31/10/2025
💉 သွေးချိုတိုင်းစက်နှင့် လိုက်နာသင့်သည်များ (အပိုင်း၁)
နေအိမ်တွင် တိုင်းသော သွေးချိုတိုင်းစက်နှင့် ဆေးခန်းတွင် တိုင်းသော သွေးချိုးစက်၏ အဖြေ ကွာခြားမှု ‼️‼️
သွေးချိုရောဂါရှိသောသူများမိမိ၏အိမ်တွင် သွေးချိုတိုင်းစက်ဖြင့်တိုင်းသောအဖြေနှင့်
ဆေးရုံ/ဆေးခန်းသို့သွားပြီးတိုင်းသောအဖြေနှစ်ခုကွာခြားနိုင်ပါသည်။
အကယ်၍ အဖြေနှစ်ခု ကွာနေရင်တော့ ကွာခြားနိုင်သည့်အကြောင်းရင်းများစွာရှိပါသည်။❤️
🔥အဖြေနှစ်ခု အဓိကကွာခြားသည့်အကြောင်း အရင်းများကတော့🔥
♦️ဆေးရုံဆေးခန်း.....
ဆရာဝန်များသည်လက်ကိုရေနွေးနှင့်ဆေးကြောခြင်း(သွေးကြောများပွင့်စေရန်) ၊လက်ချောင်းထိပ်ကိုအရက်ပျံသန့်စင်ပြီးခြောက် သွေ့အောင်ထားမှ သွေးထုတ်ယူခြင်းစသည့်စံပြုထားသောနည်းလမ်းကိုအသုံးပြုပါသည်။
♦️အိမ်တွင်း.....
အိမ်တွင်းတိုင်းရာတွင်လက်ကိုသေချာမဆေးမိခြင်း(အစားအကြွင်းအကျန်များ၊
အချိုရည်စသည်တို့ကပ်ငြိနေခြင်း)၊အရက်ပျံကိုလုံလောက်စွာမခြင်း(သို့မဟုတ်)အရက်ပျံစိုနေစဉ်သွေးထုတ်ယူမိခြင်း(အသုံးရက်ပျံကရလဒ်ကိုသက်ရောက်မှုရှိနိုင်)၊လက်ချောင်းကိုညှစ်ပြီးသွေးထုတ်ယူခြင်း(တစ်ရူးအရည်များ ရောနှောကာ ရလဒ်ကိုလွဲမှားစေနိုင်)တို့ဖြစ်တတ်ပါသည်။
❗စက်၏သန့်ရှင်းမှု/အသုံးပြုမှု......
အိမ်တွင်အသုံးပြုသောစက်သည်ညံ့ဖျင်းစွာသိုလှောင်ထားမိခြင်း၊မသန့်ရှင်းခြင်း(သို့မဟုတ်) Test Strip များသက်တမ်းလွန်နေခြင်းတို့ကြောင့်မှားယွင်းသောရလဒ်ပေးနိုင်ပါသည်။
❗စက်အမှား (Machine Error)......
အိမ်သုံးသွေးချိုတိုင်းစက်များတွင်ခွင့်ပြုထားသောစက်အမှားချိန်ညှိချက်(တစ်နည်းအတည်ပြုချက်)ရှိပါသည်။ ယေဘုယျအားဖြင့် ±15% ခန့်ကွာခြားမှုရှိနိုင်ပါသည်။ဆေးရုံ/ဆေးခန်းမှသုံးသည့်စက်သည်းပို၍တိကျပြီးပုံမှန်စစ်ဆေးထားကာ ကယ်ရီဘရေးရှင်းပြုလုပ်ထားသည့်စက်များဖြစ်နေနိုင်ပါသည်
❗ တိုင်းတာသည်သွေးနမူနာ၏ ကွာခြားချက်
♦️သွေးနမူနာအမျိုးအစား....
ဆေးရုံ/ဆေးခန်းတွင် သွေးပြန်ရည်(Venous Plasma)ကိုယူ၍ဓာတ်ခွဲခန်းစက်ကြီးများဖြင့်တိုင်း တာပါသည်။ ဤနည်းလမ်းကို စံအဖြစ်သတ်မှတ်ထားပါသည်။
၏♦️အိမ်.....
အိမ်သုံးစက်များသည်သွေးကြောထိပ်ဖျား ( Capillary Whole Blood ) မှသွေးစက်ကိုယူ၍ တိုင်းတာပါသည်။
❗❗တိုင်းတာသည့်အချိန်....
အစာစားပြီးမည်မျှကြာသည်ကိုမှတ်သားထားရန်အရေးကြီးပါသည်။ဆေးခန်းသို့သွားရန်ခရီးသွားခြင်း၊စောင့်ဆိုင်းခြင်းတို့ကြောင့်အိမ်တွင် တိုင်းချိန်နှင့်ဆေးခန်းတွင်တိုင်းချိန်ကွာခြားနေပါက သွေးချိုတန်ဖိုးပြောင်းလဲမှုရှိနိုင်ပါသည်။
❗❗ရေဓာတ်ခန်းခြောက်မှု....
ဆေးခန်းသို့သွားရာတွင်ရေငတ်ခြင်း၊ရေသောက်နည်းခြင်းတို့ကြောင့် သွေးချိုပမာဏအနည်းငယ်ပိုမိုမြင့်တက်နေနိုင်ပါသည်။
❗❗စိတ်ဖိစီးမှု...
ဆေးခန်းသို့သွားရသည့်စိတ်ဖိစီးမှု၊ လမ်း လျှောက်ရသည့်ပင်ပန်းမှုတို့ကြောင့်ခန္ဓာကိုယ်မှဟော်မုန်းများ(Cortisol, adrenaline) ထွက်ကာသွေးချိုတက်လာနိုင်ပါသည်။ဤအချက်ကို(White Coat Syndrome)ဟုခေါ်ဆိုနိုင်ပြီးဆေးခန်းရောက်မှသွေးတိုးတက်သကဲ့သို့သွေးချိုလည်းတတ်နိုင်ပါသည်။
👉သွေးချိုတိုင်းစက်ဖြင့် ဆက်တိုက်တိုင်းလျှင် ပထမအကြိမ် နှင့် ဒုတိယအကြိမ်အဖြေမတူညီခြင်းသည်ပုံမှန်ဖြစ်စဉ်တစ်ခုဖြစ်ပါသည်။ယင်းကိုဖြစ်ပေါ်စေသောအကြောင်းရင်းများစွာရှိနိုင်ပါသည်။❤️
Credit to Nyi Nyi Shin Thant company