Soe Moe Hospital

  • Home
  • Soe Moe Hospital

Soe Moe Hospital Hospital & Laboratory & X-Ray & Ultrasound & ECG Go to Healthy Life

 #ဝန်ထမ်းအလိုရှိသည် #စိုးမိုးဆေးရုံမိတ္ထီလာမြို့တွင်ခန့်ထားရန် #သွေးဖောက်ကျွမ်းကျင် ( အမျိုးသား / အမျိုးသမီး )  1 post #...
27/04/2025

#ဝန်ထမ်းအလိုရှိသည်
#စိုးမိုးဆေးရုံမိတ္ထီလာမြို့တွင်ခန့်ထားရန်
#သွေးဖောက်ကျွမ်းကျင် ( အမျိုးသား / အမျိုးသမီး ) 1 post
#သူနာပြုအကူသင်တန်းပြီးမြောက်ထားသူဖြစ်ရမည်။
#အခြေခံပညာအထက်တန်းအောင်မြင်ထားသူဖြစ်ရမည်။
🪩 သွေးဖောက်ကျွမ်းကျင်သူ ဖြစ်ရမည်။ဓာတ်ခွဲခန်းနှင့်သက်ဆိုင်သော အထွေထွေ လုပ်ငန်းများကို လုပ်ကိုင်နိုင်သူဖြစ်ရမည်။
🪩 ‌စိုးမိုး ဆေးရုံ ဓာတ်ခွဲခန်းအတွက် သတ်မှတ်ထားသော စည်းကမ်းချက်များ လိုက်နာနိုင်သူဖြစ်ရမည်။
🪩အကျင့်စာရိတ္တကောင်းမွန်ရမည်။
🪩 ဓာတ်ခွဲခန်း လုပ်ငန်း အတွေ့အကြုံ ရှိသူဦီးစားပေးမည်။
🪩ဆိုင်ကယ် ကျွမ်းကျင်စွာ စီးတတ်ရမည်။

🌐လစာ - ညှိနှိုင်း

စိတ်ဝင်စားသူများ CV Formနှင့်တကွ စိုးမိုးဆေးရုံ၊ဓါတ်ခွဲခန်းသို့ လာရောက် လျောက်ထားနိုင်ပါသည်။

စိုးမိုးဆေးရုံ
စည်ပင်ရုံးအနီး၊
မိတ္ထီလာမြို့

Viber၊Pageနှင့် ဓါတ်ခွဲခန်းသို့လူကိုယ်တိုင်ဖြစ်စေ လာရောက် လျောက်ထားနိုင်ပါသည်။

09400023439(Viber)သို့ လျောက်ထားနိုင်ပါသည်။

09257144414

09668600666

အခုတလော အဖြစ်များနေတဲ့ အသည်းရောင်အသားဝါHepatitis A ရောဂါသည် အသည်းကို ထိခိုက်စေသော ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားသည့် ရေ...
26/02/2025

အခုတလော အဖြစ်များနေတဲ့ အသည်းရောင်အသားဝါ

Hepatitis A ရောဂါသည် အသည်းကို ထိခိုက်စေသော ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားသည့် ရောဂါတစ်မျိုးဖြစ်ပါသည်။ ဤရောဂါသည် အသည်းရောင်အသားဝါ A ဗိုင်းရပ်စ် (Hepatitis A Virus - HAV) ကြောင့် ဖြစ်ပြီး၊ မသန့်ရှင်းသော အစားအစာများ၊ ရေများ သို့မဟုတ် ရောဂါပိုးရှိသူနှင့် နီးနီးကပ်ကပ် ထိတွေ့ခြင်းမှတစ်ဆင့် ကူးစက်နိုင်ပါသည်။ Hepatitis A ရောဂါသည် အခြား Hepatitis B နှင့် Hepatitis C တို့ကဲ့သို့ နာတာရှည်မဖြစ်စေဘဲ၊ ကုသပျောက်ကင်းနိုင်သော ရောဂါတစ်မျိုးဖြစ်ပါသည်။

Hepatitis A ရောဂါ၏ လက္ခဏာများ

Hepatitis A ရောဂါ၏ လက္ခဏာများသည် ဗိုင်းရပ်စ်ပိုး ကူးစက်ပြီး ၂ ပတ်မှ ၆ ပတ်အတွင်း ပေါ်လာတတ်ပါသည်။ အချို့လူများတွင် လက္ခဏာမပြဘဲ ဖြစ်နိုင်သော်လည်း၊ အဓိက လက္ခဏာများမှာ -
- အသားဝါခြင်း၊ မျက်လုံးဝါခြင်း
- မောပန်းနွမ်းနယ်ခြင်း
- ဗိုက်အောင့်ခြင်း (အထူးသဖြင့် အသည်းနေရာ)
- ပျို့အန်ခြင်း၊ ဝမ်းပျက်ခြင်း
- အစားအသောက်ပျက်ခြင်း
- ဖျားခြင်း
- ဆီးအရောင်ရင့်ခြင်း၊ ဝမ်းအရောင်ဖျော့ခြင်း

ကူးစက်ပုံ
Hepatitis A ဗိုင်းရပ်စ်သည် မစင်မှတစ်ဆင့် အစားအစာများသို့ ယင်ကောင်မှတဆင့် သယ်ယူပြီး စားသုံးမိရာက ပါးစပ် (Fecal-oral route) ကူးစက်နိုင်ပါသည်။ ဥပမာ -
- ရောဂါပိုးရှိသူ၏ မစင်နှင့် ထိတွေ့ပြီး လက်မဆေးဘဲ အစားအစာကို ကိုင်တွယ်ခြင်းမှတစ်ဆင့်
- မသန့်ရှင်းသော ရေကို သောက်သုံးခြင်း
- ရောဂါပိုးရှိသူနှင့် အနီးကပ် ထိတွေ့ခြင်း (ဥပမာ - လိင်ဆက်ဆံခြင်း)

ကာကွယ်နည်းများ
Hepatitis A ရောဂါကို ကာကွယ်ရန် အောက်ပါနည်းလမ်းများကို လိုက်နာသင့်ပါသည် -
1. **ကာကွယ်ဆေးထိုးခြင်း**
Hepatitis A ကာကွယ်ဆေးသည် ရောဂါကို ကာကွယ်ရာတွင် အထိရောက်ဆုံးနည်းလမ်းဖြစ်ပါသည်။

2. **သန့်ရှင်းမှုကို အလေးထားခြင်း**
- လက်ကို ဆပ်ပြာနှင့် စင်ကြယ်စွာ ဆေးကြောခြင်း (အထူးသဖြင့် အစားမစားမီ၊ အိမ်သာတက်ပြီးနောက်)
- သန့်ရှင်းသော ရေကို သောက်သုံးခြင်း
- အစားအစာများကို သေချာစွာ ချက်ပြုတ်ခြင်း

3. ရောဂါပိုးရှိသူနှင့် အနီးကပ် ထိတွေ့ခြင်းကို ရှောင်ကြဉ်ပါ။

# # # ကုသမှု
Hepatitis A ရောဂါအတွက် သီးသန့်ကုသမှုမရှိပါ။ ရောဂါလက္ခဏာများကို သက်သာစေရန် အောက်ပါနည်းလမ်းများကို လိုက်နာနိုင်ပါသည် -
- အနားယူခြင်း
- ရေဓာတ်ပြည့်ဝစေရန် အရည်များများ သောက်သုံးခြင်း
- အစားအသောက်ကို ပုံမှန်စားသုံးခြင်း (အဆီနည်းသော အစားအစာများ ရွေးချယ်ပါ)
- အရက်နှင့် အသည်းကို ထိခိုက်စေသော အစားအစာများကို ရှောင်ကြဉ်ခြင်း

# # # နောက်ဆက်တွဲဆိုးကျိုးများ
Hepatitis A ရောဂါသည် ယေဘုယျအားဖြင့် ပြင်းထန်သော နောက်ဆက်တွဲဆိုးကျိုးများ မဖြစ်စေပါ။ သို့သော်၊ အချို့လူများတွင် အသည်းပျက်စီးခြင်း (Acute Liver Failure) ကဲ့သို့သော ပြင်းထန်သည့် အခြေအနေများ ဖြစ်နိုင်ပါသည်။

Hepatitis A ရောဂါသည် ကာကွယ်ဆေးထိုးခြင်း၊ သန့်ရှင်းမှုကို အလေးထားခြင်းဖြင့် ကာကွယ်နိုင်သော ရောဂါတစ်မျိုးဖြစ်ပါသည်။ ရောဂါလက္ခဏာများ ခံစားရပါက ဆရာဝန်နှင့် ပြသကာ လိုအပ်သော ကုသမှုကို ခံယူသင့်ပါသည်။

#ဟမ်စိုင်း(ဆေး-မန်း)

23/01/2025

#သွေးဖောက်ကျွမ်းကျင်ဝန်ထမ်းအလိုရှိသည်

#စိုးမိုးဆေးရုံမိတ္ထီလာမြို့တွင်ခန့်ထားရန်
#သွေးဖောက်ကျွမ်းကျင် ( အမျိုးသား / အမျိုးသမီး ) 1 post
#သူနာပြုအကူ


🪩 အသက် ၂၅ အောက် ဖြစ်ရမည်။
🪩 ကျောင်းကိစ္စကင်းရှင်းသူ ဖြစ်ရမည်။
Nurse Aid သူနာပြုအကူ သင်တန်း ပြီးမြောက်ထားသူ ဖြစ်ရမည်။
🪩 သွေးဖောက်ကျွမ်းကျင်သူ ဖြစ်ရမည်။ဓာတ်ခွဲခန်းနှင့်သက်ဆိုင်သော အထွေထွေ လုပ်ငန်းများကို လုပ်ကိုင်နိုင်သူဖြစ်ရမည်။
🪩 ‌စိုးမိုး ဆေးရုံ ဓာတ်ခွဲခန်းအတွက် သတ်မှတ်ထားသော စည်းကမ်းချက်များ လိုက်နာနိုင်သူဖြစ်ရမည်။
🪩အကျင့်စာရိတ္တကောင်းမွန်ရမည်။
🪩 ဓာတ်ခွဲခန်း လုပ်ငန်း အတွေ့အကြုံ ရှိသူဦီးစားပေးမည်။
🪩ဆိုင်ကယ် ကျွမ်းကျင်စွာ စီးတတ်ရမည်။

🌐လစာ - ညှိနှိုင်း

စိတ်ဝင်စားသူများ CV Formနှင့်တကွ စိုးမိုးဆေးရုံ၊ဓါတ်ခွဲခန်းသို့ လာရောက် လျောက်ထားနိုင်ပါသည်။
စည်ပင်ရုံးအနီး၊
မိတ္ထီလာမြို့
Viber၊Pageနှင့် ဓါတ်ခွဲခန်းသို့လူကိုယ်တိုင်ဖြစ်စေ လာရောက် လျောက်ထားနိုင်ပါသည်။

09400023439(Viber)

09257144414

09668600666

မျောက်ကျောက်ရောဂါ (Mpox) နှင့်ပတ်သတ်၍ သင် ဘာတွေ သိထားသင့်သလဲ💢 မျောက်ကျောက်ရောဂါ လက္ခဏာများ💢 ရောဂါလက္ခဏာခံစားနေသူနှင့် အန...
21/08/2024

မျောက်ကျောက်ရောဂါ (Mpox) နှင့်ပတ်သတ်၍ သင် ဘာတွေ သိထားသင့်သလဲ

💢 မျောက်ကျောက်ရောဂါ လက္ခဏာများ
💢 ရောဂါလက္ခဏာခံစားနေသူနှင့် အနီးကပ်ထိတွေ့မှုရှိပါက မျောက်ကျောက်ရောဂါ ကူးစက်ခံရနိုင်ခြင်း
💢 ရောဂါလက္ခဏာခံစားနေသူနှင့် အနီးကပ်ထိတွေ့မှုကို ရှောင်ကြဉ်ခြင်းအားဖြင့် မိမိကိုယ်ကို မျောက်ကျောက်ရောဂါ ကူးစက်မှုမှကာကွယ်ပါ။

crd:WHO Myanmar

#မျောက်ကျောက်ရောဂါ

 #သွေးလွန်တုပ်ကွေး မှာအောက်ပါအကြောင်းအရာတွေကြောင့် အန္တရာယ်ရှိတာ ဖြစ်ပါတယ်။၁။ သွေးယိုခြင်း (bleeding)၂။ သွေးလန့်ခြင်း (S...
08/06/2024

#သွေးလွန်တုပ်ကွေး မှာအောက်ပါအကြောင်းအရာတွေကြောင့် အန္တရာယ်ရှိတာ ဖြစ်ပါတယ်။
၁။ သွေးယိုခြင်း (bleeding)
၂။ သွေးလန့်ခြင်း (Shock)
၃။ နှလုံးရောင်ခြင်း (Carditis)
၄။ ဦးနှောက်ရောင်ခြင်း (Encephalopathy / Encephalitis )

၁။ သွေးယိုခြင်း (bleeding)
- Platelet ဟုခေါ်သော သွေးခဲစေသောဓာတ်များ ပျက်စီး/ လျော့နည်းသွားခြင်းကြောင့် သွေးယိုတတ်ပါတယ်။
- ဆိုးရွားသောသွေးယိုခြင်းဖြစ်ရင် အသက်အန္တရာယ်ရှိပါတယ်။
- သွေးရည်ကြည်ပေး၍ ခက်ခဲစွာကုသရပါတယ်။

၂။ သွေးလန့်ခြင်း (Shock)
- သွေးကြောတွေထဲက အရည်ပမာဏ လျော့နည်းသွားခြင်းကြောင့် ခန္ဓာကိုယ်က တစ်ရှူးတွေဆီကို လုံလောက်သောပမာဏ မပို့ပေးနိုင်တာ ဖြစ်ပါတယ်။
- သွေးကြောထဲကို လိုအပ်တဲ့ အရည်ပမာဏထည့်၍ ခက်ခဲစွာကုသရပါတယ်။

၃။ နှလုံးရောင်ခြင်း (Carditis)
- ကြိုးတန်းလမ်းလျှောက် အတိမ်းအစောင်းမခံတဲ့ အခြေအနေဖြစ်ပါတယ်။
- ထိမ်းညှိရတာ အလွန့်အလွန်ခက်ပါတယ်။
- Dopamine ကဲ့သို့ နှလုံးညှစ်အားကောင်းတဲ့ ဆေးနဲ့ အနုစိတ် ထိန်းပေးထားရသလို
- တဖက်ကလည်း စတီးရွိုက်ဆေးနဲ့ အရောင်လျော့အောင် လုပ်ရပါတယ်။
- လုံးဝခက်ခဲတဲ့ အခြေအနေတရပ်ပါ။

၄။ ဦးနှောက်ရောင်ခြင်း (Encephalopathy / Encephalitis )
- ဒီအခြေအနေကတော့ ယေဘုယျပြောရရင် လုံးဝ (လုံးဝ) အစိုးရိမ်ရဆုံး အခြေအနေပါ။
- မင်းသိင်္ခ ဝတ္ထုတွေရဲ့ နောက်ဆုံးစာသားလို "သဗ္ဗေသဒ္ဒါ ကံမသကာ" လို့တောင် ပြောရမယ့် အခြေအနေပါ။
- အဲဒီအချိန်မှာ လူနာက တက်တာတို့၊ သတိလွတ်ပြီး ကယောင်ကတမ်းပြောတာတို့၊ သတိလစ်သွားတာတို့နဲ့ လာတတ်ပါတယ်။
- ထောက်ပံ့တဲ့ကုထုံးပဲရှိပြီး ပျောက်ကင်းအောင်ကုတဲ့ ကုထုံးရယ်လို့ တိတိိကျကျမရှိပါ။

⚠️ အရေးအကြီးဆုံးက "ခြင်"မကိုက်အောင်နေပါ။

မှတ်ချက်။ သွေးလွန်တုပ်ကွေးဖြစ်တိုင်း အထက်ပါအချက်များ ဖြစ်မယ်လို့ မဆိုလိုပါ။ သတိထားရမယ့်နောက်ဆက်တွဲဆိုးကျိုးများကို ဖော်ပြလိုက်
ခြင်းဖြစ်ပါသည်။

'စိုးမိုး'
အထူးကု ဆေးရုံကြီး
မိတ္ထီလာမြို့

09778821007
09778835009

09257144414

(Dengue Encephalitis)

03/04/2024

#သတိပြုရမည့်အပူဒဏ်

၁။ Heat Stroke
( အပူဒဏ်ကြောင့် သတိလစ်ခြင်း)

Body အပူချိန်သည် အလွန်အကျွံ မြင့်မား သည်။ 103°F နှင့် အထက်တွင် ရှိနေမည်။ အရေပြားသည် ပူ ပြီး ခြောက်သွေ့ နေမည်။ ပျို့ခြင်း ၊ ခေါင်းမူး ၊ ခေါင်းကိုက် ခြင်းများလည်း ရှိသည် ။
သတိလစ်ခြင်း၊ စိတ်ရှုပ်ထွေးခြင်း များရှိနေမည်။
အသက်သေဆုံးသည် အထိ ဖြစ်နိုင်ပါသည်။

၂။ Heat Exhausion
( အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်ခြင်း)

ချွေးထွက်များပြီး Body အပူချိန် မြင့်မားခြင်း ၊ ဂနာ မငြိမ် ဖြစ်ခြင်း၊ ကြွက်တက်ခြင်း နှင့် နုံး ခြင်း၊ ရေ အလွန်အမင်း ဆာခြင်း။

၃။ Heat Cramps
( အပူဒဏ်ကြောင့် ကြွက်တက်ခြင်း)

အထူးသဖြင့် နေပူထဲတွင် ပြင်းပြင်းထန်ထန် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်သူများတွင် တွေ့နိုင်ပါသည်။

၄။ Sun burn (နေလောင်ခြင်း)
နီပြီးရဲသော အရေပြား ရှိခြင်း၊ အရေပြားပေါ်တွင် အရေကြည်ဖု များ ရှိခြင်း။

၅။ Heat Rash ( အပူနာ)
အနီရောင် အရေကြည် အဖုလေးများ ( အထူးသဖြင့် လည်ပင်း၊ ရင်ဘတ်၊ ပေါင်ခြံ နှင့် တံတောင်ဆစ် ) တွေ့နိုင်ပါသည်။

အရေးပေါ် ရှေးဦး ပြုစုခြင်း

- လူနာကို အရိပ် အေးမြသော နေရာသို့ ရွေ့ထားပါ။
- လူနာ၏ ခြေရင်းဘက်ကို မြင့်ထားပေး၍ ပက်လက်
အနေအထားဖြင့်ထားပါ။
- လူနာ၏ အဝတ်အစားများကို ချွတ်ပါ။
- လူနာ၏ လည်ပင်း၊ ချိုင်း နှစ်ဘက်၊ ပေါင်ခြံ နှစ်ဘက် တို့ကိုရေပတ်တိုက်ပါ။
- သတိကောင်းစွာရပါက ရေအေးအေး (သို့) ဓါတ်ဆားရည် တိုက်ပါ။

ဆောင်ရန်

၁။ အရိပ်ရပြီး အေးမြသော နေရာတွင် သာ နေပါ။

၂။ အရောင်ဖျော့ဖျော့ ပြပြ ချောင်ချောင် ချည်ထည် များကိုသာ ဝတ်ဆင်ပါ။

၃။ ထီး၊ ဦးထုပ်၊ နေကာမျက်မှန် တို့ကို နေပူထဲသွားတိုင်း ဆောင်ပါ။

၄။ ရေများများသောက်ပါ။

ရှောင်ရန်

၁။ နံနက် ၁၀နာရီမှ ညနေ ၄နာရီ အတွင်း နေရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့ခြင်းမှရှောင်ပါ။

၂။ ပူပြင်းသောနေရောင်အောက်တွင် အလုပ်လုပ်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်းတို့ကို တတ်နိုင်သမျှ ရှောင်ပါ။

၃။ နေပူထဲမှ ပြန်လာပြီး ချက်ချင်းရေချိုးခြင်း၊ ရေခဲရည်သောက်ခြင်းတို့မှ ရှောင်ပါ။

၄။ ပူပြင်းသော နေရာမှ အေးသောနေရာ၊ အေးသောနေရာမှ ပူပြင်းသောနေရာ သို့ ချက်ချင်း ဝင်ထွက်ခြင်းမှ ရှောင်ပါ။

Ref :CDC ; warning signs and symptoms of heat related illnesses
MOHS : Prevention of heat stroke ,April 2020

to original post

🙏🏻 တပေါင်းလပြည့်နေ့ 🙏🏻(၂၄.၃.၂၀၂၄) ရက်နေ့ ကျရောက်သော တပေါင်းလပြည့်နေ့သည်  မြတ်ဗုဒ္ဓ ၏ ပြည်တော်ဝင် အခါတော်နေ့ ဖြစ်သောကြောင...
24/03/2024

🙏🏻 တပေါင်းလပြည့်နေ့ 🙏🏻
(၂၄.၃.၂၀၂၄) ရက်နေ့ ကျရောက်သော တပေါင်းလပြည့်နေ့သည် မြတ်ဗုဒ္ဓ ၏ ပြည်တော်ဝင် အခါတော်နေ့ ဖြစ်သောကြောင့် ယခုလို နေ့ထူးနေ့မြတ်လေးမှာ မြန်မာနိုင်ငံသူ ၊ နိုင်ငံသား များနှင့် ကမ္ဘာသူ ၊ ကမ္ဘာသား များအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေကြောင်း စိုးမိုး အထူးကုဆေးရုံကြီး မိသားစုမှ မေတ္တာပို့သလိုက်ပါတယ် 🙏🏻

သင်သိပါသလား***************လူတစ်ရာမှာ အယောက် ၅၀ လောက်  #အစာအိမ်ပိုး ရှိနေပါတယ်။အစာအိမ်ပိုးရှိသူတွေဟာ အစာအိမ်နဲ့အူသိမ်မှာ ...
20/03/2024

သင်သိပါသလား
***************
လူတစ်ရာမှာ အယောက် ၅၀ လောက် #အစာအိမ်ပိုး ရှိနေပါတယ်။

အစာအိမ်ပိုးရှိသူတွေဟာ အစာအိမ်နဲ့အူသိမ်မှာ ပွန်းခြင်း၊ ရောင်ခြင်း၊ အနာဖြစ်ခြင်း ဖြစ်နိုင်ခြေများပါတယ်။

အစာအိမ်ပိုးရှိသူ (၅) ယောက်မှာ (၁) ယောက်ကတော့ တစ်ချိန်ချိန်မှာ အစာအိမ်/အူသိမ် အနာဖြစ်နိုင်ခြေရှိပါတယ်။

ပိုဆိုးတဲ့ ပြဿနာကတော့ ကြာလာရင် အစာအိမ်ပိုးရှိသူတွေရဲ့ (၂) ရာခိုင်နှုန်းမှာ အစာအိမ်ကင်ဆာ ဖြစ်နိုင်တာပါ။ (၂) ရာခိုင်နှုန်းပဲ ဆိုပြီး လျှော့တွက်လို့တော့မရပါဘူး။

အစာအိမ်ကင်ဆာရှိသူ (၆၅ - ၈၀) ရာခိုင်နှုန်းမှာ H. pylori အစာအိမ်ပိုးရှိတာကို တွေ့ရတဲ့အတွက် ပေါ့ဆ လို့မရတဲ့ ပိုးအမျိုးအစားဖြစ်ပါတယ်။

စစ်ဆေးချင်ရင် ကျွန်တော်များ စိုးမိုး အထူးကုဆေးရုံကြီးမှာ စစ်ဆေးနိုင်ပါတယ်ခင်ဗျာ

စိုးမိုး
အထူးကု ဆေးရုံကြီး
မိတ္ထီလာမြို့

09257144414

စိတ်ဖိစီးမှု နှင့် သွေးတိုးရောဂါ သွေးတိုးရောဂါဖြစ်သည့်သူအများစုသည် စိုးရိမ်ပူပင်တတ်သူများ ဖြစ်ကြပါသည်။ စိုးရိမ်ပူပင်စိတ်...
20/03/2024

စိတ်ဖိစီးမှု နှင့် သွေးတိုးရောဂါ

သွေးတိုးရောဂါဖြစ်သည့်သူအများစုသည် စိုးရိမ်ပူပင်တတ်သူများ ဖြစ်ကြပါသည်။

စိုးရိမ်ပူပင်စိတ်များ များနေလျှင် ခန္ဓာကိုယ် အတွင်းတွင် ကက်တကောအေမင်းဟုခေါ်သည့် ဟော်မုန်းများ ထွက်ပါသည်။ ထိုဟော်မုန်းများကြောင့် နှလုံးခုန်နှုန်းများမြန်လာပြီး သွေးကြောများ ကျဉ်းစေသည့်အတွက် သွေးတိုးရောဂါရစေခြင်း ဖြစ်ပါသည်။ သွေးတိုးရောဂါ ရှိပြီးသားသူများတွင် စိတ်ဖိစီးမှုများရှိခဲ့လျှင် ဆေးများ မည်သို့ပင်သောက်စေကာမူ ရောဂါသက်သာ မလာဘဲ ပိုဆိုးသွား လေ့ရှိပါသည်။

ထို့ကြောင့် စိတ်ပူပင်သောကများကို တတ်နိုင်သလောက် လျှော့ဖို့လိုပါသည်။ ဒေါသများ၊ မောဟများကိုလည်း တစ်ပြိုင်နက်တည်း လျှော့ဖို့လိုပါသည်။ လျှော့သည့်နည်းများ များစွာရှိပါသည်။ မိမိကိုယ်မိမိ ထိန်းချုပ်နိုင်ရန် အရေးအကြီးဆုံး ဖြစ်ပါသည်။

အချို့တိုးတက်သည့် နိုင်ငံများတွင် စိတ်ဖိစီးမှုလျှော့ချရေးအစီအစဉ် (Stress management program) များကို အစုအဖွဲ့လေး (Club) များဖွဲ့ပြီး အဖွဲ့လိုက်ဆောင်ရွက်လျက်ရှိပါသည်။ ဥပမာ စုပေါင်းပြီး တရားထိုင်ခြင်း (Meditation)၊ ယောဂ (Yoga)၊ တိုက်ချိ (Tai Chi)၊ ပလာတီးဇ် (Pilates) စသည့် နည်းစနစ်များနှင့် လေ့ကျင့်ခြင်းများ လုပ်ကြသည်ကို တွေ့ရပါသည်။ အင်မတန်မှလည်း ထိရောက်ပါသည်။ ကျွန်တော်တို့ဆီမှာလည်း စတင်ခေတ်စားစပြုနေပြီ ဖြစ်ပါသည်။

ဒေါက်တာခင်မောင်လွင် (FAME)

ဘာကြောင့်ကျောက်ကပ်မှာကျောက်တည်ရတာလဲ? ကျောက်ကပ်ဟာလူ့ခန္ဓာကိုယ်မှာ အဆိပ်အတောက်နဲ့အညစ်အကြေးတွေကို စစ်ထုတ်ပေးတဲ့တာဝန်ကို အဓိ...
16/03/2024

ဘာကြောင့်ကျောက်ကပ်မှာကျောက်တည်ရတာလဲ?

ကျောက်ကပ်ဟာလူ့ခန္ဓာကိုယ်မှာ အဆိပ်အတောက်နဲ့အညစ်အကြေးတွေကို စစ်ထုတ်ပေးတဲ့တာဝန်ကို အဓိကထမ်းဆောင်ပေးနေတဲ့အစိတ်အပိုင်းဖြစ်ပါတယ်။ အကယ်၍များ

◾️ရေသောက်နည်းခြင်း၊

◾️ဆီးအောင့်ထားခြင်းတွေများလာခြင်းကြောင့်

ကျောက်ကပ်မှာလုံလောက်တဲ့ရေပမာဏမရှိတော့တဲ့အတွက် စွန့်ထုတ်ရမယ့်အနည်နဲ့ အညစ်အကြေးတွေကိုမစွန့်ထုတ်နိုင်တော့ဘဲ စုပုံလာစေကာကျောက်ကပ်ကျောက်တည်ခြင်းရောဂါကို ဖြစ်ပေါ်လာစေပါတယ်။

ကျောက်ဖြစ်စေတဲ့ဓာတုပစ္စည်းများ(ဥပမာ-Calcium,oxalate,uric acid)ခန္ဓာကိုယ်တွင်းများပြားလာပြီးဆီးမှတစ်ဆင့် ကောင်းမွန်စွာမစွန့်ပစ်နိုင်တဲ့အခါဆီးလမ်းကြောင်းမှာကျောက်တည်ပါတယ်။

❗️ရောဂါလက္ခဏာတွေပြနေသည့်တိုင်အောင် ကုသမှုခံယူခြင်းမရှိတဲ့အခါမှာတော့ ကျောက်ကပ်ရောင်ခြင်းကနေ ကျောက်ကပ်ပျက်စီးသည်အထိ ဆိုးရွားတဲ့ရောဂါအခြေအနေတွေကို ရင်ဆိုင်ရတတ်ပါတယ်။

🗿ကျောက်ကပ်ကျောက်တည်ခြင်းဟာ ကျောက်တည်တဲ့နေရာပေါ်မူတည်ပြီး စမ်းသပ်စစ်ဆေးကုသရတာကြောင့် အတွေ့အကြုံရှိဝါရင့်အထူးကုဆရာဝန်ကြီးများထံမှာသာ သင့်လျော်သောကုသမှုတွေကို တိုင်ပင်ဆွေးနွေးကာကုသသင့်ပါတယ်။

✨ဒါကြောင့် ရောဂါလက္ခဏာများစတင်ခံစားနေရပြီဆိုတာနဲ့ စောစီးစွာ စိုးမိုး အထူးကုဆေးရုံကြီးရှိ ဝါရင့်အထူးကုဆရာဝန်ကြီးများထံမှာ ဆွေးနွေးကုသမှုတွေကိုအချိန်မီရယူဖို့တိုက်တွန်းလိုက်ပါရစေ..။

crd;thapayclinic

စိုးမိုး
အထူးကုဆေးရုံကြီး
မိတ္ထီလာမြို့
09778835009
09778821007

crd

►ဆီးလမ်းကြောင်း ပိုးဝင်ခြင်းရောဂါ◄---------------------------------------👉ဆီးထုတ်ပြွန်ကြောင်းလမ်းကြောင်းဟာ ကျင်ကြီးစွန့်...
13/03/2024

►ဆီးလမ်းကြောင်း ပိုးဝင်ခြင်းရောဂါ◄
---------------------------------------
👉ဆီးထုတ်ပြွန်ကြောင်းလမ်းကြောင်းဟာ ကျင်ကြီးစွန့်တဲ့ စအိုဝနဲ့ နီးစပ်နေတဲ့အတွက် ပိုးတွေက အများအားဖြင့် ဆီးထုတ်ပြွန်ကြောင်းအတွင်းထဲကို ဝင်တတ်တယ်။ အမျိုးသမီးတွေမှာ ဆီးထုတ်ပြွန်ကြောင်းတိုတဲ့အတွက် ဆီးလမ်းကြောင်းပိုးဝင်ခြင်းက ပိုပြီးအဖြစ်များပါတယ်။

🔹အမျိုးသမီးတွေ သက်တမ်းတစ်လျှောက်မှာ အနည်းဆုံး တစ်ကြိမ်တော့ ဆီးလမ်းကြောင်းပိုးဝင်တာတွေ ဖြစ်နိုင်ပါတယ် ။ ပြွန်ကြောင်းနဲ့ ဆီးအိမ်ထဲကို ပိုးဝင်တာက ဆီးလမ်းကြောင်းအောက်ပိုင်းပိုးဝင်ခြင်း၊ ဆီးထွက်ပြွန်နဲ့ ကျောက်ကပ်ထဲကို ရောက်သွားရင်တော့ ဆီးလမ်းကြောင်းအပေါ်ပိုင်းပိုးဝင်ခြင်းလို့ အကြမ်းဖျင်းပြောနိုင်ပါတယ်။
💠ဆီးလမ်းကြောင်းထဲ ပိုးဝင်ရင် ဆီးသွားတဲ့အချိန်မှာ ဆီးသွားလမ်းကြောင်း ကျင်ငယ်လမ်းကြောင်းကနေ ကျဉ်မယ်၊ စပ်မယ်၊ အောင့်မယ်ဒါမျိုးတွေ ဖြစ်တတ်တယ်။ တချို့တွေက ဆီးသွားရတာမဝဘူး။ ဆီးကျန်တယ်လို့ ပြောတယ်။ ဆီးနည်းနည်းကို မကြာခဏသွားတယ်။ တချို့ဆို အိမ်သာထဲက ဆီးသွားပြီး ပြန်ထွက်လာချိန်မှာတောင် ဆီးသွားချင်စိတ်ပြန်ပေါ်တယ်။ ဆီးပြန်သွားတော့လည်း ဆီးက နည်းနည်းပဲထွက်တယ်။
💠ဆီးလမ်းကြောင်းရဲ့ အမြှေးပါးမှာ ကိုယ်ခံစနစ်က သွေးဖြူဥလေးတွေက စောင့်ပြီးတော့ ပိုးမွှားတွေကို တားဆီးထားတယ်။ ဝင်လာတဲ့ ပိုးကများတာပဲဖြစ်ဖြစ်၊ ကိုယ့်ရဲ့ ခန္ဓာကိုယ်က ကိုယ်ခံစနစ်က ကျတာပဲဖြစ်ဖြစ် ဥပမာ ဆီးချိုသမားတွေပေါ့။ ကိုယ်ခံစနစ်ကလည်း ကျတယ်၊ ဆီးကလည်းချိုနေတော့ ဘက်တီးရီးယားပိုးတွေတွယ်ဖို့ လွယ်တယ်။

🔹ပြီးတော့ ခန္ဓာကိုယ်ထဲကို ထိုးဖောက်ဝင်ရောက်ဖို့ လွယ်တယ်။ အဲ့လို ထိုးဖောက်ဝင်ရောက်တာကို ပြန်ကြည့်မယ်ဆိုရင် ဆီးလမ်းကြောင်း၊ မွေးလမ်းကြောင်း၊ စအိုဝတို့နဲ့ နီးစပ်နေတဲ့ တစ်ကိုယ်ရေသန့်ရှင်းရေး၊ လိင်အင်္ဂါသန့်ရှင်းရေးအားနည်းတဲ့သူများပေါ့၊ ဝမ်းသွားတဲ့အခါ ပါလာတဲ့ ပိုးတွေက ကျင်ကြောင်းကနေ ဆီးအိမ်ထဲကိုဝင်ပြီးတော့ ပိုးတွေ ပွားလာတဲ့အခါမှာ ဆီးလမ်းကြောင်းပိုးဝင်တဲ့ လက္ခဏာတွေပေါ်လာတယ်။ အထူးသဖြင့် အမျိုးသမီးတွေ လစဉ်သွေးပေါ်တဲ့အချိန်တွေမှာ သန့်ရှင်းရေးအားနည်းတဲ့အခါ ပိုးတွေက ပွားဖို့လိုပါတယ်။ ပိုးတွေများများစားစားဆီးလမ်းကြောင်းအောက်ကနေ အပေါ်တက်လာတဲ့အခါမှာ ဆီးလမ်းကြောင်းပိုးဝင်တယ်ဆိုတာ ဖြစ်တယ်။ နောက်ပြီး လိင်ဆက်ဆံမှုများတဲ့သူတွေမှာလည်း ပိုဖြစ်တတ်တယ်။
💠ဒီပိုးတွေက ခန္ဓာကိုယ်အတွင်းပိုင်းထဲကလာတာ မဟုတ်ဘူး၊ ခန္ဓာကိုယ်အပြင်ပိုင်းကနေဝင်ရတာဖြစ်တဲ့အတွက်ကြောင့် ကျင်ကြောင်းရှည်တဲ့သူတွေမှာ ဆီးကို မကြာခဏသွားတယ်ဆိုရင် ပိုးတွေက ဆီးအိတ်ထဲကို မရောက်ဘဲနဲ့ အပြင်ကို ပြန်ထွက်သွားနိုင်တယ်။ ကျင်ကြောင်းတိုတဲ့အမျိုးသမီးတွေမှာကျတော့ ဆီးအိတ်ထဲကို ပိုးတွေက ဝင်ပွားပြီးတော့ ဆီးအိတ်ရောင်တာဖြစ်ပြီး ဆီးလမ်းကြောင်းထဲပိုးဝင်တဲ့ လက္ခဏာတွေ ဖြစ်ပေါ်လာတယ်။

🔸နောက်ပြီး ကိုယ်ခံအားစနစ်ကျဆင်းတဲ့သူတွေမှာ ပိုးဝင်ရောက်မှု ပိုများတယ်။ နောက်တစ်ခုပိုပြီးဖြစ်တဲ့အထဲမှာ ဆီးလမ်းကြောင်းက အကြောင်းအမျိုးမျိုးကြောင့် ပိတ်ဆို့တာပေါ့။ အမျိုးသားတွေ အသက်ကြီးလာတဲ့အခါမှာ ဆီးကျိတ်က ပိုကြီးလာတယ်။ ဆီးအိတ်ရဲ့အဝမှာဖြစ်တဲ့ အတွက် ဆီးက ရှောရှောရှုရှုမထုတ်နိုင်ဘဲ ဆီးအိတ်ထဲမှာ ဆီးကကျန်နေတယ်။ အဲဒီအခါမှာ ပိုးကပွားနိုင်တယ်။ ဒီလိုပဲ ဆီးလမ်းကြောင်းမှာ ကျောက်တည်တဲ့သူတွေမှာ ဆီးကျန်တယ်ဆိုရင်လည်း ပိုးဝင်ရောက်ဖို့ အခွင့်အလမ်းပိုများတာကို တွေ့ရတယ်။
crd;Elizabeth clinic

အထက်ပါရောဂါများ ခံစားနေရပါက
"စိုးမိုး"
အထူးကုဆေးရုံကြီး
မိတ္ထီလာမြို့
09778821007
09778835009 သို့ လာရောက်ပြသနိုင်ပါတယ်ရှင့်
🔽🔽🔽
အထက်ပါ‌ဝေဒနာများခံစားနေရပြီဆိုပါက

Address


Telephone

+959778821007

Website

Alerts

Be the first to know and let us send you an email when Soe Moe Hospital posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Soe Moe Hospital:

  • Want your practice to be the top-listed Clinic?

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram