Swan Htet Physiotherapy

Swan Htet Physiotherapy Physiotherapy & Rehabilitation Center

22/09/2024
🔴ခါးနာခြင်း ၊ ခါးကိုက်ခြင်း ( Backpain)ဒီနေ့ခေတ်မှာ ကျွန်မတို့တွေဟာ နေ့စဉ်နဲ့အမျှ သွားလာလှုပ်ရှား အလုပ်လုပ်နေကြရပါတယ်။ ဒ...
02/06/2024

🔴ခါးနာခြင်း ၊ ခါးကိုက်ခြင်း ( Backpain)

ဒီနေ့ခေတ်မှာ ကျွန်မတို့တွေဟာ နေ့စဉ်နဲ့အမျှ သွားလာလှုပ်ရှား အလုပ်လုပ်နေကြရပါတယ်။ ဒီလိုအလုပ် လုပ်တဲ့အခါ ပုံစံမမှန်တဲ့ ကိုယ်အနေအထားနဲ့ လုပ်ခဲ့ရင်
( ဒါမှမဟုတ် ) ကိုယ်ခန္ဓာ ပုံစံအနေအထားတစ်မျိုးတည်းကို အချိန်အကြာကြီးလုပ်နေခဲ့ရရင် ကိုယ်ခန္ဓာမှာရှိတဲ့ ခြေလက် ၊ ကျောခါးများ နာကျင်လာတတ်ပါတယ်။

👩‍⚕ ခါးနာခြင်း၊ ခါးကိုက်ခြင်း ( Backpain ) ဆိုတာ

- ကျောဘက်ရှိ ကြွက်သားများ၊ အရွတ်များ အနည်းငယ်ဒဏ်
ဖြစ်တဲ့အခါ
ခါးနာခြင်း၊ ခါးကိုက်ခြင်း တို့ကို
ဖြစ်စေပါတယ် ။
- ဒါပေမယ့် တချို့သောအခြေအနေမှာ ခါးအရမ်းနာတယ်ဆိုရင် တခြားရောဂါကြောင့် (သို့မဟုတ်) ခါးရိုးဆစ်မှာ ပြဿနာတစ်ခုခုကြောင့်လည်း ဖြစ်​နိုင်ပါတယ်။
- ခါးရိုးဆစ်တွေ ပုံမှန်မဟုတ်တဲ့အခါ အနီးအနားရှိ အာရုံကြောတွေ တစ်ရှူးတွေကို သွားဖိမိပြီး နာကျင်တဲ့ဝေဒနာကို ခံစားရနိုင်ပါတယ် ။
- ဘယ်လိုအခြေအနေတွေမှာ
ခံစားနိုင်ရမလဲဆိုတော့ ခါးကွေးတဲ့အခါနဲ့ အလေးအပင်တစ်ခုခု ဆွဲမလိုက်တဲ့အခြေအနေမျိုးမှာ ခါးနာခြင်းကို သိသိသာသာ ခံစားရနိုင်ပါတယ် ။

👩‍⚕ ဘယ်လို သက်သာအောင်လုပ်မလဲ ၊ ဘယ်လိုကာကွယ်မလဲ?

- ပထမဆုံး ခါးနာတာကို သက်သာအောင်လုပ်ဖို့အတွက်ဆိုရင် ကျွန်မတို့ရဲ့ ခန္ဓာကိုယ်ပုံစံ အနေအထားကို
အရင်ဆုံး ပြင်ရမှာဖြစ်ပါတယ် ။

👩‍⚕သက်သာအောင်ဘာတွေလုပ်မလဲ

(၁) အားကစားလုပ်ခြင်း✅
- လမ်းလျှောက်ခြင်း၊ ရေကူးခြင်းတို့ဟာ ကျွန်တော်တို့ ခါးနဲ့ ဝမ်းဗိုက်ရှိကြွက်သားများကို တောင့်တောင့်တင်းတင်းဖြစ်စေတဲ့အတွက် အချိန်ရတဲ့အခါ လုပ်သင့်တဲ့ အားကစားမျိုးဖြစ်ပါတယ် ။
- ရုတ်တရက် ကြွက်သားတွေကို လှုပ်ရှားရတဲ့အားကစားများဖြစ်တဲ့ ကြက်တောင်ရိုက်ခြင်း၊ ဘက်တံရိုက်ခြင်း၊ ဂေါက်ရိုက်ခြင်း ၊ ကလေးများ ဖားခုန်တမ်းဆော့ကစားခြင်း နဲ့ အလေးအပင်များကို ရုတ်တရက်မခြင်းတို့က ကြွက်သားတွေကို ဒဏ်ဖြစ်စေတဲ့အတွက် ရှောင်ရှားသင့်ပါတယ် ။

(၂) ထိုင်တဲ့အခါ - ✅
- ပုံစံ အနေအထားတစ်မျိုးတည်းကိုပဲ အချိန်အတော်ကြာထိုင်ခြင်းကို လျော့ပါ ။ ဥပမာ - ကားမောင်းခြင်း
- လိုအပ်ပါက ခေတ္တအနားယူပြီးမှသာ ပြန်လုပ်သင့်ပါတယ် ။
- ထိုင်တဲ့အခါမှာလည်း ခါးကိုမကွေးစေပဲ ခါးမတ်မတ်ထားဖို့လိုပါတယ် ။

(၃) အိပ်စက်တဲ့အခါ - ✅
- ခေါင်းအုံများဆင့်၍ အိပ်ခြင်းကို ရှောင့်ကျဉ်သင့်ပါတယ်။
( ပျော့ပြီး နိမ့်တဲ့ ခေါင်းအုံးတွေကိုသာ ရွေးချယ်ပါ )
- အိပ်တဲ့အခါမှာလည်း မှောက်လျက်၊ ပက်လက် အိပ်ခြင်းထက် တစ်ဘက်ကိုစောင်းပြီးအိပ်ခြင်းက ခါးနာခြင်းတို့ကို သက်သာစေပါတယ် ။
- ကိုယ်အိပ်တဲ့မွေ့ရာကိုလည်း ပျော့ပြီး သက်တောင့်သက်သာရှိသည့် မွေ့ရာကိုသာ ရွေးချယ်စေလိုပါတယ် ။

(၄) အလေးအပင်မခြင်း ✅
- အလေးချိန် ၁၀ ကီလိုဂရမ် ထက်လေးတဲ့ အရာတွေကို မခြင်းမှ ရှောင်ကျဉ်သင့်ပါတယ် ။
- ပစ္စည်းတစ်ခုခု မတော့မယ် ဆိုရင် မမယ့်ပစ္စည်းအနီးမှာ အရင်ထိုင်ပါ။ ခါးကို တဖြောင့်တည်း ထားထားပါ။ ပြီးမှ မ ပါ ။
- မတ်တပ်ရပ်အနေအထားနဲ့ ခါးကိုကွေးပြီး ပစ္စည်းမခြင်းက ခါးကို ထိခိုက်စေပါတယ် ။

(၅) ကိုယ်အလေးချိန် ✅
- ကိုယ့်ရဲ့ကိုယ်အလေးချိန်ကို ထိန်းစေချင်ပါတယ်။
- ကိုယ်အလေးချိန်များတဲ့သူတွေဟာ
သာမာန် ကိုယ်အလေးချိန်ရှိတဲ့လူတွေထက် ခါးကိုဒဏ်ပိုဖြစ်စေပါတယ်။
- ကိုယ်အလေးချိန်ထိန်းတဲ့အခါမှာလည်း အစားအစာနဲ့သော်လည်းကောင်း၊ အားကစားလုပ်၍သော်လည်းကောင်း ထိန်းပေးခြင်းက အကောင်းဆုံးပဲဖြစ်ပါတယ်။

(၆) ရုတ်တရက် နာလာရင် ဘာလုပ်မလဲ ?✅
- ရုတ်တရက် အောင့်ရုံပဲအောင့်တယ်ဆိုရင် မိနစ်အနည်းငယ်နားပြီးမှ ပြန်လုပ်သင့်ပါတယ် ။
- ဒါပေမယ့် အရမ်းခါးအောင့်လာတယ်ဆိုရင် လုပ်လက်စ အလုပ်ကိုနားပြီး သက်တောင့်သက်သာ ရှိတဲ့ နေရာမှာ ခဏလဲလျောင်းလိုက်ခြင်းက ခါးအောင့်ခြင်းကို သက်သာစေပါတယ် ။

(၇) ထိုင်လျက် အလုပ်လုပ်တဲ့အခါ ✅

- အလုပ်တစ်ခုကို ထိုင်လျက်လုပ်သည့်အခါ ခါးကိုမတ်မတ်ထားစေချင်ပါတယ်။
- ခါးကို မတ်မတ်ထားဖို့အတွက် ကိုယ့်လက်တစ်ကမ်းအကွာမှာရှိတဲ့ အရာကိုပဲလုပ်ပါ။
- အကယ်၍ ကိုယ့်လက်တစ်ကမ်းထက်ဝေးပါက ထိုအနီးအနားသို့နေရာရွှေ့ပြီးမှ လုပ်ပါ ။

(၈) ခါးကွေးခြင်းကို တတ်နိုင်သမျှ ရှောင်ကြဉ်ပါ။ ✅

- တစ်ချို့အခြေအနေတွေဖြစ်တဲ့ ဖိနပ်ကြိုးချည်ခြင်း၊ ခြေအိတ်ဝတ်ခြင်း၊ စတော့ကင် ဝတ်ခြင်း စသည်တို့ပြုလုပ်ရာမှာ ခါးမကုန်းစေရန်ဖို့ ကိုယ့်ခြေထောက်ကို ခုံပေါ်မှာဖြစ်စေ၊ ကိုယ့်ဒူးလောက် အမြင့်ရှိတဲ့ သေတ္တာတစ်ခုခုပေါ်မှာဖြစ်စေ တင်ပြီးမှသာ ပြုလုပ်သင့်ပါတယ် ။
- ဒါမှသာ ခါးကွေးစရာမလိုတော့ဘဲ ခါးနာခြင်းကိုသက်သာစေပါတယ် ။

👩‍⚕ ခါးအောင့်၊ ခါးနာတဲ့အခါ နာတာ သက်သာအောင် ဘာလုပ်သင့်သလဲ

💯 ကျွမ်းကျင်သော အကြောအဆစ်
အထူးကု ဆရာဝန် ၊အကြောအဆစ်
ကျွမ်းကျင် ပညာရှင်များနှင့်
လိုအပ်သော ကုသမှုခံယူခြင်း
💯 ခါးအောင့်၊ ခါးနာဖြစ်တဲ့အခါ ပါရာစီတမော သို့မဟုတ် ဆရာဝန် ညွှန်ကြားတဲ့အကိုက်အခဲပျောက်ဆေးကိုသာ သောက်သုံးသင့်ပါတယ်
💯 ရောဂါ အခံရှိသောသူများ အထူးသဖြင့် အစာအိမ်ရောဂါရှိသူ ၊ အသည်းမကောင်းတဲ့သူ ၊ ကျောက်ကပ်မကောင်းတဲ့သူတွေဟာ ဆရာဝန်နဲ့တိုင်ပင်ပြီးမှသာ အကိုက်အခဲပျောက်ဆေးကို သောက်သုံးသင့်ပါတယ် ။






ဆေးခန်းပိတ်ခါနီးလေးခါးနာလို့ လာပြတဲ့ လူနာ👩‍⚕
02/04/2024

ဆေးခန်းပိတ်ခါနီးလေး
ခါးနာလို့ လာပြတဲ့ လူနာ👩‍⚕




ကုသိုလ်လေးနဲ့အစ🙏🙏🙏
11/03/2024

ကုသိုလ်လေးနဲ့အစ🙏🙏🙏

Address

Maymyo

Telephone

+959969879636

Website

Alerts

Be the first to know and let us send you an email when Swan Htet Physiotherapy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share