ထီလာဦးမျက်စိအထူးကုဆေးရုံ Htilar Oo Eye Center

  • Home
  • Myanmar
  • Meiktila
  • ထီလာဦးမျက်စိအထူးကုဆေးရုံ Htilar Oo Eye Center

ထီလာဦးမျက်စိအထူးကုဆေးရုံ Htilar Oo Eye Center Eye Care Centre

“Cataract surgery is not the same “အတွင်းတိမ်ရောဂါ ခွဲစိတ်ကုသမှုအားလုံးဟာအတူတူပဲတော့မဟုတ်ဘူးပေါ့အတွင်းတိမ်ခွဲစိတ်ရာမှာအသ...
21/07/2025

“Cataract surgery is not the same “
အတွင်းတိမ်ရောဂါ ခွဲစိတ်ကုသမှုအားလုံးဟာ
အတူတူပဲတော့မဟုတ်ဘူးပေါ့
အတွင်းတိမ်ခွဲစိတ်ရာမှာ
အသုံးပြုရတဲ့ခွဲစိတ်မှန်ဘီလူး(Operating Microscope) များမှာ
အသေးစိတ်ကြည်လင်ပြတ်သားရှင်းလင်းမှု
သက်တောင့်သက်သာရှိမှုများအပေါ်မူတည်ပြီး
တန်ဘိုးငွေ ဒေါ်လာ တစ်သောင်းတန်မှ
ဒေါ်လာ တစ်သိန်းကျော်အထိကောင်းရင်ကောင်းသလိုအစားစားတန်ဘိုးရှိကြပေသည်။
ခွဲစိတ်ရာတွင်အသုံးပြုရသော
Phaco စက်များမှာလည်း
လူနာအတွက်ဘေးကင်းစိတ်ချရမှုအပေါ်မူတည်ပြီး တန်ဘိုးငွေဒေါ်လာ ရှစ်ထောင်ခန့်မှဒေါ်လာ ကိုးသောင်းကျော်အထိတန်ဘိုးအသီးသီးရှိကြပေသည်။
ထို့အတူ
အတွင်းတိမ်ခွဲစိတ်ပြီးနောက်
မူလမှန်ဘီလူးအစားပြန်ထည့်ပေးရသော
မျက်တွင်းမှန်(Intraocular lens IOL) များမှာလည်းတန်ဘိုးငွေ ကျပ်တစ်သောင်းခန့်မှ
ကျပ်ဆယ်သိန်းထိရှိကြသလို
Alcon trifocals /EDOF IOL များသည် ဒေါ်လာ ၇၀၀ နီးပါးအထိရှိကြတာပေါ့
ထို့အပြင်
ခွဲစိတ်ခန်း၏ကျယ်ဝန်းသန့်ရှင်းမှု
ခွဲစိတ်ခန်းသူနာပြုများ၏ကျွမ်းကျင်စိတ်ချရမှု
တာဝန်ယူခွဲစိတ်ပေးသောမျက်စိဆရာဝန်၏
အတွေ့အကြုံရင့်ကျက်ကျွမ်းကျင်မှု
စသည်တို့အပေါ်မူတည်ပြီး
အတွင်းတိမ်ရောဂါခွဲစိတ်ကုသမှုများ၏
ကုန်ကျစားရိတ်အမျိုးမျိုးကျသင့်ကြသလို
Results ခွဲစိတ်ပြီးရလဒ်သည်လည်း
အနည်းနဲ့အများကွာခြားမှုရှိတာပေါ့
အဓိကချုပ်ပြောရရင်တော့
လူနာအတွက် Safety and Luxury ကွာခြားခြင်းပင်ဖြစ်ပေသည်။

Global Standard Cataract Surgery ကမ္ဘာ့အဆင့်မှီ အတွင်းတိမ်ခွဲစိတ်ကုသခြင်း
14/05/2025

Global Standard Cataract Surgery
ကမ္ဘာ့အဆင့်မှီ အတွင်းတိမ်ခွဲစိတ်ကုသခြင်း

အပိုင်း(၁)“အတွင်းတိမ်ရောဂါ”မျက်လုံးတွင်းရှိLens ဟုခေါ်သောမှန်ကြည်လေးမှာ Lens capsule ဟုခေါ်သောအမြှေးပါးအိပ်လေးအတွင်းကြက်...
11/10/2023

အပိုင်း(၁)
“အတွင်းတိမ်ရောဂါ”
မျက်လုံးတွင်းရှိLens ဟုခေါ်သော
မှန်ကြည်လေးမှာ Lens capsule ဟုခေါ်သောအမြှေးပါးအိပ်လေးအတွင်း
ကြက်ဥအကာကဲသို့ကြည်လင်နေသည့်
protein အရည်တစ်မျိုးပါရှိပေသည်။
လူအများသိပြီးသကဲ့သို့
ကြက်ဥအကာprotein အရည်ကြည်သည်
အပူဓါတ်နှင်ထိတွေ့သည့်အခါ
ဖြူခဲသွားတတ်သကဲ့သို့
မျက်လုံးတွင်းမှန် Lens တွင်ပါရှိသော
protein အရည်ကြည်သည်လည်းအသက်အရွယ်ရလာသည်နှင့်အမျှ
နေပူဒဏ် UV light နှင့်အခြားကြောင်းအရင်းများစွာတို့ကြောင့်အရည်ကြည်အဖြစ်မှ
အခဲအဖြစ်သို့ပြောင်းလဲကာ
မှန်အကြည်ဓါတ်ဆုံးရှုံးမှုန်ဝါးသွားခြင်းကိုအတွင်းတိမ် Cataract ဟု
ခေါ်ဆိုကြခြင်းဖြစ်ပေသည်။
Lens ဟုခေါ်သော
ထိုမှန်ကြည်လေးမှ
အတွင်းတိမ်ရောဂါ Cataract ဖြစ်သွားရခြင်းအကြောင်းအရင်းများစွာရှိသည့်ထဲမှများသောအားဖြင့်
-အသက်အရွယ်ကြီးရင့်လာခြင်း
-နေပူဒဏ်များစွာခံရခြင်း
-မီးအပူဒဏ်များစွာခံရခြင်း
-ထိခိုက်ဒဏ်ရာ
- Steroids စသောဆေးဝါးများ
- ဆီးချိုရောဂါစသဖြင့်အကြောင်းကြောင့်ဖြစ်တတ်သလို
- တချို့မွေးကတည်းကမှန်ကြည်လေးအစားမှန်ကလေးနောက်ကျိပါလာသောမွေးရာပါအတွင်းတိမ်လည်းဖြစ်တတ်ပေသည်။

အတွင်းတိမ်ဘာကြောင့်ခွဲကုရသလဲ?
မျက်စဉ်း စားဆေး ထိုးဆေးနဲ့မပျောက်နိုင်ဘူးလား? မျက်မှန်တတ်လို့မရဘူးလား?

အတွင်းတိမ်ရောဂါဟာ
မျက်လုံးအတွင်းကမွေးရာပါမျက်တွင်းမှန်ဘီလူးလေးနောက်ကျိခဲသွားတာဖြစ်ပြီး
မျက်လုံးရှေ့ပြူတင်းတံခါးနဲ့တူတဲ့ cornea ဟုခေါ်သောမျက်ကြည်လွှာကလေးနဲ့ sclera ဟုခေါ်သောမျက်လုံးနံရံအိတ်အတွင်းမှာရှိနေပြီးတိမ်ဖြစ်သွားတဲ့ မှန်ဘီလူးလေးဟာလည်းမူလကတည်းကသီးခြား blood supply မရှိတဲ့အတွက်မျက်စင်းစားဆေးတွေယနေ့တိုင်ကမ္ဘာပေါ်မှာတီထွင်နိုင်ခြင်းမရှိသေးပဲထိုတိမ်လေးကိုခွဲစိတ်ထုတ်ယူပီးသူ့နေရာမှာပါဝါကိုက်မျက်တွင်းမှန်ဘီလူးကလေးပြန်လည်ထည့်သွင်းကုသပေးသည့်နည်းပညာအဆင့်ဆင့်ပြောင်းလဲတိုးတက်မှုနဲ့သာကုသပေနိုင်ပါသည်။
မျက်စင်းစားဆေးနဲ့ပျောက်ကင်းအောင်
ယနေ့ထိတကမ္ဘာလုံးမှာကုသလို့မရနိုင်ပါ။
မှတ်ချက်။ ။ အနှစ် ၂၀ ကျော်အညာဒေသမှာမျက်စိကုသပေးနေခဲ့သောအတွေ့အကြုံများအရ အတွင်းတိမ်ကြောင့်မျက်စိမှုန်နေခြင်းကို ကွမ်းရွက်ကပ်ခြင်း၊သမုန်းကျည်းပေါင်း ကြက်မောက်မြစ် ဆင်တုန်းမနွယ် ဆီးဖြူသီး စံပါယ်ပန်းစသဖြင့်ဆေးမှီးတိုမျိုးစုံသုံးစွဲကြသောလွှဲမှားသည့်အယူအဆများကြောင့် မျက်လုံးတခုလုံးယောင်ယမ်းခြင်း မျက်ကြည်လွှာအနာဖြစ်ပေါက်ထွက်ခြင်းများဖြစ်ကြသော လူနာများစွာတွေ့ကြုံခဲ့ရပေသည်။
မျက်မှန်တတ်ရသည်ဆိုသည်မှာ
မျက်လုံးတွင်းအခြားမည်သည့်ရောဂါမျှမရှိပဲcornea မျက်ကြည်လွှာလည်းကြည်လင်နေပီး Len ဟုခေါ်သောမျက်တွင်းမှန်ကလေးကလည်းကြည်လင်စွာအလင်းဖေါက်နိုင်သော ပါဝါလိုအပ်သောအနီးမှုန် အဝေးမှုန်ရောဂါများအတွက်သာမျက်မှန်တတ်ကုသပေးနိုင်ပါသည်။

အပိုင်း(၂) “အတွင်းတိမ်”
အတွင်းတိမ်ရောဂါဖြစ်လာရင်
ဘယ်လိုတွေခံစားလာရနိုင်သလဲ?
အတွင်းတိမ်ရောဂါရှိလာရင်
(၁) Blurred Vision အမြင်ဝါးလာခြင်း။
(၂) Need for brighter light for reading
စာဖတ်ရာမှာအရင်နဲ့မတူအလင်းရောင်ပိုမိုရ မှစာဖတ်လို့ရခြင်း။
(၃) Fading of Colors ယခင်နဲ့မတူအရောင်များဖျော့လာခြင်း။
(၄) Difficulty with Vision at Night
ညဘက်တွင်ယခင်နဲ့မတူကြည့်ရခက်ခဲလာခြင်း။
(၅) Sensitivity to Light/ Glare
အလင်းမကြည့်နိုင်ခြင်း၊ အလင်းရောင်များဖြာထွက်နေခြင်း။
(၆) Double vision in one eye
မျက်စိတစ်ဘက်ထဲတွင်ပုံရိပ်များနှစ်ထပ်ဖြစ်နေခြင်း။
စတဲ့လက္ခဏာတွေခံစားလာတတ်တာပေါ့။
ဒါတွေခံစားရလာရင်
သင့်ရဲ့မျက်စိဆရာဝန်နဲ့ပြသတိုင်ပင်ဆွေးနွေး
ကြည့်ပါ။

အပိုင်း(၃) “အတွင်းတိမ်”
Indications of Cataract Surgery
အတွင်းတိမ်ဘယ်တော့ခွဲရမလဲ?
အတွင်းတိမ်ရောဂါကိုခွဲစိတ်ကုသရာတွင်
(၁) Visual Indication - to improve visual function - အမြင်အာရုံပိုမိုကောင်းမွန်ဖို့ခွဲစိတ်ခြင်း
(၂) Medical indications - ဆေးပညာသဘောအရမျက်စိကွယ်စေနိုင်သောရောဂါများတားဆီးကာကွယ်ကုသရန်အတွက်ခွဲစိတ်ရခြင်းဟူ၍နှစ်ပိုင်းရှိပါသည်။
To improve visual function (အမြင်အာရုံပိုမိုကောင်းမွန်ဖို့ခွဲစိတ်ခြင်း)
- မိမိရဲ့နိစ္စဒူဝလုပ်ဆောင်ရသောမိမိလုပ်ငန်းအနေအထားအရစိတ်ကသိကအောင့်ဖြစ်စေလောက်အောင်အမြင်အာရုံမှုန်ဝါးနေပြီဆိုရင်ခွဲသင့်ပြီပေါ့..ဥပမာ။ ။တောင်သူလယ်သမားတစ်ဦးအနေဖြင့် သူ့နွား ကိုယ့်နွားမကွဲပြား မြွေကင်း ခလုပ်ကသင်းမကွဲပြားတော့တဲ့အခါခွဲသင့်သလို နေ့စဉ်ကားမောင်းရသူအတွက်ညဘက်ကားမောင်းရခက်ခဲလာရင်လည်းခွဲသင့်ပြီပေါ့ နေ့စဉ်စာရေးစာဖတ်လုပ်ရသူအတွက်စာရေးစာဖတ်ခက်ခဲစိတ်ညစ်ရပြီဆိုလည်းခွဲသင့်ပြီပေါ့။ ဒါပေမဲ့လည်းအတွင်းတိမ်သာရှိပြီးအခြားနောက်ဆက်တွဲမျက်စိကွယ်စေနိုင်သောရေတိမ်ရောဂါ မျက်လုံးနောက်ခန်းမြင်လွှာအာရုံကြောရောဂါများမရှိသေးပါကလူနာသဘောဆန္ဒအရအချိန်ယူခွဲစိတ်ကုသနိုင်တာပေါ့…
- Medical Indications ဆေးပညာသဘောအရခွဲစိတ်ရခြင်း ………အတွင်းတိမ်နောက်ဆက်တွဲ ရေတိမ်ရောဂါများ(Phacolytic Glaucoma/ Phacomorphic Glaucoma / Secondary Angle Closure Glaucoma) များပါရှိနေသည်ဟုမျက်စိဆရာဝန်မှာစမ်းသပ်စစ်ဆေးတွေ့ရှိပြီဆိုလျှင်တော့အချိန်မဆိုင်းပဲအမြန်ခွဲသင့်ပြီပေါ့… ဒါ့အပြင်မျက်လုံးနောက်ခန်းမြင်လွှာရောဂါ အထူးသဖြင့်ဆီးချိုမြင်လွှာရောဂါများဆက်လက်ကုသရန်လိုအပ်တဲ့အခါမှာလည်းအတွင်းတိမ်ခွဲသင့်တာပေါ့။

အပိုင်း (၄) “အတွင်းတိမ်”
Complications of Cataract surgery
အတွင်းတိမ်ခွဲတာအန္တရာယ်ရှိနိုင်လား?
မည်သည့်ခွဲစိတ်မှုမဆို
အန္တရာယ်ရှိနိုင်သကဲ့သို့
အတွင်းတိမ်ခွဲစိတ်မှုတွင်လည်းအန္တရာယ်
ရှိနိုင်ပေမဲ့အတွင်းတိမ်ခွဲစိတ်မှုဟာ
အန္တာရာယ်အနည်းဆုံးပါပဲ…
အတွင်းတိမ်ခွဲစိတ်ရာတွင်
ဖြစ်ပေါ်နိုင်သောပြဿနာများသည်
- ရောဂါအတိမ်အနက်အခြေအနေ။
- မျက်စိခွဲစိတ်ဆရာဝန်ရဲ့လေ့ကျင့်သားပြည့်ဝမှု၊ ကျွမ်းကျင်လိမ်မာမှု၊ အတွေ့အကြုံရင့်ကျက်မှု။
- မျက်စိခွဲစိတ်သောစက်ပစ္စည်းကရိယာများပြည့်စုံကောင်းမွန်မှု၊ ခေတ်နဲ့အညီပြောင်းလဲတိုးတက်လာသောနည်းပညာများအသုံးချဆောင်ရွက်နိုင်မှု။
- မျက်စိခွဲစိတ်ခန်းကျယ်ဝန်းသန့်ရှင်းပိုးသန့်စင်မှုနှင့်ခွဲစိတ်ခန်းသူနာပြုဝန်ထမ်းများ၏ပိုးမွှားသန့်စင်ရေးအလေးဂရုပြုလိုက်နာဆောင်ရွက်မှု…..တို့အပေါ်မူတည်ပြီးအတွင်းတိမ်ခွဲစိတ်မှုအန္တရာယ်အနည်း/အများရှိတတ်ပေသည်။

အပိုင်း(၅) “ အတွင်းတိမ်”
“အတွင်းတိမ်ခွဲစိတ်ကုသမှုနည်းလမ်းများနှင့်မျက်တွင်းမှန်(IOL)အမျိုးအစားများ”
(၁) ရိုးရိုးလက်ခွဲ
(က) ECCE&IOL - မျက်လုံးကို ၇ mm မှ ၁၀ mm ခန့်အထိဖွင့်၍အတွင်းတိမ်ကို
အလုံးလိုက်ထုတ်ယူပြီး မျက်တွင်းမှန် IOL ပြန်ထည့်ကာ ဖွင့်ထားသောအနာဝကို ၂ ချက်မှ ၆ ချက်ခန့်အထိပြန်ချုပ်ပေးရပါသည်။

(ခ) MSICS&IOL. - မျက်လုံးကို ၅.၅ mm မှ ၆.၅ mm ခန့်သာဖွင့်၍အတွင်းတိမ်ကိုအလုံးလိုက်ထုတ်ယူပြီးမျက်တွင်းမှန်IOL ပြန်ထည့်ကာ မလိုအပ်လျှင်ပြန်ချုပ်စရာမလိုပဲလိုအပ်မှသာ ၁ ချက်မှ ၂ ချက်ခန့်သာပြန်ချုပ်ရပါသည်။

(၂) စက်ခွဲ( အရပ်ခေါ် လေဆာခွဲ)
Phaco emulsification & IOL
မျက်လုံးကို ၂.၂ mm မှ ၃ mm ခန့်အထိသာဖွင့်၍ Phaco စက်အကူအညီဖြင့်အတွင်းတိမ်ကိုချေဖျော်စုတ်ထုတ်ပြီး မျက်တွင်းမှန် IOL ပြန်ထည့်ခြင်းဖြစ်သည်။ ပြန်ချုပ်ရန်မလိုအပ်ပါ။
အဆိုပါနည်းပညာနှစ်ခု၏အားသာချက်အားနည်းချက်များမှာ—-
- စက်ခွဲ Phaco သည်အနာဝကျဉ်းသည့်အတွက်ပြန်ချုပ်ရန်မလိုပဲအနာကျက်မြန်သည့်အတွက်သက်တောင့်သက်သာရှိပြီးလုပ်ငန်းခွင်စောစောပြန်ဝင်နိုင်သည်။မျက်လုံးတွင်ခွဲဒဏ်ရာမကျန်သလောက်နည်းပါးသည့်အတွက် ခွဲစိတ်မှုကြောင့်ဖြစ်ပေါ်တတ်သော surgical Astigmatism နည်းပါးသည်။ စက်ဖြင့်ပြန်စုတ်ရသည့်အတွက်တိမ်အကာအမှုန်များကုန်စင်အောင်စုတ်ထုတ်နိုင်သည်။
သို့ရာတွင်
- အတွင်းတိမ်ခဲသည်မာကျောပြီးအရင့်လွန်နေသောအခါ စက်ဖြင့်ချေဖျော်ရန်ခက်ခဲပြီးစက်ရှိန်ကြောင့်မျက်ကြည်လွှာထိခိုက်ပျက်စီးနိုင်သည့်အတွက်ရိုးရိုးလက်ခွဲကပိုမိုအန္တရာယ်နည်းပေသည်။
မျက်စိခွဲစိတ်မှုသည်အလွန်အနုစိတ်လက်ဝင်သည့်အတွက် မျက်စိခွဲစိတ်ရန်အသေးစိတ်ကြည်လင်ပြတ်သားစွာမြင်နိုင်သော မျက်စိခွဲစိတ်မှန်ဘီလူး( eye operation microscope) နှင့် အတွင်းတိမ်ခွဲစက် Phaco machine များသည် လူနာအတွက် ဘေးကင်းလုံခြုံစိတ်ချရမှု safety ကောင်းရင်ကောင်းသလို တန်ဘိုးလည်းကြီးမားကြပေသည်။

မျက်တွင်းမှန်အမျိုးအစားများမှာ
- PMMA lOL…မှန်အမာအမျိုးအစားဖြစ်သည်။ ရိုးရိုးလက်ခွဲအတွက်အသုံးများသည်။ ခေတ်ဟောင်း IOL အမျိုးအစားဖြစ်သည်။ စျေးနှုန်းသက်သာသည်။ မြန်မာပြည်တွင် India မှအများဆုံးတင်သွင်းအသုံးပြုကြသည်။ခေတ်မှီဖွံ့ဖြိုးချမ်းသာသောတိုင်းပြည်များတွင်အသုံးမပြုကြတော့ပါ။
- Hydrophilic fordable IOL …ခေါက်ထည့်လို့ရသောမှန်ပျော့အမျိုးအစားဖြစ်သည်။ PCT ဟုခေါ်သောခွဲစိတ်ပြီးနောက်ပိုင်း မျက်တွင်းမှန်( IOL)နောက်မျက်တွင်းအမြှေးပါးပြန်ထူလာပြီးမျက်စိပြန်မှုန်လာတတ်သည့်နှုန်းများသည်။ PMMA မှန်အမာအမျိုးအစားထက်စျေးကြီးသော်လည်းအခြားခေါက်မှန်တွေထက်စျေးသက်သာသည်။ India မှတင်သွင်းသုံးစွဲသည်။
- Hydrophobic fordable IOL…ခေါက်ထည့်လို့ရသောမှန်ပျော့အမျိုးအစားဖြစ်သည်။ Hydrophilic အမျိုးအစားထက် PCT ဟုခေါ်သော မျက်တွင်းမှန် IOL နောက်အမြှေးပါးပြန်ထူသဖြင့်မျက်စိပြန်မှုန်လာတတ်သည့်နှုန်းနည်းပါးသည်။ Hydrophilic IOL ထက်စျေးပိုကြီးသည်။ American, Japan , India စသောနိုင်ငံများမှတင်သွင်းသုံးစွဲကြသည်။ မှန်ပြုလုပ်ရသည့် material ကွာခြားမှု refractive index ကွာခြားမှု တို့ပေါ်မူတည်ပြီး ( softness and clarity ) ပျော့ပြောင်းနူးညံ့မှုနဲ့ကြည်လင်ပြတ်သားမှုကွာခြားသည့်အတွက် စျေးနှုန်းလည်းကွာခြားပေသည်။
အထက်ပါIOL မျက်တွင်းမှန်များသည် monofocal lens မှန်ဘီလူးဆုံချက်တစ်ခုသာရှိသော အဝေးကောင်း/ အနီးလို၊ အနီးကောင်း/အဝေးလိုသောမှန်အမျိုးအစားများဖြစ်ကြသည်။

Toric IOL , Multifocal IOL- quality of vision အတွက် cylinder power ပါဖျောက်နိုင်သော IOL နှင့် အဝေး အလတ် အနီးပါမြင်နိုင်စွမ်းသော IOL အမျိုးအစားများလည်းရှိကြပြီး လက်ရှိအချိန်ထိမြန်မာပြည်တွင်တရားဝင်တင်သွင်းဖြန့်ဖြူးမှုမရှိသေးပါ။

မျက်စိခွဲစိတ်ကုသမှုကုန်ကျစားရိတ်

- မျက်စိအတွင်းတိမ်ခွဲစိတ်ကုသမှုစားရိတ်သည် ခွဲစိတ်ကုသသည့်ဆေးခန်း၊ဆေးရုံ ခွဲစိတ်သည့်နည်းပညာနဲ့နည်းလမ်း၊ မျက်စိအတွင်းတိမ်ခွဲစိတ်ရာတွင်အသုံးပြုရသည့် စက်ပစ္စည်းကရိယာများ၊ သုံးစွဲသည့်မျက်တွင်းမှန် IOL အပါအဝင်မျက်စင်းနဲ့ဆေးဝါးများ၊ လူနာအတွက်ဘေးကင်းလုံခြုံစိတ်ချစွာကုသပေးနိုင်ဖို့ဆရာဝန်၊သူနာပြုဝန်ထမ်းများပြည့်စုံစွာထားရှိပေးမှုစသောအချက်အလက်များအပေါ်မူတည်၍ကုသမှုကုန်ကျစားရိတ်များကွာခြားမှုရှိပေသည်။
- မျက်စိခွဲစိတ်ရာတွင် ရိုးရိုးလက်ခွဲသည် ခွဲစိတ်မှန်ဘီလူး operating microscope သာသုံးစွဲရပြီး မျက်စိတိမ်ခွဲစက် Phaco machine မသုံးစွဲရသည့်အတွက်ကုန်ကျစားရိတ်သက်သာပါသည်။ စက်ခွဲ Phaco (အရပ်ခေါ်လေဆာခွဲ) သည် Phaco machine ပါသုံးစွဲရသည့်အတွက်စက်စားရိတ်ပိုမိုကုန်ကျပါသည်။ စက်အမျိုးအစားများမှာလည်း လူနာအတွက် safety ကွာခြားမှု မျက်စိခွဲစိတ်ဆရာဝန်အတွက် သက်တောင့်သက်သာ စိတ်ကျေနပ်စွာခွဲစိတ်နိုင်မှုကွာခြားပြီးကုန်ကျစားရိတ်လည်းကွာခြားပေသည်။( ဥပမာ။ ။ မော်တော်ကားအမျိုးအစားများ၏ဘေးကင်းလုံခြုံမှုနဲ့ သက်တောင့်သက်သာဇိမ်ကျမှု (safety and Luxury) ကွာခြားသည့်အပေါ်မူတည်ပြီး တန်ဘိုးများကွာခြားသကဲ့သို့တိမ်ခွဲစက် Phaco machine များလည်း တန်ဘိုးနဲ့ကုန်ကျစားရိတ်ကွာခြားပေသည်)
- လက်ရှိအနှစ် ၂၀ ကျော်မျက်စိကုသမှုအတွေ့အကြုံအရ မြန်မာပြည်အနေဖြင့်အတွင်းတိမ်လွန်ရေတိမ်ဝင်ကာမျက်စိမကွယ်ဖို့အဓိကဦးစားပေးကုသပေးနေရသည့်အခြေအနေအရ မျက်လုံးအတွင်းရှိအတွင်းတိမ်ထွက်သွားဖို့အရေးအဓိကထားကုသနေရသည့်အတွက် လူနာ၏ငွေကြေးအခြေအနေအရ quality of vision ထက် prevention of blindness ကိုသာဦးစားပေးကုသပေးနေရပေသည်။
- သို့သော် ယနေ့တွင်တော့မြန်မာပြည်တွင် နိုင်ငံတကာအဆင့်မှီပြည့်စုံစွာ အတွင်းတိမ်ရောဂါကိုကုသပေးနိုင်နေကြပြီဖြစ်ပါသည်။
- Mass surgery and selective surgery အများခွဲစိတ်မှု( ပရဟိတအလှူအခမဲ့အများခွဲစိတ်ကုသမှု) နှင့်သီးသန့်ခွဲစိတ်မှုကွာခြားချက်….
- Mass surgery သည် Public prevention and blindness ဆင်းရဲနွမ်းပါးပြည်သူလူထုမျက်မမြင်ကာကွယ်တိုက်ဖျက်ရေးအတွက်အကျိုးရှိသော်လည်း လူနာတစ်ဦးချင်းစီအတွက် quality care ရရှိမှုကွာခြားပေသည်။

အပိုင်း(၆) အတွင်းတိမ်ရောဂါမဖြစ်အောင်ကိုဘယ်လိုကာကွယ်မလဲ?
- အတွင်းတိမ်ရောဂါသည်အဓိကအားဖြင့်နေရောင်ခြည်အထိများခြင်းကြောင့်ဖြစ်သည့်အတွက် နေရောင်ခြည်မထိဖို့နေကာမျက်မှန်တတ်ပါ။ ထီး ဦးထုတ်အဆောင်းများဆောင်းပါ။
- ဆေးလိပ်မသောက်ပါနဲ့။
- ဆီးချိုရောဂါရှိလျှင် ဆီးချိုသေချာထိန်းပါ။
- မျက်လုံးထိခိုက်ဒဏ်ရာမရအောင်ကာကွယ်ပါ။
- မျက်နှာကိုစတီးရွိုက် Steroids ပါသော Creams များမလိမ်းပါနဲ့။
- ထမင်းဟင်းချက်ပြုတ်ရာတွင်မျက်လုံးကိုမီးအပူရှိန်မထိပါစေနဲ့။

အပိုင်း(၆) အတွင်းတိမ်ရောဂါမဖြစ်အောင်ကိုဘယ်လိုကာကွယ်မလဲ?- အတွင်းတိမ်ရောဂါသည်အဓိကအားဖြင့်နေရောင်ခြည်အထိများခြင်းကြောင့်ဖြစ...
11/10/2023

အပိုင်း(၆) အတွင်းတိမ်ရောဂါမဖြစ်အောင်ကိုဘယ်လိုကာကွယ်မလဲ?
- အတွင်းတိမ်ရောဂါသည်အဓိကအားဖြင့်နေရောင်ခြည်အထိများခြင်းကြောင့်ဖြစ်သည့်အတွက် နေရောင်ခြည်မထိဖို့နေကာမျက်မှန်တတ်ပါ။ ထီး ဦးထုတ်အဆောင်းများဆောင်းပါ။
- ဆေးလိပ်မသောက်ပါနဲ့။
- ဆီးချိုရောဂါရှိလျှင် ဆီးချိုသေချာထိန်းပါ။
- မျက်လုံးထိခိုက်ဒဏ်ရာမရအောင်ကာကွယ်ပါ။
- မျက်နှာကိုစတီးရွိုက် Steroids ပါသော Creams များမလိမ်းပါနဲ့။
- ထမင်းဟင်းချက်ပြုတ်ရာတွင်မျက်လုံးကိုမီးအပူရှိန်မထိပါစေနဲ့။

အပိုင်း(၅) “ အတွင်းတိမ်”“အတွင်းတိမ်ခွဲစိတ်ကုသမှုနည်းလမ်းများနှင့်မျက်တွင်းမှန်(IOL)အမျိုးအစားများ” (၁) ရိုးရိုးလက်ခွဲ   ...
18/09/2023

အပိုင်း(၅) “ အတွင်းတိမ်”
“အတွင်းတိမ်ခွဲစိတ်ကုသမှုနည်းလမ်းများနှင့်မျက်တွင်းမှန်(IOL)အမျိုးအစားများ”
(၁) ရိုးရိုးလက်ခွဲ
(က) ECCE&IOL - မျက်လုံးကို ၇ mm မှ ၁၀ mm ခန့်အထိဖွင့်၍အတွင်းတိမ်ကို
အလုံးလိုက်ထုတ်ယူပြီး မျက်တွင်းမှန် IOL ပြန်ထည့်ကာ ဖွင့်ထားသောအနာဝကို ၂ ချက်မှ ၆ ချက်ခန့်အထိပြန်ချုပ်ပေးရပါသည်။

(ခ) MSICS&IOL. - မျက်လုံးကို ၅.၅ mm မှ ၆.၅ mm ခန့်သာဖွင့်၍အတွင်းတိမ်ကိုအလုံးလိုက်ထုတ်ယူပြီးမျက်တွင်းမှန်IOL ပြန်ထည့်ကာ မလိုအပ်လျှင်ပြန်ချုပ်စရာမလိုပဲလိုအပ်မှသာ ၁ ချက်မှ ၂ ချက်ခန့်သာပြန်ချုပ်ရပါသည်။

(၂) စက်ခွဲ( အရပ်ခေါ် လေဆာခွဲ)
Phaco emulsification & IOL
မျက်လုံးကို ၂.၂ mm မှ ၃ mm ခန့်အထိသာဖွင့်၍ Phaco စက်အကူအညီဖြင့်အတွင်းတိမ်ကိုချေဖျော်စုတ်ထုတ်ပြီး မျက်တွင်းမှန် IOL ပြန်ထည့်ခြင်းဖြစ်သည်။ ပြန်ချုပ်ရန်မလိုအပ်ပါ။
အဆိုပါနည်းပညာနှစ်ခု၏အားသာချက်အားနည်းချက်များမှာ—-
- စက်ခွဲ Phaco သည်အနာဝကျဉ်းသည့်အတွက်ပြန်ချုပ်ရန်မလိုပဲအနာကျက်မြန်သည့်အတွက်သက်တောင့်သက်သာရှိပြီးလုပ်ငန်းခွင်စောစောပြန်ဝင်နိုင်သည်။မျက်လုံးတွင်ခွဲဒဏ်ရာမကျန်သလောက်နည်းပါးသည့်အတွက် ခွဲစိတ်မှုကြောင့်ဖြစ်ပေါ်တတ်သော surgical Astigmatism နည်းပါးသည်။ စက်ဖြင့်ပြန်စုတ်ရသည့်အတွက်တိမ်အကာအမှုန်များကုန်စင်အောင်စုတ်ထုတ်နိုင်သည်။
သို့ရာတွင်
- အတွင်းတိမ်ခဲသည်မာကျောပြီးအရင့်လွန်နေသောအခါ စက်ဖြင့်ချေဖျော်ရန်ခက်ခဲပြီးစက်ရှိန်ကြောင့်မျက်ကြည်လွှာထိခိုက်ပျက်စီးနိုင်သည့်အတွက်ရိုးရိုးလက်ခွဲကပိုမိုအန္တရာယ်နည်းပေသည်။
မျက်စိခွဲစိတ်မှုသည်အလွန်အနုစိတ်လက်ဝင်သည့်အတွက် မျက်စိခွဲစိတ်ရန်အသေးစိတ်ကြည်လင်ပြတ်သားစွာမြင်နိုင်သော မျက်စိခွဲစိတ်မှန်ဘီလူး( eye operation microscope) နှင့် အတွင်းတိမ်ခွဲစက် Phaco machine များသည် လူနာအတွက် ဘေးကင်းလုံခြုံစိတ်ချရမှု safety ကောင်းရင်ကောင်းသလို တန်ဘိုးလည်းကြီးမားကြပေသည်။

မျက်တွင်းမှန်အမျိုးအစားများမှာ
- PMMA lOL…မှန်အမာအမျိုးအစားဖြစ်သည်။ ရိုးရိုးလက်ခွဲအတွက်အသုံးများသည်။ ခေတ်ဟောင်း IOL အမျိုးအစားဖြစ်သည်။ စျေးနှုန်းသက်သာသည်။ မြန်မာပြည်တွင် India မှအများဆုံးတင်သွင်းအသုံးပြုကြသည်။ခေတ်မှီဖွံ့ဖြိုးချမ်းသာသောတိုင်းပြည်များတွင်အသုံးမပြုကြတော့ပါ။
- Hydrophilic fordable IOL …ခေါက်ထည့်လို့ရသောမှန်ပျော့အမျိုးအစားဖြစ်သည်။ PCT ဟုခေါ်သောခွဲစိတ်ပြီးနောက်ပိုင်း မျက်တွင်းမှန်( IOL)နောက်မျက်တွင်းအမြှေးပါးပြန်ထူလာပြီးမျက်စိပြန်မှုန်လာတတ်သည့်နှုန်းများသည်။ PMMA မှန်အမာအမျိုးအစားထက်စျေးကြီးသော်လည်းအခြားခေါက်မှန်တွေထက်စျေးသက်သာသည်။ India မှတင်သွင်းသုံးစွဲသည်။
- Hydrophobic fordable IOL…ခေါက်ထည့်လို့ရသောမှန်ပျော့အမျိုးအစားဖြစ်သည်။ Hydrophilic အမျိုးအစားထက် PCT ဟုခေါ်သော မျက်တွင်းမှန် IOL နောက်အမြှေးပါးပြန်ထူသဖြင့်မျက်စိပြန်မှုန်လာတတ်သည့်နှုန်းနည်းပါးသည်။ Hydrophilic IOL ထက်စျေးပိုကြီးသည်။ American, Japan , India စသောနိုင်ငံများမှတင်သွင်းသုံးစွဲကြသည်။ မှန်ပြုလုပ်ရသည့် material ကွာခြားမှု refractive index ကွာခြားမှု တို့ပေါ်မူတည်ပြီး ( softness and clarity ) ပျော့ပြောင်းနူးညံ့မှုနဲ့ကြည်လင်ပြတ်သားမှုကွာခြားသည့်အတွက် စျေးနှုန်းလည်းကွာခြားပေသည်။
အထက်ပါIOL မျက်တွင်းမှန်များသည် monofocal lens မှန်ဘီလူးဆုံချက်တစ်ခုသာရှိသော အဝေးကောင်း/ အနီးလို၊ အနီးကောင်း/အဝေးလိုသောမှန်အမျိုးအစားများဖြစ်ကြသည်။

Toric IOL , Multifocal IOL- quality of vision အတွက် cylinder power ပါဖျောက်နိုင်သော IOL နှင့် အဝေး အလတ် အနီးပါမြင်နိုင်စွမ်းသော IOL အမျိုးအစားများလည်းရှိကြပြီး လက်ရှိအချိန်ထိမြန်မာပြည်တွင်တရားဝင်တင်သွင်းဖြန့်ဖြူးမှုမရှိသေးပါ။

မျက်စိခွဲစိတ်ကုသမှုကုန်ကျစားရိတ်

- မျက်စိအတွင်းတိမ်ခွဲစိတ်ကုသမှုစားရိတ်သည် ခွဲစိတ်ကုသသည့်ဆေးခန်း၊ဆေးရုံ ခွဲစိတ်သည့်နည်းပညာနဲ့နည်းလမ်း၊ မျက်စိအတွင်းတိမ်ခွဲစိတ်ရာတွင်အသုံးပြုရသည့် စက်ပစ္စည်းကရိယာများ၊ သုံးစွဲသည့်မျက်တွင်းမှန် IOL အပါအဝင်မျက်စင်းနဲ့ဆေးဝါးများ၊ လူနာအတွက်ဘေးကင်းလုံခြုံစိတ်ချစွာကုသပေးနိုင်ဖို့ဆရာဝန်၊သူနာပြုဝန်ထမ်းများပြည့်စုံစွာထားရှိပေးမှုစသောအချက်အလက်များအပေါ်မူတည်၍ကုသမှုကုန်ကျစားရိတ်များကွာခြားမှုရှိပေသည်။
- မျက်စိခွဲစိတ်ရာတွင် ရိုးရိုးလက်ခွဲသည် ခွဲစိတ်မှန်ဘီလူး operating microscope သာသုံးစွဲရပြီး မျက်စိတိမ်ခွဲစက် Phaco machine မသုံးစွဲရသည့်အတွက်ကုန်ကျစားရိတ်သက်သာပါသည်။ စက်ခွဲ Phaco (အရပ်ခေါ်လေဆာခွဲ) သည် Phaco machine ပါသုံးစွဲရသည့်အတွက်စက်စားရိတ်ပိုမိုကုန်ကျပါသည်။ စက်အမျိုးအစားများမှာလည်း လူနာအတွက် safety ကွာခြားမှု မျက်စိခွဲစိတ်ဆရာဝန်အတွက် သက်တောင့်သက်သာ စိတ်ကျေနပ်စွာခွဲစိတ်နိုင်မှုကွာခြားပြီးကုန်ကျစားရိတ်လည်းကွာခြားပေသည်။( ဥပမာ။ ။ မော်တော်ကားအမျိုးအစားများ၏ဘေးကင်းလုံခြုံမှုနဲ့ သက်တောင့်သက်သာဇိမ်ကျမှု (safety and Luxury) ကွာခြားသည့်အပေါ်မူတည်ပြီး တန်ဘိုးများကွာခြားသကဲ့သို့တိမ်ခွဲစက် Phaco machine များလည်း တန်ဘိုးနဲ့ကုန်ကျစားရိတ်ကွာခြားပေသည်)
- လက်ရှိအနှစ် ၂၀ ကျော်မျက်စိကုသမှုအတွေ့အကြုံအရ မြန်မာပြည်အနေဖြင့်အတွင်းတိမ်လွန်ရေတိမ်ဝင်ကာမျက်စိမကွယ်ဖို့အဓိကဦးစားပေးကုသပေးနေရသည့်အခြေအနေအရ မျက်လုံးအတွင်းရှိအတွင်းတိမ်ထွက်သွားဖို့အရေးအဓိကထားကုသနေရသည့်အတွက် လူနာ၏ငွေကြေးအခြေအနေအရ quality of vision ထက် prevention of blindness ကိုသာဦးစားပေးကုသပေးနေရပေသည်။
- သို့သော် ယနေ့တွင်တော့မြန်မာပြည်တွင် နိုင်ငံတကာအဆင့်မှီပြည့်စုံစွာ အတွင်းတိမ်ရောဂါကိုကုသပေးနိုင်နေကြပြီဖြစ်ပါသည်။
- Mass surgery and selective surgery အများခွဲစိတ်မှု( ပရဟိတအလှူအခမဲ့အများခွဲစိတ်ကုသမှု) နှင့်သီးသန့်ခွဲစိတ်မှုကွာခြားချက်….
- Mass surgery သည် Public prevention and blindness ဆင်းရဲနွမ်းပါးပြည်သူလူထုမျက်မမြင်ကာကွယ်တိုက်ဖျက်ရေးအတွက်အကျိုးရှိသော်လည်း လူနာတစ်ဦးချင်းစီအတွက် quality care ရရှိမှုကွာခြားပေသည်။

အပိုင်း (၄) “အတွင်းတိမ်”Complications of Cataract surgery အတွင်းတိမ်ခွဲတာအန္တရာယ်ရှိနိုင်လား?မည်သည့်ခွဲစိတ်မှုမဆိုအန္တရာ...
16/09/2023

အပိုင်း (၄) “အတွင်းတိမ်”
Complications of Cataract surgery
အတွင်းတိမ်ခွဲတာအန္တရာယ်ရှိနိုင်လား?
မည်သည့်ခွဲစိတ်မှုမဆို
အန္တရာယ်ရှိနိုင်သကဲ့သို့
အတွင်းတိမ်ခွဲစိတ်မှုတွင်လည်းအန္တရာယ်
ရှိနိုင်ပေမဲ့အတွင်းတိမ်ခွဲစိတ်မှုဟာ
အန္တာရာယ်အနည်းဆုံးပါပဲ…
အတွင်းတိမ်ခွဲစိတ်ရာတွင်
ဖြစ်ပေါ်နိုင်သောပြဿနာများသည်
- ရောဂါအတိမ်အနက်အခြေအနေ။
- မျက်စိခွဲစိတ်ဆရာဝန်ရဲ့လေ့ကျင့်သားပြည့်ဝမှု၊ ကျွမ်းကျင်လိမ်မာမှု၊ အတွေ့အကြုံရင့်ကျက်မှု။
- မျက်စိခွဲစိတ်သောစက်ပစ္စည်းကရိယာများပြည့်စုံကောင်းမွန်မှု၊ ခေတ်နဲ့အညီပြောင်းလဲတိုးတက်လာသောနည်းပညာများအသုံးချဆောင်ရွက်နိုင်မှု။
- မျက်စိခွဲစိတ်ခန်းကျယ်ဝန်းသန့်ရှင်းပိုးသန့်စင်မှုနှင့်ခွဲစိတ်ခန်းသူနာပြုဝန်ထမ်းများ၏ပိုးမွှားသန့်စင်ရေးအလေးဂရုပြုလိုက်နာဆောင်ရွက်မှု…..တို့အပေါ်မူတည်ပြီးအတွင်းတိမ်ခွဲစိတ်မှုအန္တရာယ်အနည်း/အများရှိတတ်ပေသည်။
ဆက်လက်တင်ပြပါအုံးမည်❤️❤️❤️

အပိုင်း(၃) “အတွင်းတိမ်”Indications of Cataract Surgery အတွင်းတိမ်ဘယ်တော့ခွဲရမလဲ?အတွင်းတိမ်ရောဂါကိုခွဲစိတ်ကုသရာတွင်(၁) Vi...
15/09/2023

အပိုင်း(၃) “အတွင်းတိမ်”
Indications of Cataract Surgery
အတွင်းတိမ်ဘယ်တော့ခွဲရမလဲ?
အတွင်းတိမ်ရောဂါကိုခွဲစိတ်ကုသရာတွင်
(၁) Visual Indication - to improve visual function - အမြင်အာရုံပိုမိုကောင်းမွန်ဖို့ခွဲစိတ်ခြင်း
(၂) Medical indications - ဆေးပညာသဘောအရမျက်စိကွယ်စေနိုင်သောရောဂါများတားဆီးကာကွယ်ကုသရန်အတွက်ခွဲစိတ်ရခြင်းဟူ၍နှစ်ပိုင်းရှိပါသည်။
To improve visual function (အမြင်အာရုံပိုမိုကောင်းမွန်ဖို့ခွဲစိတ်ခြင်း)
- မိမိရဲ့နိစ္စဒူဝလုပ်ဆောင်ရသောမိမိလုပ်ငန်းအနေအထားအရစိတ်ကသိကအောင့်ဖြစ်စေလောက်အောင်အမြင်အာရုံမှုန်ဝါးနေပြီဆိုရင်ခွဲသင့်ပြီပေါ့..ဥပမာ။ ။တောင်သူလယ်သမားတစ်ဦးအနေဖြင့် သူ့နွား ကိုယ့်နွားမကွဲပြား မြွေကင်း ခလုပ်ကသင်းမကွဲပြားတော့တဲ့အခါခွဲသင့်သလို နေ့စဉ်ကားမောင်းရသူအတွက်ညဘက်ကားမောင်းရခက်ခဲလာရင်လည်းခွဲသင့်ပြီပေါ့ နေ့စဉ်စာရေးစာဖတ်လုပ်ရသူအတွက်စာရေးစာဖတ်ခက်ခဲစိတ်ညစ်ရပြီဆိုလည်းခွဲသင့်ပြီပေါ့။ ဒါပေမဲ့လည်းအတွင်းတိမ်သာရှိပြီးအခြားနောက်ဆက်တွဲမျက်စိကွယ်စေနိုင်သောရေတိမ်ရောဂါ မျက်လုံးနောက်ခန်းမြင်လွှာအာရုံကြောရောဂါများမရှိသေးပါကလူနာသဘောဆန္ဒအရအချိန်ယူခွဲစိတ်ကုသနိုင်တာပေါ့…
- Medical Indications ဆေးပညာသဘောအရခွဲစိတ်ရခြင်း ………အတွင်းတိမ်နောက်ဆက်တွဲ ရေတိမ်ရောဂါများ(Phacolytic Glaucoma/ Phacomorphic Glaucoma / Secondary Angle Closure Glaucoma) များပါရှိနေသည်ဟုမျက်စိဆရာဝန်မှာစမ်းသပ်စစ်ဆေးတွေ့ရှိပြီဆိုလျှင်တော့အချိန်မဆိုင်းပဲအမြန်ခွဲသင့်ပြီပေါ့… ဒါ့အပြင်မျက်လုံးနောက်ခန်းမြင်လွှာရောဂါ အထူးသဖြင့်ဆီးချိုမြင်လွှာရောဂါများဆက်လက်ကုသရန်လိုအပ်တဲ့အခါမှာလည်းအတွင်းတိမ်ခွဲသင့်တာပေါ့❤️❤️❤️
- ဆက်လက်တင်ပြပါအုံးမည်

အပိုင်း(၂) “အတွင်းတိမ်”အတွင်းတိမ်ရောဂါဖြစ်လာရင်ဘယ်လိုတွေခံစားလာရနိုင်သလဲ?အတွင်းတိမ်ရောဂါရှိလာရင်(၁) Blurred Vision အမြင်...
15/09/2023

အပိုင်း(၂) “အတွင်းတိမ်”
အတွင်းတိမ်ရောဂါဖြစ်လာရင်
ဘယ်လိုတွေခံစားလာရနိုင်သလဲ?
အတွင်းတိမ်ရောဂါရှိလာရင်
(၁) Blurred Vision အမြင်ဝါးလာခြင်း။
(၂) Need for brighter light for reading
စာဖတ်ရာမှာအရင်နဲ့မတူအလင်းရောင်ပိုမိုရ မှစာဖတ်လို့ရခြင်း။
(၃) Fading of Colors ယခင်နဲ့မတူအရောင်များဖျော့လာခြင်း။
(၄) Difficulty with Vision at Night
ညဘက်တွင်ယခင်နဲ့မတူကြည့်ရခက်ခဲလာခြင်း။
(၅) Sensitivity to Light/ Glare
အလင်းမကြည့်နိုင်ခြင်း၊ အလင်းရောင်များဖြာထွက်နေခြင်း။
(၆) Double vision in one eye
မျက်စိတစ်ဘက်ထဲတွင်ပုံရိပ်များနှစ်ထပ်ဖြစ်နေခြင်း။
စတဲ့လက္ခဏာတွေခံစားလာတတ်တာပေါ့။
ဒါတွေခံစားရလာရင်
သင့်ရဲ့မျက်စိဆရာဝန်နဲ့ပြသတိုင်ပင်ဆွေးနွေး
ကြည့်ပါ။

ဆက်လက်တင်ပြပါမည်❤️❤️❤️

အပိုင်း(၁)“အတွင်းတိမ်ရောဂါ”မျက်လုံးတွင်းရှိLens ဟုခေါ်သောမှန်ကြည်လေးမှာ Lens capsule ဟုခေါ်သောအမြှေးပါးအိပ်လေးအတွင်းကြက်...
13/09/2023

အပိုင်း(၁)
“အတွင်းတိမ်ရောဂါ”

မျက်လုံးတွင်းရှိLens ဟုခေါ်သော
မှန်ကြည်လေးမှာ Lens capsule ဟုခေါ်သောအမြှေးပါးအိပ်လေးအတွင်း
ကြက်ဥအကာကဲသို့ကြည်လင်နေသည့်
protein အရည်တစ်မျိုးပါရှိပေသည်။
လူအများသိပြီးသကဲ့သို့
ကြက်ဥအကာprotein အရည်ကြည်သည်
အပူဓါတ်နှင်ထိတွေ့သည့်အခါ
ဖြူခဲသွားတတ်သကဲ့သို့
မျက်လုံးတွင်းမှန် Lens တွင်ပါရှိသော
protein အရည်ကြည်သည်လည်းအသက်အရွယ်ရလာသည်နှင့်အမျှ
နေပူဒဏ် UV light နှင့်အခြားကြောင်းအရင်းများစွာတို့ကြောင့်အရည်ကြည်အဖြစ်မှ
အခဲအဖြစ်သို့ပြောင်းလဲကာ
မှန်အကြည်ဓါတ်ဆုံးရှုံးမှုန်ဝါးသွားခြင်းကိုအတွင်းတိမ် Cataract ဟု
ခေါ်ဆိုကြခြင်းဖြစ်ပေသည်။
Lens ဟုခေါ်သော
ထိုမှန်ကြည်လေးမှ
အတွင်းတိမ်ရောဂါ Cataract ဖြစ်သွားရခြင်းအကြောင်းအရင်းများစွာရှိသည့်ထဲမှများသောအားဖြင့်
-အသက်အရွယ်ကြီးရင့်လာခြင်း
-နေပူဒဏ်များစွာခံရခြင်း
-မီးအပူဒဏ်များစွာခံရခြင်း
-ထိခိုက်ဒဏ်ရာ
- Steroids စသောဆေးဝါးများ
- ဆီးချိုရောဂါစသဖြင့်အကြောင်းကြောင့်ဖြစ်တတ်သလို
- တချို့မွေးကတည်းကမှန်ကြည်လေးအစားမှန်ကလေးနောက်ကျိပါလာသောမွေးရာပါအတွင်းတိမ်လည်းဖြစ်တတ်ပေသည်။

အတွင်းတိမ်ဘာကြောင့်ခွဲကုရသလဲ?
မျက်စဉ်း စားဆေး ထိုးဆေးနဲ့မပျောက်နိုင်ဘူးလား? မျက်မှန်တတ်လို့မရဘူးလား?

အတွင်းတိမ်ရောဂါဟာ
မျက်လုံးအတွင်းကမွေးရာပါမျက်တွင်းမှန်ဘီလူးလေးနောက်ကျိခဲသွားတာဖြစ်ပြီး
မျက်လုံးရှေ့ပြူတင်းတံခါးနဲ့တူတဲ့ cornea ဟုခေါ်သောမျက်ကြည်လွှာကလေးနဲ့ sclera ဟုခေါ်သောမျက်လုံးနံရံအိတ်အတွင်းမှာရှိနေပြီးတိမ်ဖြစ်သွားတဲ့ မှန်ဘီလူးလေးဟာလည်းမူလကတည်းကသီးခြား blood supply မရှိတဲ့အတွက်မျက်စင်းစားဆေးတွေယနေ့တိုင်ကမ္ဘာပေါ်မှာတီထွင်နိုင်ခြင်းမရှိသေးပဲထိုတိမ်လေးကိုခွဲစိတ်ထုတ်ယူပီးသူ့နေရာမှာပါဝါကိုက်မျက်တွင်းမှန်ဘီလူးကလေးပြန်လည်ထည့်သွင်းကုသပေးသည့်နည်းပညာအဆင့်ဆင့်ပြောင်းလဲတိုးတက်မှုနဲ့သာကုသပေနိုင်ပါသည်။
မျက်စင်းစားဆေးနဲ့ပျောက်ကင်းအောင်
ယနေ့ထိတကမ္ဘာလုံးမှာကုသလို့မရနိုင်ပါ။
မှတ်ချက်။ ။ အနှစ် ၂၀ ကျော်အညာဒေသမှာမျက်စိကုသပေးနေခဲ့သောအတွေ့အကြုံများအရ အတွင်းတိမ်ကြောင့်မျက်စိမှုန်နေခြင်းကို ကွမ်းရွက်ကပ်ခြင်း၊သမုန်းကျည်းပေါင်း ကြက်မောက်မြစ် ဆင်တုန်းမနွယ် ဆီးဖြူသီး စံပါယ်ပန်းစသဖြင့်ဆေးမှီးတိုမျိုးစုံသုံးစွဲကြသောလွှဲမှားသည့်အယူအဆများကြောင့် မျက်လုံးတခုလုံးယောင်ယမ်းခြင်း မျက်ကြည်လွှာအနာဖြစ်ပေါက်ထွက်ခြင်းများဖြစ်ကြသော လူနာများစွာတွေ့ကြုံခဲ့ရပေသည်။
မျက်မှန်တတ်ရသည်ဆိုသည်မှာ
မျက်လုံးတွင်းအခြားမည်သည့်ရောဂါမျှမရှိပဲcornea မျက်ကြည်လွှာလည်းကြည်လင်နေပီး Len ဟုခေါ်သောမျက်တွင်းမှန်ကလေးကလည်းကြည်လင်စွာအလင်းဖေါက်နိုင်သော ပါဝါလိုအပ်သောအနီးမှုန် အဝေးမှုန်ရောဂါများအတွက်သာမျက်မှန်တတ်ကုသပေးနိုင်ပါသည်။

အတွင်းတိမ်ရောဂါကို
ဘယ်အချိန်ခွဲမှာလဲ?
ဘယ်လိုခွဲမှာလဲ?စသဖြင့်
ဆက်လက်တင်ပြပေးသွားပါအုံးမည်

ထီလာဦးမျက်စိဆေးရုံတွင်ဒေါ်လာ ၈၆၀၀၀ တန် 2023 model Centurion (Alcon USA) Phaco စက်သစ်ဖြင့်ဒေါ်လာ ၁၈၀ တန် Alcon Ultrasert ...
14/08/2023

ထီလာဦးမျက်စိဆေးရုံတွင်
ဒေါ်လာ ၈၆၀၀၀ တန် 2023 model
Centurion (Alcon USA) Phaco စက်သစ်ဖြင့်
ဒေါ်လာ ၁၈၀ တန် Alcon Ultrasert IOL အသုံးပြု၍ International စံချိန်မှီ
အတွင်းတိမ်ရောဂါကို
ဒေါ်လာ ၇၀၀ package
စနစ်ဖြင့်ခွဲစိတ်ကုသပေးနိုင်ပြီဖြစ်ပါကြောင်း
အသိပေးအပ်ပါသည်❤️❤️❤️

၂၇-၁၀-၂၀၂၂ မှစတင်၍Regular Senior Consultant ၂ဦးPart time Senior Consultant ၂ ဦးRCSed Resident  ၁ဦးAS ၂ ဦးတို့ဖြင့်ထီလာဦး...
26/10/2022

၂၇-၁၀-၂၀၂၂ မှစတင်၍
Regular Senior Consultant ၂ဦး
Part time Senior Consultant ၂ ဦး
RCSed Resident ၁ဦး
AS ၂ ဦးတို့ဖြင့်
ထီလာဦးမျက်စိဆေးရုံကို
ပြန်လည်ဖွင့်လှစ်ကာ
မျက်စိကုသမှုများ
ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း
အားကိုးအားထားပြုနေကြသော
ဒေသခံပြည်သူလူထုမျက်စိလူနာများအား
ရိုသေစွာအသိပေးအကြောင်းကြားအပ်ပါသည်ခင်ဗျား

ဝန်ထမ်း ၆ ဦးကိုဗစ်Positive ဖြစ်နေပါသောကြောင့် လူနာများအားကူးစက်မှုမဖြစ်စေရန်အတွက်၂၆-၁၀-၂၀၂၂ ရက်နေ့အထိထီလာဦးမျက်စိဆေးရုံအ...
14/10/2022

ဝန်ထမ်း ၆ ဦး
ကိုဗစ်Positive ဖြစ်နေပါသောကြောင့်
လူနာများအားကူးစက်မှုမဖြစ်စေရန်အတွက်၂၆-၁၀-၂၀၂၂ ရက်နေ့အထိ
ထီလာဦးမျက်စိဆေးရုံအားခေတ္တပိတ်ထားပါကြောင်းလူနာများအားအသိပေးအပ်ပါသည်ခင်ဗျား…
၂၇-၁၀-၂၀၂၂ ရက်နေ့မှပြန်လည်ကြည့်ရှုကုသပေးပါမည်

Address

Meiktila

Telephone

+959951867133

Website

Alerts

Be the first to know and let us send you an email when ထီလာဦးမျက်စိအထူးကုဆေးရုံ Htilar Oo Eye Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Other Meiktila clinics

Show All