Hein Pharmacy

Hein Pharmacy Hein Pharmacy Open 24 hours

ဟိန်းဆေးဆိုင်ရဲ့ 25နှစ်ပြည့် အထိမ်းအမှတ်နှင့် အတူနှစ်စဉ်ကျင်းပလေ့ရှိတဲ့ ချစ်ရတဲ့ မောင်လေး ညီမလေးတွေအတွက် 😍🥰တစ်နှစ်တာ ပင်...
20/02/2026

ဟိန်းဆေးဆိုင်ရဲ့ 25နှစ်ပြည့် အထိမ်းအမှတ်နှင့် အတူ

နှစ်စဉ်ကျင်းပလေ့ရှိတဲ့ ချစ်ရတဲ့ မောင်လေး ညီမလေးတွေအတွက် 😍🥰

တစ်နှစ်တာ ပင်ပန်းထားသမျှ ပြေပျောက်ဖို့ Annual Staff Party ကိုပျော်ပွဲရွှင်ပွဲများနှင့်အတူ ဆုချီးမြှင့်ခြင်းအခမ်းအနားလေးကို ကျင်းပပြုလုပ်ပေးခဲ့ပါတယ်ရှင်🥳🤩🎁


#ဟိန်းဆေးဆိုင်
party

Gong Xi Fa Cai 🏮 ကံကောင်းခြင်းတွေ ယူဆောင်လာမဲ့ နှစ်သစ်ကူးအချိန်အခါသမယလေးမှာ 🧧 အနီရောင် စာအိတ်လေးတွေလိုပဲ ရင်ခုန်စိတ်လှုပ...
17/02/2026

Gong Xi Fa Cai 🏮

ကံကောင်းခြင်းတွေ ယူဆောင်လာမဲ့ နှစ်သစ်ကူးအချိန်အခါသမယလေးမှာ 🧧 အနီရောင် စာအိတ်လေးတွေလိုပဲ ရင်ခုန်စိတ်လှုပ်ရှားစရာ ကောင်းတဲ့ နေ့ရက်တွေကို ပိုင်ဆိုင်နိုင်ကြပြီး လိုအင်ဆန္ဒတွေ တစ်လုံးတစ်ဝတည်း ပြည့်ဝကြပါစေကြောင်း Hein Pharmacy မှ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်... 💖

“Always Trusted for Your Health”

“Hein Pharmacy” ရဲ့ Promotion တွေနဲ့ တခြား Update အကြောင်းအရာတွေကို
အချိန်နဲ့တပြေးညီသိရှိနိုင်ဖို့ “Hein Pharmacy” ရဲ့ Viber Channel လေးကိုလည်း
Subscribe လုပ်ထားလိုက်ကြပါဦးနော် 🙌

🟣 Viber Channel Link >> https://invite.viber.com/...

“Hein Pharmacy” ရဲ့ ဆိုင်ခွဲလိပ်စာနဲ့ ဖုန်းနံပါတ်လေးတွေကတော့…

🚏 လမ်း ၃၀၊ ၇၆ လမ်းနှင့် ၇၇ လမ်းကြား (ပြည်သူ့ဆေးရုံကြီးရှေ့)၊
ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့။
☎️ ၀၉-၇၉၁၂၃၉၁၁၁,၀၉-၅၁၄၅၈၇၂

🚏၇၁ လမ်း၊ ၂၉ လမ်း နှင့် လမ်း ၃၀ကြား
ဗထူးအားကစားကွင်း အနောက်ဘက်ခြမ်းနှင့် မျက်နှာချင်းဆိုင်၊
ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။
☎️ ၀၉-၇၉၁၂၃၉၂၂၂

🚏 ၃၅ လမ်း၊ လမ်း ၈၁ နှင့် ၈၂ လမ်းကြား၊
မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့။
☎️ ၀၉-၇၉၁၂၃၉၃၃၃

🚏 ၃၅ လမ်း၊ လမ်း ၇၀ နှင့် ၇၁ လမ်းကြား၊
ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့။
☎️ ၀၉-၇၉၁၂၃၀၄၄၄

🚏 ၆၅ လမ်း၊ ၁၁၀ နှင့် ၁၁၁ လမ်းကြား၊
ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။
☎️ ၀၉-၇၉၁၂၃၉၅၅၅

အချစ်ဆိုတာ နှလုံးသားအတွက် အကောင်းဆုံး ဆေးတစ်ခွက်ပါပဲ 🌸 ချစ်သူနဲ့အတူ ကုန်ဆုံးရတဲ့ မိနစ်တိုင်းမှာ ပျော်ရွှင်ခြင်းတွေ ပြည့်...
14/02/2026

အချစ်ဆိုတာ နှလုံးသားအတွက် အကောင်းဆုံး ဆေးတစ်ခွက်ပါပဲ 🌸

ချစ်သူနဲ့အတူ ကုန်ဆုံးရတဲ့ မိနစ်တိုင်းမှာ ပျော်ရွှင်ခြင်းတွေ ပြည့်နှက်နေပြီး နွေးထွေးတဲ့ မေတ္တာတွေနဲ့ ချစ်သူစုံတွဲတိုင်း ထာဝရ လက်တွဲနိုင်ကြပါစေလို့
Hein Pharmacy မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော် 💖

Happy Valentine's Day❗ပျော်ရွှင်စရာ ချစ်သူများနေ့လေး ဖြစ်ပါစေ။ 🌹

#ချစ်သူများနေ့

🔍 ခန္ဓာကိုယ်က တစ်ခုခုကို အချက်ပြနေပြီလား? 🔊"အမြဲတမ်း နုံးချိနေတာ၊ ဆံပင်တွေ သိသိသာသာ ကျွတ်လာတာ၊ အနာတရဖြစ်ရင်လည်း ချက်ချင်...
10/02/2026

🔍 ခန္ဓာကိုယ်က တစ်ခုခုကို အချက်ပြနေပြီလား? 🔊

"အမြဲတမ်း နုံးချိနေတာ၊ ဆံပင်တွေ သိသိသာသာ ကျွတ်လာတာ၊ အနာတရဖြစ်ရင်လည်း ချက်ချင်းမကျက်တာ..."

ဒါတွေဟာ သာမန်ကိစ္စတွေ မဟုတ်ပါဘူး။ သင့်ခန္ဓာကိုယ်ထဲမှာ Zinc (ဇင့်) ဓာတ် လိုအပ်နေပြီဆိုတာကို ခန္ဓာကိုယ်က ပေးနေတဲ့ "အချက်ပြသံ" တွေပဲ ဖြစ်ပါတယ်။ ⚠️

Zinc ဆိုတာ ခန္ဓာကိုယ်ရဲ့ အခြေခံအကျဆုံး လုပ်ငန်းဆောင်တာတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ သတ္တုဓာတ်တစ်ခုပါ။

Zinc ဓာတ် လိုအပ်နေကြောင်း ပြသနေတဲ့ အချက်ပြချက် (၅) ချက်ကတော့….

✨Hair & Nails: ဆံပင်များ အဆမတန် ကျွတ်ခြင်းနှင့် လက်သည်းများ ကျိုးလွယ်ခြင်း။

✨Immunity: ခဏခဏ ဖျားနာခြင်းနှင့် ကိုယ်ခံအား ကျဆင်းခြင်း။

✨Skin Care: အသားအရေ ခြောက်သွေ့ခြင်းနှင့် ဝက်ခြံထွက်လွယ်ခြင်း။

✨Slow Healing: ထိခိုက်ရှနာများ အနာကျက်ရန် ကြာမြင့်ခြင်း။

✨Taste & Smell: အစားအသောက် အရသာနှင့် အနံ့ ခံစားမှု အားနည်းလာခြင်း စတာတွေ ခံစားလာရမှာပဲ ဖြစ်ပါတယ်။

✅ Zinc ရဲ့ အခန်းကဏ္ဍကတော့
ကိုယ်ခံအားစနစ်ကို သံမဏိတံတိုင်းကြီးလို ကာကွယ်ပေးပြီး၊ ဆဲလ်အသစ်ဖြစ်ပေါ်မှုကို အားပေးတဲ့အတွက် ကျန်းမာနုပျိုမှုကို ထိန်းသိမ်းပေးပါတယ်။

🏥 သင့်ခန္ဓာကိုယ်က တောင်းဆိုနေတဲ့ အချက်ပြချက်တွေကို လျစ်လျူမရှုပါနဲ့။

အရည်အသွေးစိတ်ချရပြီး ယုံကြည်ရတဲ့ Zinc ဗီတာမင်ဖြည့်စွက်စာများ ကို Hein Pharmacy မှာ စုံစုံလင်လင်နဲ့ စျေးနှုန်းမှန်ကန်စွာ ရွေးချယ်ဝယ်ယူနိုင်ပါပြီ။ 💊

“Always Trusted for Your Health”
Hein Pharmacy
📢 Promotion တွေနဲ့ ကျန်းမာရေး Update တွေ သိရှိဖို့ Viber Channel ကို Join ထားလိုက်ပါဦး!

🟣 Viber Channel Link >> https://invite.viber.com/...

“Hein Pharmacy” ရဲ့ ဆိုင်ခွဲလိပ်စာနဲ့ ဖုန်းနံပါတ်လေးတွေကတော့…

🚏 လမ်း ၃၀၊ ၇၆ လမ်းနှင့် ၇၇ လမ်းကြား (ပြည်သူ့ဆေးရုံကြီးရှေ့)၊
ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့။
☎️ ၀၉-၇၉၁၂၃၉၁၁၁,၀၉-၅၁၄၅၈၇၂

🚏၇၁ လမ်း၊ ၂၉ လမ်း နှင့် လမ်း ၃၀ကြား
ဗထူးအားကစားကွင်း အနောက်ဘက်ခြမ်းနှင့် မျက်နှာချင်းဆိုင်၊
ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။
☎️ ၀၉-၇၉၁၂၃၉၂၂၂

🚏 ၃၅ လမ်း၊ လမ်း ၈၁ နှင့် ၈၂ လမ်းကြား၊
မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့။
☎️ ၀၉-၇၉၁၂၃၉၃၃၃

🚏 ၃၅ လမ်း၊ လမ်း ၇၀ နှင့် ၇၁ လမ်းကြား၊
ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့။
☎️ ၀၉-၇၉၁၂၃၀၄၄၄

🚏 ၆၅ လမ်း၊ ၁၁၀ နှင့် ၁၁၁ လမ်းကြား၊
ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။
☎️ ၀၉-၇၉၁၂၃၉၅၅၅

#ကိုယ်ခံအား #ဇင့်ဓာတ် #မန္တလေး

08/02/2026

ကျန်းမာတဲ့ လူနေမှုဘဝအတွက် အိပ်စက်ခြင်းဟာ အလွန်အရေးကြီးပါတယ်။ အိပ်မပျော်တဲ့ ပြဿနာကို ရင်ဆိုင်နေရရင် ဆေးဝါးတွေ မသုံးစွဲခင်မှာ အခုပြောပြပေးမဲ့ သဘာဝနည်းလမ်း (၅) ခုကို အရင်စမ်းသပ်ကြည့်ဖို့ အကြံပြုချင်ပါတယ်။ 💡

✅ Screen Time လျှော့ပါ
✅ Magnesium ပါတဲ့ အစားအစာစားပါ
✅ အခန်းအပူချိန်နဲ့ အလင်းရောင်ညှိပါ
✅ 4-7-8 နည်းလမ်းကို သုံးပါ
✅ နွားနို့ပူပူလေး သောက်ပါ
ဒီထဲက ဘယ်နည်းလမ်းက သင့်အတွက် အထိရောက်ဆုံးဖြစ်မလဲ? Comment မှာ ပြောခဲ့ဦးနော်။ 👇

ပိုမိုပြည့်စုံတဲ့ ကျန်းမာရေး ဗဟုသုတတွေအတွက် Hein Pharmacy Page ကို Like & Follow လုပ်ထားပါဦး။ 💊✨

#အိပ်ပျော်စေတဲ့နည်းလမ်းများ
က်

ညဉ့်နက်တဲ့အထိ ဖုန်းပွတ်နေမိလို့ပဲဖြစ်ဖြစ်၊ အလုပ်တွေပိနေလို့ပဲဖြစ်ဖြစ်... အိပ်ချိန်တွေကို လျှော့ချလိုက်တိုင်း ခန္ဓာကိုယ်က...
06/02/2026

ညဉ့်နက်တဲ့အထိ ဖုန်းပွတ်နေမိလို့ပဲဖြစ်ဖြစ်၊ အလုပ်တွေပိနေလို့ပဲဖြစ်ဖြစ်... အိပ်ချိန်တွေကို လျှော့ချလိုက်တိုင်း ခန္ဓာကိုယ်ကနေ "အဖိုးအခ" တစ်ခု ပြန်ပေးနေရတယ်ဆိုတာ သတိထားမိပါသလား? 📉

မမှန်ကန်တဲ့ အိပ်စက်ခြင်းအလေ့အထဟာ ခန္ဓာကိုယ်ရဲ့ Immune System ကို အားနည်းသွားစေပြီး နာတာရှည်ရောဂါတွေကို ဖိတ်ခေါ်နေသလိုပါပဲ။ 🦠🚫

✨ Quality Sleeping က ဘာကြောင့် အရေးကြီးရတာလဲဆိုရင်
နှစ်ခြိုက်စွာ အိပ်စက်ခြင်းဟာ ပိုက်ဆံမပေးရဘဲ ရရှိနိုင်တဲ့ အထိရောက်ဆုံး "အားဆေး" မို့ သဘာဝရဲ့ အကောင်းဆုံးဆေးတစ်ခွက်ဖြစ်တယ် 💊

အိပ်ရေးဝမှသာ နောက်တစ်နေ့အတွက် လိုအပ်တဲ့ စွမ်းအင်တွေ ပြည့်ဝနေမှာမို့ နေ့စဉ်ရှင်သန်မှုအတွက် အလွန်ရေးကြီးပါတယ်🔋
ပုံမှန်အိပ်စက်ခြင်းက နှလုံးနဲ့ သွေးတိုးရောဂါ ဖြစ်နိုင်ခြေကို လျှော့ချပေးလို့ ရောဂါတွေကို ကာကွယ်ပြီးသားဖြစ်ပါတယ် ❤️

ကျန်းမာရေးဆိုတာ တစ်ရက်တည်းနဲ့ တည်ဆောက်လို့မရပေမဲ့ ဒီနေ့ညကစပြီး အိပ်ချိန်မှန်အောင် နေထိုင်ခြင်းဖြင့် အနာဂတ်အတွက် ကျန်းမာသောဘဝကို ပိုင်ဆိုင်လိုက်ရအောင် 🤝💙 🤝✨

Hein Pharmacy” ရဲ့ Promotion တွေနဲ့ တခြား Update အကြောင်းအရာတွေကို
အချိန်နဲ့တပြေးညီသိရှိနိုင်ဖို့ “Hein Pharmacy” ရဲ့ Viber Channel လေးကိုလည်း
Subscribe လုပ်ထားလိုက်ကြပါဦးနော် 🙌

🟣 Viber Channel Link >> https://invite.viber.com/...

“Hein Pharmacy” ရဲ့ ဆိုင်ခွဲလိပ်စာနဲ့ ဖုန်းနံပါတ်လေးတွေကတော့…

🚏 လမ်း ၃၀၊ ၇၆ လမ်းနှင့် ၇၇ လမ်းကြား (ပြည်သူ့ဆေးရုံကြီးရှေ့)၊
ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့။
☎️ ၀၉-၇၉၁၂၃၉၁၁၁,၀၉-၅၁၄၅၈၇၂

🚏၇၁ လမ်း၊ ၂၉ လမ်း နှင့် လမ်း ၃၀ကြား
ဗထူးအားကစားကွင်း အနောက်ဘက်ခြမ်းနှင့် မျက်နှာချင်းဆိုင်၊
ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။
☎️ ၀၉-၇၉၁၂၃၉၂၂၂

🚏 ၃၅ လမ်း၊ လမ်း ၈၁ နှင့် ၈၂ လမ်းကြား၊
မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့။
☎️ ၀၉-၇၉၁၂၃၉၃၃၃

🚏 ၃၅ လမ်း၊ လမ်း ၇၀ နှင့် ၇၁ လမ်းကြား၊
ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့။
☎️ ၀၉-၇၉၁၂၃၀၄၄၄

🚏 ၆၅ လမ်း၊ ၁၁၀ နှင့် ၁၁၁ လမ်းကြား၊
ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။
☎️ ၀၉-၇၉၁၂၃၉၅၅၅

နေမကောင်းဖြစ်လို့ ဆေးသောက်တော့မယ်ဆိုရင် "သက်သာရင် တော်ပြီ" ဆိုတဲ့ အတွေးမျိုး ရှိနေပါသလား? 🤔 ဆေးဝါးတွေဟာ ရောဂါကို ပျောက်က...
04/02/2026

နေမကောင်းဖြစ်လို့ ဆေးသောက်တော့မယ်ဆိုရင် "သက်သာရင် တော်ပြီ" ဆိုတဲ့ အတွေးမျိုး ရှိနေပါသလား? 🤔

ဆေးဝါးတွေဟာ ရောဂါကို ပျောက်ကင်းစေနိုင်သလို စနစ်တကျ မသုံးစွဲတတ်ရင်လည်း ဘေးထွက်ဆိုးကျိုးတွေ အများကြီး ရှိနိုင်ပါတယ်။

Hein Pharmacy ကနေပြီး မိမိတို့ရဲ့ ကျန်းမာရေးအတွက် ဆေးသောက်တဲ့အခါ အများစု မှားယွင်းတတ်တဲ့ အယူအဆလေးတွေကို ဝေမျှပေးချင်ပါတယ်။ 👇

🛑 သတ်မှတ်ထားတဲ့ ပမာဏအတိုင်း သောက်ပါ
"ဆေးများများသောက်ရင် မြန်မြန်ပျောက်မယ်" ဆိုတာ လုံးဝ အမှားပါပဲ။ ❌ ဆေးပမာဏ များလွန်းရင် အသည်းနဲ့ ကျောက်ကပ်ကို ထိခိုက်စေနိုင်သလို၊ နည်းလွန်းရင်လည်း ရောဂါမပျောက်ဘဲ ဆေးယဉ်ပါးမှု ဖြစ်စေနိုင်ပါတယ်။ ဆရာဝန် ညွှန်ကြားတဲ့အတိုင်း အတိအကျ သောက်ဖို့ လိုပါတယ်။

💧 ရိုးရိုးရေနဲ့ပဲ သောက်ပါ
ဆေးသောက်တဲ့အခါ ကော်ဖီ၊ လက်ဖက်ရည်၊ နွားနို့ ဒါမှမဟုတ် အချိုရည်တွေနဲ့ တွဲသောက်တာမျိုး ရှောင်ကြဉ်ပါ။ ☕
🚫 အချို့သော ဖျော်ရည်တွေက ဆေးရဲ့ အာနိသင်ကို လျော့ကျစေနိုင်သလို ဆိုးကျိုးတောင် ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အကောင်းဆုံးကတော့ ရိုးရိုးသောက်ရေ နဲ့ပဲ သောက်သုံးပေးပါ။

⚠️ ပိုးသတ်ဆေး (Antibiotics) အန္တရာယ် အထူးသတိပြုရန်
ဒါက အရေးအကြီးဆုံးပါပဲ…ချောင်းနည်းနည်းဆိုးတာ၊ လည်ချောင်းနာတာနဲ့တင် ပိုးသတ်ဆေးတွေကို အလွယ်တကူ ဝယ်မသောက်ပါနဲ့။
ဆေးပတ်လည်အောင်သောက်ပါ။ ရောဂါသက်သာသွားလို့ဆိုပြီး ဆေးဖြတ်လိုက်တာမျိုး မလုပ်ပါနဲ့။ ဆေးပတ်မလည်ရင် ခန္ဓာကိုယ်ထဲက ပိုးမွှားတွေက ဆေးကို ခံနိုင်ရည်ရှိသွားပြီး ဆေးယဉ်ပါးမှု (Drug Resistance) ဖြစ်သွားနိုင်ပါတယ်။
နောက်တစ်ခါ အဲဒီပိုးဝင်တဲ့အခါ ဘယ်ဆေးသောက်သောက် မပျောက်တော့တဲ့ အခြေအနေမျိုးဟာ အသက်အန္တရာယ်အထိ စိုးရိမ်ရပါတယ်။ 😱

ဒါကြောင့် ကျန်းမာရေးဆိုတာ ပေါ့ဆလို့မရတာမို့ မှန်ကန်သော ဆေးသောက်နည်းဖြင့်သာ ကျန်းမာသော ဘဝကို ပိုင်ဆိုင်လိုက်ရအောင်နော် ❤️

“Always Trusted for Your Health”
“Hein Pharmacy” ရဲ့ Promotion တွေနဲ့ တခြား Update အကြောင်းအရာတွေကို
အချိန်နဲ့တပြေးညီသိရှိနိုင်ဖို့ “Hein Pharmacy” ရဲ့ Viber Channel လေးကိုလည်း
Subscribe လုပ်ထားလိုက်ကြပါဦးနော် 🙌

🟣 Viber Channel Link >> https://invite.viber.com/...

“Hein Pharmacy” ရဲ့ ဆိုင်ခွဲလိပ်စာနဲ့ ဖုန်းနံပါတ်လေးတွေကတော့…

🚏 လမ်း ၃၀၊ ၇၆ လမ်းနှင့် ၇၇ လမ်းကြား (ပြည်သူ့ဆေးရုံကြီးရှေ့)၊
ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့။
☎️ ၀၉-၇၉၁၂၃၉၁၁၁,၀၉-၅၁၄၅၈၇၂

🚏၇၁ လမ်း၊ ၂၉ လမ်း နှင့် လမ်း ၃၀ကြား
ဗထူးအားကစားကွင်း အနောက်ဘက်ခြမ်းနှင့် မျက်နှာချင်းဆိုင်၊
ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။
☎️ ၀၉-၇၉၁၂၃၉၂၂၂

🚏 ၃၅ လမ်း၊ လမ်း ၈၁ နှင့် ၈၂ လမ်းကြား၊
မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့။
☎️ ၀၉-၇၉၁၂၃၉၃၃၃

🚏 ၃၅ လမ်း၊ လမ်း ၇၀ နှင့် ၇၁ လမ်းကြား၊
ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့။
☎️ ၀၉-၇၉၁၂၃၀၄၄၄

🚏 ၆၅ လမ်း၊ ၁၁၀ နှင့် ၁၁၁ လမ်းကြား၊
ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။
☎️ ၀၉-၇၉၁၂၃၉၅၅၅

02/02/2026

ဆေးငွေ့ရှုစက် (Nebulizer) သုံးနေပေမယ့် နည်းစနစ်မှန်ရဲ့လား? 🧐

ဆေးငွေ့ရှုစက်ကို အိမ်မှာ အလွယ်တကူနဲ့ မှန်ကန်စွာ အသုံးပြုနိုင်ဖို့ ဒီ Video လေးကို အဆုံးထိ ကြည့်လိုက်ပါ! 🎬

Hein Pharmacy က ကျွမ်းကျင်သူကိုယ်တိုင် တစ်ဆင့်ချင်းစီ လက်တွေ့ပြသပေးထားပါတယ်။

💡 အရေးကြီးဆုံးက ဆရာဝန်ညွှန်ကြားချက်အတိုင်း အသုံးပြုဖို့မမေ့နဲ့နော်။

ရင်သွေးလေးကို စတင်လွယ်ထားရပြီဆိုတာနဲ့ မိခင်တိုင်းရဲ့ စိတ်ထဲမှာ "ငါ့ကလေးလေး ကျန်းမာပါ့မလား၊ အာဟာရရော ပြည့်ဝပါ့မလား" ဆိုတဲ...
30/01/2026

ရင်သွေးလေးကို စတင်လွယ်ထားရပြီဆိုတာနဲ့ မိခင်တိုင်းရဲ့ စိတ်ထဲမှာ "ငါ့ကလေးလေး ကျန်းမာပါ့မလား၊ အာဟာရရော ပြည့်ဝပါ့မလား" ဆိုတဲ့ စိုးရိမ်စိတ်လေးတွေ ရှိတတ်ကြပါတယ် ❤️
ကိုယ်ဝန်ဆောင်ကာလမှာ မိခင်ရဲ့ ကျန်းမာရေးတင်မကဘဲ ဗိုက်ထဲက ရင်သွေးလေးရဲ့ ဦးနှောက်နဲ့ ခန္ဓာကိုယ် ဖွံ့ဖြိုးမှုအတွက် ပုံမှန်ထက်ပိုတဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ လိုအပ်ပါတယ်

✨ သန္ဓေသားလေးအတွက် အကောင်းဆုံးကို ရွေးချယ်နိုင်ဖို့ရာ Hein Pharmacy မှာ မိခင်လောင်းတို့ရဲ့ ကိုယ်ဝန်ဆောင်ကာလ တစ်လျှောက်လုံး Early Pregnancy ကနေ မွေးဖွားခါနီးအထိ လိုအပ်တဲ့ အာဟာရဓာတ်တွေကို အပြည့်အဝ ဖြည့်ဆည်းပေးနိုင်မဲ့ Prenatal Vitamins & Minerals Supplement ဆေးဝါးများကို စုံစုံလင်လင် ရရှိနိုင်ပါပြီ။ 💊🤰

သင့်ရင်သွေးလေးရဲ့ အနာဂတ် ကျန်းမာရေးဟာ ဒီနေ့ သင်ရွေးချယ်လိုက်တဲ့ အာဟာရပေါ်မှာ မူတည်နေပါတာမို့ 👶✨
👉 Hein Pharmacy ကဆိုရင်
✅ Folic Acid, Iron, Calcium နဲ့ DHA တို့လို သန္ဓေသား ဖွံ့ဖြိုးမှုအတွက် မရှိမဖြစ်လိုအပ်တဲ့ ဓာတ်များ ပါဝင်တဲ့ အရည်အသွေးမြင့်ပြီး စစ်မှန်သော ဆေးဝါးများကိုသာ အထူးဂရုပြု ရောင်းချပေးခြင်း။

✅ မိခင်နဲ့ ရင်သွေးအတွက် အသင့်တော်ဆုံး Supplement ဖြစ်စေဖို့ ကျွမ်းကျင်ဝန်ထမ်းများမှ လမ်းညွှန်ပေးခြင်း။

ဒီတော့ ပိုမိုသာယာတဲ့ အနာဂတ်နဲ့ ပိုမိုကျန်းမာတဲ့ မိသားစုဘဝအတွက် Hein Pharmacy မှာ အကောင်းဆုံးကို အတူတူရွေးချယ်လိုက်ကြရအောင် 🤗

“Always Trusted for Your Health”
“Hein Pharmacy” ရဲ့ Promotion တွေနဲ့ တခြား Update အကြောင်းအရာတွေကို
အချိန်နဲ့တပြေးညီသိရှိနိုင်ဖို့ “Hein Pharmacy” ရဲ့ Viber Channel လေးကိုလည်း
Subscribe လုပ်ထားလိုက်ကြပါဦးနော် 🙌

🟣 Viber Channel Link >> https://invite.viber.com/...

“Hein Pharmacy” ရဲ့ ဆိုင်ခွဲလိပ်စာနဲ့ ဖုန်းနံပါတ်လေးတွေကတော့…

🚏 လမ်း ၃၀၊ ၇၆ လမ်းနှင့် ၇၇ လမ်းကြား (ပြည်သူ့ဆေးရုံကြီးရှေ့)၊
ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့။
☎️ ၀၉-၇၉၁၂၃၉၁၁၁,၀၉-၅၁၄၅၈၇၂

🚏၇၁ လမ်း၊ ၂၉ လမ်း နှင့် လမ်း ၃၀ကြား
ဗထူးအားကစားကွင်း အနောက်ဘက်ခြမ်းနှင့် မျက်နှာချင်းဆိုင်၊
ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။
☎️ ၀၉-၇၉၁၂၃၉၂၂၂

🚏 ၃၅ လမ်း၊ လမ်း ၈၁ နှင့် ၈၂ လမ်းကြား၊
မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့။
☎️ ၀၉-၇၉၁၂၃၉၃၃၃

🚏 ၃၅ လမ်း၊ လမ်း ၇၀ နှင့် ၇၁ လမ်းကြား၊
ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့။
☎️ ၀၉-၇၉၁၂၃၀၄၄၄

🚏 ၆၅ လမ်း၊ ၁၁၀ နှင့် ၁၁၁ လမ်းကြား၊
ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။
☎️ ၀၉-၇၉၁၂၃၉၅၅၅
#သန္ဓေသားဖွံ့ဖြိုးမှု #မိခင်နှင့်ရင်သွေး

HIV ပိုးကနေ AIDS အဆင့်ကို ဘယ်လိုကူးပြောင်းသွားတာလဲ?  🩺🩸လူတော်တော်များများက HIV နဲ့ AIDS ကို တစ်ခုတည်းလို့ ထင်တတ်ကြပါတယ်။...
28/01/2026

HIV ပိုးကနေ AIDS အဆင့်ကို ဘယ်လိုကူးပြောင်းသွားတာလဲ? 🩺🩸

လူတော်တော်များများက HIV နဲ့ AIDS ကို တစ်ခုတည်းလို့ ထင်တတ်ကြပါတယ်။ ဒါပေမဲ့ တကယ်တမ်းတော့ ဒါဟာ ခန္ဓာကိုယ်ထဲမှာ ဗိုင်းရပ်စ်ပိုးရဲ့ ဖြစ်စဉ်အဆင့်ဆင့် ကွာခြားချက်ပဲဖြစ်ပါတယ်။ 🧪

ဒီနေ့မှာတော့ Hein Pharmacy ကနေ HIV ပိုးဟာ ခန္ဓာကိုယ်ထဲမှာ ဘယ်လိုမျိုး အဆင့်ဆင့် တိုးတက်ပြောင်းလဲသွားလဲဆိုတာ အလွယ်ကူဆုံး နားလည်အောင် ဝေမျှပေးသွားပါမယ်

အဆင့် (၁) - ပြင်းထန်အဆင့် စတင်ကူးစက်ခြင်း⚡
ပိုးကူးစက်ခံရပြီး ၂ ပတ်ကနေ ၄ ပတ်အတွင်းမှာ ဖြစ်တတ်ပါတယ်။ ခန္ဓာကိုယ်ထဲမှာ ဗိုင်းရပ်စ်ပိုးတွေ အဆမတန် ပွားများနေတဲ့အချိန်ဖြစ်လို့ တုပ်ကွေးမိသလိုမျိုး လက္ခဏာတွေ ခံစားရနိုင်ပါတယ်။
🤒 ဖျားခြင်း၊ လည်ပင်းနာခြင်း။
🛡️ ကိုယ်ခံအားစနစ်က ဗိုင်းရပ်စ်ကို စတင်တိုက်ထုတ်ဖို့ ကြိုးစားတဲ့အဆင့်ပါ။

အဆင့် (၂) - ရောဂါလက္ခဏာမပြဘဲ ပုန်းကွယ်နေသည့်အဆင့် 💤
ဒီအဆင့်မှာ ဗိုင်းရပ်စ်ဟာ ခန္ဓာကိုယ်ထဲမှာ ဆက်ရှိနေပေမဲ့ သိသာတဲ့ လက္ခဏာတွေ မပြတတ်တော့ပါဘူး။
⏳ ဆေးဝါးကုသမှု မခံယူဘူးဆိုရင် ဒီအဆင့်က ၁၀ နှစ် ဒါမှမဟုတ် ဒီထက်ပိုပြီး ကြာရှည်နိုင်ပါတယ်။
💊 ဒါပေမဲ့ ဒီအဆင့်မှာ ART (Antiretroviral Therapy) ဆေးကို စနစ်တကျ သောက်သုံးမယ်ဆိုရင် ဗိုင်းရပ်စ်ပွားတာကို ထိန်းချုပ်ထားနိုင်ပြီး နောက်ဆုံးအဆင့်ကို မရောက်အောင် တားဆီးပေးနိုင်ပါတယ်။

အဆင့် (၃) - ခုခံအားကျဆင်းမှုရောဂါ (AIDS) ⚠️
ဒါကတော့ HIV ပိုးရဲ့ နောက်ဆုံးနဲ့ အပြင်းထန်ဆုံးအဆင့်ပါ။ ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ် (CD4 cells) တွေ အလွန်အမင်း နည်းပါးသွားတဲ့အချိန် ဖြစ်ပါတယ်။
📉 ကိုယ်ခံအားစနစ် ပျက်စီးသွားတဲ့အတွက် သာမန်လူတွေမှာ မဖြစ်နိုင်တဲ့ ရောဂါပိုးများ (Opportunistic Infections) အလွယ်တကူ ဝင်ရောက်လာနိုင်ပါတယ်။
🌡️ ကိုယ်အလေးချိန် သိသိသာသာကျခြင်း၊ အပြင်းအထန် ဖျားခြင်းနဲ့ နာတာရှည် ဝမ်းပျက်ဝမ်းလျှောတာတွေ ကြုံတွေ့ရနိုင်ပါတယ်။
ဒါကြောင့်မို့
✅ စောစီးစွာ စစ်ဆေးပါ
HIV ရှိနေရုံနဲ့ AIDS ဖြစ်ပြီလို့ မဆိုလိုပါဘူး။
✅ ပုံမှန်ဆေးသောက်ပါ
ART ဆေးဝါးတွေက HIV ပိုးရှိသူတွေကို သာမန်လူတွေအတိုင်း ကျန်းကျန်းမာမာနဲ့ သက်တမ်းစေ့ နေထိုင်နိုင်အောင် ကူညီပေးနိုင်ပါတယ်။

ဆေးကို စနစ်တကျသောက်လို့ သွေးထဲမှာ ဗိုင်းရပ်စ်ပိုး မတွေ့ရတော့တဲ့အဆင့် (Undetectable) ရောက်ရင် တခြားသူကို ပိုးကူးစက်ဖို့ အခွင့်အလမ်း မရှိသလောက် နည်းပါးသွားပါတယ်။

Hein Pharmacy အနေနဲ့ လူတိုင်းကို ခွဲခြားမှုမရှိဘဲ ကျန်းမာတဲ့ လူနေမှုဘဝကို ပိုင်ဆိုင်စေချင်တာမို့ ဒီလိုမျိုး ကျန်းမာရေးနဲ့ပတ်သတ်တဲ့ ဗဟုသုတတွေကို အမြဲမျှဝေပေးသွားပါမယ် 🤗

“Hein Pharmacy” ရဲ့ ဆိုင်ခွဲလိပ်စာနဲ့ ဖုန်းနံပါတ်လေးတွေကတော့…

🚏 လမ်း ၃၀၊ ၇၆ လမ်းနှင့် ၇၇ လမ်းကြား (ပြည်သူ့ဆေးရုံကြီးရှေ့)၊
ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့။
☎️ ၀၉-၇၉၁၂၃၉၁၁၁,၀၉-၅၁၄၅၈၇၂

🚏၇၁ လမ်း၊ ၂၉ လမ်း နှင့် လမ်း ၃၀ကြား
ဗထူးအားကစားကွင်း အနောက်ဘက်ခြမ်းနှင့် မျက်နှာချင်းဆိုင်၊
ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။
☎️ ၀၉-၇၉၁၂၃၉၂၂၂

🚏 ၃၅ လမ်း၊ လမ်း ၈၁ နှင့် ၈၂ လမ်းကြား၊
မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့။
☎️ ၀၉-၇၉၁၂၃၉၃၃၃

🚏 ၃၅ လမ်း၊ လမ်း ၇၀ နှင့် ၇၁ လမ်းကြား၊
ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့။
☎️ ၀၉-၇၉၁၂၃၀၄၄၄

🚏 ၆၅ လမ်း၊ ၁၁၀ နှင့် ၁၁၁ လမ်းကြား၊
ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။
☎️ ၀၉-၇၉၁၂၃၉၅၅၅

Address

Mandale

Opening Hours

Monday 07:00 - 21:00
Tuesday 07:00 - 21:00
Wednesday 07:00 - 21:00
Thursday 07:00 - 21:00
Friday 07:00 - 21:00
Saturday 07:00 - 21:00
Sunday 07:00 - 21:00

Telephone

+959791239111

Website

Alerts

Be the first to know and let us send you an email when Hein Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Hein Pharmacy:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram