Htet Ar Kar Kyaw

Htet Ar Kar Kyaw I like sad music

လိုရမယ်ရ ဆေးလေးတွေ ကြိုဝယ်ထားကြပါCOVID က တအားဆိုးနေပါပြီ  မပေါ့ကြပါနဲ့နော် ဒီအချိန် ငါတို့အတွက်မှာ ငါတို့ပဲ ရှိပါတယ်ပေါ့...
02/07/2021

လိုရမယ်ရ ဆေးလေးတွေ ကြိုဝယ်ထားကြပါ
COVID က တအားဆိုးနေပါပြီ မပေါ့ကြပါနဲ့နော်
ဒီအချိန် ငါတို့အတွက်မှာ ငါတို့ပဲ ရှိပါတယ်
ပေါ့ဆမိတာနဲ့ သေလမ်းသိပ်နီးတာ မမေ့ကြပါနဲ့
အရေးကြီးတာ လက်ဆေးဖို့ mask တပ်ဖို့
ခပ်ခွာခွာနေဖို့ပါ မလိုအပ်ပဲ အပြင်လဲ မသွားပါနဲ့
မဆင်ခြင်ပဲ ဖြစ်လာမှ ဆေးသောက်လို့
အလွယ်တကူ မပျောက်တာလဲ မမေ့ကြပါနဲ့
ပြီးတော့ ဒီဆေးတွေက အဖျားရှိသူ
ရောဂါပြင်းထန်သူတွေ အတွက်ဆို
အဆင်ပြေမှာမဟုတ်ဘူးနော်

အနံ့ပျောက်သောသူများအတွက် Fever Clinic
ဆရာဝန်မှ ညွှန်သော ဆေးညွန်း။

အနံ့ပျောက်ပြီး ဆေးခန်းမသွားချင်ဘူး အိမ်မှာပဲ
နေပြီးဆေးသောက်ကြည့်မယ်ဆိုသူများအတွက်

မိမိမှာ အနံ့ပျောက်ပြီး စိတ်ထင်နေသူများ ..
ဆေးခန်းမသွားချင်ဘူး၊Qလဲမဝင်ချင်ဘူး
အိမ်မှာပဲနေပြီး ဘယ်မှ မထွက်ဘဲ
သောက်ဆေးသောက်ချင်သူများအတွက်
အကြုံပြုပါရစေ။ သောက်ရမဲ့ဆေးညွှန်းလေးတွေနဲ့
ဆေးပုံကိုလည်း အောက်မှာ
ဖော်ပြပေးထားပါတယ်။

အနံ့ ပျောက်သွားလို့ FEVER CLINICကို
ဖုန်းဆက်တော့
ညွှန်းပေးလိုက်တဲ့ ဆေးလေးတွေကြောင့်
သက်သာပြီး အနံ့ပြန်ရလာသူတစ်ဦးက
အကြံပြုပေးထားပါတယ်။

➡️Afrin

ကို တစ်နေ့ သုံးကြိမ် နှာခေါင်း တစ်ဖက် လျှင်
အစက်၂စက်ခန့်ထည့်ပေးပါ။
“ကျတော်ပြီးခဲ့တဲ့ Sundayက အနံ့ပျောက်
သွားခဲ့တယ်။
fever clinicကို ဖုန်းဆက်တော့ ဆရာဝန်က
ကျတော့်ကို အောက်မှာ ပြထားတဲ့ ဆေးတွေ သောက်ခိုင်းခဲ့တယ်။
မိသားစုနဲ့တော့ ခွဲနေခဲ့ပါတယ်။

အရင်ဆုံးဗုဒ္ဓဟူးနေ့မှာအနံ့သင်းသင်းလေးတွေ
ပြန်ရပြီး ကြာသပတေးနေ့ ကျ အနံ့တွေအကုန်
ပြန်ရပါတယ်။ ကျန်တာတွေလဲ ဘာမှ မဖြစ်ပါ
ဘူးအခုတော့အကုန်
လူကောင်းအတိုင်းပြန်ဖြစ်နေပါပြီ။

➡️ALERDAY 120

ကို တော့ ညဘက် တစ်လုံး သောက်ရပါ့မယ်။
ဒါပေမဲ့ ထပ်ပြီး စိတ်ချရအောင်တော့ အနံ့ပြန်ရ
ပြီး နောက်ထပ် ၁၄ ရက်ပြည့်အောင်ဆရာဝန်က
ခွဲနေခိုင်းလို့ နေနေပါတယ်။ ကျတော်ဘယ်လို
အနံ့ ပြန်ရလဲဆို ဆရာဝန် ညွှန်တဲ့ဆေးတွေ
သောက်တယ်။အိပ်ရေးဝအောင်အိပ်တယ်
အားရှိအောင် အိမ်က ထမင်းဟင်းကို
သေချာစားပါတယ်
(မစားချင်လဲရအောင်အတင်းစားရတယ်)

➡️ImunActiv

က တော့ တစ်နေ့ တစ်လုံး သောက်ရပါမယ်။
တနေ့ ကြက်ဥပြုတ် ၂ လုံး စားတယ်
၁ လုံးကိုတော့ အကုန်စားပြီး
နောက်တလုံးကိုတော့အကာပဲစားတယ်
ငှက်ပျောသီး တနေ့တလုံးစားတယ်။
တခြား ကိုယ် သောက်နေကျ အားဆေး
ဘာညာရှိရင် ပုံမှန်တိုင်း
ဆက်သောက်ပါ ရပါတယ်။

➡️C-Vion

ရေအစား ဓါတ်ဆား ရေ သောက်တယ်။
ဂျင်းပြုတ်ရည်သောက်တယ်။
ကျတော်ကတော့အိမ်ကတိုက်လို့
Brandsငှက်သိုက်တနေ့၁ဗူးသောက်တယ်။
C-Vionကိုလည်းတစ်နေ့တစ်လုံးသောက်ရပါမယ်။

ဒီပိုးက အဓိက ကိုယ်ခံအားနဲ့ ပြန်တိုက်
ထုတ်ရတာမို့လို့ အားရှိမဲ့အစာအကုန် စားပါတယ်။
ဒီ Post က ကျတော် သောက်ပြီး ကောင်းလာတာကို
လိုအပ်မဲ့သူတွေ အတွက်ပြန်
Shareပေးတဲ့သဘောပါ။

နှာခေါင်းထဲ ထည့်ရတဲ့ ဆေးက
ဆေးညွှန်းအတိုင်း ၂ စက်ပဲ ချဗျ
များသွားရင် ခါးတယ်။
အားလုံးပဲ အမြန်နေကောင်းကြပါစေ။

Credit – Kyaw Myo Htet

Address

Maymyo

Telephone

+959796422957

Website

Alerts

Be the first to know and let us send you an email when Htet Ar Kar Kyaw posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram