November Zin

November Zin သဘာဝတရားကိုနှစ်သက်သူ
ပျော်ရွှင်ကြပါစေ
လူတစ်ယောက်ဖြစ်တည်လာချင်ကလူသားတွေကိုပျော်အောင်လုပ်ပေးဖို့ပဲလေ

🙂 #ချစ်သူသိစေ
01/06/2025

🙂

#ချစ်သူသိစေ

တကယ်တမ်းမှာအနာကျင်ဆုံးသော လက်စားချေခြင်းကဆဲသံမဟုတ်ပါဘူး။ငြိမ်သက်နေခြင်းပါ။“အာရုံမစိုက်တော့ခြင်း” ပဲ ဖြစ်ပါတယ်။တစ်ချို့ရဲ...
01/06/2025

တကယ်တမ်းမှာ

အနာကျင်ဆုံးသော လက်စားချေခြင်းက

ဆဲသံမဟုတ်ပါဘူး။

ငြိမ်သက်နေခြင်းပါ။

“အာရုံမစိုက်တော့ခြင်း” ပဲ ဖြစ်ပါတယ်။

တစ်ချို့ရဲ့အပြုအမူတွေကို

အကြောင်းဖော်ပြီး သက်သေပြစရာမလိုပါဘူး။

တုန့်ပြန်ဖို့၊ ထိုးနှက်ဖို့ တောင် မလိုပါဘူး။

ထိုအစား

သူတို့ကို “အမည်မဖော်ခြင်း” နဲ့ပဲ ပြသနိုင်ပါတယ်။

တစ်ပြားတစ်ကျပ်တောင်

တန်ဖိုးမထားတော့တဲ့အခိုက်အတန့်မှာ

သူတို့ရဲ့အရေးပါတဲ့နေရာဟာ

ကိုယ့်ဘဝထဲကနဲ့ တဖြည်းဖြည်း ထွက်သွားပါလိမ့်မယ်။

ထွက်သွားတဲ့အခိုက်အတန့်မှာပဲ

ကိုယ့်ရဲ့ တန်ဖိုးက ပိုမြင့်လာမယ်။

ကျွန်တော် တို့ပိုကြီးလာတဲ့အခါ

သူတို့ဟာ သေးငယ်သွားတတ်ကြတယ်။

အဲဒါကပဲ တကယ့်အပြစ်အနာတရ ဖြစ်စေတတ်တယ်။

အပြစ်ပေးမှု တောင်းဆိုစရာမလိုဘဲ

တချို့သူတွေကို သူတို့ကိုယ်တိုင်နဲ့

အနာ သက်သက်ခံကြရတာပါပဲ။

ကိုယ့်ဘဝ ပိုကောင်းလာတဲ့အခါ

ကိုယ် ပိုအေးအေးငြိမ်းငြိမ်းနေတဲ့အခါ

တကယ်ကောင်းတဲ့ လက်စားချေခြင်းဟာ

တောင့်တင်းမှုနဲ့ မဟုတ်ပါဘူး။

သက်တောင့်သက်သာနဲ့ ရှိနေခြင်းပဲ ဖြစ်ပါတယ်။

အယဉ်ကျေးဆုံး တုန့်ပြန်မှုက

အကြမ်းတမ်းဆုံး လက်စားချေခြင်းဖြစ်နိုင်တယ်။

ဘာလို့လဲဆိုတော့

တရားမရှိသူတွေအတွက်

အလေးမထားခြင်းထက်

ပိုမိုကင်းရှင်းတဲ့ ပြစ်ဒဏ်တော့ မရှိဘူး။

တုံ့ပြန်စရာမလိုပါဘူး…

တဖန် ပြောဖို့တောင် မလိုပါဘူး။

အေးအေးလေးနဲ့ ကိုယ့်ဘဝကို တိုးတက်အောင်

တည်ဆောက်ပေးမယ်ဆိုရင်

အဲဒါကပဲ…

အနာကျင်ဆုံးသော

နူးညံ့ပြီး တကယ်ထိထိရောက်ရတဲ့

လက်စားချေခြင်းဖြစ်သွားမှာပါ။

တုန့်ပြန်ဖို့မလိုပါဘူး။

ကိုယ့်အချမ်းသာဆုံး ငြိမ်းငြိမ်းချမ်းချမ်းဘဝကပဲ

သူတို့အတွက် အကြီးဆုံးအဖြေ ဖြစ်လိမ့်မယ်

ကျွန်တော် သူကိုသိပ်ချစ်မိသွားတယ်သူဘာလို့လိမ်တာပါလိမ့် ကံတရားဆုံးခွင့်ပေးလာပါစေလို့ ဆုတောင်းယုံကလွဲရင် #ချစ်သူသိစေ
28/05/2025

ကျွန်တော် သူကိုသိပ်ချစ်မိသွားတယ်

သူဘာလို့လိမ်တာပါလိမ့်

ကံတရားဆုံးခွင့်ပေးလာပါစေလို့ ဆုတောင်းယုံကလွဲရင်

#ချစ်သူသိစေ

{မင်္ဂလာဦးည၌ပင် ကွာရှင်းပြတ်စဲခြင်း} *မင်္ဂလာဦးညတွင်မင်္ဂလာဦးမောင်နှံအတွက် ညစာစားဖို့လင်ဗန်းအကြီးတစ်ခု၌ အလွန်ကောင်းပြီးအ...
25/05/2025

{မင်္ဂလာဦးည၌ပင် ကွာရှင်းပြတ်စဲခြင်း}

*မင်္ဂလာဦးညတွင်မင်္ဂလာဦးမောင်နှံအတွက် ညစာစားဖို့လင်ဗန်းအကြီးတစ်ခု၌ အလွန်ကောင်းပြီးအနံ့အရသာတွေနဲ့ပြည့်နေတဲ့ အစားအသောက်များကို စားသုံးဖို့အခန်းတစ်ခုမှာအဆင်သင့် ပြင်ဆင်ထားပေးတယ်။

သတို့သားက သတို့သမီးကိုစားသောက်ဖို့ခေါ်တော့ သတို့သမီးကမေးတယ်....
ရှင့်အမေကော မစားဘူးလား.…?ခေါ်လိုက်ပါ အတူတူ တစ်ပေါင်းတစ်စည်းတည်း စားလိုက်ကြရအောင် ....

သတို့သားက အမေ အိပ်သွားပြီးထားလိုက်ပါ။ငါတို့နှစ်ယောက်ပဲ စားလိုက်ကြရအောင်..

ဇနီးက ထပ်ပြောတယ်။ ကျွန်မသိတယ်ရှင့်အမေလည်း ထမင်း မစားရသေးဘူးခေါ်လိုက်ပါ အတူစားရအောင်ပြောတော့..
အိပ်ပါစေ ထားလိုက်ပါကွာဟုပြောတယ်။

ထိုအခါ သတို့သမီးက ထပ်ဖန်တလဲလဲအမေကိုခေါ်ဖို့ ပြောပေမယ့်သတို့သားကလည်း
ထပ်ဖန်တလဲလဲ ငြင်းဆိုရာကနေနောက်ဆုံး သတို့သမီးက သူမကိုကွာရှင်းပေးဖို့ တောင်းဆိုလိုက်တယ်။

နှစ်ယောက်သားအချင်းများရာကနေကွာရှင်းပြတ်စဲ လိုက်ကြတဲ့အခြေသို့ဆိုက်ရောက်ခဲ့တယ်။

လမ်းခွဲကြပြီးနောက် သူတို့နှစ်ဦးဟာကိုယ်စီ နောက်အိမ်ထောင်ထူထောင်လိုက်ကြတယ်။

အမျိုးသမီးက သူမရဲ့သားသမီးတွေနဲ့ပျော်ရွှင်ကြည်နူးစရာ ကောင်းတဲ့ မိသားစုဘဝလေး ပိုင်ဆိုင် ဖြတ်သန်းနေတယ်...။

နှစ် ၃၀ ကြာပြီးနောက်တစ်နေ့မှာ သူမက နေရပ်ကိုပြန်လာတော့သားသမီးတွေကလာရောက်ကြိုဆိုကြပြီး အိမ်ပြန်လာကြတယ်။

လမ်းခုလတ်တနေရာမှာလူတစ်ယောက်ဟာဟောင်းနွမ်းစုတ်ပြတ်တဲ့အဝတ်အစားဝတ်ဆင်လျက် အလွန်ဆာလောင်မွတ်သိပ်စွာတောင်းရမ်းနေတဲ့သူတစ်ယောက်ကိုတွေ့တော့ အမျိုးသမီးက သားတွေကိုပြောတယ်။

အဲ့လူကို ထူလိုက်ပါ .ခြေလက်မျက်နှာဆေးပြီးထမင်းကျွေးလိုက်ပါ။အမျိုးသမီးက အဆိုပါ လူကိုသေချာကြည့်လိုက်တော့ သူမရဲ့ပထမခင်ပွန်းဖြစ်နေတယ်။

အမျိုးသမီးကမေးတယ်။ဘာကြောင့်ဒီလိုဆိုးရွားတဲ့အခြေအနေကို ရောက်နေတာလဲ.…?

ထိုအမျိူးသမီးရဲ့ ပထမခင်ပွန်းကပြောတယ်...
ငါ့သားသမီးတွေဟာ ငါ့အပေါ်မကောင်းကြဘူး၊ ငါ့ကိုဂရုမစိုက်ကြဘူး ငါ့အပေါ်တန်ဖိုးမထားကြဘူး.ငါ့ကို ထောက်ပံ့မှုမပြုကြဘူး .ငါ့ကိုပြစ်ထားကြတယ်.ငါဟာငါ့ဝမ်းစာအတွက်
တောင်းရမ်းစားသောက်နေရတယ်။ အခု မင်းမြင်တဲ့အတိုင်းပါပဲ,.

အမျိုးသမီးကပြောတယ်
အေး... အဲ့ဒါဘာကြောင့်လဲဆိုတာရှင်သိလား.…?
ရှင်ဟာ ရှင့်အဖေ၊ အမေအပေါ်မှာမကောင်းခဲ့ဘူး တာဝန်မကြေခဲ့ဘူး.ရှင့်အဖေအမေအပေါ် ရှင်ဘယ်လိုဆက်ဆံလဲ.ရှင့်သားသမီးတွေကလည်း ရှင့်ကိုအဲဒီလိုဆက်ဆံတာပါ.

အသင်တို့ မိမိတိုရဲ့မိဘတွေအပေါ်ကောင်းစွာဆက်ဆံကြကုန်။ သို့မှသာ အသင်တို့ရဲ့ သားသမီးတွေကအသင်တို့ကို ကောင်းစွာဆက်ဆံလိမ့်မည်။

ကျွန်မသိလိုက်တယ်။
အဲ့(မင်္ဂလာဦးည)ကတည်းက
မိခင်အပေါ်ဆက်ဆံပုံကိုကြည့်ပြီး ကျွန်မကြောက်သွားတယ်။

ရှင့်ဟာမိဘအပေါ် မကောင်းတဲ့အတွက်ရှင်နဲ့ ရတဲ့ကလေးတွေလည်းကျွန်မကိုသိတတ်မှာမဟုတ်ဘူး။

အခုကြည့်ပါ....
ရှင့်အရှေ့က ကျွန်မရဲ့သားတွေဟာ အမေရဲ့ ဝေယျာဝစ္စ အရာရာကိုဆောင်ရွက်ပေးရုံမကဘူး
အမေဝတ်ပြီးသားထမိန်ကိုပါ
လျှော်ဖွတ်ပြီး မီးပူတိုက်ပေးကြတယ်...

ဒီပို့စ်လေးရေးတဲ့ကျွန်မသတိပေးချင်တာကမိမိသားသမီးတွေရဲ့ပြုစုယုယမှုလိုချင်လျှင် မိမိအဖေ အမေများကို ပြုစုယုယကြပါလို့.....။

အစဉ်လေးစားလျှက်
Credit Original Writer.

ဗုဒ္ဓက …… ချစ်သား ချစ်သမီးတို့ အလှူခံပုဂ္ဂိုလ်ကို

အဝေးကြီး မရှာပါနဲ့ မိဘနှစ်ပါးသည် သားသမီးများအတွက်အကောင်းဆုံးအလှူခံပါ။'

မိဘကိုလုပ်ကျွေးသောသားသမီးတိုင်းလက်တွေ့ခံစားရမည့်အကျိုးတရား (၁၂)ပါး

________________________________

၁။ လူတိုင်း ချီးမွှမ်းမှုကို ခံရသည်။

၂။ အသိလိမ္မာ ဉာဏ်ပညာ တိုးပွားမယ်။

၃။ လူအများတို့၏ ကြည်ငြိုပူဇော်မှုခံရမည်။

၄။ အချွေအရံ ပေါများမည်။

၅။ ကျော်ဇောထင်ရှားမည်။

၆။ စီးပွားဥစ္စာရတနာနေ့တိုင်း တိုးတက်မည်။

၇။ ရောဂါဘေးအန္တရာယ် ကင်းမည်။

၈။ ကျက်သရေမင်္ဂလာ နေ့တိုင်း တိုးမည်။

၉။ အသက်ရာကျော် နေရမည်။

၁၀။ နတ်တို့ ချစ်ခင်စောင့်ရှောက်မည်။

၁၁။ လောက၏အမြင့်ဆုံးချမ်းသာက်ိုခံစားရမည်။

၁၂။ တမလွန်ဘဝတွင် နတ်ချမ်းသာကိုခံစားရမည်။

မြတ်ဗုဒ္ဓ.. ....

သားသမီးတိုင်းမိဘကျေးဇူးအထူးဆပ်နှိုင်ကြပါစေ...။



Share…..

အချစ်ကြီးပြီး အတွေးလွန်တတ်တဲ့ယောက်ျားလေးတစ်ယောက်ဟာဒီလိုမိန်းခလေးမျိုးနဲ့တွေ့မှ မြဲမှာပါ..၁။သူ့အပေါ် ပွင့်လင်းပြီးအလိမ်အည...
22/04/2025

အချစ်ကြီးပြီး အတွေးလွန်တတ်တဲ့
ယောက်ျားလေးတစ်ယောက်ဟာ
ဒီလိုမိန်းခလေးမျိုးနဲ့တွေ့မှ မြဲမှာပါ..

၁။သူ့အပေါ် ပွင့်လင်းပြီး
အလိမ်အညာကင်းတဲ့ မိန်းကလေး🍀

၂။သူ့ရဲ့ယုံကြည်မှုကို ဘယ်တော့မှ
အလွှဲသုံးစားမလုပ်တတ်တဲ့ မိန်းကလေး🍀

၃။သူ့ရှေ့မှာရော၊သူ့မျက်ကွယ်ရာမှာပါ
သူစိမ်းယောက်ျားလေးတွေနဲ့
ရှုပ်ရှုပ်ယှက်ယှက်မနေတတ်တဲ့ မိန်းကလေး🍀

၄။သူ့ကို အလေးအနက်ထားပြီး
ချစ်ပေးတဲ့ မိန်းကလေး🍀

၅။သူ့အပေါ် ဘယ်တော့မှမဖောက်ပြန်ပဲ
သစ္စာရှိတဲ့ မိန်းကလေး🍀

Credit to Original

01/04/2025

မိုးလေဝသ သတင်းသတိပေးချက်

Crd

01/04/2025

မြန်မာနိုင်ငံကဘွဲ့တွေအကြောင်း

Crd

09/03/2025

ကံ့ကော်ပန်းတွေရဲ့
အဓိပ္ပါယ်က
“ မပြောင်းလဲပဲ
ထာဝရချစ်နေမယ် ” တဲ့ 🌼💛

#နွေဦးကံ့ကော်

14/02/2025

သူဒေစီပန်းလေး တစ်ပွင့်ဆိုရင်



Address

Mawlamyine

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when November Zin posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share