ကံ့ကော် အကြောအဆစ် အထူးကုဆေးခန်း

  • Home
  • Myanmar
  • Maymyo
  • ကံ့ကော် အကြောအဆစ် အထူးကုဆေးခန်း

ကံ့ကော် အကြောအဆစ် အထူးကုဆေးခန်း Physiotherapy and Pain Clinic
အကြောအဆစ်နှင့် ပြန်လည်သန်စွမ်းရေးဆေးခန်း

06/05/2026

7.5.2026.ဆေးခန်းတရက်ပိတ်ပါတယ်ရှင့်

#ကံ့ကော်အကြောအဆစ်အထူးကုဆေးခန်း
#ရွှေစည်းခုံလမ်းရပ်ကွက်ကြီး၄ပြင်ဦးလွင်09750492560

04/05/2026

SWD Short wave Diathermy
ENGLAND MADE BTL brand
Deep joints like shoulder ..knee..SI..pelvic joints များအတွက် pe*******on ကောင်းကောင်း အသုံးပြုနိုင်သော နောက်ဆုံးပေါ်စက်ပါရှင့်
#လျှပ်စစ်သံလိုက်လှိုင်းဖြင့်အပူပေးခြင်း
#ကံ့ကော်အကြောအဆစ်အထူးကုဆေးခန်း
#ရွှေစည်းခုံလမ်းရပ်ကွက်ကြီး၄ပြင်ဦးလွင်09750492560

04/05/2026

SWD #လျှပ်စစ်သံလိုက်လှိုင်းဖြင့်အပူပေးခြင်း
#ကံ့ကော်အကြောအဆစ်အထူးကုဆေးခန်း

04/05/2026

SWD short wave diathermy
လျှပ်စစ်သံလိုက်လှိုင်းဖြင့်အပူပေးခြင်း

#ကံ့ကော်အကြောအဆစ်အထူးကုဆေးခန်း
#ရွှေစည်းခုံလမ်းရပ်ကွက်ကြီး၄ပြင်ဦးလွင်09750492560

https://www.facebook.com/share/1BKgC1mib2/ဒူးနာခါးနာ ဖနောင့်နာကျင်သောလူနာများအတွက် ဝိတ်ချရန် အဆင်ပြေဆုံးဖြစ်မယ့် page li...
25/04/2026

https://www.facebook.com/share/1BKgC1mib2/

ဒူးနာခါးနာ ဖနောင့်နာကျင်သောလူနာများအတွက် ဝိတ်ချရန် အဆင်ပြေဆုံးဖြစ်မယ့် page link လေးပါရှင့်
အသက်ကြီးတဲ့ လူနာ ငယ်ပေမယ့် မအားလို့အစားမလျော့နိုင်တာ သေချာချက်ပြုတ်စားသောက်ဖို့အချိန်မပေးနိုင်တာ
အဲ့လိုတွေမစားနိုင်လောက်ဘူး အစာမဖြတ်နိုင်လောက်ဘူး
ဒါတွေအားလုံးဟာ မလုံလောက်တဲ့ဆင်ခြေတ္ပေပါ
ခိုင်မာတဲ့ စိတ်ဓာတ်ရှိမယ်ဆိုရင် Nutritionist Dr Htar နဲ့အတူ Guidance လုပ်ပေးမယ် ဆရာ၀န်တွေ အတူ တကွ motivation ပေးရင်းဝိတ်ချကြမယ့် Group activities လေးတွေ Cardio ,Zumba , Yoga, mat pilates ,healing meditation တွေ monitoring zoom sessions တွေနဲ့ စေတနာပါပါ တလမှ တသိန်းကလေးမုန့်ဖိုးလောက်နဲ့ ဝိတ်ချနိုင်တာ ၀မ်းသာစရာပါ
အချိန်မပေးနိုင်တဲ့ကျွန်မတို့လို လူတွေအတွက် zoom sessions နဲ့ exercise ကိုစိတ်ပါလာအောင် လုပ်ပေးနိုင်ခဲ့တဲ့ program ပါ
ဆရာမကိုယ်တိုင် ပေါင် 40ကျော် ချထားတဲ့ program မို့ စေတနာရှေ့ထားလမ်းညွှန်ပါတယ် ကြိုးစားကြည့်ကြရအောင်ပါ
ကျန်းမာတဲ့ဘ၀တွေရစေဖို့

#ကံ့ကော်အကြောအဆစ်အထူးကုဆေးခန်း

“ဒူးကျီးပေါင်းရှိရင်  #လမ်းများများလျှောက်ရမယ် ပြောကြလို့ ကျုံးတပတ်ပြေးလိုက်တာ ပိုနာသွားတယ် ဆရာ..”“ဒူးကျီးပေါင်း အရမ်းဆိ...
22/04/2026

“ဒူးကျီးပေါင်းရှိရင် #လမ်းများများလျှောက်ရမယ် ပြောကြလို့ ကျုံးတပတ်ပြေးလိုက်တာ ပိုနာသွားတယ် ဆရာ..”

“ဒူးကျီးပေါင်း အရမ်းဆိုးနေပြီ.. လေ့ကျင့်ခန်းလုပ်ပါဆိုလို့ #အပြတ်မောင်းလိုက်တာ ပိုနာသွားလို့ ဆရာဆီ ပြေးလာတာ”

ဆိုတာတွေဟာ ကျွန်တော့်ရဲ့ ဒူးကျီးပေါင်းလူနာတွေထဲမှာ မကြာမကြာ ကြားရတဲ့ စကားတွေပါ..

🔺ဒါလေးနဲ့ပတ်သတ်လို့ ယခု April လ ထုတ်.. မှာ Myanmar နိုင်ငံက ကျွန်တော်ဒေါက်တာဝင်းမင်းဦးအပါအဝင် Aussie နဲ့ China က ကျီးပေါင်းကျွမ်းကျင်သူ Orthosurgeon/ Rehabilitation Physician/ Rheumatologist တွေပါဝင် ရေးသားခဲ့တဲ့ သုတေသနစာတမ်းလေးကို မိတ်ဆက်ဆွေးနွေးချင်ပါတယ်..

🔺စာတမ်းအမည်က

“ဒူးကျီးပေါင်းမှာ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းပမာဏ အနည်းအများက နောင် ၄ နှစ်အကြာမှာ ကျီးပေါင်းရောဂါဆိုးရွားမှုကို သက်ရောက်မှု ရှိစေသလား”

🔺သုတေသနရဲ့ ထူးခြားချက်က

👉Osteoarthritis Initiative က လူနာပေါင်း ၁၈၀၆ ယောက်ပါဝင်ထားတာမို့ sample size အတော်များပါတယ်..
👉ဒီလူနာတွေရဲ့ နေ့စဉ်ကိုယ်လက်လှုပ်ရှားမှုကို နည်း၊ သင့်၊ များ ဆိုပြီး အုပ်စု ၃စု ခွဲပြီး စမ်းသပ်ခဲ့တာပါ..

👉ပြီးတော့ ဒူးကျီးပေါင်း လူနာတွေကို ဓာတ်မှန်ရိုက်ပြီး ရောဂါမဆိုးသေးတဲ့ အဆင့် Kellgren Lawrence grade 2 နဲ့ ရောဂါပြင်းထန်နေတဲ့အဆင့် Kellgren Lawrence grade 3 ဆိုပြီး ရောဂါအခြေအနေကို အုပ်စု ၂ စု ထပ်ခွဲပါတယ်..

👉ကိုယ်လက် လှုပ်ရှားမှု အနည်းအများဟာ မတူညီတဲ့ ဒူးကျီးပေါင်းရောဂါအခြေအနေမှာ ဘယ်လိုသက်ရောက်မှုရှိလဲဆိုတာကို Joint space narrowing ခေါ်တဲ့ Structural end point ကို သုံးပြီး ှစ်ကြာ လေ့လာအကဲဖြတ်ခဲ့ပါတယ်.. အတော်ကြာတဲ့ follow-up ပါ..

🔺တွေ့ရှိရတာကတော့..

🔹KL grade 2 ပဲ ရှိသေးတဲ့ ဒူးကျီးပေါင်း ဖြစ်ကာစ လူနာတွေမှာ #သင့်တင့်တဲ့ ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်း (ဥပမာ…လျင်မြန်စွာ လမ်းလျှောက်တာ၊ စက်ဘီးစီးတာ၊ တစ်နေ့မှာ ခြေလှမ်း 6,000 မှ 9,000 ခန့် လျောက်တာ) တွေက ကျီးပေါင်းကို ဆိုးမသွားစေရုံသာမက #ပိုကောင်းလာစေတယ် လို့ တွေ့ရပါတယ်..

အဲ…
🔸 kL grade 3 လို့ ခေါ်တဲ့ ကျီးပေါင်းဆိုးရွားနေသူတွေမှာတော့ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း #အလွန်အကျွံလုပ်တာတွေ (ဥပမာ ပြေးတာ ခုန်တာ၊ အမြန်စက်ဘီးစီးတာ၊ အလုပ်ကြမ်းလုပ်တာ၊ တစ်နေ့မှာ ခြေလှမ်း 10,000 အထက် လျှောက်တာ) တွေဟာ ဒူးကျီးပေါင်းကို #ပိုဆိုးလာနိုင်ခြေရှိတယ်လို့ တွေ့ရခြင်းပါ..

🔺မြန်မာစကားမှာတော့ “တန်ဆေး လွန်ဘေး” လို့ ဆိုပါတယ်.. “Exercise is medicine” ဆိုသော်ငြားလည်း medicine ခေါ်တဲ့ ဆေးကို ပေးတဲ့အခါ အသက်၊ အရွယ်အစား၊ တခြားရောဂါ comorbidity ရှိမရှိ၊ drug interactions အနေအထား စတာတွေ စဉ်းစားသုံးသပ်ပေးရသလို…

🔺ဒူးကျီးပေါင်းလူနာတွေကို ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတွေ recommend ပေးတဲ့အခါ “fit size for all” ခေါ်တဲ့ တသမတ်တည်း တပြေးညီ အကြံပြုပေးဖို့ မသင့်ပါကြောင်း….

🔺precision medicine” ပဲဆိုဆို “individualized medicine” ပဲ ပြောပြော၊ ဒူးကျီးပေါင်း လူနာတစ်ယောက်ချင်းစီးရဲ့ ရောဂါအခြေအနေ၊ working environment၊ occupation၊ biomechanics စတဲ့အချက်တွေပေါ်မူတည်ပြီး value-based care ကို စဉ်းစားအကြံပြု recommend သင့်တာ ဖြစ်ပါကြောင်း..

တင်ပြဆွေးနွေးရင်း…

👉👉ကျွန်တော်တို့ရဲ့ ဒီစာတမ်းဖတ်လိုသူများအတွက် comment မှာ link ချပေးထားပါတယ်.. Free open access မို့ #အခမဲ့ကြည့်လို့ရမှာပါ..

🩷 ကျီးပေါင်းလူနာများ သင့်တော်မှန်ကန်ကောင်းမွန်တဲ့ excellency of care ကို ရရှိနိုင်ကြပါစေခင်ဗျာ.. 🙏🙏🙏

ခင်မင်လျက်..

#ဒေါက်တာဝင်းမင်းဦး
တွဲဘက်ပါမောက္ခ၊ အကြောအဆစ်အထူးကုဌာန၊ UMM
နိုင်ငံတကာ #ကျီးပေါင်းခါးနာကျွမ်းကျင်သူ
MBBS; MMedSc (Rehab); RhMSUS (USA); SCE (Rheu); PhD (Sydney Uni); FRCP (Edin); FRCP (London)
Clinical fellowship in Rheu/ MSK Imaging (Australia)
Osteoarthritis expert (WHO)
Awardee of 2025 Excellence in Ultrasound (ASUM)

17/04/2026

ပျော်ရွှင်ဖွယ်နှစ်သစ်ဖြစ်ကြပါစေရှင့် မနက်ဖြန်မှစ၍ ဆေးခန်းပုံမှန်ဖွင့်ပါတယ်ရှင့်
#ကံ့ကော်အကြောအဆစ်အထူးကုဆေးခန်းရွှေစည်းခုံလမ်းရပ်ကွက်ကြီး4ပြင်ဦးလွင်မြို့09750492560

11/04/2026

မြန်မာလို လက်တုန် ခြေတုန်ရောဂါလို့ ခေါ်တဲ့ ပါကင်ဆန်ရောဂါဟာ ဗဟိုအာရုံကြောစနစ်မှာ ချို့ယွင်းပြီး လှုပ်ရှားမှုတွေကို ထိန်းရခက်နေတဲ့ ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။

🎉 ၁၈၁၇ ခုနှစ်မှာ ဒီရောဂါကို စတင်သိရှိခဲ့သူ အင်္ဂလိပ်လူမျိုး Dr.James Parkinson ကို ဂုဏ်ပြုပြီး Parkinson's Disease လို့ ခေါ်ဝေါ်ခဲ့ကြပါတယ်။
- သူ့ရဲ့မွေးနေ့ ဧပြီလ (၁၁)ရက်နေ့ကိုလည်း 𝐖𝐨𝐫𝐥𝐝 𝐏𝐚𝐫𝐤𝐢𝐧𝐬𝐨𝐧’𝐬 𝐃𝐚𝐲 အဖြစ် သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။
- ၂၀၂၆ ခုနှစ်အတွက် ကမ္ဘာ့ပါကင်ဆန်ရောဂါနေ့ ဆောင်ပုဒ်အနေနဲ့ ‘𝐁𝐫𝐢𝐝𝐠𝐞 𝐭𝐡𝐞 𝐜𝐚𝐫𝐞 𝐠𝐚𝐩’ ဖြစ်ပြီး ပါကင်ဆန်ရောဂါရှိသူများကို ဂရုစိုက်ကုသတဲ့နေရာမှာ ပိုမိုအဆင်ပြေလာစေရန် ဝိုင်းဝန်းကြိုးပမ်းကြဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

💌 ဒီရောဂါနှင့်ပတ်သက်တဲ့ အယူအဆအလွဲ(၃)ခုကိုလည်း ဗဟုသုတအဖြစ် မျှဝေရှင်းပြပေးချင်ပါတယ်။

(၁) ပါကင်ဆန်ရောဂါက လှုပ်ရှားမှုဆိုင်ရာလက္ခဏာတွေ(ဥပမာ- ခြေ၊ လက်တုန်ခြင်း၊ တောင့်တင်းခြင်း)ကိုပဲ ဖြစ်စေပါတယ်။

🔺 မဟုတ်ပါ။
- ပါကင်ဆန်ရောဂါရှိသူအများစုမှာ လှုပ်ရှားမှုနှင့် မသက်ဆိုင်တဲ့ လက္ခဏာများ (အိပ်မပျော်ခြင်း၊ အကြားအာရုံ၊ အနံ့ခံအာရုံ၊ အရေးအဖတ်၊ နားလည်နိုင်စွမ်းများ အားနည်းလာခြင်း၊ ဆီး/ဝမ်း သွားရခက်ခြင်း၊ အစာမျိုရခက်ခြင်း၊ စိတ်ခံစားမှု အတက်အကျဖြစ်ခြင်း၊ နုန်းချိခြင်း) စတာတွေကိုပါ ခံစားရနိုင်ပါတယ်။
- လှုပ်ရှားမှုဆိုင်ရာ မြင်သာတဲ့ လက္ခဏာတွေအနေနဲ့ မျက်နှာ၊ မေးရိုး၊ လက်တွေ အလိုလိုနေရင်း တုန်နေ၊ လှုပ်နေခြင်း၊ အရယ်အပြုံး နည်းလာခြင်း၊ ဟန်ချက်မညီဘဲ မကြာခဏ ချော်လဲခြင်း၊ ကိုယ်တစ်ခြမ်း တုန်ရီနေခြင်း၊ စကားသံတိုးခြင်း၊ စာရေးတဲ့အခါ လက်ရေးသေးလာခြင်း၊ လမ်းလျှောက်ရင် လက်ဟန်မလွှဲခြင်း၊ ခြေဖျားတိုက်ပြီး လျှောက်ခြင်းများ ဖြစ်နိုင်ပါတယ်။

(၂) ပါကင်ဆန်ရောဂါက အသက်ကြီးသူတွေမှာပဲ ဖြစ်ပါတယ်။

🔺 ပါကင်ဆန်က အသက်ကြီးသူတွေမှာ အဖြစ်များပေမယ့် ၁၀% မှ ၂၀%ခန့်က ငယ်ရွယ်သူ(အသက် ၅၀ အောက်)တွေမှာပါ ဖြစ်တာကို တွေ့ရပါတယ်။
- ဒီရောဂါဟာ အမျိုးသားတွေမှာ ပိုဖြစ်ပြီး ရောဂါမျိုးရိုးရှိသူ၊ လေထုညစ်ညမ်းမှု၊ ဓာတုပစ္စည်းများနှင့် ထိတွေ့မှုများသူ၊ ဦးခေါင်းဒဏ်ရာရဖူးသူတွေမှာ ဖြစ်နိုင်ချေ ပိုများတတ်ကြပါတယ်။

(၃) ပါကင်ဆန်ရောဂါ ပိုဆိုးမလာအောင် တားဆီးဖို့ မဖြစ်နိုင်ပါ။

🔺 မဟုတ်ပါ။
- ပါကင်ဆန်ရောဂါက တဖြည်းဖြည်းနဲ့ပဲ လက္ခဏာတွေ တိုးလာတဲ့ ရောဂါမျိုး ဖြစ်ပါတယ်။
- ရောဂါအစပျိုးတာကို သိပြီးချိန်ကနေစပြီး စနစ်တကျ ကုသမှုခံယူနိုင်ပါက ဆယ်စုနှစ်တွေကျော်တဲ့အထိ နေထိုင်သွားနိုင်ပါတယ်။
- ရောဂါ ပိုပြီးမဆိုးတော့အောင် ပြည့်စုံတဲ့အာဟာရနှင့် ဆေးဝါးများပေးခြင်း၊ ကာယကုထုံးလေ့ကျင့်ခန်းများ ပြုလုပ်ခြင်း၊ စိတ်ပိုင်းဆိုင်ရာအမူအကျင့်များ ပြုပြင်ခြင်း စတဲ့ ကုထုံးများဖြင့် ကုသနိုင်ပါတယ်။
- မိသားစုအသိုင်းအဝိုင်းရဲ့ ဖေးမကူညီမှုတွေလည်း အများကြီးလိုအပ်ပါတယ်။

⚠️ ပါကင်ဆန်ရောဂါဟာ အမြစ်ပြတ် ပျောက်ကင်းအောင် ကုသလို့မရနိုင်တဲ့ နာတာရှည်ရောဂါတစ်မျိုး ဖြစ်ပါတယ်။
- သေချာ မကုထားမိတဲ့အခါ အချိန်ကြာရင် ပိုဆိုးလာတတ်ပါတယ်။
- ရောဂါတစ်ခုတည်းကြောင့်တော့ မသေဆုံးနိုင်ပေမယ့် နောက်ဆက်တွဲပြဿနာများ (ဥပမာ- ချော်လဲခြင်း၊ အစာသီးပြီး အဆုတ်ပိုးဝင်ခြင်း၊ ဆီးပိုးဝင်ခြင်း) တွေကြောင့် အိပ်ရာထဲလဲပြီး သက်တမ်းတိုနိုင်ချေ ရှိပါတယ်။

💡 ဒါကြောင့်မို့ ကိုယ့်ရဲ့မိသားစုဝင်၊ မိတ်ဆွေများထဲမှာ ပါကင်ဆန်ရောဂါရဲ့ လက္ခဏာတွေ ရှိနေရင် "ဦးနှောက်နှင့်အာရုံကြော အထူးကုဆရာဝန်များ" နှင့် အချိန်မီတိုင်ပင်ဆွေးနွေးပြီး ကုသမှုများခံယူဖို့ အကြံပြုတိုက်တွန်းလိုက်ပါတယ်။

👨‍⚕️ အာရှတော်ဝင်ဆေးရုံတွင် "ဦးနှောက်နှင့်အာရုံကြော အထူးကုဆရာဝန်ကြီးများ" နှင့် တိုင်ပင်ဆွေးနွေးလိုပါက ဖုန်း - 017538055,09778778885 သို့ ဆက်သွယ်နိုင်ပြီး ခေတ်မီနည်းပညာမြင့်စက်များဖြင့် ရောဂါရှာဖွေစစ်ဆေးမှုအမျိုးမျိုးကိုပါ ပြုလုပ်နိုင်ရန် အာရှတော်ဝင်ဆေးရုံကြီးမှ ဝန်ဆောင်မှုများပေးနေပါတယ်။

😍 sharing is caring ဆိုသလိုပဲ ဒီစာလေးကို share ပေးခြင်းဖြင့် ကျန်းမာခြင်းတွေကို မျှဝေပေးနိုင်ကြပါစေရှင် 😇
💐 ကျန်းမာရေးဗဟုသုတများ တိုးပွားပြီး ရောဂါဘယများ ကင်းဝေးချမ်းသာကြပါစေလို့ အာရှတော်ဝင်ဆေးရုံမိသားစုမှ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်ရှင် 🙏

Reference-https://www.google.com/url?sa=t&source=web&rct=j&opi=89978449&url=https://www.parkinson.org/understanding-parkinsons/what-is-parkinsons/myths&ved=2ahUKEwjr3rbsnM2TAxVVzTgGHQEALAIQFnoECBsQAQ&usg=AOvVaw1oZ2GGdE-4J8uGqoEDqGaq

🏥"အာရှတော်ဝင်ဆေးရုံ"
အမှတ် (၁၄)၊ ဗဟိုလမ်း၊ အောင်ချမ်းသာရပ်ကွက်၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။
ဆရာဝန်ကြီးများ၏ လူနာကြည့်ချိန် နှင့် ဘိုကင်ပေးခြင်းများအတွက် ဖုန်း - 017538055,09778778885 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်ရှင့်။

🏥"အာရှတော်ဝင်ဆေးခန်း(ကျန်းမာရေးစစ်ဆေးရန်ဌာန)"
အမှတ် (၂၅)(အေ)၊ ရှင်စောပုလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။
ဆေးခန်းဖွင့်ချိန် - နံနက် (၇) နာရီမှ ည (၅) နာရီ
ကျန်းမာရေးစစ်ဆေးခြင်းများအတွက် ဖုန်း - 09443993737,09765408604 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်ရှင့်။

📱"Asia Royal Hospital's Teleconsultation service"
ဆေးရုံသို့ လူကိုယ်တိုင် လာရောက်ရန် အခက်အခဲရှိတဲ့ လူနာများအတွက် အထူးကုဆရာဝန်ကြီးများနှင့် 𝐎𝐧𝐥𝐢𝐧𝐞မှတဆင့် ပြသဆွေးနွေးလိုပါက ဖုန်း 𝟎𝟗𝟕𝟔𝟓𝟒𝟎𝟖𝟔𝟎𝟔 သို့ ဆက်သွယ် စုံစမ်းနိုင်ပါတယ်။


#အာရှတော်ဝင်ဆေးရုံ


#ကျန်းမာရေး
#ပါကင်ဆန်ရောဂါ
#ဦးနှောက်နှင့်အာရုံကြော
#လက်တုန်ခြေတုန်
#အစာမျိုရခက်ခြင်း
#ဆီးဝမ်းသွားရခက်ခြင်း

Address

Maymyo

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+9592032203

Website

Alerts

Be the first to know and let us send you an email when ကံ့ကော် အကြောအဆစ် အထူးကုဆေးခန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to ကံ့ကော် အကြောအဆစ် အထူးကုဆေးခန်း:

Share