Linn Online Clinic

Linn Online Clinic သင့်ကျန်းမာရေးအတွက်သိလိုသမျှကို Linn Online Clinicမှာဆွေးနွေးပါ...

သွားရေးလာရေးအခက်အခဲ/ဆေးရုံဆေးခန်း အခက်အခဲများ မရှိပဲ အင်တာနက်ရှိရုံဖြင့် ကျန်းမာရေးအတွက်သိလိုသမျှကို Service Feesအသက်သာဆုံးနှုန်းထားနှင့် အချိန်တိုအတွင်း ကျွမ်းကျင်ဆရာဝန်ကြီးများနှင့် ဆွေးနွေးကုသနိုင်ရန် Linn Online Clinic (အွန်လိုင်းဆေးခန်း) အားဖွင့်လှစ်ထားခြင်းဖြစ်ပါသည်...

လင်းဆေးခန်း  ခရေပင်လမ်းခွဲမှာ ဖွင့်ထားပါပြီရှင့်😀
11/09/2023

လင်းဆေးခန်း ခရေပင်လမ်းခွဲမှာ ဖွင့်ထားပါပြီရှင့်😀

 #မင်္ဂလာပါရှင့်😍😍😍ယနေ့ကျွန်မတို့"လင်း Online Clinic"မှ လူကြီးမင်းတို့အတွက် လူတော်တော်များများခံစားနေရသည့် "ဆီးချိုရောဂါ...
14/08/2022

#မင်္ဂလာပါရှင့်😍😍😍ယနေ့ကျွန်မတို့"လင်း Online Clinic"မှ လူကြီးမင်းတို့အတွက် လူတော်တော်များများခံစားနေရသည့် "ဆီးချိုရောဂါနှင့်ပတ်သက်၍ သိကောင်းစရာများ"ကို ဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ်ရှင့်။

#ဆီးချိုရောဂါဟာ သွေးထဲက သကြားဓာတ်ကို လိုအပ်တဲ့နေရာမပို့ပေးနိုင်ပဲ သွေးထဲမှာပဲများနေတဲ့အခါ ဖြစ်တတ်ပါတယ်၊၊ အရင်ဆုံးသွေးထဲကပိုလျှံလာတဲ့ သကြားဓာတ်တွေကို ကျောက်ကပ်ကပြန်လည်စုပ်ယူပြီး သွေးထဲပြန်ထည့်ပေးတယ်။ ကျောက်ကပ်ကစုပ်ယူနိုင်တဲ့ ပမာဏကျော်သွားရင် ဆီးထဲကိုရောက်လာတာပါ။ ထို့ကြောင့် ဆီးချို၊ သွေးချိုရောဂါဟု ခေါ်ကြခြင်းဖြစ်ပါတယ်ရှင့်
#ဆီးချိုရောဂါ အမျိုးအစား ၂မျိုးရှိပါတယ်။ Type 1 နှင့် Type 2အမျိုးအစားဖြစ်ပါတယ်။ Type 1 အမျိုးအစားက အသက်ငယ်ငယ်ရွယ်ရွယ်နှင့်ဖြစ်တတ်ပြီး ကိုယ်ခံအားက အင်ဆူလင်ထုတ်တဲ့ဆဲလ်တွေကိုဖျက်စီးလို့အင်ဆူလင်မထုတ်နိုင်တာကြောင့်ဖြစ်ရပါတယ်။ Type 2 အမျိုးအစားကတော့ အသက် ၄၀ ကျော်လောက်မှ စဖြစ်တတ်ပါတယ်။ ခန္ဓာကိုယ်က အင်ဆူလင်အလုံအလောက် မထုတ်နိုင်တောတာ၊ ဒါမှမဟုတ် ဆဲလ်တွေကအင်ဆူလင်ကို ကောင်းကောင်းမတုန့်ပြန်နိုင်တော့တာတွေကြောင့် ဖြစ်ရပါတယ်။ အခုကစပြီး ဆီးချိုရောဂါနှင့်ပတ်သက်၍ လူအများ ထင်ယောင်ထင်မှားဖြစ်နေတာတွေကို ဆွေးနွေးသွားပါမယ်။

(၁)မျိုးရိုးလိုက်တတ်လား???
👉မျိုးရိုးလိုက်တတ်ပါတယ်။ အမျိုးထဲမှာ ဆီးချိုရောဂါရှိနေရင် ၅၀% ပိုဖြစ်နိုင်ပါတယ်။ Healthy diet & exercise လုပ်ပြီး Lifestyle ကို ပြုပြင်ပြောင်းလဲမယ်ဆိုရင် ဆီးချိုရောဂါကို ကာကွယ်ပြီးသားဖြစ်သွားမှာပါ။

(၂)အချိုတွေအများကြီးစားရင် ဆီးချိုဖြစ်လား???
👉အချိုတွေ အများကြီးစားတာ တစ်ခုတည်းတော့မဖြစ်ပါဘူး။ Added Sugar ပါတဲ့ အချိုရည်တွေ၊ သရေစာတွေစားတတ်တဲ့လူက ဆီးချိုဖြစ်နိုင်ချေ ပိုများပါတယ်။

(၃)ဆီးထဲမှာ ပုရွက်ဆိတ်တက်နေရင် ဆီးချိုရောဂါရှိနေပြီလား???
👉 ကျောက်ကပ်ကစုပ်ယူနိုင်တဲ့ ပမာဏကျော်သွားရင် ဆီးထဲမှာ သကြားဓာတ်ပါလာပါတယ်။ သကြားပါလို့ချိုနေရင် ပုရွက်ဆိတ်တက်မှာပဲ။

(၄)ဝတဲ့လူတွေ ပိုဖြစ်နိုင်လား???
👉 ဝတဲ့လူတွေမှာ ပိုဖြစ်နိုင်ပါတယ်။ အမျိုးသမီး၊ အသက် ၄၀ ကျော်၊ ဝတယ်၊ အစားအသောက်မဆင်ခြင်ဘူး၊ ကိုယ်လက်လှုပ်ရှားမှုမရှိဘူးဆိုရင် ဆီးချိုရောဂါဖြစ်နိုင်ချေ ပိုများပါတယ်။

(၅)ပိန်တဲ့လူတွေရော မဖြစ်နိုင်ဘူးလား???
👉 ကိုယ်အလေးချိန်တစ်ခုတည်းက ဆီးချိုဖြစ်စေတဲ့ အချက်မဟုတ်ပါဘူး။ ပိန်တဲ့လူတွေလည်း ဖြစ်နိုင်ပါတယ်။

(၆)အင်ဆူလင်ထိုးနေရပြီဆိုရင် အခြေအနေဆိုးနေပြီလား???
👉 Type 1 က အင်ဆူလင်မထုတ်နိုင်တော့တာမလို့ ရောဂါစဖြစ်ကတည်းက အင်ဆူလင်ထိုးရပါတယ်။
Type 2 မှာအရင်ဆုံး သောက်ဆေးပေးပါတယ်။ သောက်ဆေးနဲ့ထိန်းလို့မရမှ အင်ဆူလင်ထိုးရပါတယ်။

(၇)ဆီးချိုရောဂါက ကုလို့ပျောက်လား???
👉 မပျောက်ပါဘူးရှင့်။ သွေးတွင်းသကြားဓာတ်ကို Range တစ်ခုအတွင်း တစ်သက်လုံး ထိန်းထားရမှာမလို့ တစ်သက်လုံး Treatment တစ်ခုခု လုပ်နေရမှာပါ။

(၈)အချိုလုံးဝစားလို့ မရဘူးလား???
👉 ရပါတယ်။ Monitor ကောင်းကောင်းလုပ်နိုင်ရင် မိမိတနေ့တာ စားမယ့် အစားအသောက်ကို ချိန်ဆပြီး စားနိုင်ပါတယ်။

#ဆီးချိုရောဂါနှင့်ပတ်သက်ပြီး ကျန်ရှိသည့်အကြောင်းအရာများကိုလည်း နောက်ရက်တွေမှာ ဆက်လက်ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်ရှင့်😘😘😘

#ကျန်းမာရေးအတွက် သိလိုသည်များကို မေးမြန်းဆွေးနွေးလိုလျှင် ကျွန်မတို့ "လင်း Online Clinic "တွင် မေးမြန်းဆွေးနွေးလို့ရပါတယ်ရှင့်။😍😍😍

" လည်ပင်းဆစ်အရိုးလေးများပျက်စီးသောအခါ" #ယနေ့ကျွန်မတို့ "လင်း Online Clinic"မှ လူကြီးမင်းတို့အတွက် လည်ပင်းဆစ်အရိုးလေးများ...
05/08/2022

" လည်ပင်းဆစ်အရိုးလေးများပျက်စီးသောအခါ"

#ယနေ့ကျွန်မတို့ "လင်း Online Clinic"မှ လူကြီးမင်းတို့အတွက် လည်ပင်းဆစ်အရိုးလေးများပျက်စီးသောအခါ ခံစားရမည့် လည်ပင်းကျီးပေါင်းရောဂါ(Cervical Spondylosis)အကြောင်း ဆွေးနွေးသွားမှာဖြစ်ပါတယ်
ရှင့်။

#လည်ပင်းကျီးပေါင်းရောဂါဟာ ဘယ်လောက်တောင်အဖြစ်များသလဲဆိုရင် အသက်(၃၀)လောက်ကစပြီး ပျက်စီးလာလိုက်တာ အသက်(၆၀)မှာ လူ(၁၀)ယောက်မှာ (၉)ယောက်လောက်က ကျီးပေါင်းဝေဒနါ ခံစားရတတ်ပါတယ်။
-မျိုးရိုးလည်းလိုက်တတ်ပါတယ်။
-ဆေးလိပ်သောက်သူတွေမှာ ပိုအဖြစ်များပါတယ်။
-လည်ပင်းအနေအထားမမှန်ပဲ အချိန်အကြာကြီး အာရုံစိုက်ပြီး အလုပ်လုပ်ရတဲ့လူတွေ(ဥပမာ-ကွန်ပျူတာသုံးတဲ့သူ ၊ စက်ချုပ်သူ)မှာ ပိုဖြစ်တတ်ပါတယ်။
-အလေးအပင်မရတဲ့လူတွေ၊ ကားအချိန်အကြာကြီးမောင်းရတဲ့လူတွေ၊Accident တစ်ခုခုကြောင့် လည်ပင်းဒဏ်ရာ ရဖူးတဲ့လူတွေမှာ ပိုလို့ဖြစ်တတ်ပါတယ်။

#ဘာကြောင်းကျီးပေါင်းဖြစ်ရတာလဲ???
-ဦးခေါင်းခွံကနေဆက်ပြီးဆင်းလာတဲ့ ကျောရိုးဟာ အဆစ်ပေါင်း ၂၄ခုနဲ့ တည်ဆောက်ထားပါတယ်။ အဲ့ထဲမှာမှ လည်ပင်းမှာ အဆစ်၇ခုရှိတယ်။ အဲ့အဆစ်တွေထဲကနေမှ Spinal Cordလို့ခေါ်တဲ့ပင်မအာရုံကြောကြီး ဖြတ်သွားတာပေါ့။ အဲ့အဆစ်တွေတစ်ခုနှင့်တစ်ခု ဆက်ထားတဲ့နေရာမှာ Disc ပြားလေးတွေ ဆက်ထားတယ်။
-အဆစ်တွေဆက်ထားတဲ့နေရာက Discတွေပျက်စီးနေလို့ အသက်ကြီးလာတာနဲ့အမျှ Discတွေပါးလာမယ်။ ဆက်ထားတဲ့ Elastic tissues တွေ ဆွဲဆန့်နိုင်တဲ့ Properties တွေကျလာတာကြောင့် Disc တွေပျက်စီးလာတာနဲ့အမျှ ပေါက်ပြဲလာတဲ့အခါ Disc ကကျွံထွက်လာတာကြောင့် အရိုးတွေတစ်ခုနဲ့တစ်ခု ပွတ်တိုက်လို့ပဲဖြစ်ဖြစ် အခြား Deposit တွေ အဆစ်မှာ လာပုံပြီးတော့ ပုံမှန်မဟုတ်တဲ့ အရိုးအဆစ်တွေ ထွက်လာတာကြောင့် ပုံမှန်လှုပ်ရှားမှုကို သွားပြီး အနှောင့်အယှက်ဖြစ်စေတဲ့အခါတွေမှာ အရိုးကျီးပေါင်းဖြစ်ရပါတယ်။

#ဘယ်လိုကုသရမလဲ???
👉Physical therapy- လည်ပင်းကြွက်သားတွေ သန်မာအောင် ဂုတ်လေ့ကျင့်ခန်းတွေလုပ်ပေးခြင်း(လိုအပ်ပါက Physiotherapist ညွှန်ကြားချက်အတိုင်း လုပ်ဆောင်ပါ)
👉မာဆက်-လည်ပင်းကို ရေနွေးအပူအနေတော်လေးနဲ့ ကပ်တာဖြစ်ဖြစ်၊ Icepack ရေခဲနဲ့ကပ်ပြီးတော့ဖြစ်ဖြစ် မိမိနဲ့သင့်တော်တာကိုရွေးချယ်ပါ။
👉သောက်ဆေး-အရမ်းနာကျင်ကိုက်ခဲနေလျှင် အကိုက်အခဲပျောက်ဆေးသောက်နိုင်ပါတယ်။ Muscle Relexants တွေ ၊ နာ့ဗ်ကြောတွေကို ဖိမိနေလို့ လက်တွေကျဥ်တာမျိုးဖြစ်နေလျှင် ဆရာဝန်နဲ့တိုင်ပင်ပြီး အနာသက်သာတဲ့ဆေးတွေသောက်သုံးနိုင်ပါတယ်ရှင့်။
👉Soft Collar-လည်ပင်းပတ်တဲ့အပတ်တွေ ပတ်ဖို့လိုအပ်ရင် ဆရာဝန်က ညွှန်ကြားပါလိမ့်မယ်။
👉ထိုးဆေး- ဒါကတော့ နာနေတဲ့အဆစ်ထဲကို အနာသက်သာစေတဲ့ ဆေးထိုးပြီးကုသခြင်း ဖြစ်ပါတယ်။

#ဘယ်လိုကာကွယ်ရမလဲ???
👉လည်ပင်းအနေအထားမမှန်တဲ့အလုပ်တွေကို တတ်နိုင်သလောက်သတိထားပြီးလုပ်ပါ။
👉ခေါင်းအုံးအမြင့်ကြီးတွေနဲ့ အိပ်တာမျိုးရှောင်ပါ။ အိပ်တဲ့ပုံမမှန်ရင်လည်း ဖြစ်တတ်ပါတယ်၊၊
👉လည်ပင်းကြွက်သားတွေ သန်မာအောင် လေ့ကျင့်ခန်းပုံမှန်လုပ်ပါ။ ရေနွေး၊ ရေခဲ ခဏကပ်ပြီး ကြွက်သားဖြေလျှော့စေတဲ့ အနှိပ်ခံတာမျိုး လုပ်ပေးလို့ရပါတယ်။

#ဘယ်လိုအချိန်မှာ ဆရာဝန်နဲ့ ပြသသင့်သလဲ???
👉ကျီးပေါင်းက မခံစားနိုင်အောင် နာကျင်နေပြီဆိုရင်
👉လက်တွေ၊ လက်ချောင်းတွေမှာ ထုံပြီး အပ်စူးသလို
ကျဥ်နေပြီဆိုရင်
👉ခြေတွေ၊ လက်တွေအားမရှိတော့သလို ခံစားနေရရင်(သို့)လမ်းလျှောက်ရတာပုံမှန်မဟုတ်ဘူးလို့ ခံစားနေရရင်
👉ဆီးလုံးဝထိန်းလို့ မရတော့ဘူးဆိုရင်
ဒီအချက်တွေ ခံစားနေရပြီဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြသဖို့ လိုအပ်နေပါပြီ။
#လည်ပင်းကျီးပေါင်းရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်၊ ရှောင်ရန်များကိုလည်း ဆက်လက်တင်ပြသွားပါမယ်နော်။
#ကျန်းမာရေးနှင့်ပတ်သက်ပြီး မေးမြန်းဆွေးနွေးလိုလျှင် ကျွန်မတို့"လင်း Online Clinic"မှ ၂၄နာရီ ဝန်ဆောင်မှုပေးနေပါတယ်ရှင့်။

 #အခုလိုတုပ်ကွေးရာသီမှာ အစစအရာရာဂရုစိုက်ကြပါနော်😍😍😍 #လူကြီးမင်းတို့အတွက် ကျွန်မတို့ "လင်း Online Clinic"မှ ကျန်းမာရေးဝန်...
20/07/2022

#အခုလိုတုပ်ကွေးရာသီမှာ အစစအရာရာဂရုစိုက်ကြပါနော်😍😍😍
#လူကြီးမင်းတို့အတွက် ကျွန်မတို့ "လင်း Online Clinic"မှ ကျန်းမာရေးဝန်ဆောင်မှုများပေးရန် ၂၄နာရီအသင့်ရှိနေပါတယ်ရှင့်။
#ကျန်းမာရေးနှင့်ပတ်သက်သည့်ဗဟုသုတများကိုလည်း တင်ပြပေးသွားမှာဖြစ်သည့်အတွက် Page လေးကို like&follow လုပ်ထားပေးကြပါရှင့်😘😘😘

 #မင်္ဂလာပါရှင် ယနေ့ကျွန်မတို့ "လင်း Online Clinic"မှ လူကြီးမင်းတို့အတွက် "အသည်းရောင်အသားဝါ ဗိုင်းရပ်စ်ပိုးများအကြောင်း"...
27/06/2022

#မင်္ဂလာပါရှင် ယနေ့ကျွန်မတို့ "လင်း Online Clinic"မှ လူကြီးမင်းတို့အတွက် "အသည်းရောင်အသားဝါ ဗိုင်းရပ်စ်ပိုးများအကြောင်း"ဆွေးနွေးသွားမှာ ဖြစ်ပါတယ်ရှင့်။

#"အသည်းရောင်အသားဝါ ဗိုင်းရပ်စ်ပိုးများ"

#အသည်းရောင်အသားဝါ (Hepatitis)ဗိုင်းရပ်စ်ပိုးများ(၅)မျိုးရှိပါတယ်။
-Hapatitis A
-Hepatitis B
-Hepatitis C
-Hepatitis D
-Hepatitis E တို့ဖြစ်ပါတယ်ရှင့်။

A(အသည်းရောင် အေ)
-အသည်းရောင် အေ ပိုးက မသန့်ရှင်းတဲ့ အစားအသောက်တွေ၊ ရေတွေကတစ်ဆင့် ကူးစက်နိုင်ပါတယ်။ ကလေးတွေမှာ ပိုအဖြစ်များပါတယ်။

B(အသည်းရောင် ဘီ)
-အသည်းရောင်ဘီပိုးက သွေးကတစ်ဆင့် ကူးစက်နိုင်ပါတယ်။ ရောဂါပိုးရှိတဲ့ သွေးသွင်းမိတာ၊ ရောဂါပိုးရှိတဲ့လူ အသုံးပြုထားသည့် အပ်ကို မျှသုံးတာ၊ ပိုးမသတ်ထားသောအပ်နှင့် တက်တူးထိုးရာမှ ကူးစက်နိုင်ပါတယ်။ အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်းမှလည်း ကူးစက်နိုင်ပါတယ်။ ခန္ဓာကိုယ်ကထွက်တဲ့ အရည်ကနေလည်း ကူးစက်နိုင်ပါတယ်။ မိခင်ဝမ်းထဲရှိချိန်မှာ ကလေးကို အချင်းသွေးကနေတစ်ဆင့် ကူးစက်နိုင်ပါတယ်။ အသုံးအဆောင်ပစ္စည်းအတူတူ သုံးစွဲလို့ မကူးစက်နိုင်ပါဘူး။

C(အသည်းရောင် စီ)
-အသည်းရောင် စီပိုးက ရောဂါပိုးရှိသော သွေးကနေတစ်ဆင့် ကူးစက်နိုင်ပါတယ်။ အသည်းရောင်ဘီပိုးလိုပဲ ရောဂါပိုးရှိတဲ့ သွေးကတစ်ဆင့်၊ အပ်ကတစ်ဆင့်၊ မိခင်ကနေ ကလေးကိုအချင်းသွေးကနေတစ်ဆင့် ကူးစက်နိုင်ပါတယ်။ အကာအကွယ်မဲ့ လိင်ဆက်ဆံရာက တစ်ဆင့်လည်း ကူးစက်နိုင်ပါတယ်။အသည်းရောင်စီပိုးက အသည်းကင်ဆာရောဂါ ဖြစ်နိုင်ချေ ပိုရှိပါတယ်။

D (အသည်းရောင် ဒီ)
-အသည်းရောင် ဒီပိုးက သွေးကတစ်ဆင့် ကူးစက်တာပါ။ ဘီပိုးရှိသူတွေမှာဒီပိုးပါ ကူးစက်နေနိုင်ပါတယ်။ ဒါပေမယ့် ဖြစ်တာနည်းပါတယ်။

E(အသည်းရောင် အီ)
-အသည်းရောင်အီးပိုးက အသည်းရောင်အေပိုးလိုပဲ မသန့်ရှင်းတဲ့ အစားအသောက်တွေ၊ ရေတွေက တစ်ဆင့် ကူးစက်နိုင်ပါတယ်။ များသောအားဖြင့် ဖွံဖြိုးဆဲနိုင်ငံတွေမှာ ဖြစ်တာပိုများပါတယ်။

#အသည်းရောင်အသားဝါဗိုင်းရပ်စ်ပိုးများထဲမှ အချို့ဗိုင်းရပ်စ်ပိုးများသည် ကင်ဆာရောဂါအထိ ပြောင်းနိုင်ချေရှိသည့်အတွက် ရောဂါခံစားရပါက မပေါ့ဆသင့်ပဲ ဆရာဝန်နှင့်တိုင်ပင်ပြီး ဆေးကုသမှုခံယူသင့်ပါတယ်ရှင့်။

#ကျန်းမာရေးနှင့်ပတ်သက်သည့် အကြောင်းအရာများကို အမြဲဆွေးနွေးပေးသွားမှာဖြစ်သည့်အတွက် ကျွန်မတို့၏ "လင်း Online Clinic Page"လေးကို like & follow လေး လုပ်ပေးကြပါဦးနော်၊၊

#ကျန်းမာရေးအခက်အခဲများနှင့် ပတ်သက်၍ မေးမြန်းဆွေးနွေးလိုပါက ကျွန်မတို့၏ "လင်း Online Clinic "၏
ဖုန်း(သို့) Chat boxမှ တစ်ဆင့် မေးမြန်းဆွေးနွေးနိုင်ပါတယ်ရှင့်။

 #ကျွန်မတို့"လင်း Online Clinic"မှ လူကြီးမင်းတို့အတွက် "အစာဖြည့်စွက်စာ အကြောင်း သိကောင်းစရာများ"နှင့် "Monda Koso Fermen...
25/06/2022

#ကျွန်မတို့"လင်း Online Clinic"မှ လူကြီးမင်းတို့အတွက် "အစာဖြည့်စွက်စာ အကြောင်း သိကောင်းစရာများ"နှင့် "Monda Koso Fermentation" ဖြည့်စွက်စာအားဆေး တို့နှင့် ပတ်သက်၍ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်ရှင့်။

#"အစာဖြည့်စွက်စာ(Nutrition or Dietary Supplement)"

#ကျွန်မတို့နေ့စဥ်စားသောက်နေသည့် အစားအသောက်နှင့် မလုံလောက်သည့်အခါ လိုအပ်သည့် အစာအာဟာရကို
ဖြည့်ဆည်းပေးနိုင်ဖို့ အစာဖြည့်စွက်စာများကို အသုံးပြုကြရပါတယ်။
-ယခုအခါ အစာဖြည့်စွက်စာများသည် ဆေးပြားများ၊ ဆေးတောင့်များ၊ လူကြီးများသောက်ရလွယ်ကူရန် အရည်များ စသဖြင့် ပုံစံအမျိုးမျိုးနှင့် ဈေးကွက်တွင်ရောင်းချနေကြပါတယ်။
-အချို့အာဟာရဓာတ်တွေဟာ ခန္ဓာကိုယ်ထဲမှာ ပိုလျှံနေလျှင် အပြင်ကိုပြန်မစွန့်ထုတ်နိုင်တဲ့အပြင် ကိုယ်ထဲမှာစုပုံလာလျှင် အဆိပ်အတောက်ဖြစ်လာနိုင်ပါတယ်။
#ထို့ကြောင့် ဖြည့်စွက်စာများကို ​ဆရာဝန်နှင့်တိုင်ပင်ပြီးမှသာ သောက်သုံးသင့်ပါတယ်ရှင့်။

​ #ဖြည့်စွက်စာအားဆေး သောက်ဖို့ လိုအပ်သူများက ဘယ်သူတွေ ဖြစ်နိုင်မလဲ❓❓❓
-အသက် ၅၀ နှင့်အထက် လူကြီးတွေ
-အစာစားလို့မရတဲ့လူနာတွေ
-သတ်သတ်လွတ် စားတဲ့လူတွေ
-အရက်ကိုအလွန်အကျွံသောက်ပြီး အစာမစားတဲ့သူတွေ
-အခြားရောဂါအခံရှိသူတွေ
-ကိုယ်ဝန်ဆောင်မိခင်တွေ

#ထို့ကြောင့် ဖြည့်စွက်စာအားဆေး သောက်တော့မည်ဆိုလျှင် မိမိသဘောအတိုင်း စိတ်ထင်ရာ မသောက်ပါနှင့်။ ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပြီးမှ သောက်သင့်ပါတယ်ဟု အကြံပေးပါရစေ။

#ဖြည့်စွက်စာအားဆေး သောက်တော့မယ်ဆိုလျှင် သစ်သီးဝလံများကို ကုန်ကြမ်းအဖြစ် အသုံးပြုထားသည့် Manda Koso Fermentation ဖြည့်စွက်စာအားဆေးလေး မိတ်ဆက်ပေးပါရစေရှင့်😍😍😍

Koso Fermentation ဖြည့်စွက်စာအားဆေး သောက်သုံးခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများ
-စိတ်သောကများသော နေထိုင်မှုဘဝမှ ကင်းဝေးပြီး စိတ်ပျော်ရွှင်မှုရရှိစေနိုင်ခြင်း
-မနက်အိပ်ရာထချိန်တွင်စိတ်ကြည်လင်မှုရှိခြင်း
-အိုမင်းရင့်ရော်မှုကို အကာအကွယ်ဖြစ်စေခြင်း
-အာဟာရမျှတမှုရှိခြင်း
-ကိုယ်ဝန်ဆောင်ချိန်အာဟာရ ဖြည့်စွက်ပေးခြင်း
-ကျန်းမာသန်စွမ်းစွာ အလုပ်လုပ်နိုင်ခြင်း
-အရက်သောက်သုံးသူများ အသည်းခြောက်ခြင်းမှ ကာကွယ်ပေးခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်ပါတယ်ရှင့်။

Koso Fermentation ဖြည့်စွက်စာအားဆေးဝယ်ယူသောက်သုံးချင်ပါက ကျွန်မတို့ "လင်း Online Clinic "၏ Chat box (သို့)ဖုန်းဖြင့် မှာယူနိုင်ပါတယ်ရှင့်။

#လူကြီးမင်းတို့၏ ကျန်းမာရေးအခက်အခဲများအတွက် ကျွန်မတို့ "လင်း Online Clinic # မှ ၂၄နာရီ အသင့်ရှိနေပါတယ်ရှင့်။

 #ယနေ့ ကျွန်မတို့ "လင်း Online Clinic"မှ လူကြီးမင်းတို့အတွက် ယခုခေတ်ကာလအရ လူအများစုကြုံတွေ့နေရတဲ့ "ဖုန်းအသုံးများနေလို့ ...
24/06/2022

#ယနေ့ ကျွန်မတို့ "လင်း Online Clinic"မှ လူကြီးမင်းတို့အတွက် ယခုခေတ်ကာလအရ လူအများစုကြုံတွေ့နေရတဲ့ "ဖုန်းအသုံးများနေလို့ ဇက်ကြောတက်တာတွေ သက်သာစေရန် လုပ်ဆောင်သင့်သည့် အကြောင်းအရာများကို အကြံပေးသွားမှာဖြစ်ပါတယ်ရှင့်။

#"ဖုန်းအသုံးများနေလို့ ဇက်ကြောတက်နေရင်"

-ဖုန်းသုံးတဲ့အခါ ခေါင်းက ရှေ့ကို ငိုက်နေတဲ့အတွက် ဇက်ကြောတက်လွယ်ပါတယ်။ရှေ့ကိုငိုက်လေလေ၊ ဇက်ပိုးကသယ်ထားရတာ ဝန်ပိလေလေ၊ ဇက်ကြောတက်လေလေပဲဖြစ်ပါတယ်။အကြောတွေကလဲတက် ပျို့ချင်အန်ချင်စိတ်တွေကလည်းဖြစ်နဲ့ တော်တော်ကိုအဆင်မပြေ ဖြစ်ရပါတယ်။

#ဖုန်းအသုံးများတဲ့အခါ ဇက်ကြောတက်တာအပြင်
-လည်ပင်းကြွက်သားတောင့်တင်းခြင်း၊ ခိုင်ခြင်း၊ အကြောတက်ခြင်း၊ တစ်ဖက်ဖက်ကိုလှည့်ရင် လည်ပင်းနာခြင်း။
-ပုခုံးနဲ့ဇက်မှာ စူးခနဲနာတာ
-ခဏခဏခေါင်းကိုက်တာ၊ ခေါင်းမူးတာ၊ ပျို့ချင်အန်ချင်တာ
-လက်ချောင်းလေးတွေမှာ ထုံတာ၊ကျင်တာ ခံစားရတာ
-မျက်လုံးအောင့်တာ စတာတွေ ခံစားရတတ်ပါတယ်။

#ဖုန်းအသုံးများတာကြောင့် ဇက်ကြောတက်တာ သက်သာစေဖို့ ဘယ်လိုတွေလုပ်ဆောင်ရမလဲ❓❓❓
-၁၅မိနစ် ဖုန်းသုံးပြီးတိုင်း ခဏနားပါ။(အစိမ်းရောင်ရှိတဲ့ အရောင်မျိုးတွေကို ကြည့်ပေးပါ။)
-Social media ပေါ်မှာ အချိန်ကုန်နေခြင်းကို လျှော့ချပါ။
-ဖုန်းကို မျက်လုံးနှင့် တစ်တန်းတည်းထားသုံးပါ။
-ဖုန်းသုံးပြီးတိုင်း ဇက်ကြောလျှော့ပါ။
-ဖုန်းသုံးတဲ့ပုံစံကို မကြာခဏပြောင်းပါ။(အထိုင်အထ၊ လှဲပြီးသုံးတာ)
-အရိုးအဆစ်သန်မာကောင်းမွန်အောင် အရိုးအားဆေးသောက်ပါ။
-ရေများများသောက်ပါ။ကိုယ်အလေးချိန်ထိန်းပါ။ ကောင်းစွာအနားယူပါ။
-လိုအပ်လျှင် အကိုက်အခဲပျောက်ဆေးသောက်ပါ။
-ဇက်ကြောတက်လို့ဆိုပြီး နှိပ်နယ်တာတွေကိုရှောင်ပါ။
-မျက်မှန်တပ်ထားလျှင် ပါဝါ မကြာခဏစစ်ပေးပါ။

#ဇက်ကြောတက်ခြင်းကို မကုသပဲ ထားမယ်ဆိုလျှင် အချိန်ကြာလာတဲ့အခါ ကျီးပေါင်းရောဂါအထိဖြစ်လာနိုင်သည့်အတွက် သတိထားဆင်ခြင်ရန်လိုအပ်ပါတယ်ဟု အကြံပေးပါရစေ။

#လူကြီးမင်းတို့၏ ကျန်းမာရေးအခက်အခဲများကို အကုန်အကျသက်သာစွာနှင့် ဝန်ဆောင်မှုပေးရန် ကျွန်မတို့ "လင်း Online Clinic "မှ ၂၄နာရီ အဆင်သင့်ရှိနေပါတယ်ရှင့်။

 #ကျွန်မတို့ "လင်း Online Clinic "မှ လူကြီးမင်းတို့အတွက် အရက်နှင့်ပတ်သက်သည့်ဆိုးကျိုးများထဲမှ "အရက်နာကျခြင်း(hangover)အက...
23/06/2022

#ကျွန်မတို့ "လင်း Online Clinic "မှ လူကြီးမင်းတို့အတွက် အရက်နှင့်ပတ်သက်သည့်ဆိုးကျိုးများထဲမှ "အရက်နာကျခြင်း(hangover)အကြောင်း သိကောင်းစရာ"များကို ဆွေးနွေးသွားမှာ ဖြစ်ပါတယ်ရှင့်။

"အရက်နာကျခြင်း(hangover)")🍺🍾🍺🍾

#အရက်ကို နည်းနည်းဖြစ်စေ၊ များများဖြစ်စေ၊ ခဏဖြစ်စေ၊ ရေရှည်ဖြစ်စေ ဘယ်လိုပဲသောက်သောက် မိမိ၏ကျန်းမာရေး ထိခိုက်မှုရှိလာနိုင်ပါတယ်။နေ့စဥ်ရက်ဆက် အရက်သောက်နေလျှင် အချိန်ကြာလာတာနှင့်အမျှ ကျန်းမာရေးထိခိုက်လာမှာဖြစ်ပါတယ်။
#အကြောင်းပြချက် အမျိုးမျိုးနှင့် အရက်သောက်ပြီးရင်တော့ အရက်နာကျတယ်ဆိုတဲ့ ကိုယ်လက်စိတ်မအီမသာဖြစ်တာတွေကို ဘယ်လိုကာကွယ်မလဲ❓❓❓ဘယ်လိုအကြောင်းအရာတွေက အရက်နာကျတာကို ပိုဆိုးရွားစေလည်းဆိုတာ ယနေ့ဆွေးနွေးတင်ပြသွားမှာဖြစ်ပါတယ်။

#အရက်နာကျတယ်ဆိုတာဘာလဲ❓❓❓🍺🍺🍺
-အရက်နာကျတယ်ဆိုတာ လက်တလော အရက်အလွန်အကျွံသောက်သုံးခြင်းကြောင့် ဖြစ်တတ်တဲ့ ရောဂါလက္ခဏာတွေစုပေါင်းထားတာကို ဆိုလိုပါတယ်။အများအားဖြင့် ခေါင်းကိုက်ခြင်း၊မူးဝေခြင်း၊ အိပ်ငိုက်ခြင်း၊ အစာမစားချင်ဖြစ်ခြင်းနှင့် ရေငတ်ခြင်းတို့ အဖြစ်များလေ့ရှိပါတယ်။
-အရက်နာကျခြင်းက ဘယ်အချိန်မဆို ဖြစ်နိုင်သော်လည်း အများအားဖြင့် ညမှာသောက်ပြီး မနက်တွင်ဖြစ်တာ ပိုများပါတယ်။
-အိပ်ရေးဝဝမအိပ်ထားတဲ့နေ့၊ ပင်ပန်းနေတဲ့နေ့တွေမှာ သောက်ရင် ဖြစ်ဖို့ ပိုလွယ်ကူပါတယ်ရှင့်။

#အရက်နာကျရင် ဘယ်လိုတွေခံစားရမလဲ❓❓❓
-ခေါင်းမူးခြင်း/ခေါင်းကိုက်ခြင်း။
-နုံးခြင်း၊ မအီမသာဖြစ်ခြင်း။
-စိတ်ဓာတ်ကျခြင်း။
-အစာအိမ်နာခြင်း။
-လေပွခြင်း။
-အန်ခြင်း။
-ဝမ်းလျှောခြင်း။
-ရေဆာခြင်း။
-ခြေလက်တုန်ခြင်း။
-နှလုံးခုန်မြန်လာခြင်း။
-ကိုယ်လက်နာကျင်ကိုက်ခဲခြင်း။
-နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်ခြင်း စသည့် လက္ခဏာများ ခံစားရနိုင်ပါတယ်ရှင့်။

#အရက်အလွန်အကျွံ သောက်မိရင်လည်း အရက်အဆိပ်တက်ခြင်း ဖြစ်နိုင်ပြီး အရေးပေါ်ဆေးကုသမှုခံယူသင့်ပါတယ်ရှင့်။
-အရက်အဆိပ်တက်ခြင်းလက္ခဏာများမှာ-
-တက်ခြင်း။
-သတိလစ်ခြင်း။
-တွေဝေခြင်း။
-ကိုယ်အပူချိန် အလွန်အမင်းကျဆင်းခြင်း။
-တစ်မိနစ်တွင် ၈ကြိမ်အောက်အထိ အသက်ရှုနှုန်းကျဆင်းခြင်း။
-အသားဖြူဖျော့လာပြီး မရပ်မနားအန်ခြင်းတို့ ဖြစ်ပါတယ်။

#အရက်နာခြင်းကို သက်သာအောင် ဘယ်လိုတွေလုပ်ဆောင်မလဲ❓❓❓
-အရက်နာခြင်းအတွက် တိကျသောကုသမှု မရှိပါ။ဒါပေမယ့် အောက်ပါအချက်များက အရက်နာကျခြင်းကို သက်သာအောင် လုပ်ဆောင်ပေးပါလိမ့်မယ်။
(၁)ရေသောက်ခြင်း
-ရေများများသောက်ခြင်းဖြင့် ရေဓာတ်ခမ်းခြောက်ခြင်းကို ကာကွယ်ပါလိမ့်မယ်။တစ်နေကုန် ရေနည်းနည်းစီ ခဏခဏသောက်သင့်ပါတယ်။ဒါ့အပြင် အရက်သောက်နေစဥ်အတွင်းလည်း ရေသောက်သင့်ပါတယ်။အိပ်ရာဘေးတွင် ရေကိုအဆင်သင့်ထား၍ အိပ်ပါ။
(၂)အစာစားခြင်း
-အမြည်းမစားပဲ အရက်သောက်ခြင်းလည်း မပြုလုပ်သင့်ပါ။မသောက်ခင်လည်း အစာစားထားသင့်ပါတယ်။ကော်ဖီနှင့် လက်ဖက်ရည်မှာ ပါဝင်တဲ့ ကဖိန်းဓာတ်ဟာ နှိုးဆွပစ္စည်းဖြစ်တာကြောင့် ကတုန်ကယင်ဖြစ်ခြင်းကို ပိုမိုဆိုးရွားစေသည့်အတွက် ရှောင်ကြဥ်ပါ။
(၃)ဆေးသောက်ခြင်း
-အိပ်ယာမဝင်ခင် Ibuprofen သောက်အိပ်ကာ နိုးလျှင် နောက်၁လုံး သောက်ခြင်းဖြင့် ခေါင်းကိုက်ခြင်းကို သက်သာစေနိုင်ပါတယ်။ပါရာစီတမောမှာ အချို့သောလူများတွင် ပြင်းထန်သော အသည်းပျက်စီးမှုဖြစ်နိုင်သောကြောင့် ရှောင်ရှားသင့်ပါတယ်။
(၄)အနားယူခြင်း
-အိပ်ရေးဝဝအိပ်သင့်ပါတယ်။ကောင်းကောင်းအနားယူခြင်းဖြင့် အရက်နာကျခြင်းကို မြန်မြန်သက်သာစေနိုင်ပါတယ်။
(၅)Glucose Powder သောက်သုံးခြင်း
-အရက်နာကျခြင်းကြောင့် ခန္ဓာကိုယ် အတွင်းရှိ အချိုဓာတ်ဆုံးရှုံးနိုင်သောကြောင့် ဆီးချိုရောဂါမရှိသူများတွင် Glucose Powder သောက်သုံးနိုင်ပါတယ်။
(၆)ဓာတ်ဆားသောက်ခြင်း
-ဓာတ်ဆားသောက်ခြင်းဖြင့် ရေဓာတ်ကို ပြန်ဖြည့်စေသည့်အပြင် ချွေးထွက်ခြင်းနှင့် ဆီးများများသွားခြင်းကြောင့် ဆုံးရှုံးသွားသောဓာတ်များကို ပြန်လည်ဖြည့်ဆည်းပေးနိုင်ပါတယ်။

#အရက်နာကျပါက ဆက်တိုက်သောက်လျှင် ဝေဒနါကို ပိုဆိုးစေနိုင်ပါတယ်။
#အကောင်းဆုံးက "မိမိခံနိုင်ရည်ထက် ပိုမသောက်ရန်" အကြံပေးလိုက်ပါရစေရှင့်။

#ကျွန်မတို့ "လင်း Online Clinic"မှ လူကြီးမင်းတို့အတွက် ကျန်းမာရေးအခက်အခဲများကို မိမိအိမ်တွင်နေရုံနှင့် Service Fees သက်သာစွာနှင့် ဝန်ဆောင်မှုပေးမှာဖြစ်ပါတယ်ရှင့်။

#ကျန်းမာရေးနှင့်ပတ်သက်လာလျှင် "လင်း Online Clinic"ကို သတိရလိုက်ပါရှင့်။

 #ယနေ့ ကျွန်မတို့ "လင်း Online Clinic" မှ လူကြီးမင်းတို့အတွက် သတိထားရမည့် "Metabolic Syndrome"အကြောင်း ဆွေးနွေးသွားမှာ ဖ...
22/06/2022

#ယနေ့ ကျွန်မတို့ "လင်း Online Clinic" မှ လူကြီးမင်းတို့အတွက် သတိထားရမည့် "Metabolic Syndrome"
အကြောင်း ဆွေးနွေးသွားမှာ ဖြစ်ပါတယ်ရှင့်။

#"Metabolic Syndrome ကို သတိထားစေလို"

Syndrome ဆိုတာ ဘာလဲ❓❓❓
-ခန္ဓာကိုယ်အတွင်းက ပုံမှန် ဇီဝကမ္မဖြစ်စဥ်တွေ ဖောက်ပြန်လာလို့ ခံစားရတဲ့ လက္ခဏာတွေ စုဝေးထားတဲ့ ရောဂါလက္ခဏာစုကို Metabolic Syndrome ဟု ခေါ်ဆိုခြင်းဖြစ်ပါတယ်။
-နောက်ဆက်တွဲရောဂါအနေနှင့် သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ နှလုံးသွေးကြောကျဥ်းရောဂါ၊ လေဖြတ်ခြင်း နှင့် ကျောက်ကပ်ရောဂါတွေ ဆက်တိုက် ဖြစ်လာနိုင်ပါတယ်။

Syndrome ခံစားနေရပြီဆိုတာ ဘယ်လိုသိနိုင်မလဲ❓❓❓
-(၁)ဗိုက်မှာ အဆီတွေစုနေတာ(အမျိုးသားတွေဆို ခါးဆိုဒ် ၄၀လက်မအထက်၊ အမျိုးသမီးတွေဆို ၃၅လက်မအထက်)
-(၂)Triglycerides ဟု ခေါ်သည့် သွေးတွင်းအဆီက
၁၅၀ mg/dl နှင့် အထက်များနေတာ
-(၃)ကောင်းတဲ့ ကိုလက်စထရော(HDL ကိုလက်စထရော) က အမျိုးသားတွေမှာ ၄၀ mg/dl အောက်၊ အမျိုးသမီးတွေမှာ ၅၀ mg/dl အောက် နည်းနေတာ
-(၄)သွေးပေါင်ချိန်က ၁၃၀/၈၅ mmhg ထက် များနေတာ
-(၅)သွေးတွင်း အချိုဓာတ် ၁၀၀ mg/dl ထက် များနေတာ

-ဒီအချက်(၅)ချက်ထဲမှ (၃)ချက်နှင့် ကိုက်ညီတယ်ဆိုရင် Metabolic Syndrome ဟု ခေါ်ဆိုလို့ရပါတယ်ရှင့်။

-ဒီအချက်များထဲမှ ကိုက်ညီချက်တွေများလေလေ၊ Metabolic Syndrome ဖြစ်နိုင်ချေများလေလေ၊ နောက်ဆက်တွဲ ရောဂါဖြစ်နှုန်းတွေ လိုက်တက်လာလေဖြစ်ပါတယ်။

Syndrome မဖြစ်အောင် ဘယ်လိုနေထိုင် စားသောက်မလဲ❓❓❓

-(၁)အဝလွန်နေလျှင် ဝိတ်ချပါ။
-(၂)ချိုလွန်း၊ ငန်လွန်း၊ အဆီများလွန်းတာတွေကို လျှော့စားပါ။ အသီးအရွက်နှင့် သစ်သီးတွေ ပိုစားပါ။
-(၃)ဆေးလိပ်ဖြတ်ပါ။
-(၄)အရက်ဖြတ်ပါ။
-(၅)တစ်နေ့ နာရီဝက်လောက် လှုပ်လှုပ်ရှားရှားနေပါ။ ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ပါ။
-(၆)စိတ်ဖိစီးမှုနည်းအောင် အတတ်နိုင်ဆုံး နေထိုင်ပါ။

#လူကြီးမင်းတို့၏ ကျန်းမာရေးဆိုင်ရာ အခက်အခဲများကို ယခုလိုမိုးရာသီတွင် အပြင်ထွက်စရာမလိုပဲ အိမ်မှာ​နေရင်းနှင့် ဆွေးနွေးတိုင်ပင်လိုလျှင် "လင်း Online Clinic"ကို ဆက်သွယ်လိုက်ပါရှင့်။

#"လင်း Online Clinic"မှ လူကြီးမင်းတို့အတွက် ၂၄နာရီ အဆင်သင့်ရှိနေပါတယ်ရှင့်။

21/06/2022

ကျွန်မတို့လင်း Online Clinic မှ လူကြီးမင်းတို့အတွက် အပြည်ပြည်ဆိုင်ရာယောဂနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယောဂလေ့ကျင့်ခြင်းနှင့် စပ်လျဥ်း၍ ကျန်းမာရေးအတွက် ကောင်းကျိုးများကို တင်ပြပေးသွားမှာဖြစ်ပါတယ်ရှင့်။😍😍😍

#ယောဂလေ့ကျင့်ခြင်းနှင့် ကျန်းမာရေးအတွက် အကျိုးကျေးဇူးများ🤷‍♂️🤷‍♀️

-ယနေ့ ဇွန်လ ၂၁ရက်နေ့သည် အပြည်ပြည်ဆိုင်ရာ ယောဂနေ့ဖြစ်ပါတယ်ရှင့်။ယောဂလေ့ကျင့်ခန်းဟာ ကျန်းမာရေးအတွက် ကောင်းကျိုးရှိစေသလို စိတ်အေးလက်အေးနှင့် လေ့ကျင့်ခန်းလုပ်လိုသည့်သူများအတွက် အကောင်းဆုံးဖြစ်ပါတယ်။
-ယခုနှစ်အတွက် ဆောင်ပုဒ်မှာ "Yoga for Humanity"
ဖြစ်ပါတယ်ရှင့်။

-ယောဂပြုလုပ်ခြင်းရဲ့ အကျိုးကျေးဇူးများကို ပြောပြရမယ်ဆိုလျှင်
#စိတ်ဖိစီးမှု၊ စိုးရိမ်လွန်ခြင်း၊ အတွေးများခြင်း၊ စိတ်ဓာတ်ကျခြင်းတို့ကို တိုက်ထုတ်ပေးပြီး စိတ်ကို ကြည်လင်အေးချမ်းစေပါတယ်ရှင့်။ဦးနှောက်ကနေ ပျော်ရွှင်ခြင်းဟော်မုန်းထုတ်လုပ်ခြင်းကို မြန်စေပြီး အကောင်းမြင်စိတ် ပိုဖြစ်လာအောင် ကူညီပေးပါတယ်။ယောဂပုံမှန်ပြုလုပ်ခြင်းအားဖြင့် အာရုံစူးစိုက်နိုင်သည့် အကျိုးကျေးဇူးကိုပါ ရရှိပါမယ်ရှင့်။

#ယောဂဟာ နှလုံးကို အားကောင်းစေပြီး နှလုံးသွေးလည်ပတ်မှုကို အားကောင်းစေပါတယ်။ခန္ဓာကိုယ်အတွက်လိုအပ်သော အချိုဓာတ်ပမာဏကို ထိန်းသိမ်းပေးနိုင်ပါတယ်။ယောဂလေ့ကျင့်ခန်း ပုံမှန်လုပ်ဆောင်ခြင်းဖြင့် နှလုံးသွေးကြောကျဥ်းရောဂါများ၊ သွေးတိုးနှင့် ဆီးချိုရောဂါများအပြင် အချို့သော ကင်ဆာရောဂါများ ဖြစ်နိုင်ချေကိုလည်း လျှော့ချပေးပါတယ်ရှင့်။

#ယောဂကျင့်ခြင်းဟာ ကြွက်သားနှင့် အရိုးအကြောတွေ တင်းမာတာကို ပြေလျော့စေပြီး ခန္ဓာကိုယ်ကို ပေါ့ပါးသွက်လက်စေပါတယ်။ညောင်းညာကိုက်ခဲတာကို သက်သာစေပါတယ်။ လူအများစုယောဂကျင့်ရတဲ့ အကြောင်းရင်းကတော့ ခန္ဓာကိုယ် ပျော့ပျောင်းစေဖို့ ဖြစ်ပါတယ်ရှင့်။

#တစ်နေကုန်ထိုင်ပြီး အလုပ်လုပ်နေသူတွေ၊ ကိုယ်နေဟန်ထားမမှန်သူတွေမှာ အဖြစ်များတဲ့ ကျောနာ၊ခါးနာ၊ ဇက်ကြောတတ်ခြင်း၊ လက်ပြင်ကုန်းခြင်း အစရှိသည့် ပြဿနာတွေအတွက် ယောဂလေ့ကျင့်ခန်းကို ပုံမှန်ပြုလုပ်ခြင်းအားဖြင့် အရိုးများကို ပျော့ပျောင်းသန်မာစေပြီး အရိုးကျန်းမာရေးအတွက် အကူအညီပေးနိုင်ပါတယ်။အဆစ်အမြစ်ရောင် ရောဂါကြောင့်ဖြစ်သည့် နာကျင်ကိုက်ခဲမှုကိုလည်း သက်သာစေပါတယ်ရှင့်။

#ယောဂကျင့်ခြင်းအားဖြင့် သွေးထဲက သကြားဓာတ်ကို ဖြိုခွဲပေးပြီး ပိုလျှံနေတဲ့ ကယ်လိုရီတွေကို လျင်မြန်စွာ လောင်ကျွမ်းစေပါတယ်။ကိုယ်အလေးချိန်ကို ထိန်းညှိပေးပြီး ခန္ဓာကိုယ်သွယ်လျစေပါတယ်ရှင့်။တင်းမာနေသည့် ကြွက်သားများကို အိပ်စက်ခြင်းနှင့် နိုးကြားမှုကို ထိန်းညှိပေးသည့်(Melatonin)ဟော်မုန်းထွက်ရှိမှုကို မြင့်တက်စေသောကြောင့် ညဘက်တွေမှာ ကောင်းစွာအိပ်ပျော်နိုင်ဖို့ အကူအညီပေးပါတယ်ရှင့်။

#ယောဂကျင့်စဥ်သည် အသက်ရှုလေ့ကျင့်ခန်း၊ တရားထိုင်ခြင်းနှင့် ကိုယ်ဟန်အနေအထားတို့ကို ပေါင်းစပ်ထားသောကြောင့် အဆုတ်စွမ်းရည်ကို တိုးတက်စေရန်အတွက် တိကျသော ထွက်သက်ဝင်သက်ကို ထိန်းချုပ်ရန် အာရုံစိုက်စေပါတယ်။အသက်ရှုခြင်းကို ပိုမိုကောင်းမွန်စေသည့်အတွက် အဆုတ်ရောဂါ၊နှလုံးရောဂါနှင့် ပန်းနာရင်ကျပ်ရှိသူများအတွက် အထောက်အကူပြုစေပါတယ်
ရှင့်။

#ယောဂကျင့်ခြင်းဖြင့် လိင်စိတ်ဆန္ဒကို မြှင့်တင်ပေးပြီး အမျိုးသားတွေရော အမျိုးသမီးများအတွက်ပါ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို တက်လာစေပါတယ်ရှင့်။

👬👯‍♂️ယောဂလေ့ကျင့်ခန်းဟာ အသက်အရွယ်မရွေး၊ ကျားမ မရွေးအတွက် ကျန်းမာသော ခန္ဓာကိုယ်ပိုင်ဆိုင်ဖို့ အကျိုးကျေးဇူးများ ပေးသည့်အတွက် လူကြီးမင်းတို့၏ တစ်နေ့တာ လေ့ကျင့်ခန်းလုပ်ဖို့ အစီအစဥ်ထဲမှာ ယောဂကိုပါ ထည့်သွင်းကြပါလို့ အကြံပေးပါရစေရှင့်။

#လူကြီးမင်းတို့၏ကျန်းမာရေးနှင့်ပတ်သက်သော အခက်အခဲများကို မေးမြန်းဆွေးနွေးရန် "လင်း Online Clinic"၏ Chat box မှတစ်ဆင့် ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့်။

#လူကြီးမင်းတို့အတွက် "လင်း Online Clinic"မှ ၂၄နာရီ အသင့်ရှိနေပါတယ်ရှင့်။

20/06/2022

#မင်္ဂလာပါရှင့်...ကျွန်မတို့ လင်း Online Clinic မှ လူကြီးမင်းတို့အတွက် Non-communicable Disease (NCD)မကူးစက်နိုင်သောရောဂါများတွင် ပါဝင်သည့် သွေးတိုးရောဂါနှင့်ပတ်သက်၍ သိကောင်းစရာများကို ဆွေးနွေးသွားမှာဖြစ်ပါတယ်ရှင့်။

#"သွေးတိုးရောဂါအကြောင်း သိကောင်းစရာများ"

-"သွေးတိုးရောဂါ"ကို အများအားဖြင့် လက္ခဏာမပြသည့် အသံတိတ်လူသတ်သမားဟု ခေါ်တတ်ကြတယ်။ဘာဖြစ်လို့လဲဆိုရင် လေဖြတ်၊ ဦးနှောက်သွေးကြောပေါက်ပြီး ဆေးရုံရောက်တော့မှ သွေးတိုးရှိနေမှန်း သိကြလို့ပါပဲ။
-သွေးတိုးရောဂါမှန်းသိပြီး ဆေးခန်းလာပြသူတွေ တော်တော်ရှားပါတယ်။
-သွေးတိုးရင် ခေါင်းမူးတာ၊ ဇက်ကြောထိုးတာတွေ ခံစားကြရပေမယ့် သွေးပေါင်ချိန် အပေါ်သွေး ၁၈၀၊ ၂၀၀. တို့နှင့် ဘာလက္ခဏာမှ မခံစားရပဲ နေနေတဲ့သူတွေ အများကြီး ရှိပါတယ်။

-သွေးတိုး၊ မတိုးဆိုတာ တစ်ခါတည်း သွေးပေါင်ချိန်ရုံနှင့် မသိနိုင်ပါဘူးရှင့်။ လူတစ်ချို့က Anxiety ဟုခေါ်သည့် စိတ်ဖိစီးမှုကြောင့် သွေးတိုးနေတာ ဖြစ်နိုင်ပါတယ်။ ဒီအခြေအနေမှာ ခေါင်းမူးသက်သာသွားလျှင်၊ စိတ်ဖိစီးမှု သက်သာသွားလျှင် သွေးကျဆေးမပေးပဲနဲ့ကို သွေးပေါင်ချိန်ပုံမှန်ဖြစ်လာပါတယ်။ အမှန်တကယ် သွေးတိုးတဲ့သူတွေမှာ သွေးကျဆေးမပေးရင် သွေးပေါင်ချိန်က တိုးမြဲတိုးနေပါမယ်။

-ထို့ကြောင့် သွေးတိုးရှိလား၊ မရှိဘူးလားဆိုတာ တစ်ခါလောက် သွေးပေါင်ချိန်တိုင်းပြီး ဆုံးဖြတ်၍မရပါ။ သွေးတိုးတယ်ဟု ယူဆလျှင် ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ပါ။ မိမိဘာသာ ဆေးဝယ်မသောက်ပါနှင့်ဟု အကြံပေးပါရစေ။

-ခေါင်းမူးမှ သွေးပေါင်ချိန်မယ်၊ ဆေးသောက်မယ်တို့မလုပ်ပါနှင့်။ ကိုယ်မသိလိုက်သည့် အချိန်မှာ နောက်ဆက်တွဲရောဂါလက္ခဏာများ ဖြစ်လာနိုင်ပါတယ်။

#သွေးတိုးရောဂါကိုသေချာမကုသလျှင် ဘာတွေဖြစ်လာနိုင်မလဲ❓❓❓
သွေးတိုးကို သေချာမထိန်းပဲ ပေါ့ဆစွာနေထိုင်ပါက
-နှလုံးနှင့်ဆိုင်သော ရောဂါများ(နှလုံးသွေးကြောကျဥ်းခြင်း၊ နှလုံးသွေးကြောပိတ်ခြင်း)
-ကျောက်ကပ်ထိခိုက်ပျက်စီးခြင်း
-လေဖြတ်ခြင်း(ဦးနှောက်သွေးကြောပေါက်ခြင်း၊ ဦးနှောက်သွေးကြောပိတ်ခြင်း)
-အမြင်လွှာထိခိုက်ကာ အမြင်အာရုံချို့ယွင်းခြင်း တို့
ဖြစ်ပွားနိုင်သဖြင့် စနစ်တကျကုသမှုခံယူရန် လိုအပ်ပါတယ်ရှင့်။

#သွေးတိုးရောဂါနှင့် ပတ်သက်ပြီး မေးမြန်းဆွေးနွေးတိုင်ပင်လိုပါက လင်း Online Clinic ကိုသတိရလိုက်ပါ။

#လူကြီးမင်းတို့အတွက် လင်းOnline Clinic မှ ၂၄နာရီ အသင့်ရှိနေပါတယ်ရှင့်။

Address

အမှတ်၄၃၊သီရိမြိုင် ၇ လမ်းထိပ်၊ ရွှေလမ်းမကြီး၊ မော်လမြိုင်မြို့ ၊ မွန်ပြည်နယ်
Mawlamyine
247247

Telephone

+959787605675

Website

Alerts

Be the first to know and let us send you an email when Linn Online Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Linn Online Clinic:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category