10/01/2026
🎉2025နှစ် တနှစ်တာ၏ 'ဝန်ထမ်းကောင်းဆု🏆' 🎉
🎖️🎖️🎖️🎖️🎖️🎖️🎖️🎖️🎖️🎖️🎖️🎖️🎖️🎖️🎖️🎖️🎖️
🏆 2025နှစ် The Thai မိသားစုလေး၏ အကောင်းဆုံးစံပြဝန်ထမ်းကို ဂုဏ်ယူစွာ မှတ်တမ်းတင်ပါသည်။
- The Thai ထိုင်းရိုးရာအနှိပ်ဆိုင်လေးသည် ပြင်ဦးလွင်မြို့နေပြည်သူများနှင့် အနယ်နယ်အရပ်ရပ်မှ အလည်လာသောဧည့်သည်တော်များအား ထိုင်းရိုးရာအနှိပ်စစ်စစ်ဖြင့် ကောင်းမွန်သော ကျန်းမာရေးဝန်ဆောင်မှုပေးလျှက်ရှိပါသည်။
- သို့ဖြစ်၍ The Thai မှဝန်ထမ်းများအားလုံးကိုလဲ ကျန်းမာရေး + ဝန်ဆောင်မှု ဟူသော အသိပညာ၂မျိုးနှင့် အမြဲ လေ့ကျင့်သင်ကြားပေး၍ ရောက်လာကြသောဧည့်သည်တော်များအားလုံး ကိုယ်စိတ်၂ပါး ပေါ့ပါး၍ အညောင်းညာများပြေပျောက်စေရန်ရှေးရှုကာ ဝန်ဆောင်မှုပေးကြရပါသည်။
- ကျန်းမာရေး + ဝန်ဆောင်မှု ဆိုပြီး ၂ပိုင်းခွဲလျှက် တနှစ်ပတ်လုံး ဝန်ထမ်းလေးများအား နှစ်တနှစ်ကုန်သောအခါ performance ကောင်းသောဝန်ထမ်းလေးများအား ဂုဏ်ပြုချီးကျူးရန်အတွက် ဝန်ထမ်းလစဉ်အကဲဖြတ်မှတ်တမ်းများထားရှိပြီး အကဲဖြတ်မှတ်တမ်းများအရ-
➡️ ကျန်းမာရေးတွင်
- ကျန်းမာရေးအသိ အတတ်ပညာ(ထိုင်းရိုးရာအနှိပ်ပညာနှင့် အနှိပ်ပညာနှင့်ပတ်သက်သောခန္ဓာဗေဒများ)
- သေခြာသင်ယူလေ့လာခဲ့ခြင်း
- အဆက်မပြတ်လိုလိုလားလားလေ့လာခြင်း
- မသိသောအရာများမေးမြန်းခြင်း
- ကိုယ်သိတတ်တဲ့အရာကို မမှားမယွင်း သေခြာအသုံးချခြင်း
➡️ ဝန်ဆောင်မှုတွင်
- ဝန်ဆောင်မှုသည် အပြောလွယ်ပီး အလုပ်ခက်တဲ့ အင်မတန်နူးညံ့တဲ့အရာဖြစ်ပါတယ်။
- အချိန်ခဏအတွင်း မိမိဝန်ဆောင်မှုပေးရမယ့် ဧည့်သည်ရဲ့လိုအပ်ချက်ကို အကဲခတ်တတ်ရပီး အနာနဲ့ဆေးတည့်အောင် သပ်သပ်ရပ်ရပ်ကိုင်တွယ် တတ်ဖို့က မလွယ်ကူတဲ့အရာတခုဖြစ်ပါတယ်။
- ထို့အတူ လိမ္မာရေးခြားရှိခြင်း၊ စိတ်ရှည်ခြင်း၊ by name ဧည့်သည်များသလောက် ရေရှည်ထိန်းနိုင်ခြင်း ၊ ဆိုင်အလုပ်တာဝန်များတသမတ်တည်း မပျက်မကွက် အမြဲလုပ်ဆောင်ပြီး၊ လုပ်ဖော်ကိုင်ဖက်များကြား အမြဲကောင်းမွန်တဲ့ဆက်ဆံရေးရှိပြီး ၊ တနှစ်ပတ်လုံး ခွင့်ရက် ပျက်ရက်မရှိ၍ အလုပ်အပေါ်လေးစားကာ တာဝန်ယူမှုရှိခြင်း......
စသော အရည်အချင်းများနှင့်ပြည့်စုံ၍ ......
The Thai မိသားစုလေး၏ စံပြ ဝန်ထမ်းကောင်း အဖြစ် ဂုဏ်ယူစွာ မှတ်တမ်းတင်အပ်ပါသည်။
👏👏👏👏👏👏👏👏👏👏👏👏👏👏👏👏👏👏