Shin Thant Dental Clinic

Shin Thant Dental Clinic Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Shin Thant Dental Clinic, Medical Center, No(44), Dine Wun Kwin Ward, China Town Road, Mawlamyine.

15/06/2018

မိုးရာသီကာလ promotion

ကျနော်တို့ သွားဆေးခန်းကနေ သွားဖာခြင်းနှင့် သွား စိုက်ခြင်းအတွက် ၃၀ ရာခိုင်နှုန်း လျော့ဈေး အစီအစဉ်လေးကို June 16ရက်ကနေ June 22 ရက်နေ့ထိ ပေးသွားမှာ ဖြစ်ပါတယ်....

မြန်​မာ့ နှစ်​သစ်​ကူး အခါသမယမှာ မိဘပြည်​သူ များအားလုံး ကိုယ်၏ ကျန်းမာခြင်း၊ စိတ်​၏ ချမ်းသာခြင်းနဲ့ ပြည့်စုံပါစေလို့ ဆုမွ...
20/04/2018

မြန်​မာ့ နှစ်​သစ်​ကူး အခါသမယမှာ မိဘပြည်​သူ များအားလုံး ကိုယ်၏ ကျန်းမာခြင်း၊ စိတ်​၏ ချမ်းသာခြင်းနဲ့ ပြည့်စုံပါစေလို့ ဆုမွန်​​ကောင်း ​တောင်းပေးလိုက်​ပါတယ်​ ခင်​ဗျာ။

နှစ်သစ်မှာ ကျနော်တို့ ရှင်းသန့် သွားဆေးခန်းကနေ Promotion အစီအစဉ်လေးတစ်ခု ပေးချင်ပါတယ်

ဒါကတော့ မည်သည့် သွားကုသမှုအတွက်မဆို ၁၀ ရာခိုင်နှုန်း လျော့ပေးမယ့် အစီအစဉ်ပါ

Promotion ကာလက (၂၃.၄.၂၀၁၈ကနေ ၃၀.၄.၂၀၁၈အထိပဲ) ပေးထားတာမို့ နောက်မကျခင် အမြန်လေး ဖုန်းဆက် ရက်ချိန်းယူပီး ငွေ ချွေတာလိုက်ရအောင်နော်....

Address : အမှတ်​(၄၄)၊ ​ဒိုင်းဝန်ကွင်း ၊ တရုတ်တန်း​၊ ရွှန်း မိတ်ကပ် ဓာတ်ပုံနဲ့ မင်္ဂလာလှဝတ်စုံ မျက်စောင်းထိုး၊ရွှေခြံအအေးနဲ့ မုန့်မျိုးစုံ အနီး။

Contact no. 09452305746, 09973488002
SHIN THANT DENTAL CLINIC

အရှေ့သွားတွေ ပြန်စိုက်တဲ့အခါ သဘာဝကျတဲ့ သွား ပြန်စိုက်ခြင်းက လှပသော အပြုံးကို ပိုင်ဆိုင်စေပါတယ်
18/02/2018

အရှေ့သွားတွေ ပြန်စိုက်တဲ့အခါ သဘာဝကျတဲ့ သွား ပြန်စိုက်ခြင်းက လှပသော အပြုံးကို ပိုင်ဆိုင်စေပါတယ်

Credit to Dr Nway Oo Ngal
24/01/2018

Credit to Dr Nway Oo Ngal

နှစ်​သစ်​ကို  အပြုံးသစ်တွေနဲ့    ကြိုဆိုလိုက်ရအောင် ကျနော်တို့ရဲ့ အပေါ်ရှေ့သွားလေးတွေက ပြီးပြည့်စုံပီး လှပသော အပြုံးကိုေ...
16/12/2017

နှစ်​သစ်​ကို အပြုံးသစ်တွေနဲ့ ကြိုဆိုလိုက်ရအောင်

ကျနော်တို့ရဲ့ အပေါ်ရှေ့သွားလေးတွေက ပြီးပြည့်စုံပီး လှပသော အပြုံးကို ပေးစွမ်းနိုင်သလို စကားပြောရာတွင်လဲ ပီသအောင် စွမ်းဆောင်ပေးပါတယ်

အရှေ့သွားလေး တစ်ချောင်း ကျိုးထားရင်တောင် သူငယ်ချင်းတွေရဲ့ စနောက် ခံရနိုင်ပီး အရင်လို လူကြားထဲ လွတ်လပ်စွာ ပြောဆိုဖို့ ရယ်မောဖို့ မဝံ့မရဲ ဖြစ်စေပါတယ်

အရှေ့သွားလေးတွေ ကျိုးနေတဲ့အခါ စကားပြောရာတွင်လဲ သက်ရောက်မှုတွေ ရှိပါတယ်
စကားပြောချိန်မှာ သွားကျိုးထားတဲ့ နေရာကနေ လေတွေ ထွက်ပီး မလိုလားအပ်တဲ့ ဆူညံသံတွေ ထွက်စေကာ စကားသံ မရှင်းမလင်း ဖြစ်တတ်ပါတယ်

ဒါကြောင့်မို့ နှစ်သစ်မှာ အပြုံးသစ် ပိုင်ဆိုင်ဖို့ ***ဒီဇင်ဘာလ ၂၀ရက်ကနေ နှစ်သစ်ရဲ့ ဇန်နဝါရီလ ၂၀ရက်နေ့ထိ*** မည်သည့် သွားစိုက်ခြင်းအတွက်မဆို ကုသမှုကုန်ကျစားရိတ်ရဲ့ ၁၀ ရာခိုင်နှုန်း လျော့ချပေးမယ့် promotion စီစဉ်ပေးထားပါတယ်

Promotion အစီအစဉ်မှာ

သွား အ​သေစိုက်​ခြင်း

(1)Porcelain Fused To Metal (သတ္တုစပ်​​ကြွေသွား )
(2)Zirconia (ဇာကိုးနီးယား)
(3)All Porcelain( ​ကြွေသီးသန့်​)
(4)Nickel- Chrome (​ငွေသွား) နှင့်

သွား အရှင် စိုက်ခြင်း

(1)Acrylic Dentuere
(2)Flexible Denture(အံကပ်အပျော့)နှင့်
(3)Skeletal Denture(သတ္တုအံကပ်)တို့ ပါဝင်ပါတယ်

Address : ရှင်းသန့် သွားနှင့်ခံတွင်းဆေးခန်း အမှတ်​(၄၄)၊ ​ဒိုင်းဝန်ကွင်း ၊ တရုတ်တန်း ၊ 'ရွှန်း' မိတ်ကပ်၊ ဓာတ်ပုံနဲ့ မင်္ဂလာ လှဝတ်စုံ မျက်စောင်းထိုး၊ Christmas အရုပ်ဆိုင် နံဘေး၊မော်လမြိုင်မြို့။

Contact no.09452305746,09973488002

စိတ်ဖိဆီးမှုတွေ များလာတဲ့အခါ ခံတွင်းထဲမှာ အနာတွေ ဖြစ်လာတတ်တယ်ဆိုတာ သင်သိပါသလား???ကျနော်တို့တွေဟာ နေ့စဉ်နေ့တိုင်း အလုပ်ခွင...
08/12/2017

စိတ်ဖိဆီးမှုတွေ များလာတဲ့အခါ ခံတွင်းထဲမှာ အနာတွေ ဖြစ်လာတတ်တယ်ဆိုတာ သင်သိပါသလား???

ကျနော်တို့တွေဟာ နေ့စဉ်နေ့တိုင်း အလုပ်ခွင်မှာ အလုပ်လုပ်နေကြတဲ့သူတွေချည်းပဲမို့
လုပ်စရာအလုပ်တွေ စုပုံများလာတဲ့အခါ၊ အလုပ်မှာ အဆင်မပြေတဲ့ အခိုက်အတန့်တွေ ရှိလာတဲ့အခါ..စိတ်ဖိစီးကြရပါတယ်

တချို့က စိတ်ဖိစီးမှုကို အလုပ်နားချိန်တွေမှာ ကောင်းစွာ လျော့နည်းသွားအောင် လုပ်ဆောင်နိုင်တတ်ကြပီး တချို့သူတွေကတော့ စိတ်ဖိစီးမှုတွေကို လျော့ကြဖို့ မကြိုးစားကြတဲ့အခါ...အစားကောင်းကောင်း စားမဝင်တော့တာမျိုး...ကောင်းကောင်းအိပ်မပျော်တော့တာမျိုးတွေ ဖြစ်လာပါတယ်

ရလာဒ်အနေနဲ့ အဟာရ ကောင်းစွာမရတဲ့အတွက် အားနည်းလာပီး ကိုယ်ခံအားကျဆင်းကာ ပါးစပ်မှာ အပူနာလေးတွေ ဖြစ်လာပါတော့တယ်

အပူနာလေးတွေဟာဆိုရင် အစာစားချိန် သွားတိုက်ချိန်တွေမှာ အထိမခံနိုင်အောင် နာတတ်ပါတယ်

အနားသတ်တွေမှာ နီရဲနေတဲ့ အဖြူရောင်အနာလေးတွေအဖြစ်နဲ့ မြင်ရပါတယ်

အပူနာတွေက တပတ် နှစ်ပတ်လောက် ကြာတဲ့အခါ အလိုလို ပျောက်ကင်းသွားနိုင်ပေမယ့် ဖြစ်နေစဉ်မှာ အလွန်အမင်း နေရခက်တာမို့ အနာ သက်သာစေမယ့် အိမ်တွင်း နည်းလမ်းလေးကတော့ ဆားငံရေနဲ့ ပါးလုတ်ကျင်းပေးခြင်းပါ

အပူနာလေးတွေ အမြန်ပျောက်ဖို့ အစားကောင်းကောင်းစား၊အိပ်ရေးဝဝအိပ်၊ရေများများသောက်ပေးဖို့ လိုအပ်သလို စိတ်ဖိစီးမှုတွေ လျော့ကျဖို့လဲ လိုအပ်ပါတယ်

သားသား မီးမီး သွားလေးတွေ ဘယ်အချိန် ပေါက်ပီး ဘယ်အချိန် ကျိုးမလဲ ဆိုတာ လေ့လာကြည့်ကြရအောင်  ကလေးတွေမှာ ငယ်သွား အားလုံးပေါင်...
04/12/2017

သားသား မီးမီး သွားလေးတွေ ဘယ်အချိန် ပေါက်ပီး ဘယ်အချိန် ကျိုးမလဲ ဆိုတာ လေ့လာကြည့်ကြရအောင်

ကလေးတွေမှာ ငယ်သွား အားလုံးပေါင်းအချောင်း၂၀ ပေါက်ပါတယ်၊ အပေါ်သွား ၁၀ချောင်းနဲ့ အောက်သွား ၁၀ချောင်းပါ

ရှေ့သွား၊ စွယ်သွားနဲ့ အံသွားဆိုပြီး သုံးမျိုးပါဝင်ပီး
ရှေ့သွား၎ချောင်း စွယ်သွား၂ချောင်း နဲ့ အံသွား ၄ချောင်းစီ ပေါက်ပါတယ်..

ကလေးသွားလေးတွေက ပုံမှန်အားဖြင့် တချောင်းနဲ့ တချောင်းကြား အနည်းငယ် ကြဲနေတတ်ပါတယ်...မိဘများ အနေနဲ့ စိတ်ပူစရာ မလိုပါဘူး
ဒီလို သွားကြဲနေခြင်းကိုက ကြီးသွားထွက်လာတဲ့အခါ နေရာ လုံလုံလောက်လောက် ပေးစွမ်းနိုင်တာမို့ ကြီးသွားတွေကို ညီညီညာညာ ပေါက်စေပါတယ်
သွားမကြဲတဲ့ကလေးတွေမှာ ကြီးသွားလဲတဲ့အခါ သွားထပ်တာတွေ ဖြစ်လာနိုင်ပါတယ်

အစောဆုံး အသက် ၆လလောက်ကနေ သွား စပေါက်ပီး ၂နှစ် ၉လလောက်ထိ သွားတွေ တစ်ချောင်းပီး တစ်ချောင်း ပေါက်လာပါတယ်

ယေဘုယျ အားဖြင့်

အပေါ်သွားပေါက်ချိန် တွေကတော့
၁ အလယ်ရှေ့သွား => ၈ - ၁၂လ
၂ ဘေးရှေ့သွား =>၉ - ၁၃လ
၃ စွယ်သွား => ၁၆ - ၂၂လ
၎ ပထမအံသွား => ၁၃ - ၁၉လ
၅ ဒုတိယအံသွား => ၂၅ - ၃၃လ ဖြစ်ပီး

အောက်သွားပေါက်ချိန် တွေကတော့
၁ အလယ်ရှေ့သွား => ၆ - ၁၀လ
၂ ဘေးရှေ့သွား =>၁၀ - ၁၆လ
၃ စွယ်သွား => ၁၇ - ၂၃လ
၎ ပထမအံသွား => ၁၄ - ၁၈လ
၅ ဒုတိယအံသွား => ၂၃ - ၃၁လ

ကြီးသွားလဲပေါက်ဖို့ ကလေးသွားလေးတွေ အလိုအလျောက်ကျိုးပေးရတဲ့ အချိန်ရှိပါတယ်

ကလေးသွား ပျမ်းမျှကျိုးချိန်တွေက
၁ အလယ်ရှေ့သွား => ၆ - ၇နှစ်
၂ ဘေးရှေ့သွား => ၇ - ၈ နှစ်
၃ စွယ်သွား => ၁၀ - ၁၂နှစ်
၎ ပထမအံသွား => ၉ - ၁၁နှစ်
၅ ဒုတိယအံသွား => ၁၀ - ၁၂နှစ် တွေဖြစ်ပါတယ်

ကလေးသွားလေးတွေဟာ အထက်မှာ ပြောပြထားတဲ့ ကျိုးချိန်တွေ ကျော်ထိ မကျိုးသေးဘူး ဆိုရင်တော့ သွားဆရာဝန် နဲ့ ပြသသင့်ပါတယ်
ငယ်သွားတွေ မကျိုးသေးတဲ့အတွက် လူကြီးသွားပေါက်ချိန်ကို နောက်ကျစေပီး သွားထပ်ခြင်း သွားမညီမညာပေါက်လာခြင်းတွေကို ဖြစ်စေတတ်လို့ပါ

သွားနှင့်ခံတွင်း ကျန်းမာ​ရေးပြဿ နာများ ဆွေး​နွေးတိုင်
ပင်​လိုပါက Chat box မှတဆင့်​​ သော်​လည်​​ကောင်း၊ဖုန်းဖြင့်​ တိုက်​ရိုက်​ဆက်​၍ ​သော်​လည်း​ကောင်း ​မေးမြန်းနိုင်​ပါသည်​။

Address : 'ရှင်းသန့်' သွားနှင့်ခံတွင်းဆေးခန်း
အမှတ်​(၄၄)၊ ​ဒိုင်းဝန်ကွင်း ၊တရုတ်တန်း၊ရွှန်း မိတ်ကပ်၊ဓာတ်ပုံနဲ့ မင်္ဂလာ လှဝတ်စုံ မျက်စောင်းထိုး ၊Christmas အရုပ်ဆိုင်နံဘေး၊မော်လမြိုင်မြို့။
ဖုန်း-၀၉၄၅၂၃၀၅၇၄၆ ၊ ၀၉၉၇၃၄၈၈၀၀၂

သွားတိုက်စဉ်မှာ လုံးဝရှောင်ကြဉ်သင့်တဲ့အမှားများ=====================သွားဆိုတာ ကျွန်တော်တို့ အစာ ကောင်းကောင်း ဝါးနိုင်စား...
01/12/2017

သွားတိုက်စဉ်မှာ လုံးဝရှောင်ကြဉ်သင့်တဲ့အမှားများ

=====================

သွားဆိုတာ ကျွန်တော်တို့ အစာ ကောင်းကောင်း ဝါးနိုင်စားနိုင်ဖို့ အတွက် အရမ်း အရေးပါတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုပါ..
ဒါကြောင့်မို့ သွား ကျန်းမာသန့်ရှင်းစေဖို့ နေ့စဉ်နေ့တိုင်း သွားတိုက်ကြရပါတယ်..
သွားတိုက်နေရုံနဲ့ မပီးသေးဘူးဗျ
သွားတိုက်စဉ်မှာ ရှောင်ကြဉ်သင့်တဲ့ အချက်လေးတွေ ရှိပါတယ်

👉👉၁) မာကြောတဲ့သွားတိုက်တံကို အမြဲ အသုံးပြုခြင်း

မာကြောတဲ့ သွားတိုက်တံကို အမြဲအသုံးပြုခြင်းကြောင့် သွားကိုထိခိုက်စေသလို ၊ သွားဖုံးကိုလည်း ပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့် ပုံမှန်(သို့) ပျော့ပြောင်းတဲ့ သွားတိုက်တံတွေကိုသာ ရွေးချယ်သင့်ပါတယ်။

👉👉၂ ) မှားယွင်းတဲ့ သွားတိုက်နည်းကို အသုံးပြုခြင်း

အများစုမှန်မှန်ကန်ကန် တိုက်နေကြပေမယ့် လူအချို့ကတော့ မှားယွင်းနေကြတုန်းပါ။ သွားတိုက်ရာမှာ အရှေ့အနောက် ကန့်လန့် တိုက်နေကြလေ့ရှိပါတယ်။ ဒါဟာ မှားယွင်းတဲ့နည်းစနစ်ပါ။ ဒီလိုတိုက်ခြင်းဟာ သွား နဲ့ သွားကြားထဲက အညစ်အကြေးတွေကို မစင်ကြယ်စေနိုင်ပါဘူး။ ဒါကြောင့် နည်းစနစ်မှန်ဖြစ်တဲ့ အထက်အောက်တိုက်နည်းကိုသာ အသုံးပြုသင့်ပါတယ်။

👉👉၃) သွားတိုက်တံ တစ်ချောင်းတည်းကို ကြာရှည်စွာအသုံးပြုခြင်း

သွားတိုက်တံကို လူအချို့ဟာ နောက်ဆုံးတိုက်လို့မရတဲ့အထိ ကြာမြင့်စွာ အသုံးပြုတတ်ကြပါတယ်။ ဒါဟာအလွန်မှားယွင်းပါတယ်။ သွားတိုက်တံ ၁ချောင်းရဲ့ပျမ်းမျှသက်တမ်းဟာ ၃လ သာ ရှိလို့ပါပဲ။ သက်တမ်းကုန်နေတဲ့ သွားတိုက်တံက အမွေးဖွာလာပါတယ် မလဲပဲ ဆက်သုံးနေရင် သွားနဲ့ သွားဖုံးကိုထိခိုက်စေပြီးတစ်ခါတစ်ရံ သွေးပါထွက်တတ်တာကြောင့် ၃လ တစ်ကြိမ်မှန်မှန် လဲ ပေးဖို့ လိုအပ်ပါတယ်။

👉👉၄) အစားစားပြီးတာနဲ့ ချက်ခြင်းသွားတိုက်ခြင်း

သန့်ချင်တဲ့ လူအချို့ဟာ အစာစားပြီးတာနဲ့ ချက်ချင်းသွားတိုက်တတ်ကြပါတယ်။ ဒါဟာသွားကို ထိခိုက်စေပါတယ်။ အစာစားဖို့အတွက် ခံတွင်းထဲ သွားရည်ကိုထုတ်ပေးရတဲ့အတွက် ဒီအချိန်မှာ အက်ဆစ်ဓာတ်မြင့်မားနေတတ်လို့ပဲဖြစ်ပါတယ်။ ဒါကြောင့် အက်ဆစ်ဓာတ်ပျယ်သွားပြီးချိန် အစာ စားပြီး မိနစ် ၃၀ခန့် ကြာမှ သွားတိုက်သင့်ပါတယ်။

👉👉၅) သွားကြားထိုးကြိုးအသုံးမပြု ခြင်း

သွားကြားထဲမှာ အစာတွေကျန်နေရင် သွားကိုပျက်စီးစေတာ သိပြီးဖြစ်မှာပါ။ တစ်ခါတစ်ရံ သွားတိုက်ပြီးပေမယ့် အစာတွေကျန်နေတတ်ပါတယ်။ ဒါကြောင့် သွားကြားထိုးကြိုးကို အသုံးပြုသင့်တာပဲ ဖြစ်ပါတယ်။ သွားကြားထိုးကြိုးမသုံးချင်ရင်တော့ သွားကြားထိုးတံကို အသုံးပြုနိုင်ပါတယ်။(သွားကြားထိုးတံနဲ့ အတင်းမထိုးမိဖို့တော့ သတိထားရပါမယ်၊ သွားတွေကို ကျဲသွားစေတတ်လို့ဖြစ်ပါတယ်။)

👉👉၆) သွားတိုက်ချိန် ၂ မိနစ်ထက်လျော့နည်းခြင်း

သွားတစ်ခါတိုက်တဲ့အခါ တစ်ချို့လူတွေဟာ စက္ကန့် ၃၀ လောက်နဲ့ပြီးသွားတတ်ပါတယ်။ အလျှင်စလိုတိုက်တဲ့အတွက် သွားသန့်ရှင်းမှု သိပ်မထိရောက်ပါဘူး။ ဒါကြောင့် သွားတိုက်တဲ့အခါ အနည်းဆုံး ၂မိနစ်ခန့်အချိန်ပေးပြီး ပုံမှန်လေးတိုက်သင့်ပါတယ်။

👉👉၇) သွားတိုက်ချိန် လွဲမှားခြင်း

မနက်ခင်း အိပ်ယာ ထပီးချိန် သွားတိုက်ကြတဲ့သူတွေ ရှိပါတယ်
သွားကို မနက်ခင်း အိပ်ယာ ထချိန်မှာ သန့်ရှင်းရေး လုပ်ခြင်းက သွားပိုးမစားအောင် ကာကွယ်မှုမှာ ထိရောက်မှု သိပ်မရှိလှပါဘူး
အစာစားပီးချိန်နဲ့ ညအိပ်ရာ မဝင်ခင် သွားကြားညပ်နေတဲ့ အစာတွေကို သေချာသန့်ရှင်းအောင် တိုက်ခြင်းက သွားပိုးစားခြင်းနှင့် သွားဖုံးရောဂါတွေ မဖြစ်အောင် အပြည့်အဝ ကာကွယ်ပေးမှာပါ.

👉👉၈) သွားတိုက်ပီးတာနဲ့ ရေနဲ့ ပလုတ်ကျင်းထုတ်ပစ်ခြင်း

လူအများစုက သွားတိုက်ပြီးတာနဲ့ သွားတိုက်ဆေးတွေ ပါးစပ်နဲ့သွားမှာ ကပ် မကျန်နေစေဖို့ ရေနဲ့ အာလုတ် ကျင်းထုတ်တတ်ကြပါတယ်..ဒါဟာ သွားတိုက်ဆေးရဲ့ အာဏိသင်ကို ကောင်းကောင်း မရစေပါဘူး...ဖလိုရိုက်(Fluoride)ဓာတ်ပါတဲ့ သွားတိုက်ဆေးတွေက သွားတိုက်ပီးချိန်နောက်ပိုင်းမှာ သွားတွေရဲ့ ကြွေလွာတွေကို ပြန်လည် ကောင်းမွန်အောင် ပြု ပြင်ပေးတာမို့ သွားတိုက်ပီးရင် ပါးစပ်ထဲက သွားတိုက်ဆေး အမြုပ်တွေကိုသာ ထွေးထုတ်ပစ်ပီး ရေနဲ့ မကျင်းထုတ်ပဲ မိနစ် ၂၀လောက်ထိ နေသင့်ပါတယ်

👉👉၉) လျှာကို မသန့်ရှင်းခြင်း

သွားတိုက်တဲ့အခါ လျှာကိုသန့်ရှင်းလေ့မရှိကြပါဘူး။ သွားတိုက်ပေမယ့် လျှာကိုမသန့်ရှင်းတဲ့ အတွက် သွားကို ကျန်းမာသန့်ရှင်းစေမှာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ လျှာမှာ ဘတ်တီးရီးယားတွေခိုအောင်းနေတတ်လို့ပဲဖြစ်ပါတယ်။ ဒါကြောင့်သွားတိုက်ပြီးတာနဲ့ လျှာကိုသန့်ရှင်းဖို့လည်း လိုအပ်ပါတယ်

👉👉၁၀) သွားတိုက်တံကို ရေချိုးခန်းမှာထားခြင်း

ကျွန်တော်တို့အများစု မှားနေတဲ့အရာပါ။ တကယ်တော့ သွားတိုက်တံကို ရေချိုးခန်းမှာမထားပဲ အပြင်တစ်နေရာရာမှာ ထားသင့်ပါတယ်တဲ့ ။ ရေချိုးခန်းထဲမှာ ဘတ်တီးရီးယားတွေ ပေါက်ဖွားရှင်သန်နေတတ်လို့ပဲဖြစ်ပါတယ်။ (အိမ်သာနဲ့တွဲလျက် ရေချိုးခန်းတွေဆို ပိုဆိုးနိုင်ပါတယ်)

👉👉၁၁) တစ်နေ့ ၂ ကြိမ်ထက် သွားပိုတိုက်ခြင်း

မြင်ဖူးကြပါလိမ့်မယ် ။ တချို့ဆို ၃ ကြိမ် တိုက်တတ်သလို ဒီထက်ပိုသန့်ရှင်းချင်တဲ့သူတွေက ၄ကြိမ် ၊ ၅ကြိမ် အထိ (သို့) အစာစားပြီးတိုင်း သွားတိုက်တတ်လေ့ရှိပါတယ်။ အကြိမ်ရေ များများတိုက်ခြင်းက သွားတွေကို ပိုဖြူစေပီး ပိုသန့်ရှင်းစေတယ်လို့ ထင်ကြပါတယ်။ တကယ်တော့ သန့်ရှင်းပေမယ့် သွားကိုပျက်စီးစေနိုင်ပါတယ်။ သွားတွေရဲ့ ခံနိုင်အားဟာ အတိုင်းအတာတစ်ခုအထိသာ ရှိပါတယ်။ ခဏခဏတိုက်ခြင်းအားဖြင့် သွားကြွေလွှာတွေကိုပျက်စီးစေပီး သွားကျင်ခြင်း ဝေဒနာကိုပါ ဖြစ်စေနိုင်တာကြောင့် တစ်နေ့ကို ပုံမှန် ၂ကြိမ်မှ ၃ကြိမ်ပဲ တိုက်သင့်ပါတယ်။

Post Credit 》》》Modified သုခဇုန်'s Post

သွားနှင့်ခံတွင်း ကျန်းမာ​ရေးပြဿ နာများ ဆွေး​နွေး တိုင်ပင်​လိုပါက Chat boxမှ တဆင့်သော်လည်ကောင်း
ဖုန်းဖြင့်​ တိုက်​ရိုက်​ဆက်​၍​သော်​လည်း​ကောင်း ​မေးမြန်း နိုင်​ပါသည်​။

Address ::: 'ရှင်းသန့်' သွားနှင့်ခံတွင်းဆေးခန်း

အမှတ်​(၄၄)၊ ​ဒိုင်းဝန်ကွင်း ၊ တရုတ်တန်း၊
'ရွှန်း' မိတ်ကပ်၊ ဓာတ်ပုံနဲ့ မင်္ဂလာ လှဝတ်စုံ မျက်စောင်းထိုး ၊ 'Christmas' အရုပ်ဆိုင်နံဘေး၊ မော်လမြိုင်မြို့။
ဖုန်း-၀၉၄၅၂၃၀၅၇၄၆ ၊ ၀၉၉၇၃၄၈၈၀၀၂

နေ့ခင်းဖက် အလုပ်လုပ်ချိန်တွေမှာ အံကြိတ်တတ်တဲ့ အကျင့်တွေ ရှိနေပါသလား????ညဖက်အိပ်နေစဉ် ကိုယ်မသိပဲ အံကြိတ်တတ်ပါသလား????? အံ...
26/11/2017

နေ့ခင်းဖက် အလုပ်လုပ်ချိန်တွေမှာ အံကြိတ်တတ်တဲ့ အကျင့်တွေ ရှိနေပါသလား????

ညဖက်အိပ်နေစဉ် ကိုယ်မသိပဲ အံကြိတ်တတ်ပါသလား?????

အံကြိတ်ခြင်းဆိုတာ...ကျနော်တို့တွေ အစာစားနေ ဝါးနေချိန်မဟုတ်ပဲ သွားချည်း ကြိတ်နေတာကို ဆိုလိုတာပါ

အံကြိတ်ခြင်းကြောင့် နောက်ဆက်တွဲ ဖြစ်လာတဲ့ ဆိုးကျိုးတွေက အချို့သူတွေမှာ မသိသာပေမယ့်
အလွန်အမင်း အံကြိတ်တတ်တဲ့သူတွေမှာတော့ ခေါင်းကိုက်တာတွေ၊ ပါးစပ်အဖွင့်ပိတ်လုပ်ချိန်မှာ အသံမြည်တာတွေ၊ မေးရိုးကြွက်သား ညောင်းညာတာတွေ၊ သွားကြွေလွှာတွေ ပါးသွားပီး သွား တိုလာတာတွေ၊သွားအတွင်းသားပေါ်လာတဲ့အတွက် သွားကျင်တာတွေ၊ သွားယိုင်နဲ့လာတာတွေ ဖြစ်လာပါတယ်

နေ့ခင်းဖက် အံကြိတ်တတ်တဲ့သူတွေက ကိုယ်သတိထားမိချိန်မှာ မကြိတ်မိအောင် ထိန်းချုပ်လို့ရနိုင်ပေမယ့် ညဖက် အံကြိတ်သူတွေအတွက်ကတော့ ထိန်းချုပ်လို့မရပါဘူး

ဘယ်လိုသူတွေ အံကြိတ်တတ်သလဲ???

အံကြိတ်တတ်တဲ့မျိုးရိုးရှိတဲ့သူတွေ၊ စိတ်ဖိဆီးနေတဲ့သူတွေ၊ ဆေးဝါးအချို့ သောက်သုံးနေရသဖြင့် ဆေးရဲ့ဘေးထွက်ဆိုးကျိုးခံရသူတွေ၊ အချို့သော စိတ်ရောဂါ အာရုံကြောရောဂါ ရှိသူတွေ အံကြိတ်တတ်ပါတယ်

ကော်ဖီ၊လဘ္ကက်ရည်၊ချောကလက်တွေမှာ ပါတဲ့ ကဖင်းဓာတ်(Caffeine)က အံကြိတ်ခြင်းကို ပိုမို ဆိုးရွားစေတာမို့ အံကြိတ်တတ်တဲ့သူတွေ ရှောင်သင့်ပါတယ်

ညဖက် အံကြိတ်တာကြောင့် နောက်ဆက်တွဲ ဆိုးကျိုးတွေ မဖြစ်ရလေအောင် Nightguard(ညဖက်တပ် အစွပ်) တပ်ပီးအိပ်တာမျိုး၊ စိတ်ဖိဆီးမှုလျော့ကျစေမယ့် တရားထိုင်ခြင်းမျိုး ပြုလုပ်ပေးသင့်ပါတယ်

သွားနှင့်ခံတွင်း ကျန်းမာ​ရေးပြဿ နာများ ဆွေး​နွေးတိုင်
ပင်​လိုပါက Chat box မှတဆင့်​​ သော်​လည်​​ကောင်း၊ဖုန်းဖြင့်​ တိုက်​ရိုက်​ဆက်​၍ ​သော်​လည်း​ကောင်း ​မေးမြန်းနိုင်​ပါသည်​။

Address : 'ရှင်းသန့်' သွားနှင့်ခံတွင်းဆေးခန်း
အမှတ်​(၄၄)၊ ​ဒိုင်းဝန်ကွင်း ၊တရုတ်တန်း၊ရွှန်း မိတ်ကပ်၊ဓာတ်ပုံနဲ့ မင်္ဂလာ လှဝတ်စုံ မျက်စောင်းထိုး ၊Christmas အရုပ်ဆိုင်နံဘေး၊မော်လမြိုင်မြို့။
ဖုန်း-၀၉၄၅၂၃၀၅၇၄၆ ၊ ၀၉၉၇၃၄၈၈၀၀၂

25/11/2017

သွားပိုးစားခြင်းရောဂါ နဲ့  ကုထုံး

လူတွေရဲ့  သွားက မာကျောပါတယ်။

ဒါပေမဲ့ ဒီလိုမာကျောတဲ့သွားတောင်မှ အပေါက်လေးတွေ ဖြစ်လာပါတယ်။

သွားမျက်နှာပြင်မှာ တွယ်ကပ်နေတဲ့ သာမန်မျက်စိနဲ့  မမြင်ရတဲ့ ဘက်တီးရီးယားပိုးများက စားကြွင်းစားကျန်တွေကို အသုံးပြုပြီး အက်ဆစ်ပါတဲ့ဓာတ်တွေကို ပြန်ထုတ်ပါတယ်၊ သွားမျက်နှာပြင်မှာ ဒီလို တဖြေးဖြေးအချိန်နဲ့ အမျှ ထုတ်နေတဲ့အက်ဆစ်ဓာတ်ကြောင့် သွားရဲ့  အပေါ်ဆုံးအလွှာ ကြွေသွားလွှာ (Enamel) မှာ အပေါက်လေးတွေ ဖြစ်လာပါတယ်။

ဒီလို အပေါက်လေးက အခြေပြုပြီး ဘက်တီးရီးယားပိုးတွေ ခြေကုပ်ယူရင်း
သွားရဲ့ ကြွေသွားလွှာ တစစ ပျက်စီးလာရင်း ဘက်တီးရီးယားပိုးတွေ သွားပိုးပေါက်ထဲ စိမ့်ဝင်ရင်းနဲ့  သွားပိုးပေါက် (Carious cavity)
ဖြစ်လာပါတယ်။

စစချင်း ဖြစ်နေတဲ့ သွားပိုးပေါက်က ပုံမှန်သွားအရောင် (အဖြူရောင်) ထဲမှာ အမဲစက်လေး/အပေါက်လေး အဆင့်ပါပဲ။

သွားပိုးပေါက်ထဲ အစာဝင်ခြင်း ရှိလာပါမယ် (Food Stagnation)။
သွားနာကျင်ခြင်းတော့ မရှိသေးပါ။

ကြွေသွားလွှာက အာရုံကြောခံစားမှု မရှိတာကြောင့် နာကျင်မှု မရှိသေးလို့ 

ကာယကံရှင်က သွားပိုးပေါက် ရှိတာကို မသိသလို ဖြစ်တတ်ခြင်း/ သိပေမဲ့ အရေးမစိုက်ခြင်းတွေကြောင့်

သွားနှင့်ခံတွင်းဆရာဝန်ထံ အချိန်မီ ပြသခြင်း မရှိတတ်တာ ရှိပါတယ်။

ဒီEnamel Caries ကြွေသွားလွှာပိုးစားခြင်း အဆင့်မှာ သွားဖာခြင်း (Filling) တန်း လုပ်လို့  ရတဲ့အဆင့်ပါ။

ပုံမှန်ဆို Dressing ဆေးထည့်ခြင်း လုပ်စရာ မလိုပါ။

တစ်ကြိမ်ထဲနဲ့  ကုသမှု ပြီးမြောက်မှာပါ။

သွားကို ဆိုးကျိုးပေးစေတဲ့ ချို၍ စေးကပ်သော အစားအစာများ စားသုံးခြင်းကို သတိချပ်စားရမှာ ဖြစ်သလို
နေ့ စဉ် ပုံမှန် စနစ်မှန် သွားတိုက်နည်းဖြင့် သွားတိုက်နေမှ သွားပိုးစားခြင်းရောဂါ မဖြစ်အောင် ကာကွယ်နိုင်မှာပါ။

ဖြစ်လာခဲ့လဲ ဖြစ်ဖြစ်ချင်းမှာ ကုသမှုခံယူမှ ကောင်းမွန်တဲ့ ရလဒ်တွေ ရမှာပါ။

ဒီအဆင့်က ကျော်လို့  သွားရဲ့  ဒုတိယအလွှာ ဆင်စွယ်နှစ်လွှာ Dentine ကို ဘက်တီးရီးယားပိုးတွေက ရောက်လာရင်တော့

သွားနာကျင်ခြင်း ဝေဒနာကို စတင် ခံစားလာရမှာပါ။ ဆင်စွယ်နှစ်လွှာက သွားဦးခေါင်းပိုင်းရဲ့  တတိယအလွှာ မွသွားလွှာ Pulp နဲ့  ဆက်စပ်နေလို့ ပါ။

မွသွားလွှာက သွားရဲ့  အာရုံကြောတွေ ရှိတဲ့အလွှာပါ။

ဆင်စွယ်နှစ်လွှာထိ သွားပိုးစားခြင်း ဖြစ်နေပြီဆို သွားပိုးပေါက်ဟာ တော်တော် နက်နေပါပြီ။

အစာစားရင် ရေသောက်ရင် အရည်သောက်ရင် (အပူ/အအေး) အရမ်းပူတာ အရမ်းအေးတာတွေဆို သွားကျင်ခြင်း ( Hypersensitivity to cold & hot drinks)ဖြစ်တတ်ပါတယ်။

သွားကိုက်ခြင်းလဲ ရှိနေပါပြီ။

ဒီအဆင့်မှာ လူနာက သွားနာလို့ 

သွားနှင့်ခံတွင်းဆရာဝန်ထံ လာပြရင် ရပါသေးတယ်။

အရမ်းမဆိုးရင် Filling သွားဖာခြင်း တန်းလုပ်လို့  ရပါမယ်။
သွားပိုးပေါက်ထဲက ပျက်စီးနေတဲ့သွားလွှာတွေကို ဖယ်ရှားပြီးရင်ပေါ့။

လိုအပ်ရင် ဆေးထည့်ပြီး Dressing စောင့်ကြည့်ပါတယ်။

၂ကြိမ်/၃ကြိမ်ခန့်  ဆေးထည့်ပြီး သွားမနာတော့ရင်

သွားဖာလို့  ရပါပြီ။

ဒီလို ဒုတိယအလွှာထိ သွားပိုးစားနေတာကို သတိမပြုပဲ သွားနာနေတာကို (နာလိုက် ပျောက်လိုက်မို့ / ဗဟုသုတမရှိလို့ / သွားဆရာဝန်ထံ ပြရမှာ မဝံ့ရဲလို့ / သွားဆရာဝန်ထံ ပြရမှာ အလှမ်းဝေးနေလို့ )

ကြိတ်ခံရင်း ဆက်နေသွားရင်

ဘယ်တီးရီးယားပိုးနဲ့ စားကြွင်းစားကျန်တွေ
ဓာတ်ပြုပြီး
ထွက်လာတဲ့အက်ဆစ်ဓာတ်တွေကြောင့်

သွားပိုးစားခြင်းဟာ

သွားရဲ့  မွသွားလွှာ ထိ ရောက်သွားတော့မှာပါ။

ဒီအဆင့် ရောက်သွားပြီဆို
သွားပိုးစားရောဂါလို့  မခေါ်တော့ပဲ

သွားပိုးစားခြင်း မွသွားလွှာရောင်ခြင်းရဲ့  နောက်ဆက်တွဲ ရောဂါတွေလို ခေါ်လို့  ရပါပြီ
(Sequelae of Pulpitis)။

မွသွားလွှာ ထိသွားပြီ ဆိုရင်
သွားဆေးထည့်ခြင်း နဲ့  သွားဖာခြင်းကုထုံး
(Dressing & Filling) နဲ့  မရတော့ပါ။

ပုံမှန်ဆို လူကြီးသွားတွေအတွက် (Permanent Teeth) သွားအကြောထုတ်ကုထုံး (Root Canal Therapy) ကို လုပ်ဆောင်ရပါတယ်။

လူ့ ရဲ့  သွား က ဆန်းကြယ်ပါတယ်။

သွားဦးခေါင်းပိုင်း ( Crown) က (ပါးစပ်ထဲ မြင်ရသောအပိုင်း)

Enamel ကြွေသွားလွှာ
Dentine ဆင်စွယ်နှစ်လွှာ
Pulp မွသွားလွှာ နဲ့  ဖွဲ့ စည်းထားပြီး

အမြစ်ပိုင်း (Root) (သွားဖုံးနဲ့ အုပ်နေပြီး မမြင်ရသောအပိုင်း) က

Cementum သွားမြစ်ပထမလွှာ
Dentine ဆင်စွယ်နှစ်လွှာ
Pulp မွသွားလွှာ

ရှိပါတယ်။

ထူးခြားတာက

သွားအမြစ်ထိပ်မှာ သွားအမြစ်အပေါက်ဝလေးရှိပါတယ် (Apical Foramen)။

ဒီနေရာကနေ သွားရဲ့ မွသွားလွှာထဲ သွားမြစ်လမ်းကြောင်းမှ တစ်ဆင့်(Root Canal) အာရုံကြောတွေ သွေးကြောတွေ ဝင်ရောက်ပြီး သွားတစ်ချောင်း ရှင်သန်လှုပ်ရှားဖို့  အာဟာရတွေ ပေးပါတယ်။
အာရုံခံစားမှုပေးပါတယ်။

မေးရိုး (အပေါ်/အောက်) တစ်လျှောက် သွားခန္ဓာဗေဒ ဖွဲ့ စည်းမှုပါ။ လွယ်လွယ်ပြောရရင်

ဒီနေရာကနေ လူ့ ခန္ဓာကိုယ် တစ်ခုလုံးထံ ဆက်သွယ်ရေးလမ်းကြောင်း ရှိပါတယ်။

ဒါကြောင့်

မွသွားလွှာ ထိ ဘက်တီးရီးယားပိုးများ ဝင်ရောက်လာခြင်းဟာ

ထိုလူနာရဲ့  သွားကိုသာ မက ထိုလူနာရဲ့  ကျန်းမာရေးကိုပါ ထိခိုက်စေမှာပါ။

သွားနာကျင်တာကလဲ ပိုဆိုးပါတယ်။ ဒါပေမဲ့ အဖြစ်များတဲ့ Chronic Pulpitis / Irreversible Pulpitis တာရှည်မွသွားလွှာရောင်နေခြင်း ကျ

သွားနာတာက နာလိုက် ပျောက်လိုက်ဖြစ်တတ်ပါတယ်။

ရေပူ ရေအေး သောက်ရင် ကျင်တတ် နာတတ်ပါတယ်။

ဒီအဆင့်မှာ သွားအကြောထုတ်ကုသတယ် ဆိုတာက

သွားရဲ့ ဦးခေါင်းပိုင်းရှိ မွသွားလွှာ မှာ တည်ရှိတဲ့ သွားမြစ်လမ်းကြောင်းဝ (Root Canal Or***ce) ကို

သွားနှင့်ခံတွင်းဆရာဝန်က သူသင်ကြားတတ်မြောက်ထားတဲ့ ပညာနဲ့  လိုက်လံရှာဖွေ ဖွင့်ပေးရတာပါ။

ဒီလို ဖွင့်ပေးလိုက်တာနဲ့  လူနာ နာကျင်နေတဲ့သွားကိုက်ခြင်းဝေဒနာ ယာယီ သက်သာသွားတတ်ပါတယ်။

သွားရဲ့  သွားမြစ်လမ်းကြောင်းထဲမှာ ရောင်နေတာဟာ (Inflammation)
နေရာကျဉ်းလေးထဲမှာမို့  (within confined space) Pressure Effect ဖိအားသက်ရောက်မှုနဲ့  ပိုနာနေတာမှာ

ဦးခေါင်းပိုင်းကနေ အပေါက်ဖွင့်ပေးလိုက်တာနဲ့  ဖိအား သက်ရောက်မှု လျော့သွားလို့ ပါ။

ဒါကြောင့် သွားကိုက်ခြင်းနဲ့ ကုထုံးဟာ

အနာနဲ့ ဆေး တည့်မှ သက်သာ ပျောက်ကင်းတာပါ။

ဆေးမြီးတိုတွေ ကုထုံးမှားတွေနဲ့ ဆိုရင် ယာယီသက်သာသယောင် ရှိပေမဲ့ ရေရှည် နစ်နာမှာပါ။

သွားအကြောထုတ်ကုထုံးကလည်း ကုလို့ ရတဲ့ ကယ်လို့ ရတဲ့ သွား တွေမှ ရမှာပါ။

အရမ်းဆိုးဆိုးဝါးဝါး ပျက်စီးနေတဲ့သွားတွေဆို သွားနုတ်ခြင်းကုထုံးနဲ့ မှ ရပါတော့မယ်။

ဒါကြောင့် မလိုအပ်ပဲ သွားအစစ်တွေ မပျက်စီး မဆုံးရှုံးအောင် ဂရုစိုက် ကာကွယ်ရမှာပါ။

သွားအကြောထုတ်ကုထုံးက ဒီလို သွားမြစ်ပေါက်ဝကို ဖွင့်ပေးတာနဲ့  မပြီးပြတ်သေးပါ။

အခုမှ ကုထုံးရဲ့  ပထမအဆင့် ရှိပါသေးတယ်။

သွားမြစ်ပေါက်ဝကို ဖွင့်ပြီးရင် သွားမြစ်လမ်းကြောင်းထဲက မွသွားလွှာ အာရုံကြောကို ဖယ်ထုတ်ရပါတော့မယ်။

ဘက်တီးရီးယားပိုးတွေရဲ့ 
ကူးစက်နေမှုကြောင့် ပြန်လည် ကုစားလို့  မရတော့ပါ။

ဒါကို ကုန်စင်အောင် ဖယ်ရှားပြီး
သွားမြစ်လမ်းကြောင်းကို မူလအရွယ်အစားထက် ပိုကျယ်အောင် သွားနှင့်ခံတွင်းဆရာဝန်က သူ့ ရဲ့  သွားပစ္စည်းတွေနဲ့  လုပ်ဆောင်ပါလိမ့်မယ်။

ပုံမှန်ဆို ၂ကြိမ်က ၄ကြိမ် ရက်ချိန်းပေးရပါမယ်
(၄ရက်က ၁ပတ်ခြားစီ)။

ဒီလို လုပ်နေတုန်းမှာ သွားမြစ်ထဲကို ဆေးထည့်ခြင်း/သန့် ရှင်းစေခြင်း များ ပြုလုပ်ပါတယ်။

သွားမနာတော့ခြင်း
ယာယီထည့်ထားသောဆေးဂွမ်း ကို ပြန်ထုတ်စဉ် စိုစွတ်မှုမရှိတော့ခြင်း/မနံ တော့ခြင်း စသည့် အချက်များပေါ် မူတည်ပြီး

သွားအမြစ်တစ်လျှောက် ဘက်တီးရီးယားပိုးမရှိတော့လို့  ယူဆရရင်

သွားအကြောတု ထည့်ပေးပြီး ပိတ်ပေးပါတယ်။

သွားဦးခေါင်းပိုင်းကို သွားဖာဆေးနဲ့  ဖာထေးပေးပါတယ်။

ဒါဆို သွားအကြောထုတ်ကုထုံး ပုံမှန် ပြီးမြောက်ပါပြီ။

ကျန်သေးတာက သွားအကြောအစစ်ကို ထုတ်လိုက်သောသွားက Non Vital Tooth သွားသက်မရှိတော့သော သွားဖြစ်သွားတာမို့ 

ပိုကျိုးပဲ့လွယ်ပါတယ်။
ဒါကြောင့် သွားတုပြန်စွပ်ခြင်း (Full Crown) လုပ်သင့်ပါတယ်။

မှတ်ထားရမဲ့အချက်တွေက
သွားတွေပေါ်မူတည်ပြီး သွားမြစ်လမ်းကြောင်းတွေ အနည်းအများ ရှိတာပါ (Root Canals)။
သွားမြစ်လမ်းကြောင်း များရင် များသလို သွားအကြောထုတ်ရပါလိမ့်မယ်။

ထို့ အတူ သွားဓာတ်မှန် (Dental X'Rays) ရိုက်စရာတွေ ရှိပါတယ်။ ဓာတ်မှန်ကို ကြည့်ပြီး လိုအပ်သလို ကုသရတာပါ။

သွားပိုးပေါက်ကနေ မွသွားလွှာရောင်ခြင်း ဖြစ်စဉ်မှာ

မွသွားလွှာရောင်ခြင်း
Pulpitis/Irreversible Pulpitis ရှိသလို

Pulp Necrosis မွသွားလွှာပျက်စီးသေဆုံးခြင်း လဲ ရှိပါတယ်။

ဒီဖြစ်စဉ်ကတော့

ဘက်တီးရီးယားပိုးတွေက တစစနဲ့  သွားမြစ်လမ်းကြောင်းတစ်လျှောက် မွသွားလွှာကို တိုက်စားသွားရာမှာ မွသွားလွှာရှိ အာရုံကြောလေးတွေ သွေးကြောလေးတွေ တဖြည်းဖြည်း သေဆုံးသွားပါတယ်။

ဒါကလဲ Non Vital Tooth သွားသက်မရှိတော့သောသွား ပါပဲ။

ထူးခြားတာက သွားအကြောထုတ်ကုထုံးလို သွားမြစ်ထဲက ဘက်တီးရီးယားပိုးတွေကို ဖယ်ရှားသန့် ရှင်းစေပြီးမှ ဖြစ်သွားတာ မဟုတ်ပဲ

ဘက်တီးရီးယားပိုးတွေရဲ့  စိမ့်ဝင် သက်ရောက်မှုကြောင့် ဖြစ်သွားတာပါ။

သွားက မနာကျင်တော့ဘူး။
သွားအရောင်ပြောင်းနေတတ်တယ် (ညိုမဲမဲ)။

ဒီအဆင့်ပြီးရင်
ဘက်တီးရီးယားဝင်ရောက်မှုဟာ

သွားရဲ့ အမြစ်ထိပ်ဝကနေ သွားအမြစ်ထိပ် (သွားအပြင်ဘက်) နဲ့  သွားမြစ်မြှေးပတ်လွှာဆီ ရောက်လာမှာပါ။

သွားအပြင်ဘက်နားလေး (သွားမြစ်ထိပ်) မှာ ပိုးဝင်လာတော့မဲ့သဘောပါ။

ဒါက အရမ်းတော့စိုးရိမ်စရာမရှိပါ။

ဒီအဆင့်ရောက်ရင် သွားနာလာအုံးမှာပါ။

မွသွားလွှာအာရုံကြောတွေသေနေပြီမို့  သွားထဲက နာကျင်တာမဟုတ်ပေမဲ့ သွားနာတယ်လို့ ပဲ မှတ်ယူရမှာပါ။

ဘယ်က နာသလဲဆိုတော့ သွားမြစ်အပြင်ဘက် သွားမြစ်မြှေးပတ်လွှာက နာကျင်တာပါ။

ဒီအဆင့်မှာ လူနာက ဘယ်သွား နာသလဲ ဆိုတာ ထောက်ပြနိုင်ပါတယ်။

သွားမြစ်မြှေးပတ်လွှာရဲ့  (Periodontal Ligament)
စွမ်းဆောင်မှုတစ်ခုက Proprioceptive Receptors တွေ ရှိတာပါ။

ဆိုလိုချင်တာက နေရာကို ပြဆိုနိုင်တဲ့အာရုံခံတွေ ရှိတာပါ။

ဒါက ဘာကို ပြဆိုတာလဲ ဆိုတော့

သွားရှိမှ မေးရိုးဟာ (Jaw) ဖွင့်ခြင်း ပိတ်ခြင်း ကို အာရုံခံ အာရုံကြောစနစ်အရ ပုံမှန်နေရာ ပြန်ရောက်တာပါ။

နို့ မို့  သွားတွေ တော်တော်များများမရှိတဲ့မေးရိုး
သွားလုံးဝမရှိတဲ့မေးရိုးတွေ (Partially edentulous or fully edentulous jaw) ဟာ

အဖွင့်အပိတ်မှာ လည်နေတတ်ပါတယ် (Wandering Jaw)။
ပုံမှန်နေရာ ပြန်ရဖို့  ကြာတာပါ။

ဒီလို Apical Periodontitis သွားမြစ်ထိပ်သွားမြစ်မြှေးပတ်လွှာရောင်ရင်

သွားက အနည်းငယ် ကြွတက်သလို ရှိပါမယ်။
သွားကို လက်နဲ့ ဖြစ်စေ သွားဆရာဝန်က သွားကြည့်မှန် (Mouth Mirror) ထိပ်နဲ့  ဖွဖွလေး တောက်ကြည့်ရင် ဖြစ်စေ နာပါတယ် (Axial Percussion Pain)။

အပူအအေး တော့ နာကျင်ရမှန်းမသိတော့ပါ (မွသွားလွှာအာရုံကြောတွေ သေနေပြီမို့ )။

သွားသက်မရှိတော့တဲ့သွားတွေ (Non Vital Tooth/ Pulp Necrosis) ဖြစ်နေပါပြီ။

ဒီနေရာမှာလဲ ကုထုံးက

သွားအကြောထုတ်ကုထုံးပါပဲ။

ဘက်တီးရီးယားပိုးက သွားအမြစ်အပြင်ဝလေးထိပဲ ရောက်သေးတာမို့ 

ဘက်တီးရီးယားပိုးတွေ ရှိတဲ့သွားအကြောကို ထုတ်ပြီး ကုထုံးမှန် ဆက်ကုရင် သွားနာခြင်း ပိုးဝင်ခြင်း ရောဂါပျောက်ကင်းသွားမှာပါ။

သွားအကြောထုတ်ကုထုံးနဲ့  ကုလို့  အဆင်မပြေတာတွေကျမှ သွားနုတ်ခြင်း ( Tooth Extraction)လုပ်ရမှာပါ။

ဒီအဆင့်ကနေ မကုပဲ ဆက်ထားရင်

နောက်ဆက်တွဲ ဆိုးကျိုးတွေ ရှိပါသေးတယ်။

စာလေးမှာ စိုးလို့  ဆက်မရေးပြသေးပါ။

Periapical Abscess သွားမြစ်ဘေးပြည်တည်ခြင်း

Facial Cellulitis
မျက်နှာအရေပြားရောင်ခြင်း

Osteomyelitis
မေးရိုးရောင်ခြင်း

စသဖြင့် တွေ ရှိပါသေးတယ်။

ဒါကြောင့် သွားတစ်ချောင်း ပုံမှန် ကျန်းမာနေတာကနေ

သွားပိုးပေါက် ဖြစ်လာပြီ ဆိုရင် နောက်ဆက်တွဲရောဂါတွေ ရှိလာမှာကို နားလည်တတ်မှ

မိမိသွားကို ကျန်းမာအောင် ထိန်းသိမ်းရမှန်း သိမှာပါ။

ထိန်းသိမ်းနည်းကလည်း လွယ်ကူပါတယ်။

ချို၍စေးကပ်တဲ့အစာတွေ မစားပါနဲ့ ။

သွားပိုးပေါက်ဖြစ်စေတဲ့အစားအသောက်တွေကို လေ့လာမှတ်သား ရှောင်ကြည်ပါ။

အစာစားပြီး ပလုပ်ကျင်းပါ။

တစ်နေ့ ၂ကြိမ် စနစ်မှန် သွားတိုက်ပါ။

သွားနှင့်ခံတွင်းဆရာဝန်ထံ ၆လ ၁ကြိမ် ပြသ စစ်ဆေးပါ (Regular Dental Check Up)။

သွားနှင့်သွားဖုံးသန့် ရှင်းရေးကုထုံးကို လိုအပ်သလို ခံယူပါ (Scaling)။

သွားပိုးစားခြင်းရောဂါ ဖြစ်လာပြီဆို သတိမူတတ်ပါ။ အချိန်မီ ပြသ ကုသမှု ခံယူပါ။

မိမိတို့  ရသလောက် သွားနှင့်ခံတွင်းကျန်းမာရေး ပညာဗဟုသုတများ ရယူကြပါ။

ဤ စာစုကို သွားနှင့်ခံတွင်းဆရာဝန်များမှ ပြည်သူများအား နားလည်အောင် ရှင်းပြနိုင်ရန်အလို့ ဌာ
ပြည်သူများမှ သိရှိ နားလည်ကြရန် အလို့ ဌာ ရေးသားအပ်ပါသည်။

Post Credit: Dr Thant Sin

22/11/2017

သွားအကြောသတ်ရမယ်လို့ ဆရာဝန်က ပြောလိုက်တဲ့အချိန်မှာ ကိုယ့်သွားကို ဘယ်လို ကုမလဲဆိုတာ သိချင်မှာပေါ့

👉👉👉အောက်က videoလေးက သွားပိုးစားပီး တန်းဖာလို့မရတော့တဲ့သွားကို အကြောသတ်ပီး သွားအရောင်ဆေးနဲ့ပြန်ဖာပြထားတာပါ

Address

No(44), Dine Wun Kwin Ward, China Town Road
Mawlamyine

Opening Hours

Monday 17:00 - 21:00
Tuesday 17:00 - 21:00
Wednesday 17:00 - 21:00
Thursday 17:00 - 21:00
Friday 17:00 - 21:00
Saturday 09:00 - 12:00
17:00 - 21:00
Sunday 09:00 - 12:00
17:00 - 21:00

Telephone

09452305746

Website

Alerts

Be the first to know and let us send you an email when Shin Thant Dental Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category