အေးချမ်းသာ - ဆေးခန်းနှင့်ဆေးဆိုင်

  • Home
  • Myanmar
  • Mawlamyine
  • အေးချမ်းသာ - ဆေးခန်းနှင့်ဆေးဆိုင်

အေးချမ်းသာ - ဆေးခန်းနှင့်ဆေးဆိုင် အထွေထွေရောဂါကုဆေးခန်း၊ ဆေးဆိုင်၊ ဓ?

12/12/2024

Norovirus infection (နိုရိုဗိုင်းရပ်စ်ကူးစက်ခြင်း)
ကူးစက်ရောဂါများ

Norovirus infection (နိုရိုဗိုင်းရပ်စ်ကူးစက်ခြင်း) ကဘာလဲ။
နိုရိုဗိုင်းရပ်စ်ကူးစက်ခြင်း က ရုတ်တရက် ပြင်းထန်စွာ အော့အန်ခြင်း နဲ့ ဝမ်းပျက်ဝမ်းလျှောခြင်းကို ဖြစ်စေပါတယ်။ ဒီဗိုင်းရပ်စ်ပိုးဟာ ကူးစက်စေနိုင်ပြီး ချက်ပြုတ် ပြင်ဆင်တဲ့အခါ ဒါမှမဟုတ် ညစ်ပတ်တဲ့ ကြမ်းခင်းတွေပေါ်ကနေ တစ်ဆင့် မသန့်ရှင်းတဲ့ ရေ သို့မဟုတ် အစားအစာ အဖြစ်ကနေ ကူးစက်ခြင်းဖြစ်ပါတယ်။ ]

Norovirus infection (နိုရိုဗိုင်းရပ်စ်ကူးစက်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ
နိုရိုဗိုင်းရပ်စ်ကူးစက်ခြင်း ဟာ အလွန်အတွေ့ရများပါတယ်။ အန္တရာယ်ရှိတဲ့ အချက်တွေကို ရှောင်ကြည်ခြင်းအားဖြင့် ရောဂါ ဖြစ်နိုင်ချေကို လျှော့ချနိုင်ပါတယ်။ ထပ်သိချင်တယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးကြည့်ပါ။

လက္ခဏာများ

Norovirus infection (နိုရိုဗိုင်းရပ်စ်ကူးစက်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ
အတွေ့ရများတဲ့ နိုရိုဗိုင်းရပ်စ်ကူးစက်ခြင်း လက္ခဏာတွေကတော့ –

မူးဝေခြင်း

အော့အန်ခြင်း

ဝမ်းဗိုက်နာကျင်ခြင်း

အရည်ဝမ်းသွားခြင်း

ကိုယ်လက်မအီမသာ ဖြစ်ခြင်း

တငွေ့ငွေ့ဖျားခြင်း

ကြွက်သားများ နာကျင်ခြင်း

ဗိုင်းရပ်နဲ့ ထိတွေ့မိပြီး ၁၂ နာရီကနေ ၄၈ နာရီ အတွင်း ရောဂါလက္ခဏာတွေ စတင်ဖြစ်ပေါ်လာပါတယ်။ ပြန်ကောင်းပြီး နောက်ထပ် ၂ ပတ်လောက်ကြာတဲ့ အထိ မစင်မှာ ပိုးတွေ့နိုင်တဲ့ အတွက် သေချာစွန့်ပစ်ဖို့ လိုပါတယ်။ ကျန်းမာရေး သိပ်မကောင်းသေးဘူးဆိုရင် ရောဂါပိုးဟာ လပေါင်းများစွာအထိ ကျန်ရှိနေနိုင်ပါတယ်။

နိုရိုဗိုင်းရပ်စ် ကူးစက်ခံရတဲ့ တချို့လူတွေမှာတော့ လူကောင်းအတိုင်းပဲ ဖြစ်ပြီး ဘယ်လို လက္ခဏာမှ မပြပါဘူး။ ဒါပေမယ့် ဗိုင်းရပ်စ်တွေကတော့ တခြားတစ်ယောက်ကို ကူးစက်နိုင်ပါတယ်။

အပေါ်မှာ ဖော်ပြထားတဲ့ လက္ခဏာတွေထဲမှာ ကျန်ခဲ့တာ ရှိနိုင်ပါတယ်။ ရောဂါလက္ခဏာတစ်ခုခုနဲ့ ပတ်သက်ပြီး ပူပန်စရာ တစ်ခုခုရှိမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ
ရက်အတော်ကြာအောင် ဝမ်းပျက်ဝမ်းလျှော ဖြစ်တာ မပျောက်ဘူးဆိုရင် ဆရာဝန်ပြပါ။ အန်တာ၊ သွေးဝမ်းသွားတာ၊ ဗိုက်အောင့်တာ၊ ရေဓါတ်ခမ်းခြောက်တာတွေ ဖြစ်ခဲ့ရင်လည်း ဆရာဝန်ပြပါ။

အပေါ်မှာ ဖော်ပြထားတဲ့ လက္ခဏာတွေ ရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ကြည့်ပါ။ ခန္ဓါကိုယ်လှုပ်ရှားမှုပုံစံဟာ လူတစ်ယောက်နဲ့ တစ်ယောက် မတူကြပါဘူး။ သင့်အတွက် ဘာက အကောင်းဆုံးဖြစ်မယ် ဆိုတာကို ဆရာဝန်နဲ့ တိုင်ပင်တာက အသင့်လျော်ဆုံး ဖြစ်ပါလိမ့်မယ်။

အကြောင်းရင်းများ
Norovirus infection (နိုရိုဗိုင်းရပ်စ်ကူးစက်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ
ဘာတွေက နိုရိုဗိုင်းရပ်စ် ကူးစက်ခြင်းကို ဖြစ်စေသလဲ။

မသန့်ရှင်းတဲ့ ဖျော်ရည်နဲ့ အစားအစာတွေကို စားသောက်မိတဲ့ အခါ နိုရိုဗိုင်းရပ်စ် ကူးစက်ခံရတတ်ပါတယ်။ အစိမ်း သို့မဟုတ် ကျက်အောင်ချက်မထားတဲ့ ကမာကောင်တွေနဲ့ ဟင်းသီးဟင်းရွက် အသီးအနှံ အစိမ်းတွေကလည်း ဖြစ်စေပါတယ်။ ဗိုင်းရပ်စ်ပိုးရှိနေတဲ့ ပစ္စည်း သို့မဟုတ် နံရံကို ထိလိုက်ပြီး နှာခေါင်း၊ ပါးစပ်၊ မျက်စိ တွေကို ထိလိုက်မယ် ဆိုရင် ရောဂါပိုး ကူးစက်ခံရတတ်ပါတယ်။

ဖြစ်နိုင်ခြေများ

Norovirus infection (နိုရိုဗိုင်းရပ်စ်ကူးစက်ခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ
နိုရိုဗိုင်းရပ်စ်ကူးစက်ဖို့ အန္တရာယ်ရှိတဲ့ ဖြစ်နိုင်ချေတွေ အများကြီးရှိပါတယ်။

နည်းစနစ်တကျ သပ်ရပ်သန့်ရှင်းမှုရှိနေအောင် လုပ်မထားတဲ့ အစာကို စားမိခြင်း
မူကြို၊ နေ့ကလေးထိန်းကျောင်း တွင် တက်ရောက်ခြင်း
နီးကပ် ကျပ်သိပ်စွာ နေထိုင်ရခြင်း (ဥပမာ – ကလေးထိန်းသည့်နေရာများ)
လူအများအပြား နီးကပ်စွာ နေထိုင်လေ့ရှိသော ဟိုတယ်များ၊ ရီဆော့များ၊ ပင်လယ်ကူးသင်္ဘောများ သို့မဟုတ် အခြား နေရာများ
နိုရိုဗိုင်းရပ်စ်ကူးစက်ခံထားရသော လူတစ်ယောက်ယောက် နှင့် ထိမိခြင်း
ရောဂါအဖြေရှာခြင်းနှင့် ကုသမှု
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Norovirus infection (နိုရိုဗိုင်းရပ်စ်ကူးစက်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ
ဆေးစစ်တာက ရောဂါလက္ခဏာတွေ အပေါ်မှာ မူတည်နေပါတယ်။ ဒါပေမယ့် ဝမ်းနမူနာကို ကြည့်ပြီး နိုရိုဗိုင်းရပ်စ်ကို စစ်ဆေးနိုင်ပါတယ်။ တကယ်လို့ သင့်မှာ မမျှတတဲ့ ရောဂါခုခံမှု စနစ် ဒါမှမဟုတ် တခြားရောဂါ အခြေအနေတွေရှိမယ်ဆိုရင် နိုရိုဗိုင်းရပ်စ် ရှိမရှိကို စစ်ဖို့ ဝမ်းနမူနာ ယူခိုင်းပါလိမ့်မယ်။

Norovirus infection (နိုရိုဗိုင်းရပ်စ်ကူးစက်ခြင်း) ကို ဘယ်လိုကုသပါသလဲ
နိုရိုဗိုင်းရပ်စ်ဟာ တခြားဗိုင်းရပ်စ်ပိုးတွေလိုပဲ ပဋိဇီ၀ ဆေးတွေကို မဖြုံပါဘူး။ ဘက်တီးရီးယားသတ်တဲ့ ဘယ်သောက်ဆေးကမှ နိုရိုဗိုင်းရပ်စ်ကို မတိုက်ခိုက်နိုင်ပါဘူး။ ဒါပေမယ့် ကျန်းမာရေး ကောင်းတဲ့ လူတွေမှာ ဆိုရင် ဗိုင်းရပ်စ်တွေ ကင်းစင်သွားဖို့ ရက်အနည်းငယ်လောက်သာ ကြာပါတယ်။ လူအများစုကတော့ ဗိုင်းရပ်စ်ကြောင့် ဝေဒနာ တာရှည်ခံစားရတာမျိုး မရှိပါဘူး။

ရေဓါတ်ခမ်းခြောက်တာကို ကာကွယ်ဖို့ အတွက် အရည်အများကြီး အထူးသဖြင့် ရေ နဲ့ အချိုရည်တွေကို သောက်ပါ။ ကလေးတွေကို ကုန်ခမ်းသွားတဲ့ အရည်နဲ့ အီလက်ထရိုလိုက်တွေ ပြန်ဖြည့်ပေးဖို့ ရေဓါတ်ဖြည့်အချိုရည်တွေ တိုက်ပါ။ သကြားပါတဲ့ အချိုရည်တွေကို ရှောင်ပါ။ ဝမ်းပျက်ဝမ်းလျှောခြင်း ပိုဆိုးလာနိုင်ပါတယ်။ အရက်နဲ့ ကဖင်းပါတဲ့ အချိုရည်တွေကလည်း ရေဓါတ်ကုန်ခမ်းစေပါတယ်။

ရေဓါတ်ခမ်းခြောက်ခြင်းရဲ့ လက္ခဏာတွေကတော့ ရပ်နေတဲ့ အခါမှာ မူးဝေခြင်း၊ အာခေါင်ခြောက်ခြင်း၊ ဆီးနည်းနည်းသာသွားခြင်း တို့ပါဝင်ပါတယ်။ ရေဓါတ်ကုန်ခမ်းနေတဲ့ ကလေးတွေကတော့ အိပ်ချင်နေပြီး ငိုတဲ့ အခါမှာလည်း မျက်ရည် မထွက်သလောက် ဖြစ်နေပါလိမ့်မယ်။

ဂေးဒေါ့စ် က “တချို့ လူတွေကတော့ နှုံးခွေပြီး ပင်ပန်းနွမ်းနယ်နေသလို ခံစားနေရပါလိမ့်မယ်။ အဲ့ဒါ ရေဓါတ်ခမ်းခြောက်ခြင်းကြောင့် ဖြစ်ပေါ်တဲ့ အီလက်ထရိုလိုက် ပမာဏ မမျှတာတော့တဲ့ အတွက် ဖြစ်ပါတယ်။ အဲ့ဒီအချိန်ဆိုရင် ဆေးဝါးကုသမှု ခံယူရပါမယ်။ “

တကယ်လို့ ပြင်းထန်တဲ့ ရေဓါတ်ခမ်းခြောက်မှုကို ခံစားနေရတယ် ဆိုရင်တော့ ဆရာဝန်ပြပါ။ တစ်ခါတစ်လေ intravenous (IV) fluid တိုက်ဖို့ လိုပါတယ်။

နေထိုင်မှု ပုံစံ နှင့် အိမ်တွင်းကုထုံး
နိုရိုဗိုင်းရပ်စ် ကူးစက်မှုကို ကာကွယ်ဖို့ နေထိုင်မှု ပုံစံ နှင့် အိမ်တွင်းကုထုံးက တွေဖြစ်မလဲ။

အောက်မှာ ဖော်ပြထားတဲ့ နေထိုင်မှု ပုံစံနဲ့ အိမ်တွင်းကုထုံးတွေက နိုရိုဗိုင်းရပ်စ်ကူးစက်တာကို ထိန်းချုပ်ဖို့ အထောက်အကူ ဖြစ်ပါလိမ့်မယ်။

တကယ်လို့ မိသားစုဝင်တွေထဲမှာ ငယ်ရွယ်တဲ့ ကလေးတွေ ရှိမယ်ဆိုရင် ရေဓါတ်အားဖြည့်ဖျော်ရည်တွေ ဝယ်သောက်သင့်ပါတယ်။ လူကြီးတွေက အားကစားလုပ်တဲ့ အချိန်မှာ သောက်တဲ့ ဖျော်ရည်တွေကို သောက်နိုင်ပါတယ်။ သကြားပမာဏ အများအပြားပါတဲ့ အရည်တွေ ဥပမာ – အသင့်သောက်အချိုရည်တွေ နဲ့ အသီးဖျော်ရည်တွေက ဝမ်းလျှောဝမ်းပျက်ခြင်းကို ပိုဆိုးစေပါတယ်။
နူးညံ့ပြီး အမျှင်ဓါတ်ကြွယ်ဝတဲ့ အစားအစာတွေ၊ နည်းနည်းချင်းစီ အစာစားခြင်းက အော့အန်ခြင်းကို သက်သာစေပါတယ်။ ဘယ်လိုအစားအစာတွေလဲဆိုရင် –
စွပ်ပြုတ်

ကစီဓါတ်ပါဝင်တဲ့ အာလူး၊ ခေါက်ဆွဲ၊ ထမင်း၊ ခရက်ကာ စသည်..

ငှက်ပျောသီး

ဒိန်ချဉ်

အသီးအရွက်ပြုတ်

နိုရိုဗိုင်းရပ်စ်ရောဂါဟာ အရမ်းကူးစက်လွယ်ပါတယ်။ လူတိုင်းဟာ တစ်ကြိမ်မက ကူးစက်နိုင်ပါတယ်။ ကူးစက်ခြင်းကို ကာကွယ်ဖို့ –

အိမ်သာတက်ပြီးတိုင်း၊ ဒိုင်ယာပါလဲပြီးတိုင်း လက်ကိုသေချာဆေးပါ။

မသန့်ရှင်းတဲ့ ရေ နဲ့ အစားအစာတွေကို ရှောင်ကြဉ်ပါ။ နေမကောင်းတဲ့သူချက်ပြုတ်ထားတဲ့ အစားအစာတွေကိုလည်း ရှောင်သင့်ပါတယ်။

ပင်လယ်စာတွေကို ကျက်အောင်ချက်ပါ။

နိုရိုဗိုင်းရပ်စ်တွေ လေထဲ မကျန်ရစ်အောင် အန်ဖတ်တွေနဲ့ ဝမ်းတွေကို သေချာစွန့်ပစ်ပါ။ တစ်ခါသုံး အိတ်တွေကိုသုံးပြီး သေချာထုတ်ပိုးပြီး ပစ်ပါ။

ဗိုင်းရပ်စ်ရှိနေနိုင်တဲ့ ကြမ်းခင်းနေရာတွေကို ကလိုရင်းပါတဲ့ အစွန်းချွတ်ဆေးတွေနဲ့ တိုက်ချွတ်ဆေးကြောပါ။ လက်အိပ်စွပ်ပါ။

အိမ်မှာနားပါ။ ရောဂါလက္ခဏာတွေ မရှိတော့ရင်တောင်မှာ သင့်ဆီကနေ တစ်ခြားတစ်ယောက်ဆီ ရောဂါပိုးကူးနိုင်ပါတယ်။ ကလေးတွေ အနေနဲ့လည်း အိမ်မှာပဲ နေသင့်ပါတယ်။

ရောဂါလက္ခဏာတွေ သေချာမပျောက်သေးသရွေ့
သတိထားရမှာပါ

Crd

ရာသီတုတ်ကွေးကာကွယ်ဆေး..FDA ပါVixigrip Tetra 2023တွေ ရောက်ပါပီနော်တစ်လုံးကို..၃၇၀၀၀ ကျပ်ပါ..ကာကွယ်ဆေး အလုံး ၁၀၀ ရဖို့မနည်...
11/05/2023

ရာသီတုတ်ကွေးကာကွယ်ဆေး..FDA ပါ
Vixigrip Tetra 2023တွေ ရောက်ပါပီနော်
တစ်လုံးကို..၃၇၀၀၀ ကျပ်ပါ..
ကာကွယ်ဆေး အလုံး ၁၀၀ ရဖို့
မနည်း​ကြိုးစားထားရတာပါ..
ကြိုတင်စာရင်းပေးထားတဲ့သူတွေ
အေးချမ်းသာဆေးခန်းမှာ လာရောက်ထိုးလို့ရပါပီနော်..

Vaxigrip Tetra 2023..နောက်တစ်ပတ်ထဲမှာ ရောက်ပါမယ်..ရာသီတုတ်ကွေးကာကွယ်ဆေး ထိုးချင်သူများကြိုတင်စာရင်းပေးသွင်းပေးပါနော်.......
02/05/2023

Vaxigrip Tetra 2023..
နောက်တစ်ပတ်ထဲမှာ ရောက်ပါမယ်..
ရာသီတုတ်ကွေးကာကွယ်ဆေး ထိုးချင်သူများ
ကြိုတင်စာရင်းပေးသွင်းပေးပါနော်.....

အေးချမ်းသာ ဆေးခန်းမှာ တုတ်ကွေးကာကွယ်ဆေးVaxigrip 2022 ထိုးလို့ရပါပီနော်...ph..09780018443
05/03/2022

အေးချမ်းသာ ဆေးခန်းမှာ တုတ်ကွေးကာကွယ်ဆေး

Vaxigrip 2022 ထိုးလို့ရပါပီနော်...
ph..09780018443

12/10/2021

✅🏥 ဆရာဝန် Home Visit Service အတွက် booking ယူနိုင်ပါသည်

✅ဆရာဝန် Home Visit Service ကို..Ph..09780018443 ( သို့) Facebook messenger သို့ ကြိုတင်ဘိုကင်
တင်နိုင်ပါပီနော်..

✅ Facebook messenger သို့
1. လူနာ နာမည် နှင့် အသက်၊
2 . ပြသလိုသည့် အကြောင်းအရာ၊
3. လူနာရှင် နာမည် ၊
4. ပြသလိုသည့် နေ့ရက်၊
5. ပြန်ဆက်သွယ်ရမည့် ဖုန်းနံပါတ်
တို့ကို ပို့ထားပြီး ဆေးခန်း မှ အမြန်ဆုံး ပြန်လည် ဆက်သွယ်ပြီး booking လက်ခံပါမည်။

✅🏥မော်လမြိုင် မြို့နယ်တွင်း Home visit Service ကို နေ့လည် ၁၁ နာရီ မှ ညနေ ၃ နာရီ အထိ ဆရာဝန် ဖြင့် ပြသလိုသူများ ဖုန်း -09780018443 သို့ နံနက် 9နာရီ မှ ညနေ 6 နာရီ အတွင်းဖုန်းဆက် booking ယူ၍ ရက်ချိန်း ယူနိုင်ပါသည်။

🧪🏥✅ Lab service များလည်း ရရှိပါပြီ။

✅အိမ်တိုင်ရာရောက် Nurse ကိုယ်တိုင်သွေးဖောက်ခြင်းအတွက်လည်း booking ယူနိုင်ပါသည်။

အေးချမ်းသာ အထွေထွေရောဂါကု ဆေးခန်း
ဖက်ခင်းလမ်းမကြီး
မော်လမြိုင်မြို့☎️ 09 780018443

တုပ်ကွေးဖြစ်နေချိန်မှာ ဘယ်လိုအစာအာဟာရတွေကို စားပေးသင့်လဲတုပ်ကွေးဖြစ်နေချိန်မှာ ဘယ်လိုအစာအာဟာရတွေကို စားပေးသင့်လဲအအေးမိတု...
07/07/2021

တုပ်ကွေးဖြစ်နေချိန်မှာ ဘယ်လိုအစာအာဟာရတွေကို စားပေးသင့်လဲ

တုပ်ကွေးဖြစ်နေချိန်မှာ ဘယ်လိုအစာအာဟာရတွေကို စားပေးသင့်လဲ
အအေးမိတုပ်ကွေးရောဂါဟာ ဝေဒနာ အလွန်မပြင်းထန်တဲ့တိုင်အောင် အစားပျက်၊ အသောက်ပျက်၊ အလုပ်ပျက်ရလောက်တဲ့အထိ လူကို ဒုက္ခပေးလွန်းတဲ့ ရောဂါတွေထဲက တစ်မျိုးပါပဲ။ အထူးသဖြင့် ဒီလို မိုးတွင်းနဲ့ ဆောင်းတွင်းလို ကာလမျိုးတွေမှာ အအေးမိတုပ်ကွေး ဖြစ်တဲ့လူဦးရေဟာ သာမန်အချိန်ထက် ပိုများနေတတ်ပါတယ်။ လက်ကို သေချာမဆေးမိတာကြောင့်၊ လူသူ ထူထပ်တဲ့ နေရာတွေကို သွားနေရတာကြောင့်၊ နှာချေ၊ ချောင်းဆိုးတဲ့အခါမှာ လက်ကိုင်ပဝါကို အသုံးမပြုတာကြောင့် အစရှိသဖြင့် အအေးမိတုပ်ကွေးရောဂါပိုးဟာ လူတစ်ဦးကနေတစ်ဆင့် ကူးစက်ပါတယ်။

အအေးမိတုပ်ကွေးဖြစ်ပြီဆိုရင်တော့ အိမ်မှာပဲ သေချာအနားယူတာ အကောင်းဆုံးပါပဲ။ ဒီလိုအချိန်တွေမှာ လူက ဖျားပြီး မောပန်းနေမယ့်အပြင် ခံတွင်းပျက်လို့ အစာအာဟာရကို သေချာပြည့်ဝစွာ စားသုံးပေးဖို့ လိုအပ်ပါတယ်။ လုံလောက်တဲ့ အာဟာရရှိမှ ကိုယ့်ရဲ့ ကိုယ်ခံအားစနစ်က ရောဂါပိုးကို ကာကွယ်ခုခံပေးနိုင်မှာပါ။ ဒါကြောင့် နာလန်ပြန်မထူခင်အချိန်အထိ ပုံမှန်စားနေကျအစာတွေကို ခဏရှောင်ထားပြီး ရောဂါအမြန်ပျောက်ကင်းဖို့နဲ့ ဝေဒနာ သက်သာဖို့အတွက် ဘယ်လိုအာဟာရ ပြည့်ဝတဲ့ အစားအစာတွေကို စားပေးသင့်လဲဆိုတာ ပြောပြပေးချင်ပါတယ်။

ကြက်စွပ်ပြုတ်
စွပ်ပြုတ်ဟာ တုပ်ကွေးရောဂါအတွက် အကောင်းဆုံး ဆေးစာတွေထဲက တစ်မျိုးပါ။ ကြက်စွပ်ပြုတ်အပြင် အမဲစွပ်ပြုတ်၊ သက်သက်လွတ် ဟင်းသီးဟင်းရွက် စွပ်ပြုတ်တွေလည်း စားပေးလို့ရပါတယ်။ ဗီတာမင်၊ အာဟာရဓါတ်၊ ကယ်လိုရီနဲ့ ပရိုတင်းဓါတ်တွေ အများအပြားပါဝင်လို့ ဖျားနေတဲ့အချိန်မှာ ခန္ဓါကိုယ်အတွက် အသင့်တော်ဆုံး အစားအစာလည်း ဖြစ်ပါတယ်။ ချွေးထွက်လို့ ကုန်ဆုံးသွားတဲ့ ရေဓါတ်ကိုလည်း ပြန်လည် ဖြည့်တင်းပေးနိုင်တယ်။ နှာစေး၊ နှာပိတ်၊ ချောင်းဆိုးတာ စတဲ့ ရောဂါလက္ခဏာကိုလည်း သက်သာစေပါတယ်။

ဂျင်း
ဘက်တီးရီးယားပိုး၊ ဗိုင်းရပ်စ်ပိုးနဲ့ မှိုပိုးတွေကို တိုက်ထုတ်ပေးနိုင်တဲ့ အာနိသင်ပါဝင်တဲ့ ဂျင်းဟာ တုပ်ကွေးဖြစ်နေစဉ်မှာ စားပေးသင့်တဲ့ ဆေးစာတွေထဲက တစ်မျိုးပါပဲ။ ကိုယ်ခံအားစနစ်ကို ပြန်လည်ကောင်းမွန်လာစေတဲ့အပြင် ဝေဒနာတွေကို သက်သာစေလို့ ရောဂါမြန်မြန်ပျောက်စေပါတယ်။ ဂျင်းကို အစိမ်းအတိုင်း စားလည်း အဆင်ပြေသလို စွပ်ပြုတ်ထဲ ထည့်ပြီးလည်း စားလို့ရပါတယ်။ တုပ်ကွေးရောဂါလက္ခဏာ စပြီးဖြစ်လာတာနဲ့ ဂျင်းကို စားပေးသင့်ပါတယ်။

ဒိန်ချဉ်
ဒိန်ချဉ်ဟာ လည်ချောင်းနာဝေဒနာကို သက်သာစေပြီး ကိုယ်ခံအားကို မြှင့်တင်ပေးလို့ တုပ်ကွေးဖြစ်နေစဉ်မှာ စားပေးသင့်ပါတယ်။ ကယ်လိုရီနဲ့ ပရိုတင်းဓါတ်တွေအပြင် ခန္ဓါကိုယ်အတွက်လိုအပ်မယ့် ကယ်လ်စီယမ်နဲ့ ဗီတာမင်တွေပါ ပါဝင်ပါတယ်။ တုပ်ကွေးဖြစ်နေစဉ်နဲ့ လည်ချောင်းနာနေတဲ့အချိန်မှာ သကြားမပါဝင်တဲ့ ဒိန်ချဉ်ကို စားပေးနိုင်ပါတယ်။

သစ်သီးဝလံ
ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပြီး ဗီတာမင်၊ အာဟာရဓါတ်နဲ့ အမျှင်ဓါတ်ပြည့်ဝစွာ ပါဝင်တာကြောင့် ဖျားနာနေစဉ်မှာ သစ်သီးဝလံတွေကို စားပေးသင့်ပါတယ်။ စတော်ဘယ်ရီ၊ ခရမ်ဘယ်ရီ၊ ဘလူးဘယ်ရီ၊ ဘလက်ဘယ်ရီ၊ သလဲသီး၊ ထောပတ်သီး၊ ငှက်ပျောသီးအပြင် တခြားသော သစ်သီးဝလံတွေကို များများစားပေးပါ။ အသီးကို ရေနဲ့ သေချာဆေးပြီး ဒီအတိုင်းစားလို့ ရသလို ဒိန်ချဉ်နဲ့တွဲစားတာဖြစ်စေ၊ ကြိတ်ထားတဲ့ သစ်သီးဖျော်ရည်အနေနဲ့ သောက်တာဖြစ်စေ စားသုံးပေးနိုင်ပါတယ်။

ဟင်းသီးဟင်းရွက်
ဟင်းသီးဟင်းရွက်တွေမှာ ဗီတာမင်ဓါတ်၊ အာဟာရဓါတ်၊ အမျှင်ဓါတ်နဲ့ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေနိုင်တဲ့ အာနိသင်တွေပါဝင်တာကြောင့် မဖျားခင်ရော၊ ဖျားနေစဉ်မှာပါ စားပေးလို့ရပါတယ်။ ကန်စွန်းရွက်၊ ဟင်းနုနယ်ရွက်၊ ဆလပ်ရွက်၊ ကိုက်လန်ရွက်၊ ဂေါ်ဖီပန်းပွင့်၊ ဂေါ်ဖီထုပ်အပြင် တခြားသော ဟင်းသီးဟင်းရွက်တွေကို တုပ်ကွေးဖျားနာဖြစ်နေတဲ့အချိန်မှာ ပိုပြီးစားပေးသင့်ပါတယ်။ ဝါးစားရလွယ်ကူပြီး အစာကို ကျေစေတယ်။ ကြိတ်ပြီး အရွက်ဖျော်ရည်နဲ့ သောက်သုံးနိုင်သလို အလွယ်တကူ သံလွင်ဆီနဲ့ သံပုရာသီးညှစ်ပြီးတော့လည်း အသုပ်ပုံစံမျိုး စားပေးလို့ရပါတယ်။

ပျားရည်
ပျားရည်မှာ ဘက်တီးရီးယားပိုမွှားတွေကို သေစေတဲ့ အာနိသင်ပါဝင်လို့ အနာကျက်မြန်စေတယ်။ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေတယ်။ တုပ်ကွေးလက္ခဏာဖြစ်တဲ့ လည်ချောင်းနာတာကို သက်သာစေတယ်။ ပျားရည်အနည်းငယ်ကို နွားနို့၊ ရေ၊ ရေနွေးကြမ်းတို့နဲ့ ရောပြီး သောက်သုံးပေးနိုင်ပါတယ်။ အသက် ၁၂လနဲ့အောက် ကလေးငယ်တွေကိုတော့ ပျားရည်တိုက်လို့ မရပါဘူး။

ရေနွေးကြမ်း
တုပ်ကွေးကြောင့်ဖြစ်တဲ့ ရောဂါလက္ခဏာတွေကို သက်သာစေတဲ့ ဆေးစာထဲမှာ ရေနွေးကြမ်းဟာလည်း တစ်ခုအပါအဝင်ပါပဲ။ ဖျားနေတဲ့အချိန်မှာ ချွေးတွေထွက်ပြီး ကုန်ဆုံးသွားတဲ့ ရေဓါတ်ကိုလည်း ပြန်လည် ဖြည့်တင်းပေးနိုင်သလို ရေနွေးကြမ်းကို မပူမအေး နွေးနွေးလေး သောက်ပေးရင်လည်း နှာစေး၊ နှာပိတ်ဝေဒနာကို သက်သာစေပါတယ်။

ဆော်လ်မွန်ငါး
ဖျားနေတဲ့အချိန်မှာ ခန္ဓါကိုယ်အတွက်လိုအပ်တဲ့ ပရိုတင်းဓါတ်ကို အကောင်းဆုံး ဖြည့်တင်းပေးနိုင်တဲ့ အစားအစာပါပဲ။ နူးညံ့တဲ့အသားနဲ့ ဝါးစားလို့လည်း လွယ်ကူတဲ့အပြင် ကိုယ်ခန္ဓါအတွက်လိုအပ်တဲ့ အာဟာရဓါတ်တွေ အများအပြားပါဝင်တာကြောင့် ဆော်လ်မွန်ငါးကို တုပ်ကွေးဖြစ်နေစဉ်မှာ စားပေးသင့်ပါတယ်။

အရည်များများသောက်ပါ။
တုပ်ကွေးဖြစ်နေစဉ်မှာ ခန္ဓါကိုယ်ကို ရေဓါတ်မခမ်းခြောက်သွားဖို့အတွက် အရည်များများသောက်ပေးဖို့ အရေးကြီးပါတယ်။ ရေ၊ စွပ်ပြုတ်၊ ဂျင်းပြုတ်ရည်၊ ပျားရည်၊ ရေနွေးကြမ်းနဲ့ သစ်သီးဖျော်ရည်တွေဟာ ကုန်ဆုံးသွားတဲ့ ရေဓါတ်ကို ပြန်လည်ဖြည့်ဆည်းပေးနိုင်တဲ့အပြင်ရောဂါဝေဒနာတွေကို အမြန်သက်သာစေလို့ ဖျားနေစဉ်အချိန်အတွင်းမှာ များများသောက်ပေးဖို့ လိုအပ်ပါတယ်။

ဘယ်လိုအစားအစာတွေကို ရှောင်ကြဉ်သင့်လဲ။
အရက်၊ ကဖင်းဓါတ်ပါဝင်တဲ့ ဖျော်ရည်၊ အမာစာနဲ့ အသင့်စား အစားအစာတွေကို ရှောင်ကြဉ်ရပါမယ်။ အရက်ဟာ ကိုယ်ခံအားစနစ်ကို ကျဆင်းစေတဲ့အပြင် ရေဓါတ်ကို ခမ်းခြောက်စေတယ်။ ကော်ဖီ၊ ဆိုဒါလိုမျိုး ကဖင်းဓါတ်ပါဝင်တဲ့ ဖျော်ရည်တွေဟာ သကြားပါဝင်တဲ့အပြင် ခန္ဓါကိုယ်တွင်း ရေဓါတ်ကို ကုန်ဆုံးစေလို့ ဖျားနေစဉ်မှာ ရှောင်ကြဉ်ရပါမယ်။ ဘီစကွကွတ်၊ အာလူးကြော်လိုမျိုး အမာစာတွေကို လည်ချောင်းနာနေချိန်၊ ချောင်းဆိုးနေချိန်မှာ မစားသင့်ပါဘူး။ ဖျားနေစဉ်မှာ ခန္ဓါကိုယ်က ရောဂါပိုးတွေကို တိုက်ထုတ်ဖို့အတွက် အာဟာရဓါတ်တွေကို လိုအပ်နေမှာ ဖြစ်လို့ အသင့်စား အစားအစာမျိုးတွေကို တုပ်ကွေးဖြစ်နေစဉ်အတွင်းမှာ ရှောင်ကြဉ်သင့်ပါတယ်။

တုပ်ကွေးဟာ တစ်ပတ်ကနေ ၂ပတ်အထိ ကြာနိုင်တဲ့အတွက် ရောဂါဖြစ်နေတဲ့အချိန်မှာ အာဟာရဖြစ်စေမယ့် အစားအစာတွေကို စားသုံးပေးဖို့နဲ့ ခန္ဓါကိုယ်တွင်း ရေဓါတ်လုံလောက်မှုဟာ အလွန်အရေးကြီးပါတယ်။ ရောဂါလက္ခဏာ သက်သာပျောက်ကင်းလာပြီဆိုမှ ကိုယ်ပုံမှန်စားနေကျ အစားအစာတွေကို ပြန်စားပေးတာ အကောင်းဆုံးပါပဲ။

Credit to Hello ဆရာဝန်
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win | ရေးသားသူ Ye Myo Myat

ရာသီတုပ်ကွေးနဲ့ ကိုဗစ်လက္ခဏာတို့ဟာ ခပ်ဆင်ဆင်မို့ ဘာကွာလည်း ဖက်ကြည့်ပါအခုလိုရာသီအကူးအပြောင်းကာလမှာ ဖြစ် လေ့ဖြစ်ထရှိတဲ့ ရာ...
06/07/2021

ရာသီတုပ်ကွေးနဲ့ ကိုဗစ်လက္ခဏာတို့ဟာ ခပ်ဆင်ဆင်မို့ ဘာကွာလည်း ဖက်ကြည့်ပါ

အခုလိုရာသီအကူးအပြောင်းကာလမှာ ဖြစ် လေ့ဖြစ်ထရှိတဲ့ ရာသီတုပ်ကွေး၊ အအေးမိခြင်းနဲ့ ကိုဗစ်ရဲ့ ရောဂါလက္ခဏာ တို့ဟာ ခပ်ဆင် ဆင်တူတာမို့ ခွဲခြားသိရှိနိုင်စေရန်အလို့ငှာ ဖော်ပြပေးလိုက်ရပါတယ်။

ရာသီတုပ်ကွေး လက္ခဏာများ -အဖျားကြီးခြင်း။(၁၀၀ ဒီဂရီကျော်သည်အထိ ဖျားခြင်း။) -အဖျားသည် ရက်အနည်းငယ်အထိ တာ ရှည်နေခြင်း။ -အားမရှိခြင်း၊ ကိုယ်လက်မအီမသာဖြစ်၍ ပင်ပန်းနွမ်းနယ်ခြင်း။ ကိုယ်လက်များ ကိုက်ခဲခြင်း။-တုန်ယင်ကာ ချမ်းစိမ့်နေခြင်း။ ချောင်းခြောက်ဆိုးခြင်း။ ခေါင်းကိုက်ခြင်း။ -ရာသီတုပ်‌ကွေးဖြစ်သည့်အတွက်မိုး၊ ဆောင်း စတဲ့ ရာသီအကူးအပြောင်းမှာသာ ဖြစ်ခြင်း။ အအေးမိခြင်းလက္ခဏာများ နှာရည်ယိုခြင်း ၊နှာပိတ်ခြင်း။ချောင်းအနည်းငယ်ဆိုးခြင်း။ လည်ချောင်းနာခြင်း။တစ်ကိုယ်လုံး ကိုက် ခဲခြင်း။ ခေါင်းကိုက်ခြင်း။ကိုယ်လက်မအီမသာဖြစ်ခြင်း။-အဖျားရှိသည့်အခါလည်းရှိ၍ အဖျားမရှိတာမျိုးလည်းဖြစ် တတ်ခြင်း။

ကိုဗစ်-၁၉ လက္ခဏာများ -နှာပိတ်ခြင်း။
ခေါင်းကိုက်ခြင်း။ -လည်ချောင်းနာခြင်း။ ကိုယ်လက်ကိုက်ခဲခြင်း။-အဖျားရှိခြင်း။ (သို့သော် ၁၀၀.၅ဒီဂရီ ဝန်းကျင်သာရှိတတ်၍ တုပ်ကွေးလောက် အဖျားမကြီးတတ်ခြင်း။) အနံ့(သို့မဟုတ်) အရသာခံအာရုံ ခေတ္တပျောက်ခြင်း။-မောပန်းခြင်း။-ပျို့အန်ခြင်း။ ချမ်းတုန်ခြင်း။ အသက်ရှူကြပ်ခြင်း၊ အသက်ရှူမဝဖြစ်ခြင်း ။အလွန်အမင်းရောင်ရမ်းခြင်း။ရင် ဘတ်များ အောင့်ခြင်း။ ဖော်ပြပါလက္ခဏာများ တွေ့ကြုံခံစားလာရခဲ့သော် ကြိုတင်သိရှိပြီး ခွဲခြားတတ်အောင် ဖော်ပြလိုက်ရခြင်းဖြစ်ပါတယ်။

သာမန် အအေးမိ၊တုပ်ကွေးမှ အစပြုလို့ ကိုဗစ်-၁၉အထိ ကာကွယ်နိုင်ဖို့ ပါးစပ်နှာ ခေါင်းစည်းကို လုံခြုံစွာ ဝတ်ဆင်လို့ လက်ကိုလည်း အစဉ်သန့်ရှင်းအောင်ထားခြင်း၊ တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေခြင်းအားဖြင့် မိမိကိုယ်ကိုယ်ကိုကော တစ်ပါးသူများကိုပါ ကာကွယ်လိုက်ပါ။ စာဖက်ပရိတ်သတ်ကြီးများလည်း ကျန်း မာရေးနည်းလမ်းကောင်းများကို အစဉ် လိုက်နာလို့ ကျန်းမာပျော်ရွှင်နိုင်ပါစေ။

Credit

သတိပြုရန်များ..🌧😷🌧:::::::::::::::::::::::::::::ခေါင်းအရမ်းထိုးကိုက်တာ၊ အပူငွေ့ငွေ့နဲ့ စ ဖျားတာဆို သတိဝင်လိုက်ပါတော့။ အဲဒ...
30/06/2021

သတိပြုရန်များ..🌧😷🌧
:::::::::::::::::::::::::::::
ခေါင်းအရမ်းထိုးကိုက်တာ၊ အပူငွေ့ငွေ့နဲ့ စ ဖျားတာဆို သတိဝင်လိုက်ပါတော့။ အဲဒါ စ ကူးရင် ပြတတ်တဲ့ လက္ခဏာပါ။ လုံးဝအပြင်မထွက်ပါနဲ့။ အိမ်ထဲကလူတွေနဲ့ ခွဲနေပြီး mask တပ်ပါ။
ဖျားပြီး ၂ ရက်လောက် ကြာတဲ့အခါ ရုတ်တရက် အနံ့ပျောက်သွားတတ်ပါတယ်။ အရမ်းစိတ်လှုပ်ရှားတဲ့ အချိန်ပါ။ သတိဝင်ပါ။ စိတ်ကို တည်ငြိမ်အောင် ထားရမယ်ဆိုတာကို။
အနံ့ပျောက်ပြီး ၃ ရက်ခန့်အကြာမှာ O2 ကျပြီး အသက်ရှုရခက်တတ်ပါတယ်။ ဆေးရုံမသွားနိုင်ခဲ့ရင် covid-19 call centre (2019) ကို ဖုန်းဆက်ပါ။ လိုအပ်တာတွေ လမ်းညွှန်ပေးပါတယ်။ (ညနေ 5 နာရီထိ)
စ ဖြစ်ပြီး ၇ ရက်မြောက်နေ့ကနေ ၁၀ ရက်မြောက်နေ့ထိ ဟာ ပြန်လည်သက်သာလာတတ်တဲ့ recovery ရက်တွေဖြစ်ပါတယ်။ အဲဒီရက်တွေမှာ အားပိုရှိအောင် လုပ်ပါ။
အနံ့ပျောက်ခြင်းဟာ ၁၀ ရက်ထက်လည်း ကျော်သွားတတ်သလို အနည်းငယ်မောတာဟာလည်း ဆက်ရှိနေတတ်ပါတယ်။ အားရှိဖို့ကို ဂရုစိုက်ပါ။
လည်ချောင်းနာတဲ့ လက္ခဏာဟာ လူတိုင်းမှာ မပြပါဘူး။ ချောင်းခြောက် နေ့တိုင်းဆိုးနိုင်ပါတယ်။ ဝမ်းအရည်သွားတတ်ပါသေးတယ်။
ကိုယ့်ကို စိတ်ဓာတ်ခွန်အားပေးနိုင်မယ့် မိတ်ဆွေ ၂ ဦး၊ ၃ ဦး နဲ့ စ ဖြစ်ကတည်းက ဆက်သွယ်ပြီးခွန်အားယူပါ။ လူတွေအများကြီးနဲ့ အဆက်အသွယ်မလုပ်ပါနဲ့။ Depression ရနိုင်ပါတယ်။
တိုက်တွန်းလိုသည်များ
++++++++++++++++++++++++++++++
- ရေနွေးငွေ့ထဲ ကွမ်းရွက်ထည့်ခြေပြီး ရှူပါ။
- ထမင်းငွေ့ရှူပါ။
- အသက်ရှူလေ့ကျင့်ခန်းလုပ်ပါ။
- Aircon, ပန်ကာ ပိတ်ထားပါ။
- ပြတင်းများ ဖွင့်ထားပါ။
- ကြက်ပေါင်းရည်/ ငှက်သိုက် သောက်ပါ။
- အသီးအနှံစားပါ။
- အစောပိုင်းဖျားတဲ့ 2 ရက်ခန့်မှာ ထမင်း မစားပါနဲ့။
ဓာတ်ဆားရည်သောက်ပါ။
- ရေဓာတ်အတတ်နိုင်ဆုံး ဖြည့်ပါ။
ရေများများသောက်ပါ။ အောက်ဆီဂျင် တက်ပါတယ်။
- Multivitamin ရေဆူဆေးပြားသောက်ပါ။
- အနံ့မရလို့ထမင်းမစားဘဲ မနေပါနဲ့။
- မနက်၊ နေ့၊ ညနေ ဝင်သလောက် စားပေးပါ။
- ကြက်ဥ တစ်နေ့လေးလုံး၊ နွားနို့ ၂ ခွက် သောက်
ပေးပါ။
- အိပ်ရေးဝအောင် အိပ်ပါ။ အိပ်မပျော် ဖြစ်တတ်ပါသည်။
- တရားနားထောင်ပါ။
ဖြစ်နိုင်လျင် တရားထိုင်ပါ။
- စိတ်ကို ငြိမ်အောင်ထားပါ။
- အသား၊ ငါး၊ ဥ၊ အသီးအရွက် ရသလောက် စားပေးပါ။
- အသင့်စားအစားအသောက်တွေ အတတ်နိုင်ဆုံး မစားပါနှင့်။
- အချိုရည်တွေ မသောက်ပါနဲ့။
- ပူပူနွေးနွေးစားပါ။
- အလုပ်တွေ တတ်နိုင်သလောက် မလုပ်ပါနဲ့။
- ဦးနှောက်သုံးစဉ်းစားရမယ့်ကိစ္စတွေလည်း ရှောင်
ပါ။ လုပ်နိုင်တယ်ဆိုပြီးလုပ်ရင် အားကုန်၊ ကိုယ်ခံ
အား ကျပါတယ်။
- အနားယူနေပါ။ စိတ်ရှုပ်မခံပါနဲ့။
- ဟိုတွေး ဒီတွေး တွေးနေတတ်ရင် ဟာသ
ဇာတ်ကားများ ကြည့်နေလိုက်ပါ။
- အရင်းနှီးဆုံး မိတ်ဆွေများနှင့် စကား မကြာခဏ
ပြောပါ။ သူတို့ဆီကလည်း အကြံကောင်းတွေ ရနိုင်ပါတယ်။
- ၇ ရက် ကျော်လာရင် ပြန်ကောင်းတော့မှာလို့ ယုံကြည်လိုက်ပါ။
- ဖျားတာ၊ အနံ့မရတာက တော်တော်များများ ဖြစ်တာဖြစ်ပြီး မောတာ၊ ရင်ဘတ်အောင့်တာ၊ အသက်ရှုခက်တာတွေဟာ သတိထားရမယ့် လက္ခဏာပါ။ အဲဒီအခြေအနေမှာ လိုအပ်ရင် ဆေးရုံသွားဖို့ သတိထားပါ။
မေတ္တာဖြင့်
မေနှင်းဆီ
အားလုံးရောဂါကပ်ဆိုးကြီးမှကင်းဝေးကျပါစေ။
Crd

28/06/2021
စိတ်သွားတိုင်း ကိုယ်ပါချင်ပါသလား???🤔🤔🤔FDA အသိအမှတ်ပြု သုံးဖူးသူတိုင်းထောက်ခံချက်ပေးကြတဲ့ အမျိုးသား ကျား အားတိုးဆေး။💪💪💪💲အ...
25/06/2021

စိတ်သွားတိုင်း ကိုယ်ပါချင်ပါသလား???🤔🤔🤔

FDA အသိအမှတ်ပြု သုံးဖူးသူတိုင်းထောက်ခံချက်ပေးကြတဲ့ အမျိုးသား ကျား အားတိုးဆေး။💪💪💪

💲အလုံး(၃၀)ပါ တစ်လစာ တစ်ဘူးလုံးကိုမှ 17500/-

ခဏအတွက်မဟုတ်၊ တစ်ညအတွက်မဟုတ်။

တစ်စိုက်မတ်တပ်သုံးစွဲရင် သုံးစွဲသလို အရှိန်အဟုန်ပြည့်နေမယ်။

အသုံးပြုသင့်သူများ
✅စိတ်ဖိစီးမှုများနေသူများ
✅လိင်ဆန္ဒ လျော့နည်းနေသူများ
✅လိင်တံထောင်မတ်မှု အားနည်းသူများ
✅အိမ်ထောင်ရေးသုခ ပြည့်ဝလိုသူများ
✅သားသမီးရလိုသူများ

🙅ခေါင်းကိုက်ခြင်းမရှိ။
ဒီဆေးဟာ သစ်သီးသစ်ဥတွေနဲ့ ဗီတာမင်တွေကို အခြေ‌‌ခံထုတ်လုပ်ထားတာဖြစ်လို့ ဘေးထွက်ဆိုးကျိုးလည်းမရှိဘူး။

💊သောက်သုံးရမည့်ပမာဏ
တစ်ခါသောက်ဆေးတစ်တောင့်နှုန်းဖြင့် တစ်နေ့လျှင် (၁) ကြိမ်မှ (၂)ကြိမ်ထိ သောက်သုံးနိုင်ပါတယ်။

ပါကင်ထုပ်ပိုးမှု ဆေး(၁) ဘူးတွင် ဆေး(၁၀) တောင့်ပါ ဆေးကဒ် (၃) ကဒ်

💲အလုံး(၃၀)ပါ တစ်လစာ တစ်ဘူးလုံးကိုမှ 17500/-

📞09882955445

Messenger
m.me/ayechantharclinic

မြန်မာနိုင်ငံအနှံ့ ဘယ်မြို့ကမှာမှာ ပစ္စည်းရောက်ငွေချေစနစ်။
ပို့ဆောင်မှုစနစ် - Ninja Van, စာတိုက်
(ပို့ဆောင်ခက ရွေးချယ်တဲ့ Delivery ပေါ်မူတည်၍ ကျသင့်ပါမယ်ခင်ဗျ)

Exp 12/21
FDA (MM Rfg No . IR F / 2019 - B1 / 350)

23/06/2021
မိုးအေးအေးမှာ စိတ်သွားတိုင်း ကိုယ်မပါဖြစ်နေသလား???🤔🤔🤔FDA အသိအမှတ်ပြု သုံးဖူးသူတိုင်းထောက်ခံချက်ပေးကြတဲ့ အမျိုးသား ကျား အ...
21/06/2021

မိုးအေးအေးမှာ စိတ်သွားတိုင်း ကိုယ်မပါဖြစ်နေသလား???🤔🤔🤔

FDA အသိအမှတ်ပြု သုံးဖူးသူတိုင်းထောက်ခံချက်ပေးကြတဲ့ အမျိုးသား ကျား အားတိုးဆေး။💪💪💪

💲အလုံး(၃၀)ပါ တစ်လစာ တစ်ဘူးလုံးကိုမှ 17500/-

ခဏအတွက်မဟုတ်၊ တစ်ညအတွက်မဟုတ်။

တစ်စိုက်မတ်တပ်သုံးစွဲရင် သုံးစွဲသလို အရှိန်အဟုန်ပြည့်နေမယ်။

အသုံးပြုသင့်သူများ
✅စိတ်ဖိစီးမှုများနေသူများ
✅လိင်ဆန္ဒ လျော့နည်းနေသူများ
✅လိင်တံထောင်မတ်မှု အားနည်းသူများ
✅အိမ်ထောင်ရေးသုခ ပြည့်ဝလိုသူများ
✅သားသမီးရလိုသူများ

🙅ခေါင်းကိုက်ခြင်းမရှိ။
ဒီဆေးဟာ သစ်သီးသစ်ဥတွေနဲ့ ဗီတာမင်တွေကို အခြေ‌‌ခံထုတ်လုပ်ထားတာဖြစ်လို့ ဘေးထွက်ဆိုးကျိုးလည်းမရှိဘူး။

💊သောက်သုံးရမည့်ပမာဏ
တစ်ခါသောက်ဆေးတစ်တောင့်နှုန်းဖြင့် တစ်နေ့လျှင် (၁) ကြိမ်မှ (၂)ကြိမ်ထိ သောက်သုံးနိုင်ပါတယ်။

ပါကင်ထုပ်ပိုးမှု ဆေး(၁) ဘူးတွင် ဆေး(၁၀) တောင့်ပါ ဆေးကဒ် (၃) ကဒ်

💲အလုံး(၃၀)ပါ တစ်လစာ တစ်ဘူးလုံးကိုမှ 17500/-

📞09882955445

မြန်မာနိုင်ငံအနှံ့ ဘယ်မြို့ကမှာမှာ ပစ္စည်းရောက်ငွေချေစနစ်။
(ပို့ဆောင်ခ ၂၀၀၀ ကျပ် ကျသင့်ပါမယ်ခင်ဗျ)

Exp 12/21
FDA (MM Rfg No . IR F / 2019 - B1 / 350)

Address

No. 92, Ngan Tae Road, Phit Khin Qtr
Mawlamyine
12016

Opening Hours

Monday 08:00 - 21:00
Tuesday 08:00 - 21:00
Wednesday 08:00 - 21:00
Thursday 08:00 - 21:00
Friday 08:00 - 21:00
Saturday 08:00 - 21:00
Sunday 16:00 - 21:00

Telephone

+959976351642

Website

Alerts

Be the first to know and let us send you an email when အေးချမ်းသာ - ဆေးခန်းနှင့်ဆေးဆိုင် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to အေးချမ်းသာ - ဆေးခန်းနှင့်ဆေးဆိုင်:

Share

Category