
16/08/2025
#နှာစေးတယ်_နှာပိတ်တယ်_တစ်နှစ်ပတ်လုံးလိုလိုပဲ
#နှာရည်တွေက_နှာခေါင်းအတွင်း_အနောက်ကနေ_အာခေါင်ထဲကျကျနေတယ်
#ခေါင်းကိုက်တယ်
#အနံ့သိပ်မရချင်ဘူး
( #ထိပ်ခပ်နာ)
ကျွန်တော်တို့ မျက်နှာအရိုးတွေက အခေါင်းပါတဲ့ အရိုးပြားတွေ စပ်ထားတာပါ။
ပါးရိုးနှစ်ဖက်၊ နဖူးရိုး၊ နှာခေါင်းရိုး အပေါ်မှာ အခေါင်းပေါက်တွေရှိပါတယ် 👉 အဲ့ဒီအခေါင်းပေါက်တွေကို Sinus တွေလို့ခေါ်ပါတယ်။အဲ့ဒီ Sinus တွေက အခေါင်းပေါက်တွေဆိုတော့ လေတွေပဲရှိတာပေါ့
အဲ့ဒီ Sinus တွေက #နှာခေါင်းနဲ့ ဆက်ထားတဲ့ #အပေါက်လေးတွေရှိပါတယ်။
Sinus တွေထဲက Cells တွေမှာ Cilia ဆိုတဲ့ #အမွှေးလေးတွေရှိပါတယ်။
ပြီးတော့ Sinus ထဲက cells တွေက sinus သန့်ရှင်းနေအောင် ချောမွေ့နေအောင် Secretion နည်းနည်းထုတ်ပါတယ်
ထုတ်တဲ့ Secretions တွေကို Cilia လေးတွေက တံမြက်စည်းလှည်း သလိုလှည်းပြီး နှာခေါင်းထဲကို အပေါက်လေးတွေက တဆင့်ပို့ပါတယ်။
အဲ့လို နည်းလမ်းနဲ့ Sinus အခေါင်းပေါက်တွေထဲမှာ ဘာအရည်မှရှိမနေအောင် လုပ်ပေးပါတယ်။
ပုံမှန် လူတွေ နှာစေး၊နှာမွှန်ကြရင် နှာခေါင်းထဲက နှာရည်တွေတောက်လျှောက်ထွက်ပါတယ်
Sinus နဲ့ နှာခေါင်းမှာ အပေါက်လေးတွေရှိပေမယ့်
အဲ့ဒီနှာရည်တွေက Sinus တွေထဲမဝင်အောင် ဝင်ခဲ့လည်း အပြင်ပြန်ထွက် အောင် Cilia လေးတွေက လုပ်ပေးပါတယ်
ဒါပေမယ့်
တစ်နှစ်ပတ်လုံး နှာမွှန်နေတတ်တဲ့ လူတွေကြတော့
နှာခေါင်းအတွင်းသားက တစ်ချိန်လုံး ရောင်နေတဲ့ အတွက် Sinus နဲ့ နှာခေါင်းဆက်ထားတဲ့ အပေါက်လေးကို ရောင်နေတဲ့ နှာခေါင်းအတွင်းသားက ပိတ်ထားလိုက်ပါတယ်။
နည်းနည်းပဲ ထွက်တဲ့ Sinus ထဲက Secretion တွေက ထွက်ဖို့အပေါက်ပိတ်နေတဲ့ အတွက် Sinus ထဲမှာပဲ စုစုလာပြီး အရည်တွေနဲ့ပြည့်သွားပါတယ်။
လေပဲ ရှိရမယ့်နေရာမှာအဲ့လိုပြည့်သွားတဲ့ အတွက်
- မျက်နှာက #ထူအမ်းအမ်း၊ #လေးတေးတေးဖြစ်နေပြီး၊ #အမြဲခေါင်းအုံ #ခေါင်းကိုက်နေတတ်ပါတယ်
အဲ့ဒီအရည်တွေနဲ့ပြည့်နေတဲ့ Sinus ထဲကို နှာစေး၊နှာပိတ်စေတဲ့ ပိုး ဝင်ရောက်သွားတာနဲ့
Sinus ရောင်ခြင်း => Sinusitis (ထိပ်ခပ်နာ) ဖြစ်ပါပြီ
Sinus တွေရဲ့ တည်နေရာ(ပုံတွေထည့်ပေးထားပါတယ်) အရ
- ပါးရိုးကိုက်ပါတယ်၊ (သွားကိုက်တာနဲ့မှားတတ်လို့ 👉 တချို့လူတွေမှာ သွားတွေတောင် မဆိုင်ပဲ အနှုတ်ခံရတတ်ပါတယ်)
- ခေါင်းကိုက်ပါတယ် (ရိုးရိုးကိုက်တာနဲ့ မတူတာ ရိုးရိုးခေါင်းကိုက်တာက ခေါင်းကို ဖိရင်သက်သာပါတယ် 👉 sinusitis မှာက ဖိကြည့်ရင် နာပါတယ်)
- ပါး၊နှာခေါင်း၊မျက်လုံး အစ်နေ၊ အမ်းနေပါတယ် (facial redness)
- နှာခေါင်းပိတ်ပါတယ် (nasal blockage )
- နှာရည်တွေက နှာခေါင်းအတွင်းအနောက်ကနေအာခေါင်ထဲကျပါတယ် (Post-nasal drip)
- နှာရည်တွေ တောက်လျှောက်အာခေါင်ထဲကျနေတဲ့ အတွက် အာခေါင်ယားပါတယ် (pharyngeal irritation)
- ချောင်းဆိုးပါတယ်
- ပိုးဝင်တာ ဆိုးရင် ဖြစ်တာကြာရင် အနံ့ပါ နံပါတယ်
- ဖျားပါတယ်
- အနံပျောက်တတ်ပါတယ် (အနံ့ရတာနည်းသွားတတ်ပါတယ်) (covid က ရုတ်တရက် အနံပျောက်တာ ၊ sinusitis သမားတွေ အနံ့ပျောက်တာကြာပေါ့)
Sinusitis ဖြစ်ရတဲ့ အကြောင်းနဲ့ လက္ခဏာတွေတော့ သိပြီထင်ပါတယ်။
👉👉👉 ပထမဆုံး စဖြစ်တဲ့ လူနာဆိုရင်
ဆေးလုံးဝမသောက်ထားတဲ့လူနာကို 💊 ပိုးသတ်ဆေးသေသေချာချာပေးရပါတယ်
😢 ကျွန်တော့တို့ဆီမှာက ဟိုမေးဒီမေး နဲ့ တို့ထိတို့ထိ ဆေးသောက်ထားပြီး သားတွေများတော့
ဆေးသောက်ပြီးသား မသက်သာလို့လာပြကြတာဆိုတော့
ကုသရတာ ပုံမှန်ထက် ပိုခက်တတ်ပါတယ်
အဲ့လိုနဲ့ သက်သာသွားတဲ့သူရှိတတ်သလို မသက်သာခဲ့ရင် 😰
ENT Surgeon(နားနှာခေါင်းလည်ချောင်းအထူးကုဆရာဝန်တွေ)ဆီ လွှဲပါတယ်
👉 Sinus တွေကို ဖွင့်ပြီး အထဲမှာရှိတဲ့ပြည်တွေ စုပ်ထုတ်၊ ရေနဲ့သေချာဆေးပြီး ပိုးသတ်ဆေးဆက်ပေးရပါတယ်
(လူနာတွေက နှာခေါင်း operation လုပ်ထားတယ်လို့ ပြောတတ်ကြပါတယ်)
အဲ့လို လုပ်လိုက်ရင်တော့ Sinus ထဲက အရည်တွေ အကုန်ရှင်းသွားလို့ နေရတာ အရမ်းကာင်းပြီး ပုံမှန်လူအတိုင်း ပြန်ဖြစ်သွားပါတယ်။
😥 ဒါပေမယ့် Sinus ရောင်တတ်တဲ့သူတွေက
ပြန်ပြန်ဖြစ်တတ်ပါတယ်၊ ပြန်ဖြစ်ဖို့ အရင်ကထက်ပိုဖြစ်လွယ်သွားပါတယ်
(ဘာလို့လဲ ဆိုတော့ အရင်က Sinus ထဲက အရည်တွေက ပဲ နှာခေါင်းထဲ ထွက်တာပါ၊
Sinus ရောင်တဲ့ အချိန် 😢 sinus ထဲက အရည်တွေ နှာခေါင်းထဲဝင်သလို နှာခေါင်းထဲက အရည်တွေကလည်း Sinus ထဲဝင်ပါတယ်)
ဟိုဘက်ဒီဘက်ကူးလို့ရသွားတော့ အရင်လို Oneway မဟုတ်တော့ပဲ Two way ဖြစ်သွားတဲ့ အတွက်
- အအေးမိလို့ဖြစ်ဖြစ်
- ရာသီဖျားဖြစ်ဖြစ်
- တုပ်ကွေးဖြစ်ဖြစ်
နှာမွှန်လိုက်တာနဲ့ နှာရည်တွေက Sinus ထဲဝင်ပြီး Sinusitis ဖြစ်ပါတယ်။
👉👉👉
အဲ့ဒါက Acute Sinusitis (ရိုးရိုး ထိပ်ခပ်နာ) ပါ။
Sinus ရောင်တာ ကို
၁။ တိကျတဲ့ ကုသမှု မခံယူတဲ့သူတွေ (ဆေးသောက်လိုက်၊ သက်သာရင်ရပ်လိုက်)
၂။ နှာခေါင်းထဲမှာ Polyp ရှိပြီး Sinus အဝ ပိတ်နေတဲ့လူတွေ
၃။ ကိုယ်ခံအားနည်းနေတဲ့သူတွေ (ဆီးချို၊ မွေးရာပါကိုယ်ခံအားနည်းရောဂါသည်တွေ၊ cystic fibrosis ရောဂါသည်တွေ) မှာ
(၁၂) ပတ်ကျော်တဲ့ အထိ မပျောက်ခဲ့ရင် Chronic Sinusitis (နာတာရှည်ထိပ်ခပ်နာ) လို့သတ်မှတ်ပြီး ကုသရပိုခက်ခဲ သွားပါပြီ။
အဲ့ဒါကြောင့်
- Sinusitis ဆိုရင် ဖြစ်တာနဲ့ သေသေချာချာ ကုပါ
- ဆေးဆိုင်က ပေးတဲ့ဆေး နဲ့ ဖြစ်သလိုမလုပ်ပါနဲ့
- ဆေးပတ်လည်အောင် ဆရာဝန်ညွှန်းတဲ့အတိုင်းသောက်ရပါမယ်
- မသက်သာတာနဲ့ ENT Surgeon တန်းပြပါ
မတတ်နိုင်ဘူး Chronic Sinusitis ဖြစ်ပြီ ဘယ်လိုလုပ်ရမလဲ
👉 ENT surgeon နဲ့ သေချာပြသပြီး ကုသမှု ခံယူပါ
👉 Medical Treatment နဲ့မရတဲ့ လူတွေ အတွက် Functional Endoscopic Sinus Surgery (FESS) ဆိုတာ လုပ်လို့ရပါတယ် (၈၀-၉၀ % အထိ သက်သာကြတယ်လို့ သိရပါတယ်)
👉Chronic Sinus infection လူနာတွေက ပြန်ဖြစ်တတ်တဲ့အတွက်
- နှာစေးချောင်းဆိုးမဖြစ်အောင်ဂရုစိုက်ကြပါ
- ဘာကြောင့်ပဲ နှာစေးချောင်းဆိုးဖြစ်ဖြစ် ချက်ချင်း ကုသမှုခံယူပါ
ပြဿနာက allergic rhinitis ဆိုတဲ့ ၁၂ ရာသီနှာမွှန်နေတဲ့ သူတွေမှာ ဆရာဝန်နဲ့သေချာတိုင်ပင်ပြီိး
- အပူ အအေးမျှတအောင်နေပါ
- သောက်နေကြဆေးများ ဆောင်ထားပြီး ၊ ရောဂါဖြစ်တာနဲ့ ချက်ချင်းကုသမှုခံယူကြပါ။
ကျန်းမာရေးဗဟုသုတတိုးပြီး
သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ
ဆေးကုသခြင်း ကျန်းမာရေးစစ်ဆေးခြင်း စတဲ့ ကျန်းမာရေးစောင့်ရှောက်ခြင်းတွေအတွက် သွားလာရလွယ်ကူတဲ့ မြို့လယ်ခေါင်မှာရှိတဲ့ စျေးနှုန်းသင့်တင့်တဲ့ မေခလာအထူးကုဆေးခန်းမှာ အထွေထွေရောဂါအထူးကုဆရာဝန်ကြီးများနှင့် ပြသလို့ရပါတယ်
#မေခလာအထူးကုဆေးခန်း
ကြိုတင်ရက်ချိန်းယူရန်နှင့် စုံစမ်းရန် ➡️
☎️ 018375222, 018387721, 09886600300
📮 အမှတ် ၃၂၇၊ရွှေဘုံသာလမ်း(အပေါ်ဘလောက်)၊ပန်းပဲတန်းမြို့နယ်၊ရန်ကုန်မြို့။