ဗေဒင် နှင့် လက္ခဏာ ဆရာမ ဒေါ်အိမ့်မြတ်ဖူး

  • Home
  • Myanmar
  • Maymyo
  • ဗေဒင် နှင့် လက္ခဏာ ဆရာမ ဒေါ်အိမ့်မြတ်ဖူး

ဗေဒင် နှင့် လက္ခဏာ ဆရာမ ဒေါ်အိမ့်မြတ်ဖူး အစိအမံများအပ်နှံနိုင်ပါပြိး❣️❣️ Myanmar

👩‍❤️‍👨လူတစ်ယောက်ကိုချစ်တော့မယ်ဆိုရင်==============================ချစ်သင့်လို့ ချစ်တာ မဖြစ်ပါစေနဲ့အထီးကျန်လို့ ချစ်တာမဖြ...
23/01/2025

👩‍❤️‍👨လူတစ်ယောက်ကိုချစ်တော့မယ်ဆိုရင်
==============================
ချစ်သင့်လို့ ချစ်တာ မဖြစ်ပါစေနဲ့
အထီးကျန်လို့ ချစ်တာမဖြစ်ပါစေနဲ့
အပြင်ပန်းကိုကြည့်ပြီး မက်မောလို့ချစ်တာမဖြစ်ပါစေနဲ့။
အနေနီးပြီး ရုန်းမထွက်နိုင်လို့ ချစ်တာမဖြစ်ပါစေနဲ့။
ဦးနှောက်ကတွက်ချက်ပြီး ချစ်တာမျိုးလည်းမဖြစ်ပါစေနဲ့။
ချစ်သင့်တယ်ထင်လ်ို့ ချစ်မိတော့ အားနည်းချက်တွေကို မြင်လာတဲ့အခါ ချစ်သင့်တာကနေ မုန်းသွားနိုင်ပါတယ်။
အထီးကျန်လို့ လူတစ်ယောက်ကို ချစ်မိတော့
စစ်မှန်တဲ့စိတ်တူကိုယ်တူမဖြစ်တော့တဲ့အခါပိုပြီးအထီးကျန်နေရတတ်ပါတယ်။
အပြင်ပန်းကြည့်ပြီး မက်မောချစ်မိတော့ အတွင်းကပုပ်သိုးနေတဲ့စိတ်ကိုမြင်လာတဲ့အခါ မက်မောမှုက ရွံရှာဖွယ်ဖြစ်သွားတက်ပါတယ်။
အနေနီးပြီး သံယောဇဉ်တွယ်ငြိမိတော့ ခဏတာအနေဝေးသွားတဲ့အခါ နှလုံးသားရင်ခုန်သံတွေဝေးကွာသွားတတ်ပါတယ်။
ဦးနှောက်ကတွက်ချက်ပြီးချစ်တော့ မှန်းချက်နဲ့နှမ်းထွက်မကိုက်တဲ့အခါ အဖြေမှန်ရဖို့ဝေးသွားတတ်ပါတယ်။
လူတစ်ယောက်ကို နှလုံးသားကဖြစ်ပေါ်လာတဲ့
ဆန္ဒ(သို့)တောင်းတမှုတွေကြောင့်ပဲချစ်သင့်ပါ
တယ်။
နှလုံးသားကဖြစ်ပေါ်လာတဲ့ အချစ်စိတ်က
ချစ်သူရဲ့အားသာချက်တွေကို လေးစားသလို
ချစ်သူရဲ့အားနည်းချက်တွေကိုပါ ချစ်တတ်
လာပါလိမ့်မယ်။Credit

မိတ်ဆွေအားလုံး 1.2.2025တစ်လစာဟောစာတန်းလေး တင်ပေးလိုက်ပါတယ်⚛️ ခုနှစ်ရက်သားသမီး အားလုံးအတွက် တစ်လစာ ဟောစာတန်း........⚛️မိတ...
22/01/2025

မိတ်ဆွေအားလုံး 1.2.2025တစ်လစာဟောစာတန်းလေး တင်ပေးလိုက်ပါတယ်

⚛️ ခုနှစ်ရက်သားသမီး အားလုံးအတွက် တစ်လစာ ဟောစာတန်း........

⚛️မိတ်ဆွေများရဲ့ ဘဝအခက်အခဲ ကောင်းကျိုးဆိုးကျိုးများကို သေချာသိရှိနိုင်စေရန်အတွက် ရေးသားပြုစုပေးလိုက်ပါတယ်။သင်တို့ရဲ့ မိတ်ဆွေသူငယ်ချင်းများကို ဖတ်ရှုစေချင်ရင် like & share လုပ်ပေးခြင်းဖြင့် ကူညီပါ မျှဝေပေးကြပါ။

တနင်္ဂနွေသားသမီးများ
•••••••••••••••••••••···

ဒီတစ်လအတွင်း သင်သည် မမျှော်လင့်သောနေရာ၊
မမျှော်လင့်ထားသောသူများထံမှ ငွေကြေး၊ ဥစ္စာပစ္စည်းများ
ရရှိတတ်သည်။ ကိုယ်တကယ်ကြိုးစားထားသော အလုပ်
ကိစ္စများကတော့ မအောင်မြင်တာမျိုး၊ တစ်ပိုင်းတစ်စဖြစ်ရ
တာမျိုးကြုံမည်။ ငယ်ရွယ်သူများအဖို့ အထူးဆန်းပွင့်နေ
သောကာလပင်ဖြစ်သည်။ နာမည်ဂုဏ်သတင်းမွှေးပျံကျော်
ဇောလိမ့်မည်။ လုပ်ငန်းခွင်အတွင်း ချီးမွမ်းခံရမည်။
မနာလိုသူများ၊ အပြိုင်အဆိုင် များမည်။ ရန်များတတ်သည်
(အထူးသတိထားပါ)။ အိမ်တွင်းရေးကိစ္စများကြောင့် လွန်စွာ စိတ်အနှောက်အယှက်ဖြစ်ရလိမ့်မည်။
ခရီးများမကြာခဏ ထွက်ရလိမ့်မည်။ မရောက်ဖူးသောဒေသ၊ ရပ်ဝေးမြေခြားတွေကို ရောက်ရမည့် ကာလလည်း
ဖြစ်သည်။ အိမ်ထောင်ရှင်များ အိမ်ထောင်ရေးအတွက်
သောကရောက်မည်။ အိမ်ထောင်ဘက်နှင့် မကြာခဏ
စကားများရတာမျိုး၊ နားလည်မှုလွဲရတာမျိုးကြုံရတတ်ပါ
သည်။ အာမခံတာမျိုး၊ တာဝန်ယူတာမျိုး မလုပ်ပါနှင့်၊
သူများအပူ ကိုယ့်အပူ ကိုယ့်ခေါင်းခံ ဖြေရှင်းရမည်။
တစ်ပါးသူ မနိုင်မနင်းသောကိစ္စများ တာဝန်ယူဖြေရှင်းရ
တတ်ပါသည်။ အချစ်ရေးနှင့်ပတ်သက်ပြီး ချစ်သူကြောင့်
မျက်ရည်ယိုစီးကိန်း ပေါ်ပေါက်မည်။ ချစ်သူနှင့် အဆင်မ
ပြေတပြေဖြစ်မည်။ မိမိက အထူးဆန်းပွင့်နေတာကြောင့်
အချစ်ရေး ပြိုကွဲသွားနိုင်ပါသည်။ ကျန်းမာရေးအညံ့များ ကိုယ် ကိုယ်တိုင် လည်းကောင်း၊ အိမ်မိသားစုတွင်လည်း
ကောင်းကြုံရတတ်ပါသည်။ ကျန်းမာရေး အထူးဂရုစိုက်ရ
မည့်ကာလဘဲဖြစ်ပါသည်။

အကျိုးပေးဂဏန်း - (၅), (၇), (၈)
{အထူးကံကောင်းစေသောယတြာ} - မိမိ၏မွေးနေ့တွင် အုန်းညွန့်(6)ညွန့်၊ ဖယောင်းတိုင်(3)တိုင်၊ အမွှေးတိုင်(3)တိုင် ဘုရားတွင်ကပ်လှူပူဇော်ပေးပါ။
➖➖➖➖➖➖➖➖➖➖➖➖➖➖➖

တနင်္လာသားသမီးများ
••••••••••••••••••••••••

ဒီတစ်လအတွင်း သင်သည် ရပ်တန့်ထားသောလုပ်ငန်း
များပြန်လည်စတင်နိုင်မည်။ ပြဿနာဟောင်းများ ပြန်လည် ဖြေရှင်းနိုင်မည်။ ဦးတည်ချက်သစ်သို့ ပြောင်းလဲ၍
လုပ်ကိုင်သောကိစ္စများ အဆင်ပြေမည်။ မတော်မတရား
ဆုံးဖြတ်ခံထားရသောကိစ္စများကို သမာသမတ်ကျအောင်
ဆောင်ရွက်နိုင်လိမ့်မည်။ အကြံသစ်၊ ရည်ရွယ်ချက်သစ်များ
ကို စတင်လုပ်ကိုင်ရန်အတွက် အချက်ပေး တိုက်တွန်းသူ
များနှင့်ကြုံမည်။ ယှဉ်ပြိုင်ဆောင်ရွက်သောကိစ္စများတွင် သူတစ်ပါးထက် သာလွန်၍ အဆင့်မြင့်သော အနေအထားမျိုးကြုံမည်။ ငွေရေးကြေးရေးနှင့်ပတ်သက်ပြီး ဆုံးရှုံရတာ
မျိုး၊ အလိမ်ခံရတာမျိုး ကြုံရတတ်ပါသည်။ ငွေလက်ထဲ
မြဲမည့် ကာလ မဟုတ်ပါဘူး။ မတော်တဆ ထိခိုက်မှု သတိ
ထားပါ။ အလောတကြီး ရောင်းဝယ်ခြင်းမပြုပါနှင့်၊ ရောင်းမှာ ဝယ်မှား ဖြစ်တတ်သည်။ အဓိက ချစ်သူ/ အိမ်ထောင်ဘက်/ သံယောဇဉ်ရှိသူများနှင့် ခွဲခွာရတတ်သည်။ အချစ်သစ်
တွေ့မည်။ အချစ်သစ်နှင့် အဆင်ပြေနေချိန်တွင် ချစ်သူ
ဟောင်း၏ အနှောက်အယှက်ပေးမှုများ ကြုံနိုင်သည်။
ခရီးသွားရန်ကိစ္စအတွက် စီစဉ်ဆောင်ရွက် အောင်မြင်မည်။ ယခင်သွားခဲ့သောခရီးမှ အချိတ်အဆက်များနှင့် ပြန်လည်ချိတ်ဆက်မိကာပူးတွဲဆောင်ရွက် အဆင်ပြေမည်။
ကျန်းမာရေးနှင့်ပတ်သက်ပြီး မကြာမကြာ ခေါင်းကိုက်တာ
မျိုး၊ ထုံတာကျင်တာမျိုးဖြစ်တတ်ပါသည်။

အကျိုးပေးဂဏန်း - (၃), (၆), (၄)
{အထူးကံကောင်းစေသောယတြာ} - ဘုရားတစ်ဆူဆူရဲ့
တနင်္လာထောင့်တွင် ပန်းအနီရောင်(15)ပွင့် အမွှေးနံ့သာပက်ဖျန်းပြီး ရေသပ္ပါယ်ပူဇော်ပါ။
➖➖➖➖➖➖➖➖➖➖➖➖➖➖➖

အင်္ဂါသားသမီးများ
•••••••••••••••••••••

ဒီတစ်လအတွင်း သင်သည် ဆောင်ရွက်သမျှ တိုးတက်၍
အခက်အခဲအားလုံးကို ကျော်လွှားနိုင်ပြီး အဆင့်မြင့်ဘဝ
တစ်ခုကို ဖန်တီးနိုင်မည့်ကာလပင်ဖြစ်သည်။ ကာလအတန်
ကြာ ဆောင်ရွက်ထားသောကိစ္စများမှ ထူးခြားသော အကျိုး
ဆက်များဖြစ်ပေါ်မည်။ အရပ်အဝေးမှာ ဆက်နွယ်သော
လုပ်ငန်းများ အဆင်ပြေအောင်မြင်မည်။ ငွေကြေးလက်ပြောင်းလက်လွှဲကိစ္စနှင့် ပစ္စည်းလင်ပြောင်းလက်လွှဲကိစ္စတို့
တွင် ဖြစ်ပေါ်လာသော အရှုပ်အထွေးများကို ခေါင်းခံ ဖြေရှင်းရတတ်ပါသည်။ သူတစ်ပါးအတွက်ကြားဝင်စိုက်ထုတ်သုံးစွဲရခြင်းကြုံမည်။ မနာလိုသူများ အပြိုင်အတိုက်အခံ
များမည်။ ခိုက်ရန်ဖြစ်လွယ်မည် (သတိထားပါ)။ သူတစ်ပါး၏ အထင်အမြင်သေးခြင်းခံရတတ်ပါသည်။ လူလိမ် လူ
ကောက် အန္တရာယ်မှ ဂရုစိုက်ပါ။ မိမိလက်အောက်ငယ်သားများ၏ စော်ကားပြောဆိုခြင်း ခံရမည်။ ချစ်သူ/
အိမ်ထောင်ဘက်များကြောင့် အလုပ်ထဲတွင် စိတ်အနှောက်
အယှက်ဖြစ်မည်။ အချစ်ရေး၊ အိမ်ထောင်ရေး အဆင်မပြေ
သောကာလပါ။ ချစ်သူကစပြီး လမ်းခွဲစကားပြောရတာမျိုး
ကြုံရတတ်ပါသည်။ ကျန်းမာရေးအထူးကောင်းမည်။
အရပ်အဝေးမှ မိတ်ဆွေ၊ ဆွေမျိုးသားချင်းများ၏ အထောက်အကူ အကူအညီရလိမ့်မည်။

အကျိုးပေးဂဏန်း - (၂), (၁), (၈)
{အထူးကံကောင်းစေသောယတြာ} - ထောပတ်ဆီမီးခွက်(3)ခွက်.သပြေ(8)ညွန့်ကပ်လှူပေးပါ။
➖➖➖➖➖➖➖➖➖➖➖➖➖➖➖

ဗုဒ္ဓဟူးသားသမီးများ
••••••••••••••••••••••

ဒီတစ်လအတွင်း သင်သည် အဆိုးအညံ့မှန်သမျှ ကင်စင်း
မည့်ကာလပါ။ ရည်ရွယ်ထားသောကိစ္စများ၊ အကြံအစည်
များ လက်တွေ့အကောင်ထည်ဖော်နိုင်ပြီး လုပ်ငန်းစီးပွားရေးတွင် အောင်မြင်မည်။ လုပ်ငန်းနှင့်ပတ်သက်ပြီး စပ်တူ
ရှယ်ယာ အကျိုးမပေးသောကာလဖြစ်ပါသည်။ အကြီးအကဲများထံမှ ကောင်းသော အထောက်အကူရရှိမည်။
သူတစ်ပါး ပြဿနာများ၊ အမူအခင်းများကို တာဝန်ယူဖြေရှင်းရလိမ့်မည်။ သူတစ်ပါးသတိပေးပြောဆိုသည့်အပေါ်
အလေးမထားဘဲ ရှေ့တိုးလုပ်ကိုင်ရာမှ အခက်အခဲ ဒုက္ခများနှင့်ကြုံမည်။ ကိုယ်ရေးကိုယ်တာကိစ္စနှင့် မိသားစုကိစ္စ
များကြောင့် စိတ်ပူပင်နေခြင်းများရှိမည်။ ပတ်ဝန်းကျင်တွင်
လူမုန်းများမည်။ အထင်အမြင်သေးခြင်းခံရမည်။
သူတစ်ပါးကြောင့် စိတ်အနှောက်အယှက် စိတ်ညစ်စရာများကြုံရတတ်ပါသည်။ အရာရာကို သတိရှိစွာလုပ်ပါ။
ခရီးများ မကြာခဏသွားရတတ်ပါသည်။ ငွေရေးကြေးရေး
ကိစ္စနှင့် ပတ်သက်ပြီး လက်လွန်ထားသောငွေများ လက်ဝယ်တွင် ပြန်ရတတ်သည်။ ချစ်သူ/ အိမ်ထောင်ဖက်အပေါ်
အချစ်စိတ်ကူးတွေ အထူးပွားများနေတတ်သည့်ကာလ
ဖြစ်ပါသည်။ ကျန်းမာရေးနှင့် ပတ်သက်ပြီး ဗိုက်ရောဂါ အထူးဂရုစိုက်ပါ။
အကျိုးပေးဂဏန်း - (၀), (၉), (၆)
{အထူးကံကောင်းစေသောယတြာ} - ဗုဒ္ဓဟူးဂြိုဟ်နံဘုရားမှာ သစ်သီး(5)လုံး၊ ပန်း(5)ပွင့်၊ဖယောင်းတိုင်အဝါရောင်(5)တိုင်၊
အမွှေးတိုင်(5)တိုင် ထွန်းညှိ့ပူဇော်ပေးပါ။
➖➖➖➖➖➖➖➖➖➖➖➖➖➖➖

ကြာသပတေးသားသမီးများ
•••••••••••••••••••••••••••••

ဒီတစ်လအတွင်း သင်သည် လုပ်ငန်းဟောင်းများရပ်တန့်၍ အလုပ်အသစ်၊ အကြံအစည်သစ်များ ဆောင်ရွက်နိုင်မည်။ မထင်မှတ်ထားသော အပြောင်းအလဲတစ်ခု ဖြစ်လာ၍ အစီအစဉ်အားလုံး အသစ်ပြောင်းရမည်။ လူမျိူးကွဲ၊ ကပြားများနှင့် ပူးတွဲလုပ်ကိုင်၍ လုပ်ငန်းများမှ ရရှိသော အကျိုးအမြတ်များအပေါ် အငြင်းပွားဖွယ်ရာ ကြုံမည်။ သစ္စာမဲ့သူများကြောင့် ငွေကြေးဆုံးရှုံး နစ်နာမှုများမည်။ ငွေအလိမ်ခံရတတ်ပါသည်။ ခြံ၊ ကား၊ အခန်းကိစ္စ ပြောဆိုဆောင်ရွက် အဆင်ပြေမည်။ လုပ်ငန်းခွင်တွင် အဆင့်မြင့်နေရာကောင်းတွင် တာဝန်ထမ်းဆောက်ရမည်။ မိတ်ကောင်း ဆွေကောင်း အထောက်အကူရမည်။ မနာလိုသူများ အပြိုင်အဆိုင် အတိုက်အခံများ ရှိမည်။ ကိစ္စတစ်ခုကို မစဉ်စာ မဆင်ချင်လုပ်မိပါသောကြောင့် အမှားကြီးတစ်ခု မှားလိမ့်မည်။ မတော်တဆ ထိခိုက်မှုအန္တရာများ ဖြစ်ပွားလွယ်မည်။ မိသားစုနှင့် အပျော်ခရီးထွက်ရမည်။ စကားအပြောအဆို ဆင်ချင်ရမည့်ကာလပင်ဖြစ်သည်။ အင်္ဂါနံ စက်ပစ္စည်းဝင်တတ်ပါသည်။ အိမ်ထောင်ရှင်များ အိမ်ထောင်ဘက်ကြောင့် စိတ်သောကရောက်မည်။ ဘေးလူအနှောက်အယှက်ကြောင့် အိမ်ထောင်ရေး ပြိုကွဲနိုင်သည်(အထူးဂရုစိုက်ပါ)။ အချစ်ရေးနှင့်ပတ်သက်ပြီး ချစ်သူနှင့် အဆင်ပြေနေချိန်တွင် မိမိအရင်ဆုံးစချစ်ခဲ့ဖူးသူ ငယ်ချစ်ဦးနှင့် ဆုံနိုင်သည်။ ကျန်းမာရေးနှင့် ပတ်သက်ပြီး ငွေအကြီးအကျယ်ကုန်နိုင်သည် (ဂရုစိုက်ပါ)။ ဘာသာရေးကိစ္စများတွင် ပါဝင်ကူညီဆောင်ရွက်ရမည်။

အကျိုးပေးဂဏန်း - (၁), (၄), (၉)
{အထူးကံကောင်းစေသောယတြာ} - မိမိနေအိမ်ဘုရားတွင် သစ္စာပန်း(19ပွင့်) နှင့် ကံကော်(၇ညွှန့်) ကပ်လှူပူဇော်ပြီး
ဗုဒ္ဓေါ ဂုဏ်တော်ကို ပုတီး(၇ပတ်) စိတ်ပါ။
➖➖➖➖➖➖➖➖➖➖➖➖➖➖➖

သောကြာသားသမီးများ
•••••••••••••••••••••••••••••••••

ဒီတစ်လအတွင်း သင်သည် ကြိုးပမ်းဆောင်ရွက်ထား
သောကိစ္စများမှ ကောင်းသောအကျိုးဆက်များကို ရရှိခံစား
ရမည်ကာလပါ။ စတင်ဆောင်ရွက်သော ကိစ္စများမှ ကောင်းသော အကျိုးဆက်များဖြစ်ပေါ်မည်။ လုပ်ငန်းသစ် စီးပွား
သစ်များ ချဲ့ထွင်လုပ်ကိုင်ရန် နှင့် ဆုံးရှုံးထားသော ငွေများအတွက် ပြောဆိုဆောင်ရွက်ရန် အခါသင့်သည်။ ကိုယ်က
မယှဉ်ဘဲ တစ်ပါးသူက လာပြိုင်သဖြင့် လာပြိုင်သောကိစ္စ
အပေါ် အနိုင်ယူ အောင်မြင်နိုင်စွမ်း ရှိမည်။ အမှားအမှန်ခွဲ
ခြားခြင်းမပြုတော့ဘဲ ထင်ရာစိုင်း၍ အဆိုးအညံ့များ ဖြစ်
ပေါ်လာတတ်သည်။ ဆွေမျိုးသားချင်းထဲက ဒုက္ခပေးတတ်
သည်။ ရယ်လွန်လို့လျှင် ငိုရသည်ဟူသော စကားအတိုင်း
ဖြစ်တတ်သည်။ အနီးကပ် အန္တရာယ်နှစ်ခု နှင့် ရန်ပြဿနာ
ဟောင်းတစ်ခုကို ရင်ဆိုင်ဖြေရှင်းရလိမ့်မည်။ ရောက်လေရာ၊ သွားလေရာ နေရာတိုင်းတွင် လူချစ်လူခင် ပေါများမည်။ မကြာခဏခရီးထွက်ရမည်။ ရွှေဝင်ကိန်းရှိသည်။ အိမ်မိသားစုကြောင့် စိတ်ရှုပ်ရတာမျိုး၊ စိတ်ဆင်းရဲရတာမျိုး ကြုံမည်။ အိမ်ထောင်ရေးနှင့် ပတ်သက်ပြီး အိမ်ထောင်ဘက်နှင့် ခွဲခွာရမည်။ အချစ်ရေးမှာ ချစ်သူကြောင့် အယှက်တကွဲရတာမျိုး၊ ကွဲတာ၊ ပြတ်တာမျိုးကြုံမည်။ အချစ်ရေးနဲ့ ပတ်သက်လာရင် လုံးဝ ကံမကောင်းသော ကာလဖြစ်ပါသည်။ လူမူရေးကိစ္စ၊ အသင်းအဖွဲ့ကိစ္စများတွင် ပါဝင်ဦးဆောင်ရမည်။ အရပ်ဝေးမှ ကောင်းသတင်းများ ကြားသိရမည်။ ကျန်းမာရေး အညံ့ကြုံမည်။ မျက်စိ၊ ခါး၊ ဗိုက် သတိထားပါ။ ကောင်းသောဂုဏ်သတင်းနှင့် နာမည်ကျော်ကြားမည်။

အကျိုးပေးဂဏန်း - (၅), (၃), (၂)
{အထူးကံကောင်းစေသောယတြာ} - မိမိ၏အိမ်ဘုရားစဉ်တွင် ပန်းအဝါရောင်(21)ပွင့်၊နွားနို့(5)ခွက်၊ဖယေင်းတိုင်(3)တိုင်၊ အမွှေးတိုင် (3)တိုင် ကပ်လှူပူဇော်ပေးပါ။
➖➖➖➖➖➖➖➖➖➖➖➖➖➖➖

စနေသားသမီးများ
•••••••••••••••••••••

ဒီတစ်လအတွင်း သင်သည် ကြိုးပမ်းဆောင်ရွက်မှု
အလုံးစုံမှ အဆင့်မြင့် အောင်မြင်မှုများရမည်။ အနာဂတ်
အတွက် ကြိုတင်စီစဉ်ထားသည့် ကိစ္စမှန်သမျှ အထင်အရှား အောင်မြင်မည်။ ကြုံ့တွေ့နေသော အခက်အခဲများ
ကို ဖြေရှင်းနိုင်သော နည်းလမ်းကောင်းများ ရရှိမည်။
အလုပ်နှင့် ပတ်သက်ပြီ စိတ်ညစ်စရာများကြုံမည်။
အလုပ်ဝန်ပိတတ်သည်။ အနှောက်အယှက် အဖျက်အဆီး
အတိုက်အခံများ လွှမ်းမိုးနေမည်။ ရန်အန္တရာယ်များ ဝန်းရံ
နေသော ကာလဖြစ်မည် (အထူးသတိထားပါ)။ ရှေ့တွင်
တစ်မျိုး နောက်ကွယ်တွင်တစ်မျိုး စကားမတည်သောသူများနှင့် ကြုံမည်။ မိမိယုံရသောသူမှ မိမိကို ဒုက္ခပေးမည်။
ရန်အတိုက်အခံ အန္တရာယ်များနှင့် ယှဉ်၍ အလုပ်စီးပွားများ
ဆောင်ရွက်ရင်း ဆုံးရှုံးနစ်နာမှုများ ကြုံတတ်သည်။
ငွေကြေးမြောက်များစွာ ရင်းနှီးမြှုပ်နှံခြင်းများ မပြုလုပ်ပါနှင့်။
မရိုးမသား လိမ်ညာသောသူများကြောင့် စိတ်အနောက်အယှက်ဖြစ်ရမည်။ လူချစ်လူခင် ပေါ်များမည်။ အချစ်ရေးမှာသော စန်းပွင့်မည့်ကာလပါ။မိမိစန်းပွင့်နေမှုကြောင့် ချစ်သူနှင့် စကားများ၊ ရန်ဖြစ်တာမျိုးကြုံရပြီး ချစ်သူကစ လမ်းခွဲစကားပြောလာလိမ့်မည်။ အိမ်ထောင်ရှင်များ အိမ်ထောင်ဘက်၏ ချစ်ခင်ကြင်နာမှုခံရမည်။ မေတ္တာရေးကံ ကောင်းပါသည်။ အနာဂတ်အတွက်အကျိုးဆက်ကောင်းများ ဖြစ်ထွန်းမည်။ မိသားစုအတွက် ရည်စူးဆောင်ရွက်ထားသောကိစ္စမှ ကောင်းသော အကျိုးဆက်များရမည်။

အကျိုးပေးဂဏန်း - (၆), (၁), (၄)
{အထူးကံကောင်းစေသောယတြာ} - မိမိမွေးနေ့ရက်တွင်
ပန်းအနီရောင် (10ပွင့်) နှင့် ရွက်လှ(10)ညွန့်၊ ချိုချဉ်သကြားလုံး(10)လုံးဘုရားတစ်ဆူဆူတွင် ကပ်လှူပူဇော်ပါ။
➖➖➖➖➖➖➖➖➖➖➖➖

ဗေဒင်နှင့်လက္ခဏာ🌞 ဆရာမကြီး အိမ့်မြတ်ဖူး

⏩စီပွါးရေး။
⏩ကျန်းမာရေး။
⏩အိမ်ထောင်ရေး။
⏩လူမှုရေး။
အိမ်ထောင်ကွဲ၍ ပြန်ပေါင်းချင်သူများ။💕
ပရောဂပြုခံအဆင်ပြေချင်သူများ။🕎
မိမိကြိုက်နှစ်သက်သောသူနှင့် အဆင်ပြေချင်သူများ။ 💘
ကျန်မာရေး ဆိုးဝါးစွာ ခံစားနေရသူများ။♿
အမှုအခင်းဖြစ်၍နိုင်ချင်သူများ။🛂

``ဗေဒင်မေးမြန်းနည်း"💢

မေး. . ဘယ်လိုမေးရလည်း
ဖြေ. . ဗေဒင်မေးလိုသောသူရဲ့ မွေးခုနှစ်၊ မွေးလ၊ မွေးရက် ၊မွေးနေ့နံ
နာမည်၊ ခေါ်ရမည့် ဖုန်းနံပါတ်၊ အတူ ဥာဏ်ပူဇော်ခ/
ဟောပြောခ Mpt ဖုန်းဘေ 3000 ကို ခဲခြစ်ပြီး ဤ
Page ၏ massage box သို့မဟုတ်
Viber +959780022546
သို့ ပို့ထားနိုင်သည

အချစ်ရေး အိမ်ထောင်ရေး မေးချင်ရင် ဘယ်သူ့မွေးနေ့ပေးရမလည်း?
ထိုစုံတွဲထဲက တစ်ယောက်မွေးနေ့ သိရင် ရပါတယ်

💢 ဓာတ်ရိုက်ဓာတ်ဆင်ယတြာ တစ်ခါတည်း လုပ်ယူချင်သူများ💢

မေး.. ဓာတ်ရိုက်ဓာတ်ဆင် ယတြာ လုပ်ရင် ဘာတွေလိုအပ်လဲ
ဖြေ.. ဓာတ်ရိုက်ဓာတ်ဆင် လုပ်မယ်ဆိုရင် ဓာတ်ပုံ နာမည် နေ့နံ
လိုပါမယ်။ အချစ်ရေး အိမ်ထောင်ရေး နှစ်ယောက်လံုးရဲ့
ဓာတ်ပုံ နာမည် နေ့နံ လိုပါ့မယ်။အဲဒါတွေကို Viber (Or)
Page massage box မှ ပို့ပေးပြီး phဆက်ပါ

______________________________________________
ကံကြမ္မာ ဆိုးများအတွက် အောက်ပါ ထိရောက်သော ဓာတ်ရိုက်ဓာတ်ဆင် ယတြာ အမျိုးမျိုး များကို ပြုလုပ်ပေးနေ ပါသည်။
⤵⤵⤵⤵⤵⤵⤵⤵⤵⤵⤵⤵⤵⤵⤵⤵⤵⤵⤵⤵⤵⤵⤵⤵⤵⤵

🔹🔹 စီးပွားရေး အဆင်မပြေလို့စိတ်ညစ်နေသူများအတွက် ကံပွင့်၊လာဘ်ပွင့်စေရန် ယတြာဓါတ်ရိုက်ဓါတ်စင်၊

🔹🔹 အိမ်ထောင်ရေးတွင် သာယာမှုမရှိသူများ၊ ဖောက်ပြန်နေတယ်ဟု ယူစရသော အိမ်ထောင်ဖက်များ အတွက် အထူးယတြာဓါတ်ရိုက်ဓါတ်စင်၊

🔹🔹 လူမှုရေးတွင် ဘာလုပ်လုပ်အကောင်းအမြင်မခံရ၍ နာမည်ပျတ်နေသူများအတွက် ယတြာဓါတ်ရိုက်ဓါတ်စင်၊

🔹🔹 ကျန်းမာရေးညံ့ဖျင်းနေသူများအတွက် အထူးယတြာဓါတ်ရိုက်ဓါတ်စင်၊

🔹🔹 ပညာရေးတွင် ကြိုးစားသလောက်အရာမထင်သောသူများ ပညာရေးအတွက် ယတြာဓါတ်ရိုက်ဓါတ်စင်၊

🔹🔹 အမျိုးမျိုးသောပြသနာများကြောင့် တရားဥပဒေ နှင့် အမှုအခင်းရင်ဆိုင်နေရသူများအတွက် အမှု့အောင်နိုင်ရေး
ယတြာဓါတ်ရိုက်ဓါတ်စင်၊

🔹🔹 အိမ်ထောင်သက်တမ်းကြာမြင့်ပီး သား၊ သမီး ရတနာ မထွန်းကားသေးသောသူများအတွက် အထူးယတြာဓါတ်ရိုက်ဓါတ်စင်၊

🔹🔹 ပရောဂမိနေသူများ အမြန်ဆုံးဓါတ်ပြယ်စေရန် ယတြာဓါတ်ရိုက်ဓါတ်စင်၊

🔹🔹 အိမ်၊ ခြံ၊ မြေ၊ ကား၊ တိုက်ခန်း၊ ကျောက်၊ စိန်၊ ရွှေ၊ လက်ဝတ်ရတနာ များ အရောင်းအဝယ်အဆင်ပြေစေရန်

💠 ယတြာဓါတ်ရိုက်ဓါတ်စင် နှင့်အခြားသောယတြာ အမျိးမျိုးတို့ကို
ထိရောက်စွာ ပြုလုပ်ပေးနေပါသည်💠

ဤပို့စ်ကို မထင်မှတ်ပဲတွေ့ခဲ့ပြီး မိမိနေ့နာမ်ပါပါကတနင်္ဂနွေ ၊ စနေ ၊ အင်္ဂါ ၊ ဗုဒ္ဓဟူး ‌၊ ကြာသပတေးတနင်္လာ၊စနေ သားသမီးများသ...
22/01/2025

ဤပို့စ်ကို မထင်မှတ်ပဲတွေ့ခဲ့ပြီး မိမိနေ့နာမ်ပါပါက
တနင်္ဂနွေ ၊ စနေ ၊ အင်္ဂါ ၊ ဗုဒ္ဓဟူး ‌၊ ကြာသပတေး
တနင်္လာ၊စနေ သားသမီးများသည် (၄ရက်) အတွင်း
ငွေဝင်ကိန်းရှိပါတယ် ။ ငွေကြေးကံကောင်းခြင်းတွေ ထူးထူးခြားခြား ကြုံတွေ့ရမည်။
မုန့်ဖိုး suprise တွေ ရရှိမည်။
ငွေ ၇ထောင် ၊ ၇သောင်း ၊ ၇သိန်း ၊ သိန်း ၇၀ စသည်ဖြင့် မိမိကံပေါ်မူတည်ပြီး ငွေဝင်လာပါလိမ့်မယ် ။

အလုပ် ကံတွေ ပိုကောင်းလာမည် ။ ပညာရေးအခွင့်အလမ်းကောင်းများပေါ်မည်။

09780022546

မိမိအလို ချင်ဆုံးဆုတစ်ခု ကို ရှယ်ပြီတောင်းပါ၃ရက်အတွင်း ထူးခြားလာလိမ့်မယ်🙏🙏🙏
22/01/2025

မိမိအလို ချင်ဆုံးဆုတစ်ခု ကို ရှယ်ပြီတောင်းပါ
၃ရက်အတွင်း ထူးခြားလာလိမ့်မယ်🙏🙏🙏

03/01/2025

✴️ အစီအမံ ယတြာ ပညာဖြင့် ရက်ပိုင်းအတွင်းထိထိ
ရောက်ရောက်ဆောင်ရွက် ပေးနေသည် ✴️

👉တကယ် လုပ်ချင်သူများသာ ဖုန်းတိုက်ရိုက်ဆက်ပြီးမေးနိုင်ပါတယ်။

ဆရာမကြီး အိမ့်မြတ်ဖူး
Ph:09~780022546(viber)
စီးပွားရေးအတွင်လုပ်ငန်းမှာအနောက်အယှက်ဝင်နေပြီလား
မနာလိုသောသူတွေ ဒုက္ခပေးနေပြီးလားအရှုံးပေါ်အောင်လုပ်နေပြီ
လားဆောင်ရွက်ပေးတယ် ထိရောက်အောင်လုပ်ပေးတယ်။

အိမ်ထောင်ဖက်မှာ ဖောက်ပြန်နေသူကိုရပ်တန့်အောင်၊ကွဲနေသော
သူနဲ့ပြန်ပေါင်းချင်လား၊ရှိသောသူနဲ့အပြတ်ကွဲချင်သလား ဆန္ဒပေါ်
မူတည်ပြီး ဆောင်ရွက်ပေးတယ်

အိမ်ခြံမြေ၊ကား၊ အစရှိသောပစ္စည်းများ ပွဲပျက် ရောင်းမထွက်ဘူး
ဖြစ်နေလား အမြန်အရောင်းထွက်အောင် လုပ်ပေးတယ်

အိမ်မှ စိတ်ညစ်လို့ဖြစ်ဖြစ် ပြဿနာတက်လို့ဖြစ်ဖြစ်ထွက်သွားသူ
ကို ပြန်ခေါ်ချင်သလား ရက်ပိုင်းအတွင် ပြန်လာအောင် ဆောင်
ရွက်ပေးတယ်

ငွေရေးကြေးရေးကိစ္စ၊ ငွေချေးငွေငှါးသွားသူမှပြန်မပေး အကြွေး
လည်နေသူများအတွက်အမြန်ဆုံးပြန်ဆပ်နိုင်တဲ့နည်းလုပ်ပေးတယ်

အချစ်ရေးအဆင်မပြေသူများ၊ကြားကအဖျက်ဝင်နေသူများ၊
စားပြီးနားမလည် ပြစ်သွားသောသူများကိုထိထိရောက်ရောက်
နောင်တရပြီး ပြန်လာအောင် လုပ်ပေးတယ်

ယတြာ အစီအမံ အရင် ကိုထိရောက်စွာလုပ်ပေးနေပါသည်။
အစီအမံ အရင် လုပ်ပြီး ထူးခြားလာပါ လိမ့်မယ်။
စသည့်ကိစ္စများကို(7)ရက်အတွင်းအာမခံဖြင့်အစီအမံများလုပ်ပေးနေပါသည်။
#ယုံကြည်မှမေးပါ
မယုံကြည်ရင်မမေးနဲ့။
#ဆရာမကိုအလုပ်အပ်လိုပါက /Messenger
(သို့မဟုတ်)ဖုန်းဖြင့်တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါသည် ဆရာမကြီး အိမ့်မြတ်ဖူး
☎️09~780022546(viber)

အချစ်ရေး အိမ်ထောင်ရေး ထိထိမိမိကြမ်းကြမ်းတမ်းတမ်းမှကြိုက်သူများ ဆရာမကိုသာဆက်သွယ်လိုက်ပါ။လက်တွေ့အောင်စေရမယ်          အချစ်...
06/12/2024

အချစ်ရေး အိမ်ထောင်ရေး ထိထိမိမိကြမ်းကြမ်းတမ်းတမ်းမှကြိုက်သူများ ဆရာမကိုသာဆက်သွယ်လိုက်ပါ။လက်တွေ့အောင်စေရမယ်
အချစ်နဲ့စစ်မှာ မတရားတာမရှိဘူးဆိုသလိုပဲ
ဘယ်နည်းနဲ့မှအဆုံးရူံးမခံနိုင်သူများ
ကိုယ့်ချစ်သူကို ပိုင်ဆိုင်နိုင်ဖို့ ဘယ်နည်းနဲ့မဆို
ရအောင် ပိုင်ဆိုင်ချင်ကြသူများ

ကိုယ်နဲ့ ချစ်ခဲ့ကြိုက်ခဲ့ပြီးမှ တခြားတစ်ယောက်ဆီရောက်သွားလို့ စိတ်သောကရောက်နေကြသူများ အချစ်အတွက်အရမ်းခံစားနေရသူများ

ပျော်ရင်ပြီးတာဘဲ ဆိုတဲ့စိတ်နဲ့
ဘယ်လောက်ဘဲ ဖြေသိမ့်နေပါစေ
တကယ်ခံစားရတဲ့ ဝေဒနာ ကိုယ်တိုင်သာအသိဆုံး

အဲ့လိုအကြောင်းကိစ္စတွေအတွက် ကြောင့်
စိတ်ဓာတ်ကျနေစရာမလိုပါဘူး

ဆရာမ ဆီသာဆက်သွယ်လိုက်
တခြားတစ်ယောက်ကို ဘယ်လောက်ဘဲ
ချစ်နေပါစေ ကိုယ်ဘဲပိုင်ဆိုင်စေရမယ်

ပြိုင်ဆိုင်မှု ပြင်းထန်တဲ့လောကမှာ
ကိုယ့်ထက်သာရင် မနာလိုဖြစ်ရတာ ဓမ္မတာပါဘဲ
သူ့ထက်သာအောင် မလုပ်နိုင်ရင် သူ့ဘဝနှိမ့်ကျအောင်လုပ်ဖို့ပဲ အဲဒါအောက်လမ်းပညာနဲ့မှရမယ်

လူသိမှာမကြောက်ပါနဲ့ ဆရာမအလုပ်နာမည်အပျက်မခံဘူး မသိစေချင်တဲ့သူ တစ်ဦးတစ်ယောက်မျှမသိစေရဘူး

ပိုက်ဆံမနှမြောနဲ့ ဒါမှကိုယ်ဖြစ်ချင်တာကိုအဆုံးထိကူညီနိုင်မယ်

ဆရာကိုယ်တိုင် တာဝန်ယူ ရာနှုန်းပြည့်အာမခံနဲ့လုပ်ပေးမယ်
ငွေကုန်တာနဲ့တန်အောင် အောင်ကိုအောင်မြင်စေရမယ်

အချစ်ရေး / အိမ်ထောင်ရေး အဓိက ရက်ပိုင်းအတွင်းထိရောက်အောင်မြင်စေသောဓာတ်ရိုက်ဓာတ်စင်ယတြာ

မိမိချစ်သူကလိမ်နေလား ညာနေလား
ကြောင်းမဲ့ ဖုန်းဆက်သွယ်ဖြတ်နေလား
နောက်တစ်ယောက်ထားနေလားလက်ထပ်/မင်္ဂလာဆောင်ရမှာလား မိမိချစ်သူကသစ္စာဖောက်နေလား ဂရုမစိုက်တော့ဘူးလား ပြတ်နေတာပြန်လာမှာလား သွားတာပြန်လာစေချင်လား
စနိုက်ကြော်ခံရတော့မှာလားကိုယ်ပြောတဲ့စကားနာခံစေချင်တာလား သစ္စာရှိစေချင်လား မိဘတွေသဘောတူစေချင်သလား
ဒါတွေဖြစ်နေပြီးဆိုရင်တော့ ဆရာမနဲ့အမြန်ဆုံးတိုင်ပင်လိုက်ပါ
ဆရာမအိမ့်မြတ်ဖူး 09780022546(viber)

06/12/2024

ဗေဒင်အခမဲ့ ဟောပေးမည် 7ရက်နေ့ ည 9နာရီအထိသာ
စေတနာဖြင့် ဟောပေးမည်

မွေးခုလရက် အသက် နေ့နံ ဓါတ်ပုံ လိုအပ်ပါတယ်နော်
မေးမြန်းမည့်အကြောင်းအရာစုံလိုအပ်ပါတယ်နော်
09780022546 Viber or messenger

⭕❌မှတ်ချက်။ ။စေတနာစောကားလျင် လက်မခံပါ

27/06/2024

အချစ်ရေး အိမ်ထောင်ရေး အဆင်မပြေသောသူများအခမဲ့ ဇာတာစစ်ပေးနေပါတယ်
ဖုန်း+959780022546 viber
Post screenshot ပါမှသာလက်ခံမည်

အပျိုစင်လား မင်းအတွက်ဂုဏ်ယူတယ်။အပျိုစင်မဟုတ်ဘူးလား ဘာပဲဖြစ်ဖြစ် မင်းကိုငါ လေးစားတယ်။ကိုယ်ဝန်ဆောင်နေရပြီလား၊ မင်းအတွက် ဝမ...
08/06/2024

အပျိုစင်လား မင်းအတွက်ဂုဏ်ယူတယ်။

အပျိုစင်မဟုတ်ဘူးလား ဘာပဲဖြစ်ဖြစ် မင်းကိုငါ လေးစားတယ်။

ကိုယ်ဝန်ဆောင်နေရပြီလား၊ မင်းအတွက် ဝမ်းသာပါတယ်။

ကိုယ်ဝန်ဖျက်ချလိုက်တာလား မင်းမှာလဲ အကြောင်းပြချက်ရှိမှာပေါ့။

ကိုယ်ဝန်ပျက်ကျတာလား ကျန်းမာရေး ဂရုစိုက်ပြီး အားပြန်မွေးပါ မင်းက ကြံခိုင်တဲ့အမျိုးသမီးပါ။

ကလေးမမွေးနိုင်ဘူးလား ဘာပဲဖြစ်ဖြစ် မင်းဟာ ပြီးပြည့်စုံတဲ့ အမျိုးသမီး တစ်ယောက်ပါ။

အမာရွတ်တွေရှိလား ဘာပဲဖြစ်ဖြစ် မင်းလှပနေတုန်းပဲ။

ဝလား / ပိန်လား မင်းက လှနေဦးမှာပါပဲ။

တစ် ဦး နှင့်တစ် ဦး ဝေဖန်ကဲ့ရဲ့မယ့်အစား ဖေးမဖို့ အချိန်ကျပြီ။

ဘယ်သူမှ မပြီးပြည့်စုံပါဘူး ကိုယ့်ရဲ့အားနည်းချက်တွေကိုချစ်ပါ။
💖💖💖

Virgin ? I am proud of you.
Not Virgin ? I Respect You .
Pregnant ? Enjoy Your blessings.
Abortion ? You had your reason.
Miscarrage ? Strong woman indeed.
Infertile ? Does'nt make you any less of as woman.
Scars ? You're still beautiful.
Fat /skinny ? You're beautiful either way .

It's time to stop jugding and start empowering one another
Nobody is perfect. love your imperfections.
♥♥♥

ဆရာမကြီး အိမ့်မြတ်ဖူး
#ဗေဒင်နှင့်လက္ခဏာမေးမြန်နိုင်ပါတယ်
#ယုံကြည်တယ်ဆိုလျှင်ဆက်သွယ်လိုက်ပါ
#ဉာဏ်ပူဇော်ခ၅၀၀၀ksပါ

0️⃣9️⃣7️⃣8️⃣0️⃣0️⃣2️⃣2️⃣5️⃣4️⃣6️⃣🤙☎️🔙

အစပိုင်းတော့ ဒီလိုပါပဲ ။အရင်ဆုံး ကောင်းပြကြမယ် ။အဲ့ဒီ့သူ ယုံ ကြည်လာအောင်လုပ်ပြမယ်။ဘဝထဲကို ရောက်နိုင်ဖို့အတွက် ဘယ်လို အား...
02/06/2024

အစပိုင်းတော့ ဒီလိုပါပဲ ။
အရင်ဆုံး ကောင်းပြကြမယ် ။
အဲ့ဒီ့သူ ယုံ ကြည်လာအောင်လုပ်ပြမယ်။
ဘဝထဲကို ရောက်နိုင်ဖို့အတွက်
ဘယ်လို အားနည်းချက်တွေပဲရှိရှိ ၊ dark side တွေပဲ
ရှိရှိ ချစ်ပေးနိုင်တဲ့အကြောင်း အာမခံချက်တွေနဲ့
ချစ်ပြတယ် ။

တစ်ကယ်တမ်း ကိုယ့်ဘက်ကလည်း ချစ်သွားရော
ကိုယ့်ဘက်က ဘာအမှားမှလည်း မလုပ်ပဲ
အကြောင်းပြချက်မရှိ ဘဝထဲက ထွက်သွားတယ် ။
ဖုန်းတွေလည်းမဆက်တော့ဘူး။
စာတွေလည်း မပို့တော့ဘူး။

တစ်ချိန်က သူ နားလည်ပေးပါ့မယ် လို့
ပြောခဲ့တဲ့ ကိုယ့်အားနည်းချက်တွေကလည်း
နိုင်ကွက်တွေဖြစ်ပြီး ချနင်းစရာတွေ ဖြစ်လာခဲ့တယ် ။

#ဗေဒင်နှင့်လက္ခဏာမေးမြန်းနိုင်ပါတယ်
.
#ဉာဏ်ပူဇော်ခ၅၀၀၀ပါ
ဗေဒင် နှင့် လက္ခဏာ ဆရာမ ဒေါ်အိမ့်မြတ်ဖူး

မိသားစုက အရေးကြီးဆုံးဆိုတာ သတိရပါ။ နေမကောင်းတဲ့အခါ ဂရုတစိုက်စောင့်ကြည့်ပါ။ သို့မဟုတ် သေလုမျောပါး ငါတို့နဲ့ဘယ်သူရှိလဲ။ အန...
29/05/2024

မိသားစုက အရေးကြီးဆုံးဆိုတာ သတိရပါ။

နေမကောင်းတဲ့အခါ ဂရုတစိုက်စောင့်ကြည့်ပါ။
သို့မဟုတ် သေလုမျောပါး
ငါတို့နဲ့ဘယ်သူရှိလဲ။
အနည်းဆုံး သူငယ်ချင်း
အလည်အပတ်ရောက်တာ ၁-၂ နာရီလောက်ရှိပြီးတော့ ပြန်လာတာ။
အနည်းဆုံး သူဌေး ကောင်းပြီ, ကြီးစွာသောပန်းစည်း 5 မိနစ်။

ငါ့သားနဲ့ ဇနီး 👧🏻👩🏻 နဲ့ အမြဲအတူရှိနေတယ်။
ရေချိုးခန်းထဲသွားထိုင်ပြီး ကြည့်နေသည် ။

အားကောင်းတဲ့ ဇာတ်လမ်းတွဲ၊ ထင်ရှားတဲ့ အပိုင်း
အကျိုးရှိတဲ့အခါ လူတိုင်းက "ဒါက ပုံမှန်ပါပဲ။"
အကျိုးတရားတွေ ပျက်သွားတဲ့အခါ
ကွယ်လွန်ချိန်တွင် မည်သူမျှ မကျန်ခဲ့ပေ။
မိသားစုပဲကျန်တော့တယ်။
အဲ့ဒါကြောင့် သူကျွန်တော်တို့အနားမှာရှိနေသေးတယ်🤍

သင့်မိသားစုကို လျစ်လျူရှုခြင်းကို ရပ်လိုက်ပါ။
တခြားလူတွေကို မကြည့်တော့ဘူး။ မိသားစုထက် ပိုကောင်းပါတယ်။

သင့်မိသားစုကို ဝမ်းနည်းစေရန် ကြမ်းတမ်းစွာပြောဆိုခြင်းကို ရပ်လိုက်ပါ။
တခြားသူကို လိုချင်ဖို့ တွေးမနေပါနဲ့။

ဘာလို့လဲ ဆိုတော့ ဘာမှမကျန်တော့ဘူး။
သူ့မှာ မိသားစုပဲရှိတယ်။
ငါတို့ကို အချိန်တိုင်း ဂရုစိုက်ပြီး အကောင်းဆုံးပါ


ဆရာမကြီးအိမ့်မြတ်ဖူး

29/05/2024

အိမ်ထောင်သည်ဘဝမှာ
ဘယ်လိုပဲပျော်ရတယ်ပြောပြော
အပျိုဘဝကိုတော့ တဝက်တောင်မမှီဘူး

အပျိုတုန်းက ဘယ်သူ့အတွက်မှ
ထည့်စဉ်းစားပေးစရာမလိုဘူးး
ဘာအတွက်မှ ခေါင်းငုံ့ပေးစရာမလိုဘူး
ကြိတ်မှိတ်ခံရတယ်ဆိုတာ
အပျိုတွေရဲ့သမိုင်းမှာမရှိဘူး

လုပ်ချင်တာလုပ်
အချိန်တန်သုံးစရာရှိတာသုံး
ကိုယ့်အိမ်မီတာခ
ဘယ်လောက်ကျမလဲလို့တောင်
တွေးစရာမလိုဘူးးး

ကိုယ့်ကို ဘယ်တော့မှ မစွန့်ပြစ်ဘူးဆိုတာ
အာမခံကောင်းကောင်း ပေးထားတဲ့
မိဘရင်ခွင်လောက် ဘယ်ရင်ခွင်မှ အပေးပဲမရှိပါ

လူစိတ်ရှိပြီး ကိုယ်ချင်းစာစိတ်ရှိတဲ့
အသိုင်းဝိုင်းမျိုးနဲ့ပဲ ပတ်သက်ရမယ်ဆိုရင်
တော်သေးတယ် မဟုတ်ရင်
တစ်သက်လုံး စိတ်ဆင်းကရဲရဦးမယ်

အိမ်ထောင်ကျပြီဆို တင်းခဲ့တဲ့ အကြောတိုင်း
အနည်းနဲ့အများတော့ လျှော့ထားရတယ်
ပြတ်မှာစိုးတဲ့စိတ်နဲ့ ဆက်ဆက်ထိမခံတဲ့
စိတ်ကို သော့ခတ်သိမ်းထားရတာ

ဘာကိစ္စဖြစ်ဖြစ် အကောင်းဆုံးသည်းခံ
ဇနီးမယား ဝတ္တရားကျေပွန်ဖို့
တာဝန်ထမ်းဆောင်ရင်း
မိခင်တာဝန်ပါ တိုးတဲ့အချိန်ဆိုရင်
သိပ်သိရတယ်

အဲဒါကြောင့်မို့ အပျိုဘဝကနေ
အိမ်ထောင်သည်ဘဝကို
လွယ်လွယ်မကူးကြပါနဲ့ ညီမလေးတို့ မောင်လေးတို့
ငယ်ရွယ်တုန်း ပျော်ရွှင်စွာ ပျံသန်းပါ
လွတ်လပ်စွာ ရှင်သန်ပါ ❤
#စာပေဗဟုသုတ


ဆရာမကြီး အိမ့်မြတ်ဖူး
#ဗေဒင်နှင့်လက္ခဏာမေးမြန်းနိုင်ပါတယ်

Address

Maymyo

Telephone

+959780022546

Website

Alerts

Be the first to know and let us send you an email when ဗေဒင် နှင့် လက္ခဏာ ဆရာမ ဒေါ်အိမ့်မြတ်ဖူး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to ဗေဒင် နှင့် လက္ခဏာ ဆရာမ ဒေါ်အိမ့်မြတ်ဖူး:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram