Green Leaf Pharmacy

Green Leaf Pharmacy Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Green Leaf Pharmacy, Pharmacy / Drugstore, No.100/30(A) Thein Gone/Upper Main Road,Mawlamyine, Mawlamyine.

💊ဆေးနက်ကျော်💊           သွေးတိုး၊သွေးချို၊ဆီးချိုကျဆေး❇️Green Leaf ဆေးဆိုင်တွင်ဝယ်ယူရရှိနိုင်ပါသည်❇️🚗🚗Online Delivery Se...
13/07/2025

💊ဆေးနက်ကျော်💊

သွေးတိုး၊သွေးချို၊ဆီးချိုကျဆေး

❇️Green Leaf ဆေးဆိုင်တွင်ဝယ်ယူရရှိနိုင်ပါသည်❇️

🚗🚗Online Delivery Service လေးရှိလို့ page မှ မှာယူနိုင်ပါသည်ရှင့် 🥰

💌အခြားမြို့မှ ၀ယ်ယူလိုသော customerများအတွက်လည်း သက်ဆိုင်ရာကားဂိတ်သို့ ပို့ဆောင်ပေးပါတယ်ရှင့်။



#ဆေးနက်ကျော်

  ဆေးဆိုင်တွင်ဝယ်ယူရရှိနိုင်ပါသည်။
06/07/2025

ဆေးဆိုင်တွင်ဝယ်ယူရရှိနိုင်ပါသည်။

🌳 𝐺𝑖𝑛𝑘𝑔𝑜 𝑏𝑖𝑙𝑜𝑏𝑎 ခေါ်ကမ္ဘာဦးပင်အကြောင်းသိကောင်းစရာ🌳

ရုက္ခဗေဒအမည် 𝐺𝑖𝑛𝑘𝑔𝑜 𝑏𝑖𝑙𝑜𝑏𝑎 ဆိုတဲ့နာမည်ကို သရုပ်ခွဲကြည့်ရင် Ginkgo ဆိုတဲ့ genus နာမည်မှာ ‘Gin’ ဆိုတဲ့ဝေါဟာရဟာ တရုတ်ဘာသာကနေ ဆင်းသက်လာတာဖြစ်ပြီး silver (ငွေရောင်) လို့အဓိပ္ပာယ်ရပါတယ်။ kgo ဆိုတာကတော့ kyo လို့ခေါ်တဲ့ ဂျပန်ဘာသာကနေ ဆင်းသက်လာတာဖြစ်ပြီး Apricot မက်မန်းသီးလို့ဆိုပါတယ်။ ဒါကြောင့် Ginkgo ဆိုတာကတော့ ငွေရောင်မက်မန်းသီးလို့ အဓိပ္ပာယ်ရပါတယ်။ သူ့ရဲ့အသီးဟာ ငွေရောင်ရှိပြီး မက်မန်းသီးနဲ့ဆင်တူတယ်လို့ဆိုပါတယ်။ biloba ဆိုတဲ့ species နာမည်ကတော့ သူ့ရဲ့အရွက်ကလေးဟာ bi ဆိုတာ နှစ်ခုလို့ဆိုလိုပြီး lobe ဆိုတာကတော့ အရွက်ချပ်လေးကိုခေါ်တာဖြစ်ပါတယ်။ ဒါကြောင့် biloba ဆိုတာကတော့ ရွက်ချပ်လေး ၂ ခုရှိတဲ့ အရွက်လို့ အဓိပ္ပာယ်ရပါတယ်။ ဒါ့ကြောင့် 𝐺𝑖𝑛𝑘𝑔𝑜 𝑏𝑖𝑙𝑜𝑏𝑎 ဆိုတဲ့နာမည်ဟာ တရုတ်နဲ့ဂျပန် နာမည်ကပြား ဖြစ်ပါတယ်။ အင်္ဂလန်မှာတော့ Maiden hair tree လို့ခေါ်ပါတယ်။ သူ့ရဲ့အရွက်ဟာ မိန်းကလေးဆံပင်နဲ့တူလို့ ဖြစ်ပါတယ်။ မြန်မာလို “ကညာကေသာ” လို့ခေါ်ရခြင်းဟာလဲ ဒါကိုပဲရည်ညွှန်းပါတယ်။ ကမ္ဘာဦးပင်လို့လဲ ခေါ်ပါသေးတယ်။

ကျောက်ဖြစ်ရုပ်ကြွင်းတွေကို လေ့လာတဲ့အခါမှာ ပင်စည်နဲ့ အရွက်တွေကို လွန်ခဲ့တဲ့နှစ်ပေါင်းသန်း ၂၀၀ လောက်ကတည်းက ဖြစ်တည်ခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် ကမ္ဘာကြီးစတင်ခဲ့တဲ့ ခေတ်ဦးပိုင်းကတည်းက ပေါ်ပေါက်ခဲ့တဲ့အပင်မို့လို့ ကမ္ဘာဦးပင်လို့ ခေါ်ခြင်းဖြစ်ပါတယ်။ ဒီနေ့ လက်ခံထားတာကတော့ ကမ္ဘာပေါ်မှာ ပထမဆုံးပေါ်ခဲ့တဲ့ အပင်ဖြစ်ပြီး ဒီကနေ့အထိ မျိုးပျောက်ဆုံးမသွားဘဲ ဆက်လက်တည်ရှိနေတဲ့အပင်ဆိုလို့ 𝐺𝑖𝑛𝑘𝑔𝑜 𝑏𝑖𝑙𝑜𝑏𝑎 အပင်ဟာ အကောင်းဆုံးဥပမာဖြစ်ပါတယ်။ အစောဆုံးပေါ်ခဲ့တဲ့အပင်လို့ ပြောနိုင်ပါတယ်။ ဒါကြောင့်လဲ ဒီအပင်မှာ ထူးခြားချက်တွေနဲ့ ပြည့်နေပါတယ်။

နံပါတ် (၁) ကတော့ ကမ္ဘာပေါ်မှာ ပထမဆုံးပေါ်ခဲ့တဲ့အပင် နှစ်သန်းပေါင်း ၂၀၀ ကတည်းက စတင်ပေါ်ပေါက်ခဲ့တဲ့အပင်ဖြစ်ပြီး ဒီနေ့အထိ မျိုးမသုန်းသေးတာဟာ ထူးခြားချက်တစ်ခု ဖြစ်ပါတယ်။

(၂) သူ့မှာ တခြားရုက္ခဗေဒအပင်တွေလိုမဟုတ်ဘဲ ဆွေမရှိမျိုးမရှိတစ်ကောင်ကြွက်ဖြစ်ပါတယ်။
Division, Class, Order, Family, Genus, Species အားလုံးမှာ အပင်တစ်ပင်ထဲရှိပါတယ်။ ဒါဟာ တစ်ခုတည်းသော ထူးခြားချက်ဖြစ်ပါတယ်။

(၃) အပင်မှာ အဖိုပင်၊ အမပင်ရယ်လို့ သီးခြားရှိပါတယ်။ အမပင်ကတော့ အသီးသီးပြီး အဖိုပင်နဲ့ ဝတ်မှုန်ကူးခါ မျိုးအောင်တဲ့မျိုးစေ့တွေကို ရပါတယ်။ အဲ့ဒီမျိုးကိုပျိုးပြီးစိုက်လို့ ရပါတယ်။ အဖိုပင်တစ်မျိုးထဲပဲဖြစ်ဖြစ် အမပင်တစ်မျိုးတည်းပဲဖြစ်ဖြစ် ရှိရင်လဲ ကိုင်းထိုးစိုက်ရင် ပေါက်တဲ့အတွက် မျိုးဆက်ထိန်းသိမ်းရာမှာ များစွာအထောက်အကူပြုတာတွေ့ရပါတယ်။

(၄) နောက်ထူခြားချက်တစ်ခုက အပင်ဟာ နှစ်ပေါင်းများစွာခံပြီး သဘာဝအလျောက် သေဆုံးခြင်းမရှိတဲ့အပင်ဖြစ်ပါတယ်။ အင်္ဂလန်နိုင်ငံ Bath မြို့မှာနှစ်ပေါင်း ၁၀၀၀ ကျော်တဲ့အပင်ကြီးကို ထိန်းသိမ်းထားပါတယ်။ တရုတ်၊ ဂျပန်၊ ကိုရီးယားတို့မှာလဲ နှစ်ပေါင်းရာချီတဲ့အပင်တွေ ဒီနေ့အထိ ရှိနေဆဲဖြစ်ပါတယ်။ ဒါဟာ ဘာကြောင့်လဲဆိုတော့ သူ့ကို သဘာဝပိုးကောင်တွေ ဖျက်ဆီးနိုင်ခြင်းမရှိလို့ပဲဖြစ်ပါတယ်။
ဒါ့အပြင် ဒီကနေ့ကြုံတွေ့နေရတဲ့ Air Pollution ဒဏ်ကိုလဲ ခံနိုင်ရည်အရှိဆုံးအပင်လို့ ဆိုပါတယ်။ Pollution air ကိုစုပ်ယူပြီး ပြန်သန့်စင်တဲ့ အောက်ဆီဂျင်ကိုပြန်ထုတ်ပေးနိုင်လို့ လူနေထူထပ်တဲ့မြို့ကြီးတွေမှာ သူ့ကိုအဓိကထားပြီး ပြောင်းလဲစိုက်ပျိုးလာတာတွေ့ရပါတယ်။ ဥပမာ တရုတ်ပြည်မှာဆို Beijing, Shanghai တို့ ကိုရီးယားမှာဆို Seoul တို့ Busan တို့မှာဆို တစ်မြို့လုံး Ginkgo ပင်တွေနဲ့ပြည့်နေပါတယ်။

အစောဆုံးအထောက်အထားအနေနဲ့ ဒီကနေ့တရုတ်ပြည် Shanghai ဒေသဖြစ်ပါတယ်။ နောက်မှ ကိုရီးယားတို့ ဂျပန်တို့ကို ပြန့်နှံ့ရောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။ အခုတော့ ဥရောပရော အမေရိက တိုက်ပါမကျန် တစ်ကမ္ဘာလုံးမှာ စိုက်ပျိုးကြတာတွေ့ရပါတယ်။ အေးပြီးစွတ်စိုတဲ့ ရာသီဥတုရှိရင် ပေါက်ပါတယ်။ များသောအားဖြင့်တော့ပေ ၅၀နဲ့ ၁၀၀ ကြားမှာ တွေ့ရလေ့ရှိပါတယ်။ သက်တမ်းရင့်တဲ့ အပင်တွေကတော့ ပေ ၁၅၀ လောက်အထိရှိပါတယ်။ သဘာဝအလျောက်လည်းတွေ့ရတတ်ပါတယ်။ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ တနင်္သာရီတိုင်းဒေသအချို့မှာ တွေ့နိုင်ပါတယ်။ ဒါပေမယ့် သိပ်ပေါပေါများများတော့ မတွေ့ရပါဘူး။

စိုက်မယ်ဆိုရင်လည်း ကောင်းကောင်းဖြစ်ပါတယ်။ သာဓကအနေနဲ့ ပြင်ဦးလွင် အမျိုးသားကန်တော်ကြီးဥယျာဉ်မှာ စိုက်ပျိုးထားတာတွေရှိပါတယ်။ ကျွန်တော်ကိုယ်တိုင် တရုတ်ပြည်က မျိုးယူပြီး ပြင်ဦးလွင်အနီးစခန်းဒေသမှာ အပင်၂၀၀၀ ကျော်စိုက်ပျိုးထားတာ ၁၅ နှစ်သားလောက်ရှိနေပါပြီ။
ပြီးတော့ ကချင်ပြည်နယ် ပန်ဝါအထူးဒေသမှာ မူးယစ်ဆေးဝါးအစားထိုးသီးနှံအဖြစ် ဂျပန်နိုင်ငံအကူအညီနဲ့ အပင်ပေါင်းတစ်သိန်းကျော်စိုက်ပျိုးထားတယ်လို့လဲ ဒေသခံပညာရှင်များက ပြောပါတယ်။ ကျွန်တော်ကိုယ်တိုင်တော့ မရောက်ဖူးသေးပါဘူး။

အပင်ရဲ့ စားလို့ရတဲ့အစိတ်အပိုင်းကတော့ အစေ့ဖြစ်ပါတယ်။ အစေ့ကို အခြောက်ခံပြီးစားရင် အလွန်ပဲစိမ့်ပါတယ်။ ကြက်သားတို့ဘဲသားတို့နဲ့ ဟင်းချက်စားလို့လဲရပါတယ်။ ဆေးဖက်ဝင်တဲ့ အစိတ်အပိုင်းကတော့ အရွက်ဖြစ်ပါတယ်။ ဒါပေမယ့် အပင်သက်တမ်း 10 နှစ်ကျော်မှ အရွက်မှာ ဆေးဖက်ဝင်အာနိသင်ပြည့်ပြည့်၀၀ရရှိပါတယ်။ အပင်နုရင်တော့ ဆေးဖက်ဝင်အာနိသင် ပါဝင်မှုလျော့နည်းမှာဖြစ်ပါတယ်။

အဓိကပါတာကတော့ flavonoid နဲ့ terpenoids တို့ဖြစ်ပါတယ်။ အရွက်ကနေ extract လုပ်ရာမှာ စံသတ်မှတ်ချက်အနေနဲ့ Flavonoid glycoside 24% အနည်းဆုံးပါဝင်ရမှာဖြစ်ပြီး Terpene Lactones ကတော့ 6% ပါဝင်ရမှာဖြစ်ပါတယ်။ ဒါကို EGb 761 လို့ခေါ်ပါတယ်။ ဒါမှအဆင့်မီတယ်လို့ သတ်မှတ်ပါတယ်။

အဓိကကတော့ သွေးကြောလေးတွေထဲမှာ သွေးလှည့်ပတ်မှုကောင်းအောင် ပြုလုပ်ပေးခြင်းဖြစ်ပါတယ်။ သဘာဝဆေးဝါးတွေထဲမှာတော့ အထိရောက်ဆုံး၊ အစွမ်းထက်ဆုံးဖြစ်ပါတယ်။ ဓာတုဗေဒဆေးဝါးတွေထက်လဲ အများကြီးသာပါတယ်။ ဒီလိုဆောင်ရွက်ရာမှာ နည်းလမ်းပေါင်းများစွာနဲ့ ဆောင်ရွက်ပါတယ်။

(၁) Anti-platelet action - သွေးကိုမခဲအောင်ဆောင်ရွက်ပေးပါတယ်။ သွေးခဲပြီး သွေးကြောပိတ်ရင် လေဖြတ်တာတို့ နှလုံးသွေးကြောပိတ်ပြီး Heart attack ရတာတို့ မဖြစ်အောင်ကာကွယ်ပေးပါတယ်။

(၂) Prevent atherosclerosis - သွေးကြောထူလာတာဟာ LDL oxidation ကြောင့်ဖြစ်ပါတယ်။ သူက antioxidant ဖြစ်လို့ ဟန့်တားထားပါတယ်။ သွေးကြောနံရံတွေ ထူမလာအောင် ဟန့်တားထားပါတယ်။ နံရံတွေထူလာမယ် မာလာမယ်ဆိုရင် သွေးကြောတွေကျဉ်းပါတယ်။ သွေးကြောကျဉ်းရင် သွေးဖိအား များလာပြီး သွေးတိုးရောဂါရနိုင်သလို လေဖြတ်တာလဲဖြစ်နိုင်ပါတယ်။

(၃) Microcirculation လို့ခေါ်တဲ့ ဆံချည်မျှင်သွေးကြောတွေကို ဖွင့်ပေးတဲ့အတွက် သွေးလှည့်ပတ်မှုကောင်းပြီး တစ်သျှူးတွေကို Oxygen ကောင်းစွာရရှိစေနိုင်ပါတယ်။

အသုံးပြုနိုင်တဲ့ ရောဂါများအနေနဲ့
(၁) Hypertension (သွေးတိုးရောဂါ)
(၂) Occlusive stroke (သွေးကြောပိတ်၍လေဖြတ်ခြင်း)
(၃) Impaired memory (မှတ်ဉာဏ်လျော့နည်းလာခြင်း)
(၄) Alzheimer (အသက်အရွယ်ကြီးရင့်သူများတွင် ဦးနှောက် အတွင်းရှိအာရုံကြော ဆဲလ်များ တဖြည်းဖြည်းပျက်ဆီးသေဆုံးသောရောဂါ)
(၅) Vertigo (မူးဝေခြင်း) နှင့် Motion sickness (or) Altitude sickness (ကား၊ ရထား၊ လေယာဉ်ပျံမူးခြင်း)
(၆) Intermittent claudication (ခြေထောက်နှစ်ဖက်ထုံကျဉ်ခြင်း၊ လမ်းလျှောက်လျှင် နာကျင်ကိုက်ခဲခြင်း)
(၇) Impotence and erectile dysfunction (အမျိုးသားများ ပန်းသေပန်းညှိုးဖြစ်ခြင်း)
တို့အတွက် အကျိုးရှိပါတယ်။

သူ့ကို အသက်၅၀ ကျော်တဲ့ မည်သူမဆိုသောက်သင့်ပါတယ်.။ ဘာဖြစ်လို့လဲဆိုတော့ အသက် ၅၀ ကျော်ရင် လူတိုင်းလူတိုင်းသွေးကြောတွေ တဖြည်းဖြည်းကျဉ်းလာလို့ဖြစ်ပါတယ်။ အထူးသဖြင့် ဦးနှောက်နဲ့အာရုံကြောကို သွားတဲ့သွေးကြောတွေ ကျဉ်းမသွားအောင် ကာကွယ်တဲ့အနေနဲ့ သောက်မယ်ဆိုရင် များစွာအကျိုးရှိပါတယ်။

အခုချိန်မှာ Ginkgo leaf ကနေ extract ထုတ်ပြီး ဆေးဝါးအဖြစ် အလွယ်တကူသောက်သုံးနိုင်ပြီဖြစ်ပါတယ်။ တစ်နေ့ကို 120 mg လိုအပ်ပြီး 60 mg ပါတဲ့ capsule ဆိုရင်တော့ တစ်နေ့ ၂ ကြိမ်၊ 40 mg ပါတဲ့ဆေးပြားဆိုရင်တော့ တစ်နေ့ (၃)ကြိမ် အစာမစားမီသောက်ရပါမယ်။ အကယ်၍ အစာအိမ်နာရှိရင်တော့ အစာလေးတစ်ခုခုစားပြီးမှ သောက်ရမှာဖြစ်ပါတယ်။

ဆေးအများစုနဲ့တော့ တွဲသောက်လို့ရပါတယ်။ ဒါပေမယ့် တွဲမသောက်သင့်တဲ့ဆေးတွေလဲရှိပါတယ်။
ဒါတွေကတော့
(၁) Antiplatelet drugs (သွေးကျဲဆေးများ ဥပမာ- Aspirin ,warfarin)
Ginkgo biloba ဟာ သွေးကျဲစေတတ်ပါတယ်။ ဒါကြောင့် သူ့ကိုသောက်ရင် အခြားသွေးကျဲဆေးများသောက်ရန်မလိုပါ။ အကယ်၍ အရင်ကသောက်ခဲ့ရင် ဖြတ်ရမှာဖြစ်ပါတယ်။ အတူတူတွဲသောက်ရင် သွေးပိုပြီးကျဲသွားနိုင်တဲ့အတွက် သွေးယိုစီးမှုတွေ ဖြစ်နိုင်လို့ဖြစ်ပါတယ်။

(၂) Vitamin E
အခုချိန်ခါမှာ Vitamin E ကို လူတော်တော်များများ သောက်လေ့ရှိပါတယ်။ dose နည်းရင် သိပ်ပြဿနာမရှိပါ။ 100 IU ထက်နည်းရင် တွဲသောက်လို့ရပါတယ်။ ဒါပေမယ့် 400 IU ထက် ပိုပြီးသောက်တဲ့သူတွေဆိုရင်တော့ နှစ်ခုထဲက တစ်မျိုးပဲသောက်ရမှာဖြစ်ပါတယ်။

ဒေါက်တာခင်မောင်လွင် (FAME)

ကမ်းဇော်ဆီဆိုတာနဲ့ မကြားဖူးသူမရှိသလောက် ဆေးစွမ်းထက်ပြီး ရှားပါးအဖိုးတန်တဲ့ ဆေးဖက်ဝင်ဆေးဆိုတာ သိကြမှာပါ ✨"စီလ" က အဲ့ဒီလို...
29/06/2025

ကမ်းဇော်ဆီဆိုတာနဲ့ မကြားဖူးသူမရှိသလောက် ဆေးစွမ်းထက်ပြီး ရှားပါးအဖိုးတန်တဲ့ ဆေးဖက်ဝင်ဆေးဆိုတာ သိကြမှာပါ ✨

"စီလ" က အဲ့ဒီလိုမျိုး ကမ်းဇော်ဆီတွေကို အရောအနှောမရှိ အဆင့်ဆင့် သန့်စင်စီစစ်ပြီး ဒဏ်ကြေလိမ်းဆေးအဖြစ်ပြန်လည် ထုတ်လုပ်ထားတာပဲဖြစ်ပါတယ် 🤗

အရိုးအကြောအဆစ်အမြစ် ရောင်ရမ်းခြင်း၊ ဒူးနာ၊ ခါးနာခြင်း၊ ဇက်ကြောတက်၊ ကျီးပေါင်း၊ လေးဖက်နာ၊ အရွတ်ရောင်၊ လေဖြန်း စတဲ့ ရောဂါဝေဒနာတွေကို လိမ်းပေးခြင်းဖြင့် သက်သာပျောက်ကင်းစေပါတယ် 💁

ဒါ့အပြင် ဘေးထွက်ဆိုးကျိုးမရှိတာမို့လို့ လူကြီး၊ လူငယ်အားလုံး ယုံကြည်စိတ်ချစွာဖြင့် အသုံးပြုနိုင်ပါတယ် 😉

❇️Green Leaf ဆေးဆိုင်တွင်ဝယ်ယူရရှိနိုင်ပါသည်❇️

🚗🚗Online Delivery Service လေးရှိလို့ page မှ မှာယူနိုင်ပါသည်ရှင့် 🥰

💌အခြားမြို့မှ ၀ယ်ယူလိုသော customerများအတွက်လည်း သက်ဆိုင်ရာကားဂိတ်သို့ ပို့ဆောင်ပေးပါတယ်ရှင့်။


pharmacy
#လိမ်းဆေးဖြစ်တဲ့အတွက်သောက်သုံးရန်မသင့်ပါ

29/06/2025

အသက်ရှည်နုပျိုစေဖို့ ဗီတာမင်များရဲ့အရေးပါပုံ

ဗီတာမင်များကို မြန်မာတို့က သက်စောင့်ဆေးဟုလည်း တင်စားခေါ်ဝေါ်လေ့ရှိသည်။ ဗီတာမင် အမျိုးအစား များစွာရှိရာ အဓိကအနေနှင့် ရေတွင်ပျော်ဝင်သော ဗီတာမင်များ (Water-soluble vitamins) နှင့် ဆီတွင်ပျော်ဝင်သော ဗီတာမင်များ (Fat-soluble vitamins) ဟူ၍ အုပ်စု (၂) ခုခွဲထားသည်။ အဆိုပါ ဗီတာမင်များအားလုံးသည်ရှိသင့်သည့် ပမာဏအတိုင်းရှိပါမှ ကျန်းမာပြီးအသက်ရှည်နိုင်မည်ဖြစ်သည်။ ဗီတာမင်တစ်မျိုးသည် ရှိသင့်သည့်ပမာဏအောက် လျော့နည်းနေပါက အဆိုပါဗီတာမင် ချိုတဲ့သည့် ရောဂါလက္ခဏာများကို တွေ့ရှိခံစားရပေလိမ့်မည်။ ထိုအခါ အဆိုပါဗီတာမင်ကို ပြန်လည်ဖြည့်တင်းပေးပါမှ အဆိုပါရောဂါလက္ခဏာများ သက်သာပျောက်ကင်းသွားမည်ဖြစ်ပြီး အဆိုပါဗီတာမင် ချို့တဲ့မှန်းမသိဘဲ အခြားရောဂါထင်ပြီး ဆေးကုနေပါက အနာတခြား ဆေးတခြားဖြစ်ကာ ရောဂါလည်းသက်သာမည် မဟုတ်ပေ။ ဥပမာအားဖြင့် သစ်သီးနှင့် ဟင်းသီးဟင်းရွက်များ အစားနည်းသူများသည် ဗီတာမင်စီ ချို့တဲ့နေတတ်ပါသည်။

ထိုအခါ ဗီတာမင်စီ ချို့တဲ့သည့်လက္ခဏာဖြစ်သော သွားဖုံး၌သွေးထွက်ခြင်း၊ အရေပြား၌ အညိုရောင်အကွက်များ ပေါ်လာတတ်ခြင်း၊ အနာကျက်နှေးခြင်း အစရှိသည့်လက္ခဏာများ ကြုံတွေ့ရလေ့ရှိသည်။ အဆိုပါလူနာများကို ဗီတာမင်စြွီကယ်ဝသည့် ချဉ်ပြီးအရည်ရွှမ်း သော သစ်သီးများစားစေခြင်း သို့မဟုတ် ဗီတာမင်စီဆေးပြားများ သောက်စေခြင်းဖြင့် အဆိုပါ ရောဂါလက္ခဏာများ ခဏအတွင်း သက်သာပျောက်ကင်းသွားပေလိမ့်မည်။ ထို့ကြောင့် ဗီတာမင်အားလုံးသည် ကျန်းမာရေးအတွက် လွန်စွာမှ အရေးပါလှသည်။ အသက်ရှည်လိုသူများအနေနှင့် မိမိ၏ခန္ဓာကိုယ်တွင်း၌ ဗီတာမင်များ ပြည့်ဝစွာရှိနေဖို့ အရေးကြီးလှပါသည်။

အဆိုပါဗီတာမင်များသည် ခန္ဓာကိုယ်တွင်း ဇီဝကမ္မဖြစ်စဉ်၌ နေ့စဉ်အသုံးပြုနေရသဖြင့် နေ့စဉ်လိုအပ်လျက် ရှိနေပါသည်။ အချို့သော ဗီတာမင်များမှာ ခန္ဓာကိုယ်တွင်း သိုလှောင်ထားနိုင်သဖြင့် တစ်ခါတည်းများများစားထားလျှင် နောက်ရက်များတွင် မစား ဖြစ်ပါကလည်း ပြဿနာမရှိပေ။ အထူးသဖြင့် ဆီ၌ပျော်ဝင်သော ဗီတာမင်များသည် ခန္ဓာကိုယ်အတွင်းရှိ အဆီများ၌ပျော်ဝင်လျက် သိုလှောင်ထားနိုင်သည်။ အချို့သော ဗီတာမင်များကို အသည်း၌ သိုလှောင်ထားနိုင်သည်။ သို့ရာတွင် အချို့သောဗီတာမင်များ (ဥပမာ ဗီတာမင်ဘီအုပ်စုနှင့် ဗီတာမင်စီ) မှာမူ ခန္ဓာကိုယ်တွင်း၌ သိုလှောင်ထားနိုင်ခြင်းမရှိ၍ နေ့စဉ်စားသောက်နေသည့် အစားအစာတွင် ပုံမှန်ပါဝင်နေရန် လိုအပ်ပါသည်။ ဤနေရာတွင် အရေးကြီးသည့်အချက်တစ်ခုကို တင်ပြလိုပါသည်။ လူတို့ နေ့စဉ်သွားလာ လှုပ်ရှားဖို့နှင့် ကျန်းမာစေဖိို့ လိုအပ်သောဗီတာမင်ပမာဏနှင့် အသက်ရှည်စေရန်လိုအပ်သည့် ဗီတာမင်ပမာဏမှာ ကွာခြားမှုရှိသည် ဆိုသည့်အချက်ဖြစ်ပါသည်။ ဥပမာအားဖြင့် ဗီတာမင်စီသည် နေ့စဉ်လိုအပ်ချက်မှာ ၇၅-၉ဝ မီလီဂရမ်သာဖြစ်သော်လည်း အသက် ရှည်စေရန်အတွက် အင်တီအောက်ဆီဒင့်အာနိသင် ရရှိဖို့လိုအပ်ရာ တစ်နေ့လျှင် ၁၀၀၀-၂၀၀၀ မီလီဂရမ်အထိ လိုအပ်မည်ဖြစ်ပါသည်။ အခြားသော ဗီတာမင်များမှာလည်း ထိုနည်းအတူတူ ဖြစ်ပါသည်။ အချို့သော ဗီတာမင်များမှာ လိုသည်ထက် ပို၍စားသုံးပါက ခန္ဓာကိုယ်ကို အဆိပ်အတောက် ဖြစ်စေနိုင်ပါသည်။ အထူးသဖြင့် ဆီ၌ပျော်ဝင်သော ဗီတာမင်များသည် ခန္ဓာကိုယ်က ပိုလျှံနေသော ပမာဏကို စွန့်ထုတ်နိုင်ခြင်း မရှိ၍ ကျန်းမာရေးပြဿနာ ပေးနိုင်ပါသည်။ အဆိုပါ ဗီတာမင်များ၏ ပုံမှန်ကျန်းမာရေးအတွက် နေ့စဉ်လိုအပ်သည့် ပမာဏနှင့် အသက်ရှည်နုပျိုစေရန် လိုအပ်သည့် ပမာဏတို့ကို အောက်ပါဇယားတွင် ဖော်ပြထားပါသည်။

ဒေါက်တာခင်မောင်လွင် (FAME)
"ဇရာကိုအန်တုခြင်း" စာအုပ်မှ ထုတ်နုတ်ဖော်ပြပါသည်။

 #ဒုတိယ အသုတ် အဝင် #မာလာအစပ်ထုပ်   မှာ နံမည်ကြီးနေတာလေး ဆိုင်မှာရပြီးနော်ထမင်းပူပူနဲ့ စားခေါက်ဆွဲနဲ့ စားရေညိုနဲ့ စားဒီအတ...
19/06/2025

#ဒုတိယ အသုတ် အဝင်

#မာလာအစပ်ထုပ် မှာ နံမည်ကြီးနေတာလေး ဆိုင်မှာရပြီးနော်

ထမင်းပူပူနဲ့ စား
ခေါက်ဆွဲနဲ့ စား
ရေညိုနဲ့ စား
ဒီအတိုင်းလဲ စား
စားချင်သလိုစားလို့ရတာလေး😋

🧡လိမော်ရောင်က အစပ်ပေါ့
❤️အနီရောင်က အစပ်ကြိုက်သူများအတွက်

❗️တစ်ထုပ် - ၅၀၀၀ ကျပ်🫶

❇️Green Leaf ဆေးဆိုင်တွင်ဝယ်ယူရရှိနိုင်ပါသည်❇️

🚗🚗Online Delivery Service လေးရှိလို့ page မှ မှာယူနိုင်ပါသည်ရှင့် 🥰

💌အခြားမြို့မှ ၀ယ်ယူလိုသော customerများအတွက်လည်း သက်ဆိုင်ရာကားဂိတ်သို့ ပို့ဆောင်ပေးပါတယ်ရှင့်။

#မာလာအစပ်ထုတ်
#ခုရိုက် ခုတင်

 #ခုရိုက် ခုတင် #ဒုတိယ အသုတ်  #မာလာလေးတွေ ရပါပြီး1 pcs - 5000 ကျပ်ဆိုင်မှာ လာဝယ်လို့ရပါပြီး😇
19/06/2025

#ခုရိုက် ခုတင်

#ဒုတိယ အသုတ် #မာလာလေးတွေ ရပါပြီး

1 pcs - 5000 ကျပ်

ဆိုင်မှာ လာဝယ်လို့ရပါပြီး😇

16/06/2025

ငါးမုတ်ဖြူနှင့် ငါးမုတ်မဲသည် စျေးကွက်ဝင် အမျိုးအစားဖြစ်သည်။
🐠🐠🐠🐠🐠🐠🐠🐠🐠🐠🐠🐠🐠🐠🐠🐠

မြန်မာနိုင်ငံရှိ အရသာကောင်းသော ရေငန်ငါးများတွင် ငါးမုတ်ဖြူနှင့် ငါးမုတ်မဲလည်း ပါဝင်သည်။ ငါးမုတ်ကို ရခိုင်ကမ်းခြေနှင့် တနင်္သာရီကမ်းခြေတို့၌ အများအပြားဖမ်းဆီးရမိသည်။ ငါးမုတ်သည် Family Stromateidae အုပ်စုတွင်ပါဝင်ပြီး မျိုးစိတ်အားဖြင့် (၂၀) ခန့်ရှိရာ ငါးမုတ်ဖြူ (သို့) ငွေရောင် ငါးမုတ် Pampus argentenus နှင့် Parastromateus niger ငါးမုတ်မဲ နှစ်မျိုးစလုံးသည် ရခိုင်နှင့် တနင်္သာရီကမ်းရိုးတန်း ဒေသတို့တွင် အများဆုံးတွေ့ရှိရသည်။ ငါးမုတ်မျိုးသည် အရွယ်ငယ်ပြီး ကိုယ်ခန္ဓာပြားသောငါးမျိုး ဖြစ်သည်။

🐟ငါးမုတ်ကို Indo West Pacific ဒေသ ပါရှန်းပင်လယ်ကွေ့မှ အင်ဒိုနီးရှားထိ၊ ဂျပန်နိုင်ငံ Hokkaido ဒေသထိ ပြန့်နှံရောက်ရှိသည်။ ငါမုတ်ငါးမျိုးများတွင် အထီးများမှာ အမထက် ဦးစွာအရွယ်ရောက်ကြ၍ အရွယ်အစားအားဖြင့် အရွယ်ရောက်မှု Maturity Length မှာ (၂၂-၂၆)စင်တီမီတာခန့်နှင့် အမများမှာ (၁၈-၂၅) စင်တီမီတာ ရှိတတ်သည်။ ငါးမုတ်ကို အမြင့်ဆုံးအလျားမှာ Maximum Length ၆၀ စင်တီမီတာ အထိတွေ့ရသည်။ အများဆုံးတွေ့ရှိရသည့် ငါးမုတ်များ၏အရွယ်အစားမှာ ၃၀ စင်တီမီတာခန့်ဖြစ်သည်။ သက်တမ်းမှာ ၇ နှစ်ခန့်ထိရှိပြီး ခန္ဓာကိုယ်ပြား၍ လုံးဝန်သည်။ အပေါ်အောက် အချိုးညီစွာ ခုံးလျက်ပုံသဏ္ဌာန်ရှိသည်။ ခန္ဓာကိုယ်၏ အပေါ်ဖက်ပိုင်းမှာ မီးခိုးရောင်သန်း၍နေပြီး တဖြည်းဖြည်း အောက်ဖက်တွင်ငွေရောင်သန်းကာ ဝမ်းဗိုက်ဖက်တွင် အဖြူရောင်ဖြစ်သည်။

ငါးမုတ်များကို ရေချိုရေငန်စပ်ရှိရာ ကမ်းနီးဒေသ ရွှံ့နွံပေါသည့် Esturaries မျိုးတွင်အုပ်စုလိုက် တွေရလေ့ရှိသည်။ အရွယ်ရောက်ပြီး ငါးမုတ်များသည် ctenophores, salps, medusae, jelly fish နှင့် Zooplankton များကို စားသုံးကြပြီး နွေဦးပေါက်ရာသီ ဧပြီ၊ မေ လများတွင်မိတ်လိုက်ကြသည်။ သားပေါက်ရာသီမှာ ဧပြီလမှ စက်တင်ဘာလအထိဖြစ်ပြီး မေ၊ ဇွန်၊ ဇူလိုင်လများသည် Peak Season သားပေါက်အကောင်းဆုံး လများဖြစ်သည်။ အမတစ်ကောင်လျှင် ပျမ်းမျှ ဥ အလုံးရေ ၅၀၀၀၀ မှ ၁၀၀၀၀၀ ခန့်ထိ ဥချလေ့ရှိသည်။ ငါးမုတ်ငါးမျိုး၏ ဥအလေးချိန် ၁ ဂရမ်တွင် ဥအလုံးရေ ၃၅၀ ခန့်ထိရှိသည်ကို တွေ့ရှိရသည်။ သားပေါက်သည့်ရာသီတွင် ရေအပူချိန်မှာ ပျမ်းမျှ ၂၈-၃၀ ဒီဂရီစင်တီဂရိတ်ရှိပြီး၊ ရေအငန်နှုန်းမှာ Salinity 30-35 ppt ရှိသည်။ ငါးမုတ်ဖြူသည် စျေးကောင်းရသည့် တန်ဖိုးကြီးငါး Table Fish ဖြစ်သဖြင့် အလွန်အကျွံဖမ်းဆီးခြင်းများ၊ ရာသီဥတုပြောင်းလဲမှုများကြောင့် ဂေဟဗေဒစနစ်များ ပျက်စီးယိုယွင်းလာခြင်းများတို့ကြောင့် ဖမ်းဆီးရရှိမှု လျော့နည်းကျဆင်းလာသည်။

🐟ငါးမုတ်ဖြူသည် ငါးမုတ်မဲထက် အရသာပိုမိုကောင်းမွန် သောငါးဖြစ်၏။ ရခိုင်ဒေသတွင် ငါးယုဇနဟူ၍ လည်းကောင်း၊ တနင်္သာရီ တိုင်းတွင် ငါးမုတ်ဟူ၍လည်းကောင်း ခေါ် ဆိုကြသည်။ ငါးမုတ်ဖြူကို အဂ်လိပ်အမည်အားဖြင့် “White Pomfret” ခေါ် “Silver Pomfret” ဟုခေါ်ဆိုကြပါသည်။ ကိုယ်

အလွန်ပြား၍ ကျယ်ပြန့်၏။ အမြီးခွ စောက်နက်၏။ အရောင်မှာ အဖြူဖြစ်သော်လည်း ကျောတစ်လျှောက်တွင် မွဲပြာရောင်သန်းနေ၏။

ငါးမုတ်ဖြူငါးသည် ကမ်းနီးတွင် ကျက်စားနေနိုင်သော ငါးမျိုးစေ့ဖြစ်သည်။ ရွှံနွံထူသော ပင်လယ်ကြမ်းပြင်တွင် အုပ်စုလိုက်နေထိုင်ပါသည်။အကောင်မျှောလှေးများကို စားသောက်လေ့ရှိပြီး အရေးပါသော စျေးကွက်ဝင်ငါးမျိုးစိတ်ဖြစ်သည်။ ဒေသတွင်းစျေးကွက်တွင် လတ်လတ်ဆတ်ဆတ်ရောင်းချခြင်းဖြင့် စီးပွားရေးအရ အရေးပါသည်။ ဖမ်းယူရရှိနိုင်သော ငါးဖမ်းကိရိယာမှာ အောက်ခြေတွင်အသုံးပြုသော ဒရွတ်ဆွဲပိုက်ဖြစ်ပါသည်။ ငါးမုတ်ဖြူ၏ ကိုယ်ထည်သည် ခိုင်မာသည့်ပုံစံဖြစ်ပြီး ဘေးတိုက်အလွန်ပြားပြီး ဘဲဥပုံစံရှိပါသည်။

🐟ငါးမုတ်ဖြူငါးသည် ပါးဟက်မရှိပါ။ ဆုတ်ယုတ်နေသော ပါးဟက်ဖုံးရှိပြီး ပါးဟက်အက်ကွဲကြောင်းသည် ကိုယ်ထည်ဘေးဘက်တွင် ရှိပါသည်။ ပါးဟက်အဖုံးသည် ဘေးဖက်တွင်ရှိပြီး မြင့်မားသောကိုယ်ထည်နှင့် ဆက်သွားပါသည်။ ကျောရေယက်နှင့် အမြီးရေယက်သည် အနည်းငယ်ရှေ့နောက်ရောက်နေပါသည်။ အမြီးရေယက်သည် ခရင်းခွပုံစံ ထင်ရှားစွာရှိနေပါသည်။ အမြီး၏ အောက်အဝိုက်သည် အပေါ်အဝိုက်ထက် အနည်းငယ်ပိုကြီးပါသည်။

ကျောဖက်အရောင်သည် မီးခိုးရောင်ရှိပြီး ဝမ်းဖက်သည် ငွေရောင်ဖြစ်သည်။ အဖြူရောင် အစက်သေးများသည် ကိုယ်ပေါ်တွင် ပါရှိပါသည်။ရေယက်များသည် အဝါရောင်ဖျော့ဖျော့ပါရှိသည်။ အများဆုံး ကိုယ်ထည်အရှည်သည် ၆၀ စင်တီမီတာတွေ့ရပြီး အများဆုံးတွေ့ရသောအလျားသည် ၃၀ စင်တီမီတာ ဖြစ်ပါသည်။ ငါးမုတ်ဖြူကို လတ်ဆတ်စွာကြော်စားခြင်း၊ ချက်စားခြင်းဖြင့် ပရိုတင်းဓာတ်ပြည့်ဝစွာရရှိပြီး ဉာဏ်ရည်ဖွံ့ဖြိုးစေပါသည်။

ငါးမုတ်မဲကို တနင်္သာရီတိုင်းတွင် ငါးမုတ်ဖြူ၍ပင်ခေါ် ဆိုသည်။ ရခိုင်တွင်မူ ယုဇနသမ္ဘူဟူ၍ ခေါ်ကြသည်။ ငါးမုတ်မဲကို အဂ်လိပ်လို “”Black Pomfret” ခေါ် “Indian Buttrefish”ဟု ခေါ်ဆိုကြပြီးငါးမုတ်ဖြူနှင့် အသွင်ချင်းတူပြီး အရောင်သာလျှင် ကွဲပြား လေသည်။ ငါးမုတ်မဲ၏ အရောင်မှာ အညိုရင့်ရောင် သို့မဟုတ် မွဲပြာရင့်ရောင် ဖြစ်သည်။ ဆူးတောင်များ၏ အရောင်မှာ အညိုရောင်ဖြစ်

သည်။ အမြီး၏ အရောင်သည် ဝါ၍ အညိုရောင် ကန့်လန့်စင်း ၃ ကြောင်း ရှိသည်။ ငါးမုတ်မဲသည် ငါးမုတ်ဖြူကဲ့သို့ အရသာကောင်းမွန်ခြင်း မရှိချေ။

🐟ငါးမုတ်မဲကို ရေငန်နှင့် ရေချိုရေငန်စပ်နေရာများတွင် တွေ့ရှိရပါသည်။ မြန်မာနိုင်ငံအပါအဝင် အင်ဒိုပစိဖိတ်ဒေသနှင့် ဂျပန်နိုင်ငံမြောက်ပိုင်းဒေသတို့တွင်လည်း တွေ့ရှိနိုင်ပါသည်။ ရာသီအလိုက် တွေ့ရှိရပြီး မြစ်ဝကျယ်များတွင်လည်း ဝင်ရောက်သွားလာနေထိုင်ပါသည်။ ငါးမုတ်ဖြူကဲ့သို့ ငါးမုတ်မဲ၏ နေထိုင်မှု အလေ့အထနှင့် စားသောက်မှုပုံစံ ဆင်တူပါသည်။ အကြီးမားဆုံးသော အရွယ်အစားမှာ ၄၀ စင်တီမီတာရှိပြီး အများဆုံးအရွယ်အစားမှာ ၂၀ စင်တီမီတာ ဖြစ်ပါသည်။ ကိုယ်ထည်ကို cycloid အရွယ်အစား အရွယ်သေးသေးဖြင့် ဖုံးထားပါသည်။ အာရုံခံနိုင်သော lateral line သည် မြင့်မားသည့်ပုံစံဖြစ်ပါသည်။

ငါးမုတ်ဖြူနှင့် ငါးမုတ်မဲသည် စျေးကွက်ဝင် အမျိုးအစားဖြစ်သည်။

*စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ပတ်သက်တာ အစိိမ်းရောင်လမ်းဆော့ဝဲမှာမေးပါ*

#ငါးမုတ်စားသောက်ပုံအမျိုးမျိုး

ငါးမုတ်ကို အကြွပ်ကြော်စားခြင်း၊ အချိုပေါင်းစားခြင်း၊ တန်ပူရာကြော်၊ ငါးမုတ်ပဲငါးပိကြော်၊ ငါးမုတ်သောက်ဆမ်း၊ ငါးမုတ် သံပုရာပေါင်း၊ ငါးမုတ်အချဥ်ဆီပြန်၊ ငါးမုတ်ကြပ်တိုက်၊ ဘာဘီကျူး စသည်ဖြင့် ပုံစံမျိုးစုံဖြင့် စားသုံးကြပြီး ငါးမုတ်ဖြူသည် ထောပတ်ရနံ့သင်း၍ နူးညံ့သောအသားရှိသဖြင့် လူအများပိုမို ကြိုက်နှစ်သက်ကြသည်။ ငါးမုတ်ငါးမျိုးသည်လည်း အဟာရဓာတ်နှင့် သတ္ထုဓာတ်များစွာပါဝင်သည့်အပြင် Omega 3 နှင့် Vitamin D များစွာပါဝင်သောကြောင့် နှလုံးရောဂါနှင့် Thyroid gland ရောဂါ ဖြစ်ပွားနိုင်ချေကို လျှော့ချပေး၍ ကျန်းမာရေးအတွက် အထူးပင်ကောင်းမွန်သော အရသာရှိသည့် လူကြိုက်များသော Table Fish ပင်လယ်စာ ငါးတစ်မျိုးဖြစ်၍ စီးပွားရေးအရအရေးပါသော တန်ဖိုးမြင့်ငါးဖြစ်သည်။

ငါးမုတ်ငါးမှာ အလယ်ရိုးတစ်ရိုးသာပါပြီး ကြော်စားပါက ကြွပ်ကြွပ်ရွရွလေးနှင့် အရမ်းအရသာရှိသော ငါးတစ်မျိူးဖြစ်သည်။ အသားများပြီး နူးညံမှုရှိသည်။ အကြေးခွံသေးသေးလေး အနည်းငယ်သာပါရှိကြပြီး အရိုးနည်းသဖြင့် အရိုးစူးမှာလည်း မပူရပေ။

#ငါးမုတ်ငါးနှင့်ကျန်းမာရေး

အိုမီဂါ-၃ သည် ပင်လယ်ငါးဖြစ်သော ငါးမုတ်များတွင် ပါရှိသော ဖက်တီး အက်ဆစ်(fatty acid) တစ်မျိုး ဖြစ်သည်။ အိုမီဂါ-၃ သည် နှလုံး ၊ ဦးနှောက်နှင့် ကြွက်သားများကို ကျန်းမာစေသည်။ နှစ်ပေါင်းများစွာကတည်းက သိပ္ပံပညာရှင်များက အိုမီဂါ-၃ သည် လူသားတို့၏ ကျန်းမာရေးကို အထောက်အကူပြုကြောင်း သိရှိလေ့လာ ဖော်ထုတ်ခဲ့ပြီး ဖြစ်သည်။

အိုမီဂါဓာတ်သည် လူ့ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်သော fatty acid ဖြစ်သည်။ လူ့ခန္ဓာကိုယ်မှ ဤအိုမီဂါဓာတ်ကို မထုတ်လုပ်နိုင်ဘဲ စားသောက်သော အစားအစာများမှသာ ရရှိနိုင်ပါသည်။

🐠ပင်လယ်ငါးဖြစ်သော ငါးမုတ်မှ ရရှိသော eicosapentaenoic acid ( EPA ) ၊ docosahexaenoic acid ( DHA ) နှင့် အပင်များမှ ရရှိသော alpha-linolenic acid ( ALA ) ဓာတ်များသည် လူသားများအတွက် အလွန်အရေးပါသော ဓာတ်များဖြစ်ကြ၏။ ၎င်း fatty acid တို့သည် လူ့ကိုယ်ခန္ဓာရှိဆဲလ်များ၏ ပတ်ပတ်လည်တွင် ရှိသော အမြှေးပါးကို ဖြစ်တည်စေသည်။ ထိုအမြှေးပါးများက ဆဲလ်များထဲသို့ မည်သည့်အရာမဆို ဝင်ရောက်ခြင်း၊ ထွက်သွားခြင်း ၊ ဆဲလ်တစ်ခုနှင့် တစ်ခု ဆက်သွယ်ခြင်းတို့ကို ထိန်းချုပ်ပေးပါသည်။ အိုမီဂါ-၃ ကြွယ်ဝနေသော ဆဲလ်များသည် အရည်ဓာတ်ပိုများပြီး မှန်ကန်စွာအလုပ်လုပ်နိုင်စွမ်းပိုရှိသည်။

ထို့အပြင် အိုမီဂါ-၃ fatty acid သည် eicosanoid ဟုခေါ်သည့် ဟိုမုန်းများ ထုတ်လုပ်ခြင်းကိုသင့်လျော်အောင် ထိန်းညှိပေးပါသည်။ အိုမီဂါ-၃ သည် ရောင်ကိုင်းခြင်း၊ သွေးကြောပိတ်ဆို့ခြင်းတို့ကို လျော့ကျစေပါသည်။ သိပ္ပံပညာရှင်များက အိုမီဂါ-၃ သည် နှလုံးရောဂါအတွက် များစွာ အရေးပါလိုအပ်ကြောင်း လေ့လာသိရှိခဲ့ကြပါသည်။ အိုမီဂါ-၃ သည် သွေးကြောများထဲတွင် သွေးကြောပိတ်ဆို့မှုကို လျော့နည်းစေပြီး နှလုံးရောဂါဖြစ်ပွားမှုကို လျော့ကျစေပါသည်။ အကယ်၍ heart attack ဖြစ်ခဲ့လျင်တောင်မှ သေစေနိုင်ခြင်းကို နည်းပါးစေပါသည်။ အိုမီဂါ-၃ သည် နှလုံးသွေးကြောများထဲတွင် သွေးကြောပိတ်ဆို့ မှုကို ဖြစ်စေသည့် အဆီဖြစ်စေခြင်းကို လျော့ကျစေပြီး မူမမှန်သော နှလုံးခုန်နှုန်းကို လျော့ကျစေပါသည်။ ထို့အပြင် မြင့်နေသော သွေးပေါင်ချိန်ကိုလည်း လျော့ကျစေပါသည်။

ထို့အပြင် အိုမီဂါ-၃ သညိ အဆစ်အမြစ် ရောင်ရမ်းကိုက်ခဲခြင်းရောဂါများကို သက်သာစေပါသည်။ နို့စို့ကလေးငယ်များအတွက် DHA ဓာတ် အရင်းအမြစ်ဖြစ်သည့် မိခင်နို့ရည်မှ လွဲ၍ ဦးနှောက်ကို ဖွံ့ဖြိုးစေသည့် ဓာတ်မှာ အိုမီဂါ-၃ ပဲဖြစ်ပါသည်။

🧑‍🔬အခြားလေ့လာ စမ်းသပ်မှုများအရ အိုမီဂါ-၃ သည် စိတ်ကျခြင်း depression မျိုးနှင့် disorder များကို လျော့နည်း သက်သာစေပြီး ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အလွန်အရေးပါသော ဓာတ်မျိုးဖြစ်ပါသည်။ ကြွက်သားများ နွမ်းနယ် ညောင်းညာခြင်းကို သက်သာလျော့ပါးစေသည်ကိုလည်း လေ့လာတွေ့ရှိခဲ့ကြပါသည်။

ရှေးဦးလေ့လာ စမ်းသပ်မှုများအရ အစားအစာထဲတွင် အိုမီဂါ-၃ ဓာတ်ကြွယ်ဝနေခြင်းသည် အင်္ဂါအစားထိုးကုသခံရသည့် လူနာများအတွက် အထောက်အကူပြုစေပြီး ရင်သားကင်ဆာ၊ အူမကြီးကင်ဆာ ၊ ဆီးကျိတ်ကင်ဆာ ရောဂါများ ဖြစ်ပွားမှုကို နည်းပါးစေပါသည်။ လက်ရှိကာလတွင် စမ်းသပ်လေ့လာနေဆဲဖြစ်ပြီး အကျိုးသက်ရောက်မှု ကောင်းစေသည်ဟု ယူဆရသော ရောဂါများမှာ ရင်ကြပ်ရောဂါ၊ lupus ၊ စိတ်ကျခြင်း၊ အမျိုးသမီးများ ရာသီလာနေစဥ် ကိုက်ခဲခြင်း ၊ နှင်းခူ ၊ အတက်ရောဂါ ၊ nephtoric syndrome ၊ လေဖြတ်ခြင်း ၊ schizophrenia ၊ dementia နှင့်အူမကြီးတွင် အနာဖြစ်ခြင်းတို့ဖြစ်ကြသော်လည်း ဘယ်လောက်အတိုင်းအတာထိ အကျိုးသက်ရောက်မှုကောင်းစေမည်ဆိုတာကို ရှာဖွေလေ့လာနေဆဲ ဖြစ်ပါသည်။

🧑‍🔬ကျွမ်းကျင်သူ ပညာရှင်များက ယောက်ျားတစ်ဦးလျှင် EPA နှင့် DHA တစ်နေ့လျှင် ၆၁၀ မီလီဂရမ် စားသုံးသင့်ပြီး အမျိုးသမီး တစ်ဉ်ီးလျှင် ၄၃၀ မီလီဂရမ် စားသုံးသင့်သည်ဟု ဆိုပါသည်။ ထိုပမာဏ များသည် fatty acid ကြွယ်ဝနေသောငါးများဖြစ်သည့် salmon ၊ herring ၊ mackerel ၊ sardine (ငါးသေတ္တာငါး) နှင့် anchovies ငါးများကို တစ်ပတ်လျှင် ၂ ကြိမ် စားသုံးခြင်းဖြင့် ရရှိသောပမာဏနှင့် ညီပါသည်။

နှလုံးရောဂါရှင်များသည် ငါးမုတ်အပါအဝင် ပင်လယ်ငါးမှ ရရှိသော အိုမီဂါ-၃ ဓာတ် ပိုမို လိုအပ်ပါသည်။ နှလုံးရောဂါရှင်များသည် တစ်နေ့လျှင် အိုမီဂါ-၃ ဓာတ် ၁ ဂရမ် ပါရှိသော တစ်တောင့် နေ့စဉ်ပုံမှန် စားသုံးခြင်းဖြင့် နှလုံးရောဂါဖြင့် သေဆုံးခြင်းမှ ၂၅% လျော့နည်းနိုင်စေပါသည်ဟု လေ့လာမှုတစ်ခုက ဆိုပါသည်။

Sardine ၊ herring ၊ mackerel ၊ salmon ငါးတို့ကဲ့သို့သော ပင်လယ်ငါးများ စားသုံးခြင်းမှ EPA နှင့် DHA ဓာတ်များကို ရရှိစေပါသည်။

🍁သတိပြုရန် အနေဖြင့် -

ဆီးချို၊ သွေးချို ရောဂါဝေဒနာသည်များနှင့် သွေးထွက်လွန်သော ဝေဒနာရှင်များမှာ အိုမီဂါ-၃ စားသုံးမှုကို ဆရာဝန်နှင့် တိုင်ပင်သင့်သည်ဟုဆိုပါသည်။ အိုမီဂါ-၃ ဓာတ်သည် သွေးထဲမှ သကြားဓာတ်ကို တိုးစေပြီး သွေးကြောပိတ်ဆို့ခြင်းကို လျော့နည်းစေပါသည်။ ပင်လယ်ငါးနှင့် ဓာတ်မတည့်တဲ့သူများမှာ ပင်လယ်ငါးမှ ရရှိသော အိုမီဂါ-၃ ကို ရှောင်ကျဉ်သင့်သည်ဟု ဆိုပါသည်။

အခြားဆေးဝါးများ သောက်သုံးနေသူများအနေနှင့် အိုမီဂါ-၃ စားသုံးမှုကို ဆရာဝန်နှင့်သေချာ တိုင်ပင်သင့်ပါသည်။ အိုမီဂါ-၃ သည် aspirin ၊ anticoagulants ( warfarin, heparin ) ၊ non-steroidal anti-inflammatories ( ibuprofen ) ကဲ့သို့သော ဆေးဝါးများနှင့် ဓာတ်ပြုပြီး သွေးထွက်နှုန်းကို မြင့်စေသော ဆိုးကျိုးဖြစ်စေနိုင်သည့်အတွက် ထိုဆေးဝါးများကို သုံးစွဲနေရသော လူနာများအဖို့ အိုမီဂါ-၃သောက်သုံးခြင်းကို ဆရာဝန်နှင့် သေချာ တိုင်ပင်ဆွေးနွေးသင့်ပါသည်။

အချုပ်အားဖြင့် ဆိုရလျှင်ပင်လယ်ငါးတစ်မျိုးဖြစ်သော ငါးမုတ်ဖြူနှင့် ငါးမုတ်မဲငါးမှာ အရသာနူးညံ့ကောင်းမွန်လှပြီး လူကြိုက်များသဖြင့် ပြည်တွင်း၌သာမက ပြည်ပစျေးကွက်ထိပါ နေရာရနေသောငါးတစ်မျိုးဖြစ်သည်။

ထို့ပြင် ငါးမုတ်ငါးများသည် အရသာကောင်းမွန်ရုံသာမက အာဟာရဓာတ်လည်း စုံလင်စွာပါရှိသဖြင့် စားပေးသင့်သော ပင်လယ်ငါးတစ်မျိုးဖြစ်ပါကြောင်း လေ့လာရေးသားလိုက်ရပါသည်။

ရေးသားသူ - နှင်းဖြူဖြူ

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

#ငါးမုတ်
#ငါးမုတ်ဖြူ
#ငါးမုတ်မဲ
#ရင်သားကင်ဆာ
#အူမကြီးကင်ဆာ
#ဆီးကျိတ်ကင်ဆာ
#အိုမီဂါ3

#အစိမ်းရောင်လမ်း

  #မာလာအစပ်ထုပ်   မှာ နံမည်ကြီးနေတာလေး ဆိုင်မှာရပြီးနော်ထမင်းပူပူနဲ့ စားခေါက်ဆွဲနဲ့ စားရေညိုနဲ့ စားဒီအတိုင်းလဲ စားစားချင...
01/06/2025


#မာလာအစပ်ထုပ် မှာ နံမည်ကြီးနေတာလေး ဆိုင်မှာရပြီးနော်

ထမင်းပူပူနဲ့ စား
ခေါက်ဆွဲနဲ့ စား
ရေညိုနဲ့ စား
ဒီအတိုင်းလဲ စား
စားချင်သလိုစားလို့ရတာလေး😋

🧡လိမော်ရောင်က အစပ်ပေါ့
❤️အနီရောင်က အစပ်ကြိုက်သူများအတွက်

❗️တစ်ထုပ် - ၅၀၀၀ ကျပ်🫶

❇️Green Leaf ဆေးဆိုင်တွင်ဝယ်ယူရရှိနိုင်ပါသည်❇️

🚗🚗Online Delivery Service လေးရှိလို့ page မှ မှာယူနိုင်ပါသည်ရှင့် 🥰

💌အခြားမြို့မှ ၀ယ်ယူလိုသော customerများအတွက်လည်း သက်ဆိုင်ရာကားဂိတ်သို့ ပို့ဆောင်ပေးပါတယ်ရှင့်။



ဆိုင်မှာ   က နံမည်ကြီး ရှုဆေးဗူးအစိမ်းတွေ ရပြီးနော်  🐲တစ်ခု - ၂၉၀၀ ကျပ်❇️Green Leaf ဆေးဆိုင်တွင်ဝယ်ယူရရှိနိုင်ပါသည်❇️ဆို...
01/06/2025

ဆိုင်မှာ က နံမည်ကြီး ရှုဆေးဗူးအစိမ်းတွေ ရပြီးနော်

🐲တစ်ခု - ၂၉၀၀ ကျပ်

❇️Green Leaf ဆေးဆိုင်တွင်ဝယ်ယူရရှိနိုင်ပါသည်❇️

ဆိုင်လိပ်စာ🏦- Ocean ထွက်ပေါက်အလွန်အမှတ်(၁)အ.ထ.က ကျောင်းအားကစားကွင်းမျက်နှာချင်းဆိုင်ရှေ့ ၊ အထက်လမ်းမကြီး၊သိမ်ကုန်းရပ်၊မော်လမြိုင်မြို့

🚗🚗Online Delivery Service လေးရှိလို့ page မှ မှာယူနိုင်ပါသည်ရှင့် 🥰

💌အခြားမြို့မှ ၀ယ်ယူလိုသော customerများအတွက်လည်း သက်ဆိုင်ရာကားဂိတ်သို့ ပို့ဆောင်ပေးပါတယ်ရှင့်။



#ထိုင်းရှူဆေး

01/05/2025

ကျန်းမာသန်စွမ်းတဲ့ကလေးငယ်က ပိုအဆော့သန်ပါသတဲ့။ ဘေဘီလေး အရမ်းဆော့လို့ စိတ်မညစ်နဲ့နော်မေမေ။ ဒါဟာ ဘေဘီလေး ကျန်းမာနေတဲ့ လက္ခဏာဖြစ်လို့ ကံကောင်းတဲ့လက်ဆောင်ပါ။ ဘေဘီလေး ဘယ်လောက်ဆော့ဆော့ ပင်ပန်းနွမ်းနယ်မှုမရှိဘဲ အမြဲတက်ကြွရွှင်လန်းနေတဲ့ လျှို့ဝှက်ချက်က ဗီတာမင် ဘီ အမျိုးအစားအစုံနဲ့ သတ္တုဓာတ် များစွာပါဝင်တဲ့ ရက်စ်ဘယ်ရီအရသာ Becoactin အားဆေးလေးကို မှန်မှန်တိုက်ကျွေးလို့ပါနော်။ ဘေဘီလေး အသက် ၂နှစ်ကစလို့ နေ့စဉ်တိုက်ကျွေးပေးနိုင်တာကြောင့် နီးစပ်ရာ ဆေးဆိုင်မှာ မေးဝယ်လိုက်တော့နော်မေမေ။

#မိသားစုတိုင်းပြုံးပျော်ရွှင်_Becoactin

10/09/2024

သာမန်ဗောက်ထသူများအတွက်ကုသမှုနည်းလမ်းများ
(၁) ဆံပင်တိုတိုညှပ်၍ခေါင်းကိုသန့်ပြန့်စွာထားခြင်း
ဆံပင်ရှည်သူများဗောက်ထပါက ကုသရန်ခက်ခဲပါသည်။ ထို့ကြောင့် ဆံပင်ကိုအတတ်နိုင်ဆုံး တိုအောင်ညှပ်သင့်ပါသည်။ အမျိုးသားများဆိုပါက ကတုံးသာသာခပ်တိုတိုညှပ်ပြီး နေ့စဥ် ခေါင်းလျှော်ပေးခြင်းဖြင့် တစ်ခဏအတွင်း ဗောက်များသက်သာသွားပါလိမ့်မည်။ အမျိုးသမီးများဆိုပါကလည်း အတတ်နိုင်ဆုံးတိုအောင်ညှပ်ကာ နေ့စဥ်ခေါင်းလျှော်ရည်ဖြင့် သန့်စင်ပေးခြင်းဖြင့် သက်သာစေနိုင်သည်။ ဆံပင်ညှပ်ခြင်းဖြင့် ယားယံခြင်း၊ ခေါင်းအနံ့ဆိုးခြင်းတို့ကိုပါ သက်သာစေပါသည်။
(၂) ဗောက်ပျောက်သည့်ခေါင်းလျှော်ရည်များအသုံးပြုခြင်း
စျေးကွက်ထဲတွင် ဗောက်ပျောက်ကင်းသည်ဟု ကြော်ငြာရောင်းချနေသော ခေါင်းလျှော်ရည်တံဆိပ်မျိုးစုံရှိရာ မိမိနှင့်တည့်မည့်အမျိုးအစားကို ရွေးချယ်အသုံးပြုနိုင်ပါသည်။ အဓိကပါဝင်နေသောပစ္စည်းများကို ကြည့်ရှုရွေးချယ်ရာတွင် အောက်ပါပစ္စည်းများမှာ အရေးပါလှပါသည်။
• ကီတိုကိုနာဇိုးလ် (Ketoconazole) - ယင်းဓာတ်ပစ္စည်းမှာ ဗောက်ရောဂါဖြစ်စေသည့် မှိုပိုးဖြစ်သည့် Malassezia furfur ကို ကောင်းစွာသေစေနိုင်ရုံမက တခြားသောမှိုပိုးများ (ဥပမာ-Candida) ကိုလည်း သေစေနိုင်သောအာနိသင်ရှိသည်။
• ဇင့်ပိုင်ရီသီရုန်း (Zinc pyrithione) - ယင်းဓာတ်ပစ္စည်းသည် မှိုများကို နှိမ်နင်းနိုင်သည့်အပြင် ဆံပင်ကိုလည်းသန်စေသော အာနိသင်ရှိသည်။
• ဆယ်လီနီယမ်ဆာလ်ဖိုဒ် (သို့မဟုတ်) ဒိုင်ဆာလ်ဖိုဒ် (Selenium sulfide or disulfide) - ဦးခေါင်းအရေပြားအောက်ရှိ အဆီဂလင်းများမှ အဆီထုတ်လုပ်မှုကို လျှော့ချပေးသည့်အာနိသင်ရှိသဖြင့် ဦးခေါင်းအဆီပြန်သောကြောင့် ဗောက်ထသူများအတွက် ပို၍အသုံးဝင်သည်။ အမျိုးသားများနှင့် ပိုမိုသင့်တော်သည်။
(၃) ဦးရေပြားလိမ်းဆေးများအသုံးပြုခြင်း
ခေါင်းလျှော်ရည်နှင့် ခေါင်းလျှော်ပြီးပါက တချို့သူများတွင် ဦးရေပြားလိမ်းဆေးများအသုံးပြုရန် လိုအပ်သည်။
• ကျောက်မီးသွေးကတ္တရာလိမ်းဆေး (Coal tar cream) - မှိုပိုးများကို သေစေနိုင်ရုံမက ဦးခေါင်းခွံရှိ အရေပြားပွားများနှုန်းကိုလည်း လျော့ကျစေသဖြင့် ဗောက်များထွက်ရှိမှု လျော့နည်းစေသည်။ ဆံပင်ကိုလည်း နက်မှောင်စေသဖြင့် ဆေးဆိုးထားသကဲ့သို့ဖြစ်နေပေမည်။ သို့သော် ကြာရှည်စွဲ၍သုံးပါက အချို့သူများတွင် ကင်ဆာဖြစ်စေနိုင်ကြောင်း တွေ့ရသည်။
• ဆယ်လီစလစ်အက်ဆစ် (Salicylic acid) - ဦးခေါင်းအရေပြားပေါ်ရှိ သေဆုံးသွားသောဆဲလ်များကို အမြန်ကွာကျစေခြင်းဖြင့် ဗောက်များထွက်ရှိမှုကို လျော့နည်းစေသည်။ သို့ရာတွင် အရေပြားမှဆဲလ်များ လျင်မြန်စွာပွားများနေမှုကို မဟန့်တားနိုင်ပါ။ တစ်ခါတစ်ရံပိုဆိုးလာတတ်သဖြင့် သတိဖြင့် အသုံးပြုသင့်ပါသည်။ ဦးခေါင်းကိုပေါင်းတင်ရာတွင် အသုံးပြုသည့်ဆေးရည် (Scalp scrubs) အတော်များများတွင် ပါဝင်နေလေ့ရှိသည်။
• တီးအဆီ (Tea tree oil) - အင်္ဂလိပ်လို Tea tree ဟုခေါ်သော်လည်း မိမိတို့စားနေသောလက်ဖက်ပင်နှင့်လုံးဝမတူသည့် သြစတေးလျ၌ ပေါက်ရောက်သော အပင်မှရရှိသည့်အဆီဖြစ်သည်။ ယင်းအဆီကို အသုံးပြုခြင်းဖြင့် ဦးခေါင်းရှိမှိုများ၊ ဘက်တီးရီးယားများကို သေစေနိုင်သည်။ သို့ရာတွင် အချို့သူများတွင် ဓာတ်မတည့်မှုများကြုံတွေ့ရလေ့ရှိသည်။
အထက်ဖော်ပြပါဓာတ်ပစ္စည်းများတစ်မျိုး (သို့မဟုတ်) တစ်မျိုးထက်ပို၍ ထည့်သွင်းထားသော လိမ်းဆေးများကို အသုံးပြုနိုင်ပါသည်။
ဒေါက်တာခင်မောင်လွင် (FAME) ရေးသားသည့် "ဆံကေသာဆိုင်ရာ ပြဿနာများ" စာအုပ်မှ ထုတ်နုတ်ဖော်ပြထားပါသည်။

ဆိုင်တွင် လတ်တလောရှိနေသည့်ကလေးအားဆေးSyrupနှင့်Omega 3 💚                                          အခြားသောဆေးများကိုလဲလာရ...
02/09/2024

ဆိုင်တွင် လတ်တလောရှိနေသည့်ကလေးအားဆေးSyrupနှင့်Omega 3 💚 အခြားသောဆေးများကိုလဲလာရောက်အားပေးနိုင်
ပါသည်ရှင့်💚
Mawlamyine မြို့တွင်းအိမ်ရောက်ငွေချေစနစ်ဖြင့်ရောင်းချပေးနေပါသည်💚


Address

No.100/30(A) Thein Gone/Upper Main Road,Mawlamyine
Mawlamyine

Telephone

+959441659946

Website

Alerts

Be the first to know and let us send you an email when Green Leaf Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram