
18/07/2025
" စိတ္တသုခဆေးရုံ (ပြင်ဦးလွင်)မိသားစု၏ ဝါဆိုသင်္ကန်း နှင့် နေ့ဆွမ်းကပ်လှူပူဇော်ခြင်း "
17.7.2025ကြာသပတေးနေ့၊ မြန်မာသက္ကရာဇ်၁၃၈၇ခုနှစ်၊ဝါဆိုလပြည့်ကျော် (၈)ရက်နေ့တွင် စိတ္တသုခဆေးရုံမိသားစုဝင်များမှ စုပေါင်း၍ ဆရာတော်၊ သံဃာတော်များအား "ဝါဆိုသင်္ကန်း" ကပ်လှူခြင်း ၊ တရားတော်မြတ်များနာယူခြင်း၊ ရေစက်ချအမျှပေးဝေခြင်း၊ နေ့ဆွမ်း၊ခဲဘွယ်များဆက်ကပ်ခြင်း၊ လှူဖွယ်ဝတ္ထုပစ္စည်းများလှူဒါန်းခြင်း စသည့်ကုသိုလ်အမှုမှုကို ပြုလုပ်ကျင်းပခဲ့တဲ့ ပုံရိပ်မှတ်တမ်းအချို့အား မျှဝေလိုက်ပါတယ်
ဤကုသိုလ်တရားများ အကြောင်းပြု၍ စိတ္တသုခဆေးရုံမှ လူနာများ၊ မိသားစုဝင်များနှင့်ဝန်ထမ်းများအားလုံး သက်ရှည်ကျန်းမာ အနာကင်း၍ လောကီလောကုတ္တရာနှစ်ဖြာသော ကောင်းကျိုးချမ်းသာများ ရရှိပိုင်ဆိုင်နိုင်ကြပါစေဟု ဆုမွန်ကောင်းတောင်းအပ်ပါသည်။ 🙏🏻🙏🏻🙏🏻
#စိတ္တသုခဆေးရုံ