Daw Soe Pharmacy & Grocery Store

Daw Soe Pharmacy & Grocery Store Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Daw Soe Pharmacy & Grocery Store, Medical supply store, Aung Mingalar Street, Mingaladon.

05/04/2022

ဆေးယဉ်ပါးခြင်းဆိုတာ ဘာလဲ ❓

ပဋိဇီဝဆေးယဉ်ပါးခြင်းဆိုတာ ဘတ်တီးရီးယားပိုး၊ ဗိုင်းရပ်စ်မှိုပိုးနဲ့ ကပ်ပါးပိုးကောင်တွေက အချိန်ကြာလာတာနဲ့အမျှ ပြောင်းလဲလာပြီး သူတို့ကို ကုသပေးတဲ့ဆေးဝါးတွေအပေါ် တုံ့ပြန်မှုမရှိတော့တာ ဖြစ်ပါတယ်။

ဘယ်လိုပျံ့နှံ့နိုင်လဲ❓

• ဆေးယဉ်ပါးခြင်းက လူတစ်ဦးနဲ့ တစ်ဦးကြားမှာ အသား၊ ငါး စားသုံးခြင်း အပါအဝင် အခြားနည်းလမ်းတွေဖြစ်တဲ့ တိရစ္ဆာန်ကတစ်ဆင့်လည်း ကူးစက်နိုင်ပါတယ်။

• ဆေးယဉ်ပါးစေနိုင်တဲ့ ရောဂါပိုးမွှားတွေက လူ၊ တိရစ္ဆာန်၊ အစားအသောက်၊ အပင်နဲ့ မိမိတို့ ပတ်ဝန်းကျင်မှာ တွေ့ရှိနိုင်ပါတယ်။

ဘယ်လိုဖြစ်ပွားနိုင်လဲ❓

• ဆေးဝါးတွေကို အလွန်အကျွံသုံးစွဲခြင်းနဲ့ မှားယွင်းစွာ သုံးစွဲခြင်း

• လူနဲ့ တိရစ္ဆာန်တွေအတွက် သန့်ရှင်းတဲ့ရေ၊ တစ်ကိုယ်ရည်နဲ့ ပတ်ဝန်းကျင်သန့်ရှင်းရေး မရှိခြင်း

• ကျန်းမာရေး စောင့်ရှောက်မှုပေးတဲ့နေရာတွေနဲ့ စိုက်ပျိုးမွေးမြူရေးခြံတွေမှာ ရောဂါကူးစက်မှု ကာကွယ်ခြင်းနဲ့ ရောဂါထိန်းချုပ်မှု အားနည်းခြင်း

• အရည်အသွေးမြင့်မားပြီး ဈေးနှုန်းသက်သာတဲ့ ဆေးဝါးတွေ၊ ကာကွယ်ဆေးတွေနဲ့ ရောဂါရှာဖွေရေး ပစ္စည်းတွေကို လွယ်ကူစွာ မရရှိနိုင်ခြင်း

• ဆေးယဉ်ပါးခြင်း၊ ကူးစက်ရောဂါ ကာကွယ်ကုသခြင်းနဲ့ ပတ်သက်ပြီး အသိပညာ အလုံအလောက်မရှိခြင်း

• ဆေးဝါးထိန်းချုပ်ရေး ဥပဒေတွေကို လိုက်နာဆောင်ရွက်မှု အားနည်းခြင်း

ဘာကြောင့်စိုးရိမ်ရတာလဲ❓

• အဆုတ်ရောင်ရောဂါ၊ TB ရောဂါနဲ့ ဌက်ဖျားရောဂါ အပါအဝင် ကူးစက်ရောဂါတွေဟာ ဆေးယဉ်ပါးမှုကြောင့် သူတို့ကို ကုသပေးတဲ့ ဆေးတွေရဲ့ အာနိသင် လျော့နည်းလာတဲ့အတွက် ကုသရန် ပိုမိုခက်ခဲလာခြင်း

• ဆေးယဉ်ပါးမှုဟာ ဆေးရုံတက်ရတဲ့ရက် ပိုမိုကြာရှည်ခြင်း၊ ကုသစရိတ် ပိုမိုမြင့်မားခြင်းနဲ့ သေဆုံးမှုကို ပိုမိုများပြားစေနိုင်ပါတယ်။

ဘယ်လိုကာကွယ်မလဲ❓

• ကျန်းမာရေးအတွက် ပြုစုစောင့်ရှောက်မှု ပေးသူတွေကညွှန်ကြားပေးတဲ့ ပဋိဇီဝဆေးတွေကို ညွှန်ကြားချက်အတိုင်း တိကျစွာ သောက်သုံးသင့်ပါတယ်။

• ကျန်းမာရေးအတွက် ပြုစုစောင့်ရှောက်မှု ပေးသူတွေက မညွှန်ကြားတဲ့ ပဋိဇီဝဆေးတွေကို သောက်သုံးရန် မတောင်းဆိုပါနဲ့

• ပဋိဇီဝဆေး သောက်သုံးမယ်ဆိုရင် ကျန်းမာရေးအတွက် ပြုစုစောင့်ရှောက်မှုပေးသူရဲ့ အကြံဉာဏ်ကို အမြဲရယူသင့်ပါတယ်။

• ကျန်ရှိနေတဲ့ ပဋိဇီဝဆေးတွေကို တစ်ဦးနဲ့တစ်ဦး ဝေမျှ သုံးစွဲခြင်းမပြုပါနဲ့

• လက်ကို မကြာခဏ ဆေးကြောပါ၊

အစားအသောက်တွေကို သန့်ရှင်းစင်ကြယ်စွာ ချက်ပြုတ်စားသောက်ပါ၊ ဖျားနာနေသူတွေနဲ့ အနီးကပ်ထိတွေ့ခြင်းကို ရှောင်ကြဉ်ပါ၊ လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ ကူးစက်ရောဂါတွေကို ကာကွယ်နိုင်ဖို့အတွက် လုံခြုံဘေးကင်းတဲ့ လိင်ဆက်ဆံမှုကို ကျင့်သုံးပါ၊ ကာကွယ်ဆေးတွေကို အချိန်နဲ့ တစ်ပြေးညီ ထိုးနှံပါ။

ဆေးယဉ်ပါးခြင်းက ရောဂါကုသမှုကို ပိုမိုခက်ခဲစေနိုင်သလို ရောဂါကူးစက်မှုကို ပိုမိုမြန်ဆန်နိုင်တဲ့အတွက် ရောဂါပြင်းထန်ပြီး အသက်သေဆုံးနိုင်ပါတယ်။

Crd-original



👉ဆေးဝါးဆိုင်ရာ ဗဟုသုတများကို ဝင်ရောက်လေ့လာနိုင်ပါသည်။ ကျေးဇူးတင်ပါသည်။👈

📲+959421950823

အာရုံကြောအားနည်းနေတဲ့လက္ခဏာ (၇) မျိုးအာရုံကြောအားနည်းရင်ဘယ်လိုလက္ခဏာတွေဖြစ်လာတတ်လဲ ? #ထုံကျဉ်တာခြေတွေ၊လက်တွေ ထုံကျဉ်တာဖြ...
29/03/2022

အာရုံကြောအားနည်းနေတဲ့လက္ခဏာ (၇) မျိုး

အာရုံကြောအားနည်းရင်ဘယ်လိုလက္ခဏာတွေဖြစ်လာတတ်လဲ ?

#ထုံကျဉ်တာ

ခြေတွေ၊လက်တွေ ထုံကျဉ်တာဖြစ်ဖူးတယ်မလား။ ရာသီဥတုအေးလို့လည်းမဟုတ်ပါဘဲ မကြာခဏ ထုံကျဉ်တာနေရခက်ပါတယ်။ ဗီတာမင် B12 အားနည်းခြင်းက အာရုံကြောတွေကိုဖုံးအုပ်ပေးထားတဲ့ အကာအကွယ်အလွှာကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။Crohnsရောဂါ သို့မဟုတ် တခြားအူလမ်းကြောင်းရောဂါတွေကြောင့်လည်း ဗီတာမင်စုပ်ယူနိုင်စွမ်းကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။

#ပိုချမ်းတတ်တာ

အရင်ကဆို မှုလောက်မှာမဟုတ်တဲ့ အအေးဓါတ်လောက်ကို အခုမှအရမ်းချမ်းတတ်နေတာမျိုး။ နည်းနည်းအေးတာနဲ့ ကိုယ်က ခိုက်ခိုက်တုန်နေတာမျိုး ခံစားရတယ်ဆိုသွေးအားနည်းနေတာဖြစ်နိုင်ပါတယ်။ ဒီလိုဖြစ်ရတဲ့ အကြောင်းရင်းထဲမှာ B12 ဓါတ်မလုံလောက်လို့သွေးနီဥတွေ နည်းတာဖြစ်စေနိုင်ပါတယ်။ ဒါဆို ခြေဖျား၊ လက်ဖျားတွေအေးစက်ပြီး တဆတ်ဆတ်တုန်ပြီး ချမ်းတတ်တာပေါ့။

ဦးနှောက်လုပ်ဆောင်ချက်တွေ ကမောက်ကမဖြစ်တာ

စိတ်ဓါတ်ကျတာ၊ အာရုံရှုပ်ထွေးတာ ၊မေ့တတ်လာတာ၊ အာရုံစူးစိုက်မရတာတွေကB12 အားနည်းရာကနေ ဖြစ်လာတဲ့လက္ခဏာတွေပါ။

#အားနည်းတာ

လူကအားနည်းသလိုဖြစ်နေတယ်၊ ကြွက်သားတွေအားမရှိဘူး၊ ပင်ပန်းနုံးချိနေမယ်၊ခေါင်းမူးတယ်ဆိုရင် အာရုံကြောအားနည်းတာဖြစ်နိုင်ပါတယ်။ ဒီလက္ခဏာတွေ ပိုဆိုးလာတယ်၊ ကြာလာတယ်ဆိုရင် ဆရာဝန်ပြပြီး အားဆေးသောက်သင့်သောက်ရပါမယ်။

#နှလုံးခုန်မြန်တာ

နှလုံးခုန်မြန်တာလည်း အာရုံကြောအားနည်းတဲ့လက္ခဏာထဲမှာပါဝင်ပါတယ်။ ကြက်သား၊ ကြက်ဥ၊ ငါး တို့ကနေ ဗီတာမင်B12 ရရှိနိုင်ပါတယ်။B12 ချို့တဲ့တယ်ဆိုရင်သွေးအားနည်းခြင်း၊ စိတ်အတက်အကျမြန်ခြင်း၊ အာရုံကြောထိခိုက်ခြင်းနဲ့တခြားပြင်းထန်တဲ့ရောဂါတွေဖြစ်လာစေနိုင်ပါတယ်။

#ပါးစပ်အနာ

သွားဖုံး သို့မဟုတ် လျှာမှာ အနာလေးတွေဖြစ်လာတယ်ဆိုရင်B12 အားနည်းတာ၊သွေးအားနည်းခြင်း သို့မဟုတ် တခြားရောဂါအကြောင်းရင်းတစ်ခုခုကြောင့်ဖြစ်နေနိုင်ပါတယ်။

#ဗိုက်ပြဿနာ

ခံတွင်းပျက်တာ၊ အရမ်းပိန်သွားတာ၊ ဝမ်းချုပ်တာ စတဲ့ အစာအိမ်နဲ့အူလမ်းကြောင်းပြဿနာတွေဖြစ်လာနိုင်ပါတယ်။ ကိုယ်ထဲမှာ B12 ပမာဏချို့တဲ့လွန်းရင် ဆရာဝန်ပြပြီး အားဆေထိုးသင့်ထိုးရပါမည်။





👉ဆေးပညာဆိုင်ရာဗဟုသုတများကို ဝင်ရောက်လေ့လာနိုင်ပါသည်။ ကျေးဇူးတင်ပါသည်။👈

📲+959421950823

ဆီးချိုသွေးချို နှင့် ကိုယ်လက်လှုပ်ရှားမှု.............................☘️ဆီးချိုသွေးချိုရောဂါဆိုတာ ခန္ဓာကိုယ်က အင်ဆူလင်ဟ...
24/03/2022

ဆီးချိုသွေးချို နှင့်
ကိုယ်လက်လှုပ်ရှားမှု.............................☘️

ဆီးချိုသွေးချိုရောဂါဆိုတာ ခန္ဓာကိုယ်က အင်ဆူလင်ဟော်မုန်းအလုပ်မလုပ်လို့ သော်လည်းကောင်း အင်ဆူလင်ဟော်မုန်း မထုတ်နိုင်လို့ သွေးတွင်းသကြားဓါတ်များခြင်းကြောင့် ဖြစ်လာတဲ့ ရောဂါ တစ်ခုပါ။

အမျိုးအစား ၁ နှင့် ၂ ဆိုပြီး နှစ်မျိုးရှိပါတယ်။
အမျိုးအစား ၂ က များသောအားဖြင့် မျိုးရိုးလိုက်တတ်ပါတယ်။

✔ဆီးချိုသွေးချို​ရောဂါ ဖြစ်လာပြီဆိုရင် နောက်ဆက်တွဲအနေနဲ့ သွေးတွင်းအဆီများခြင်း၊ သွေးတိုးရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါ၊ လေဖြတ်ရောဂါ၊ ကျောက်ကပ်ပျက်စီးခြင်း၊ အမြင်အာရုံပျက်စီးခြင်း၊ အာရုံကြောများပျက်စီးခြင်း၊ ခြေထောက်သွေးပြန်ကြောရောဂါများဖြစ်ခြင်း စတဲ့ဆိုးကျိုးတွေ တသီတတန်းကြီးလိုက်ပါလာတတ်ပါတယ်။

ဒါ့ကြောင့် ဆီးချိုသွေးချိုရောဂါ ဖြစ်လာပြီဆို ပျောက်ကင်းအောင် ကုသနိုင်ဖို့ထက် သွေးတွင်းသကြားဓါတ်ကို ပုံမှန်ထိန်းနိုင်ဖို့ တနည်းအားဖြင့် သွေးချိုပုံမှန်ထိန်းနိုင်ဖို့က ပိုအရေးကြီးပါတယ်။

သွေးချိုထိန်းမယ်ဆိုလျှင် သောက်ဆေးထိုးဆေး တစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။ မိမိရဲ့ နေ့စဉ်စားသောက်မှုပုံစံ နှင့် ကိုယ်လက်လှုပ်ရှားမှုရှိဖို့ကလည်း သွေးချိုထိန်းတဲ့နေရာမှာ များစွာအထောက်အကူပြုတာကို တွေ့ရပါတယ်။

✔ ဆီးချိုသွေးချိုသမားတွေမှာ ကိုယ်လက်လှုပ်ရှားမှုမှန်မှန်လုပ်မယ်ဆိုဘာအကျိုးကျေးဇူးတွေ ရရှိနိုင်သလဲ?

- အင်ဆူလင်ဟော်မုန်း အလုပ်လုပ်နိုင်စွမ်းမြင့်စေသောကြောင့် သွေးတွင်းသကြားဓါတ်ကို ပုံမှန်ဖြစ်အောင်ထိန်းထားနိုင်ခြင်း

- ဆီးချိုသွေးချိုထိန်းရာတွင်များစွာအထောက်အကူပြုခြင်း။ ( target သွေးချိုဓါတ်ကိုရောက်အောင် ထိန်းထားနိုင်ခြင်း )

- နှလုံးသွေးကြောကျဉ်းရောဂါ မဖြစ်အောင်ကာကွယ်နိုင်ခြင်း

- သွေးတွင်းအဆီများခြင်းကိုလျှော့ချနိုင်ခြင်း ( မကောင်းသောအဆီ VLDL cholesterol ကိုနည်းစေပြီး ကောင်းသောအဆီဓါတ် HDL cholesterol ကိုများစေခြင်း)

- သွေးတိုးရောဂါမဝင်အောင် ကာကွယ်ပေးနိုင်ခြင်း

- အဝမလွန်အောင် ကိုယ်အလေးချိန်ထိန်းထားနိုင်ခြင်း

- စိတ်ဓါတ်တက်ကြွခြင်း၊ စိတ်ကျရောဂါ၊ စိတ်ပူပန်သောရောဂါ စတဲ့ စိတ်ပိုင်းဆိုင်ရာ ရောဂါများ မဖြစ်အောင် ကာကွယ်ပေးနိုင်စွမ်းရှိခြင်း

✔ ဆီးချိုသွေးချိုသမားတွေ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းပုံမှန်မလုပ်ခင်မှာ ဘာတွေ စစ်ဆေးထားဖို့လိုသလဲ?

ဆီးချိုသွေးချိုသမားတွေမှာ နောက်ဆက်တွဲရောဂါလေးတွေ ပါလာတတ်တဲ့အတွက် လေ့ကျင့်ခန်းမလုပ်ခင်မှာ ကိုယ်နှင့် ဘယ်လိုလေ့ကျင့်ခန်းမျိုးသင့်တော်လည်း ဆိုတာသိဖို့အတွက် သက်ဆိုင်ရာဆရာဝန်ထံမှာ ဆေးစစ်ဆေးမှု ( ရောဂါရာဇဝင်မေးခြင်း၊ စမ်းသပ်စစ်ဆေးခြင်း၊ ဆေးစစ်ခြင်း ) အရင်ဆုံးခံယူပြီး နှလုံးသွေးကြောကျဉ်းရောဂါရှိမရှိ၊ သွေးပြန်ကြောရောဂါရှိမရှိ၊ အမြင်အာရုံချို့ယွင်းမှုရှိမရှိများ ကို စစ်ဆေးသင့်ပါတယ်။ အဲ့လိုစစ်ဆေးလိုက်မှ မိမိနှင့် ဘယ်လိုလေ့ကျင့်ခန်းမျိုး ကိုက်ညီမလဲဆိုတာကို သက်ဆိုင်ရာ ဆရာဝန်မှ အကြံပေးဆွေးနွေးလို့ရမှာပါ။

✔ ဘယ်လိုလေ့ကျင့်ခန်းအမျိုးအစားတွေရှိသလဲ?

အကြမ်းဖြင်းအားဖြင့် ပြင်းပြင်းထန်ထန်မဟုတ်သော ပုံမှန်နှုန်းနှင့် လှုပ်ရှားရသော ကိုယ်လက်လှုပ်ရှားမှုများ ( လမ်းလျှောက်ခြင်း၊ အနှေးပြေးခြင်း၊ ယောဂကစားခြင်း ၊အိမ်အလုပ်လုပ်ခြင်း စသည် ) ၊ ပုံမှန်ထက်ပိုသောနှုန်းဖြင့် လှုပ်ရှားရသော ကိုယ်လက်လှုပ်ရှားမှုများ ( စက်ဘီးစီးခြင်း၊ လှေကားတက်ခြင်း၊ ရေကူးခြင်း၊ ပြေးခြင်း စသည်) နှင့် အပြင်းအထန်လှုပ်ရှားရသော ကိုယ်လက်လှုပ်ရှားမှုများ ( အလေးမခြင်း၊ Gym ကစားခြင်း၊ လက်ဝှေ့ထိုးခြင်း၊ စသည် ) ဆိုပြီး အုပ်စု ၃မျိုးခွဲခြားလို့ရပါတယ်။

✔ ဆီးချိုသွေးချိုသမားတွေ ကိုယ်လက်လှုပ်ရှားမှုစလုပ်တော့မယ်ဆို ဘယ်အချက်တွေကို သိထားသင့်သလဲ?

ဆီးချိုသွေးချိုအတွက်သာ မဟုတ်ဘဲ ကျန်းမာကြံ့ခိုင်တဲ့ ကိုယ်ခန္ဓာကိုယ်ပိုင်ဆိုင်ချင်ကြတဲ့ မည်သူမဆို ဒီ အချက်လေးချက်ကို သေချာမှတ်သားထားဖို့လိုပါတယ်။

အဲ့ဒါကတော့ -
♦Frequency ( ကြိမ်ရေနှုန်း )
တစ်ပတ်မှာ တစ်ရက်လောက်ပဲ ကိုယ်လက်လှုပ်ရှားမှုလုပ်ရုံနဲ့တော့ သိသာမှာမဟုတ်ပါဘူး။ တစ်ပတ်ကိုအနည်းဆုံး ၅ရက်တော့ ကိုယ်လက်လှုပ်ရှားမှုရှိဖို့လိုပါတယ်။ အကြိမ်ရေများမှ ကိုယ်လိုချင်တဲ့ပန်းတိုင်ရောက်မှာပါ။

♦Intensity (ပြင်းအား)
မိမိမှာ နှလုံးရောဂါ၊ နာတာရှည်ရောဂါ တစ်ခုခုရှိနေမယ်ဆိုရင်တော့ ပုံမှန်နှုန်းနှင့်ပြုလုပ်ရတဲ့ကိုယ်လက်လှုပ်ရှားမှုလေးတွေထဲကမှ လမ်းလျှောက်ခြင်းက စလုပ်တာ အကောင်းဆုံးပါပဲ။ မိမိမှာ ဘာရောဂါမှမရှိဘူးဆိုရင်တော့ ပုံမှန်ထက်ပိုတဲ့ကိုယ်လက်လှုပ်ရှားမှုတွေ လုပ်လို့ရပါတယ်။

♦Time ( ကြာချိန် )
ကိုယ်လက်လှုပ်ရှားမှုတစ်ခါလုပ်တိုင်းအနည်းဆုံး မိနစ်၃၀တော့ ရှိဖို့လိုပါတယ်။
Type ( ကိုယ်လက်လှုပ်ရှားမှုအမျိုးအစား ) ကိုယ်လက်လှုပ်ရှားမှုအမျိုးအစားတွေအများကြီးထဲကမှ ကိုယ်နှစ်သက်ရာ ကိုယ်နှင့်ကိုက်ညီမယ့် အားကစားမျိုးကိုရွေးချယ်ပြီး လိုက်စားသင့်ပါတယ်။ အဓိကက ရေရှည်လုပ်ရှားသွားဖို့သာလိုတာပါ။

✔ဆီးချိုသွေးချိုသမားတွေ ရေရှည်ကိုယ်လက်လှုပ်ရှားမှုရှိဖို့ဘာတွေလိုသေးလဲ?

ကိုယ်လက်လှုပ်ရှားမှုဆိုတာ နေ့စဉ်လုပ်ဆောင်ရမယ့် တစ်နေ့တာတည်းမှာ တစ်ခုအနေနဲ့ ပါဝင်နေရမှာပါ။
ဘာပဲလုပ်လုပ် ပန်းတိုင်သတ်မှတ်ဖို့လဲ အရေးကြီးပါတယ်။

ဆီးချိုသွေးချိုသမားတွေအနေနဲ့ သက်ဆိုင်ရာဆရာဝန်နဲ့လည်း ၆လတစ်ခါ အနည်းဆုံးပြန်ပြပြီး ဆေးစစ်မှုတွေ၊ အကြံဉာဏ်ပေးမှုတွေကို လိုက်နာဖို့ အရေးကြီးပါတယ်။

စိတ်ဓါတ်မကျဘဲ မှန်မှန်လေး လှုပ်ရှားသွားဖို့လည်း လိုပါတယ်။ ကျန်းမာရေးနှင့် ညီညွတ်တဲ့ စားသောက်မှုပုံစံဖြစ်ဖို့လည်း ဂရုစိုက်ရပါမယ်။

ဆီးချိုသွေးချိုသမားတွေအနေနဲ့ ဆရာဝန်ညွှန်ကြားချက်အတိုင်း ဆေးလည်းသေချာသောက်မယ်၊ အစားအသောက်လည်းထိန်းမယ်၊ ကိုယ်လက်လှုပ်ရှားမှုလည်းရှိမယ် ဆို နောက်ဆက်တွဲရောဂါတွေ တော်ရုံမဝင်နိုင်တော့ဘဲ သက်ရှည်ကျန်းမာစွာ နေထိုင်သွားနိုင်မှာပဲ ဖြစ်ပါတယ်လို့ အကြံပြုရေးသားလိုက်ရပါတယ်။

.Khaing




👉ကျန်းမာရေးဆိုင်ရာ ဗဟုသုတများကို ဝင်ရောက်လေ့လာနိုင်ပါသည်။ ကျေးဇူးတင်ပါသည်။👈

📲+959421950823

" Tapeworm infections (သန်ပြားကောင် ကူးစက်မှု)" ------------------------------------------------------အူလမ်းကြောင်းတွေမှ...
21/03/2022

" Tapeworm infections (သန်ပြားကောင် ကူးစက်မှု)"
------------------------------------------------------

အူလမ်းကြောင်းတွေမှာ သန်ပြားကောင်တွေ ရှိနေပေမယ့် ရောဂါလက္ခဏာတွေ မခံစားရဘဲ လူကောင်းလို နေလို့ရပါတယ်။

သို့သော်လည်း သန်ပြားကောင် ကူးစက်မှု ပြင်းထန် ဆိုးဝါးလာတဲ့အခါ အသက်သေဆုံးနိုင်တဲ့အထိ ဖြစ်နိုင်ပါတယ်။

ကူးစက်မှု အစအနေနဲ့ အူလမ်းကြောင်းမှာ သန်ပြားကောင် ပေါက်ဖွားမှု စတင်လေ့ ရှိပြီး

သွေးမှတစ်ဆင့် ကြွက်သား နှင့် အခြားကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို သန်ပြားကောင် ရောက်သွားနိုင်ပါတယ်။

ဦးနှောက်အတွင်း သန်ပြားကောင် ကူးစက်မှု ဖြစ်လာတဲ့ အခြေအနေကို Neurocysticercosis လို့ခေါ်ပါတယ်။

Neurocysticercosis ကြောင့် ခေါင်းကိုက်ခြင်း နှင့် ပျို့အန်ခြင်းတွေ ဖြစ်နိုင်ပါတယ်။

ဒါပြင် သန်ပြားကောင် ကူးစက်မှုတွေ နှင့် အတက်ရောဂါ (Epilepsy) တွေက ပတ်သတ်နေတတ်တယ််။

သန်ပြားကောင် ကူးစက်မှုကြောင့် အောက်ပါ ရောဂါ လက္ခဏာတွေလည်း ဖြစ်နိုင်ပါတယ်။

❇️ ဗိုက်အောင့်မည်။

❇️ ဝမ်းလျှောမည်။

❇️ ကြွက်သားအားနည်းပြီး နွမ်းနယ်ပင်ပန်းမည်။

❇️ အစာအိမ်နာပြီး ပျို့အန်ချင်မည်။

❇️ စားနေပေမည့် ဆာလောင်နေမည် သို့မဟုတ် အစာစားချင်စိတ် လျော့သွားမည်။

❇️ ဝိတ်လည်း ကျသွားနိုင်တယ်။

❇️ အဟာရချို့တဲ့မှုကြောင့် မောပန်းနွမ်းနယ်ခြင်း နှင့် အာရုံစိုက်မရခြင်းတွေဖြစ်မည်။

❇️ အိပ်ရခက်မည်။

❇️ စအို အပြင်ဘက်မှာ သန်ပြားကောင်တွေ စမ်းမိနိုင်တယ်။

အသက် (1) နှစ်မှ စ၍ ​(6) လ တကြိမ် သံချဆေး သောက်သုံးသင့်ပါသည်။

ေါက်တာဖြိုးမောင်မောင်




👉ဆေးဝါးဆိုင်ရာ ဗဟုသုတများကို ဝင်ရောက်လေ့လာနိုင်ပါသည်။ ကျေးဇူးတင်ပါသည်။👈

📲+959421950823

“ အိပ်မပျော်ခြင်း (Insomnia) “———————————————-လူ လေးယောက်မှာ တစ်ယောက် အိပ်မပျော်ခြင်း (Insomnia) ပြဿနာ ရှိတယ် ဆိုပါတယ်။ ...
18/03/2022

“ အိပ်မပျော်ခြင်း (Insomnia) “
———————————————-

လူ လေးယောက်မှာ တစ်ယောက် အိပ်မပျော်ခြင်း (Insomnia) ပြဿနာ ရှိတယ် ဆိုပါတယ်။

အိပ်မပျော်ခြင်းကြောင့် ဘဝ အရည်အသွေးတွေ လျော့ကျနိုင်ပါတယ်။

အိပ်မပျော်ခြင်းကြောင့် နာတာရှည်ရောဂါ ဖြစ်နှုန်း နှင့် သေဆုံးနိုင်ချေ မြင့်လာတတ် ပါတယ်။

လေယာဉ်စီးပြီး အချိန်ဇုံပြောင်း ခရီးသွားသူတွေမှာ ဖြစ်တတ်တဲ့ အိပ်မပျော်ခြင်း (Jet Lag ) ကို Transient Insomnia လို့ ခေါ်ပါတယ်။

Transient Insomnia က ရက် အနည်းငယ် ကနေ တစ်ပတ်လောက်ထိ ကြာတတ်ပါတယ်။

စိတ်ဖိစီးမှုများ၊ ပတ်ဝန်းကျင် ပြောင်းလဲမှုများ၊ စိုးရိမ်စိတ် များကြောင့် Acute Insomnia ဖြစ်နိုင်ပါတယ်။

Acute Insomnia ကတော့ သီတင်းပတ် အချို့ထိ ကြာတတ်ပါတယ်။

လပေါင်း များစွာ သို့မဟုတ် နှစ်ပေါင်း များစွာ အိပ်မပျော်ခြင်းကို နာတာရှည် အိပ်မပျော်ခြင်း (Chronic Insomnia) လို့ ခေါ်ပါတယ်။

နာတာရှည် အိပ်မပျော်ခြင်းကြောင့် ကျန်းမာရေး၊ ဘဝ အရည်အသွေး၊ ဘေးကင်း လုံခြုံမှုတွေ လျော့သွားနိုင်ပါတယ်။

စိတ်ကြောင့် အိပ်မပျော်ခြင်း ဖြစ်နိုင်သလို အိပ်မပျော်ခြင်းကြောင့် စိတ်ရောဂါ ပိုမို ဆိုးဝါးနိုင်ပါတယ်။

အရိုးအဆစ် နှင့် ကြွက်သား ရောဂါများ၊ နှလုံးရောဂါများ၊ အစာအိမ် အူလမ်းကြောင်း ရောဂါများ၊ ဆီးလမ်းကြောင်း ရောဂါများ၊ အာရုံကြော ရောဂါများ၊ အသက်ရှုလမ်းကြောင်း ရောဂါများကဲ့သို့သော​ ရောဂါကြီးများ နှင့် အိပ်မပျော်ခြင်းက ဆက်စပ်နေပါတယ်။

ဟိုမုန်းများ ကလည်း အိပ်စက်ခြင်းအပေါ် အကျိုး သက်ရောက်နေပါတယ်။

အမျိုးသမီးများ သွေးဆုံးပြီး 3 နှစ်လောက် ကြာတဲ့အခါ အိပ်မပျော်ခြင်း 40% လောက် တိုးသွားတယ် ပြောပါတယ်။

အချို့ ဓာတုဆေးဝါးများကြောင့် အိပ်မပျော်ခြင်း ဖြစ်နိုင်ပါတယ်။

ကော်ဖီ သောက်ခြင်းကလည်း အိပ်မပျော်ခြင်းဖြစ်စေနိုင်ပါတယ်။

ကော်ဖီရဲ့အကျိုး သက်ရောက်မှုက 3 နာရီ နှင့် 7 နာရီအတွင်း ရှိပါတယ်။

ကော်ဖီ အများကြီး သောက်ခြင်း နှင့် ကော်ဖီကို ခဏ၊ ခဏ သောက်ခြင်းက ကော်ဖီရဲ့ အကျိုးသက်ရောက်မှုကို ပိုကြာသွားစေပါတယ်။

ဒါကြောင့် ကော်ဖီကို အလွန်အကျွံ သောက်တတ်သူတွေမှာ အိပ်မပျော်ခြင်း ဖြစ်နိုင်ပါတယ်။

ဆေးလိပ်သောက်ခြင်း နှင့် အရက်သောက်ခြင်းတွေကလည်း အိပ်မပျော်ခြင်း ဖြစ်စေနိုင်ပါတယ်။

အိပ်မပျော်ခြင်းကို ကုသပေးတဲ့ အမူအကျင့် ဆိုင်ရာ ကုသမှု တစ်ခုက “Sleep Hygiene " ဖြစ်ပါတယ်။

Sleep Hygiene ရဲ့အကြံပြုချက်တွေက အိပ်ခန်းအတွင်း အလင်း နှင့် ဆူညံသံကို လျော့ခိုင်းပါတယ်။

အစာ မကြေခြင်းက အိပ်မပျော်ခြင်းကို ဖြစ်စေတာကြောင့် အိပ်ယာ မဝင်မီ အစာ အများကြီးမစားဖို့ အကြံပေးပါတယ်။

ကော်ဖီ၊ ဆေးလိပ်၊ အရက်ကို လျော့သောက်ခိုင်းပါတယ်။

မအိပ်ခင် 2 နာရီ အတွင်း ကိုယ်လက် လေ့ကျင့်ခန်း မလုပ်သင့်ဘူးလို့ ဆိုပါတယ်။

ညဘက် အပြာရောင် အလင်း ထွက်တဲ့ ဖုန်း နှင့် အီလက်ထရွန်နစ် ပစ္စည်း အသုံးပြုခြင်းကို လျော့ခိုင်းပါတယ်။

နှိုးစက် ကိုလည်း အဝတ် နှင့် ဖုံးထားဖို့ပါ ပြောပါတယ်။

အိပ်ချင်မှ အိပ်ယာထဲ သွားဖို့ အိပ်ယာထဲမှာ မအိပ်ပဲ အကြာကြီး မနေဖို့ အကြုံပြုတဲ့ Sleep Restriction Therapy နှင့် Sleep Hygiene Therapy ကို ပေါင်း အသုံးချလျှင် အိပ်ပျော်ဖို့ ပိုလွယ်တယ် ပြောပါတယ်။

လေ့ကျင့်ခန်း နေ့စဉ် လုပ်ဖို့လည်း ပြောပါတယ်။

အိပ်မပျော်ခြင်း ဆိုတာ သာမန် ပြဿနာ မဟုတ်ပါ။

အိပ်မပျော်ခြင်း အချိန် ကြာလာတဲ့အခါ ကျန်းမာရေးအတွက် ဆိုးကျိုး ရှိပါတယ်။

ဒါကြောင့် အိပ်မပျော်ခြင်း ကြာရှည် ခံစားနေရမည် ဆိုလျှင် သက်ဆိုင်ရာ ဆရာဝန် နှင့် ပြပါ။ အမူအကျင့်တွေလည်း ပြောင်းကြည့်ပါ။

လိုအပ်မည်ဆိုလျှင် ဆိုးကျိုး နည်းတဲ့ အိပ်ပျော်စေသော ဖြည့်စွက်စာတွေ သုံးကြည့်ပါ။

သဘာဝအိပ်ဆေး Melatonin (မယ်လတိုနင်) ဖြည့်စွက်စာကို ခဏခဏ အိပ်ယာ ပြောင်းအိပ်ရတဲ့ သူတွေ၊ အိပ်ချိန် ပြောင်းရတဲ့ အလုပ်သမား အချို့ နှင့် လေယဉ်စီးပြီး ကမ္ဘာ ပတ်နေရသူတွေ အတွက် ရည်ရွယ် ထုတ်ထားတာပါ။

အိပ်ရာ ပြောင်း၊ အိပ်ချိန် ပြောင်းတဲ့သူတွေ အနေနှင့် မယ်လတိုနင် ဖြည့်စွက်စာကို 0.5 မှ 5 mg [milligrams] အထိ သောက်နိုင်ပါတယ်။

မယ်လတိုနင်ကို ဦးနှောက်ရဲ့ အလယ်မှာ ရှိတဲ့ ပဲစေ့အရွယ် Pineal ဂရင်းက ထုတ်ပေးပါတယ်။

ခန္ဓာကိုယ်က အမိုင်နိုအက်ဆစ် Tryptophan ကနေ မယ်လတိုနင်ကို ပြောင်းပေးပါတယ်။

မယ်လတိုနင်က ဦးနှောက် အတွင်းမှာ ဆီလိုတိုနင် (Serotonin)ကို မြင့်တက်စေပြီး အိပ်မောကျစေပါတယ်။

ည ၉ နာရီ နဲ့ ၁၀ နာရီ ကြားမှာ မယ်လတိုနင် ဟိုမုန်း ထွက်လာတတ် ပါတယ်။

မနက် နေထွက်လာတဲ့ အခါ မယ်လတိုနင် ထုတ်လုပ်ခြင်း လျော့နည်းလာပြီး ရပ်သွားတတ် ပါတယ်။

မယ်လတိုနင်က မြန်မြန် အိပ်ပျော်စေပြီး ကြာကြာ အိပ်စေတယ်။ နှစ်နှစ်ခြိုက်ခြိုက်လည်း အိပ်ပျော်စေပါတယ်။

ခန္ဓာကိုယ် အတွင်းမှာ ပုံမှန်အတိုင်း မယ်လတိုနင် ထွက်နေတဲ့အခါ ကောင်းမွန်စွာ အိပ်ပျော်ပြီး နာတာရှည် ရောဂါတွေကို ကာကွယ်နိုင်ပါတယ်။

ပုံမှန်အားဖြင့်တော့ မယ်လတိုနင် ဖြည့်စွက်စာက အန္တရာယ်ကင်းပါတယ်။

ကွန်ပြူတာ၊ ဖုန်း၊ wi-fi လွှင့်စက်တွေက ထွက်တဲ့ လှိုင်းတွေက ဆဲလ်မျက်နှာပြင်မှာ ရှိတဲ့ ကယ်ဆီယမ် ဝင်မည့် တံခါးတွေ (Voltage Gated Calcium Channels ) ကို ဖွင့်ပေးခြင်းဖြင့် ဆဲလ်တွင်း ကယ်ဆီယမ် ပမာဏ များသွားစေပါတယ်။ လိုတာထက် ပိုပြီး များလာတဲ့ ကယ်ဆီယမ်က ဆဲလ်တွေရဲ့ ပုံမှန် အလုပ်တွေကို အနှောက်အယှက် ပေးပါတယ်။ ဒါကြောင့် ဖုန်းသုံးများတဲ့ သူတွေမှာ ညဘက် အိပ်မပျော်ခြင်း ဖြစ်နိုင်ပါတယ်။

မက်ဂနီဆီယမ်က ကယ်ဆီယမ် တံခါးတွေ ဖွင့်မသွားအောင် ထိန်းပေးနိုင်ပြီး ဇီဝနာရီ ထိန်းသိမ်းညှိနှိုင်းပေးနိုင်ပါတယ်။

အိပ်မပျော်ခြင်း အတွက် Magnesium Threonate 144 mg လောက် သောက်နိုင်ပါတယ်။

Magnesium Threonate မှာ ပါဝင်တဲ့ Threonate က မက်ဂနီဆီယမ် ကို ဦးနှောက် ဆဲလ်ဆီ ရောက်ဖို့ သယ်ပေးပြီး အိပ်ပျော်ခြင်းလုပ်ငန်းကို ကူညီပေးပါတယ်။

မက်လတိုနင်၊ မက်ဂနီဆီယမ် နှင့် ဇင့် (Zinc) ကို အတူတကွ သောက်ခြင်းဖြင့် သက်ကြီးသူများရဲ့ အိပ်စက်ခြင်း အလေ့အကျင့် ပြန်လည် ကောင်းမွန်လာစေပါတယ်။

ကိုယ်တွင်း ဇင့် ပမာဏများတဲ့ အမျိုးသမီးများက ဇင့် ပမာဏ နည်းတဲ့ အမျိုးသမီးများထက် အိပ်ချိန် ပိုရှည်ပါတယ်။

သုသေတန အချို့မှာ Zinc သောက်တာ 40 mg ပိုလာလျှင် Zinc နှင့် Iron စုပ်ယူမှု ကျဆင်းပြီး သွေးအားနည်း ရောဂါ ဖြစ်စေတယ် ပြောပါတယ်။

ဒါကြောင့် ဆေးဝါးကျွမ်းကျင် ပညာရှင် Izabella Wentz က zZnc ကို 30 mg ပဲ နေ့စဉ် သောက်ဖို့ ပြောပါတယ်။

အိပ်ခြင်း ဆိုတာ လူတွေရဲ့ အခြေခံ လိုအပ်ချက်ပါ။

ယနေ့ ခေတ်က ပူပန် သောက များတဲ့ ခေတ်ဖြစ်ပြီး အိပ်မပျော်ခြင်းကြောင့် ဖြစ်တဲ့ ဆိုးကျိုးတွေ ကလည်း ဒု နှင့် ဒေး ပါ။

အိပ်မပျော်တဲ့ ညဟာ ရှည်လျားပြီး ပင်ပန်းပါတယ်။

ဒီလို ညမျိုးတွေ အမြန်ဆုံး လွန်မြောက်ပါစေဖို့ ဒီဆောင်းပါးလေး ရေးပေးလိုက်ပါတယ်။

#ဒေါက်တာဖြိုးမောင်မောင်




👉ဆေးဝါးဆိုင်ရာ ဗဟုသုတများကို ဝင်ရောက်လေ့လာနိုင်ပါသည်။ ကျေးဇူးတင်ပါသည်။👈
📲+959421950823

🧓 လူကြီးများနှင့် သက်စောင့်ဗီတာမင် အသက်ရလာတာနဲ့အမျှ ခန္တာကိုယ်ကလိုအပ်တဲ့ဗီတာမင်တွေ အပြည့်အဝရဖို့ဆိုတာ စိန်ခေါ်မှုတစ်ခုဖြ...
09/03/2022

🧓 လူကြီးများနှင့် သက်စောင့်ဗီတာမင်

အသက်ရလာတာနဲ့အမျှ ခန္တာကိုယ်ကလိုအပ်တဲ့ဗီတာမင်တွေ အပြည့်အဝရဖို့ဆိုတာ စိန်ခေါ်မှုတစ်ခုဖြစ်လာပါတယ်။ အစားအသောက်စားခြင်စိတ်နေတာ၊ သွားမကောင်းလို့မစားတာမျိုးအပြင် အစာအိမ်အူလမ်းကြောင်းကလည်း စားသလောက်မစုပ်နိုက်တဲ့အခါ အချို့အချို့သော ဗီတာမင်တွေလိုအပ်လာပါတယ်။

အဲ့ထဲကမှ အလိုအပ်ဆုံးတွေကတော့

👉 ဗီတာမင် B12

အာရုံကြောတွေအားကောင်းဖို့၊ သွေးနီဥတွေပုံမှန်ကြီးထွားဖို့၊ မဖြစ်မနေလိုအပ်ပါတယ်။ ဒီဗီတာမင်ပြည့်ဝဖို့ဆို ငါး။အသား၊ ကြက်ဥ၊ နို့နှင့်နို့ထွက်ပစ္စည်းတွေစားဖို့လိုပါတယ်။

👉 Folic acid

သွေးအားကောင်းစေဖို့လိုအပ်ပါတယ်။ Folic acid ကြွယ်ဝတဲ့အစားအစာတွေကတော့ အသီးအရွက်မျှတအောင် စားပေးဖို့ဖြစ်ပါတယ်။

👉 Calcium

အသက်ကြီးလာရင် အရိုးပွ၊အရိုးပါးမဖြစ်အောင် Calcium ဓာတ်လိုအပ်ပါတယ်။ Calcium ပြည့်ဝဖို့ဆို ပန်းဂေါ်ဖီစိမ်း၊ နို့နဲ့နို့ထွက်ပစ္စည်းစား ပေးဖို့လိုပါတယ်။

👉 ဗီတာမင် D

ခေတ်စားလာတဲ့ ဗီတာမင် D ဟာ အရိုးပွခြင်းကိုကာကွယ်ပေးနိုင်ပါတယ်။ ဗီတာမင် D အားနည်းတဲ့ လူကြီးတွေဟာ မကြာခဏ ချော်လဲတတ်တာကိုတွေ့ရပါတယ်။ ဗီတာမင် D အတွက်ဆိုရင် ကြက်ဥ၊ ဒိန်ချဉ်၊ တွေစားပေးဖို့လိုပါတယ်။

👉 Potassium

ပိုတက်ဆီယမ်ဟာ သွေးပေါင်ကျစေတဲ့နေရာမှာကူညီပေးနိုင်ပါတယ်။ ပိုတက်ဆီယမ်ပြည့်ဝဖိုဆိုရင်တော့ အရည်ရွှမ်းတဲ့အသီးအနှံတွေ စားပေးဖို့လိုပါတယ်။

👉 မဂ်နီဆီယမ်

Magnesium ကတော့ ကိုယ်ခံအားကောင်းစေတယ်။နှလုံးကိုကျန်းမာစေပါတယ်။ အစေ့အဆံတွေ၊ ပဲတွေစားပေးခြင်းဟာ Magnesium ပြည့်ဝစေပါတယ်။

👉 Omega 3

ငါးကြီးဆီလို့အားလုံးသိကြတဲ့ Omega 3ဟာ မျက်စိအားကောင်းစေတယ်။ Alzheimer’s လို့ခေါ်တဲ့ သတိမေ့ရောဂါကို ဖြစ်နှုန်းကျစေပါတယ်။ ပဲပိစပ်တို့၊ တူနာ၊ ဆဲလ်မွန်ငါးတို့ စားနိုင်တဲ့အပြင်။ Omega 3 အားဆေးတွေကိုလည်း အလွယ်တကူဝယ်သောက်နိုင်ပါတယ်။





👉ကျန်းမာရေးဗဟုသုတများကို ဝင်ရောက်လေ့လာနိုင်ပါသည်။ ကျေးဇူးတင်ပါသည်။👈

📲+959421950823

"အရိုးကျန်းမာရေး အကြောင်း သိကောင်းစရာများ"အခုနောက်ပိုင်း မှာ လူအများ စု ဟာ လှုပ်ရှားမှု့ နည်းလာတာက တကြောင်း၊ အသားအသောက် ...
06/03/2022

"အရိုးကျန်းမာရေး အကြောင်း သိကောင်းစရာများ"

အခုနောက်ပိုင်း မှာ လူအများ စု ဟာ လှုပ်ရှားမှု့ နည်းလာတာက တကြောင်း၊ အသားအသောက် မမှန်တာ၊ စားရတဲ့ အစားအစာ တွေ က အတုအပ တွေ ဖြစ်နေတာက တစ်ကြောင်း စတဲ့ အကြောင်း အမျိုးမျိုးကြောင့် လူတွေ ရဲ့ကျန်းမာရေး ကို နည်းမျိုးစုံ နဲ့ ထိခိုက်နေပါတယ်။ အဲ့ဒီ အထဲ မှာ အရိုး က လည်း အစားအသောက်တွေ ကြောင့် ထိခိုက်တဲ့ ကိုယ် အင်္ဂါ အဖွဲ့ အစည်း ထဲ က တစ်ခု အပါအဝင်ဖြစ်ပါတယ်။ အခု တခေါက် ဆောင်းပါးမှာတော့ အရိုး ကျန်းမာရေး အတွက် ဘယ်လိုစားကြမလဲ ဘာတွေ ရှောင်သင့်လဲ ဆိုတာ ကို ဖော်ပြပေးသွားပါမယ်။

1️⃣ ကယ်လ်ဆီယမ် ကြွယ်ဝတဲ့ အစားအစာ ကို စားပေးပါ။ ဥပမာ - နွားနို့၊ ဒိန်ချဉ်၊ ဒိန်ခဲ၊ ဂျပန်တိုဟူး၊ ပဲပုပ်စေ့၊ ဗာဒံစေ့၊ ပန်းပွင့်စိမ်း၊ ငါးသေတ္တာ၊ စတာတွေ စားပေးဖို့လိုပါတယ်။

2️⃣ ဗီတာမင်ဒီ ကြွယ်ဝတဲ့ အစားအစာ စားပေးရပါမယ်။ ဥပမာ ဆော်လမွန်ငါး၊ ငါးသေတ္တာငါး၊ တူနာငါး၊ ကြက်အသည်း၊ ဝက်အသည်း၊ အမဲအသည်း၊ ဗီတာမင်ဒီ ထပ်ဖြည့်ထားတဲ့ နွားနို့၊ ဗီတာမင်ဒီ ထပ်ဖြည့်ထားတဲ့ လိမ္မော်ရည်၊ ကြက်ဥ၊ ကိုလက်စထရော လျှော့ထားသော ထောပတ် စတာတွေ ကနေ ဗီတာမင်ဒီ ရပါတယ်။

3️⃣ ဇင့်ဓါတ် ကြွယ်ဝတဲ့ အစားအစာများ ကို စားပေးပါ။ ဥပမာ အနီရောင် အသား၊ ကြက်သား၊ ငါး၊ ပဲအမျိုးမျိုး၊ စားပေးရပါမယ်။

4️⃣ အသားဓါတ် ပြည့်ဝအောင်စားပါ။ အဓိက အကျဆုံး အချက်လို့ ဆိုနိုင်ပါတယ်။ အသားဓါတ် ပြည့်ဝမှ သာ ကြွက်သားနှင့် အရိုးကို ကြံခိုင် ကျန်းမာ လာစေပါတယ်။ ဥပမာ အဖြူရောင်အသားတွေ ဖြစ်တဲ့ ကြက်သား၊ ငါး၊ အနီရောင် အသားတွေ ဖြစ်တဲ့ အမဲသား၊ ဆိတ်သား၊ ဝက်သား၊ စတာတွေ အပြင် နွားနို့၊ ပဲနို့၊ ဒိန်ချဉ်၊ ဒိန်ခဲ၊ ပဲအမျိုးမျိုး စားပေးရပါမယ်။

5️⃣ အပြင်းအထန် ဝိတ်လျှော့ တာ ကို ရှောင်ကြဉ် ရပါမယ်။ တနေ့လုံးနေမှ အသီးအရွက်ပဲ စားပြီး ဝိတ်လျှော့ လိုက်မယ် ဆိုရင် လိုအပ်တဲ့ အသားဓါတ် ကို မရတော့တဲ့ အတွက် အရိုးကို ထိခိုက်စေနိုင်ပြီး အရွယ်မတိုင်ခင် အရိုးပွတာ အရိုးပါးတာ တွေ ဖြစ်စေနိုင်ပါတယ်။

6️⃣ လေ့ကျင့်ခန်း ပုံမှန် လုပ်ပေးပါ။ ဥပမာ ပြေးခြင်း၊ လမ်းလျှောက်ခြင်း၊ ကခြင်း၊ သင့်တော်သော အလေးတုံးမခြင်း စတာတွေ လုပ်ပေးရပါမယ်။

7️⃣ အရက်သောက်တာ ကို ရှောင်ရပါမယ်။

8️⃣ ကော်ဖီ တစ်နေ့ နှစ်ခွက် မှ သုံးခွက် ထက်မပိုပါစေနှင့်။

9️⃣ အရိုးအကြော အားဖြည့်ဆေးများ ကိုလည်း မှီဝဲသင့်ပါတယ်

🍒အရိုးအဆစ်များ နာကျင် ရောင်ရမ်း တောင့်တင်း၍ အကွေးအဆန့် မကောင်းသူများ၊ အသက်အရွယ်ကြီး ရင့်လာမှုကြောင့် ဖြစ်တတ်တဲ့ အရိုးအဆစ်နာကိုက်ခဲမှုကို ပါ သက်သာ စေတဲ့ .......

-GNC TriFlex ကို နေ့စဉ် မှီဝဲနိုင်ပါတယ်...






👉ဆေးဝါးဆိုင်ရာဗဟုသုတများကို ဝင်ရောက်လေ့လာနိုင်ပါသည်။ ကျေးဇူးတင်ပါသည်။👈

📲+959421950823

သွားကျဉ်ခြင်း  အကြောင်းသိကောင်းစရာ********************   သွားနှင့်‌ခံတွင်းဆေးခန်းတွေ မှာ အတွေ့များတဲ့ သွားပြဿနာဖြစ်ပါတယ်...
05/03/2022

သွားကျဉ်ခြင်း အကြောင်းသိကောင်းစရာ
********************
သွားနှင့်‌ခံတွင်းဆေးခန်းတွေ မှာ အတွေ့များတဲ့ သွားပြဿနာဖြစ်ပါတယ်။ အပူ၊အအေး၊အချဉ် စားလိုက်တာနဲ့ ကျဉ်တက်လာတာ၊ နေလို့မရတော့တာမျိုး ဖြစ်လို့ လာပြကြလေ့ရှိပါတယ်။

ဖြစ်ရတဲ့အကြောင်းအရင်း
***********
- သွားမျက်နှာပြင်တွေ ပြုန်းလာတာကြောင့် အဖြူရောင်ကြွေလွှာရဲ့ အောက်မှာရှိတဲ့ ကျဉ်ကြော လေးတွေ ပေါ်လာတာကြောင့်ဖြစ်ပါတယ်၊

- ပြုန်းရတဲ့ အကြောင်းရင်းကတော့
သွားတိုက်တံအမာနဲ့ ဖိတိုက်တာ၊
သွားတိုက်နည်းစနစ်မှားယွင်းတာ မာကျောတဲ့ ပစ္စည်းတွေနဲ့ တိုက်တာ(ဥပမာ- မီးသွေး၊ဆား..

- အစာအိမ်ရောဂါကြောင့် ခဏခဏ အန်တတ်တဲ့အကျင့်ရှိ သူတွေမှာလည်း သွားမျက်နှာပြင် ပြုန်းတာ၊ ထိုမှတဆင့် ကျဉ်တာတွေ့ရတတ်ပါတယ်

- အက်စစ်ဓာတ်ပါတဲ့ အစားအသောက် နဲ့ အချိုရည် သောက်သုံးမှု များတာကလည်း သွားမျက်နှာပြင်ပြုန်းစေပြီး ကျဉ်လာနိုင်ပါတယ်၊

- အခြားအကြောင်းရင်းတွေဖြစ်တဲ့ သွားပိုးစားရာ မှ တဆင့် ကျဉ်လာတာ၊ သွားဖုံးတွေနိမ့်ပြီးကျဉ်လာတာ၊ အံကြိတ်တဲ့ အကျင့်ကြောင့် ကျဉ်တာ၊

- တချို့အလုပ်အကိုင်တွေကြောင့် ဥပမာ မာကြောတဲ့ အရာတွေ၊ သံ‌တွေကိုက်လေ့ရှိတာ၊ ပုလင်းအဖုံးကိုက်ဖွင့်တာကြောင့် သွားတွေပြုန်းတာ၊ အက်တာ၊ ပဲ့တာ ထိုမှတဆင့် ကျဉ်တာ စသဖြင့် အကြောင်းရင်းများ စွာ ရှိပါတယ်။

ဆောင်ရန်၊ ရှောင်ရန်
**************
- ဈေးကွက်ထဲမှာ ရှိတဲ့ FDA ခွင့်ပြုချက်ရပြီးသား သွားကျဉ်ခြင်းကို သက်သာစေနိုင်တဲ့ သွားတိုက်ဆေး ဝယ်ယူအသုံးပြုလို့ရပါတယ်

- ဖြစ်ရတဲ့ အကြောင်းရင်းကို ရှာဖွေကုသဖို့ သွားဆေးခန်းမှာ ပြသ တိုင်ပင်ပါ

- အစာအိမ်ရောဂါလို ရောဂါအခံရှိရင် ကုသမှုခံယူပါ

- အက်စစ်ဓာတ်ပါတဲ့ အချိုရည်၊ အစားသောက်များ ဂရုတစိုက်စားသုံးပါ၊

- သွားကိုအသုံးပြု၍ မာကြောတဲ့ ပစ္စည်းများကို ကိုက်ခြင်းရှောင်ကျဉ်ပါ

- ဖလိုရိုဒ်ပါသော သွားတိုက်ဆေးဖြင့် စနစ်တကျ သွားတိုက်ပါ

ကုသမှု
*******

- ပြုန်းနေသော သွားမျက်နှာပြင်များ၊ သွားပိုးစားထားသောနေရာများ၊ ပဲ့ထားသောသွားမျက်နှာပြင်များ ကို ဖာထေးခြင်း၊

- သွားဆေးခန်းတွင် သွားကျဉ်ခြင်းကို သက်သာစေသည့်ဆေးအသုံးပြု၍ကုသခြင်း

- အံကြိတ်သူများအတွက် Night Guard ခေါ် သွားအကာပစ္စည်းတပ်ဆင်ခြင်း၊

- သွားဖာလို့ မရတော့တဲ့အဆင့်ဖြစ်ပါက သွားအကြောသတ်ခြင်း

စသည်ဖြင့် ဖြစ်ရတဲ့အကြောင်းရင်းပေါ်မူတည်၍ ကုသမှုမျိုးစုံဖြစ်ပါတယ်။

. Y.W.N




👉ဆေးဝါးဆိုင်ရာ ဗဟုသုတများကို ဝင်ရောက်လေ့လာနိုင်ပါသည်။ ကျေးဇူးတင်ပါသည်။👈

📲+959421950823

“ ရေယုန် “========ရေယုန် ဆိုတာက အများအားဖြင့် ခန္ဓာကိုယ်ရဲ့ တစ်ခြမ်းထဲမှာ ပေါက်တတ်ပြီးတော့ နာလည်း နာပါတယ်။လက္ခဏာများ။---...
03/03/2022

“ ရေယုန် “
========

ရေယုန် ဆိုတာက အများအားဖြင့် ခန္ဓာကိုယ်ရဲ့ တစ်ခြမ်းထဲမှာ ပေါက်တတ်ပြီးတော့ နာလည်း နာပါတယ်။

လက္ခဏာများ။
-------------

- ပထမဆုံး လက္ခဏာအနေနဲ့ မျက်နှာ (သို့) ကိုယ်လုံးပေါ်မှာ တစ်နေရာရာမှာ ပူစပ်ပူလောင်နဲ့ နာကျင်မှုကို ခံစားရမယ်။

- ဒီအချိန်မှာဆိုရင် နေမကောင်းသလို၊ ဖျားချင်သလို ဖြစ်နေတတ်ပါတယ်။

- သုံးလေးရက်လောက် ကြာတဲ့အခါမှာတော့ ဒီနေရာတွေမှာ အနီစက်လေးတွေ၊ အဖုလေးတွေ ပေါ်လာပါတယ်။

- အနီဖုလေးတွေ အစုလိုက် ပေါက်ရာကနေ အရေကြည်ဖုလေးတွေ ဖြစ်လာတယ်။

- ဒီအရည်ကြည်တွေကမှ နည်းနည်းနောက်လာပြီးတော့ ပေါက်ထွက်သွားနိုင်ပါတယ်။

- ၅ ရက်လောက် ကြာပြီးတဲ့ အခါမှာတော့ နောက်ထပ် အရည်ကြည်ဖုတွေ ထပ်မပေါက်တော့ပေမယ့်လည်း ပေါက်ပြီးသား နေရာက အရေပြား အနာ ပြန်ကျက်ပြီးတော့ ပုံမှန်အတိုင်း ပြန်ဖြစ်ဖို့ကတော့ ၅ ပတ်လောက် ကြာပါတယ်။

- ဒီအဖုအစက်တွေက အရမ်း နာပါတယ်။

- နည်းနည်းလေး ထိမိရင်တောင်မှ အရမ်းကို နာပါတယ်။


ရေယုန်ပေါက်စေသော အကြောင်းအရင်းများ။
------------------------------------------

- ရေယုန်ပေါက်စေတဲ့ ဗိုင်းရပ်စ်ပိုးက ရေကျောက် ဗိုင်းရပ်စ်ပိုးနဲ့ အတူတူပါပဲ။

- ရေကျောက်ပေါက်ပြီး ပြန်ကောင်းတဲ့နောက်မှာလည်း ဗိုင်းရပ်စ်ပိုးကတော့ ခန္ဓာကိုယ်ထဲက အာရုံကြောတွေထဲမှာ တိတ်တိတ်လေး ကျန်နေပါတယ်။

- ဒီလိုနဲ့ နှစ်တွေ အတော်ကြာတော့မှ ရေကျောက် ပေါက်ဖူးတဲ့ လူတွေထဲက ၁၀-၂၀% လောက်မှာ ဒီဗိုင်းရပ်စ်ပိုးက ပြန်ထကြွလာပါတယ်။

- ပြန်ထကြွလာတဲ့ အချိန်မှာတော့ ဗိုင်းရပ်စ်ပိုးတွေက ပွားများပြီးတော့ သူနေတဲ့ အာရုံကြောတွေ တစ်လျှောက်ကနေပြီးတော့ ဒီအာရုံကြောက ထောက်ပံ့ပေးတဲ့ အရေပြားနေရာမှာ ရေယုန် ပေါက်စေပါတယ်။


ရေယုန် ဘယ်လိုစပေါက်နိုင်သလဲ။
--------------------------------

- ရေယုန်က ကူးစက်တတ်ပါတယ်။

- အရင်က ရေကျောက် ပေါက်ဖူးတဲ့သူတွေမှာပဲ ရေယုန် ပေါက်နိုင်ပါတယ်။

- ကိုယ်ခံအား ကျတဲ့အခါမှာ ဒီဗိုင်းရပ်စ်ပိုး ပြန်လည် ထကြွပြီးတော့ ရေယုန် ပေါက်စေနိုင်ပါတယ်။


ရေယုန်ပေါက်နိုင်ချေများသော အချက်များ။
-----------------------------------------

- အသက်ကြီးလာရင် အထူးသဖြင့် အသက် ၅၀ ကျော်လာတဲ့အခါ၊

- ကင်ဆာ စတဲ့ ပြင်းထန်တဲ့ရောဂါတွေ ရှိတဲ့သူတွေ၊

- ကိုယ်ခံအားနည်းတဲ့သူတွေမှာ ရေယုန်ပေါက်နိုင်ချေ ပိုများပါတယ်။

- ဥပမာ - AIDS ရောဂါရှင်တွေ၊ ကိုယ်အင်္ဂါ အစားထိုးပြီးနောက် ခုခံအားကို ကျစေတဲ့ဆေးတွေ သောက်နေရသူတွေ၊

- ကင်ဆာရောဂါအတွက် ဆေးသွင်းကုသခြင်း (သို့) ဓာတ်ကင်နေရသူတွေမှာ ပုံမှန်လူတွေထက် ရေယုန်ပေါက်နိုင်ချေ ပိုများပါတယ်။

- ကိုယ်ခံအား အရမ်းကျပြီးတော့ ကိုယ်ခံအားစနစ် ပျက်စီးနေတဲ့သူတွေမှာတော့ ရေယုန်က အရမ်း ပြင်းထန်ပြီးတော့ နောက်ဆက်တွဲ ဆိုးကျိုးတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။


ကုထုံးများ။
-----------

- အဖုတွေ စပေါ်လာပြီး ၃ ရက်အတွင်းမှာ ဗိုင်းရပ်စ် ပိုးသတ်ဆေးတွေကို သုံးမယ် ဆိုရင် အကောင်းဆုံး ပါပဲ။

- ဒီဆေးတွေက ရေယုန်ပေါက်တာကို ရပ်မသွားစေနိုင်ပေမယ့် ပိုမဆိုးအောင် ကာကွယ်ပေးပြီးတော့ မြန်မြန် ပျောက်စေနိုင်ပါတယ်။

- ပြီးတော့ ရေယုန် ပျောက်ပြီးသွားရင် ဆက်နာတာကို လျော့စေပါတယ်။

- ဒါကြောင့် ရေယုန်ပေါက်နေပြီ ဆိုတာကို သိတာနဲ့ ဆရာဝန်နဲ့ မြန်မြန်သွားပြပြီးတော့ ကုသမှုခံယူပါ။

- အနာသက်သာစေတဲ့ လိမ်းဆေးတွေလည်း လိမ်းလို့ရသလို အရည်ကြည်ဖုတွေ ပေါက်ထွက်ပြီးတော့ ရောဂါပိုးဝင်ရင်တော့ ပိုးသတ်ဆေး လိမ်းဖို့ လိုပါတယ်။

- အနာသက်သာစေဖို့ အကိုက်အခဲ ပျောက်ဆေးတွေ သောက်ဖို့ လိုပါတယ်။

- ယားယံတာကို သက်သာစေဖို့အတွက်တော့ ရေအေးဝတ် ကပ်ပေးတာ၊ Aluminium Acetate လိုးရှင်း လိမ်းပေးတာတွေ လုပ်ပါ။

- အဖုကို မကုတ်ရင် အမာရွတ် မထင်အောင် ကာကွယ်နိုင်ပါတယ်။


နောက်ဆက်တွဲ ဆိုးကျိုးများ။
----------------------------

- ကိုယ်ခံအားလည်းကောင်းတဲ့ ငယ်ရွယ်တဲ့သူတွေမှာ ရေယုန် ပေါက်ရင်တော့ ဘာဆိုးကျိုးမှမရှိဘဲနဲ့ ပြန်ကောင်းနိုင်ပါတယ်။

- အသက် ၅၀ ကျော်တွေမှာ ပေါက်ရင်တော့ ၅၀% လောက်က ရေယုန်ပေါက်ပြီးနောက်မှာလည်း အာရုံကြောတွေ ဆက်နာနေတတ်ပါတယ်။


ရေယုန်ပေါက်ပြီးနောက် အာရုံကြောများ နာကျန် ရစ်ခြင်း။
---------------------------------------------------------

- ဒါက အရမ်းကို နာကျင်ပြီးတော့ တစ်ခါတလေမှာ ဆိုရင် နာလွန်းလို့ ပုံမှန် အလုပ်တွေတောင် မလုပ်နိုင်တော့လောက်အောင် ခံစားရတဲ့အတွက် ကိုယ်အလေးချိန်တွေ ကျ၊ စိတ်ဓာတ်တွေ ကျတာတွေကို ခံစားရပါတယ်။

- ဒါက အဖုတွေပျောက်သွားပြီးနောက်မှာ စဖြစ်ပြီးတော့ ရက်သတ္တပတ်ကနေပြီးတော့ လ၊ နှစ်တွေအထိ ကြာမြင့်နိုင်ပါတယ်။

- အကိုက်အခဲပျောက်ဆေးတွေ သောက်ရင် သက်သာနိုင်ပါတယ်။

- တခြားဆရာဝန် ညွှန်ကြားတာတွလည်း လိုက်နာဖို့ လိုပါတယ်။


အမြင်အာရုံ။
------------

- ရေယုန်ကြောင့် မျက်လုံးကို ထိရင်တော့ ထိတဲ့မျက်လုံးမှာ ယာယီ (သို့) ထာဝရ အမြင်အာရုံ ဆုံးရှုံးသွားတာမျိုး ဖြစ်တတ်ပါတယ်။

- ဒါကြောင့် မျက်လုံးကို ထိပြီ ဆိုရင်တော့ မျက်စိအထူးကုနဲ့ ပြသဖို့ အရေးကြီးပါတယ်။


အကြားအာရုံ။
--------------

- တစ်ခါတလေမှာ ရေယုန်ကြောင့် နားကိုထိပြီးတော့ အကြားအာရုံကို ပျက်စီးစေနိုင်ပါတယ်။


ကိုယ်တွင်း အင်္ဂါများကို ပျံ့နှံ့ခြင်း။
---------------------------------

- ပြင်းထန်တဲ့ရောဂါရှိသူတွေ၊ ကိုယ်ခံအား အရမ်းနည်းတဲ့သူတွေမှာ ဗိုင်းရပ်စ်ပိုးက အဆုတ် စတဲ့ ကိုယ်တွင်း အင်္ဂါတွေကို ပျံ့နှံ့သွားတတ်ပါတယ်။

- ဒီဆိုးကျိုးကတော့ ပြင်းထန်ပြီးတော့ တစ်ခါတလေ ဆိုရင် အသက်အန္တရာယ်ကိုတောင်မှ စိုးရိမ်ရပါတယ်။


ကာကွယ်ခြင်း။
---------------

- အသက်ကြီးတဲ့ သူတွေမှာတော့ ကာကွယ်ဆေး ထိုးထားသင့်ပါတယ်။

- Zostavax ဆိုတဲ့ ကာကွယ်ဆေးက အသက် ၅၀ ကျော်တွေ ထိုးလို့ ရပြီးတော့ ရေယုန်နဲ့ သူ့ရဲ့နောက်ဆက်တွဲ ဆိုးကျိုးတွေကို ကာကွယ်ပေးပါတယ်။

- လုံးဝမဖြစ်နိုင်ဘူးလို့တော့ အာမ၊ မခံနိုင်ပေမယ့်လည်း ဖြစ်နိုင်ချေကိုတော့ လျော့ကျစေပါတယ်။

- ဒီကာကွယ်ဆေးက ၁၀ နှစ်လောက်အထိ အာနိသင် ရှိပြီးတော့ ရေယုန် ပေါက်ပြီးသားသူတွေအတွက် မဟုတ်ပါဘူး။

- အသက် ၉-၁၂ လအထက် ကလေး၊ လူကြီးတွေ အတွက်တော့ ရေကျောက်ရောဂါ ကာကွယ်ဆေး ရှိပါတယ်။

- တစ်ခါမှ မထိုးရသေးဘူး ဆိုရင် ရေကျောက် မပေါက်ဖူးရင် ဒီကာကွယ်ဆေး ထိုးသင့်ပါတယ်။

- ကာကွယ်ဆေးက လုံးဝ မပေါက်စေရဘူးလို့ ၁၀၀% အာမ၊ မခံနိုင်ပေမယ့် ပိုမဆိုးအောင်တော့ ကာကွယ်ပေးနိုင်ပါတယ်။





👉ဆေးဝါးဆိုင်ရာဗဟုသုတများကို ဝင်ရောက်လေ့လာနိုင်ပါသည်။ ကျေးဇူးတင်ပါသည်။👈

📲+959421950823

“ Bad breath ခံတွင်းနံ့ မကောင်းရင် “——————————————————လူတွေထဲက ၂၅% ဟာ အနည်းနဲ့အများ ခံတွင်းနံ့ မကောင်းကြပါ။ ခံတွင်းနံ့ မ...
01/03/2022

“ Bad breath ခံတွင်းနံ့ မကောင်းရင် “
——————————————————

လူတွေထဲက ၂၅% ဟာ အနည်းနဲ့အများ ခံတွင်းနံ့ မကောင်းကြပါ။

ခံတွင်းနံ့ မကောင်းတာကို ဆေးစာနဲ့ Halitosis ခေါ်တယ်။

သွား-ခံတွင်းရောဂါနဲ့ တခြား ကျန်းမာရေး အခြေအနေတွေကနေ ဖြစ်စေတယ်။

အစားအသောက်ကြောင့်လည်း ဖြစ်စေတယ်။

၈၅-ဝဝ% ဟာ ခံတွင်းနဲ့ ဆိုင်တယ်။

အသားငါး စားတာ၊

အရက် သောက်တာ၊

ဆေးလိပ် သောက်တာ၊

ဆေး ငုံတာတွေကြောင့် အနံ့ မကောင်းစေဘူး။

လူ ဝလို့လည်း ဖြစ်တတ်တယ်။

အစားအစာတွေကို ပါးစပ် ကနေ စားသောက်လိုက် ပြီးရင် ကျေချက် ပြီးနောက် သွေးထဲ ရောက်မယ်။

နောက်မှာ အဆုပ်ကို ရောက်ရာကနေ အသက်ရှူ ထုတ်တော့ ဆိုင်ရာ အနံ့ ထွက်စေတယ်။

ပါးစပ်ထဲမှာ အစားအစာတွေ ကပ်သတ် ကျန်နေရင် ဗက်တီးရီးယားတွေ ပေါက်ဖွါးစေမယ်။

သူတို့ထဲမှာ အနံ့ ဆိုးစေတာမျိုးတွေ ရှိတယ်။

ဗက်တီးရီးယားတွေကနေ အဆိပ်လို ဖြစ်လာစေနိုင်တယ်။

ဆေးမကုရင် သွားဖုံးရော မေးရိုးပါ ရောဂါရစေနိုင်တယ်။

ကြက်သွန်ဖြူ၊ ကြက်သွန်နီတွေ စားရင် ပါးစပ်ဆေး၊ သွားတိုက်တာတောင်မှ ခဏတာ အနံ့ ဖုံးပေးတာလောက်သာ တတ်နိုင်တယ်။

သွားတု တပ်တာနေရာ မကျရင်၊

ရိစ် ခေါ် မှိုရောဂါ ရရင်၊

သွားပိုးစားရင်လည်း အနံ့မကောင်းတာ ဖြစ်စေနိုင်တယ်။

ပါးစပ် ခြောက်နေတာ ဖြစ်လို့လဲ ဖြစ်နိုင်သေးတယ်။

တံတွေးဟာ ပါးစပ်ကို သန့်ရှင်းပေးတယ်။

အက်စစ်ဓါတ်ကို ဖြေပေးတယ်။

သေသွားတဲ့ ဆဲလ်တွေကိုလဲ ရှင်းပေးတယ်။

တံတွေးနည်း-ခြောက်နေရင်

အဲလို ကောင်းကျိုးတွေ မဖြစ်စေတော့ဘဲ

ပုပ်နံ့ ထွက်လာစေတယ်။

ပါးစပ် ခြောက်နေတာက ဆေးဝါးတွေကြောင့် ဖြစ်နိုင်တယ်။

တံတွေးထွက်အိတ်တွေ ရောဂါ ရနေလို့လဲ ဖြစ်စေတယ်။

နူမိုးနီးယား၊

လေပြွန်ရောင်၊

နာတာရှည် ဆိုင်းနပ်စ်ရောဂါ၊

တာရှည် နှာရည် ယိုတာ၊

ဆီးချို၊ အက်စစ်ရည် အထက်ဆန်ရောဂါ၊

အသဲရောဂါနဲ့ ကျောက်ကပ်ရောဂါတွေကြောင့်

အာခေါင်ခြောက် နေနိုင်တယ်။

(၁)။ လျှာ

လျှာကို ညစ်ထေးနေတဲ့ ကော်ဇောလို မဖြစ်ပါစေနဲ့လို့ တင်စားပြောကြတယ်။

ဘာလို့လဲ ဆိုတော့ ခံတွင်းနံ့ မကောင်းတာကို

လျှာကြောင့် ဖြစ်ရတာ ၈ဝ-၉ဝ% ရှိတယ်။

လျှာမှာ နေတဲ့ ဗက်တီးရီးယားတွေကနေ Malodorous compounds နဲ့ Fatty acids တွေ ဖြစ်လာစေတယ်။

လူတိုင်းမှာ ရှိနေတဲ့ အဲလိုပိုးတွေက လျှာရဲ့ နောက်ပိုင်းမှာ နေကြလို့ သန့်ရှင်းရေး လုပ်တာ မထိရောက်စေဘူး။

နှာရည် ယိုနေတာ၊ အာခေါင် ခြောက်နေတာတွေကြောင့် ပိုဆိုးစေတယ်။

Anaerobic bacteria အမျိုးအစား ပိုးတွေက ပိုဆိုးစေတယ်။

ကြာတော့ Putrescent smell of indole, Skatole, Polyamines အနံ့တွေ

ဒါမှမဟုတ် Rotten egg ဥပုပ်တဲ့ အနံ့မျိုး ထွက်မယ်။

Volatile sulfur compounds (VSCs) အနံ့မျိုး ဖြစ်တယ်။

Hydrogen sulfide, Methyl mercaptan, Allyl methyl sulfide နဲ့ Dimethyl sulfide တွေကို ဆိုလိုတာ ဖြစ်တယ်။

ဒီလိုကြောင့် ဖြစ်သူတွေက Mints, Mouth sprays, Mouthwash တွေ သုံးနိုင်တယ်။

ဒါတွေကနေ အနံ့ဆိုကို ဖုံးပေးတာသာ ဖြစ်တယ်။

လျှာ သန့်ရှင်းရေးက ပိုအရေးကြီးတယ်။

(၂)။ ပါးစပ်

ပါးစပ်ထဲမှာ ဗက်တီးရီးယား အမျိုးအစားပေါင်း ၆ဝဝ ကျော်ရှိတယ်။

အဒီထဲက တချို့တွေက အနံ့ဆိုး ထွက်စေအောင် လုပ်နိုင်တယ်။

သူတို့ကနေ ပရိုတင်းတွေကို ချေဖျက်ပြီး အမိုင်နိုအက်စစ်တွေ ထွက်လာမယ်။

ဆက်ပြီး Hydrogen sulfide နဲ့ Methyl mercaptanတွေ ဖြစ်တဲ့ အနံ့ဆိုး ဓါတ်ငွေ့တွေ ဖြစ်စေမယ်။

(၃)။ သွားဖုံး

သွားဖုံး ရောဂါတွေကြောင့်လဲ ဖြစ်တယ် ဆိုတာကိုအားလုံး ကတော့ လက်မခံပါ။

(၄)။ နှာခေါင်း

ဒုတိယ လိုက်တယ်။

Sinus ဆိုင်းနပ်စ်ရောဂါ ထိပ်ခပ်နာနဲ့ ပြင်ပ-ပစ္စည်း ဝင်နေတာတွေကနေ ဖြစ်စေမယ်။

(၅)။ အာသီး

အာသီးရောဂါကနေ ဆဲလ်တွေ ပျက်စီး-သေဆုံးတာတွေကြောင့် အနံ့ဆိုး ထွက်နိုင်တယ်။ ၃-၅% မှာ ဖြစ်တယ်။

(၆)။ အစာမြိုပြွန်

အစာမြိုပြွန်မှာ Hiatal Hernia နဲ့ GERD ရောဂါ ရနေရင် ဖြစ်မယ်။

Zenker's diverticulum ရောဂါ ကနေလဲ ဖြစ်တယ်။

(၇)။ အစာအိမ်

အစာအိမ်ကြောင့် သိပ်မဖြစ်စေတတ်ပါ။

လေချင်တက်တာတော့ ဖြစ်မယ်။

(၈)။ တခြားရောဂါတွေ

Fetor hepaticusရောဂါ၊ အသက်ရှူလမ်း အောက်ပိုင်း ရောဂါတွေ၊

ကျောက်ကပ် ရောဂါတွေ၊

ကင်ဆာ၊ ဆီးချိုရောဂါ နဲ့

Metabolic dysfunction ရောဂါ၊

လျှာကင်ဆာ၊ လည်ချောင်း ကင်ဆာနဲ့ အစာမြိုပြွန် ကင်ဆာတွေ ဖြစ်တယ်။

ဘယ်လို ကုသမလဲ။

ခံတွင်း သန့်ရှင်းပါ။

ဖလိုရိုက် ပါတဲ့ သွားတိုက်ဆေးနဲ့ တစ်နေ့ ၂ ကြိမ် သွားတိုက်ပါ။

အစာ စားပြီးရင်လဲ သွားတိုက်ပါ။

သွားပွတ်တံကို ၂-၃ လ တစ်ခါ အသစ် လဲပါ။

Floss ဒါမှမဟုတ် Interdental cleaner သွားကြားသန့်ရှင်းနည်း တစ်နေ့ တစ်ခါ လုပ်ပါ။

သွားအတုကို ညအချိန် ဖြုတ်ထားပြီး သန့်ရှင်းပေးပါ။

သွားဆရာဝန်နဲ့ ပုံမှန် တစ်နှစ် နှစ်ခါ စစ်ဆေး ကုသပါ။

ရေ များများ သောက်ပါ။

Chewing gum ငုံပါ။

ဖြစ်နိုင်ရင် သကြား မပါတာကို ငုံပါ။

Sucking on candy စုပ်ရတဲ့ အစားအစာမျိုး ကနေသွားရည် ပိုထွက်စေတယ်။

သကြား မပါရင် ပိုကောင်းတယ်။

ကြော်ငြာပြီး ရောင်းနေတဲ့ Mouthwashes ပါးစပ်ဆေး ဆေးရည်တွေကို သတိပြု သုံးပါ။

ခဏလောက်သာ အနံ့ဆိုးကို ဖုံးပေးမယ်။

Astring-O-Sol, Colgate, Dentyl pH, Listerine, Oral-B, Sarakan, Scope နဲ့ Tantumverde တွေ ဖြစ်တယ်။

Oral-B ကို ၂၀၀၉ ကတည်းက ရောင်းခွင့် ပိတ်လိုက်ပြီ။

Antiseptic mouth-rinse တွေက ပိုးတွေ သေစေမယ်။

3G Mouthwash, All-Fresh, Alna Biotech,

Am Pm Mouthwash, Ampm Mouthwash,

Angelica Mouthwash, Antiplaque Mouthwash,

Antiseptic & Antiplaque Mouthwash,

Chlorex Mouthwash, ChlorhexadineGluconate Mouth Wash,

Chlorhexidine Mouthwash,

C-Nate--ChlorhexidineGluconate,

Dysinc Mouthwash, FRESHO Mouthwash,

Gumdent Mouthwash, Herbal Mouthwash,

Listerine Liquid Mouthwash, Mouthwash (AMPM),

Nirmal Mouth Wash,

Oral care Flavours and Fragrances,

Oraline Mouthwash (Chlorhexidine Mouthwash) နဲ့

Speedent Mouth Wash တွေ ဖြစ်တယ်။

လျှာကို ညင်ညင်သာသာ တစ်နေ့ ၂ ခါ သန့်ရှင်းပါ။

လျှာ ပေါ်က ဗက်တီးရီးယား၊ အစာ အကြွင်းအကျံတွေ နဲ့

Mucus အကျိအချွဲ တွေကို Tooth brush,

Tongue cleaner, Tongue brush/scraper စတဲ့ လျှာဆေး ကရိယာ သုံးပါ။

ဇွန်းနဲ့လည်း လုပ်လို့ ရပါတယ်။

လျှာ ကို မခိုက်မိပါစေနဲ့။

လျှာ နောက်နားမှာ V-shaped ပုံရှိနေတဲ့ Taste buds အရသာခံ အသီးအဖုလေးတွေကို မထိခိုက်စေပါနဲ့။

တစ်ခုခု စားပြီးတိုင်း ပါးစပ် ပလုပ်ကျင်းပါ။

Streptococcus salivarius K12 ဆေး သုံးနိုင်တယ်။

Antibacterial mouthrinses က အကျိုးရှိစေတယ်။

ဗက်တီးရီးယားတွေကို နိုင်တဲ့ Cetylpyridinium chloride, Chlorhexidine, Zinc gluconate, Essential oils, နဲ့ Chlorine dioxide တွေကို သုံးတယ်။

တချို့က Odor eliminators အနံ့ကို နိုင်တဲ့ Oxidizers တွေကိုလဲ သုံးတယ်။

အိမ်သုံး ဆေးနည်းတွေ

ကွမ်းသီးအစို၊ ကွမ်းရွက်နဲ့ ကွမ်းသီး အခြောက်တွေကို ဝါးခိုင်းတယ်။

တချို့က ဒီလိုလုပ်တာ သိပ်ကြာရင် ကင်ဆာ ဖြစ်စေမလား စိုးရိမ်တယ်။

သံပုရာ-ရှောက်သီး၊ လေးညှင်း၊ ဖါလာစေ့၊

စမုန်စပါး၊ ပန်းသီး၊ သွပ်ဓါတ်ပါတဲ့ အစားအစာတွေ၊

ရေနွေးကြမ်း၊ ဆိုဒါ၊ ဟိုက်ဒရိုဂျင်ပါအောက်ဆိုက် တွေကို သုံးနိုင်တယ်။

သွားခံတွင်း ကောင်းနေပေမဲ့ အနံ့ မကောင်းသေးရင်

တခြား ကျန်းမာရေး စစ်ဆေးရမယ်။

နာတာရှည် ပါးစပ်နဲ့ မကောင်းသူတွေကို ကုရတာ ခက်တယ်။

တာရှည် ဖြစ်နေရင် သွားဖုံးရောဂါကို ဆက်ဖြစ်စေနိုင်တယ်။

သွား အပေါ်ဖုံ အလွှာ ဖြစ်လာရင် အဲလို ရောဂါ ဖြစ်စေတယ်။

Mouthwashes သုံးပြီး နာတာရှည် ခံတွင်းနံ့ ဆိုးနေတာကို ကောင်းစေတယ်လို့ သုတေသန က သက်သေ မပြနိုင်ပါ။

ကိုယ့် ခံတွင်းနံ့ကို သိပ်ကောင်းစေချင်လို့

ဆေး လာကုသူတွေထဲက ကဲ သူတွေကို

Halitophobia ဆိုတာ Delusion halitosis လို့ ခေါ်တယ်။

အလိုလို ကြာညိုနံ့ သင်းချင်နေသူကို ပြောတာပါ။

Bad mouth ဆိုတာ အာဖရိကက လာတဲ့ ကျိန်စာ သဘော ဖြစ်ပြီး

ဒီခေတ်မှာ သူများ အပြစ်တင်တာကို ပြောတာ ဖြစ်တယ်။

ဗမာတွေ ကတော့ ခံတွင်းနံ့ ကောင်းချင်ရင် မုသား မပြောပါနဲ့တဲ့။

1. Mouth rinses ပါးစပ်ဆေးပါ။ Listerine ဆေးရည်သုံးပါ။ ဆားရေနွေးလည်း ကောင်းတယ်။

2. Treatment of dental disease သွား သွားဖုံရောဂါရှိရင် ကုသပါ။

3. Brush your teeth after you eat စားပြီးတိုင်း သွားတိုက်ပါ။

4. Floss at least once a day သွားကြားကြိုးနဲ့ တစ်နေ့ တစ်ကြိမ် သန့်ရှင်းပါ။

5. Brush your tongue လျှာကိုလည်း သွားတိုက်စဉ် တိုက်ပေးပါ။

6. Avoid dry mouth ခံတွင်း ခြောက်မနေပါစေနဲ့။

7. Adjust your diet အစားအသောက် ရွေးစားသောက်ပါ။ ချင်းနဲ့ ကြက်သွန်နီ။

8. Regularly get a new toothbrush သွားပွတ်တံ မကြာမကြာ အသစ်လဲပါ။ မကြမ်းလွန်း မနုလွန်းစေရ။

9. Schedule regular dental checkups သွားဆရာဝန်နဲ့ ပုံမှန် စစ်ဆေးပါ။

#ဒေါက်တာတင့်ဆွေ




👉ဆေးဝါးဆိုင်ရာ ဗဟုသုတများကို ဝင်ရောက်လေ့လာနိုင်ပါသည်။ ကျေးဇူးတင်ပါသည်။👈

📲+959421950823

Address

Aung Mingalar Street
Mingaladon

Telephone

+959421950823

Website

Alerts

Be the first to know and let us send you an email when Daw Soe Pharmacy & Grocery Store posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Daw Soe Pharmacy & Grocery Store:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram