15/04/2026
မနက်ခင်း အိပ်ယာနိုးချိန် ဘာကြောင့် နုံးချိနေရတာလဲ?
အဖြေကတော့ ကော်တီဇော ဟော်မုန်း မညီမျှမှုကြောင့်ပါ။🎯
ကော်တီဇောဟော်မုန်းက ခန္ဓာကိုယ်ကို နိုးကြားတက်ကြွစေတဲ့ ဟော်မုန်းတစ်မျိုးဖြစ်ပါတယ်။ ❗️
ပုံမှန်အားဖြင့် မနက်ခင်းမှာ ကော်တီဇော်ဟော်မုန်းဟာ အမြင့်ဆုံးမှာ ဖြစ်နေရမှာဖြစ်ပြီး ကော်တီဇော်ဟော်မုန်း မြင့်မားနေမှသာ အိပ်ယာနိုးရင် လန်းလန်းဆန်ဆန်း ရှိနေမှာပဲဖြစ်ပါတယ်။
ဘယ်လိုအခြေအနေတွေမှာ ကော်တီဇော်ဟော်မုန်း လျော့နည်းနေတတ်လဲ?
💁🏻♂️စိတ်ဖိစီးမှုများတဲ့အခါ ဟော်မုန်းထုတ်ပေးတဲ့ အဒရီနယ်ဂလင်းတွေက ပင်ပန်းလာပြီး ကော်တီဇော်ဟော်မုန်း အလုံအလောက် မထုတ်ပေးနိုင်တော့ဘဲ နိုးချိနေတတ်ပါတယ်။
💁🏻♂️ညဘက်မှာ ကော်တီဇော်ဟော်မုန်းမြင့်တက်ပြီး မနက်မှာ ကျဆင်းနေမယ်ဆိုရင်လည်း ညဘက်အိပ်မပျော်ဘဲ မနက်မှာ အားအင်ကုန်ခမ်းနေတာမျိုး ဖြစ်နိုင်ပါတယ်။
အကြောင်းအရင်းမရှိဘဲ နုံးချိပင်ပန်းနေတာက ရေရှည်မှာ ကျန်းမာရေးကို ထိခိုက်စေနိုင်တာမို့ မိဘပြည်သူများအနေဖြင့် ဟော်မုန်းစစ်ဆေးမှုကို အလေးထားဆောင်ရွက်သင့်ပါတယ်။✅
ဟော်မုန်းရောဂါ အမျိုးမျိုးအတွက် စိတ်ချရတဲ့ ဆေးခန်းကောင်းတစ်ခုကိုရှာဖွေနေတယ်ဆိုရင်တော့ " ကျော်စွာ - ဆေးခန်း " ကို သတိရလိုက်ပါ။🥰
" ကျော်စွာ - ဆေးခန်း " မှာ အထွေထွေရောဂါ စစ်ဆေးကုသခြင်းများအပြင် ဟော်မုန်းဆိုင်ရာ ရောဂါအမျိုးမျိုးကို စစ်ဆေးကုသပေးခြင်း၊ ဆီးချိုရောဂါ စစ်ဆေးကုသပေးခြင်းနှင့် အရိုးပါး အရိုးပွရောဂါများကို စစ်ဆေးကုသပေးလျက်ရှိပါတယ်။✨
ဒါကြောင့် ကော်တီဇော် ဟော်မုန်းညီမျှပြီး တက်ကြွလန်းဆန်းတဲ့ မနက်ခင်းတိုင်းကို ပိုင်ဆိုင်နိုင်စေဖို့ " ကျော်စွာ - ဆေးခန်း " ကို အခုပဲ လှမ်းလာခဲ့လိုက်တော့နော်..🙏✨
ကိုယ်ကျန်းမာ စိတ်ချမ်းသာ ယုံကြည်အားထားရာ - ကျော်စွာ✨
ဆေးခန်းဖွင့်ရက် - လစဥ် ၂ ရက်နေ့မှ ၁၄ ရက်နေ့အထိ ( တနင်္ဂနွေနေ့ ဆေးခန်းပိတ်ပါသည်။ )
ဆေးခန်းဖွင့်ချိန် -
နံနက် ၉နာရီမှ နေ့လည် ၁၂ နာရီ အထိ
ညနေ ၄ နာရီမှ ည ၇ နာရီ အထိ
☎️ 09 455 585 554, 09 757 677 531, 09 662 699 966
📌ဆေးခန်းပြဖို့ရာအတွက် ကြိုတင် Booking တင်ချင်တယ်ဆိုရင်တော့ ဖုန်းနံပါတ် 09662699966 ကို ဆေးခန်းဖွင့်ချိန်အတွင်း ဆက်သွယ်၍ ဘိုကင်ရယူနိုင်ကြောင်း အသိပေးလိုက်ပါတယ်ခင်ဗျ။🤗
🏥လိပ်စာ - အမှတ် ( ၄၃ ) ၊ မြို့ရှောင်လမ်း၊ ရှမ်းစုရပ်၊ ဒိုင်းဝန်းကွင်း၊ မော်လမြိုင်မြို့။
#ဆီးချို #မော်လမြိုင်ဆေးခန်း #ဆီးချိုသွေးချို #ဟော်မုန်းချို့တဲ့မှု #ဟော်မုန်းမညီမျှမှု #အရိုးပါးအရိုးပွရောဂါ