Nine Pharmacy

Nine Pharmacy Our Service's For Yours

🙏သီတင်းကျွတ် အခါ သမယ မှာ မိတ်​​ဆွေများ အားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်း​တွေ ပိုင်ဆိုင်နိုင်ကြပါ​စေလို့ ​Shwe...
14/10/2022

🙏သီတင်းကျွတ် အခါ သမယ မှာ မိတ်​​ဆွေများ အားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်း​တွေ ပိုင်ဆိုင်နိုင်ကြပါ​စေလို့ ​Shwe Pue Pharmacy မိသားစုမှ ဆုမွန်​​ကောင်း​တောင်း​ပေးလိုက်ပါတယ်ရှင်🙏🙏🙏✨️

🙏မင်္ဂလာပါ🙏Ensure Gold & Glucerna များကို ဝယ်ယူရရှိနိုင်ပါပြီခင်ဗျာ...အသက်အရွယ်ကြီးရင့်လာတဲ့ခါထမင်းစားမဝင်တဲ့  လူကြီးတို...
15/09/2022

🙏မင်္ဂလာပါ🙏

Ensure Gold & Glucerna များကို ဝယ်ယူရရှိနိုင်ပါပြီခင်ဗျာ...

အသက်အရွယ်ကြီးရင့်လာတဲ့ခါထမင်းစားမဝင်တဲ့ လူကြီးတို့အတွက် အကောင်းဆုံးအာဟာရဖြည့်စွက်စာဖြစ်ပါတယ်ခင်ဗျာ....

သက်ကြီးရွယ်အိုများနဲ့ လူမမာ များအတွက် အထူးသင့်တော်ပါတယ်.....


ချောင်းဆိုးနေတယ် ဘာဆေးသောက်ရမလဲဆိုရင် အရင်ဆုံးကိုယ်ဆိုးတဲ့ချောင်းက အစိုလား အခြောက်လား သိရပါမယ်။ယေဘုယျအားဖြင့် ချောင်းအစိ...
11/08/2022

ချောင်းဆိုးနေတယ် ဘာဆေးသောက်ရမလဲဆိုရင်
အရင်ဆုံးကိုယ်ဆိုးတဲ့ချောင်းက အစိုလား အခြောက်လား သိရပါမယ်။
ယေဘုယျအားဖြင့် ချောင်းအစို-အခြောက်ပေါ်မူတည်ပြီး သောက်ရတဲ့ဆေး ကွဲသွားပါလိမ့်မယ်။

----------
ချောင်းစို
----------
ချောင်းစိုဆိုတာ သလိပ်ထွက်တဲ့ချောင်းပါ။ သလိပ်အကြည်ပဲဖြစ်ဖြစ် အစိမ်း အဝါရောင်ပဲဖြစ်ဖြစ် သလိပ်ပါပြီဆိုရင် ချောင်းစိုလို့ သတ်မှတ်ရပါမယ်။

ချွဲသလိပ်ကို အပြင်ရောက်အောင် ခပ်ထုတ်ပြီးဆိုးရတဲ့ချောင်းဖြစ်လို့ အရှိန်ပြင်းပြီး လူလည်း တအားပင်ပန်းပါတယ်။ 😓

အဲလိုချောင်းတွေမှာ ချွဲသလိပ်ပျော်ဆေးပါတဲ့ ချောင်းဆိုးပျောက်ဆေး သောက်ပေးရပါမယ်။ အဲဒီဆေးတွေမှာ ပါတဲ့ Acetylcysteine (သို့) Carbocysteine ဆိုတာက ချွဲသလိပ်ကို ချေဖျက်ပေးပါတယ်။ ချွဲသလိပ်ပျော်ပြီး အပြင်ထွက်သွားမှသာ သက်သာမှာပါ။

ဆေးဗူးပေါ်မှာ Productive Cough လို့ ရေးထားတတ်ကြပါတယ်။ Expectorant တို့ Mucolytic တို့လည်း ရေးထားတတ်ကြပါတယ်။

သလိပ်ထွက်တဲ့ ချောင်းစို ချောင်းဆိုးပျောက်ဆေး တွေက
ဆေးရည်ထဲမှာဆိုရင်
Woods အပြာရောင်ဗူး၊ Ascoril ဆေးရည်၊ Bisolvon ဆေးရည်၊ Flemex ဆေးရည်၊ Solmux ဆေးရည်၊ Bena ဆေးရည်၊ Herba cough ဆေးရည်

သောက်ဆေးတွေထဲမှာဆိုရင်
Solmux, Musol, Flemex, Muclear, Mucoclean

----------------
ချောင်းခြောက်
----------------
ချောင်းခြောက်ကတော့ သလိပ်မထွက်ဘဲ လည်ချောင်းယားပြီးဆိုးတဲ့ချောင်းပါ။

အအေးမိတာ၊ ဓာတ်မတည့်တာ၊ လေပြွန်ရောင်တာတို့ကြောင့် လည်ချောင်းယားပြီး ချောင်းဆိုးတာပါ။ နှာရည်တွေ အပြင်မယိုဘဲ လည်ချောင်းထဲ ယိုကျရင်လည်း လည်ချောင်းယားပြီး ချောင်းဆိုးတတ်ပါတယ်။

လည်ချောင်းတအားယားတော့ ဟန်မဆောင်နိုင် မထိန်းနိုင် မသိမ်းနိုင်ချောင်းဆိုးတတ်ကြပါတယ်။ 😣

အဲလိုချောင်းတွေမှာ ချောင်းဆိုးချင်စိတ် မဖြစ်အောင် ဟန့်တားပေးတဲ့ Dextromethorphan ပါတဲ့ ချောင်းဆိုးပျောက်ဆေး သောက်ပေးရပါမယ်။

ဆေးဗူးပေါ်မှာ Non-Productive Cough လို့ရေးထားတတ်ပါတယ်။ Dry Cough၊ Antihistamine ၊ Cough Suppressants နဲ့ Antitussive လို့လည်း ရေးထားတတ်ပါတယ်။ Antihistamine ပါလို့ အိပ်တော့ငိုက်တတ်ပါတယ်။

သလိပ်မထွက်တဲ့ ချောင်းခြောက် ချောင်းဆိုးပျောက်ဆေးတွေက
ဆေးရည်ထဲမှာဆိုရင်
Woods အနီရောင်၊ Chericof ဆေးရည်၊ Zecuf ဆေးရည်၊ Dantusil ဆေးရည်၊ Exicof ဆေးရည်၊ Atussin ဆေးရည်

သောက်ဆေးတွေထဲမှာဆိုရင်
Tussic, Atussin, Bronchest, Konidin, De-tussin

ဘယ်လိုပဲချောင်းဆိုးဆိုး...

ရေများများသောက်ပါ။ ရေဓာတ်များရင် အသက်ရှူလမ်းကြောင်းတစ်လျှောက် ပိတ်ဆို့နေတဲ့ ချွဲသလိပ်တွေကို ပျော်စေနိုင်ပါတယ်။
ရေနွေးပူပူသောက်ပါ။ ရေနွေးပူကလည်း ချွဲသလိပ်တွေကိုပျော်စေပါတယ်။
ခြေဖဝါးပရုတ်ဆီလူးပြီး ခြေစွတ်ဝတ်အိပ်ပါ။
ရင်ဘတ်နဲ့ လည်ချောင်းတလျှောက် ပရုတ်ဆီ ပါးပါးလူးထားပါ။ လည်ပင်းကို မာဖလာလေးပတ်အိပ်ပါ။
ရေနွေးငွေ့ရှူပါ။ ရေနွေးထဲ ရာပန်းဆီ ၂ စက်လောက် ထည့်ရှူပေးပါ။ အသက်ရှုလမ်းကြောင်းတစ်လျှောက် ပိုးတွေသန့်စင်ပေးပြီး ချွဲသလိပ်ပျော်စေပါတယ်။
ဆားရည်နွေးနဲ့ ပလုတ်ကျင်းပါ။ ဆားရည်နွေးက Virus ပိုးတွေ မကြိုက်တဲ့ Alkaline Environment ဖြစ်စေသလို လည်ချောင်းယားသက်သာစေတယ်။
လေသန့်စက် (Air Purifier) ရှိရင် အခန်းထဲ ဖွင့်ထားပါ။ ချောင်းဆိုးနှာစေးစေနိုင်တဲ့ Allergen တွေ၊ အမှုန်အမွှားတွေ၊ တော်ရုံပိုးမွှားတွေကို ဖယ်ပေးနိုင်ပါတယ်။ Mini လေသန့်စက်လေးတွေ Home Smart Home page မှာ In stock ရှိပါတယ်။ စျေး ၃ သောင်းကျော်လောက်ပဲ ရှိပါတယ်။
လည်ချောင်းယားရင် Menthol ပါတဲ့ ငုံဆေးလေးတွေ ငုံပေးပါ။ ကွမ်းရွက်ပုံ၊ မှန်ချို၊ တို့ကျောင်းသားလို ချောင်းဆိုးပျောက်ဆေးတွေလည်း ငုံပေးလို့ရပါတယ်။

သတိထားရမှာက

ချောင်းဆိုးတာ ၃ ပတ်ကျော်ထိမပျောက်ရင်
ရင်ဘတ်အောင့်ရင်
ကိုယ်အလေးချိန်သိသိသာသာလျော့ကျနေရင်
ကိုယ်အပူချိန်မြင့်တက်နေရင်
ချောင်းဆိုးပြီး သွေးပါရင်
နှုတ်ခမ်း၊ပါးစပ်နဲ့ လက်သည်းတွေ ပြာနှမ်းလာရင်
အသက်ရှူကျပ်လာရင်
ပုံမှန်မဟုတ်တဲ့ အသက်ရှူသံတွေထွက်လာရင်တော့ ဆေးခန်းပြသင့်နေပါပြီ။

အားလုံးပဲ ချောင်းဆိုးသက်သာ ကျန်းမာကြပါစေ
Credit to the owner writter

သတင်းတွေဖတ်ပြီး စိုးရိမ်နေမယ့်အစားဘာလာလာ ရင်ဆိုင်ဖို့ အသင့်ဖြစ်နေအောင် ကိုယ်ခံအားကို မြှင့်တင်ထားပါ 💪💪💪စိုးရိမ်ပူပန်မှုတ...
15/07/2022

သတင်းတွေဖတ်ပြီး စိုးရိမ်နေမယ့်အစား
ဘာလာလာ ရင်ဆိုင်ဖို့ အသင့်ဖြစ်နေအောင် ကိုယ်ခံအားကို မြှင့်တင်ထားပါ 💪💪💪

စိုးရိမ်ပူပန်မှုတွေများတာကလည်း ကိုယ်ခံအားကို ကျစေပါတယ်။

ကိုယ်ခံအားကောင်းစေဖို့အတွက်ကတော့
☑️အိပ်ရေးဝဝအိပ် ☑️အာဟာရပြည့်အောင်စားပါ
☑️သင့်တော်တဲ့ ကိုယ်လက်လှုပ်ရှားမှု ပုံမှန်လုပ်ပါ။

ကိုယ်ခံစွမ်းအားကောင်းဖို့ ဗီတာမင် စီ သောက်ချင်ရင်တော့

Organic Certified ဆီးဖြူသီးများမှ ထုတ်လုပ်ထားတဲ့
💛Nature-C (သဘာဝ စီ) 💛သောက်ပါ။

🌟 သဘာဝကရတာဖြစ်လို့ ဓာတုနည်းနဲ့ပြုလုပ်ထားတဲ့ တခြားဗီတာမင်စီထက် အာနိသင်ပိုမိုကောင်းမွန်တဲ့အပြင်...
💥 ဗိုက်အောင့်တာ 💥 အစာအိမ်ကိုထိခိုက်တာ
💥 ကျောက်ကပ်မှာကျောက်တည်စေတာမျိုး မဖြစ်စေပါဘူးခင်ဗျာ...

👍 ဒါကြောင့် နေ့စဉ်ပုံမှန်သောက်သုံး နိုင်ပါတယ်ခင်ဗျာ 👍

✅ တစ်ဘူး (အလုံး ၆၀) ~ ၅,၀၀၀ ကျပ်

Shwe Pue Pharmacy တွင်ဝယ်ယူရရှိနိုင်ပါတယ်ခင်ဗျာ....


Vitamin B ComplexVitamin B complex(B1+B6+B12) ဟာ ဦးနှောက်နဲ့အာရုံကြော အတွက် အလွန်အမင်းအရေးကြီးတဲ့ vitamins တွေဖြစ်ပါတယ်။...
07/07/2022

Vitamin B Complex

Vitamin B complex(B1+B6+B12) ဟာ ဦးနှောက်နဲ့အာရုံကြော အတွက် အလွန်အမင်းအရေးကြီးတဲ့ vitamins တွေဖြစ်ပါတယ်။

Phone၊ Computer တွေနဲ့ အလုပ်လုပ်တဲ့သူ​ေတွများလာတော့ အာရုံကြောအားနည်းမှုဟာ ဒီနောက်ပိုင်းလူငယ် တော်တော်များများ ခံစားလာရတဲ့ ဝေဒနာတစ်ခုလည်း ဖြစ်ပါတယ်။

Vitamin B complexကိုသောက်သုံးပေးခြင်းဖြင့် အာရုံကြောအားနည်းမှုကိုကင်းဝေစေမှာဖြစ်ပါတယ်။


Australia နိုင်ငံထုတ် Vitacee မှာ vitamin C 500 မီလီဂရမ် ပါဝင်တဲ့အတွက်ကြောင့် တစ်နေ့တစ်လုံးသောက်ရုံဖြင့် တစ်နေ့တာအတွက်လိ...
04/07/2022

Australia နိုင်ငံထုတ် Vitacee မှာ vitamin C 500 မီလီဂရမ် ပါဝင်တဲ့အတွက်ကြောင့် တစ်နေ့တစ်လုံးသောက်ရုံဖြင့် တစ်နေ့တာအတွက်လိုအပ်တဲ့ vitamin C ဓါတ်ကိုရရှိစေပါသည်။
Vitamin C ဟာခန္ဓာကိုယ်ရဲ့ ခုခံအားကိုတိုးမြှင့်ပေးတဲ့အတွက် အခုလိုမိုးရာသီမှာဖြစ်ပွါးတတ်တဲ့ ရာသီတုတ်ကွေးရောဂါကို အထိုက်အလျှောက်ကာကွယ်ပေးနိုင်တဲ့ Vitacee ကို တွင်ဝယ်ယူရရှိနိုင်ပါသည်။


သင့်မှာ နှလုံးရောဂါရှိနေပြီဆိုတာ   ပြသနေတဲ့အချက် (၇) ချက်…💥(1)လက်မောင်းထိပ်နာကျင်ခြင်း –နှလုံးအောင့်ခြင်း သို့ နှလုံးရော...
02/07/2022

သင့်မှာ နှလုံးရောဂါရှိနေပြီဆိုတာ ပြသနေတဲ့အချက် (၇) ချက်…

💥(1)လက်မောင်းထိပ်နာကျင်ခြင်း –

နှလုံးအောင့်ခြင်း သို့ နှလုံးရောဂါလက္ခဏာတစ်ခုခု မပြသမီမှာ လက်မောင်းထိပ်မှာ နာကျင်ခြင်းဖြစ်ပေါ်တတ်ပါတယ်။

ယောကျာ်း တွေမှာ ဘယ်လက်လက်မောင်းထိပ်နာတတ်ပြီး မိန်းမတွေမှာတော့ ဘယ်ကောညာပါ ဖြစ်ပေါ်တတ်ပါတယ်။
ဒါဟာ နှလုံးနာကျင်ခြင်းဖြစ်သော အာရုံကြောဟာ ကျောရိုးမတိုင်ကိုဖြတ်သွားပါတယ် ။
ကျောရိုးမတိုင်မှာ ခန္ဓာတစ်ခုလုံးကအာရုံကြောတွေရောယှက်နေတာကြောင့်၊
ဦးနှောက်ကို အချက်ပို့ တဲ့အခါမှာ ရောနှောသွားတတ်ပြီး လက်မောင်းမှာ နာကျင်ရတာဖြစ်ပါတယ်။

💥(2)ချောင်းဆိုးခြင်း –

အဆုတ်ရောဂါ ကြောင့်သာမဟုတ်ပဲ နှလုံးရောဂါ သမားများလဲ ချောင်းဆိုး
တတ်ပါတယ်။

အဆက်မပြတ် ချောင်းဆိုးပြီး ပန်းရောင်သလိပ် တွေထွက်တယ်ဆိုရင်၊
နှလုံး ကကောင်းကောင်းအလုပ်မလုပ်တာပြသနေတာပါ။ဆရာဝန်အမြန်ဆုံးပြသင့်ပါတယ်။

💥(3)ခြေထောက် ဖောရောင်ခြင်း
အဓိကတွေ့ရသောလက္ခဏာဖြစ်ပါတယ်။

နှလုံးမကောင်းခြင်း ကြောင့် သွေးကြောအရည်များဟာ အနားရှိ တစ်ရှူးများကို စိမ့်ဝင်သွားတာကြောင့် ဖောလာခြင်းဖြစ်ပါတယ်။
ကမ္ဘာမြေဆွဲအားကြောင့် ခြေထောက်
ခြေကျင်းဝတ်တို့မှာ အဓိက ဖောလာတတ်တာ ဖြစ်ပါတယ်။

💥(4)အစာမစားချင်ဖြစ်ခြင်း၊ပျို့ခြင်း
-နှ လုံးကောင်းစွာအလုပ်မလုပ်ခြင်းကြောင့် အစာ ​ေ​ြခစနစ်ကိုပါ နှောင့်နှေးစေပြီး၊
အစာမ​ေ​ြကဖြစ်ခြင်း၊ဗိုက်နာခြင်းတို့ ဖြစ်စေပါတယ်။
💥(5)အလွန်စိုးရိမ်စိတ်များခြင်း – နှလုံးရောဂါသမားများဟာ အဖြစ်များပါတယ်။
စိုးရိမ်မှုလွန်ကဲခြင်းကြောင့် သွေးတိုးခြင်း၊နှလူံးခုန်နှေးခြင်းတို့ ဖြစ်စေပါတယ်။

💥(6)သတိလစ်မေ့မျောခြင်း –

နှလုံးသွေးကြော ပိတ်ဆို့ခြင်း သို့ ကျဉ်းမြောင်းခြင်း ကြောင့် သွေးလှည့်ပတ်မှုနှောင့်နှေးပြီး နှလုံးကောင်းစွာအလုပ်မလုပ်နိုင်တာကြောင့် ဖြစ်ပေါ်ပါတယ်။
အမောဖောက်ခြင်း၊အသက်ရှူမဝခြင်းနဲ့ မေ့လဲခြင်းတို့ဖြစ်စေပါတယ်။

💥(7) အသားအရေဖြူဆုတ်ခြင်း –

အတွေ့ရနည်းသော လက္ခဏာဖြစ်ပါတယ်။
နှလုံးအားနည်းခြင်းကြောင့် သွေးနီဥများ နည်းပါးလာတာကြောင့်ဖြစ်ပါတယ်။
ရှော့ခ်ရရှိနိုင်တာကြောင့် မပေါ့ဆသင့်ပါဘူး။

Credit

glucernaလေးလှမ်းမှာလို့ မင်မင်ဖြူဖြူလေးက မီးမှောင်နေလည်း သွားပို့ပေးလိုက်ပါဦးမယ်ခင်ဗျာ😂😂😂  #စျေးနှုန်းမှန်
28/06/2022

glucernaလေးလှမ်းမှာလို့ မင်မင်ဖြူဖြူလေးက မီးမှောင်နေလည်း သွားပို့ပေးလိုက်ပါဦးမယ်ခင်ဗျာ😂😂😂


#စျေးနှုန်းမှန်

Address

ဆိုင်အမှတ်(282, 283) Aရုံ၊အမှတ်(၁)စျေးကြီးအပေါ်ထပ်၊မော်လမြိုင်မြို့။
Mawlamyine

Telephone

+959752830991

Website

Alerts

Be the first to know and let us send you an email when Nine Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share