလဲ❓

✨ ယားယံနေတဲ့ ပွေးကွက်တွေအပေါ်မှာ ရေအေးအဝတ်သန့်သန့်လေးကို ကပ်ပေးလိုက်တာက ယားယံမှုတွေကို သက်သာစေနိုင်ပါတယ်။

✨ ဘတ်တီးရီးယားပိုးဝင်နိုင်ခြေအများဆုံးနဲ့ တခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေဆီ အလျင်အမြန်ကူးစက်စေနိုင်တာကတော့ လက်သည်းတွေပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကိုယ့်မှာ ပွေးရှိနေတယ်ဆိုရင် လက်သည်းကို တိုတို ညှပ်ထားပြီး သန့်သန့်ရှင်းရှင်းထားဖို့ အရေးကြီးပါတယ်။

✨ ပွေးဆိုတာ မှိုရောဂါတစ်မျိုးဖြစ်တာကြောင့် ဆရာဝန်ညွှန်ကြားထားတဲ့ အရေပြားလိမ်းဆေးတစ်မျိုးမျိုးကို လိမ်းထားပေးတာက ယားယံမှုကို သက်သာစေနိုင်ပါတယ်။

✨ ပွေးကွက်တွေရှိနေတဲ့ အရေပြားတစ်ဝိုက်ကို အမြဲခြောက်သွေ့နေစေဖို့ လိုအပ်သလို ချွေးမအောင်းနေအောင်လည်း ဂရုစိုက်ပေးရပါမယ်။

အသားအရေလေး ဝင်းမွတ်လှပပြီး ကျန်းမာတဲ့အရေပြားကို ပိုင်ဆိုင်လိုတယ်ဆိုရင်တော့ ပွေးရောဂါကို အမြစ်ပျောက်ကုသပေးနိုင်တဲ့ 𝗡𝗨 𝗦𝗸𝗶𝗻 & 𝗔𝗲𝘀𝘁𝗵𝗲𝘁𝗶𝗰 𝗖𝗹𝗶𝗻𝗶𝗰 ရှိပါတယ်။💖

𝗡𝗨 𝗦𝗸𝗶𝗻 & 𝗔𝗲𝘀𝘁𝗵𝗲𝘁𝗶𝗰 𝗖𝗹𝗶𝗻𝗶𝗰 မှာ အလှအပနဲ့ အရေပြားဆိုင်ရာ ကုသမှုအမျိုးမျိုးကို ပြုလုပ်လို့ ရပြီးတော့ စိတ်ကျေနပ်မှုအပြည့်အဝရရှိစေမယ့် ရလဒ်တွေကို ရရှိနိုင်မှာမို့ 𝗡𝗨 𝗦𝗸𝗶𝗻 & 𝗔𝗲𝘀𝘁𝗵𝗲𝘁𝗶𝗰 𝗖𝗹𝗶𝗻𝗶𝗰 ကို လာဖြစ်အောင် လာခဲ့နော်။

*အင်္ဂါနေ့တိုင်း ဆေးခန်းပိတ်ပါတယ်ရှင်။*

အသေးစိတ်အချက်အလက်များကိုသိရှိနိုင်ဖို့အတွက်

📞 Contact Us

☎️ 𝟬𝟵 𝟳𝟳𝟱𝟱 𝟰𝟬 𝟰𝟰𝟱

📍 No.(97), Between 26th and 27 Streets, 77th Street, Chan Aye Thar San Township, Mandalay.

#ပွေး #အရေပြားရောဂါ

Valentine's Day လက်ဆောင်🎁ချစ်ရသူလေး ပိုပိုလှဖို့ 𝐍𝐔 ရဲ့ အထူးအစီအစဉ်နဲ့အတူ ချစ်ကြောင်းသက်သေပြလိုက်နော် ။🥳𝗡𝗨 𝗦𝗸𝗶𝗻 & 𝗔𝗲𝘀𝘁𝗵𝗲...
05/02/2026

Valentine's Day လက်ဆောင်🎁

ချစ်ရသူလေး ပိုပိုလှဖို့ 𝐍𝐔 ရဲ့ အထူးအစီအစဉ်နဲ့အတူ ချစ်ကြောင်းသက်သေပြလိုက်နော် ။🥳

𝗡𝗨 𝗦𝗸𝗶𝗻 & 𝗔𝗲𝘀𝘁𝗵𝗲𝘁𝗶𝗰 𝗖𝗹𝗶𝗻𝗶𝗰 ရဲ့ treatments တွေကို ချစ်ရသူလေးအတွက် Surprise လက်ဆောင်မွန်လေးအဖြစ် ပေးမယ်ဆိုရင် 𝐔𝐩 𝐭𝐨 𝟑𝟎% 𝐎𝐅𝐅 လျှော့ဈေးတွေ ရရှိမှာဖြစ်ပါတယ်။

𝗡𝗨 𝗦𝗸𝗶𝗻 & 𝗔𝗲𝘀𝘁𝗵𝗲𝘁𝗶𝗰 𝗖𝗹𝗶𝗻𝗶𝗰 ရဲ့ page မှာ Surprise Gift ပို့စ်လေးလည်း တင်ပေးဦးမယ့်အပြင် လျှော့ဈေးတွေ အများကြီးလည်း ရဦးမှာမို့ လုံးဝလက်လွှတ်မခံလိုက်နဲ့နော်။

ပရိုမိုရှင်းကာလလေးကတော့ 𝐅𝐞𝐛𝐫𝐮𝐚𝐫𝐲 (𝟔) ရက်နေ့ကနေ (𝟏𝟕) ရက်နေ့ထိဖြစ်ပြီး ဖြစ်ပြီး ပရိုမိုရှင်းအစီအစဉ်ထဲမှာ ပါဝင်တဲ့ treatments တွေကတော့

✨ 𝐀𝐥𝐥 𝐄𝐱𝐨𝐬𝐨𝐦𝐞𝐬 𝐓𝐫𝐞𝐚𝐭𝐦𝐞𝐧𝐭 (𝟏𝟎%) 𝐎𝐅𝐅

အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးနေတဲ့ အရေပြားဆဲလ်တွေကို အမြန်ဆုံးပြန်လည်ပြုပြင်ပေးနိုင်ပြီး အရေးအကြောင်းတွေကို သက်သာစေနိုင်ပါတယ်။ ဝက်ခြံအမာရွတ်‌၊ တင်းတိပ်နဲ့ မှဲ့ခြောက်တွေကို သိသိသာသာ လျော့ပါးသွားစေပြီး ချွေးပေါက်ကျဉ်းစေနိုင်လို့ အသားအရေကို ချောမွေ့တင်းရင်းလှပစေနိုင်ပါတယ်။

✨ 𝐂𝐡𝐞𝐦𝐢𝐜𝐚𝐥 𝐏𝐞𝐞𝐥𝐢𝐧𝐠 (𝟐𝟎%) 𝐎𝐅𝐅

မွဲခြောက်ခြောက်နဲ့ ညိုညစ်နေတဲ့ အသားအရေကို ပြန်လည်ကြည်လင်ဝင်းပလာစေပြီးတော့ ပိတ်ဆို့နေတဲ့ ချွေးပေါက်တွေကို ပြန်လည်သန့်စင်ပေးလို့ ဝက်ခြံထွက်တာကို လျှော့ချပေးနိုင်ပါတယ်။ ဒါ့အပြင် နေလောင်ဒဏ်ကြောင့် ဖြစ်တဲ့ အသားအရေမညီညာမှုကိုလည်း ပြန်လည်ထိန်းညှိပေးနိုင်ပါတယ်။

✨ 𝐇𝐢𝐟𝐮 𝐓𝐫𝐞𝐚𝐭𝐦𝐞𝐧𝐭 (𝟑𝟎%) 𝐎𝐅𝐅

လျော့တွဲကျနေတဲ့အသားအရေကိုတောင် ပြန်လည်တင်းရင်းစေပြီးတော့ မျက်နှာကို V-Shape ပုံစံလေး ဖြစ်သွားစေနိုင်ပါတယ်။ နဖူး၊ မျက်လုံးဘေးနဲ့ ပါးစပ်ဘေးက အရေအကြောင်းတွေကိုလည် သက်သာစေနိုင်ပြီး မေးစေ့အောက်က အဆီတွေကို လျှော့ချပေးနိုင်လို့ မေးရိုးကို ပိုမိုပေါ်လွင်စေနိုင်ပါတယ်။

✨ 𝐀𝐥𝐥 𝐖𝐡𝐢𝐭𝐞𝐧𝐢𝐧𝐠 𝐃𝐫𝐢𝐩 (𝟑𝟎%) 𝐎𝐅𝐅

အသားအရေကို နဂိုထက် ပိုမိုဖြူဝင်းလှပလာစေပြီး သန့်စင်လှပတဲ့ အသားအရေကို ပိုင်ဆိုင်လိုသူတွေအတွက် အထူးသင့်တော်ပါတယ်။

✨ 𝐀𝐥𝐥 𝐒𝐥𝐢𝐦𝐦𝐢𝐧𝐠 𝐃𝐫𝐢𝐩 (𝟑𝟎%) 𝐎𝐅𝐅

ခန္ဓာကိုယ်ထဲက မလိုလားအပ်တဲ့ အဆီပိုတွေကို လောင်ကျွမ်းစေနိုင်ပြီး အစားစားချင်စိတ်ကို ထိန်းချုပ်ပေးနိုင်တာကြောင့် သွယ်လျလှပတဲ့ခန္ဓာကိုယ်ကို အချိန်တိုအတွင်း ပိုင်ဆိုင်စေနိုင်ပါတယ်။

ချစ်ရသူလေးရဲ့ မျက်နှာအသားအရေကစလို့ တစ်ကိုယ်လုံးစာ ပြစ်မျိုးမှဲ့မထင် အလှတရားကို ပိုင်ဆိုင်စေချင်သူတွေအနေနဲ့ 𝗡𝗨 𝗦𝗸𝗶𝗻 & 𝗔𝗲𝘀𝘁𝗵𝗲𝘁𝗶𝗰 𝗖𝗹𝗶𝗻𝗶𝗰 ရဲ့ အမိုက်စား V-Day ပရိုမိုရှင်းအစီအစဉ်ကို လက်မလွှတ်မတမ်း အရယူရင်း ချစ်ခြင်းမေတ္တာကို သက်သေပြဖို့ အခုပဲ Page Messenger ကတစ်ဆင့် Booking တင်ပေးလိုက်တော့နော်။🤗

အင်္ဂါနေ့တိုင်း ဆေးခန်းပိတ်ပါတယ်ရှင်။

အသေးစိတ်အချက်အလက်များကိုသိရှိနိုင်ဖို့အတွက်

📞 Contact Us

☎️ 𝟬𝟵 𝟳𝟳𝟱𝟱 𝟰𝟬 𝟰𝟰𝟱

📍 No.(97), Between 26th and 27 Streets, 77th Street, Chan Aye Thar San Township, Mandalay.

Address

No. 97, 77th Str, Between 26th X 27th Str
Mandale
0502-1309

Opening Hours

Monday 10:00 - 18:00
Wednesday 10:00 - 18:00
Thursday 10:00 - 18:00
Friday 10:00 - 18:00
Saturday 10:00 - 18:00
Sunday 10:00 - 18:00

Alerts

Be the first to know and let us send you an email when NU Skin & Aesthetic Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share