Aung Orthopaedic Clinic - "အောင်" အရိုးအထူးကုဆေးခန်း

  • Home
  • Myanmar
  • Mingaladon
  • Aung Orthopaedic Clinic - "အောင်" အရိုးအထူးကုဆေးခန်း

Aung Orthopaedic Clinic - "အောင်" အရိုးအထူးကုဆေးခန်း အရိုးအထူးကုဆေးခန်း

***Creatinine ဆိုတာ ဘာလဲ***_______________________________(1)Creatinine ဆိုတာဘာလဲ။Creatinine ဆိုတာ ကျောက်ကပ် လုပ်ငန်းဆော...
07/07/2022

***Creatinine ဆိုတာ ဘာလဲ***
_______________________________
(1)Creatinine ဆိုတာဘာလဲ။

Creatinine ဆိုတာ ကျောက်ကပ် လုပ်ငန်းဆောင်တာ ကို တိုင်းတာ ရာမှာ အလွန်အရေးပါ သော အရာဖြစ်ပါတယ်။။ ဘာလို့လဲ ဆိုတော့ Creatinine က ကျောက်ကပ်က မစွန့်ရင် အခြားသော ခန္ဓာကိုယ် အစိတ်အပိုင်းမှ ဓာတ်ဖြိုခွဲ၍ မရသလို စွန့်ထုတ်လို့ လည်း မရနိုင်လို့ပါ။ ဒါကြောင့် သွေးအတွင်း Creatinine ဓာတ် များလာပြီ ဆိုရင် အကြမ်းဖျင်းအားဖြင့် ကျောက်ကပ် မကောင်းလို့ သွေးထဲ မှ Creatinine ဓာတ်ကို မစွန့်ထုတ်နိုင်လို့ ယူဆလို့ ရပါတယ်။

(2)Creatinine ဆိုတာ ဘယ်လိုဖြစ်ပေါ်လာတာလဲ။

Creatinine ဆိုတာ ခန္ဓာကိုယ်အစိတ်အပိုင်းများ၊ ကြွက်သားများမှ တစ်ဆင့် Energy ထုတ်သုံးသော အခါတွင် ထွက်ပေါ်လာသော ဘေးထွက်ပစ္စည်းအဖြစ် Creatinine ဖြစ်ပေါ်လာရခြင်းဖြစ်ပါသည်။ ထို Creatinine သည် ခန္ဓာကိုယ် အတွက် အစိတ် အတောက်ဖြစ်ပါတယ်။ ထို အဆိပ် အတောက်များကို သွေးမှ တစ်ဆင့် ကျောက်ကပ်သို့ ရောက်ရှိသွားပြီး ကျောက်ကပ်မှ ပြန်လည် စွန့်ထုတ်ရပါတယ်။ ကျောက်ကပ်တစ်ခုတည်းမှ သာ Creatinine ကို ဖျက်စီး စွန့်ထုတ်၍ မရသော ကြောင့် ကျောက်ကပ်မကောင်းလျှင် သွေးအတွင်း Creatinine များနေမည်ဖြစ်ပါတယ်။

Creatinine သည် ကြွက်သားများမှ Energy သုံးလျှင် စွန့်ထုတ်သော ဘေးထွက် ပစ္စည်းဖြစ်သောကြောင့် ယောကျာ်းများတွင် မိန်းမထက်စာလျှင် သွေးအတွင်း Creatinine ပိုများပါသည်။ ကျန်းမာသန်စွင်းသော ကြွက်သားတောင့်တင်းသော အားကစားသမားများတွင် Creatinine သာမန်ထက် ပိုများတတ်ပါတယ်။ သို့သော်လည်း ပုံမှန်ဖြစ်ပါတယ်။ ကျောက်ကပ်မကောင်းသော သူများအနေဖြင့် သာ Creatinine များနေတတ်ပါတယ်။

(3)Creatinine များနေရင် ပြန်ကျတတ်သလား။ ပုံမှန်အတိုင်းပြန်ဖြစ်နိုင်လား။

ပြန်ဖြစ်နိုင်ပါတယ်။ သို့သော်လည်း ကျောက်ကပ် ပျက်စီးခြင်း အပေါ်မူတည်ပါတယ်။ ကျောက်ကပ်က ဘာကြောင့်ပျက်စီးတာလဲ။ ရုတ်တရက် အကြောင်းအရင်းးတစ်ခုခု ကြောင့် ကျောက်ကပ်ပျက်စီးတာလား။ ဒါမှမဟုတ် နာတာရှည်ကျောက်ကပ်ပျက်စီးခြင်းကြောင့် ကျောက်ကပ်ပျက်စီးတာလား။

ရုတ်တရက် အကြောင်းအရင်း တစ်ခုခုကြောင့် ကျောက်ကပ်ပျက်စီး တာဆိုရင်တော့ ထိုအကြောင်းအရင်းကို ကုသလိုက်ရင်တော့ ကျောက်ကပ် တဖြည်းဖြည်းပြန်လည်ကောင်းမွန်လာပြီး Creatinine က ပုံမှန် ပြန်ဖြစ်သွားနိုင်ပါတယ်။ ဥပမာအားဖြင့် မြွေကိုက်ခြင်း၊ သွေးထွက်လွန်ခြင်း၊ ဝမ်းလျှောခြင်း၊ ကျောက်ကပ်ရောင်ရောဂါ အချို့တို့တွင် ကျောက်ကပ်အား ပြန်လည် ကောင်းမွန်အောင် ကုသလျှင် ဖြည်းဖြည်းချင်း ကျောက်ကပ်သည် ပြန်လည် ကောင်းမွန်သွားတတ်ပါတယ်။

နာတာရှည် ကျောက်ကပ် ပျက်စီးခြင်းကြောင့် တက်လာတဲ့ Creatinine ဆိုရင်တော့ ပုံမှန် Level အတွင်း ပြန်ရောက်ဖို့ တော့ ခက်ပါတယ်။ ထပ်ပြီး တော့ ကျောက်ကပ်မပျက်စီးအောင် ထိန်းသိမ်းရင်း Creatinine Level ထပ်ပြီး တက်မလာအောင် ထိန်းသိမ်းပြီး ကုသရတာမျိုး ပါ။ နောက်ဆုံး ကျောက်ကပ်လုံးဝပျက်စီး သွားရင်တော့ ကျောက်ကပ် အစားထိုး ကုသရတာမျိုးရှိပါတယ်။ အစားထိုးမကုသနိုင်ရင်တော့ ကျောက်ကပ်ဆေးပြီး ခန္ဓာကိုယ် ထဲ မှ အဆိပ်အတောက်တွေကို ဖယ်ထုတ်ရမှာဖြစ်ပါတယ်။ ဒါကြောင့်နာတာရှည်ကျောက်ကပ် ပျက်စီးခြင်းက ပိုပြီး အန္တရာယ်များပြီး ကုသရလည်းခက်ပါတယ်။ သို့သော်လည်း နာတာရှည်ကျောက်ကပ်ပျက်စီးခြင်း ဆိုသည့် အတိုင်း ဖြည်းဖြည်းချင်းပျက်စီးတာပါ။ နှစ်နှင့် ကြာအောင် အချိန်ယူပြီး ပျက်စီးတာပါ။ ချက်ချင်းပျက်စီးတာ မဟုတ်တဲ့ အတွက် ကြိုတင်ကာကွယ်ဖို့ အချိန်တွေ အများကြီး ရှိပါတယ်။ မကာကွယ်လို့ ဂရုမစိုက်လို့သာ အခုလို ကျောက်ကပ်လုံးဝ ပျက်စီးတဲ့အခြေအနေ နောက်ကြောင်းပြန်လှည့်လို့ မရတဲ့ အခြေအနေမျိုးဖြစ်သွားတာပါ။

ဒါကြောင့် ဘယ်လို နာတာရှည် ကျောက်ကပ်ရောဂါတွေ ဖြစ်တတ်လဲ။ ဘယ်လို သတိပြုရမလဲ။ ဘယ်လို ကာကွယ် ပြုမူနေထိုင်ရမလဲ ဆိုတာ အသေးစိတ် ဆက်လက်ဖတ်ရှု လိုက်ရအောင်။

နာတာရှည်ကျောက်ကပ်ပျက်စီးခြင်းကိုဖြစ်စေသော အကြောင်း များမှာ

၁။ ဆီးချိုရောဂါ

၂။ သွေးတိုးရောဂါ

၃။ အသက်အရွယ်ကြီးခြင်း

အသက် ၇၅ နှစ်ကျော်လာလျှင် ကျောက်ကပ်သည် အသက်အရွယ်ကြောင့် အလုပ်လုပ်နိုင်သော တစ်ရှူး များလျော့ နည်းလာပါသည်။ သို့ သော် အခြားရောဂါအခံ များမရှိလျှင် အဆင့် တက်သွားခြင်းမရှိဘဲ လူကောင်း ကဲ့သို့ နေနိုင်ပြီး ရောဂါအခံ တစ်မျိုးမျိုး ၊ ဆီးချို သွေးတိုး၊ အကိုက်အခဲပျောက်ဆေး များရေရှည် သောက်ခြင်းတို့ရှိပါက ပိုဆိုးသွားတတ်ပါသည်။

၄။ ကျောက်ကပ်ရောင်ရောဂါများ

ကျောက်ကပ်ရောင်ရောဂါများသည် အသက်အရွယ်မရွေးတွင်ဖြစ်တတ်ပြီး အကြောင်းရင်းများမှာ လည်း အလွန်များပြားတတ်ပါသည်။ တစ်ခါတရံတွင် အကြောင်းရင်းမရှိဘဲ ကျောက်ကပ်ရောင် ခြင်းမျိုးပင်ရှိတတ်ပါသည်။ ကျောက်ကပ်ရောင်ခြင်းသည်အထက်ရှိ ရောဂါ များနှင့် မတူဘဲ ကျောက်ကပ်နှင့် ပတ်သတ်သည့် လက္ခဏာများခံစားသိရှိတတ်ပါသည်။ ဆီးတွင်းသွေးပါခြင်း၊ ဆီးအရောင်နောက်ခြင်း၊ဆီးသွားသည့် ပမာဏ နည်းသွားခြင်း၊ သွေးတိုးထိန်းမရခြင်း ၊ ခြေလက်များဖောရောင်လာခြင်းတို့ သည် ကျောက်ကပ်ရောင်နေခြင်းကိုပြသည့် လက္ခဏာများဖြစ်ပါသည်။

၅။ အကိုက်အခဲပျောက်ဆေးများပုံမှန်သောက်ခြင်း

ဒူးနာ၊ခါးနာ၊ လေးဘက်နာ စသည့် ကိုယ်လက်နာကျင်ခြင်းအမျိုးမျိုးသည် နာတာရှည်ဖြစ်နေသောလူများတွင် အကိုက်အခဲပျောက်ဆေး များကို နှစ်မျိုးထက်ပို၍ စပ်ပြီး စွဲသောက်ကြခြင်းကြောင့် ကြာလာသော အခါကျောက်ကပ်ပျက်စီးခြင်းဖြစ်ရပါသည်။ အကိုက်အခဲပျောက်ဆေး များသည် ကျောက်ကပ်သို့ သွေးစီးဆင်း မှုကို နည်းစေပြီး ကျောက်ကပ်ရှိ အလုပ်လုပ်သော တစ်ရှူ း များကို သွေးငတ်၍ ကြွေကျပျက်စီးခြင်း ကိုဖြစ်ပေါ် စေပါသည်။ ထို့ကြောင့် အကိုက်အခဲ ပျောက်ဆေး များကို မိမိသဘောဖြင့် မသောက်ဘဲ ကျွမ်းကျင်သော သမားတော် နှင့် ပုံမှန် ကျောက်ကပ်စစ်ဆေးခြင်းပြုလုပ်ပြီး မှသာ သောက်သုံးသင့်ပါသည်။ အကိုက်အခဲပျောက်စေသောတိုင်းရင်းဆေးများ၊ သစ်ဥသစ်ဖု များမှ ပြုလုပ်ထားသော အကိုက်အခဲပျောက်ဆေး များကို မှီဝဲလိုပါကလည်း အလွန်အကျွံရေရှည် မသောက်သုံးဘဲ မိမိ ကျောက်ကပ် ဓာတ်ကိုမကြာခဏ ပြန်လည်စစ်ဆေးနေသင့် ပါသည်။

၆။ ကျောက်ကပ်တွင် ရေအိတ်များပါလာခြင်း

ကျောက်ကပ်တွင်းရေအိတ်များပါလာခြင်းသည် မျိုးရိုးလိုက်တတ်သောရောဂါတစ်မျိုးဖြစ်ပြီး မိဘတွင်ရှိနေပါက မိမိတို့ မောင်နှမသားချင်းအားလုံး အာထရာဆောင်းကိုပုံမှန် နှစ်စဉ် ရိုက်၍ စစ်ဆေးနေသင့်ပါသည်။ ကျောက်ကပ်တွင်းရေအိတ်များသည်တိုးပွားလာတတ်ပြီး ကျောက်ကပ်၏ ပုံမှန် အလုပ်လုပ်နိုင်သော တစ်ရှူ း များ တစ်နေ့တစ်ခြားဆုံးရှုံး လာခြင်းကြောင့် ကျောက်ကပ်ပျက်စီးခြင်းဖြစ်ပေါ်ပါသည်။ ကာကွယ်နိုင်သော နည်းလမ်းလည်း မရှိသေးသော်လည်း မိမိ ၏ သွေး ပေါင် ပြောင်းလဲ မှု ရှိသည် နှင့်၊ ကျောက်ကပ်ဓာတ် Creatinine တက်လာသည် နှင့် စတင် ကုသ မှု ခံယူထားလျှင် ကျောက်ကပ်ပျက်စီးခြင်းကို အထိုက်အလျောက် တားဆီးနိုင်မည်ဖြစ်ပါသည်။

၇။ မကြာခဏ ဆီးလမ်းကြောင်းပိုး၀င်ရာမှ ဆီးလမ်းကြောင်းပိတ်ဆို့ခြင်း
ဆီးလမ်းကြောင်းတွင်း မကြာခဏ ပိုး၀င်တတ်သူများတွင် ဆီးလမ်းကြောင်းသည် ပိုး၀င်တိုင်း တစ်ခါရောင် တစ်ခါ အနာပြန်ကျက်ဖြစ်ရသည့် အတွက် ဆီးလမ်းကြောင်းတွင် အမာရွတ် များကျန် ခဲ့ ပြီး ထို အမာရွတ် တစ်ရှူ းသည် ဆီးလမ်းကြောင်းပိတ်ခြင်းကိုဖြစ်စေပါသည်။ ထို အခါ အညစ်အကြေး ဆီး များသည် အောက်ဘက်သို့ မစီးဆင်းနိုင်တော့ဘဲ ကျောက်ကပ် ထဲတွင် အောင်းနေပြီး ကျောက်ကပ်ရေဖြင့် ဖောင်းခြင်း၊ ထိုမှတစ်ဆင့် ပြည်တည်ခြင်းတို့ဖြစ်ပေါ် ပြီး ကျောက်ကပ် ပျက်စီး ခြင်းဖြစ်ပါသည်။

ကျောက်ကပ်ရောဂါ သည် ခဏတာပြသနာမဟုတ်။မိသားစုထဲတွင်တစ်ယောက် ကျောက်ကပ်ပျက်စီးသည် နှင့်
နာတာရှည်ကုသရန်လိုသည်သာမက ပျက်စီးပြီး မှ ကုသသည့် အတွက် ငွေကုန်ကြေးကျမြောက်မြားစွာ ကုန်ကျခြင်း၊ စိတ်ရောလူပါပင်ပန်းခြင်းတို့ဖြစ်ကြရပါသည်။ နာတာရှည် ကျောက်ကပ်ဖြစ်ရသည့် အကြောင်းရင်း များကို ကြည့်လိုက်လျှင် လည်း မိမိ အချိန်မီကာကွယ် ခဲ့ လျှင် ဖြစ်လာမည်မဟုတ်သော အကြောင်း များဖြစ်သည်ကများသည်။ သို့ဖြစ်ရာ ကျောက်ကပ် ရောဂါ ကို ပေါ့ဆမနေဘဲ မိမိတွင် သွေးတိုး၊ ဆီးချို တစ်မျိုးမျိုးရှိသည်ဖြစ်စေ၊ အကိုက်အခဲပျောက်ဆေး များသောက်နေရသည်ပင်ဖြစ်စေ၊ ကျောက်ကပ်ရောဂါ ဖြစ်ဖူးလျှင်ဖြစ်စေ ၊ လူကောင်းပကတိဖြစ်စေကာမူ ကြိုတင်စစ်ဆေးထားရန်လိုအပ်သော စစ်ဆေးမှု တစ်မျိုးဖြစ်ပါသည်။

(4)ကျောက်ကပ် စစ်ဆေးခြင်းတွင်မည်သည်တို့ပါ၀င်သနည်း။

၁။Ultrasound ရိုက်ပြီး ကျောက်ကပ်ကောင်းမကောင်းစစ်ဆေးခြင်း
Ultrasound ရိုက်ခြင်းသည် ကျောက်ကပ်စစ်ဆေးခြင်းတွင် အလွန်ပင် အရေးပါသော စစ်ဆေးခြင်းဖြစ်ပါသည်။ နာတာရှည်ကျောက်ကပ်ပျက်စီးခြင်း ဖြစ်သည့် အခါတွင် ကျောက်ကပ်သည် Ultrasound တွင် မူလထက် အရွယ်အစားသေးနေမည်ဖြစ်ပါသည်။ အခြားသော နာတာရှည်ကျောက်ကပ်အမျိုးအစား များဖြစ်စေသည့် ကျောက်ကပ်ရေအိတ် တည်ခြင်း အစရှိသည် တို့ကို တိတိကျကျ သိရှိနိုင်ပါသည်။ ရေအိတ် အရွယ်အစားအား တိတိကျကျတိုင်းတာနိုင်ပါတယ်။ ကျောက်ကပ်တွင် ကျောက်တည်ခြင်း များကို လည်း ရှာဖွေနိုင်ပါတယ်။ ကျောက်ကပ်ရောင်မရောင်အား လည်း သိရှိနိုင်ပါတယ်။ ထို့ကြောင့် Ultrasound ရိုက်ခြင်းဖြင့် ကျောက်ကပ်ရောဂါ အတော်များများအား သိရှိနိုင်ပြီး Ultrasound ရိုက်၍ ပုံမှန် Normal Result ထွက်ပါက အလွန်ကောင်းသော အဖြေဖြစ်ပါတယ်။ ဒါကြောင့် Ultrasound ရိုက်ခြင်းသည် လည်း ကျောက်ကပ်စစ်ဆေးခြင်းအတွက် အရေးကြီးသော စစ်ဆေးမှု ဖြစ်ပါတယ်။

၂။ Urea &Eletrolyte, Creatinine
ကျောက်ကပ်ဓာတ် နှင့် ခန္ဓာကိုယ်တွင်းရှိ ဆားဓာတ်များပါ၀င်ပါသည်။ Urea နှင့်Creatinine ဟုခေါ်သော ကျောက်ကပ်ဓာတ်သည် ခန္ဓာကိုယ်တွင်းရှိ အညစ်အကြေးတစ်မျိုးပင် ဖြစ်သည်။ Creatinine သည် သွေးထဲတွင် ရှိပြီး ကျောက်ကပ်မှခန္ဓာကိုယ်ပြင်ပသို့စွန့်ထုတ်ပေးရသောပစ္စည်းဖြစ်ပါသည်။ သွေးထဲတွင် Creatinine များနေပါက ကျောက်ကပ် မှ Creatinine ကို ကောင်းစွာ မစွန့်ထုတ်ပေးနိုင်ခြင်းကို ပြပြီး တစ်နည်းအားဖြင့် ကျောက်ကပ်ကောင်းစွာ အလုပ်မလုပ်နိုင်ခြင်းကိုပြပါသည်။ နှလုံးရောဂါ၊သွေးတိုးရောဂါရှိသူများ နှင့် ဆီးချို ရောဂါရှိသူများတွင် ကျောက်ကပ် ထိမထိစစ်ဆေးသင့်သော အရာဖြစ်ပြီး သွေးကျဆေးစွဲသောက်နေရသူများတွင်လည်း ၆လ ၁ နှစ် ကြာတစ်ခါ ပြန်လည်စစ်ဆေးနေသင့်သော အရာလည်းဖြစ်ပါသည်။
ဆားဓာတ်များတွင် ဆိုဒီယမ်(Na)၊ ပိုတက်ဆီယမ်(K)၊ ကလိုရိုက်(Cl)၊ ဘိုင်ကာဗွန်နိတ်(HCO3) တို့ပါ၀င်ပါသည်။ ခန္ဓာကိုယ်၏ဆားဓာတ်ညီမျှမှု ကို ထိန်းသိမ်းပေးသည်မှာလည်း ကျောက်ကပ်ဖြစ်သောကြောင့် ကျောက်ကပ် ကောင်းမကောင်းစစ်ဆေးမှုတွင် ပါ၀င်ပါသည်။ထို မညီမျှမှုများတစ်ခုခုရှိနေပါက
ဆီး နှင့်ကျောက်ကပ် အထူးကုသမားတော် နှင့်သေချာပြသပြီး မိမိကျောက်ကပ်အခြေအနေကိုပြသအကြံဥာဏ်ရယူသင့်ပါသည်။

၃။Urine RE (ဆီးစစ်ဆေးခြင်း)
ဆီးကို စစ်ဆေးခြင်းဖြင့် ဆီးထဲတွင် သွေးပါမပါ၊ ဆီးထဲတွင် အသားဓာတ်မည်မျှ ကျနေသနည်းအား သိရှိနိုင်ပါသည်။ ကျောက်ကပ်ရောဂါအများစုသည် ဆီးအတွင်းသွေးပါခြင်းနှင့် ဆီးအသားဓာတ်တို့နှင့် ဆက်စပ်သည့်အတွက် ကျောက်ကပ်ရောဂါရှိမရှိအား စစ်ဆေးရာတွင် ဆီးစစ်ခြင်းသည် အလွန်အထောက် အကူပြုသော စစ်ဆေးခြင်းဖြစ်ပါသည်။ ထိုအပြင် ဆီးလမ်းကြောင်းပိုးဝင်မဝင်ခြင်းအားလည်း သိရှိနိုင်ပါသည်။ သွေးချိုဝေဒနာရှင်မျာမှာလည်း သွေးတွင်းသကြားဓာတ် အလွန်များသည့်အခါတွင် ဆီးအတွင်း သကြားဓာတ်ပါလာခြင်းအား ပမာဏ မည်မျှပါသနည်းအား တိုင်းတာနိုင်ပါသည်။ အသည်းရောင်အသားဝါ ဖြစ်နေသော သူများတွင် လည်း အသားဝါသည့် ဓာတ်အား ဆီးအတွင်း တိုင်းတာသိရှိနိုင်ပါသည်။ ထို့ကြောင့် ဆီးစစ်ဆေးခြင်းသည် ကျောက်ကပ်နှင့် ပက်သက်သော ရောဂါအတော်များများအား ဖော်ပြနိုင်သောကြောင့် ကျောက်ကပ်အတွက် အထောက်အကူပြုသော စစ်ဆေးခြင်းဖြစ်ပါသည်။

Crd, Family Doctor

Frozen Shoulder(ပုခုံးခဲရောဂါ) အကြောင်းသိကောင်းစရာ********************************----✅ပုခုံးခဲရောဂါဆိုတာဘာလဲ?ပုခုံးခဲရေ...
25/06/2022

Frozen Shoulder(ပုခုံးခဲရောဂါ) အကြောင်းသိကောင်းစရာ
********************************----

✅ပုခုံးခဲရောဂါဆိုတာဘာလဲ?

ပုခုံးခဲရောဂါဆိုတာ ပုခုံးအဆစ်ပတ်ပတ်လည်မှာအုပ်ပြီးထိန်းထားတဲ့ အရွတ်ပြားရောင်ရာမှတဆင့် ပုခုံးလှုပ်ရှားမှုတဖြည်းဖြည်းလျော့နည်းလာတဲ့ရောဂါဖြစ်ပါတယ်။

✅ပုခုံးခဲရောဂါဖြစ်စေတဲ့အကြောင်းရင်းတွေကဘာတွေလဲ?

(၁) ပုခုံးထိခိုက်ဒဏ်ရာ(သာမန်) ရရာမှတဆင့်ဖြစ်တတ်ပါတယ်။
(၂)အချို့လူနာတွေမှာ အဆုတ်နဲ့ရင်သားခွဲစိတ်မှုပြုလုပ်ရာမှတဆင့်ဖြစ်တတ်ပါတယ်။
(၃) ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ လေဖြတ်ဝေဒနာခံစားနေရသူများ၊ သိုင်းရွိုက်ရောဂါ၊ သွေးလေးဖက်နာရောဂါနဲ့ အဆုတ်ရောဂါခံစားနေရသူတွေမှာအဖြစ်များပါတယ်။
(၄)အသက်အရွယ်အားဖြင့် ၄၀ မှ ရ၀ အတွင်းအဖြစ်များပြီး အမျိုးသမီးတွေမှာပိုဖြစ်တတ်ပါတယ်။

✅ပုခုံးခဲရောဂါဖြစ်ရင်ဘယ်လိုတွေ ခံစားရမှာလဲ?

ပုခုံးခဲရောဂါရဲ့လက္ခဏာများကို အဆင့် ၃ ဆင့်ခွဲပြီးပြောလေ့ရှိပါတယ်

အဆင့်-၁ (အေးသည့်အဆင့်- Freezing Phase)

ဒီအဆင့်မှာ အဓိကလက္ခဏာက ပုခုံးနာခြင်းပါ။ အထူးသဖြင့် ညဖက်မှာပိုနာတတ်ပါတယ်။ ပုခုံးနာတာ တဖြည်းဖြည်းဆိုးလာပြီး လှုပ်ရှားဖို့ခက်လာပါတယ်။ ဒီအဆင့်က ခြောက်ပါတ်မှ ကိုးလအထိကြာတတ်ပါတယ်။

အဆင့်-၂ (ခဲသည့်အဆင့် - Frozen Phase)

ဒီအဆင့်မှာ အဓိကခံစားရတာက ပုခုံးတောင့်ခြင်းပါ။ လက်မောင်းကို အပြည့်မြှောက်မရဘဲ တဝက်လောက်သာမြှောက်လို့ရတတ်ပါတယ်။ လက်မောင်းလှုပ်ရှားမှုတဖြည်းဖြည်းနည်းလာပါလိမ့်မယ်။ ဒီအဆင့်မှာ ပုခုံးနာတာတဖြည်းဖြည်းသက်သာလာပေမယ့် ပုခုံးတောင့်တာပိုဆိုးလာတတ်ပါတယ်။ လက်မောင်းကိုအပြည့်မြှောက်မရဘဲ တဝက်လောက်သာမြှောက်လို့ရမှာပါ။ ဒီအဆင့်က ၄ လမှ ၁ နှစ်လောက်အထိကြာတတ်ပါတယ်။
ဒီအဆင့်မှာ နာတာလျော့လာတဲ့အတွက် စက်ပစ္စည်းတွေအသုံးပြုပြီး အရွတ်တွေတောင့်တင်းတာလျော့လာအောင်လုပ်မယ်၊ လေ့ကျင့်ခန်းမှန်မှန်လုပ်မယ်ဆိုရင် ရောဂါအမြန်သက်သာစေဖို့အရမ်းထိရောက်တဲ့အဆင့်ဖြစ်လို့ ထိထိရောက်ရောက်ကုသမှုခံယူဖို့လိုပါလိမ့်မယ်။

အဆင့်-၃ (အရည်ပျော်သည့်အဆင့်/ပြန်ကောင်းသည့်အဆင့် - Thawing Phase)

ဒီအဆင့်မှာတော့ နာတာသက်သာလာပြီး လက်မောင်းလှုပ်ရှားမှုလဲ အပြည့်နီးပါးပြန်ရလာမှာပါ။ လူကောင်းပကတိလိုပြန်လည်လှုပ်ရှားနိုင်ဖို့ဆိုရင်တော့ဒီအဆင့်က ၆ လမှ ၃ နှစ်အထိကြာတတ်ပါတယ်။

✅ပုခုံးခဲရောဂါဟုတ်/မဟုတ်ဘယ်လိုသိနိုင်မလဲ?

​ဆရာဝန် ဒါမှမဟုတ် အ​​ကြောအဆစ်ကျွမ်းကျင်ပညာရှင်က စမ်းကြည့်ရင်သိနိုင်ပါတယ်။
လူနာကိုယ်တိုင်လဲသတိထားကြည့်ရင်သိနိုင်ပါတယ်။ အထက်မှာပြောခဲ့တဲ့ လက္ခဏာတွေအပြင် နာနေတဲ့ မိမိလက်မောင်းကို ကိုယ်တိုင်မြှောက်ကြည့်တာနဲ့ တခြားတယောက်ကိုင်မြှောက်တာနဲ့ယဉ်ကြည့်ရင် ကိုယ်တိုင်မြှောက်တာကပိုခက်ခဲမယ်ဆိုရင် ပုခုံးခဲရောဂါလို့ အလွယ်သိနိုင်ပါလိမ့်မယ်။

✅ဘယ်ကုထုံးတွေကပုခုံးခဲရောဂါကိုမြန်မြန်ပျောက်ကင်းစေမှာလဲ?

အဆင့်-၁ မှာတော့ နာတာအရမ်းဆိုးတဲ့အတွက် အနာသက်သာအောင် အကိုက်အခဲပျောက်ဆေးသောက်ရပါတယ်။
Radient Heat လို့ခေါ်တဲ့ အနီအောက်ရောင်ခြည်ကုထုံး၊ TENS လို့ခေါ်တဲ့ လျှပ်စစ်ဓါတ်နဲ့အာရုံကြောနှိုးဆွတဲ့ကုထုံးတွေကတော့ ဘေးထွက်ဆိုးကျိုးမရှိလို့ အကိုက်အခဲပျောက်ဆေးမတည့်သူတွေနဲ့ ဘေးထွက်ဆိုးကျိုးရှောင်ရှားလိုသူတွေအတွက် အရမ်းထိရောက်တဲ့ကုထုံးတွေပဲဖြစ်ပါတယ်။ ဒီအဆင့်မှာ လေ့ကျင့်ခန်းကို အနာခံနိုင်ရုံလှုပ်ရှားမှုပေါ့ပေါ့ပါးပါးတွေသာ လုပ်ဖို့အရေးကြီးပါတယ်။
စတီးရွိုက်နဲ့ထုံဆေးပေါင်းပြီးပုခုံးအဆစ်ထဲထိုးတာလဲ ပုခုံးခဲရောဂါအတွက်ထိရောက်တဲ့ကုထုံးဖြစ်လို့ နိုင်ငံတကာမှာအသုံးပြုနေတဲ့နည်းလမ်းဖြစ်ပါတယ်။

အဆင့်-၂ နဲ့ ၃ မှာတော့ နာတာသက်သာလာပြီဖြစ်လို့ ပုခုံးနဲ့လက်မောင်းလှုပ်ရှားမှုတွေမြန်မြန်တိုးတက်အောင် အာရုံစိုက်ပြီး လေ့ကျင့်ခန်းလုပ်ရမှာဖြစ်တဲ့အတွက်ကျွမ်းကျင်တဲ့အကြောအဆစ်အထူးကုဆရာဝန်များ၊ပညာရှင်များနဲ့တိုင်ပင်ပြီး ထိရောက်တဲ့ကုထုံးတွေကို သေသေချာချာယူရမှာဖြစ်ပါတယ်။

Credit ဒေါက်တာရဲဝင်းထက်

ခါးနာခြင်း=======လူ့ဘဝ တစ်လျှောက်မှာ လူတိုင်းနီးပါးခါးနာဖူးကြပါတယ်။ပထမ တစ်ခါနာလျှင် တစ်ရက် နှစ်ရက် နာတတ်ပြီးနောက်တစ်ကြိမ...
13/05/2022

ခါးနာခြင်း
=======
လူ့ဘဝ တစ်လျှောက်မှာ လူတိုင်းနီးပါးခါးနာဖူးကြပါတယ်။

ပထမ တစ်ခါနာလျှင် တစ်ရက် နှစ်ရက် နာတတ်ပြီး
နောက်တစ်ကြိမ် နာလျှင် ရက်ပိုကြာကြာ ၊ လချီ နှစ်ချီနာတတ်ကြပါတယ်။

ခါးနာရသော အကြောင်းအရင်း
=======================
၁။ အလေးအပင်မခြင်း။
၂။ အချိန်ကြာ ထိုင်ရခြင်း။
၃။ နေ့စဉ် လှုပ်ရှား ရာတွင် ခါးကုန်းမိခြင်း။
၄။အပြင်းအထန် နှာချေခြင်း ၊ဝမ်းချုပ်ခြင်း။
၅။အားကစားလုပ်ခြင်းနှင့်၊ မတော်တဆခိုက်မိခြင်း။
စသည်တို့ဖြစ်ပါတယ်။

ဘယ်လိုကုသသင့်သလဲ
=================
၁။အနေအထိုင်ကြောင့် နာရခြင်းဖြစ်တဲ့အတွက်
မကြာခဏ လှဲအိပ်အနားယူခြင်း၊ ခါးမကုန်းမိစေရန် ခါးပတ်ပတ်ခြင်း။
၂။ အကိုက်ခဲပျောက်ဆေးသောက်ခြင်း ။
မှတ်ချက်။။ ။ ဒီနေရာမှာ ဆေးကသက်သာယုံပါပဲ
တကယ်တမ်း ဆေးကပျောက်ကင်းစေခြင်းမဟုတ်ပဲ နာကျင်မှုကိုခဏပိတ်ပင်ထားခြင်းသာဖြစ်လို့ ဆေးကိုသိပ်အားမကိုးစေချင်ပါ။
၃။ ကျောရိုးကြွက်သား သန်မာစေရန် အောက်ပါပုံအတိုင်း လေ့ကျင့်ခန်းလှုပ်ခြင်း (ခါးပြန်မနာစေရန်ရေရှည်အတွက်ပါ )
၄။သက်သာပါကနီးစပ်ရာအရိုးဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

နင်းခြင်းနှိပ်ခြင်းနှင့် ဆေးဝါးများအလွန်အကျွန် မိမိသဘောနှင့်သောက်သုံးခြင်းများမပြုလုပ်သင့်ပါ။

ခါးနာခြင်းမှ ရှောင်ရှားနိုင်ကြပါစေ။

ကျောက်ပတ်တီးစည်းပြီးရင် ဘာတွေဂရုစိုက်ရမလဲ? (၁) ကျောက်ပတ်တီးပေါ်မှာ မဖိမိအောင်၊ မလေးလံစေအောင် သတိထားပါ။ (၂) ခြောက်သွေ့သန်...
11/02/2022

ကျောက်ပတ်တီးစည်းပြီးရင် ဘာတွေဂရုစိုက်ရမလဲ?



(၁) ကျောက်ပတ်တီးပေါ်မှာ မဖိမိအောင်၊ မလေးလံစေအောင် သတိထားပါ။



(၂) ခြောက်သွေ့သန့်ရှင်းအောင်ထားပါ။ ကျောက်ပတ်တီးကို ရေမစိုစေရ။ သို့သော်ရေချိုးသောအခါ ပလတ်စတစ်ဖြင့်သေချာဖုံးအုပ်ခြင်း သို့မဟုတ်ဒဏ်ရာရှိ‌သောခြေ/လက်ကို ခပ်မြင့်မြင့်တစ်နေရာတွင် တင်ထားခြင်းဖြင့် ရေမစိုစေရန်ကာကွယ်ပေးပါ



(၃) ကျောက်ပတ်တီးအောက်က အရေပြားမှာ ယားယံတာတတွေ ဖြစ်လာနိုင်သဖြင့် အယားပြေစေရန် တစ်ခုခုနဲ့အလွယ်ထိုးကုတ်ခြင်းမျိုး(ဥပမာ ချွန်ထက်တဲ့အရာတစ်ခုခု) မလုပ်ပါနဲ့။ မနေနိုင်အောင် ဖြစ်လာပါကနီးစပ်ရာဆရာဝန်နှင့်ပြသပါ။



(၄) ရောင်ရမ်းနေပါက ကျောက်ပတ်တီး နေရာအားခေါင်းအုံးဖြင့်ခု၍ ထောင်ထားခြင်း၊ ခြေဖျားလက်ဖျားများ လှုပ်ပေးနေခြင်းဖြင့် အရောင်ကျစေနိုင်ပါသည်။



(၅) ကျောက်ပတ်တီးအတွင်းမှ အနံ့တစ်ခုခုထွက်လာလျှင် သို့မဟုတ် ထူးခြားမှုရှိလာရင် ဆေးခန်းပြန်ပြပါ။ ပတ်တီးအောက်တွင် ချွေး သို့မဟုတ် စိုစွတ်မှုကြောင့် မှို သို့မဟုတ် စိုထိုင်းမှုတွေဖြစ်နေနိုင်ပါသည်။ အရေပြားမှ စိုစွတ်ချိန်ကြာလာရင် ပေါက်ပြဲခြင်း၊ ပိုးဝင်ခြင်းများ ဖြစ်လာနိုင်ပါသည်။



(၆) ပတ်တီးရဲ့အစွန်းများအားမိမိသဘောနှင့်မိမိ ဖြတ်ထုတ်ခြင်း၊ တိခြင်းမလုပ်ရ။ပုံစံပျက်ယွင်းသွားနိုင်ပါတယ်။



(၇) ကျောက်ပတ်တီးကို မိမိသဘောနဲ့ကိုယ် မဖြည်ရ။ ဆေးခန်းရက်ချိန်း ပြန်ပြပြီးမှ ဖြည်ပါ။

‼  #အရိုးပွရောဂါဆိုတာဘာလဲ ‼*********************************************************************************************...
09/12/2021

‼ #အရိုးပွရောဂါဆိုတာဘာလဲ ‼
************************************************************************************************
အရိုးပွရောဂါသည် လူတိုင်းတွင် ဖြစ်နိုင်ပါတယ်။ အရိုးပွရောဂါဆိုတာ အရိုးများကို အားနည်းစေပြီး ကြွပ်ဆတ်စေတဲ့ အတွက်ကြောင့် အလွယ်တကူ အရိုးကျိုးခြင်းကို ဖြစ်စေနိုင်ပါတယ်။ ပုံမှန်အားဖြင့် ခန္ဓာကိုယ်က ဟောင်းသွားသော အရိုးများကို ဆဲလ်အသစ်များဖြင့် သဘာ၀အလျှောက် အစားထိုးပြီး လည်ပတ်ပါတယ်။ ဆဲလ်အသစ်များဖြင့် လုံလောက်စွာ အစားမထိုးနိုင်တဲ့အခါ အရိုးပွခြင်း ဖြစ်လာပါတယ်။ အရိုးပွခြင်းက တင်ပဆုံ၊ လက်ကောက်ဝတ် (သို့) ကျောရိုးတို့တွင် အဖြစ်များပါတယ်။

ရောဂါလက္ခဏာများ⚠⚠

အများအားဖြင့် အရိုးပွရောဂါသည် အစောပိုင်းတွင် လက္ခဏာ မပြပါ။ အချိန်ကြာလာတာနှင့် အမျှ အရိုးတွေ အားနည်းသွားတဲ့အခါမှသာ ခါးနာခြင်း၊ အရပ်ပုလာခြင်း၊ ခါးကုန်းလာခြင်း၊ အရိုးကျိုးလွယ်ခြင်းများ ဖြစ်လာနိုင်ပါတယ်။

ဖြစ်နိုင်ချေများသူများ👬💁‍♂️

-အမျိုးသမီးများ
-အသက်အရွယ် ကြီးရင့်သူများ
-မျိုးရိုးရှိသူများ
-သိုင်းရွိုက်ဟော်မုန်း များနေသူများ
-ကယ်လ်ဆီယမ် ချို့တဲ့သူများ၊ အစာအာဟာရချို့တဲ့သူများ
-စတီးရွိုက်ဆေးများ ရေရှည်သောက်သုံးနေရသူများ
-လှုပ်ရှားမှုနည်းပါးသူများ
-အရက် ဆေးလိပ် အလွန်အကျွံသောက်သုံးသူများ
အစာအိမ်နှင့်အူလမ်းကြောင်း ခွဲစိတ်မှုပြုလုပ်ဖူးသူများတွင် အဖြစ်များပါတယ်။

အရိုးပွရောဂါကို ဘယ်လိုကာကွယ်မလဲ ⁉

✅အသားဓာတ် ပါသောအစာများ စားသုံးခြင်း
✅လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်း
✅ကယ်လ်ဆီယမ် ကြွယ်ဝသော အစားအစားများ (နို့နှင့်နို့ထွက်ပစ္စည်း) စားသုံးခြင်း
✅လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းတို့ဖြင့် အရိုးဆုံးရှုံးမှုကို ကာကွယ်ပေးပြီး အားနည်းနေသော အရိုးများကိုလည်း သန်မာစေပါတယ်။

ဘယ်လိုကုသနိုင်လဲ ⁉

အရိုးပွနေလျှင် ဆေးဝါးများသောက်သုံးရသလို နေထိုင်မှုပုံစံကိုလည်း ပြောင်းလဲပေးသင့်ပါတယ်။ ကယ်လ်ဆီယမ်နဲ့ ဗီတာမင် D တွေကို ဆရာဝန်ညွှန်ကြားချက်အတိုင်း သုံးစွဲရမယ့်အပြင် လေ့ကျင့်ခန်းလဲ ပုံမှန်လုပ်ပေးရပါမယ်။

တကယ်ဆိုရင် အရိုးပွခြင်းကို လုံးဝပျောက်ကင်းအောင် ကုသလို့ မရပါဘူး။ အရိုးများကို သန်စွမ်းအောင်၊ ပျက်စီးခြင်းနည်းအောင်လောက်ပဲ ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် ငယ်ရွယ်စဉ်အခါတည်းက အရိုးများ သန်မာအောင် ဂရုစိုက်သင့်ပါတယ်။

အာဟာရပြည့်ဝတဲ့ အစားအသောက်များကိုလည်း စားသုံးဖို့ အရေးကြီးပါတယ်။ ကဖိန်းနှင့် အရက် ဆေးလိပ် လွန်အကျွံသောက်သုံးခြင်းတို့ကို မဖြစ်မနေ ရှောင်ကြဉ်ဖို့လို့ပါတယ်။ ချော်မလဲအောင်လည်း အထူးသတိထားပါ။

Crd ....🙏


Address

Mingaladon

Website

Alerts

Be the first to know and let us send you an email when Aung Orthopaedic Clinic - "အောင်" အရိုးအထူးကုဆေးခန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category