
19/07/2024
“Confidence ရှိရှိပြုံးပျော်နိုင်ဖို့ Oral Cleaning ကိုသေချာလုပ်ဆောင်စို့”
Oral Cleaning(ခံတွင်းသန့်ရှင့်ရေး)ဟာဆိုရင် ကျန်းမာရေးအတွက်သာမက ကောင်းမွန်စွာနေထိုင်နိုင်စေဖို့အတွက်
လည်း မရှိမဖြစ်လိုအပ်တဲ့ လုပ်ဆောင် ချက်တစ်ခုဖြစ်ပါတယ်။
🪥🦷Oral Cleaning(ခံတွင်းသန့်ရှင်းရေး) ကိုသေချာစွာလုပ်ဆောင်ချင်းအားဖြင့် ဘယ်လိုအကျိုးကျေးဇူးတွေရရှိမလဲ?
Oral Cleaning (ခံတွင်းသန့်ရှင်းရေး) ကိုဂရုတစိုက်လုပ်ဆောင်ပေးချင်းအားဖြင့် သွားကျိုးခြင်း/သွားပိုးပေါက်မဖြစ်အောင် ကွာကွယ်ပေးခြင်း၊ သွားဖုံးရောဂါမှကာကွယ်ပေးခြင်း၊ ခံတွင်းရနံ့ဆိုးထွက်ခြင်းမှ ဖယ်ရှားပေးခြင်း၊ တောက်ပပြီး ယုံကြည်ချက်ရှိတဲ့အပြုံးကိုပိုင်ဆိုင်နိုင်ခြင်း၊ အလုံးစုံကျန်းမာရေးကိုကောင်းမွန်စေခြင်း နဲ့ ရေရှည်
ငွေကုန်ကြေးကျခြင်းမှလည်း သက်သာစေနိုင်ပါတယ်။
ဒါကြောင့် နေ့စဉ်ကောင်းမွန်စွာအချိန်ပေးပြီး မိနစ်အနည်းငယ်လောက် သွားကိုပုံမှန်တိုက်ပေးခြင်း၊ ခြောက်လတစ်ခါ သွားနှင့်ခံတွင်းကျန်းမာရေးဆေးခန်းသို့ သွားရောက်၍ စစ်ဆေးပြုခံယူခြင်းနှင့် Cleaningပြုလုပ်ခြင်း တို့ကိုလုပ်ဆောင်ပေးခြင်းဖြင့် ခံတွင်းကျန်းမာရေးကို ကောင်းမွန်စေပြီး လိုအပ်သောကုသမှုများကိုလည်း စောစီးစွာခံယူနိုင်စေမှာဖြစ်ပါတယ်။
🏥 ဆေးခန်းဖွင့်ချိန်
🕘 9:00 AM - 7:00 PM (daily)
☎️ ဖုန်းနံပါတ်
၀၉၈၈၄၃၂၄၆၄၈၊ ၀၉၈၈၄၃၂၄၆၄၉
📍လိပ်စာ
အမှတ် ၁၅၅၊ မန္တလေး-လားရှိးလမ်း၊ ပြင်ဦးလွင်မြို။
🦷✨သင့်ရဲ့သွားကျန်းမာရေးနဲ့လှပမှုအတွက်အကောင်းဆုံးကုသပေးမယ့် Aung Dental Care🦷