
09/08/2024
ဂါထာမန္တန်၏အစွမ်းကိုစမ်းသပ်နည်း
ဂါထာမန္တန်၏အစွမ်းကိုစမ်းသပ်
လိုလျှင် မိမိ ရွတ်ဖတ်မန်းမှုတ်
သည့်ဂါထာဖြင့် ရေကိုဖြစ်စေ
နံ့သာကိုဖြစ်စေမန်း၍ ၇နှဈသား ကလေးငယ်
တစ်ဦးအား တိုက်ပါ။ခုနှစ်ရက်တိတိမန်း၍
တိုက်ပါ။
ထိုကလေးငယ်၌
ကခုန်ခြင်စိတ်များခြင်း၊
အပြောအဆိုသိမ်မွေ့နူးညံ့လာခြင်း၊
ရွှင်မြူးပျော်ရွှင်ခြင်း စသည်တို့
ဖြစ်ပေါ်လည် ထိုမန္တန် သည် အနုမန္တန်
ဖြစ်လေသည်။
ဒေါသထန်လာခြင်း၊ကြမ်းတမ်းသော
အမူအရာတို့ဖြစ်ပေါ်လာခြင်း၊
ရိုက်နှက်သတ်ဖြတ်လိုစိတ်များဖြစ်ပေါ်
ခြင်း၊ဆဲဆိုရိုင်းစိုင်းစွာပြောခြင်း
တို့ဖြစ်ပေါ်လာခဲ့လျှင်
ထိုမန္တန်သည် အကြမ်းမန္တန်ဖြစ်သည်။
တည်တည်ကြည်ကြည်နေခြင်း၊
ခမ်းနားကြီးကျယ်သောစကားကိုပြော
ဆိုခြင်း တို့ဖြစ်ပေါ်လာခဲ့လျှင်
ထိုမန္တန်သည် အတည်မန္တန်ဖြစ်သည်။
မိမိကိုယ်တိုင်လည်း စမ်းသပ်လိုသော
မန္တန်ဖြင့် ရေကိုမန်း၍ခုနှစ်ရက်တိတိ
မန်း၍သောက်ပါ။စွမ်းအားအပေါ်မူတည်၍
အိမ်မက်မြင်မက်တတ်သည်။
အပျိုကညာချောလှလှများ၊
မိန်းမများကိုမြင်မက်ခြင်း၊
ကခုန်တီးမှုတ်ရခြင်းကိုမြင်မက်ခြင်း၊
သီချင်းဆိုရခြင်းကိုမြင်မက်ခြင်း၊
စိတ်နှလုံးနူးညံ့လာခြင်းတို့ဖြစ်ပေါ်
လာခဲ့လျှင်ထို မန္တန်သည် အနုမန္တန်
ဖြစ်သည်။ပီယကိစ္စများ၊အချစ်ရေးချစ်
ရာကိစ္စများအတွက်အသုံးပြုနိုင်သည်။
ချင်း၊ကရင်၊ကုလား၊တရုတ် လုလင်ပျို
တို့ကိုမြင်မက်သော်
အကြမ်းမန္တန်ဖြစ်သည်။
ကြမ်းတမ်းသောမိစ္ဆာတို့ကိုမြင်မက်
သော် အလွန်ကြမ်းသည့်မန္တန်ဖြစ်သည်။
ပယောဂများ၊အတိုက်အခိုက်များတွင်
အသုံးပြုနိုင်သည်။
ရဟန္တာ ၊သာမဏေ၊ဘုရားပုထိုး
တို့ကိုမြင်မက်မူ
အတည်အတန့်မန္တန်ဖြစ်သည်။
မှော်အုပ်၊မှော်ချုပ်များ၊
အရူးအနှမ်းများကိုကုသရာတွင်
အသုံးပြုနိုင်သည်။
ဤသည်မှာဂါထာမန္တန်များ၏အစွမ်းကို
လက်တွေ့စမ်းသပ်နည်းဖြစ်လေသည်။
ဝိဇ္ဇာမယမန္တန်ကျမ်းမှထုတ်နုတ်၍ဖော်ပြသည်။