Aung Say Paing Specialist Clinic

Aung Say Paing Specialist Clinic Specialist clinic

မင်္ဂလာပါရှင် 🙏ရာသီတုပ်ကွေး ကာကွယ်ဆေး vaxigrip tetra ထိုးနှံလိုသူများ ဆေးခန်းသို့ လာရောက် စာရင်းပေးနိုင်ပါပြီရှင့် 🥰🥰🥰အေ...
22/07/2025

မင်္ဂလာပါရှင် 🙏
ရာသီတုပ်ကွေး ကာကွယ်ဆေး vaxigrip tetra ထိုးနှံလိုသူများ ဆေးခန်းသို့ လာရောက် စာရင်းပေးနိုင်ပါပြီရှင့် 🥰🥰🥰
အောင်စေပိုင် အထူးကုဆေးခန်း
၀၉-၄၄၄၃၃၃၄၄၉ / ၀၉-၂၅၆၀၀၄၂၉၄

 #မိတ္ထီလာမြို့အတွက်…. သင်နဲ့သင့်မိသားစုရဲ့ကျန်းမာရေးဆိုင်ရာကိစ္စများတွက်*အောင်စေပိုင်*မှ အိမ်တိုင်ရာရောက်ဆေးကုသမှု့များ...
12/06/2025

#မိတ္ထီလာမြို့အတွက်….
သင်နဲ့သင့်မိသားစုရဲ့ကျန်းမာရေးဆိုင်ရာကိစ္စများတွက်
*အောင်စေပိုင်*မှ အိမ်တိုင်ရာရောက်ဆေးကုသမှု့များဆောင်
ရွက်ပေးနေပါပြီ။…*

အိပ်ယာထဲမှမထနိုင်သောလူနာများ…
ဘိုးဘိုးဘွားဘွားသက်ကြီးလူနာများ…
ဆေးခန်းလာရန်အခက်အခဲရှိသောလူနာများတွက်…
* အောင်စေပိုင်*မှ 𝗵𝗲𝗮𝗹𝘁𝗵 𝘀𝗲𝗿𝘃𝗶𝗰𝗲𝘀 *ဝန်ဆောင်မှု့ရှိပါတယ်။
#မိတ္ထီလာမြို့အနီးအနားရှိ ရွာများသို့လည်း ဝန်ဆောင်မှုရှိပါတယ်
*𝐡𝐨𝐭 𝐥𝐢𝐧𝐞>>> 𝐩𝐇-09256004294ဆက်သွယ်နိုင်ပါတယ်။

#အိမ်ပင့်ဒေါက်တာ
#ကျန်းမာရေး #ဖျားနာ #နာတာရှည်

“အောင်စေပိုင် “မှ မင်းသမီးလေးများ 😍🥰
03/10/2024

“အောင်စေပိုင် “မှ မင်းသမီးလေးများ 😍🥰

 (မျောက်ကျောက်)ရောဂါ 🚨လက်ဆေးပါ      Maskတပ်ပါ 📣အားလုံးဂရုစိုက်ကြပါရှင် 📣 📣ရောဂါသံသယလက္ခဏာများခံစားရပါက နီးစပ်ရာကျန်းမာရေ...
22/08/2024

(မျောက်ကျောက်)ရောဂါ
🚨လက်ဆေးပါ
Maskတပ်ပါ
📣အားလုံးဂရုစိုက်ကြပါရှင် 📣
📣ရောဂါသံသယလက္ခဏာများခံစားရပါက နီးစပ်ရာကျန်းမာရေးဌာနသို့ အမြန်ဆုံးသတင်းပို့၍ လိုအပ်သောစမ်းသပ်စစ်ဆေးမှုနှင့်ကုသမှုခံယူပါရှင့်

🚨🚨🚨သွေးသွင်းကုသရန်လိုအပ်သော လူနာအတွက် ကုန်ကျစားရိတ်အားလုံးကို လှူဒါန်းပေးပါသော အကိုကြီး ကိုဇေယျာကျော် ၊သွေးလှူဒါန်းပေးပါ...
23/07/2024

🚨🚨🚨သွေးသွင်းကုသရန်လိုအပ်သော လူနာအတွက် ကုန်ကျစားရိတ်အားလုံးကို လှူဒါန်းပေးပါသော အကိုကြီး
ကိုဇေယျာကျော် ၊သွေးလှူဒါန်းပေးပါသော ဂရမ်းထီလာဆေးရုံမှ ညီမလေး မဟေမာန်နှင်း အား “အောင်စေပိုင်”ဆေးခန်းမိသားစုမှ ကျေးဇူးအထူးတင်ရှိပါသည်🥰😍😍😊

🛑ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ( Cholera)🛑🔺ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ( ကာလဝမ်းရောဂါ)ဆ်ိုတာ က vibrio cholerae လို့ခ...
08/07/2024

🛑ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ( Cholera)🛑

🔺ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ( ကာလဝမ်းရောဂါ)ဆ်ိုတာ က vibrio cholerae လို့ခေါ်တဲ့ ဘက်တီးရီးယားပိုးကြောင့်ဖြစ်တာပါ

🔺ကာလဝမ်းရောဂါ ကပြင်းထန်ဝမ်းလျှောခြင်းနဲ့ ရေဓာတ်ခန်းခြောက်ခြင်းကို နာရီပိုင်းအတွင်းဖြစ်စေတတ်တယ်

🔺မကုသဘဲထားပါက ယခင်က ကျန်းမာသောလူများတွင်ပင် နာရီပိုင်းအတွင်း သေဆုံးနိုင်ပါတယ်

⚠️ဘယ်လိုကူးစက်ပြန့်ပွားလဲ ⚠️

🔺ရောဂါပိုးပါသောရေကိုသောက်သုံးခြင်း

🔺ရောဂါပိုးပါသော အစာကိုစားသုံးခြင်း

🔺လူနာရဲ့မစင် အန်ဖက်နဲ့ထိုအရာတွေမှာ ပေနေသောအရာဝတ္ထုများကို ကိုင်တွယ်မိခြင်း

🔺အဆိုပါရောဂါဖြင့်သေဆုံးသူကိုထိတွေ့မိခြင်းတို့ကြောင့် ကူးစက်ပြန့်ပွားနိုင်ပါတယ်

📛ရောဂါလက္ခဏာများ 📛

🔺ပြင်းထန်စွာဝမ်းလျှောခြင်း

▪️ဝမ်းအရောင်က ဆန်ဆေးရေ အရောင်လိုဖြစ်နေမယ်
▪️အညှီနံ့ ရှိနေနိုင်တယ်
▪️ဝမ်းလျှောတဲ့ ပမာဏများတဲ့အတွက်အချိန်အနည်းငယ်အတွင်းမှာ ခန္ဓာကိုယ်ထဲက ရေဓာတ်များစွာဆုံးရှုံးနိုင်ပါတယ်

🔺ပျို့ခြင်း / အန်ခြင်း

▪️တခါတရံ ဝမ်းပျက်ဝမ်းလျှောမဖြစ်ခင် အရင်ဆုံး အန်တာနဲ့စလာတတ်ပါတယ်

🔺ကြွက်တက်ခြင်း

▪️ဝမ်းအရည်နဲ့အတူ ခန္ဓာကိုယ်ထဲကနေ ဆိုဒီယမ် ပိုတက်ဆီယမ် ကလိုရိုက်စတဲ့ ဓာတ်တွေအလျင်အမြန်ဆုံးရှုံးသွားတဲ့အခါ ဖြစ်တတ်ပါတယ်

🔺ရေဓာတ်ခမ်းခြောက်ခြင်း

▪️နာရီပိုင်းအတွင်းဖြစ်နိုင်တဲ့အတွက် သတိထားရပါမယ်
▪️အားအင်ကုန်ခမ်းသလိုဖြစ်နေမယ်
▪️ကလေးငယ်လေးတွေမှာ တချိန်လုံးဂျီကျနေတာမျိုး
▪️ရေအလွန်အမင်းဆာနေတာ မျက်ရည်မထွက်တာ
▪️မျက်တွင်းချိုင့်ဝင် ငယ်ထိပ်ချိုင့်ဝင်
▪️ဆီးပေါက်နည်းသွားတာမျိုး သွေးပေါင်ကျလာတာမျိုးရှိနေနိုင်ပါတယ်

‼️ဒါမျိုးလက္ခဏာရှိလာရင် နီးစပ်ရာကျန်းမာရေးငှာနကိုချက်ချင်းသွားပါ‼️

✅ဘယ်လိုကုသမလဲ✅

ဓာတ်ဆား
▪️အသက်ကယ်ဆေးက ဓာတ်ဆားပါ
ဝမ်းလျှောခြင်းမှာ အဓိက အန္တရယ်က ရေဓာတ်ဆားဓာတ်ဆုံးရှုံးမှု ဖြစ်တဲ့အတွက် အချိုးကျဖျော်စပ်ထားတဲ့ WHO ဖော်မြူလာအတိုင်းထုတ်ထားတဲ့ ဓာတ်ဆားကိုသာသုံးရပါမယ်

▪️ဖျော်ပုံဖျော်နည်းမှန်ကန်ဖို့လည်းလိုပါတယ် ( တလီတာအတွက် အထုပ် နဲ့ ရေ 200 ml အတွက်အထုပ်ဆိုပြီးလည်းရှိပါတယ်)

▪️ရေဓာတ်အလွန်အကျွံဆုံးရှုံးမှုမဖြစ်စေရန်
၂ နှစ်အောက်ကလေး - ဝမ်းတကြိမ်သွားပြီးတိုင်းဓာတ်ဆား ၅၀ - ၁၀၀ မီလီလီတာ
၂ နှစ်အထက် - ၁၀၀ - ၂၀၀ မီလီလီတာ ကို ဝင်နိုင်သလောက်တိုက်တိုက်ပေးပါ

▪️ကလေးက အန်နေလျှင် ၁၀ မိနစ်ခန့်စောင့်ပြီး နည်းနည်းစီပြန်တိုက်ကြည့်ပါ

▪️လူကြီးတယောက် ကာလဝမ်းရောဂါဖြစ်တဲ့အခြေအနေမှာ ရေဓာတ်ခန်းခြောက်တဲ့လက္ခဏာရှိနေရင် တရက်ကို ဓာတ်ဆား ၆ ထုပ်(၆ လီတာ)ခန့် လိုနိုင်ပါတယ်

▪️ရေဓာတ် အလွန်အမင်းဆုံးရှုံးလာရင်တော့ သွေးကြောထဲ ဓာတ်ဆားရည်သွင်းဖို့လိုနိုင်ပါတယ်

✅ Zinc ( ဇင့် ဆေး အရည် / ဆေးပြား ) ✅
▪️ဝမ်းပျက်ဝမ်းလျှောဖြစ်နေတဲ့ အသက် ၅ နှစ်အောက်ကလေးတွေမှာ Zinc တိုက်ကျွေးခြင်းဟာ ဝမ်း
သွားတဲ့အကြိမ်ကို လျော့နည်းစေနိုင်သလို နောက်ထပ်
ဝမ်းလျှောခြင်းကိုပါကာကွယ်ပေးနိုင်ပါတယ်

၆ လအောက်ကလေး - တနေ့လျှင် Zinc 10 mg
၆ လအထက်ကလေး - တနေ့လျှင် Zinc 20 mg

🔶 ပိုးသတ်ဆေး 🔶
▪️အလွန်အကျွံမသုံးပါနဲ့
သင့်တော်သောဆေးကိုကျွမ်းကျင် ဆရာဝန် ဆရာမ နှင့်တိုင်ပင်ပြီးမှသာသောက်ပါ

✅ အစားအသောက်နှင့်အာဟာရ ✅

- မိခင်နို့တိုက်နေတဲ့ကလေးဝမ်းလျှောနေရင် မိခင်နို့ကိုဆက်တိုက်ပါ

- သန့်ရှင်းစွာပြင်ဆင်ထားသောအစားအသောက် များ စားသုံးလို့ရပါတယ်

- ဆန်ပြုတ် စွပ်ပြုတ် လိုကြေလွယ်တဲ့အစာများ ထမင်းရည်၊ အုန်းရည် များ တိုက်ပေးလို့ရပါတယ်

♻️ကာကွယ်ခြင်း ♻️
✅ သန့်ရှင်းသောရေကိုသောက်သုံးပါ
ရေသန့်မရနိုင်လျှင် ရေကိုကျိုချက်ပြီးမှသောက်ပါ
အိမ်သုံးရေကို ကလိုရင်းဆေးပြားခတ်ပြီးမှသုံးပါ

✅ ယင်လုံအိမ်သာအသုံးပြုပါ
ယင်လုံအိမ်သာမရှိသောနေရာတွင် ရောဂါပိုးရှိသော မစင်ကနေတဆင့် ထပ်ပြန့်ပွားဖို့မဖြစ်ရအောင် မစင်ကိုစနစ်တကျစွန့်ပစ်ပါ
သောက်သုံးရေအရင်းအမြစ်မှ ပေ ၁၀၀ ခန့်အကွာမှာ ကျင်းတူးပြီး စွန့်ပစ်ပါ
အရေးပေါ်အခြေအနေမှာ ယာယီအိမ်သာကျင်း ကို ရေရှိသောနေရာနှင့် ပေ ၁၀၀ အကွာမှာ၁ ပေခွဲ အနက်ခန့်တူးပြီး စွန့်ပစ်ပါ

✅ သန့်ရှင်းလတ်ဆတ်သော အစားအသောက်များစားသုံးပါ

ယင်နားစာများ မစားပါနဲ့

အသားငါးအသီးအရွက်များ ကျက်အောင်ချက်ပြုတ်ပြီးမှစားသုံးပါ

✅ လက်ကိုဆပ်ပြာဖြင့် သေချာသန့်စင်အောင်ဆေးပါ

စားသောက်တဲ့ကလေးရဲ့လက်နဲ့ ကျွေးမွေးပြုစုတဲ့လူကြီးရဲ့လက် ၊ ဝမ်းသွေးပြီးတိုင်း သန့်ရှင်းရေးလုပ်ပေးတဲ့ လက်ကို ဆပ်ပြာနှင့်သေချာဆေးပါ

အစားမစားခင် နဲ့ ဝမ်းသွားပြီးတိုင်းလက်ကိုသေချာစွာဆေးပါ

✅ မီးဖိုချောင်သုံးပစ္စည်းများနှင့် အစားအစာများကို ချက်ပြုတ်သည့်နေရာများကို သန့်ရှင်းပြီး ပိုးသတ်ပါလုံးဝခြောက်သွေ့အောင်ထားပါ

သောက်သုံးရေအရင်းအမြစ်များမှ မီတာ ၃၀ (ပေ ၁၀၀) အကွာအဝေးခန့်တွင် အဝတ် သို့မဟုတ် အနှီးများကို လျှော်ပါ

ညစ်ညမ်းနေသော အိမ်သာများနှင့် မျက်နှာပြင်များကို သန့်ရှင်းပြီး ပိုးသတ်ပါ

သန့်ရှင်းရေး ပြီးသောအခါ၊ ဆပ်ပြာရည်နှင့် ပိုးသတ်ဆေးရည်များကို ရေမြောင်း၊ အိမ်သာ သို့မဟုတ် အိမ်သာထဲသို့ လောင်းထည့်ခြင်းဖြင့် ဘေးကင်းစွာ စွန့်ပစ်ပါသန့်စင်ပြီး ပိုးသတ်ပြီးနောက် လက်ကို ဆပ်ပြာနှင့်ရေဖြင့် ထပ်မံဆေးကြောပါ

အထက်ပါနည်းလမ်းများဖြင့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကူးစက်ပြန့်ပွားခြင်းကိုအလျင်အမြန်ကာကွယ်နိုင်မှာဖြစ်ပါတယ်

တုပ်ကွေးကာကွယ်ဆေးထိုးဖို့စာရင်းပေးထားသူများလာရောက်ထိုးနှံနိုင်ပါပြီ****ဆေးအရေအတွက်အနည်းငယ် instockရှိလို့ စာရင်းမပေးရသေး...
11/06/2024

တုပ်ကွေးကာကွယ်ဆေးထိုးဖို့စာရင်းပေးထားသူများလာရောက်ထိုးနှံနိုင်ပါပြီ

****ဆေးအရေအတွက်အနည်းငယ် instockရှိလို့ စာရင်းမပေးရသေးသူများလဲလာထိုးနိုင်ပါတယ်******

ဆေး‌ဈေးအတက်အကျရှိနိုင်တာရယ် အလုံးရေအနည်းငယ်ပဲinstockရှိတာမို့ လာထိုးမယ်ဆို ဖုန်းကြိုဆက်ပြီးစုံစမ်းနိုင်ပါတယ်

ဆေးခန်းလိပ်စာ - ပြည်သူ့ဆေးရုံကြီးရှေ့၊ကျောက်ပန်းတောင်းလမ်း၊ မိတ္ထီလာမြို့။

ဆေးခန်းဖုန်း - ၀၉၄၄၄၃၃၃၄၄၉

ဆေးခန်းဖွင့်ချိန် - နံနက် (၇)နာရီ မှ ညနေ (၆)နာရီ အထိ



#တုပ်ကွေးကာကွယ်ဆေး
#အောင်စေပိုင် အထူးကုဆေးခန်း
Say Paing Specialist Clinic
#မိတ်ထီလာ

20/05/2024

🥰ဆီးချိုရှိရင် ကျောက်ကပ်ကိုပိုချစ်ပါ...

📌ကမ္ဘာ့လူဦးရေ၏ ၁၀.၅% ခန့် (၅၃၇ သန်း)ဟာ ဆီးချိုသွေးချိုရောဂါရှိနေနိုင်ပြီး ဆီးချိုသွေးချိုရောဂါရှိသူများ၏ ၄၀ % ကျော်ခန့်ဟာ နောက်ဆက်တွဲကျောက်ကပ်ရောဂါရှိနေနိုင်ပါတယ်။

📌ဒါ့အပြင် ဆီးချိုသွေးချိုရောဂါနှင့် ကျောက်ကပ်ရောဂါ ပူးတွဲရှိနေတဲ့ သူများ၏ ၃၁ % ဟာ အကြောင်းကြောင်းကြောင့် သေဆုံးမှုဖြစ်ပွားနိုင်ပါတယ်။ (၂၀၂၁) ခုနှစ်က အင်္ဂလန်နိုင်ငံမှာပြုလုပ်ခဲ့တဲ့ သုတေသနစာတမ်းအရ နှစ်စဉ် ဆီးချိုသွေးချိုရောဂါနှင့်ကျောက်ကပ်ရောဂါ ပူးတွဲရှိနေတဲ့သူအယောက် (၂၀) မှာ တစ်ယောက် သေဆုံးနေပါတယ်။

👉ဆီးချိုသွေးချိုကြောင့်ပဲဖြစ်ဖြစ် အခြားအကြောင်းကြောင့်ပဲဖြစ်ဖြစ် ကျောက်ကပ်ပျက်စီးသူများအနေနဲ့ နေ့စဉ်လူနေမှုဘဝမှ အခက်အခဲများစွာ ကြုံတွေ့ရနိုင်ပါတယ်။ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး အစအစအရာရာ မှာဆိုးကျိုးများဖြစ်ပေါ်စေနိုင်ပြီး နောက်ဆုံး အသက်သေဆုံးမှုပါ ဖြစ်စေနိုင်ပါတယ်။

💊ဒါ့ကြောင့် ဆီးချိုသွေးချိုရောဂါရှိသူများအနေနဲ့ ဆရာဝန်ညွှန်ကြားချက်အတိုင်း ဆီးချိုထိန်းဆေးများကို ပုံမှန်သောက်သုံးခြင်း၊ ဆီးချိုထိန်းသိမ်းမှုကောင်းအောင်စားသောက်နေထိုင်ခြင်းများကို လိုက်နာခြင်းဖြင့် နောက်ဆက်တွဲကျောက်ကပ်ရောဂါကို ကာကွယ်နိုင်ဖို့ 𝗭𝗶𝗳𝗮𝗺 𝗟𝗶𝗻𝗴𝗹𝗶𝗽 မှသတိပေးတိုက်တွန်းအပ်ပါတယ်။

👉မှတ်ချက်။ ။ 𝗭𝗶𝗳𝗮𝗺 𝗟𝗶𝗻𝗴𝗹𝗶𝗽 သည် ဆရာဝန်ညွှန်ကြားချက်ဖြင့်သာသောက်သုံးရသော ဆီးချိုသွေးချိုဆေးအမျိုးအစားဖြစ်ပါသည်။ မိမိသဘောဖြင့် သောက်သုံး၍ မရပါ။

𝗥𝗲𝗳𝗲𝗿𝗲𝗻𝗰𝗲
📌Afkarian, Maryam, et al (2013). Kidney Disease and Increased Mortality Risk in Type 2 Diabetes. 𝘑𝘰𝘶𝘳𝘯𝘢𝘭 𝘰𝘧 𝘵𝘩𝘦 𝘈𝘮𝘦𝘳𝘪𝘤𝘢𝘯 𝘚𝘰𝘤𝘪𝘦𝘵𝘺 𝘰𝘧 𝘕𝘦𝘱𝘩𝘳𝘰𝘭𝘰𝘨𝘺, vol. 24, no. 2, 29 Jan. 2013, pp. 302–308

📌González-Pérez, Antonio, et al (2021). Incidence and Risk Factors for Mortality and End-Stage Renal Disease in People with Type 2 Diabetes and Diabetic Kidney Disease: A Population-Based Cohort Study in the UK. 𝘉𝘔𝘑 𝘖𝘱𝘦𝘯 𝘋𝘪𝘢𝘣𝘦𝘵𝘦𝘴 𝘙𝘦𝘴𝘦𝘢𝘳𝘤𝘩 & 𝘊𝘢𝘳𝘦, vol. 9, no. 1, Oct. 2021, p. e002146

📌Kidney Disease: Improving Global Outcomes (KDIGO) Diabetes Work Group (2020). KDIGO 2020 clinical practice guideline for diabetes management in chronic kidney disease. 𝘒𝘪𝘥𝘯𝘦𝘺 𝘐𝘯𝘵𝘦𝘳𝘯𝘢𝘵𝘪𝘰𝘯𝘢𝘭, 98(4), pp.S1–S115.

📌Sun, Hong, et al (2021). IDF Diabetes Atlas: Global, Regional and Country-Level Diabetes Prevalence Estimates for 2021 and Projections for 2045. 𝘋𝘪𝘢𝘣𝘦𝘵𝘦𝘴 𝘙𝘦𝘴𝘦𝘢𝘳𝘤𝘩 𝘢𝘯𝘥 𝘊𝘭𝘪𝘯𝘪𝘤𝘢𝘭 𝘗𝘳𝘢𝘤𝘵𝘪𝘤𝘦, vol. 183, no. 109119, Dec. 2021,

⛑️အောင်စေပိုင် ဆေးခန်းတွင်တာဝန်ထမ်းဆောင်ရန် အတွေ့အကြုံရှိပြီး ကျွမ်းကျင်သူနာပြုတစ်ယောက် အမြန်အလိုရှိပါသည်။⛑️အင်တာဗျူးချက...
03/05/2024

⛑️အောင်စေပိုင် ဆေးခန်းတွင်တာဝန်ထမ်းဆောင်ရန် အတွေ့အကြုံရှိပြီး ကျွမ်းကျင်သူနာပြုတစ်ယောက် အမြန်အလိုရှိပါသည်။
⛑️အင်တာဗျူးချက်ချင်းဖြေပြီး အဆင်ပြေလျှင်ချက်ချင်းခန့်မည်။
⛑️အင်တာဗျူးမည့်ရက်
၄/၅/၆-၅-၂၀၂၄
အချိန် နံနက် 9:00 to
ညနေ 5:00
⛑️နေရာ ‌_အောင်စေပိုင်
ဆေးခန်း
⛑️ဆက်သွယ်ရန်
📞 09 256004294
Page massager မှ၎င်းစုံစမ်းနိုင်ပါတယ်။

 #နေပူထဲကပြန်လာပြီး_သတိလစ်သွားတယ် #အာတွေလျာတွေ_လေးလာတယ် #ကိုယ်တွေအရမ်းပူတယ် #သွေးပေါင်လည်း_အရမ်းတက်နေတယ် #အပူရှပ်တယ်_ဆို...
21/03/2024

#နေပူထဲကပြန်လာပြီး_သတိလစ်သွားတယ်
#အာတွေလျာတွေ_လေးလာတယ်
#ကိုယ်တွေအရမ်းပူတယ်
#သွေးပေါင်လည်း_အရမ်းတက်နေတယ်
#အပူရှပ်တယ်_ဆိုတာ

ပြင်းထန်တဲ့ အပူရှပ်ခြင်း (Heatstroke) ဆိုတာ ဘာလဲ

အပူရှပ်တယ်ဆိုတာ ပူလွန်းတဲ့ ပါတ်ဝန်းကျင်မှာ ကြာရှည် ထိတွေ့လိုက်မိလို့ ကိုယ်ခန္ဓာ အပူချိန်ပါ အလွန်အကျွံ လိုက်တက်လာတဲ့ အခြေအနေကို ဆိုလိုပါတယ်။

ကိုယ်အပူချိန် ၁၀၄ ဒီဂရီ ဖာရင်ဟိုက် (၄၀ ဒီဂရီ စင်တီဂရိတ်) အထိ တက်ရင်တော့ Heatstroke ခေါ်တဲ့ အပူရှပ်တာ ဖြစ်ပါပြီ။

အပူရှပ်တာ အသက်အန္တရာယ်ရှိတာမို့ အရေးပေါ် ကုသမှု ပေးဖို့လိုပါတယ်။

အရေးပေါ် ကုသမှု မပေးနိုင်ရင်တော့ ဦးနှောက်၊ နှလုံး၊ ကျောက်ကပ် နဲ့ ကြွက်သား တွေကို လျှင်လျှင် မြန်မြန် ရောင်ရမ်း ပျက်စီး စေပါလိမ့်မယ်။

ထိရောက်တဲ့ ကုသမှု ယူဖို့ ကြာလေလေ ထိခိုက်ပျက်စီးတာ ဆိုးလေလေပါပဲ။ သေဆုံးခြင်း အပါအဝင် ပြင်းထန်တဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ ကြုံနိုင်ခြေ များလာပါတယ်။
x x x x x x x

အပူရှပ် တာရဲ့ လက္ခဏာတွေက ဘာတွေလဲ

အဓိက ကေတာ့
ကိုယ်အပူချိန် ၁၀၄ ဒီဂရီ ဖာရင်ဟိုက် (၄၀ ဒီဂရီ စင်တီဂရိတ်) အထိ တက်တာပါပဲ။

နောက်ထပ် လက္ခဏာတွေ ကတော့
စိတ်မူမမှန်ရင် (စိတ်နောက်ခြင်း၊ ကနာမငြိမ်ခြင်း၊ စကားသံလေးလာခြင်း၊ ဂျီကျခြင်း၊ စိတ်ကရောင်ကတမ်းဖြစ်ခြင်း၊ တက်ခြင်း၊ သတိလစ်မေ့မြောခြင်း)
ပျို့ တာ၊ အန်တာ ဖြစ်ရင်
အရေပြား ရှိန်းတိန်းဖိန်းတိန်း ဖြစ်ရင်
အသက်ရှူ နှုန်း သိသိသာသာ မြန်လာရင်
နှလုံးခုန်နှုန်း သိသိသာသာ မြန်လာလို့ ရင်တုန်သလို ခံစားလာရရင်
ခေါင်းထိုးပြီး ကိုက်လာရင် အပူရှပ်တာ ဖြစ်နိုင်ပါတယ်။

အပူရှပ်တာရဲ့ အကြောင်းရင်းခံက ဘာလဲ

ပူပြင်းတဲ့ အခြေအနေမှာ
ပြင်းထန်တဲ့ အလုပ်၊ လေ့ကျင့်ခန်းတွေ လုပ်ဆောင်တာ၊
အရက်သောက်တာ
ရာသီနဲ့ မလိုက်ဖက်တဲ့ အဝတ်အစားတွေ ဝတ်တာ
ရေ လုံလောက်အောင် မသောက်တာ တွေက အပူရှပ်တာ ဖြစ်စေတဲ့ အကြောင်းရင်းခံတွေ ဖြစ်ပါတယ်။

အပူရှပ်တဲ့သူကို ဘယ်လို ရှေးဦးပြုစုပေးရမလဲ

အပူရှပ်တာ အရေးပေါ် အခြေအနေ ဖြစ်ပါတယ်။ ဆိုလိုတာ "အချိန်မှီ" "စနစ်တကျ" မကုသရင် သေနိုင်ပါတယ်။

အဲ့ဒီတော့ ကုသမှု မရခင် စပ်ကြား ရှေးဦးပြုစုပေးနိုင်ဖို့ အရေးကြီးပါတယ်။

(၁) လူနာကို အေးပြီး အရိပ်ရတဲ့ တနေရာရာကို ရွေ့ပါ
(၂) ခြေထောက်ကို အနည်းငယ် မြှင့်ပေးပြီး လဲလျောင်းတဲ့ အနေအထားမှာ ထားပေးပါ
(၃) ရေအေးစိမ်၊ ရေဖျန်း၊ ရေခဲဝတ် တိုက်ပေး၊ ကပ်ပေးတာ တွေ လုပ်ပေးပါ၊ အထူးသဖြင့် လည်ပင်း၊ ချိုင်းကြား နဲ့ ပေါင်ခြံ လို နေရာတွေ မှာ ကပ်ပေး တိုက်ပေးပါ။
(၄) အဲကွန်းခန်းထဲ ရွေ့တာ၊ ပန်ကာ နဲ့ မှုတ်ပေးတာလည်း လုပ်ပေးနိုင်ပါတယ်
(၅) ပါးစပ်ကဝင်မယ် သတိလစ်မနေဘူး ဆိုရင် ရေအေးလေး တိုက်ပေးနိုင်ပါတယ်
(၆) ဒါတွေ လုပ်လို့မှ လူနာ အခြေအနေ မကောင်းဘူး (ကိုယ်ပူမကျ၊ သတိလစ်၊ တက်တာ တွေ ဖြစ်လာမယ်) ဆိုရင်တော့ အရေးပေါ်ကုသမှု ဋ္ဌာနရှိတဲ့ ဆေးရုံကို နောက်မကျစေဘဲ အမြန်ဆုံးသွားဖို့သာ တိုက်တွန်း လိုက်ပါတယ်။


အောင်စေပိုင် အထူးကုဆေးခန်း
ပြည်သူ့ဆေးရုံကြီးရှေ့ ၊
မိတ္ထီလာ-ကျောက်ပန်းတောင်းလမ်း၊မိတ္ထီလာမြို့။
☎️09-444333449

🏥အောင်စေပိုင် အထူးကုဆေးခန်း တွင် ရရှိနိုင်သော ကျန်းမာရေးဝန်ဆောင်မှုများ🏥🚨အထွေထွေရောဂါကုသခြင်း🚨အစာအိမ်နှင့်အူလမ်းကြောင်း ...
13/03/2024

🏥အောင်စေပိုင် အထူးကုဆေးခန်း တွင် ရရှိနိုင်သော
ကျန်းမာရေးဝန်ဆောင်မှုများ🏥

🚨အထွေထွေရောဂါကုသခြင်း

🚨အစာအိမ်နှင့်အူလမ်းကြောင်း ရောဂါကုသခြင်း

🚨ဆီးနှင့်ကျောက်ကပ် ရောဂါကုသခြင်း

🚨အရိုး၊အကြော၊အဆစ် ရောဂါကုသခြင်း

🚨နား၊နှာခေါင်း၊လည်ချောင်း ရောဂါကုသခြင်း

🚨သားဖွားနှင့်မီးယပ် ရောဂါကုသခြင်း

🚨ကလေးဖျားနာ ကုသခြင်း

🚨ခွဲစိတ်ရောဂါကုသခြင်း

🚨စိတ်ရောဂါကုသခြင်း

🚨အာထရာဆောင်း (Ultrasound) ရိုက်၍ ရောဂါရှာဖွေခြင်း

🚨 ECG စက်ဖြင့်နှလုံးစမ်းသပ်စစ်ဆေးခြင်း

🚨သွေးဖောက်စစ်ဆေး၍ ရောဂါရှာဖွေခြင်း

🚨Medical Check Up စစ်ဆေးခြင်း

🚨ဆေးနှင့်ဆေးပစ္စည်းများ ဝယ်ယူနိုင်ခြင်း

ကျန်းမာရေးနှင့်ပတ်သတ်လို့ သိချင်တာများရှိရင် Hello တချက်လုပ် လိုက်ပါရှင်🥰

🩺ကျွမ်းကျင်သမားတော်ကြီးများ၊အထူးကုဆရာဝန်ကြီး

များဖြင့် တိုင်ပင်ဆွေးနွေးနိုင်ပါတယ်ရှင်👩🏻‍⚕️ 👨🏻‍⚕️ 🧑🏻‍⚕️

📍အောင်စေပိုင်

အဆင့်မြင့်ရောဂါရှာဖွေရေးနှင့် အထူးကုဆေးခန်း
ဆေးနှင့်ဆေးပစ္စည်းဆိုင်
ပြည်သူ့ဆေးရုံကြီးရှေ့ ၊ကျောက်ပန်းတောင်းလမ်း၊
မိတ္ထီလာမြို့။

☎️၀၉-၄၄၄၃၃၃၄၄၉၊၀၉-၂၅၆၀၀၄၂၉၄

26/02/2024

#အသည်းရောဂါ

အားလုံး စောင့်မျှော်ကြည့်ရှုနိုင်စေဖို့ပါရှင့်🌟✨✨

Address

In Front Of Meiktilar General Hospital
Meiktila

Opening Hours

Monday 06:30 - 21:00
Tuesday 06:30 - 21:00
Wednesday 06:30 - 21:00
Thursday 06:30 - 21:00
Friday 06:30 - 21:00
Saturday 06:30 - 21:00
Sunday 06:30 - 21:00

Telephone

+959444333449

Alerts

Be the first to know and let us send you an email when Aung Say Paing Specialist Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram