Aung Myint Mo Clinic and Pharmacy

Aung Myint Mo Clinic and Pharmacy Very responsive to massage

အသားအရေ၊ ဆံပင်၊ ခြေသည်းလက်သည်း အားလုံးကို စိုပြေကျန်းမာလှပစေမယ့် FAME Collagen အကြောင်း အမေးများတာတွေ ဖြေပေးလိုက်ပြီနော်...
06/11/2023

အသားအရေ၊ ဆံပင်၊ ခြေသည်းလက်သည်း အားလုံးကို စိုပြေကျန်းမာလှပစေမယ့် FAME Collagen အကြောင်း အမေးများတာတွေ ဖြေပေးလိုက်ပြီနော်👌

𝗤. 𝗙𝗔𝗠𝗘 𝗖𝗼𝗹𝗹𝗮𝗴𝗲𝗻 ကို ဘယ်ကနေရပြီးတော့ ဘယ်နိုင်ငံထုတ် Collagen ကို အသုံးပြုထားတာပါလဲ❓❓
𝗔. ပြင်သစ်နိုင်ငံထုတ် 𝗡𝗮𝘁𝗶𝗰𝗼𝗹® 𝗠𝗮𝗿𝗶𝗻𝗲 𝗖𝗼𝗹𝗹𝗮𝗴𝗲𝗻 𝗧𝘆𝗽𝗲 𝟭 (dipeptides and tripeptides) ကုန်ကြမ်းကို အသုံးပြုပြီး မြန်မာနိုင်ငံရှိ FAME ဆေးဝါးစက်ရုံတွင် GMP နှင့် ISO စံချိန်စံညွှန်းများနှင့် အညီ ထုတ်လုပ်ထားပါသည်။
Naticol® collagen ထုတ်သည့် 𝗪𝗘𝗜𝗦𝗛𝗔𝗥𝗗𝗧 𝗖𝗼𝗺𝗽𝗮𝗻𝘆 သည် ကမ္ဘာ့ထိပ်တန်းကုမ္ပဏီတစ်ခုဖြစ်ပြီး Collagen ထုတ်သည့် အတွေ့အကြုံ နှစ်ပေါင်း ၁၇၀ ကျော်ပြီဖြစ်ပါသည်။

𝗤. 𝗡𝗮𝘁𝗶𝗰𝗼𝗹® 𝗠𝗮𝗿𝗶𝗻𝗲 𝗖𝗼𝗹𝗹𝗮𝗴𝗲𝗻 ၏ အာနိသင် ထက်မြက်မှု (Efficacy) ကို သုတေသနပြုလုပ်ထားတာ ရှိပါသလား❓❓
𝗔. ဓာတ်ခွဲခန်းတွင် စမ်းသပ်လေ့လာမှုများ၊ တိရစ္ဆာန်များဖြင့် စမ်းသပ်လေ့လာမှု နှင့် လူများတွင် စမ်းသပ် လေ့လာခြင်းများကို ပြင်သစ်နိုင်ငံရှိ National Medical Research Institute နှင့် Centre of Clinical Pharmacology Applied to Dermatology တို့ ပူးပေါင်းပြီး သုတေသနများစွာ ပြုလုပ်ပြီးဖြစ်ပါသည်။
https://www.weishardt.com/nutr.../naticol-collagen-peptides/ တွင်၀င်ရောက်လေ့လာနိုင်ပါသည်။

𝗤. Collagen ကို ငါးအရေခွံက ထုတ်တဲ့အခါ အန္တရာယ်ကင်းရှင်းအောင် မည်ကဲ့သို့ နည်းပညာများ အသုံးပြုထားပါလဲ❓❓
𝗔. 𝗡𝗮𝘁𝗶𝗰𝗼𝗹® 𝗖𝗼𝗹𝗹𝗮𝗴𝗲𝗻 သည် White Biotechnology Process ဖြစ်သော Protease အင်ဇိုင်းနှင့် ဓာတ်ပြုပြီး ပြိုကွဲခြင်းကို အသုံးပြုထားပါသည်။ သဘာ၀နည်းပညာဖြစ်သောကြောင့် သန့်စင်မှုမှာလည်း ၉၉% ကျော်မြင့်မားကာ 𝗚𝗥𝗔𝗦 (𝗚𝗲𝗻𝗲𝗿𝗮𝗹𝗹𝘆 𝗥𝗲𝗰𝗼𝗴𝗻𝗶𝘇𝗲𝗱 𝗔𝘀 𝗦𝗮𝗳𝗲) အသိအမှတ်ပြု ရရှိပြီးဖြစ်ပါသည်။

𝗤. လူတစ်ယောက်နဲ့ တစ်ယောက် Collagen လိုအပ်ချက် တူညီနိုင်ပါသလား❓❓
𝗔. Collagen လိုအပ်ချက်မှာ မတူညီပါ။ အသက် ၂၅ နှစ် နောက်ပိုင်းမှစ၍ ခန္ဓာကိုယ်တွင်း Collagen ထုတ်လုပ်မှုမှာ ၁ နှစ်လျှင် ၁.၅% ခန့် ကျဆင်းလာ၍ အသက်အရွယ်ပေါ် မူတည်ပါသည်။ ထို့ပြင် ဟော်မုန်း၊ မျိုးဗီဇ၊ အာဟာရ၊ စိတ်ဖိစီးမှု၊ ဆေးလိပ်သောက်ခြင်းနှင့် ပတ်၀န်းကျင်ညစ်ညမ်းမှု အစရှိသည်တို့ပေါ် မူတည်၍လည်း လိုအပ်ချက်ပမာဏ ကွဲပြားပါသည်။

𝗤. Collagen သောက်ပြီး ဖြစ်နိုင်တဲ့ ဘေးထွက်ဆိုးကျိုးများက ဘာတွေလဲ❓❓
𝗔. နိုင်ငံတကာသုတေသနများအရ Collagen သောက်သုံးမှုကြောင့် ရင်ပူခြင်း၊ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်းနှင့် ဝမ်းချုပ်ခြင်း စသော ဘေးထွက်ဆိုးကျိုးများ အဖြစ်များသည်ကို တွေ့ရပါသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ နိုင်ငံတကာ ဆေးဝါး စောင့်ကြပ်ကြည့်ရှုရေးအဖွဲ့ (WHO Collaborating Centre for International Drug Monitoring) သည် ကမ္ဘာတစ်ဝန်းမှ သတင်းပို့လာသော ဆေးဝါးမျိုးစုံ၏ ဘေးထွက်ဆိုးကျိုးများကို စုပေါင်း၍ VigiBase ဟူသော Database တစ်ခုကို ထားရှိထားပါသည်။
အဆိုပါ Database တွင် ကော်လာဂျင်သောက်သုံးမှုနှင့် ဆက်စပ်၍ ၁၉၉၂ ခုမှ ၂၀၂၃ ခုနှစ်အတွင်း ဖြစ်ပေါ်ခဲ့သော ဘေးထွက်ဆိုးကျိုးများကို မှတ်တမ်းတင်ထားရာတွင်လည်း အထက်ဖော်ပြပါ ဘေးထွက်ဆိုးကျိုးများသာ အဖြစ်များသည်ကို တွေ့ရပါသည်။
မည်သူမဆို http://www.vigiaccess.org/ သို့ဝင်ရောက်၍ “Collagen” ဟုရိုက်ထည့်ကာ ဘေးထွက်ဆိုးကျိုးများကို မိမိကိုယ်တိုင် ရှာဖွေကြည့်ရှုနိုင်ပါသည်။

to fame pharmaceutical

လေဖြတ်ခြင်းကိုကုသချိန်မှာ အရေးအကြီးဆုံး Golden Hour   အကြောင်း အပိုင်း ၃ ပိုင်းခွဲ၍ အသိပညာပေးချင်ပါတယ်ရှင့် ။ ဒုတိယ အပို...
29/04/2023

လေဖြတ်ခြင်းကိုကုသချိန်မှာ အရေးအကြီးဆုံး Golden Hour အကြောင်း အပိုင်း ၃ ပိုင်းခွဲ၍ အသိပညာပေးချင်ပါတယ်ရှင့် ။

ဒုတိယ အပိုင်းမှာ လေဖြတ်ပြီးအချိန်ဘယ်လောက်အတွင်းကို သတ်မှတ်လို့ရနိုင်တာပါလဲ ဆိုတာ ကျန်းမာရေး အသိပေးချင်ပါသည်ရှင့်။

Golden hour မှာ လေဖြတ်ပြီးအချိန်ဘယ်လောက်အတွင်းကို သတ်မှတ်လို့ရနိုင်တာပါလဲ??
ဦးနှောက်သွေးကြောပိတ်လို့လေဖြတ်ပြီဆိုရင် tPA လို့ခေါ်တဲ့သွေးခဲပျော်ဆေးကို သတ်မှတ်ထားတဲ့အချက်တွေနဲ့ ကိုက်ညီတဲ့လူနာများတွင်ကုသပေးနိုင်ပါတယ်။ tPA ဆေးက လေဖြတ်ပြီးအလွန်ဆုံးကြာချိန် (၃) နာရီ အတွင်းမှာသာထိုးပေးလို့ရပါတယ်။
(၃)နာရီ ထက်ကျော်ပြီး (၆)နာရီအတွင်းဆေးရုံရောက်လာရင်တော့ ပိတ်ဆို့နေတဲ့သွေးခဲကိုဖယ်ထုတ်တဲ့နည်းလမ်း (Thrombectomy) ကိုသုံးလို့ရနိုင်ပါမယ်။ (၆) နာရီကျော်ကြာမှ ဆေးရုံရောက်တဲ့ လူနာများကတော့ဦးနှောက်အာရုံကြောဆေးများကိုသာ ပေးပြီးကုသလို့ရနိုင်ပါတော့မယ်။

Time Lost is Brain Lost ဆိုသကဲ့သို့ အချိန်ကြာကြာသွေးကြောပိတ်နေရင် ဦးနှောက်ထဲသို့သွေးစီးဆင်းမှုမရှိချိန်ကြာတာနဲ့အမျှ ဦးနှောက်ဆဲလ်အများအပြားသေဆုံးရပြီး နောက်ဆက်တွဲကိုယ်အင်္ဂါမသန်စွမ်းမှုများနှင့် အသက်အန္တရာယ်ထိခိုက်မှုများဖြစ်လာနိုင်ပါတယ်။

ဆေးပညာလေ့လာတွေ့ရှိချက်များအရ tPA ဆေးကို ရောဂါလက္ခဏာတွေစပေါ်ပြီး
အချိန် (၁) နာရီအတွင်းပေးနိုင်ရင် လူနာ (၃)ယောက်မှာ (၁) ယောက်နှင့်
အချိန် (၃) နာရီအတွင်းထိုးပေးနိုင်ရင် လူနာ (၈) ယောက်မှာ (၁) ယောက်က လေဖြတ်ခြင်းနောက်ဆက်တွဲ ဆိုးကျိုးဒဏ်တွေမခံရဘဲ လူကောင်းပကတိနီးပါး ပြန်လည်ကောင်းမွန်နေထိုင်သွားနိုင်တာကို ဝမ်းမြောက်ဖွယ်တွေ့ရပါတယ်။

ဒါကြောင့်မို့ရောဂါလက္ခဏာများစတင်တွေ့ရချိန်မှစပြီး အချိန် (၃) နာရီအတွင်းက သွေးကြောပိတ်လေဖြတ်လူနာများအတွက်လူကောင်းပကတိပြန်ဖြစ်ရန်အခွင့်အလမ်းအများဆုံးအချိန်၊ ရွှေထက်ပင်တန်ဖိုးရှိလှတဲ့ အမြန်ဆုံးနဲ့အရေးကြီးဆုံး ကုသမှုပေးရမယ့်အချိန်များပဲဖြစ်ပါတယ်။

Asia Royal Hospital

လေဖြတ်ခြင်းကိုကုသချိန်မှာ အရေးအကြီးဆုံး Golden Hour အကြောင်း အပိုင်း ၃ ပိုင်းခွဲ၍ အသိပညာပေးချင်ပါတယ်ရှင့် ။

ဒုတိယ အပိုင်းမှာ လေဖြတ်ပြီးအချိန်ဘယ်လောက်အတွင်းကို သတ်မှတ်လို့ရနိုင်တာပါလဲ ဆိုတာ ကျန်းမာရေး အသိပေးချင်ပါသည်ရှင့်။

Golden hour မှာ လေဖြတ်ပြီးအချိန်ဘယ်လောက်အတွင်းကို သတ်မှတ်လို့ရနိုင်တာပါလဲ??
ဦးနှောက်သွေးကြောပိတ်လို့လေဖြတ်ပြီဆိုရင် tPA လို့ခေါ်တဲ့သွေးခဲပျော်ဆေးကို သတ်မှတ်ထားတဲ့အချက်တွေနဲ့ ကိုက်ညီတဲ့လူနာများတွင်ကုသပေးနိုင်ပါတယ်။ tPA ဆေးက လေဖြတ်ပြီးအလွန်ဆုံးကြာချိန် (၃) နာရီ အတွင်းမှာသာထိုးပေးလို့ရပါတယ်။
(၃)နာရီ ထက်ကျော်ပြီး (၆)နာရီအတွင်းဆေးရုံရောက်လာရင်တော့ ပိတ်ဆို့နေတဲ့သွေးခဲကိုဖယ်ထုတ်တဲ့နည်းလမ်း (Thrombectomy) ကိုသုံးလို့ရနိုင်ပါမယ်။ (၆) နာရီကျော်ကြာမှ ဆေးရုံရောက်တဲ့ လူနာများကတော့ဦးနှောက်အာရုံကြောဆေးများကိုသာ ပေးပြီးကုသလို့ရနိုင်ပါတော့မယ်။

‘Time Lost is Brain Lost’ ဆိုသကဲ့သို့ အချိန်ကြာကြာသွေးကြောပိတ်နေရင် ဦးနှောက်ထဲသို့သွေးစီးဆင်းမှုမရှိချိန်ကြာတာနဲ့အမျှ ဦးနှောက်ဆဲလ်အများအပြားသေဆုံးရပြီး နောက်ဆက်တွဲကိုယ်အင်္ဂါမသန်စွမ်းမှုများနှင့် အသက်အန္တရာယ်ထိခိုက်မှုများဖြစ်လာနိုင်ပါတယ်။

ဆေးပညာလေ့လာတွေ့ရှိချက်များအရ tPA ဆေးကို ရောဂါလက္ခဏာတွေစပေါ်ပြီး
အချိန် (၁) နာရီအတွင်းပေးနိုင်ရင် လူနာ (၃)ယောက်မှာ (၁) ယောက်နှင့်
အချိန် (၃) နာရီအတွင်းထိုးပေးနိုင်ရင် လူနာ (၈) ယောက်မှာ (၁) ယောက်က လေဖြတ်ခြင်းနောက်ဆက်တွဲ ဆိုးကျိုးဒဏ်တွေမခံရဘဲ လူကောင်းပကတိနီးပါး ပြန်လည်ကောင်းမွန်နေထိုင်သွားနိုင်တာကို ဝမ်းမြောက်ဖွယ်တွေ့ရပါတယ်။

ဒါကြောင့်မို့ရောဂါလက္ခဏာများစတင်တွေ့ရချိန်မှစပြီး အချိန် (၃) နာရီအတွင်းက သွေးကြောပိတ်လေဖြတ်လူနာများအတွက်လူကောင်းပကတိပြန်ဖြစ်ရန်အခွင့်အလမ်းအများဆုံးအချိန်၊ ရွှေထက်ပင်တန်ဖိုးရှိလှတဲ့ အမြန်ဆုံးနဲ့အရေးကြီးဆုံး ကုသမှုပေးရမယ့်အချိန်များပဲဖြစ်ပါတယ်။

ပြန်လည်သန်စွမ်းမှုလေ့ကျင့်ရေးဆေးခန်း နှင့်ပက်သက်၍ အသေးစိတ် သိလိုပါက အာရှတော်ဝင်ဆေးရုံရဲ့ ပြန်လည်သန်စွမ်းမှုလေ့ကျင့်ရေးဆေးခန်း (Stroke and Rehabilitation Clinic) ဖုန်း 09 44399 3737 သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်။

22/04/2023

သတိပြုရမည့် အပူဒဏ်အန္တရာယ်များ

(က) အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်ခြင်း (Heat Exhaustion)

🥵 ဂဏာမငြိမ်ခြင်း
🥵 ခေါင်းမူးနောက်ခြင်း
🥵 ခေါင်းကိုက်ခြင်း
🥵 တစ်ကိုယ်လုံး နုံးချိပျော့ခွေခြင်း
🥵 ကြွက်တက်ခြင်း
🥵 ချွေးအလွန်အကျွံထွက်ခြင်းကြောင့် ခန္ဓာကိုယ်အရေပြားအေး၍ စိုစွတ်ခြင်း
🥵 ခန္ဓာကိုယ်အပူချိန်မြင့်တက်ခြင်း

(ခ) အပူဒဏ်ကြောင့် သတိလစ်ခြင်း (Heat Stroke)

🥵 ခန္ဓာကိုယ်အပူချိန်အလွန်အကျွံမြင့်တက်ခြင်း
🥵 အရေပြားပူ၍ ခြောက်သွေ့ခြင်း
🥵 ချွေးခမ်းခြောက်ခြင်း
🥵 ကယောင်ကတမ်းဖြစ်ခြင်း
🥵 သတိလစ်ခြင်း
🥵 တက်ခြင်း

⚠️ အပူဒဏ်ကြောင့် သတိလစ်ခြင်း ဖြစ်ပွားမည့် လက္ခဏာများ ပေါ်ပေါက်ပါက အသက်အန္တရာယ် ထိခိုက်နိုင်သဖြင့် နီးစပ်ရာ ဆေးရုံဆေးခန်းသို့ အမြန်ဆုံး ပို့ဆောင်ပါ

Source - ကျန်းမာရေးဝန်ကြီးဌာန


အရေးပေါ်တားဆေးအကြောင်း
17/04/2023

အရေးပေါ်တားဆေးအကြောင်း

Happy New Year,,2023နှစ်သစ်မှာ ကိုယ်စိတ်နှစ်ပါး ငြိမ်းချမ်းစွာဖြင့် ကျန်းမာချမ်းသာတဲ့ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေလို့ အော...
31/12/2022

Happy New Year,,2023
နှစ်သစ်မှာ ကိုယ်စိတ်နှစ်ပါး ငြိမ်းချမ်းစွာဖြင့် ကျန်းမာချမ်းသာတဲ့ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေလို့ အောင်မြင့်မိုရ်ဆေးခန်း မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်ရှင်🙏💝💞

Merry Christmas🎅 to you all🎄🎄🎄🎆🎄🎄🎄အားလုံး ပျော်ရွှင်စရာ Christmas နေ့လေးမှာ ကိုယ်ရောစိတ်ပါ ကြည်လင်အေးမြ ချမ်းသာကြပါစေလို...
25/12/2022

Merry Christmas🎅 to you all🎄🎄🎄🎆🎄🎄🎄
အားလုံး ပျော်ရွှင်စရာ Christmas နေ့လေးမှာ ကိုယ်ရောစိတ်ပါ ကြည်လင်အေးမြ ချမ်းသာကြပါစေလို့ အောင်မြင့်မိုရ် ဆေးခန်း မိသားစုမှ ဆုတောင်းမေတ္တာ
ပို့သ​လိုက်ပါတယ်ရှင်🙏🙏🙏💞🎄🎅

ဆေးရုံဆေးခန်းက စစ်ခိုင်းလို့သာ စစ်လိုက်ရတယ်ဘာတွေကို ဘာလို့စစ်ခိုင်းတယ်ဆိုတာ မသိဘူးဆိုပီးလာမေးထားလို့@ ECG (Electro Cardi...
26/06/2022

ဆေးရုံဆေးခန်းက စစ်ခိုင်းလို့သာ စစ်လိုက်ရတယ်
ဘာတွေကို ဘာလို့စစ်ခိုင်းတယ်ဆိုတာ မသိဘူးဆိုပီး
လာမေးထားလို့

@ ECG (Electro Cardiogram )- နှလုံးစစ်ဆေးတာ
(နှလုံး ကြွက်သားလုပ်ဆောင်ချက်နဲ့ နှလုံးရောဂါများကို စစ်ဆေးတာ)

> EST (exercise stress test ) - ပြေးစက်ပေါ် နှလုံးစမ်းသပ်တာ

@ Urine test - ဆီးစစ်ဆေးတာ ( ဆီးလမ်းကြောင်း တစ်လျှောက်ပိုး၀င်ခြင်း မူမှန်မမှန်နဲ့ ကျောက်ကပ်ကို စစ်ဆေးတာ )
> Urine RE - ဆီးစစ္​တာ

@ HbA1c - ( 3လအတွင်း ဆီးချိုရောဂါ ထိန်းသိမ်းမှုအတွက် စစ်ဆေးတာ )

>Blood Sugar - သွေးတွင်းသကြားပမာဏ စစ်ဆေးတာ(ဆီးချိုးရောဂါရှိမရှိ သိရှိရန် အတွက် အစစ်များ )
>FBS (fasting Blood Sugar )- အစာရပ်ပီး ဆီးချိုစစ်တာ

@ SGOT, SGPT, Serum Bilirubin.,ALT - အသည်းရဲ့စွမ်းဆောင်ရည် အင်ဇိုင်းပမာဏနဲ့ သွေးတွင်း ဘီလီယူဘင်ကိုစစ်တာ
(အသားဝါစေသော ဓာတ်ကို အကဲဖြတ်မလို့ အစစ်များ)

> Alkaline Phosphates - အသည်းစစ်တာ
>AFP - အသည်းကင်ဆာစစ်တာ

@ Blood urea and Serum Creatinine. - သွေးတွင်းယူရီးယား,ခရီယေတနင်းဓာတ်ကိုစစ်တာ(ကျောက်ကပ်စွမ်းဆောင်ရည်သိရှိ အကဲဖြတ်ဖို့အတွက် )

> Creatinine GFR - ခရီယေတနင်းဓာတ်ကို စစ်တာ
> BUN (Blood Urea Nitrogen) - ကျောက်ကပ်စစ်တာ

@ Lipid Profile - သွေးတွင်းအဆီ ပမာဏက်ိုစစ်တာ (ကောင်းကျိုးပေးသောအဆီနဲ့ မကောင်းတဲ့အဆီတွေကို ကြည့်ပီးနှလုံးကျန်းမာရေး အကဲဖြတ်နိုင်ရန်အတွက် )

> Cholesterol - သွေးထဲရှိ ကိုလက်စထရောစစ်တာ
>Triglyceride - ထရိုင်ဂလီစရိုက်ဓာတ်ကိုစစ်တာ
> HDL Cholesterol- သွေးထဲရှိ အကျိုးပြုတဲ့ ကောင်းတဲ့ အဆီဓာတ် ကိုစစ်တာ
> LDL Cholesterol -အကျိုးမပြုတဲ့ မကောင်းတဲ့ အဆီဓာတ်ကို
စစ္​တာ

@ Haemogram - (သွေးဖြူဥ ,သွေးနီဥ, သွေးမွှားဆဲလ် စတာတွေကို အဏုစိတ် စစ်ဆေးတာ)
> CP Auto - သွေးဖြူဥ သွေးနီဥ စစ်တာ

@ HBs Antigen ,HCV Antibody- အသည်းရောင်အသားဝါ ဘီပိုး,စီပိုး ရှိမရှိစစ်တာ
>HBsAg -အသည်းရောင်အသားဝါ Bပိုးစစ်တာ
>Anti HBS - Bပိုး ကိုယ်ခံအားစစ်တာ
> Anti HCV - C ပိုးစစ္​တာ

@( X -ray )- ဓာတ်မှန်ရိုက်တာ (ရင်ဘတ်ဓာတ်မှန် နဲ့ အရိုးကျိုး အက် စတာတွေအတွက်စစ်တာ)
(Chest X-ray)
ရင်ဘတ်ဓာတ်မှန် ရင်ခေါင်းအတွင်းရှိ အဆုတ်နဲ့ နှလုံး ပုံမှန်ဟုတ်မဟုတ် ရောဂါရှိမရှိ စစ်ဆေးတာ

@ USG (Ultrasound) - အယ်ထရာဆောင်း (တယ်လီဗီးရှင်း ဓာတ်မှန်ရိုက်တာ) အသည်း
သည်းခြေအိတ် ကျောက်ကပ် မုန့်ချိုအိတ် သရက်ရွက် ဆီးကျောက်တည်ခြင်း သည်းခြေကျောက်တည်ခြင်း စသည့်၀မ်းတွင်း အင်္ဂါများရောဂါများရှာဖွေရန်နဲ့ ကိုယ်၀န်ဆောင် များ အစစ်များ

@ Thyroid Function Test - လည်ပင်းကြီးဟော်မုန်းစစ်တာ
> T3,T4,TSH - သိုင်းရွိုက် ဟော်မုန်းစစ်တာ

@> HIV - HIV ပိုးစစ္​တာ
@> VDRL - ကာလသားရောဂါ ပိုး စစ်တာ
@> Vitamin D (total ) - အရိုးပွရောဂါအတွက်စစ်တာ
@>Uric acid (Gout ) - အဆစ်အမြစ်ရောဂါ . ဂေါက်ရောဂါ အတွက်စစ်ဆေးတာ
@> RA -သွေးကြောင့်ဖြစ်တဲ့ လေးဖက်နာရောဂါကို စစ်တာ
@> ESR - သွေးနီဥတွေ တစ်နာရီအတွင်း အနယ်ထိုင်တဲ့နှုန်းကို စစ်တာ(သွေးအားနည်း နှလုံးရောင် ကျောက်ကပ်မကောင်း
အရိုးအတွင်းရောင် ကိုယ်၀န်ဆောင် လေးဘက်နာ (ရူမက်တစ် )
အဆစ်နာရောဂါ ဆစ်ဖလက် လည်ပင်ကြီး တီဘီ အဆစ်နာရောဂါ
စတဲ့သူတွေကို စစ်တာ
@>PSA/CA 125/CA 153 -ကင်ဆာဖြစ်နိုင်ခြေရှိမရှိ
စစ်ဆေးတာ
@> PSA - ဆီးကျိတ်ကင်ဆာ စစ်တာ
@> CEA - အစာအိမ်နဲ့ အူလမ်းကြောင်း ကင်ဆာစစ်တာ
@> AFP - အသည်းကင်ဆာ စစ်တာ
@> faecal Occoult Blood - ၀မ်းတွင်းသွေးပါမပါ စစ်တာ
@> Digital Mammogram - ရင်သားဓာတ်မှန် ရိုက်တာ
@> CRP ( C Reactive Protein) - သွေးကြောရောင်
်ကိုင်းတာကို စစ်တာ
ခဏခဏလာမေးလို့ တင်ပေးလိုက်တာပါ
အားနည်းချက်အများကြီးနဲ့ မပြည့်စုံတာတွေကို တစ်ဖြည်း၂နဲ့ ပြန်ပီးပြင်ဆင် ဖြည့်စွက်ပေးပါ့မယ်
(ဗဟုသုတအဖြစ်သာ)
Credit # # #

19/05/2022
သွေးတိုးရောဂါကင်းဝေးအောင် လုပ်ဆောင်သင့်သော အပြုမူများ👩‍🔬
17/05/2022

သွေးတိုးရောဂါကင်းဝေးအောင် လုပ်ဆောင်သင့်သော အပြုမူများ👩‍🔬

သွေးတိုးရောဂါလို့လည်း သိကြတဲ့ သွေးဖိအားများတဲ့ရောဂါဟာ အဖြစ်များတဲ့ နာတာရှည်ရောဂါတစ်ခု ဖြစ်ပြီး အငန်နဲ့ အဆီစားသုံးမှုများခြင်း၊ လုံလောက်တဲ့ကိုယ်လက်လှုပ်ရှားမှုမရှိခြင်း နဲ့ အရက်သောက်ခြင်း စတဲ့ အချက်များကြောင့် ဖြစ်ပွားတတ်ပါတယ်။ သွေးတိုးရောဂါ ရှိမှန်း လူတွေက သတိမပြုမိတတ်ကြပေမယ့် သွေးတိုးရောဂါရှိနေခြင်းက နှလုံးရောဂါ သို့မဟုတ် လေဖြတ်ခြင်း ဖြစ်နိုင်ခြေကို ပိုပြီး များစေနိုင်ပါတယ်။

ကျန်းမာတဲ့ နေထိုင်မှုပုံစံဟာ သွေးတိုးရောဂါဖြစ်ခြင်းကနေ အကာအကွယ်ပေးနိုင်ပေမယ့် ကိုယ့်ရဲ့သွေးပေါင်ချိန် တိုးနေသလားဆိုတာရယ်၊ ဘယ်အချိန်တိုးသလဲဆိုတာရယ်ကို သိပြီး သွေးပေါင်ချိန်ကျဖို့ လိုအပ်တဲ့လုပ်ဆောင်မှုတွေ ဆောင်ရွက်နိုင်ဖို့ရာအတွက် ကျန်းမာရေးကဏ္ဍမှာ ကျွမ်းကျင်သူဆီမှာ ကိုယ့်ရဲ့ သွေးပေါင်ချိန်အကြောင်း ပုံမှန်စစ်ဆေးဖို့ လိုပါတယ်။ ဒီနေ့မှာ ကျရောက်တဲ့ ကမ္ဘာ့သွေးတိုးရောဂါနေ့ အထိမ်းအမှတ်အဖြစ် ကျန်းမာစေတဲ့အကျင့်ကောင်းတွေကို မှတ်သားပြီး သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ မျှဝေလိုက်ရအောင်။ ကိုယ်တိုင်ရော ချစ်ရတဲ့သူတွေရော အသက်ရှည်ရှည် နေနိုင်အောင် ကူညီပေးပြီး သွေးပေါင်ချိန်ထိန်းပေးနိုင်တဲ့ အကျင့်ကောင်းတွေကို နေ့စဉ်ဘဝမှာ အတူ ထည့်သွင်းကျင့်သုံးသင့်ပါတယ်။

(၁) ကိုယ်အလေးချိန်ထိန်းပါ။
(၂) လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။
(၃) အရက်ဖြတ်ပါ။ မဖြတ်နိုင်လျှင် လျှော့သောက်ပါ။
(၄) အငန်နှင့် အဆီများတဲ့အစားအသောက်များ လျှော့စားပါ။
(၅) ဆေးလိပ်ဖြတ်ပါ။ မဖြတ်နိုင်လျှင် လျှော့သောက်ပါ။
(၆) စိတ်ဖိစီးမှုများကို လျှော့ချပါ။

သွေးပေါင်ချိန်ကို မှန်မှန်တိုင်းပြီး ပုံမှန်ထိန်းသိမ်းခြင်းဖြင့် အသက်ရှည်ရှည် နေကြပါစို့။

High blood pressure, also known as hypertension, is a common lifelong condition caused by many factors, including diets high in salt and fat, not getting enough exercise and drinking alcohol. It is often not detectable, but it can increase your risk of heart attack or stroke.

A healthy lifestyle can help you avoid developing high blood pressure, but it is important you also regularly ask a medical professional about your level to ensure you know if and when it is high and can take appropriate actions to lower it. Today, to mark World Hypertension Day, take note of these healthy behaviours below and share the poster with your friends and family so together you can introduce them into your daily lives and better manage your blood pressure. This can help you and your loved ones live longer and healthier.

(1) Maintain a healthy body weight
(2) Exercise
(3) Reduced consumption of alcohol or quit if possible
(4) Reduce salt and fat in your diet
(5) Stop smoking
(6) Try to reduce your stress

Measure your blood pressure regularly, control it, live longer!

Address

No. 3 Street Set Hmu Zone
Meiktila

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00
Sunday 09:00 - 18:00

Telephone

+959261522903

Website

Alerts

Be the first to know and let us send you an email when Aung Myint Mo Clinic and Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Aung Myint Mo Clinic and Pharmacy:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram