17/02/2024
ကူးစက်ရောဂါနဲ့ပိုးမွှားကင်းစင် ကျန်းမာတဲ့လုပ်ငန်းခွင်
-
လုပ်ငန်းခွင်မှာ ကိုယ့်ရဲ့ဝန်ထမ်းတွေ ပျော်ရွှင်စေဖို့တင်မကဘဲ ကျန်းမာရေးကောင်းမွန်နေဖို့ကလည်း အရေးကြီးပါတယ်
လူအများနဲ့လုပ်ကိုင်ရတဲ့လုပ်ငန်းတွေမှာဆိုရင် ကူးစက်ရောဂါပိုးမွှားတွေ အလွယ်တကူပျံ့နှံ့ကူးစက်နိုင်ပါတယ်
အဲ့ဒါကြောင့် ဝန်ထမ်းတွေကို ပုံမှန်ကျန်းမာရေးစစ်ဆေးမှုတွေ ပြုလုပ်ပေးသင့်ပါတယ်
လုပ်ငန်းခွင်မှာ ကျန်းမာရေးစစ်ဆေးမှုတွေပြုလုပ်ပေးမှသာ ကူးစက်နိုင်တဲ့ပိုးမွှားတွေရှိနေသူတွေကို သိရှိပြီးကုသပေးနိုင်ခြင်း၊
အခြားသူတွေကို မကူးစက်အောင်ကြိုတင်ကာကွယ်နိုင်ခြင်းတွေ လုပ်ဆောင်ထားနိုင်မှာပါ
ဝန်ထမ်းတွေရဲ့ကျန်းမာရေးကို ပုံမှန်စစ်ဆေးပေးခြင်းဖြင့် အသေးအဖွဲဖျားနာမှုတွေကို ရှောင်လွှဲနိုင်မှာဖြစ်ပြီး
ကျန်းမာရေးခွင့်ရက်တွေကြောင့် လုပ်ငန်းထိခိုက်ခြင်းတွေကို ပိုမိုလျော့နည်းလာစေပါမယ်
ဒါ့အပြင် ကျန်းမာရေးကောင်းမွန်တဲ့ဝန်ထမ်းတွေကြောင့် လုပ်ငန်းခွင်မှာ ပိုမိုအလုပ်ပြီးမြောက်စေမှာဖြစ်ပါတယ်
Crd
☘️မုဒြာ အဆင့်မြင့်ရောဂါရှာဖွေရေး ဓာတ်ခွဲခန်း☘️
🏡 အမှတ်(၁၂)၊မြေညီထပ်၊YMCAတိုက်တန်း၊ဈေးလေးမီးပွိင့်အနီး၊အောင်သစ္စာဆေးရုံနှင့်မျက်နှာချင်းဆိုင်၊ မန္တလေး-လားရှိုးလမ်း၊ပြင်ဦးလွင်မြို့။
☎️09-445540883, 09-757779834