Kyaw Soe Oo MRCS.Mdy Region

Kyaw Soe Oo MRCS.Mdy Region အသက်ပေါင်းများစွာကယ်တင်ရာ ရှေးဦြး

ရှေးဦးပြုစုခြင်းသင်ခန်းစာများ ဘာသာရေးဗဟုသုတများ သင်ကြားရေးအတွေ့အကြုံများ နှင့် စာဖတ်သူတို့အတွက် အကျိုးများစေမည့် စိတ်ဝင်စားဖွယ်ရာများကို ကြိုးပမ်းရေးသားသွားပါမည်...။

ပြာသိုလပြည့် အမေနေ့ကျော်စိုးဦး(မန္တလေး) “ မိဘကို ပြုစုလုပ်ကျွေးသောသူသည် ငါဘုရားရှင်ကို ပြုစုလုပ်ကျွေးသူပါပဲ…” ဟု မြတ်ဗုဒ...
25/01/2024

ပြာသိုလပြည့် အမေနေ့

ကျော်စိုးဦး(မန္တလေး)

“ မိဘကို ပြုစုလုပ်ကျွေးသောသူသည် ငါဘုရားရှင်ကို ပြုစုလုပ်ကျွေးသူပါပဲ…” ဟု မြတ်ဗုဒ္ဓမိန့်ကြားတော်မူခဲ့သည့် ကမ္ဘာတွင်သာမက မြန်မာတွင်လည်း စံပြုထိုက်သည့် ကျေးဇူးသိတတ်သောနေ့ “ ပြာသိုလပြည့်အမေနေ့”သည်ကား ရောက်ရှိလို့လာချေပြီ…။

နိုင်ငံနှင့်လူမျိုးတိုင်းအတွက် အထိမ်းအမှတ်နေ့တွေများစွာ။ ထိုအထိမ်းအမှတ်နေ့များကြားမှ ပြာသိုလပြည့်နေ့တွင် ကျင်းပသည့် အမေများနေ့ (ဝါ) အမေနေ့ သည်လည်း တစ်နေ့အပါအဝင်ဖြစ်သည်။ ပြာသိုလပြည့်နေ့ရောက်တိုင်း အမေနေ့အဖြစ် အစဉ်သတိရ ကျေးဇူးတင်မိသလို မြန်မာတို့ရဲ့ သီးခြားအမေနေ့တစ်နေ့အဖြစ် ထည်ဝါလာအောင် စတင်ခဲ့ကြသူ စာပေဖခင်ကြီးနှစ်ဦး၏ ကျေးဇူးကိုလည်း အောက်မေ့မိနေသည်။ ထိုသူများမှာအခြားမဟုတ် စာရေးဆရာ ဒါရိုက်တာ ဘဘဦးသုခ နှင့် အမေနေ့ အခမ်းအနားများ အထိမ်းအမှတ်ပွဲများ အမေနေ့စာပေဟောပြောပွဲများ မြန်မာ့မြေမှာ အသက်သွင်းခဲ့သူ စာရေးဆရာ ပရဟိတဖခင်ကြီး ပြင်ဦးလွင်မြို့နယ် ပြင်စာကျေးရွာလေးမှ သုခမေတ္တာမိဘမဲ့ကျောင်းကို တည်ထောင်ထားခဲ့သူ ဘဘဦးဖုန်းမြင့်အောင် တို့ပင်ဖြစ်သည်။ ထိုစာပေဖခင်ကြီးနှစ်ဦးသာ အစမပျိုးမိခဲ့လျှင် ကျွန်တော်တို့ တပါးတိုင်းပြည်ကကျင်းပတဲ့ ကမ္ဘာ့အမေနေ့ကို ပဲသိကြရမည်ဖြစ်သည်။

ခွါညိုပန်းတွေပွင့်ပြီး မြောက်ပြန်လေညှင်းက တသုန်သုန် နှင့် အေးချမ်းလှတဲ့ဆောင်းရာသီတွင် တိမ်တိုက်တွေက ကြည်လင်လို့နေပါသည်။ တိမ်တိုက်တွေကြားထဲမှတဆင့် သင့်ပျံ့နေသည့် ခွါညိုပန်းရနံ့တို့ကလည်း ခံစားရသူအဖို့ စိတ်လန်း ကြည်နူးစေခဲ့သည်။ ပြာသိုလ အေးမြလှတဲ့ရာသီမှာ အထူးခြားဆုံးနေ့ထူးနေမြတ်တစ်နေ့ကို စာရေးဆရာ ဒါရိုက်တာ ဘဘဦးသုခက ပေါ်ပေါက်စေချင်ခဲ့မိသည်။ လောကတွင် ကျေးဇူးအကြီးမားဆုံး မိခင်တွေကို ကိုယ်စားပြုမည့် အမေနေ့ တစ်နေ့ကျင်းပဖို့ ဘဘဆန္ဒရှိခဲ့သည်။ ထို့ကြောင့်လည်း ၁၉၈၇ ခုနှစ် မေလထုတ် လုံမလေးမဂ္ဂဇင်းမှာ “ ထိုတစ်နေ့” ဟူသော ဆောင်းပါးကို ဘဘကိုယ်တိုင်ရေးသားကာ တန်းဖိုးထားအပ် အလေးအမြတ်ပြုထိုက်သော အမေနေ့ကျင်းပဖို့ နှိုးဆော်တိုက်တွန်းခဲ့သည်။

“ သီတင်းကျွတ်လက ဝါကျွတ်ပွဲပဲ။ ဆရာသမား မိဘကန်တော့ကြတယ်။ ဝါဝင်ဝါထွက် ကန်တော့တယ် ဆိုပေမယ့် မီးထွန်းပွဲတော်နဲ့လည်း ဆက်စပ်နေပါသေးတယ်။ မိခင်အတွက် သီးသန့်သက်သက်တော့ မဆိုနိုင်ဘူးလို့ ထင်ပါတယ်။ ဒါ့ကြောင့် နှစ်စဉ် မေလ ဒုတိယအပတ် တနင်္ဂနွေနေ့ကို ကမ္ဘာက “ ကမ္ဘာ့မိခင်များနေ့ “ လို့ အထူးသတ်မှတ်ကျင်းပနေသလို မြန်မာပြည်မှာလည်း မြန်မာ့မိခင်များနေ့ကို သီးသန့်အဖြစ် “ ပြာသိုလပြည့်နေ့” ကို သတ်မှတ်ချင်ပါတယ်။ အဲ့ဒီနေ့ဟာ နေ့လွတ်လည်းဖြစ်နေပါတယ်။ ရာသီဉတုက အေးမြတယ်။ သာယာကြည်လင်တယ်။ ဒါတွေဟာ မိခင်ရဲ့မေတ္တာ စေတနာကို တင်စားဖို့ အကောင်းဆုံးလို့ ယူဆပါတယ်။” ဟု စာရေးဆရာ ဒါရိုက်တာ ဘဘဦးသုခက ဆိုခဲ့ပြန်ပါသည်။

ဘဘဦးသုခ၏ ဆန္ဒကို လောကကမ္ဘာမြေပေါ်တွင် အကောင်အထည်ဖော် စီစဉ်ခဲ့သူမှာ စာရေးဆရာ ပရဟိတဖခင်ကြီး ဘဘဦးဖုန်းမြင့်အောင်ပင်ဖြစ်သည်။ ပရဟိတဖခင် ဆရာကြီးဦးဖုန်းမြင့်အောင်က အမေ့ဂုဏ်ရည်နှင့်ပတ်သက်သော အမေနေ့ စာပေဟောပြောပွဲများ ဝတ္ထုတိုစာပေဆုပြိုင်ပွဲများ ကဗျာစာပေဆုပြိုင်ပွဲများကို ကျင်းပပြီး ပြာသိုလပြည့်ရောက်တိုင်း မန္တလေးအမေနေ့အခမ်းအနားများကြီးကျယ်ခန်း နားစွာကျင်းပပြီး စာပေဆုရရှိကြသော စာပေပညာရှင်အသီးသီးကို ထိုက်တန်စွာဆုချီးမြှင့်ယုံမျှမက အဆိုပါဆုရ စာမူများကိုလည်း နှစ်အလိုက် စာအုပ်များထုတ်ဝေပေးခဲ့သည်က အစဉ်အောက်မေ့သတိရဖွယ်ပင်ဖြစ်သည်။ ထို့ကြောင့်လည်း ဘဘဦးသုခက ဆရာဦးဖုန်းမြင့်အောင် ကို မကြာမကြာပြောလေ့ရှိသည်။ “ ကျွန်တော်က အမေနေ့ကိုကျင်းပချင်ပေမယ့် လေပဲတတ်နိုင်တာ အပြောပဲ….ဒီအပြောကို အကောင်အထည်ဖော်ဆောင်ပေးတာ ကတော့ မန္တလေးအမေနေ့အခမ်းအနားများကို စတင်စီစဉ်ခဲ့သူ စာရေးဆရာ ဆရာဖုန်းမြင့်အောင် ပါပဲ။ အလွန်ဝမ်းသာမိသလို ဆရာဖုန်းမြင့်အောင်ကို ကျေးဇူးလဲအလွန်တင်ပါတယ်…နှစ်စဉ်ကျင်းပနိုင်ပါစေ…” ဟု ဘဘဆရာဦးသုခက ပြောကြားခဲ့သည်။

“ … လူသားတစ်ယောက် ပေါ်ပေါက်လာ ဖြစ်လာစေဖို့အတွက် မိဘနှစ်ပါးစလုံးမှာ တာဝန်ရှိတာ မှန်ပေမယ့် ကိုးလလွယ်ပြီး ၁၀ လ မွေးရတာ။ လူဖြစ်လာဖို့ နို့တိုက်မွေးရတာ။ စကားပီ နားကြားရှိအောင် သင်ကြားရတာ။ ကျွေးမွေးသုတ်သင်ရတာတွေက အမေ့တာဝန်တွေချည်းမို့ သားသမီးဟာ အမေ့မွေးကျေးဇူးကို ဘယ်တော့မှ မထိန်မြူရဘူး။ တချို့ အကြောင်းအမျိုးမျိုးကြောင့် မိဘကို မွေးတုန့် မွေးလှည့် ကျွေးလှည့်ကလေးမှ သတိမရနိုင်သူများကို ဆရာသုခက သတိပေးနှိုးဆော်တဲ့သဘောနဲ့ ဖြစ်ပါလိမ့်မယ်။ တကယ်တော့ နေ့တိုင်း “ ပြာသိုလပြည့်နေ့” ဖြစ်နေကြပါစေ…” ဟု စာပေမိခင် အမေ လူထုဒေါ်အမာ က ဆုမွန်တောင်းထားပြန်ပါသည်။

ဘဝဟူသည် အမြဲရုန်းကန်လှုပ်ရှားနေရပြီး ကုသိုလ် အကုသိုလ်စီးချင်းထိုးပွဲတွင် ဝါသနာထုံရာ လိုက်က နေကြရသည်။ ကုသိုလ်စီးချင်းထိုးသူများသည် မဟာမိခင်တို့ကျေးဇူးတရားကို ကိုယ်တိုင်သိသလို ပြန်လည်ပေးဆပ်ဖို့ အစဉ်ကြိုးစားနေကြပေမည်ဖြစ်သလို အကုသိုလ်စီးချင်းတွင် နစ်မြောသူတို့မှာမူ မိမိဘဝသာယာနေသလောက် မိခင်တို့ကျေးဇူးကို ပြန်လည်ပေးဆပ်ဖို့ မေ့လျော့ကောင်း မေ့လျော့နေနိုင်သည်။ ထို့ကြောင့်လည်း ဘဘဦးသုခက အမေနေ့ နေ့ထူးနေ့မြတ်တစ်နေ့ကို သီးခြားရှိစေချင်ခဲ့ပြီး ထိုတစ်နေ့တွင် အားလုံးက မိမိတို့၏ မိခင်မေတ္တာ ကျေးဇူးတရားတို့ကို အောက်မေ့ကြလျှက် အထူးသီးခြား ပူဇော်စေချင်သည်မှာ ဘဘ၏ စေတနာကို အထင်းသားတွေ့မြင်နိုင်သည်။ လွန်ခဲ့သည့် နှစ်ပေါင်း ၂၅ နှစ်ကျော်မှအစပြုပေါ်ပေါက်လာခဲ့သော ပြာသိုလပြည့်အမေနေ့ ဟူသည့် အထိမ်းအမှတ်နေ့ကား လူထုရင်ထဲ စီးဝင်နေခဲ့ပြီဖြစ်သည်။ ထိုအစဉ်အလာကို မျိုးဆက်သို့လက်ဆင့်ကမ်းဖို့လည်းလိုအပ်လှပေသည်။

“ ပုတ္တံ မာနေတီတိ မာတာ”

သား သမီးကို အသက်တမျှ မြတ်နိုးတတ်သောကြောင့် “ အမေ “ ဟု ခေါ်သည်ဟု ပါဠိအတိုလေးနဲ့ အလှပဆုံး ထုဆစ် ကျစ်လစ်တဲ့ စာသားတွေနဲ့ ထုံမွမ်းလည်း တစ်ခွန်းတည်းသောအဖြေသည် “ အမေ” ပင်ဖြစ်သည်။

“ နီရဲတဲ့သူ့သွေးပျစ်ပျစ်တွေ အမေ့မေတ္တာရည်နဲ့ရောပစ် သွေးအစစ်ကို နို့ချိုဖြစ်စေခဲ့တာ “ အမေ “ ပါပဲ။ ကိုးလနှင့် ဆယ့်လေးရက် ဂဏန်းနှင့်တွက်ပြရလျှင် (၂၉၄)ရက်ကြာမှ ပြည့်စုံတဲ့ သန္ဓေသားဘဝ အောင်မြင်စွာမွေးဖွားဖို့ အင်္ဂုလိမာလသုတ်အမြဲရွတ်ရင်း ရင်တွင်းက သန္ဓေသားအတွက် တရားမှတ်ခဲ့တာလည်း “ အမေ “ ပါပဲ။ တစ်ခါတစ်လေ သူ့ဗိုက်ကလေးပွတ်နေရင်း ပီတိဝေ စိတ်ကူးယဉ်ခဲ့တာလည်း “ အမေ “ ပါပဲ။ နှာဖူးကလေးနမ်း ဒူးကလေးစမ်းပြီး ကျွန်မသား သမီးအတွက် ကျွန်မအားတွေ ဓားတွေဖြစ်စေရမယ်။ ကျွန်မစကားတွေ မြှားတွေဖြစ်စေရမယ်ဆိုတဲ့ “ အမေ “။ ဆင်းရဲတာ ချမ်းသာတာက အတိတ်ကံတဲ့။ သိပ်မှန်တဲ့ ဗုဒ္ဓတရားပါ။ ချမ်းသာတဲ့အမေဟာ သူ့သားသမီးကို ပိုပြီးချစ်တယ်ဆိုတဲ့ ပြဌာန်းချက်ဉပဒေမရှိပါဘူး။ အနာဂတ်မှာလည်း ဒဏ်ရာတွေဗလပွထလည်း အပြုံးမပျက် မပျက်မကွက် ရက်ရက်စက်စက် ပေးဆပ်ရဲတာ အမေပါ။ ကိုယ်ဝန်ဆောင်မိခင်ဘဝဟာ တစ်ကိုယ်နှစ်စိတ်တဲ့… ကိုယ့်စိတ်ကိုယ့်စကားထက် သားသမီးအရေး ဦးစားပေးကာ စားရတဲ့အခါစား… စားချင်လျှက် မစားသင့်တဲ့အခိုက် ဗိုက်ကလေးပွတ်ရင်း အာသာဖြေကာ အင်္ဂုလိမာလသုတ်ပါဠိအနက်ကို ည မနက် ပုံမှန်ရွတ်ရင်း စိတ်ကူးနေရတဲ့ မိခင်လောင်းတစ်ယောက်ရဲ့ ပဋိသန္ဓေစ ခရီးဘဝကို စာကိုဖတ်သူ သားသမီးအပေါင်း ကိုယ်ချင်းစာနာကာ သနားညှာတာနိုင်ကြပါစေ…” ဟုလည်း လူမှုကွန်ယက်စာမျက်နှာတွင် ပညာရှင်တို့ရေးသားထားသော မှတ်စုလေးကိုလည်းမှတ်သားမိသလို ကျင့်ဆောင်အပ်လှပေသည်။

နပမဇ္ဇိတဗ္ဗာ မာတာစ၊
ပိတာစ ရတနာ ဂရု။
တေသံ ပစ္စော ပကာရာယ၊
ကာတဗ္ဗံ ပူဇနံ သဒါ။

မာတာစ မွေးသမိခင် ကျေးဇူးရှင်လည်းကောင်း ပီတာစ မွေးသဖခင် ကျေးဇူးရှင်သည် လည်းကောင်း ရတနာ- ရတနာနိစ ဘုရား တရား သံဃာ ရတနာမြတ်သုံးပါးတို့ကိုလည်းကောင်း ဂရုစ ဆရာသခင်ကျေးဇူးရှင်တို့ကိုလည်းကောင်း နပမဇ္ဇိတဗ္ဗာ ကျေးဇူးအထူး ရှိဘူး၍ မမေ့အပ် မမေ့သင့်ပါကုန်။ တေသံ ထို မိဘ ဆရာ ရတနာသုံးပါးတို့ကို ပစ္စော ပကာရာယ ကျေးဇူးတုန့်ပြန်မှုပြုခြင်းငှါ သဒါ အခါခပ်သိမ်း ပူဇနံ ပူဇော်ခြင်းကို ကာတဗ္ဗံ ပြုအပ် ပြုသင့် ပြုထိုက်လှပါပေ၏။

ကလျာဏမိတ္တာ မာတာစ၊
ပိတာစ ဟိတ ကာရကာ။
တေသံ ပစ္စော ပကာရာယ၊
ကာတဗ္ဗံ ပူဇနံ သဒါ။

မာတာစ မွေးသမိခင် ကျေးဇူးရှင်သည်လည်းကောင်း ပီတာစ မွေးသဖခင် ကျေးဇူးရှင်သည် လည်းကောင်း ဟိတကာရကာ သားသမီးတို့၏ အကျိုးစီးပွားကို လိုလားဆောင်ရွက်တတ်ကြကုန်သော ကလျာဏမိတ္တာ မိတ်ဆွေကောင်းအစစ် တကယ်ဖြစ်ကြပါပေကုန်၏ တေသံ ထိုမိတ်ဆွေကေင်းအစစ် ကလျာဏမိတ္တဖြစ်ကြကုန်သော မိဘနှစ်ပါးတို့ကို ပစ္စောပကာရာယ ကျေးဇူးတုန့်ပြန်မှုပြုခြင်းငှါ သဒါ အခါခပ်သိမ်း ပူဇနံ ပူဇော်ခြင်းကို ကာတဗ္ဗံ ပြုအပ် ပြုသင့် ပြုထိုက်လှပါပေ၏” ဟု မြတ်ဓမ္မများတွင် မဟာမိခင် ဖခင်တို့ကို ကျေးဇူးသိတတ် ပေးဆပ်ကြဖို့ တိုက်တွန်းနှိုးဆော်ထားသလို ကျွန်တော်တို့အသီးသီးကလည်း မိမိတို့၏ မိဘများကို မိမိတို့စွမ်းသမျှ မိဘဂုဏ်ကိုသေချာစူးစိုက် အာရုံပြုကြလျှက် အစဉ် ယုယကြင်နာစွာ ပြုစုလုပ်ကျွေးကြရမည်ဖြစ်သလို ကျွန်တော်သည်လည်း လူသားထဲက လူသားတစ်ဦးမို့ ကျွန်တော့်မိဘများကို ရိုသေစွာ စွမ်းနိုင်သမျှ ပြုစုလုပ်ကျွေးနေမိသည်။

သတ္တလောကအတွက် နေ့စဉ်ဟာ အမေနေ့တွေပါပဲ။ သို့တိုင် အထိမ်းအမှတ်တစ်နေ့တော့ ရှိသင့်ကြသည်မဟုတ်ပါလား။ ဘဘဦးသုခ၏ “ ထိုတစ်နေ့” ဆောင်းပါးမှအစပြု မြန်မာယဉ်ကျေးမှုနှင့်အညီပေါ်ထွက်လာသည့် ပြာသိုလပြည့်အမေနေ့ ကိုတော့ ဂုဏ်ယူစွာ သတိရသင့်သလို ဒီအမေနေ့ မှာ မိမိတို့၏ မိဘများကို အထူးတလည် မှတ်မှတ်ရရ ရိုသေစွာဂါရဝဖြင့် ယုယကြင်နာစွာပြုစုကြရင်း စာပေပညာရှင်နှစ်ဦး အစပျိုးခဲ့သည့် “ ပြာသိုလပြည့်” အမေနေ့ကို ကျွန်တော်တို့ ဂုဏ်ပြုကြိုဆိုကြပါစို့။

ကမ္ဘာမှာ ပြိုင်စံရှား
တုနှိုင်းမမှီနိုင်တဲ့ အမိမာတာ…။
ကမ္ဘာမြေ ထည်ဝါအပြုံး
အမိမာတာ အလှဆုံးပေါ့။
ကမ္ဘာမြေနှိုင်းယှဉ်မရ
အမိမာတာ ကျေးဇူးအလှ။
ကမ္ဘာမြေ အငြိမ်းချမ်းဆုံး
အမိမေတ္တာရင်ခွင် အလုံခြုံဆုံးပေါ့။ ။

ကျော်စိုးဦး(မန္တလေး)

အားလုံး မဟာမိခင်တို့၏ကျေးဇူးတရားများကို သိလျှက် ယုယ ကြင်နာစွာ ပြုစုလုပ်ကျွေးနိုင်ကြပါစေ…။ ။
မေတ္တာများစွာဖြင့် - ကျော်စိုးဦး(မန္တလေး)

စံတော်ချိန် နေ့စဉ်သတင်းစာတွင် ဖော််ပြပြီး။

အလှကိုယ်စီ နှစ်သစ်ဆီသို့ကျော်စိုးဦး(မန္တလေး)  ခရစ်နှစ် ၂၀၂၃ ကို ကျော်လွန်လို့ ခရစ်နှစ် ၂၀၂၄ နှစ်သစ်ဆီသို့ရောက်ချေတော့မည်...
15/01/2024

အလှကိုယ်စီ နှစ်သစ်ဆီသို့
ကျော်စိုးဦး(မန္တလေး)

ခရစ်နှစ် ၂၀၂၃ ကို ကျော်လွန်လို့ ခရစ်နှစ် ၂၀၂၄ နှစ်သစ်ဆီသို့ရောက်ချေတော့မည်။ နှစ်သစ်ဟူသည် အပျော်ကျူးရန်မဟုတ်ဘဲ အတိတ်မှာ မိမိတို့ သိ၍ဖြစ်စေ မသိ၍ဖြစ်စေ ပြုမိခဲ့သော ကုသိုလ် အကုသိုလ်တို့ကို တွေးဆ ဆင်ခြင်ကာ မကောင်းမှုတွေကိုဆေးကြောသုတ်သင်လို့ ကောင်းမှုတွေကို ဆက်လက်ဆောင်ယူရမည့် အချိန်အခါပင်ဖြစ်သည်။

ပုထုဇဉ်ဘဝဟူသည် မည်သူမျှ အပြစ်မကင်းနိုင်ရာ ဟု မြတ်ဓမ္မတို့တွင် ဖွေရှာကြည့်မိသလို အပစ်ကြီး အပြစ်ငယ်များနှင့် လောကဘဝက ပြည့်နှက်နေကြပေသည်။ နှစ်သစ်တွင် အကုသိုလ်တရားများ ပါးသထက်ပါးအောင်ကြံဆောင်ရင်း ကုသိုလ်တရားများ တိုးပွားသထက် တိုးပွားစေရန် လူတိုင်းကြံဆောင်သင့်ကြ ကြံဆောင်လုပ်ဆောင်နေကြသလို မိမိအောင်မြင်ရာ လမ်းကြောင်းမှန်ကိုလည်း ရွေးချယ်တတ်ဖို့ အထူးလိုအပ်လှပြန်သည်။

တစ်ချို့က ပညာဂုဏ်မရှိလို့တဲ့ အောင်မြင်မှုပန်းတိုင်ကို မမျှော်မှန်း အားမထုတ်ကြပါ။ သာမာန်အလုပ်တွေလုပ်ရင်း စိတ်ကူးနဲ့သာ စိတ်အားငယ်ကာ မိမိရဲ့ ကိုယ်ပိုင်အလှတရားတို့ကို မေ့လျော့နေတတ်ကြသည်။ တစ်ချို့က ပညာဂုဏ်ရှိသော်လည်း မိမိသွားမည့် ပန်းတိုင်ကို သေချာမသတ်မှတ် လေ့လာသင့်လေ့လာထိုက်သော အသိပညာအတတ်ပညာကို ကျကျနနဂဃနဏ မလေ့လာမလေ့ကျင့်ကြ ပြောချင်တာအင်္ဂလိပ်စကား တက်နေတာက တရုတ်စာပမာ ဖြစ်နေပြန်ပေသည်။ အောင်မြင်မှုအတွက် မိမိဘာဖြစ်ချင်တာလည်း ဖြစ်ချင်တဲ့ဆန္ဒနဲ့ကိုက်ညီတဲ့ အသိပညာ အတတ်ပညာကို သေချာဆည်းပူး ကြိုးစားကြရမည်ဖြစ်သည်။ အဓိကကတော့ ငါသည်ဘာလည်း ငါ့ရဲ့တာဝန် ဝတ္တရားကဘာလည်းဆိုသည်ကို ကောင်းစွာသဘောပေါက်ဖို့လိုအပ်လှပေသည်။ ဒီလို မိမိဘဝ မိမိအလှကို မရှာဖွေသ၍ အောင်မြင်မှုက အလှမ်းဝေးနေမည်သာဖြစ်သည်။ မည်သည့်အလုပ် မည်သည့်ပန်းတိုင် မည်သည့်ရည်ရွက်ချက်များဖြင့် မိမိဘဝကို လျောက်လှမ်းနေကြသည်ဖြစ်စေ အဓိကကတော့ မိမိကိုယ်ကိုတန်ဖိုးထားပြီး မိမိကိုယ်ပိုင်အလှကို ရှာဖွေတွေ့ရှိဖို့ လိုအပ်လှသလို မိမိကိုယ်ပိုင်အလှဖြင့် ‌‌လျောက်လှမ်းမှသာ အောင်မြင်မှု စိတ်ချမ်းသာမှုတို့က မဖိတ်ခေါ်ဘဲ မိမိအိတ်ထဲသို့ အလိုလိုဝင်ရောက်လာမည်ဖြစ်သည်။

ဟိုဟာကောင်းနိုးနိုး ဒီဟာကောင်းနိုးနိုးနဲ့ ဟိုသင်တန်းတက်တာလိုလို ဒီသင်တန်းတက်တာလိုလို နဲ့ လက်မှတ်တွေကတော့များစွာပိုင်ဆိုင်လာပါ၏ သို့သော် အနှစ်သာရပညာကား အသေချာမတတ်မြောက်သည့်အခါ အချိန်ကုန်လူပန်းဖြစ်ကြရပြန်သည်။ ထို့ကြောင့် ကျွန်တော်တို့ဘဝအတွက် ဒီနှစ်ကျွန်တော်တို့ ဘာကိုရှာဖွေ အောင်မြင်အောင်လုပ်ဆောင်ကြမည်နည်းဟူသည်ကို သေချာစဉ်းစားဆုံးဖြတ်ထားဖို့လိုသည်။ ၂၀၂၃ ခုနှစ်ကို ပြန်စဉ်းစားကြည့်လိုက်လျှက် သင်ချမှတ်ထားသလို ရည်မှန်းထားသလို ဖြစ်ခဲ့တာတွေရှိနေနိုင်သလို အားမလိုအားမရနဲ့ ကုန်ဆုံးခဲ့ရမှုတွေလည်းရှိနေနိုင်သည်။ သင်ချမှတ်ထားသလို ဖြစ်ခဲ့သည်ဆိုသော လုပ်ငန်း ဆောင်တာများသည် သင်သေချာကျနစီမံဆောင်ရွက်ခဲ့လို့ဖြစ်ပြီး အားမလိုအားမရဖြစ်ခဲ့တဲ့ လုပ်ငန်း ဆောင်တာတွေကို စဉ်းစားကြည့်မည်ဆိုပါက သင်သေချာကျနစနစ်တကျ မလေ့လာ မဆောင်ရွက်ခဲ့ကြောင်း နောင်တနှင့် သင်သတိရနေနိုင်သည်။ ကျွန်တော်လည်း ထိုးနည်းတူစွာပင်ဖြစ်သည်။

ကုသိုလ် ပညာ ဥစ္စာရဖို့ သင့်ရာဒေသအမြဲနေ လို့ မင်္ဂလာတရားတော်ကို ကျွန်တော်တို့အားလုံးနာကြားဖူး ကြသလို ကြိုးစားခဲ့ ကြိုးစားစဲ ကြိုးစားနေကြမြဲပင်ဖြစ်သည်။ ၂၀၂၃ ခုနှစ်ကို ပြန်စဉ်းစားကြည့်လိုက်ရင် ထိုအရာသုံးခု ဘယ်အရာတွေ ကျွန်တော်တို့ ပိုရှာနိုင်ခဲ့ကြပါသနည်း ပြန်လည်စဉ်းစား သုံးသပ်တတ်ကြဖို့လိုသည်။

ကုသိုလ်...ကုသိုလ်ဆိုတာ ကောင်းမှုပြုခြင်းကိုဆိုလိုတာကို အားလုံးသိထားပြီးဖြစ်ပါတယ်။ ကုသိုလ်ဟာ ဖွေရှာပေမယ့် ဆင်ခြင်တုန်တရားလွတ်သွားရင် ကုသိုလ်မှ အကုသိုလ်ဖြစ်ပွားတတ်ပါတယ်..။ ဥပမာ ကျွန်တော်က ကထိန်ခင်းဖို့အတွက် အလှူငွေ ၁၀ သိန်းမတည်လှူဒါန်းသည်ဆိုပါစို့။ ကထိန်လည်းအောင်မြင်ရော ကျွန်တော်က သတိလက်လွတ် ဆင်ခြင်မှုအားနည်းပြီး မိတ်ဆွေတွေဆုံတဲ့အခါ ဒီကထိန် ငါမတည်လိုက်လို့ ငါ ငါ ဆိုတဲ့တဏှာမာနဒိဋ္ဌိဝင်လာရင် ကုသိုလ်ဟာ အကုသိုလ်ဝင်သွားတာပါပဲ။ ဘုရားဝင်းထဲမှာ ဓမ္မာရုံတစ်ဆောင် လာလှူထားတယ်။ လေလွင့်နေသူတွေဝင်အိပ်မှာ ထိုင်ကြ တည်းကြမှာစိုးပြီး ပိတ်ထားမယ်။ ဒါမှမဟုတ် ဒါ ငါ့ဓမ္မာရုံ ၍ငါလှူတာ ငါမသိဘဲဘာမှမလုပ်ရဘူးဆိုရင် ဒါဟာ ကုသိုလ် အကုသိုလ် ဒွန်တွဲလွန်ဆွဲနေကြမည်သာ။

အမှန်ပြောရရင် ကုသိုလ်တစ်ခုလုပ်ပြီးတိုင်း ကျွန်တော်တို့တတွေဟာ နိဗ္ဗာန်နပစ္စယောဟောတု လို့ လှူနိုင်ကြရမည်ဖြစ်သည်။ ဒီနေ့ကျောင်းတစ်ဆောင်လှူသည်။ ကုသိုလ်ရသွားသည်။ အလှူခံဘက်က မနက်ဖြန် ဒီကျောင်းနေရာကို ဒီထက်ပိုကောင်းတာတစ်ခုခု စီမံလိုက်ပြီး ဒီကျောင်းဆောင်ဖျက်ပစ်လိုက်ရင် ကိုယ့်ရဲ့သဒ္ဒါတရားဟာ ပျက်မသွားဖို့လိုပါတယ်။ ငါလှူပြီးပြီပဲ.....လို့အမြဲကြည်နူးသဒ္ဒါဝင်နိုင်ဖို့ လိုအပ်လှပါတယ်။ ဒီလိုမှမဟုတ် ဟွန်း.... ငါတို့ကလှူလိုက်ရတာ ခု မလိုတော့ဖျက်ပြီပေါ့ တော်ပြီကွာ နောက် ဒီကျောင်းဘယ်တော့မှ မလာ မလှူတော့ဘူးလို့ စိတ်ကလေးတိမ်းမိရင် အကုသိုလ်ဝင်သွားကြသည်သာဖြစ်သည်။ ကုသိုလ်မှ အကုသိုလ်ကို ဖွေရှာမိတတ် လှပါသည်။

၂၀၂၃ မှာ ဘယ်ကုသိုလ်တွေ သင်လုပ်ခဲ့ပါသနည်း ဘယ်ကုသိုလ်တွေစေတနာပြတ်ပြီး ဘယ်ကုသိုလ် တွေကနေ အကုသိုလ်တရားတွေ ဝင်လာတတ်ပါသနည်းဆိုသည်ကို ကိုယ်တိုင်သာအသိဆုံးဖြစ်မည်။ ထို့ကြောင့် အကုသိုလ် တရားတွေကို များများပယ်သတ်နိုင်ပြီး ကုသိုလ်တရားတွေကို အစဉ်တိုးပွားအောင် ၂၀၂၄ နှစ်သစ်မင်္ဂလာမှာ ကျွန်တော်တို့ ဆက်လက်ရှင်သန် ကြိုးစားကြရမည်ဖြစ်သည်။ ၂၀၂၃ ကနေ ၂၀၂၄ ပြောင်းသွားသည်။ ၂၀၂၄ ပြောင်းသွားခြင်းသည် သဘာဝတရားအတွက် နှစ်သစ်ဖြစ်ပေမယ့် မိမိအတွက် နှစ်သစ်မင်္ဂလာဖြစ်ဖို့ကတော့ ကုသိုလ်တရားတွေများများ တိုးပွားအောင်ကြံဆောင်ရင်း အကုသိုလ်တရားတွေ တဖြည်းဖြည်းပါးပါးသွားအောင် ကျင့်ဆောင်မှသာ မိမိဘဝအတွက် နှစ်သစ်မင်္ဂလာဖြစ်မှာအသေချာပင်ဖြစ်သည်။ ငါ့အတွက် ဘယ်သူတွေ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဒုက္ခရောက်ခဲ့ကြပါသနည်း။ ပြန်လည်တွေးတောဆင်ခြင်ကာ ပညာသတိဖြင့် ၂၀၂၄ မှာ အမှားတွေပြင်ဆင် ဆေးကြောရင်း အမှန်တွေပြင်နိုင်ကြ မှသာ ၂၀၂၄ ဟာ ကျွန်တော်တို့ဘဝတွေအတွက် နှစ်သစ်မင်္ဂလာဖြစ်မှာပါ။ ဥုံဖွ ဟူ၍ မင်္ဂလာပါ၂၀၂၄ကားဖြစ်လာနိုင်မည်မဟုတ်ပါ။ မင်္ဂလာရှိလိုလျှင် မင်္ဂလာရှိသော ပြုမူနေထိုင်မှုဖြင့် ကျင့်ဆောင်နေထိုင်ကြရမည်သာဖြစ်သည်။ ထိုသို့မဟုတ်ပါက ခုနှစ်သာပြောင်းလည်း သွားပြီး မိမိကတော့.....။ မိမိတို့ကိုယ်တိုင် မိမိတန်ဖိုး အလှကိုယ်စီကိုဖွေရှာပြီး မိမိအကျိုး ထို့ထက် အများအကျိုး မိမိဆန္ဒ ထို့ထက် အများဆန္ဒကိုသာ ဦးတည်ကြံဆောင်ကြမည်ဆိုပါက အလှကိုယ်စီ ဖြင့် ၂၀၂၄ နှစ်သစ်ဆီကို ဖြူစင်စွာလျောက်လှမ်းနိုင်ကြမည်ဖြစ်သည်။

ပညာ... ကဲ ကျွန်တော်တို့ ၂၀၂၃ မှာ ဘာပညာတွေရခဲ့ကြ ဖွေရှာခဲ့ကြပါသနည်းဟု စဉ်းစားသုံးသပ်ကြဖို့အချိန်အခါပင်ဖြစ်သည်။ လူငယ်တစ်ချို့ကိုလေ့လာမိသလောက်ကတော့ သင်တန်းများစွာနဲ့ အချိန်ကုန်လူပန်းဖြစ်ကာ ပြာသလောက်ဖွဲမထွက်တာကို တွေ့မြင်ကြရမှာပါ။ ကွန်ပျူတာသင်တန်းတက်တယ်။ သင်တန်းပြီးလို့ တစ်လလောက်နေတော့ လက်တွေ့ကဝေဝါး မကျွမ်းကျင်ကြ။ အင်္ဂလိပ်စကားပြောသင်တန်းတက် ကြပြန်တော့လည်း သင်တန်းကတော့ပြီးဆုံးသွားပေမယ့် ရေရေရာရာမပြောတတ် မဆိုတတ်ကြ။ တခါ တရုတ်စကားပြောကူးကြပြန်တယ်...ထိုးနည်းတူစွာဖြစ်ဖြစ်သည်။ ဆိုလိုတာကတော့ မိမိတို့ဟာ လောကီပညာဖြစ် စေ လောကုတ္တရာပညာဖြစ်စေ ဖွေရှာတဲ့အခါ တစ်ခုဆိုတစ်ခု စူးစူးစိုက်စိုက် လုံ့လပြုဖွေရှာကြဖို့ လိုအပ်လှပေသည်။ ငါဘာလုပ်မည်နည်း အဆိုပါလုပ်ငန်းအတွက် အဓိကပညာကဘာဖြစ်သနည်း။ ထိုပညာတစ်ခု ကို တစိုက်မတ်မတ် စနစ်တကျ ကျွမ်းကျင်အောင် သင်အံလေ့လာဆည်းပူးကြရမည်ဖြစ်သည်။ ထိုနည်းတူစွာ လောကုတ္တရာစာပေများကို လေ့လာရာမှာလည်း အချို့က လူမှုကွန်ယက်စာမျက်နှာမှနေပြီး သင်တန်းတစ်ခုဆို တစ်ခု ကြိုးစားခြင်းမျိုးမဟုတ်။ တွေ့သမျှသင်တန်းတွေလိုက်တက်တတ်ကြပြန်သည်။ တစ်ချို့ဆို လက်မှတ်တွေက ပုံလို့ ဘာကိုမျှ နှစ်နှစ်ကာကာ မသိသူတွေလည်းရှိတတ်လှသည်။ ထို့ကြောင့် လောကီပညာဖြစ် စေ လောကုတ္တရာစာပေပညာဖြစ်စေ တစ်ခုဆိုတစ်ခု စူးစူးစိုက်စိုက် သင်အံ့လေ့လာသင့်လှသည်။ သို့မှသာ အောင်မြင်မှုက လက်ကမ်းကြိုနေမည်ဖြစ်သည်။ ၂၀၂၃ မှာ သင်ဘာပညာတွေဆည်းပူးခဲ့ပြီလည်းဆိုသည်ကို သုံးသပ်ရင်း အားနည်းချက်ကို အားသာချက်ဖြစ်အောင် ၂၀၂၄ မှာပြောင်းလဲရင်း ဘဝအနှစ်သာရဖွေရှာကာ လောကီ လောကုတ်ပညာတွေနဲ့ ဆင်ခြင်တုန်တရားဖြင့် လောကကို အလှဆင်ရပေမည်။

ဥစ္စာ...ဘဝတစ်ခု ရပ်တည်ရှင်သန်ဖို့ ဥစ္စာရှိဖို့ အဆင်ပြေဖို့လိုသည်။ မိမိရှာဖွေလိုက်သော ဥစ္စာသည် သူတစ်ပါး၏ မျက်ရည်စ အပူမီးမဖြစ်ဖို့လည်း သတိကြီးစွာထားကြရမည်ဖြစ်သည်။ ရှာဖွေသော ဥစ္စာစင်ကြယ်မှ ဖြူစင်သောအလှူကိုပေးလှူနိုင်မည်ဖြစ်ပြီး ဖွေရှာသောဥစ္စာ မစင်ကြယ်ပါက လှူသမျှဟာ အရောင်ဟပ်နေမည် သာဖြစ်သည်။ အလှူပစ္စည်းမဖြူစင် အရောင်ဟပ်နေမည်ဆိုပါက ပေးသမျှကံသည်လည်း အစစ်အမှန်မဖြစ် အရောင်ဟပ်သည့်အတိုင်းသာ ခံစားကြရမည်သာဖြစ်သည်။ တစ်ခုအဆင်မပြေလို့ စိတ်ညစ်ကာ တွေဝေ ငေးမောနေမည့် အစား အဆင်ပြေမည့် ဖြစ်စင်သောဥစ္စာရှာဖွေခြင်းမျိုးကို ကျွန်တော်တို့ ကြိုးစားကြရ မည်သာဖြစ်သည်။ ၂၀၂၃ မှာ ရှာဖွေခဲ့ကြတဲ့ ဥစ္စာတွေ ဖြူစင်ခြင်းမဖြူစင်ခြင်းကိုမူ ကိုယ်တိုင်သာ ဆင်ခြင်သုံးသပ် ရမည်ဖြစ်ပြီး ၂၀၂၄ တွင် ပိုမိုစင်ကြယ်ဖြူစင်စွာ ရှာဖွေရသော ဥစ္စာများနဲ့ ဘဝကို ကြိုးပမ်းတည် ဆောက်ကြရမည်သာဖြစ်သည်။ သို့မှသာ ဘဝဟာ လှပအနေတင့်နေမည်ဖြစ်သည်။ နှစ်သစ်ကို သင်တကယ်ချစ်လျှင် ဥစ္စာရှာဖွေရမည်။ ဖြူစင်သောဥစ္စာဖြစ်ဖို့လိုသည်ကိုမူ သတိပြုဆင်ခြင်ကြရ မည်သာ ဖြစ်သည်။
ကျွန်တော်တို့ ကုသိုလ် ပညာ ဥစ္စာရဖို့ ကြိုးပမ်းပြီးပြီဆိုပါက သတိ ဆင်ခြင်တုန်တရားဖြင့် ၂၀၂၄ ကို ဖြတ်ကျော်ဖို့လည်းလိုသည်။ “သတိ” တဲ့ စကားနှစ်လုံးတည်းပေမယ့် အဓိပ္ပါယ်ကလေးနက်လှပြန်တယ်။ ဆင်ခြင်သုံးသပ်နိုင်လေ ကောင်းလေပင်ဖြစ်သည်။

နှစ်သစ်ကူးပွဲတော်များသည် ဘာသာရေး လူမျိုးရေး နိုင်ငံရေးတို့နှင့်လည်း ပတ်သက်ယှက်နွယ်နေသည်။ ဂျူးဘာသာဝင်တွေ အစ္စလာမ်ဘာသာဝင်များသည် လ၏အနေအထားကိုကြည့်ပြီး နှစ်သစ်ကူးကြသည်။ မဟာသင်္ကြန်အပြီး နှစ်ဆန်းတစ်ရက်နေ့သည် မြန်မာတို့၏နှစ်သစ်ကူးဖြစ်သည်။ တရုတ်နှစ်သစ်ကူး ဆော်ဒီနှစ်သစ်ကူး ရှမ်းနှစ်သစ်ကူး ကရင်နှစ်သစ်ကူး ကချင်နှစ်သစ်ကူး စသည်များစွာ ရှိနေသည်။ ဇန်နဝါရီလ ( ၁ ) ရက်နေ့မှာကျရောက်သည့် နှစ်သစ်ကူးသည် ခရစ်ယာန်ဘာသာဝင်တို့ရဲ့ နှစ်သစ်ကူးပွဲတော်ဖြစ်သည်။ အဆိုပါနှစ်သစ်ကူးပွဲတော်သည် ခရစ်ယာန်ဘာသာဝင်တွေနှင့်သာ ဆိုင်သည်ဟု ပြောနိုင်သလို ခရဏ်ယာန်ဘာသာ ဝင်များသည် နေရာအနှံ့ရှိနေသောကြောင့် ဒေသအသီးသီးမှာနှစ်သစ်ကူးပွဲတွေကျင်းပသည်မို့ တစ်ကမ္ဘာလုံးနှစ်ဆိုင် သလိုဖြစ်သည်။ မည်သို့ဆိုစေ နိုင်ငံတိုင်း နိုင်ငံတိုင်း လူမျိုးစုတိုင်းလူမျိုးစုတိုင်းသည် သူ့ယဉ်ကျေးမှု သူ့ဓလေ့ထုံးစံ တို့ဖြင့် နှစ်သစ်ကူးပွဲတော်တွေရှိနေကြမည်ဖြစ်သည်။

နှစ်သစ်ကူးပြီဆိုသည်နှင့် Happy New Year လို့ လူတိုင်းနှုတ်ဆက်တတ်ကြ အော်ဟစ်တတ်ကြသည်။ အဆိုပါအောင်ဟစ်နှုတ်ဆက်ခြင်းနဲ့အတူ မြတ်ဗုဒ္ဓအဆူဆူရဲ့ သြဝါဒလေးပါ ကပ်လိုက်လာပါလျှင် အတိုင်းထက် အလွန်ပင် ပိုမိုကျက်သရေရှိလှပေမည်။

Happy New Year ဆိုပြီး ပုလင်းကိုကိုင် မူးယစ်အော်ဟစ်‌ယုံမျှဖြင့် နှစ်သစ်သည် မင်္ဂလာရှိလာမည်မဟုတ်။ နှစ်သစ်ကိုတကယ့်မင်္ဂလာအစစ်ဖြစ်လိုသော် ဓမ္မသံဝေဂဖြင့် ဆင်ခြင်သုံးသပ်မှ ပိုလို့အကျိုးရှိမည်ဖြစ်သည်။ မေတ္တာဘာဝနာစီးဖြန်းမှ ပိုလို့တင့်တယ်မည်ဖြစ်သည်။

နှစ်သစ်ကူးဟူသည် လူသားတိုင်း၏ သက်တမ်းတစ်နှစ်ကြီးလာသလို လောကတွင် နေရဖို့ သက်တမ်းအရ တစ်နှစ်လျော့သွားခြင်းဖြစ်သည်ကို သတိကြီးစွာထားသင့်လှသည်။ လူ့ဘဝဟာ ရခဲလှပါသည်။ ရခဲလှသည့် လူ့ဘဝသက်တမ်းဟာ တိုတောင်းလွန်းလှသည်။ တိုတောင်းလွန်းလှတဲ့ အချိန်ကာလတွေမှာ ပုထုဇဉ်ဘဝမို့ ကုသိုလ်တွေလည်းရှိခဲ့ကြသလို အကုသိုလ်တွေလည်း ပြုမိကြမည်ဖြစ်သည်။ အပြစ်ကင်းစင်သော သူဟူသည် နတ္ထိ မရှိနိုင်ဟု ဓမ္မစာပေတို့က အတိလင်းဖော်ညွှန်းထားပြန်သည်။ နေရစဉ် ခဏတာလူ့ဘဝလေးမှာ ကုသိုလ်ကောင်းမှုနဲ့ နှစ်သစ်ကို ကြိုဆိုကြရမည်ဖြစ်သည်။

သိ၍ဖြစ်စေ မသိ၍ဖြစ်စေ ကျွန်တော်တို့ အပြစ်တစ်စုံတရာပြုမိကြမည်။ အကုသိုလ်တစ်စုံတစ်ရာပြုမိ ကြမည်။ အကုသိုလ်တစ်စုံတရာပြုမိကြသည်ရှိသော အဆိုပါအကုသိုလ်မျိုး ၂၀၂၄ တွင် ထပ်မံသည်ဆောင် မသွားဖို့ သတိပြုကာ ဆင်ခြင်ရမည်ဖြစ်သည်။ Happy New Year လို့အော်နေကြမည့်အစား အဆိုပါကြာချိန်လေး ကို မိမိစိတ်ကို သန့်စင်အောင် သတိသံဝေဂပွားမည်ဆိုပါက ပိုလို့အကျိုးများချေမည်ဖြစ်သည်။

မြတ်ဗုဒ္ဓအလိုအရ “ ဓမ္မကို ဟောကြ ပြောကြ မျှဝေကြ” ဟု ဓမ္မစာပေတို့တွင် မှတ်သားလိုက်နာဖူးသည်။ ဓမ္မ=ကောင်းမှု ကုသိုလ်ပင်ဖြစ်သည်။ ကောင်းမှုကုသိုလ်မှန်သမျှ မျှဝေနိုင်အောင်ကြိုးစားလုပ်ဆောင်သင့်ကြ သည်။ ၂၀၂၃ ခုနှစ်ကို မည်သို့ရှင်သန်ခဲ့သည် ဖြစ်စေ ထို့ထက် ပိုမိုသန့်စင်သော ရှင်သန်ခြင်းမျိုးဖြင့် ၂၀၂၄ ကို ကြိုဆို ကြိုးစားကာ ရှင်သန်ကြရမည်ဖြစ်သည်။

ပိုမိုသန့်စင်သော လူ့ဘဝရှင်သန်ခြင်းမျိုးကို ရှင်သန်နိုင်ကြဖို့ဆိုပါလျှင် မြတ်ဗုဒ္ဓအဆူဆူတို့ထားရစ်ခဲ့တော် မူသော ဩဝါဒသည်သာ ပဓာနကျလှသည်။ လူတိုင်းလိုက်နာကျင့်ဆောင်ကြရမည့် မြတ်ဗုဒ္ဓအဆူဆူတို့၏ ဩဝါဒသည်ကား “ မကောင်းမှုရှောင် ၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထား “ ဟူ၍ပင်ဖြစ်သည်။ မကောင်းမှုတွေထပ်မံမပြုမိအောင်၊ ကောင်းမှုတွေများများဆတိုးသည်ဆောင်သွားကာ မိမိတို့၏စိတ်ကို ပိုမိုဖြစ်စင်သန့်စင်အောင် သတိပြုနေထိုင်ကြရင်း နှစ်သစ်ကိုကြိုဖြတ်ကျော်သွားကြရမည်သာဖြစ်သည်။

ကျွန်တော်တို့အားလုံး ပိုမိုကောင်းမွန်သည့် ဘဝကို ပိုင်ဆိုင်နိုင်ကြဖို့ အောင်မြင်ကြီးပွားကြဖို့ လောကီ လောကုတ် နှစ်လီသောအကျိုးတရားတို့ကို ခံစားနိုင်ကြဖို့ မြတ်ဗုဒ္ဓအဆူဆူ၏ ဩဝါဒဖြစ်သော “ မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထား” ဟူသည့် လေးနက်လှတဲ့သုံးခွန်းသော ဩဝါဒစကားကို သတိ ပညာ ဆင်ခြင်တုန်တရားတို့ဖြင့် လိုက်နာကျင့်ကြံကြရင်း နှစ်သစ်ကိုဖြတ်ကျော်သင့်လှပေသည်။ ထိုသို့ဖြတ်ကျော် သွားကြမည်ဆိုပါက လူတိုင်းမှာ အလှကိုယ်စီပိုင်ဆိုင်နိုင်ကြမည်ဖြစ်သည်။ အလှကိုယ်စီ နှစ်သစ်ဆီသို့ စိတ္တသုခ ကာယသုခတို့ဖြင့် အားလုံးဖြတ်ကျော်ရင်း ကမ္ဘာကြီးတစ်ခုလုံးလည်း အမြန်ငြိမ်းချမ်းနိုင်ကြပါစေ။ ။

၁.၁.၂၀၂၄ တွင် စံတော်ချိန် နေ့စဉ်သတင်းစာတွင်ဖော်ပြ ထားပြီးမှတ်တမ်းတစ်ခုလာ Save သည်။

ကျော်စိုးဦး(မန္တလေး)

အန္တရာယ်ကင်း ရန်စွယ်ရှင်း၍ ကောင်းခြင်းစဉ်လာ မယှဉ်သာအောင် မင်္ဂလာအပေါင်းနှင့်  ပြည့်စုံကြပါစေ🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏ဒီနေ့ဟာ ကမ္ဘ...
09/09/2023

အန္တရာယ်ကင်း ရန်စွယ်ရှင်း၍ ကောင်းခြင်းစဉ်လာ မယှဉ်သာအောင် မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေ
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏
ဒီနေ့ဟာ ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ပါ

ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့

ရှေးဦးပြုစုခြင်းပညာ
လူတိုင်းအတွက်ပါ
အသက်တွေများစွာကယ်တင်ဖို့
အားလုံးသင်ယူစို့။

ရှေးဦးပြုစုခြင်းဟူသည်
ကုသခြင်းလည်းမဟုတ်ပြီ
မူလအနေထားမှမဆိုးရွားရေး
ထိမ်းသိမ်းပေးမဲ့ပညာလေး။

ဆေးရုံဆေးခန်းဆိုတာ
အချိန်မီရောက်ဖို့လိုအပ်တာ
မရောက်ခင် လူထုအသက်
ရှေးဦးပြုစုခြင်းပညာနဲ့ဆက်။

ရှေးဦးပြုစုခြင်းဟူသည်
အသက်ပေါင်းများစွာကယ်နိုင်သည်
မနှောင်းခင်မှာ သင်စဉ်းစား
နည်းပညာတွေလေ့လာသွား။

စက်တင် ဒုတိယပတ် စနေဟာ
ကမ္ဘာ့ရှေးဦးပြုစုခြင်းနေပါ
သတိရသင့်တဲ့နေ့တစ်နေ့
ဂုဏ်ပြုကြဖို့ တို့မမေ့..။ ။

( ၂၀၂၃ စက်တင်ဘာလ(၉)ရက်နေ့ ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့အား ဂုဏ်ပြုရေး ဖွဲ့ပါသည်။)

ရှေးဦးပြုစုခြင်းဆိုင်ရာသင်တန်းများ ဆွေးနွေးပွဲများ ဟောပြောပွဲများကျင်းပလိုပါက မေတ္တာဖြင့်ကူညီပါမည်။ ဆက်သွယ်နိုင်ပါသည်။

ကျော်စိုးဦး (မန္တလေး)

ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ စက်တင်ဘာလ ( ၉ )ရက်နေ့လူငယ်များဗဟုသုတအလို့ငှာ အင်တာနေရှင်နယ်ဝပ်ဆိုဒ်များမှ ကူးယူဖော်ပြပါသည်။His...
31/08/2023

ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ စက်တင်ဘာလ ( ၉ )ရက်နေ့
လူငယ်များဗဟုသုတအလို့ငှာ အင်တာနေရှင်နယ်ဝပ်ဆိုဒ်များမှ ကူးယူဖော်ပြပါသည်။

History of World First Aid Day

The history of first aid can be traced back to ancient times when people used natural remedies to treat injuries and illnesses. However, the modern concept of first aid as we know it today began to emerge in the 19th century. A Swiss businessman named Henry Dunant founded the International Committee of the Red Cross. He believed that all people regardless of their nationality or affiliation, deserved access to medical care in times of crisis.

In 2000, the International Federation of Red Cross and Red Crescent Societies designated the second Saturday of September as World First Aid Day. The theme for World First Aid Day changes each year, but the underlying message is always the same: First Aid saves lives.

World First Aid Day 2023 falls on September 9. It is an annual event that aims to raise awareness about the importance of first aid in saving lives. This special day is observed on the second Saturday of September every year and is celebrated globally.

The day is an opportunity to recognize the critical role that first aid plays in emergencies and to promote the importance of having basic first aid skills. This day is celebrated by various organizations, including the International Federation of Red Cross and Red Crescent Societies, which organize events and activities to educate people about the importance of first aid.

Overview of World First Aid Day 2023
---------------------------------------------
Name of the event

World First Aid Day

Observed on

Second Saturday of September

Date 9th September 2023

Aim To encourage people to learn first aid

Established by The International Federation of Red Cross and Red Crescent Societies

Significance of World First Aid Day
The importance of first aid cannot be overstated. It can save lives, prevent further injury or harm, and provide reassurance to the injured person. First aid can be the difference between life and death in an emergency situation.

In recognition of the importance of first aid, a special day is dedicated to it called International First Aid Day. This day aims to raise awareness about first aid, promote the importance of first aid training, and encourage people to learn basic first aid skills.

History of World First Aid Day
The history of first aid can be traced back to ancient times when people used natural remedies to treat injuries and illnesses. However, the modern concept of first aid as we know it today began to emerge in the 19th century. A Swiss businessman named Henry Dunant founded the International Committee of the Red Cross. He believed that all people regardless of their nationality or affiliation, deserved access to medical care in times of crisis.

In 2000, the International Federation of Red Cross and Red Crescent Societies designated the second Saturday of September as World First Aid Day. The theme for World First Aid Day changes each year, but the underlying message is always the same: First Aid saves lives.

World First Aid Day 2023 Theme

The theme for World First Aid Day 2023 is First Aid in the Digital World. In our increasingly connected world, its important to consider how technology can be used to save lives in emergency situations.

This years theme encourages us to explore how digital tools and resources can be used to provide first aid assistance and education, from smartphone apps and online videos to virtual reality simulations and telemedicine.

10 facts about First Aid that we all should know

Cardiopulmonary resuscitation (CPR) is a form of first aid that can save a persons life in the event of cardiac arrest.

Knowing the basics of first aid can help you respond quickly and effectively in an emergency.

The most common injuries that require first aid are burns, cuts, and fractures.

First Aid is also useful in non-emergency situations such as providing care to a person suffering from heatstroke or dehydration.
First Aid knowledge is essential for everyone, irrespective of their age group or profession.
The first recorded use of first aid was in the 11th century by knights and monks treating battlefield injuries.

In addition to physical injuries, First Aid can also be used to address mental health emergencies such as panic attacks and suicidal thoughts.

After witnessing the aftermath of a battle, Henry Dunant formed an organization that would later become the International Committee of the Red Cross. This organization is responsible for laying down the principles of modern First Aid.

First Aid training is available to anyone and can be completed in a matter of hours or days.
According to a report, proper first-aid training can prevent up to 80% of deaths from Injury.
Check other Special Days in September

Frequently Asked Questions
When is World First Aid Day 2023?
World First Aid Day 2023 is celebrated on the second Saturday of September, which falls on September 9, 2023.

Are there any online resources for learning first aid?

Yes, there are many online resources available for learning first aid including instructional videos, online courses, and interactive tutorials.

Who started World First Aid Day?
The International Federation of Red Cross and Red Crescent Societies (IFRC) started World First Aid Day in the year 2000.

Spread the Knowledge

Credit: International Website.

With much love ,

Kyaw Soe oo ( First Aid Educator)
Ph: 092032223

မဂၤလာပါ။လူ့အသက်ပေါင်းများစွာ ကူညီကယ်တင်နိုင်မည့် ရှေးဦးပြုစုခြင်းဖြင့်အသက်ကယ်ပါစာအုပ်လေးကိုအားပေးကြတဲ့ မြင့်မြတ်ပညာကိုယ...
25/08/2023

မင်္ဂလာပါ။
လူ့အသက်ပေါင်းများစွာ ကူညီကယ်တင်နိုင်မည့် ရှေးဦးပြုစုခြင်းဖြင့်အသက်ကယ်ပါစာအုပ်လေးကိုအားပေးကြတဲ့ မြင့်မြတ်ပညာကိုယ်ပိုင်ကျောင်းနှင့်မိတ်ဆွေအပေါင်းကိုကျေးဇူးတင်ပါတယ်။

#မင်္ဂလာပါချစ်မိတ်ဆွေ

#ေလာကကြီးကိုအကျိုးပြုဖို့ဒီစာအုပ်လေးအားပေးစို့။

#သူတို့ရေးတဲ့သူတို့စာ

ဒီနေ့ ဖတ်နေကျ ရသစာပေတွေထဲကမှ ခွဲထွက်ပြီး
လက်တွေ့အသုံးတည့်မယ့် ပညာရပ်ဆိုင်ရာစာအုပ်လေးတစ်အုပ်နဲ့ မိတ်ဆက်ပေးပါရစေ....။

ဆရာကျော်စိုးဦ(မန္တလေးး) ရေးသားတဲ့
ရှေးဦးပြုစုခြင်းဖြင့် အသက်ကယ်ပါ....အမည်ရှိ
အဆိုပါစာအုပ်ဟာ လူ့အသက်တစ်ချောင်းမှသည်
အသက်ပေါင်းများစွာ ကူညီကာကွယ်ကယ်တင်နိုင်ဖို့ဆိုတဲ့..ရည်ရွယ်ချက်နဲ့ ရေးသားထုတ်ဝေခဲ့တာမို့
အင်မတန်မှ အသုံးတည့်မယ် စာအုပ်အမျိုးအစားမျိုးထဲကပဲ ဖြစ်ပါတယ်...အရေးပေါ် အခြေအနေတွေဖြစ်ပေါ်လာတဲ့အခါမှာ ရှေးဦးပြုစုခြင်းဖြင့် လူ့အသက် ကယ်တင်နိုင်အောင်ရေးသားထားတဲ့ ပညာရပ်ဆိုင်ရာစာအုပ်မို့ ခုလို ခေတ်ကာလကြီးထဲမှာ လူတိုင်းအတွက် လိုအပ်တဲ့ စာအုပ်ဖြစ်ပြီး အိမ်တိုင်းမှာ မရှိမဖြစ်ဝယ်ယူဆောင်ထားသင့်ပါတယ်...

ဘယ်လိုအကြောင်းအရာတွေပါမလဲဆိုတာကိုရေးပြရတာထက် ပိုပြီးရှင်းရှင်းလင်းလင်းသိနိုင်ဖို့အတွက်ဝင်ရောက်လေ့လာဖို့ မာတိကာအစဉ်အတိုင်း ပုံရိုက်ထည့်ပေးထားပါတယ်...အဓိကအကြောင်းအရာကတော့ လူနာကိုဘေးအန္တရာယ်ဖြစ်စေတဲ့နေရာကနေပြီး အချိန်မီ ဆေးရုံ၊
ဆေးခန်း၊ဆရာဝန်ထံ မရောက်ခင် ကူညီကယ်တင်နိုင်ဖို့လူ့ခန္ဓာကိုယ်ရဲ့အစိတ်အပိုင်းအလိုက် ဘယ်လိုရှေးဦးပြုစုပေးပြီး ကယ်တင်လို့ရတယ်ဆိုတာတွေကို ရေးသားထားတာ ဖြစ်ပါတယ်...

ပညာရပ်ဆိုင်ရာစာအုပ်ဆိုပေမယ့် စာအုပ်ကြီးထဲကပုံစံအတိုင်း ရေးသားထားတာမျိုး မဟုတ်တာမို့ ငြီးငွေ့ဖွယ်မဖတ်ရှုရဘဲ မိတ်ဆွေ၊သူငယ်ချင်း၊အစ်ကိုတစ်ယောက်က ဘေးကနေပြီး ဗဟုသုတရစရာအကြောင်းအရာများကို ခရီးသွားဟန်လွှဲ စကားပြောဟန်မျိုးနဲ့ ပေါ့ပေါ့ပါးပါးရေးသားထားလို့ ပြုံးရင်းရယ်ရင်း နဲ့ပဲ ဖတ်ရှုရပါလိမ့်
မယ်...

စာရေးသူက အကြောင်းအရာတစ်ခု မပြောခင်..
တခါတခါ ပြောပြီး...စာဖတ်သူကို မေးခွန်းလေးတွေ
ထုတ်တတ်ပြန်တာမို့ စာဖတ်နေရတာနဲ့မတူ အပြင်မှာ ညဏ်စမ်းပဟေဠိဖြေရသလိုမျိုးတောင် ခံစားရပြီး ကိုယ်ဖြေတာများမှန်လေမလားလို့ ရမ်းသမ်းဖြေမိ...အဖြေမှန်ရင် ပျော်၊မှားရင်ရှက်ရယ်သွမ်းသွေးမိတဲ့ အထိ ဆရာ
ကျော်စိုးဦး အရေးအသားများကလည်း ဆွဲဆောင်အားကောင်းလှ ထူးခြားလှပါတယ်...

စာရေးသူကိုယ်တိုင်က ဘာသာစကားသင်ဆရာတစ်ဦးဖြစ်သလို ကိုယ်တိုင်လည်း ထူးချွန်ကြက်ခြေနီ သင်တန်းဆရာတစ်ဦးဖြစ်တာမို့ ထိုစာအုပ်ကိုဖတ်ရှုပြီး လက်ရှိဘဝမှာ လက်တွေ့ကျကျ အသုံးချနိုင်မယ့် ဗဟုသုတများစွာတို့ကို လွယ်လွယ်ကူကူ ရှင်းရှင်းလင်းလင်း သိရှိနားလည်နိုင်လိမ့်မယ်ဆိုတာကို ကိုယ်တိုင်စာစစ်ပေးရသူတစ်ဦးအနေနဲ့ အာမခံရင်း မိမိအိမ်အတွက်ပဲဖြစ်ဖြစ်၊မိတ်ဆွေတွေအတွက်ပဲဖြစ်ဖြစ်၊၊ရပ်ရွာလူထု၊စာကြည့်
တိုက်၊လိုအပ်ရာရာနေရာများအတွက်ပဲ ဖြစ်ဖြစ် ဝယ်ယူဆောင်ထားကြပါလို့ တိုက်တွန်းညွှန်းဆိုလိုက်ပါတယ်...

#စာအုပျတနျဖိုး၇၀၀၀ိ/-
#မြို့တွင်းအရောက်ပို့ပေးပါသည်
#နယ်ငွေကြိုလွှဲကပို့ပေးမည်
#မန္တလေးစာအုပ်စာပေဆိုင်များမှာလဲဝယ်ယူရရှိနိုင်ပါပြီ

Credit: အေးမြနု

အားလုံးကျန်းမာ စိတ်ချမ်းသာ မသူတော်ဘေးက ဝေးကြပါ။တကယ်လိုအပ်တဲ့ ကျေးလက်များအတွက် ရှေးဦးပြုစုခြင်းဖြင့် အသက်ကယ်ပါစာအုပ်တွေ ...
12/08/2023

အားလုံးကျန်းမာ စိတ်ချမ်းသာ မသူတော်ဘေးက ဝေးကြပါ။

တကယ်လိုအပ်တဲ့ ကျေးလက်များအတွက် ရှေးဦးပြုစုခြင်းဖြင့် အသက်ကယ်ပါစာအုပ်တွေ ဝယ်ယူကာ တဆင့်လှူဒါန်းကြတဲ့ စာဖတ်ပရိသတ်အားလုံးကို ကျေးဇူးတင်ပါတယ်။

#မင်္ဂလာပါချစ်မိတ်ဆွေ

#ေလာကကြီးကိုအကျိုးပြုဖို့ဒီစာအုပ်လေးအားပေးစို့။

#သူတို့ရေးတဲ့သူတို့စာ

ဒီနေ့ ဖတ်နေကျ ရသစာပေတွေထဲကမှ ခွဲထွက်ပြီး
လက်တွေ့အသုံးတည့်မယ့် ပညာရပ်ဆိုင်ရာစာအုပ်လေးတစ်အုပ်နဲ့ မိတ်ဆက်ပေးပါရစေ....။

ဆရာကျော်စိုးဦ(မန္တလေးး) ရေးသားတဲ့
ရှေးဦးပြုစုခြင်းဖြင့် အသက်ကယ်ပါ....အမည်ရှိ
အဆိုပါစာအုပ်ဟာ လူ့အသက်တစ်ချောင်းမှသည်
အသက်ပေါင်းများစွာ ကူညီကာကွယ်ကယ်တင်နိုင်ဖို့ဆိုတဲ့..ရည်ရွယ်ချက်နဲ့ ရေးသားထုတ်ဝေခဲ့တာမို့
အင်မတန်မှ အသုံးတည့်မယ် စာအုပ်အမျိုးအစားမျိုးထဲကပဲ ဖြစ်ပါတယ်...အရေးပေါ် အခြေအနေတွေဖြစ်ပေါ်လာတဲ့အခါမှာ ရှေးဦးပြုစုခြင်းဖြင့် လူ့အသက် ကယ်တင်နိုင်အောင်ရေးသားထားတဲ့ ပညာရပ်ဆိုင်ရာစာအုပ်မို့ ခုလို ခေတ်ကာလကြီးထဲမှာ လူတိုင်းအတွက် လိုအပ်တဲ့ စာအုပ်ဖြစ်ပြီး အိမ်တိုင်းမှာ မရှိမဖြစ်ဝယ်ယူဆောင်ထားသင့်ပါတယ်...

ဘယ်လိုအကြောင်းအရာတွေပါမလဲဆိုတာကိုရေးပြရတာထက် ပိုပြီးရှင်းရှင်းလင်းလင်းသိနိုင်ဖို့အတွက်ဝင်ရောက်လေ့လာဖို့ မာတိကာအစဉ်အတိုင်း ပုံရိုက်ထည့်ပေးထားပါတယ်...အဓိကအကြောင်းအရာကတော့ လူနာကိုဘေးအန္တရာယ်ဖြစ်စေတဲ့နေရာကနေပြီး အချိန်မီ ဆေးရုံ၊
ဆေးခန်း၊ဆရာဝန်ထံ မရောက်ခင် ကူညီကယ်တင်နိုင်ဖို့လူ့ခန္ဓာကိုယ်ရဲ့အစိတ်အပိုင်းအလိုက် ဘယ်လိုရှေးဦးပြုစုပေးပြီး ကယ်တင်လို့ရတယ်ဆိုတာတွေကို ရေးသားထားတာ ဖြစ်ပါတယ်...

ပညာရပ်ဆိုင်ရာစာအုပ်ဆိုပေမယ့် စာအုပ်ကြီးထဲကပုံစံအတိုင်း ရေးသားထားတာမျိုး မဟုတ်တာမို့ ငြီးငွေ့ဖွယ်မဖတ်ရှုရဘဲ မိတ်ဆွေ၊သူငယ်ချင်း၊အစ်ကိုတစ်ယောက်က ဘေးကနေပြီး ဗဟုသုတရစရာအကြောင်းအရာများကို ခရီးသွားဟန်လွှဲ စကားပြောဟန်မျိုးနဲ့ ပေါ့ပေါ့ပါးပါးရေးသားထားလို့ ပြုံးရင်းရယ်ရင်း နဲ့ပဲ ဖတ်ရှုရပါလိမ့်
မယ်...

စာရေးသူက အကြောင်းအရာတစ်ခု မပြောခင်..
တခါတခါ ပြောပြီး...စာဖတ်သူကို မေးခွန်းလေးတွေ
ထုတ်တတ်ပြန်တာမို့ စာဖတ်နေရတာနဲ့မတူ အပြင်မှာ ညဏ်စမ်းပဟေဠိဖြေရသလိုမျိုးတောင် ခံစားရပြီး ကိုယ်ဖြေတာများမှန်လေမလားလို့ ရမ်းသမ်းဖြေမိ...အဖြေမှန်ရင် ပျော်၊မှားရင်ရှက်ရယ်သွမ်းသွေးမိတဲ့ အထိ ဆရာ
ကျော်စိုးဦး အရေးအသားများကလည်း ဆွဲဆောင်အားကောင်းလှ ထူးခြားလှပါတယ်...

စာရေးသူကိုယ်တိုင်က ဘာသာစကားသင်ဆရာတစ်ဦးဖြစ်သလို ကိုယ်တိုင်လည်း ထူးချွန်ကြက်ခြေနီ သင်တန်းဆရာတစ်ဦးဖြစ်တာမို့ ထိုစာအုပ်ကိုဖတ်ရှုပြီး လက်ရှိဘဝမှာ လက်တွေ့ကျကျ အသုံးချနိုင်မယ့် ဗဟုသုတများစွာတို့ကို လွယ်လွယ်ကူကူ ရှင်းရှင်းလင်းလင်း သိရှိနားလည်နိုင်လိမ့်မယ်ဆိုတာကို ကိုယ်တိုင်စာစစ်ပေးရသူတစ်ဦးအနေနဲ့ အာမခံရင်း မိမိအိမ်အတွက်ပဲဖြစ်ဖြစ်၊မိတ်ဆွေတွေအတွက်ပဲဖြစ်ဖြစ်၊၊ရပ်ရွာလူထု၊စာကြည့်
တိုက်၊လိုအပ်ရာရာနေရာများအတွက်ပဲ ဖြစ်ဖြစ် ဝယ်ယူဆောင်ထားကြပါလို့ တိုက်တွန်းညွှန်းဆိုလိုက်ပါတယ်...

#စာအုပျတနျဖိုး၇၀၀၀ိ/-
#မြို့တွင်းအရောက်ပို့ပေးပါသည်
#နယ်ငွေကြိုလွှဲကပို့ပေးမည်
#မန္တလေးစာအုပ်စာပေဆိုင်များမှာလဲဝယ်ယူရရှိနိုင်ပါပြီ

Credit: အေးမြနု

Address

Mandale

Telephone

092032223

Website

Alerts

Be the first to know and let us send you an email when Kyaw Soe Oo MRCS.Mdy Region posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share