08/01/2026
ထိပ်ကပ်နာ (Sinusitis) ဘာကြောင့်ဖြစ် ?
ထိပ်ကပ်နာဆိုတာ ဗိုင်းရပ်စ်၊ ဘက်တီးရီးယား၊ မှိုပိုးတို့ကြောင့်ဖြစ်လာတဲ့ လေခိုအိတ် (Sinus)များ ရောင်ရမ်းမှုဖြစ်ပါတယ်။
🤕 ထိပ်ကပ်နာကို ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတွေကတော့
- အအေးမိခြင်း သို့မဟုတ် ဗိုင်းရပ်စ်ပိုးဝင်ခြင်း
- ဓာတ်မတည့်မှုများ
- သွားနှင့် ခံတွင်းပိုးဝင်ခြင်း
- နှာရိုးအကန့်စောင်းနေခြင်း
- လေထုညစ်ညမ်းမှုများ
- အေးသော ရာသီဥတု
- ဆေးလိပ်သောက်ခြင်း စတာတွေဟာ ထိပ်ကပ်နာဖြစ်နိုင်ခြေကို မြှင့်တင်ပေးပါတယ်။
🤕 သင့်မှာ ထိပ်ကပ်နာရှိနေပြီဆိုတာ ဘယ်လိုလက္ခဏာတွေကိုကြည့်ပြီး သိနိုင်မလဲ
* မျက်နှာအမ်းခြင်း
* နှာခေါင်းလမ်းကြောင်းပိတ်ဆို့ခြင်း (သို့ ) နှာပိတ်ခြင်းကြောင့် အသက်ရှူရခက်ခြင်း
* အဖျားတက်ခြင်းနှင့် ခန္ဓာကိုယ်ကိုက်ခဲခြင်း
* ပုံမှန်အရောင်မဟုတ်သော နှာရည်ပျစ်ပျစ်များကျခြင်း
* မျက်လုံး၊ ပါး၊ နှာခေါင်း၊ နဖူး တစ်ဝိုက် နာကျင်ခြင်းနှင့် ရောင်ရမ်းခြင်း
* အနံ့ခံနိုင်စွမ်း၊ အရသာခံနိုင်စွမ်း လျော့နည်းလာခြင်း
* လည်ချောင်းနာခြင်း
* ခံတွင်းနံ့ဆိုးခြင်း
* သွားကိုက်ခြင်း စတဲ့ရောဂါလက္ခဏာများ ပါဝင်ပါတယ်။
ထိပ်ကပ်နာရောဂါ လက္ခဏာတွေဟာ အရမ်းပြင်းထန်ခြင်းမရှိတာကြောင့် လူအများစုဟာ ထိပ်ကပ်နာရောဂါကို အိမ်တွင်းသုံးဆေးနည်းတွေနဲ့ ကုသတတ်ကြပါတယ်။ အိမ်တွင်းပြုစုနည်းများဖြင့် အလွယ်တကူ ပျောက်ကင်းနိုင်တယ်လို့လည်း အထင်မှားတတ်ကြပါတယ်။ ထိပ်ကပ်နာရောဂါဟာ အရှင်းမပျောက်ဘဲ ရောဂါလက္ခဏာများ နှစ်နှင့်ချီ ပေါ်လိုက် ပျောက်လိုက်ဖြစ်နေပြီဆိုရင် နာတာရှည်ရောဂါ ဖြစ်နိုင်တာကြောင့် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးကာ ပျောက်ကင်းအောင် ကုသသင့်ပါတယ်။
ဒီလို ထိပ်ကပ်နာဆိုင်ရာရောဂါလက္ခဏာများကို ပြသလိုပါက ချယ်ရီမြေဆေးရုံတွင် Endoscopic Sinus Surgery အထူးပြု နား၊နှာခေါင်း၊ လည်ချောင်းဆိုင်ရာ အိန္ဒိယအထူးကုဆရာဝန်ကြီး Dr. Noushad Krim နှင့် ဇန်နဝါရီလ (၁၀) ရက်နေ့ နှင့် ဇန်နဝါရီလ (၁၁) ရက်နေ့ တွင် လာရောက်တိုင်ပင်ဆွေးနွေးကုသနိုင်ပါပြီနော်
☎️ အသေးစိတ်သိရှိလိုပါက 09400094015 ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
ကျန်းမာသုခ ပြည့်စုံစေ ~ ပြင်ဦးလွင်မှ “ချယ်ရီမြေ”
“ချယ်ရီမြေဆေးရုံ”
🏥𝐀𝐝𝐝𝐫𝐞𝐬𝐬 : အမှတ် (၂၉၁)၊ ဈေးကြီးလမ်း၊ ပြင်ဦးလွင်မြို့။
#ချယ်ရီမြေဆေးရုံ #ပြင်ဦးလွင်