
06/11/2023
အသားအရေ၊ ဆံပင်၊ ခြေသည်းလက်သည်း အားလုံးကို စိုပြေကျန်းမာလှပစေမယ့် FAME Collagen အကြောင်း အမေးများတာတွေ ဖြေပေးလိုက်ပြီနော်👌
𝗤. 𝗙𝗔𝗠𝗘 𝗖𝗼𝗹𝗹𝗮𝗴𝗲𝗻 ကို ဘယ်ကနေရပြီးတော့ ဘယ်နိုင်ငံထုတ် Collagen ကို အသုံးပြုထားတာပါလဲ❓❓
𝗔. ပြင်သစ်နိုင်ငံထုတ် 𝗡𝗮𝘁𝗶𝗰𝗼𝗹® 𝗠𝗮𝗿𝗶𝗻𝗲 𝗖𝗼𝗹𝗹𝗮𝗴𝗲𝗻 𝗧𝘆𝗽𝗲 𝟭 (dipeptides and tripeptides) ကုန်ကြမ်းကို အသုံးပြုပြီး မြန်မာနိုင်ငံရှိ FAME ဆေးဝါးစက်ရုံတွင် GMP နှင့် ISO စံချိန်စံညွှန်းများနှင့် အညီ ထုတ်လုပ်ထားပါသည်။
Naticol® collagen ထုတ်သည့် 𝗪𝗘𝗜𝗦𝗛𝗔𝗥𝗗𝗧 𝗖𝗼𝗺𝗽𝗮𝗻𝘆 သည် ကမ္ဘာ့ထိပ်တန်းကုမ္ပဏီတစ်ခုဖြစ်ပြီး Collagen ထုတ်သည့် အတွေ့အကြုံ နှစ်ပေါင်း ၁၇၀ ကျော်ပြီဖြစ်ပါသည်။
𝗤. 𝗡𝗮𝘁𝗶𝗰𝗼𝗹® 𝗠𝗮𝗿𝗶𝗻𝗲 𝗖𝗼𝗹𝗹𝗮𝗴𝗲𝗻 ၏ အာနိသင် ထက်မြက်မှု (Efficacy) ကို သုတေသနပြုလုပ်ထားတာ ရှိပါသလား❓❓
𝗔. ဓာတ်ခွဲခန်းတွင် စမ်းသပ်လေ့လာမှုများ၊ တိရစ္ဆာန်များဖြင့် စမ်းသပ်လေ့လာမှု နှင့် လူများတွင် စမ်းသပ် လေ့လာခြင်းများကို ပြင်သစ်နိုင်ငံရှိ National Medical Research Institute နှင့် Centre of Clinical Pharmacology Applied to Dermatology တို့ ပူးပေါင်းပြီး သုတေသနများစွာ ပြုလုပ်ပြီးဖြစ်ပါသည်။
https://www.weishardt.com/nutr.../naticol-collagen-peptides/ တွင်၀င်ရောက်လေ့လာနိုင်ပါသည်။
𝗤. Collagen ကို ငါးအရေခွံက ထုတ်တဲ့အခါ အန္တရာယ်ကင်းရှင်းအောင် မည်ကဲ့သို့ နည်းပညာများ အသုံးပြုထားပါလဲ❓❓
𝗔. 𝗡𝗮𝘁𝗶𝗰𝗼𝗹® 𝗖𝗼𝗹𝗹𝗮𝗴𝗲𝗻 သည် White Biotechnology Process ဖြစ်သော Protease အင်ဇိုင်းနှင့် ဓာတ်ပြုပြီး ပြိုကွဲခြင်းကို အသုံးပြုထားပါသည်။ သဘာ၀နည်းပညာဖြစ်သောကြောင့် သန့်စင်မှုမှာလည်း ၉၉% ကျော်မြင့်မားကာ 𝗚𝗥𝗔𝗦 (𝗚𝗲𝗻𝗲𝗿𝗮𝗹𝗹𝘆 𝗥𝗲𝗰𝗼𝗴𝗻𝗶𝘇𝗲𝗱 𝗔𝘀 𝗦𝗮𝗳𝗲) အသိအမှတ်ပြု ရရှိပြီးဖြစ်ပါသည်။
𝗤. လူတစ်ယောက်နဲ့ တစ်ယောက် Collagen လိုအပ်ချက် တူညီနိုင်ပါသလား❓❓
𝗔. Collagen လိုအပ်ချက်မှာ မတူညီပါ။ အသက် ၂၅ နှစ် နောက်ပိုင်းမှစ၍ ခန္ဓာကိုယ်တွင်း Collagen ထုတ်လုပ်မှုမှာ ၁ နှစ်လျှင် ၁.၅% ခန့် ကျဆင်းလာ၍ အသက်အရွယ်ပေါ် မူတည်ပါသည်။ ထို့ပြင် ဟော်မုန်း၊ မျိုးဗီဇ၊ အာဟာရ၊ စိတ်ဖိစီးမှု၊ ဆေးလိပ်သောက်ခြင်းနှင့် ပတ်၀န်းကျင်ညစ်ညမ်းမှု အစရှိသည်တို့ပေါ် မူတည်၍လည်း လိုအပ်ချက်ပမာဏ ကွဲပြားပါသည်။
𝗤. Collagen သောက်ပြီး ဖြစ်နိုင်တဲ့ ဘေးထွက်ဆိုးကျိုးများက ဘာတွေလဲ❓❓
𝗔. နိုင်ငံတကာသုတေသနများအရ Collagen သောက်သုံးမှုကြောင့် ရင်ပူခြင်း၊ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်းနှင့် ဝမ်းချုပ်ခြင်း စသော ဘေးထွက်ဆိုးကျိုးများ အဖြစ်များသည်ကို တွေ့ရပါသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ နိုင်ငံတကာ ဆေးဝါး စောင့်ကြပ်ကြည့်ရှုရေးအဖွဲ့ (WHO Collaborating Centre for International Drug Monitoring) သည် ကမ္ဘာတစ်ဝန်းမှ သတင်းပို့လာသော ဆေးဝါးမျိုးစုံ၏ ဘေးထွက်ဆိုးကျိုးများကို စုပေါင်း၍ VigiBase ဟူသော Database တစ်ခုကို ထားရှိထားပါသည်။
အဆိုပါ Database တွင် ကော်လာဂျင်သောက်သုံးမှုနှင့် ဆက်စပ်၍ ၁၉၉၂ ခုမှ ၂၀၂၃ ခုနှစ်အတွင်း ဖြစ်ပေါ်ခဲ့သော ဘေးထွက်ဆိုးကျိုးများကို မှတ်တမ်းတင်ထားရာတွင်လည်း အထက်ဖော်ပြပါ ဘေးထွက်ဆိုးကျိုးများသာ အဖြစ်များသည်ကို တွေ့ရပါသည်။
မည်သူမဆို http://www.vigiaccess.org/ သို့ဝင်ရောက်၍ “Collagen” ဟုရိုက်ထည့်ကာ ဘေးထွက်ဆိုးကျိုးများကို မိမိကိုယ်တိုင် ရှာဖွေကြည့်ရှုနိုင်ပါသည်။
to fame pharmaceutical