
16/09/2023
#ကျောက်ကပ်မှာပြဿနာရှိကြောင်း သိနိုင်တဲ့လက္ခဏာ (၁၀) ခုပြောပြမယ် အရေးကြီးတယ်
++++++++++++++++
(၁) အရမ်းပင်ပန်း၊ အားကုန်နေတာဒါမှမဟုတ် အာရုံစူးစိုက်လို့မရတာ
ကျောက်ကပ်လုပ်ဆောင်ချက်ကျဆင်းမှုပြင်းထန်ရင် သွေ:ထဲမှာအဆိ-ပ်အတောက်တွေစုပုံလာစေနိုင်ပြီး သွေ:ညစ်စေပါတယ်။ အဲဒီအခါ လူတွေကပင်ပန်းအားနည်းလာပြီး အာရုံစိုက်မရတာတွေဖြစ်လာနိုင်ပါတယ်။ နောက်ဆက်တွဲပြဿနာနောက်တစ်ခုကတော့ သွေ:အားနည်းတာပဲဖြစ်ပါတယ်။
(၂) အိပ်မပျော်တာ
ကျောက်ကပ်က ကောင်းကောင်းစစ်မထုတ်နိုင်တော့ ဆီးထဲကိုစွန့်ထုတ်မယ့်အစား သွေ:ထဲမှာအဆိ-ပ်အတောက်တွေကျန်နေတာပေါ့။ ဒီလိုဖြစ်လာရင် အိပ်စက်မှုပြဿနာရှိလာနိုင်ပါတယ်။ အဝလွန်ခြင်းနဲ့ နာတာရှည်ကျောက်ကပ်ရောဂါကဆက်နွှယ်မှုလည်းရှိနေပြီးကျောက်ကပ်ရောဂါရှိသူတွေမှာအိပ်စက်မှုပြဿနာတွေပိုအဖြစ်များတာတွေ့ရပါတယ်။
(၃) အသားခြောက်ပြီးယားတာ
ကျန်းမာတဲ့ကျောက်ကပ်ရဲ့လုပ်ဆောင်ချက်တွေကကဏ္ဍအတော်များများမှာအရေးပါပါတယ်။ ကျောက်ကပ်က ခန္ဓာကိုယ်ထဲကအရည်ပိုတွေနဲ့အညစ်အကြေးတွေကိုဖယ်ရှားစွန့်ထုတ်ပေးတယ်၊ သွေ:နီဥဆဲလ်တွေဖြစ်လာအောင်ကူညီပေးတယ်၊ အရိုးတွေကြံ့ခိုင်ဖို့ ထောက်ပံ့တယ်၊ သတေ:ထဲမှာသတ္တုဓာတ်ပမာဏတွေ ထိုက်သင့်သလောက်ထိန်းထားနိုင်အောင်လုပ်ဆောင်တယ်။ အသားအရေခြောက်သွေ့ပြီးယားယံနေတာက ကျောက်ကပ်ရောဂါနဲ့ဆက်နွှယ်နေတဲ့ သတ္တုဓာတ်ချို့တဲ့မှု သို့မဟုတ် အရိုးရောဂါရဲ့လက္ခဏာတစ်ခုဖြစ်နေနိုင်ပါတယ်။
(၄) ဆီးခဏခဏသွားချင်နေတာ
အထူးသဖြင့် ညဘက်မှာ ဆီးခဏခဏသွားချင်တာ ကျောက်ကပ်မှာ ပြဿနာတစ်ခုခုရှိနေတာဖြစ်နိုင်ပါတယ်။ ကျောက်ကပ်ရဲ့စစ်ထုတ်စနစ်မှာထိခိုက်နေတဲ့အခါ ဆီးခဏခဏသွားချင်လာနိုင်ပါတယ်။ တစ်ခါတလေဒီလိုဖြစ်တာဟာဆီးလမ်းကြောင်းပိုးဝင်တာဒါမှမဟုတ် အမျိုးသားတွေမှာဆီးကျိတ်ရောင်တာရဲ့ လက္ခဏာဖြစ်နိုင်ပါတယ်။
ပကအနတတတမနတနနနနနနနဥနနင
(၅) ဆီးထဲမှာသွေ:ပါတာ
ကျောက်ကပ်ကျန်းမာနေရင် သွေ:ထဲကအညစ်အကြေးတွေကိုဆီးအဖြစ်နဲ့စွန့်ထုတ်လိုက်တဲ့အခါ ခန္ဓာကိုယ်ထဲက သွေ:ကလာပ်စည်းတွေကိုထိန်းသိမ်းကာကွယ်ပေးပါတယ်။ ဒါပေမယ့် ကျောက်ကပ်ရဲ့စစ်ထုတ်မှုစနစ်ကယိုယွင်းနေတဲ့အခါ သွေ:ကလာပ်စည်းတွေကဆီးထဲကိုစတင်ယိုစိမ့်လာနိုင်ပါတယ်။ ဆီးထဲသွေးပါတာဟာကျောက်ကပ်ရောဂါရှိတယ်လို့အချက်ပြတာဖြစ်နိုင်သလို အကျိတ်ရှိနေတာ၊ ကျောက်ကပ်ကျောက်တည်တာ၊ ရောဂါပိုးဝင်တာတစ်ခုခုရဲ့လက္ခဏာဖြစ်နိုင်ပါတယ်။
(၆) ဆီးကအမြှုပ်တွေထတာ
ဆီးခွက်နဲ့သွားရင် အမြှုပ်ထတာအနည်းငယ်ရှိတာပုံမှန်ဖြစ်ပေမယ့် အမြှုပ်ကသိပ်များနေတယ်ဆိုရင် ၊ အထူးသဖြင့် ဆီးသွားပြီး ရေအခါခါလောင်းချနေရတယ်ဆိုရင် ဆီးထဲမှာပရိုတင်းတွေရှိတာကိုဖော်ပြပါတယ်။ ဒါဟာဆီးထဲမှာ albumin လို့ခေါ်တဲ့ပရိုတင်းတစ်မျိုးရှိနေတာကို ဖော်ပြတာဖြစ်ပါတယ်။
ကုငငနငမမတတတမဆမဆမဆနနဆတ
(၇) မျက်လုံးမို့အစ်နေတာ
ဆီးထဲမှာပရိုတင်းရှိနေတာဟာ ကျောက်ကပ်ရဲ့စစ်ထုတ်မှုစနစ်မကောင်းတဲ့ အစောပိုင်းလက္ခဏာဖြစ်ပါတယ်။ ပရိုတင်းတွေကို ခန္ဓာကိုယ်ထဲမှာထိန်းပေးရမယ့်အစားကျောက်ကပ်ကဆီးထဲကိုပရိုတင်းတွေအများကြီးစွန့်ထုတ်ပေးတာကြောင့် မျက်လုံးမို့အစ်နေတာဖြစ်ပါတယ်။
(၈) ခြေကျင်းဝတ်နဲ့ခြေထောက်တွေရောင်ရမ်းတာ
ကျောက်ကပ်လုပ်ဆောင်ချက်ကျဆင်းတဲ့အခါ ဆိုဒီယမ်တွေစုနေစေပြီး ခြေကျင်းဝတ်နဲ့ခြေထောက်ကိုရောင်ရမ်းစေပါတယ်။ ခြေထောက်အောက်ပိုင်းအဖျားတွေမှာရောင်ရမ်းတာက နှလုံးရောဂါ၊ အသည်းရောဂါနဲ့ နာတာရှည်ခြေထောက်သွေ:ပြန်ကြောရောဂါတွေရဲ့ လက္ခဏာလည်း ဖြစ်နိုင်ပါတယ်။
(၉) အစာစားချင်စိတ်နည်းတာ
ဒါကတော့ အကြောင်းကြောင်းကြောင့် အဖြစ်များကြတဲ့ပြဿနာဆိုပေမယ့် တစ်ခါတလေတော့ ကျောက်ကပ်ကြောင့် ဖြစ်လာနိုင်ပါတယ်။ ကျောက်ကပ်ကစစ်ထုတ်ဖယ်ရှားမပေးတဲ့ အဆိ-ပ်အတောက်ဓာတ်တွေစုပုံလာတာကအကြောင်းရင်းတစ်ခုဖြစ်နိုင်ပါတယ်။
(၁၀) ကြွက်တက်တာ
ကျောက်ကပ်လုပ်ဆောင်ချက်တွေ ယိုယွင်းတဲ့အခါ Electrolyte တွေမညီမျှတော့ပါဘူး။ ဥပမာ – ကယ်လ်စီယမ်ပမာဏချို့တဲ့ပြီး ဖော့စဖရပ်စ်ဓာတ်ထိန်းချုပ်မှုအားနည်းတာတွေကြောင့် ကြွက်တက်လာနိုင်ပါတယ်။
#စွယ်တော်ဆေးခန်း
ေးပါတယ်
🙏🙏🙏
ကျန်းမာရေးဗဟုသုတများကိုနေ့စဉ်နှင့်အမျှတင်ဆက်ပေးနေတာကြောင့် page ကိုlikeလုပ်ထားဖို့အကြံပေးပါရစေpageထဲလဲဝင်ရောက်လေ့လာဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျာ...