Perfect Health general & dental clinic

Perfect Health general & dental clinic General and Dental Clinic Mawlamyine

29/07/2025

ခွေးကိုက်ခံရပြီး အရပ်အခေါ် ခွေးရူးပျံရောဂါ ( Rabies encephalitis) နဲ့ ပတ်သတ်တဲ့ သိကောင်းစရာ တချို့ကို တင်ပေးချင်ပါတယ် ။ Perfect Health ကနေ တင်ပေးနေတဲ့ Healthy education video လေးတွေ ကြည့်ပြီး ကျန်းမာရေး ဗဟုသုတ များရရှိ၍ ခွေးရူးရောဂါနဲ့ ပတ်သတ်တဲ့ အယူအဆ မှားတွေ ပပျောက်သွားရင် ကျေနပ်ပါပြီ ။

27/06/2025

သွေးလွန်တုပ်ကွေးရာသီရောက်ပြီမို့
သိသင့်သိထိုက်တာလေးတွေ မျှဝေပေးလိုက်ပါတယ်

25/05/2025

ခုလို ပူပြင်းတဲ့ ​နွေရာသီမှာ
​ရေဓါတ်ကို မ​လျော့​အောင် နဲ့ အပူမလွန်ကဲ​အောင် သတိထား ​နေကြပါ​နော် ..

မင်္ဂလာရှိ​သော နတ်​တော် လပြည့်​နေ့​လေး ဖြစ်ပါ​စေ PH group မှ ဆုမွန်​ကောင်း​တောင်းလိုက်ပါတယ်
14/12/2024

မင်္ဂလာရှိ​သော
နတ်​တော် လပြည့်​နေ့​လေး
ဖြစ်ပါ​စေ
PH group မှ
ဆုမွန်​ကောင်း​တောင်းလိုက်ပါတယ်


အခုတ​လော မိုးများပြီး ​ရေ​တွေကြီး​နေတာ အားလုံး ဂရုစိုက်ကြပါ​နော် ​ရေကြီးရင် ....အရင်ဆုံး သတိထားရမှာက ကိုယ့်​နေအိမ်​​နေရာ...
12/09/2024

အခုတ​လော မိုးများပြီး ​ရေ​တွေကြီး​နေတာ အားလုံး ဂရုစိုက်ကြပါ​နော်

​ရေကြီးရင် ....

အရင်ဆုံး သတိထားရမှာက

ကိုယ့်​နေအိမ်​​နေရာ ​ရေလွတ်မလွတ်
******************************
လွတ်တယ်ဆိုပြီးလဲ ​ပေါ့လို့မရပါဘူး​နော် ​ရေပမာဏက ရုတ်တရက်များလာနိုင်တာမို့ ရေတွေပတ်လည်ဝိုင်းပြီးဘယ်မှာထွက်မရဘဲပိတ်မိနေတာလည်းဖြစ်နိုင်တယ်။

​ရေလွတ်ရာ​ရှောင်ဖို့ အထုတ်အပိုး
*****************************
အထုပ်အပိုး ထုတ်တဲ့အခါ အရေးကြီးတဲ့စာရွက်စာတန်းတွေကိုရေမစိုအောင်သေချာထုတ်ပိုးရမယ်။ပြီးတော့ emergency အရေးတကြီးစားရမယ့်အစားအစာ(အစာခြောက်)​​​တွေ ဆေးတွေ စနစ်တကျ ထုတ်ထားရမယ်

စုရပ်
*****
ဘယ်နေရာမှာစုရပ် လုပ်ကြမလဲဆိုတာကိုလည်း ရပ်ကွက်ကလူကြီးတွေနဲ့ရောကိုယ့်အိမ်ကလူတွေအားလုံးတိုင်ပင်ပြီး စီစဉ်တကျလုပ်ထားရမယ်။

​သောက်သုံး​ရေ
*************
သောက်သုံးရေ ဒါကအရေးကြီးတယ်ဘာလို့လဲဆိုတော့ရေကြီးလာတဲ့အခါကျလို့ရှိရင်အဲ့ဒီသောက်သုံးရေတွေကပြတ်လပ်တာတွေမသန့်တဲ့ ရေတွေဝင်ရောက်တာတွေအဲ့တာမျိုးတွေဖြစ်တတ်တယ်။ဒါကြောင့်မို့သောက်သုံးရေကိုစနစ်တကျစုဆောင်းသယ်ဆောင်ရမယ်နော်။

​မြွေအန္တရာယ်
************
ရေကြီးလာတဲ့အခါကျရင် တော့မြွေတွေကအတွင်းထဲကနေထွက်လာတတ်တယ်။ဒါမှမဟုတ်မြစ်ရေနဲ့တူတူမြစ်ချောင်းပင်လယ်မှာနေနေတဲ့မြွေတွေလည်းရောပါလာတတ်တယ်။အဲဒီမြွေတွေထဲမှာအဆိပ်ရှိတာကိုမရှိတာတွေရော ရောပါလာပြီးတော့ သူတို့ကရေဘေးဒုက္ခသည်တွေ ဖြစ်နေတဲ့အတွက်ကြောင့် သူတို့လည်းအမြဲတမ်းရန်လိုနေတတ်တယ်။ သူတို့ကကိုယ့်ရဲ့အိမ်တွေဘာတွေနားမှာရှိတယ်ဆိုလို့ရှိရင်လည်းအိမ်မှာလာပြီးခိုးကပ်နေတတ်တယ်။ဘာပဲဖြစ်ဖြစ်သူတို့တွေကကိုယ့်အတွက်အန္တရာယ်ဖြစ်နိုင်တဲ့အတွက်ကြောင့် လုံးဝလုံးဝသတိထားရမယ်။တစ်နေရာနဲ့တစ်နေရာကူးတဲ့အခါကျရင်ရေကြီးတဲ့အခါသို့မဟုတ်ရေထဲကနေဖြတ်ကူးတဲ့အခါအဲဒီမြွေအန္တရာယ်ကအရမ်းကိုကြောက်ဖို့ကောင်းပါတယ်။ကိုယ်ကမမြင်နိုင်ဘူး။ကိုယ်ကလည်းရေကြီးတာကိုလောနေတဲ့အတွက်ကြောင့်မြွေကိုမတွေ့နိုင်ဘူး။အရမ်းအန္တရာယ်များပါတယ်။ဒါကြောင့်မို့အမြဲတမ်းအားလုံးသတိထားကြပါ။

ဝါယာကြိုး
*********
ဝါယာကြိုးတွေနားသွားတဲ့အခါ transformer/ ဓါတ်တိုင်နား တွေသွားတဲ့အခါမြန်မာနိုင်ငံမှာမီးမလာပါဘူးဆို​ပေမယ့် အဲ့လိုနားသွားတဲ့အခါ သတိထားကြပါ။

​မြေပြို အိမ်ပြို
*************
သတိဆိုတာပိုတယ်လို့ဘယ်တော့မှမရှိပါဘူး။ဒီလိုပဲ​မြေပျိုတာတွေအိမ်ပြိုတာတွေကရေကြီးတာနဲ့ဆက်စပ်နေတတ်ပါတယ်။ရေကတိုက်စားသွားတဲ့အခါမြေကြီးတွေပြိုကျတာတွေဖြစ်နိုင်တယ်။ဒါတွေအတွက်လည်းမပေါ့ကြပါနဲ့။

ကြိုတင်​ရှောင်
************
ရေကြီးရင်အကောင်းဆုံးသောထိရောက်ဆုံးသောလုပ်ဆောင်ချက်ကာကြိုတင်ရှောင်ခြင်းပဲဖြစ်ပါတယ်။အဲဒီလိုမျိုးကြိုတင်ရှောင်ဖို့ကမိုးလေဝသသတင်းတွေကိုအမြဲတမ်းမျက်ခြေမပြတ်နားထောင်နေရမယ်။ ကိုယ်သွားတဲ့လမ်းမ​တွေကိုရေတွေကြီးလာနိုင်လားတံတားတွေကြိုးလာလိုက်လာနိုင်လားအဲဒါတွေသတိထားရမယ်။ အကောင်းဆုံးကတော့ ရာသီဥတုမဖောက်ပြန်အောင်၊အားလုံးဝိုင်းဝန်းပြီးတော့စောင့်ရှောက်ရမှာပါ။ကမ္ဘာရဲ့ကျန်းမာရေးကိုထိခိုက်အောင်လုပ်မိလာတဲ့အခါကျရင်ဒါမျိုးတွေကခဏခဏတိုင်းဖြစ်လာနိုင်တယ်။ အားလုံးသတိထားကြပါ။

11/09/2024

ခုတလောရေဘေးအန္တရာယ် ကြုံတွေ့လာနိုင်ခြေရှိနေတဲ့အတွက် ဆောင်ရန်ရှောင်ရန်လေးတွေ တက်သုတ်ရိုက် တင်ပေးထားပါတယ်

08/09/2024

Hello, how are you?

03/09/2024
02/09/2024

ပူပန်သောကများနေကြတဲ့ ခုချိန်မှာ ရင်သွေးလေးတွေအတွက် သတိလေးထားကြပါနော်

31/08/2024

အန္တရယ်ပေးမယ့် သွားကျောက်တွေကို

ရန်သူလို သဘောထားပြီး မြန်မြန် သုတ်သင်သင့်တယ်နော်

PH group
ဒါက ဆေးခန်းကပုံပါ

သွားကျောက်တွေကို ဖယ်ပြီး

သွားဖုံးနိမ့်ဆင်းနေလို့  သွားမြစ်နဲနဲပေါ်နေတာပါ ပြန်ကောင်းနိုင်ပါတယ်

ပျက်အစဉ်ပြင်ခဏပါ အပျက်လွန်သွားရင်တော့ ....ပြင်မရမှာစိုးလို့

Address

179/4B/corner Of Daingwunkwin Road And Dammasari Street Lamudan
Mawlamyine
12014

Telephone

+959892460122

Website

Alerts

Be the first to know and let us send you an email when Perfect Health general & dental clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Perfect Health general & dental clinic:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram