MJ Group Healthcare

MJ Group Healthcare Medical Equipment, Hospital bed, Healthcare services

23/04/2024

ခု လတ်တလော မှာ နိုင်ငံခြားထွက်မဲ့လူများအတွက်

#အရေးကြီးတဲ့ဆေးစစ်ချက်များ
#အခြားလိုအပ်တဲ့အချက်အလက်များ

ကို ယခု video လေးထဲမှာ အသေးစိတ် မျှဝေပေးထားတာဖြစ်တဲ့အတွက် အဆုံးထိ ကြည့်ရှုပေးကြပါဦးနော်...

23/04/2024

Page လေး error တက်သွားလို့ ခု အဆင်ပြေသွားပီနော်. Messenger မှ အဝယ်များကို လည်း ချက်ချင်းဆက်သွယ် ဖြေကြားပေးနေပါပီရှင့်

အပူချိန် တော်တော်ပြင်းလာပြီ။ ဂရုစိုက်ကြပါရန် #အယ်နီညို တော့လာနေပြီ ၊ အဆင်ပြေစွာ ကျော်ဖြတ်နိုင်ပါစေ... ⚠️အယ်နီညို ဖြစ်စဉ်...
03/04/2024

အပူချိန် တော်တော်ပြင်းလာပြီ။ ဂရုစိုက်ကြပါရန်

#အယ်နီညို တော့လာနေပြီ ၊ အဆင်ပြေစွာ ကျော်ဖြတ်နိုင်ပါစေ... ⚠️

အယ်နီညို ဖြစ်စဉ်၏ ရိုက်ခတ်မှုကြောင့် လာမည့် ၁၀ ရက်အတွင်း ကမ္ဘာတစ်ဝှမ်း နေရာအများအပြားတွင် အပူလှိုင်းများ ဖြစ်ပေါ်လာမည်ဟု မိုးလေဝသ ပညာရှင်များက ထုတ်ပြန်ထားပါသည် ။

အရှေ့တောင် အာရှနိုင်ငံများအနက် စင်ကာပူ ၊ မလေးရှား ၊ အင်ဒိုနီးရှား ၊ ထိုင်းတို့တွင် အပူချိန် ၄၀ မှ ၄၅ ဒီဂရီစင်တီဂရိတ် အထိ မြင့်မားသော အပူလှိုင်းများကို ကြုံတွေ့နိုင်သဖြင့် နိုင်ငံများက ကောင်းမွန်စွာကိုင်တွယ်ဖြေရှင်းရန် လိုအပ်ပါသည်။ မြန်မာနိုင်ငံကလည်း ကြိုတင်ပြင်ဆင်ကြရပါမည်။

ရှောင်ရန်/ ဆောင်ရန်များ

အပူချိန်မြင့်နေချိန် ⚠️

-ရေခဲရေ ၊ အအေး သောက်သုံးခြင်း❌

-လေအေးပေးစက်ကို တိုက်ရိုက်မှုတ်ခြင်း❌

-ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်း လုပ်ခြင်း❌

-ထိုင်ရာမှ ရုတ်တရက် အရမ်းကြီး ထခြင်း ❌
မပြုလုပ်ကြရန် ဖြစ်ပါသည်။

အထူးသဖြင့် သက်လတ်ပိုင်းနှင့် သက်ကြီးရွယ်အိုများနှင့် နာတာရှည်ရောဂါရှိသူများ အထူးသတိထားသင့်ပါသည် ။

အပူချိန် မြင့်မားသော ရာသီဥတုတွင်
-ရေဓာတ် အချိန်မီပြန်လည်ဖြည့်တင်းခြင်း ✅

-ရေဓာတ်ဆုံးရှုံးသွားသည့် အတိုင်း ပြန်လည်ဖြည့်တင်းခြင်း ✅

-ချွေးအလွန်အကျွံထွက်ခြင်းကြောင့် ဓာတ်ဆားရည် ၊ သစ်သီးဖျော်ရည် စသည်တို့ကို စနစ်တကျ ဖြည့်တင်းပေးခြင်း ✅

-အသီးအရွက်နှင့် သစ်သီးဝလံများကို များများစားပြီး လေးလံထိုင်းမှိုင်းစေသော အစားအစာများ လျှော့စားပါ။ ✅

အပူချိန် မြင့်မားခြင်းကြောင့် စိတ်တိုလေလေ
စိတ်မသက်မသာ ပိုဖြစ်လေလေ ခံစားရပါမည်။ မိသားစုနဲ့ ကိုယ့်ကိုကိုယ် ကာကွယ်ရန် လိုအပ်ပါသည်။

အချို့နေရာတွင် အပူချိန်ပြောင်းလဲကာ အပူချိန်
ကျဆင်းသွားစေရန်အတွက် မိုးအနည်းငယ် ရွာနိုင်မည်ဖြစ်ပါသည် ။

အားလုံး အစစအရာရာ အဆင်ပြေကြပါစေ...

Credit- original
Photo Credit - Original

20/03/2024

သင့်လူနာကို ဆွဲထူလိုက်တိုင်း ညည်းနေပြီလား❓

ဒီပြဿနာက ရိုးရိုးကုတင်ကြောင့်ဆိုတာရော သိပြီးပြီလား❓

ယှဉ်ပြပေးပါမယ် 👇

လူနာကို ရိုးရိုးကုတင်နဲ့ ထားတဲ့အခါ ဘာတွေဖြစ်နိုင်လဲ❓
======================

🚫 ဆွဲထူလိုက်တိုင်း သက်တောင့်သက်သာ မဖြစ်ဘူး။

🚫 ခါးနာမယ်၊ ဇက်နာမယ်။

🚽 အပေါ့အလေးသွားချင်တဲ့အခါတိုင်း ခက်ခဲမယ်။

🚫 ပက်လက်နေတာကြာတော့ အိပ်ယာပူနာ ဖြစ်နိုင်တယ်၊ သွေးလည်ပတ်မှု မကောင်းစေဘူး။

🚫 လူနာရှင်အတွက်လည်း အလုပ်ရှုပ်တယ်၊ ပင်ပန်းတယ်။

======================

💁‍♀ ဒီပြဿနာတွေ ကြုံနေရပြီဆိုရင် MJ Group Healthcare ရဲ့
🛏️“ဘက်စုံသုံးကုတင်လေး” ကို သတိရလိုက်ပါ။

MJB 101 - ဘက်စုံသုံးကုတင်လေးနဲ့သာဆိုရင် ....

✅ လူနာကို ခေါင်းထောင်ကျောမတ် လုပ်ပေးဖို့ အလွယ်လေး

✅ ဘေးဘယ်ညာစောင်းပေးမလား .... ပေါ့ပေါ့ပါးပါးပဲ

✅ သွေးလည်ပတ်မှု ကောင်းအောင် ခြေထောက်အတင်အချ လုပ်လို့ရတဲ့ Function လည်းပါသေးတယ်။

✅ အပေါ့အလေးသွားဖို့ တကူးတက ထသွားစရာမလိုဘဲ အိပ်ရာပေါ်မှာပဲ သွားနိုင်လိမ့်မယ်။

✅ အိပ်ယာပေါ်မှာပဲ အဆင့်သင့်လည်း ခေါင်းလျှော်လို့လည်း ရသေးတယ် ရှင့်။

✅ ကုတင်ပေါ်မှာ ထိုင်ရင်း အစားအသောက်စားလို့ရအောင် ထမင်းစားပွဲလေးလည်း ပါပါသေးတယ်။

✅ ဆေးသွင်းလို့ရအောင် Drip Stand

✅ လေ၀င်လေထွက်ကောင်းစေတဲ့ မွေ့ယာ

ပါတော့ .... ဒီဘက်စုံသုံး ကုတင်လေးနဲ့သာဆိုရင်

▪️လူနာအတွက် တစ်နေ့တာလုပ်ငန်းဆောင်တာတွေကို အခက်အခဲမရှိ တစ်နေရာတည်းမှာ ပြုလုပ်နိုင်မယ်။

▪️လူနာအနေနဲ့လည်း သက်တောင့် သက်သာနဲ့ Smart ကျကျ အနားယူနိုင်မယ်။

▪️လူနာရှင်အတွက်လည်း ကရိကထ မများဘဲ အလွယ်တကူ ပြုစုနိုင်မှာဆိုတော့ သိပ်ကို အဆင်ပြေသွားပြီနော် 💚

⎯⎯⎯⎯⎯⎯⎯⎯⎯⎯⎯⎯⎯⎯⎯⎯⎯⎯⎯⎯⎯⎯⎯⎯⎯⎯⎯⎯⎯⎯

MJ Group Healthcare မှာပဲ ရနိုင်တဲ့ အထူးဝန်ဆောင်မှုများ
=====================

👉 Survey

▫️မှာယူတဲ့ကုတင်နဲ့ လူကြီးမင်းရဲ့အခန်းနဲ့ ကိုက်ညီမှုရှိမရှိ ဆွေးနွေးရှင်းပြပေးတယ်

▫️လိုအပ်ရင် Survey ဆင်းပြီး လာရောက်တိုင်းတာပေးပါတယ်။

👉 လာရောက်တပ်ဆင်ပေးခြင်း

▫️ကျွမ်းကျင် Installer များက လူကြီးမင်းရဲ့ အိမ်တိုင်ရာရောက် လာရောက် တပ်ဆင်ပေးမှာဖြစ်ပြီး
▫️Do and Dont's များ၊ အရေးကြီးတဲ့ကုတင်ရဲ့လုပ်ဆောင်ချက်များကိုသေချာဂရုတစိုက် ရှင်းပြပေးသွားမှာပါ။

❌ တပ်ဆင်ခ (လုံးဝ) ပေးစရာမလိုပါနော်။

👉 After Sales Service

▫️ဝယ်ယူတပ်ဆင်ပြီးတဲ့ နောက်ပိုင်းမှာလည်း လူနာအခြေနေကို Follow up လုပ်ခြင်း
▫️Factory error များ ၊ user fault များကို စစ်ဆေးခြင်း စတဲ့ဝန်ဆောင်မှုတွေ ထပ်ပေးပါသေးတယ်။

မှာယူချင်တယ်ဆိုရင်တော့ ....

MJ Group Healthcare ရဲ့ Page Messenger (သို့)

ဖုန်းနံပါတ် 09 - 752 264 331 ကို ဆက်သွယ်နိုင်ပါတယ် ရှင့်။


#ဘက်စုံသုံးကုတင်
#ဆေးရုံကုတင်

ကြက်သွန်နီရဲ့ အသုံးဝင်ပုံ🧅 ကြက်သွန်နီကို အစိမ်းစားခြင်းဖြင့် ဆီးချုပ်ရောဂါပျောက်ကင်း၍ ဆီးရွှင်ခြင်း🧅 ကြက်သွန်နီစေ့ကို ထေ...
16/03/2024

ကြက်သွန်နီရဲ့ အသုံးဝင်ပုံ

🧅 ကြက်သွန်နီကို အစိမ်းစားခြင်းဖြင့် ဆီးချုပ်ရောဂါပျောက်ကင်း၍ ဆီးရွှင်ခြင်း
🧅 ကြက်သွန်နီစေ့ကို ထောင်းစားပါက အားတိုးစေခြင်း
🧅 ကလေးဆီးချုပ်လျှင် မီးဖုတ်ထားသောကြက်သွန်နီကိုခွဲ၍ ဆီးအိမ်ပေါ်၌ ပူပူနွေးနွေးကပ်ပေးပါက ပျောက်ကင်းခြင်း
🧅 ကလေးဝမ်းဗိုက်နာပါက ကြက်သွန်နီရည် အနည်းငယ်ကိုတိုက်ကျွေးလျှင် ပျောက်ကင်းခြင်း
🧅 သကြားနှင့်ကြက်သွန်နီအရည်ညှစ်၍ ရှာလပတ်ရည်လုပ်သောက်ပါက ဆီးပူရောဂါ၊ ဝမ်းရောဂါပျောက်ကင်းခြင်း
🧅 ကြက်သွန်နီလတ်ဆတ်ညှစ်၍ ကြွေဇွန်းတဝက် သကြားအနည်းငယ်ထည့်ပြီး တနေ့တကြိမ်သောက်ပါက သွေးပါသော လိပ်ခေါင်းရောဂါသက်သာခြင်း
🧅 ကြက်မျက်သင့်သောရောဂါဖြစ်ပါက ကြက်သွန်နီအရည်တွင် ဆား အနည်းငယ်ထည့်၍ မျက်စဉ်းခပ်ပေးခြင်း
🧅 ကြက်သွန်နီမီးဖုတ်ပြီး အရည်နွေးနွေးကို နားထဲထည့်ပါက နားကိုက်ရောဂါပျောက်ကင်းခြင်း
🧅 ကြက်သွန်နီကိုအရည်ညှစ်၍ နားထဲတစ်နေ့သုံးကြိမ်ထည့်ပေးပါက နားပြည်ယိုရောဂါပျောက်ကင်းခြင်း
🧅 ကင်းမြီးကောက်စသောအဆိပ်ရှိသတ္တဝါကိုက်ခံရပါက ကြက်သွန်နီကို ဓားနှင့်လှီး၍ အစေးထွက်လာလျှင် ထိပ်ကိုကွမ်းစားထုံးသုတ်ကာ ကိုက်ခံရသည့်နေရာ၌ ၎င်းထိပ်ဖြင့်ပွတ်ခြင်း၊ အရည်ညှစ်၍သုတ်လိမ်းခြင်းဖြင့် အဆိပ်မတက်နိုင်တော့ပါ။

Credit by
(Health Digest Journal)

‼️လည်ပင်းကျီးပေါင်း သက်သာချင်ရင်‼️👉လည်ပင်းကျီးပေါင်းဆိုတာက လည်ပင်းနားက ကျောရိုးအဆစ်လေးတွေကြားရှိတဲ့ အရွတ်ပြားလေးတွေ ခြော...
21/02/2024

‼️လည်ပင်းကျီးပေါင်း သက်သာချင်ရင်‼️
👉လည်ပင်းကျီးပေါင်းဆိုတာက လည်ပင်းနားက ကျောရိုးအဆစ်လေးတွေကြားရှိတဲ့ အရွတ်ပြားလေးတွေ ခြောက်သွေ့လာပီး ကျို့သွားရင် ယောင်လာရင် အဆစ်တွေကနေ အတက်အချွန်တွေ ထွက်လာရင် အဆစ်တွေကြားဖြတ်သန်းသွားရတဲ့ အာရုံကြောလေးတွေဖိမိပီး ဝေဒနာတွေ ခံစားရတာပါ။

👉ဘယ်လိုလူတွေမှာပိုဖြစ်နိုင်သလဲ❓
📌အသက်အရွယ်ကြီးလာသူတွေ
📌အလေးအပင် ပုံစံမမှန်ဘဲ မ နေသူတွေ
📌လည်ပင်း ထိခိုက်ဒဏ်ရာ ရဖူးသူတွေ
📌လည်ပင်းကို အနေအထားမမှန်ဘဲ အာရုံစိုက်ကြည့်ပီး အလုပ်လုပ်သူတွေ
(ဥပမာ - ဖုန်း/ ကွန်ပျူတာ ကြည့်များသူတွေ၊ အပ်ချုပ်သူတွေ၊ သွားဆရာဝန် ..စသည်)
📌ကျီးပေါင်းမျိုးရိုးရှိသူတွေ
📌အဝလွန်သူတွေ
📌ဆေးလိပ်သောက်သူတွေ

👉တယောက်နဲ့တယောက် ဖြစ်တဲ့အခြေအနေမတူနိုင်သလို ခံစားရတဲ့ဝေဒနာတွေလည်း မတူနိုင်ပါဘူး။ အများဆုံး ခံစားရလေ့ရှိတာက
📌ဇက်ကြောတင်းပီး တောင့်နေမယ်
📌ခေါင်းမကြည်ဘဲ မူးဝေနေမယ်၊ တခါတလေ ချာချာလည်အောင်မူးတတ်ပါတယ်
📌လည်ပင်းကြွက်သားတောင့်တင်းပီး ခေါင်းဘယ်ညာလှည့်ရင် နာနေမယ်
📌ခြေလက်ထုံကျင်ပီး အားမရှိသလိုဖြစ်နေမယ်
📌ခန္ဓာကိုယ်ဟန်ချက် မညီဘဲဖြစ်မယ်

👉သက်သာအောင် ဘယ်လိုကုသနိုင်သလဲ❓
✅လည်ပင်းကြွက်သား ပြေလျော့စေတဲ့ လေ့ကျင့်ခန်း တစ်နေ့ ၂ကြိမ်လုပ်ပေးပါ
✅နာနေရင် အကိုက်ခဲပျောက်ဆေး paracetamol 500 mg (သို့) Ibuprofen 200mg ကို တခါသောက် (၁)လုံး တစ်နေ့ (၃)ကြိမ်ကို (၃)ရက်ခန့်သောက်ပါ
✅Vitamin B1, B6, B12 ပါတဲ့ အာရုံကြောအားဆေးတမျိုးမျိုးကို တစ်နေ့ ၂ကြိမ်ကို ထုံကျင်တာ သက်သာတဲ့အထိသောက်ပါ
✅ရေနွေးအိတ်နဲ့ ရေခဲဖတ်ကို ဖြစ်နေတဲ့နေရာပေါ် တစ်လှည့်စီကပ်ပေးပါ
✅နေ့စဥ်ပုံမှန် ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းလုပ်ပါ
✅လည်ပင်း အစွပ်(ကော်လာ)တပ်ပါ
✅ခေါင်းပေါ် ပခုံးပေါ် အလေးအပင် မ တာရှောင်ပါ
✅ဆေးလိပ်မသောက်ပါနဲ့

👉လည်ပင်းကျီးပေါင်းရောဂါဖြစ်ပါက ခံစားရတဲ့ဝေဒနာ ပြင်းထန်လို့ အထက်ပါနည်းလမ်းတွေမလုပ်ခင်မှာ သေချာအောင် ဆရာဝန်နဲ့ အယင် ပြသသင့်ပါတယ်နော်။
#ချစ်ခင်စွာဖြင့်_MTZ

 #ဆီးကျောက်တည်တာကိုကြိုတင်ကာကွယ်ဖို့နည်းလမ်းကောင်းများ #ရေများများသောက်ပါရေများများသောက်လေလေ ဆီးအနည်ကျတာ နည်းလေလေဖြစ်ပြီ...
09/02/2024

#ဆီးကျောက်တည်တာကိုကြိုတင်ကာကွယ်ဖို့နည်းလမ်းကောင်းများ

#ရေများများသောက်ပါ

ရေများများသောက်လေလေ ဆီးအနည်ကျတာ နည်းလေလေဖြစ်ပြီး ဆီးကျောက်တည်တဲ့ပြဿနာတွေ ဝေးသွားမှာဖြစ်ပါတယ်။ ရေသောက်နည်းတဲ့အချိန်သွားတဲ့ဆီးအရောင်က အရောင်ရင့်နေတတ်ပါတယ်။ ရေများမျာသောက်ဆိုတဲ့နေရာမှာ ရိုးရိုးရေ တစ်မျိုးတည်းကသာ အသင့်တော်ဆုံး ဖြစ်မှာပါ။

#အငန်လျှော့စားပါ

ဆိုဒီယမ်နဲ့ ဆားဓါတ်တွေဟာ ရေကိုဆွဲယူတဲ့ အာနိသင်ရှိတာကြောင့် ေရဓာတ်ခမ်းခြောက်လေ့ရှိပါတယ်။ ရေဓာတ်ခမ်းခြောက်ရင် အနည်ပိုကျပြီး ဆီးကျောက်ပိုတည်တတ်ပါတယ်။ ဒါေကြာင့် အငန်လျှော့စားပါ။ အရွယ်ရောက်ပြီးသားသူတစ်ယောက်ဟာ တစ်နေ့ကို ဆားလက်ဖက်ရည်ဇွန်းတစ်ဇွန်း ပမာဏလောက်သာ စားသင့်ပါတယ်။

#ကိုယ်အလေးချိန်ကိုထိန်းထားပါ

အဝလွန်လေလေ ကျောက်ကပ်ပေါ်သက်ရောက်တဲ့ ဖိအားများလေလေနဲ့ ကျောက်ကပ်ပိုအလုပ်လုပ်ရလေလေဖြစ်ပြီး စွန့်ပစ်ရမယ့်ပစ္စည်းတွေ မစွန့်ပစ်နိုင်ဖြစ်သွားကာ ဆီးကျောက်တည်တဲ့ပြဿာနတွေဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကိုယ်လက်လှုပ်ရှားဖို့ လေ့ကျင့်ခန်းလုပ်ဖို့ လိုကိုလိုအပ်ပါတယ်။

ျားတဲ့အစားအစာတွေကိုလျှော့စားပါ

calcium oxalate ဆိုတာ ဆီးကျောက်တည်ခြင်းကိုဖြစ်စေတဲ့ ဓာတ်အမျိုးအစားတစ်ခုပါ။ ဒီတော့ calcium oxalate များတဲ့အစားအစာတွေကြောင့် ကိုယ်ခန္ဓာထဲမှာ သူတို့တွေများလာတဲ့အခါ ဆီးကျောက်တည်တဲ့ပြဿနာပိုဖြစ်စေမှာပါ။ ဒါကြောင့် calcium oxalate များတဲ့အစားအစာတွေဖြစ်တဲ့ စပျစ်သီး၊ အာလူး၊ ပဲပိစပ်၊ ဟင်းနုနွယ်၊ ချော့ကလက်၊ ရေကညွန့် လက်ဖက်နဲ့ ကန်စွန်းဥ စတာတွေကို လျှော့စားရမှာ ဖြစ်ပါတယ်။

#အရက်ဖြတ်ပါ

အရက်ဟာ ဆဲလ်တွေဆီက ရေဓါတ်ကိုဆွဲထုတ်ပြီး ဆဲလ်တွေထဲ ရေဓါတ်ပြန်ဝင်ခြင်းကို တားဆီးတာကြောင့် ရေဓါတ်ခမ်းခြောက်ခြင်းကိုဖြစ်စေတဲ့အရာတစ်ခုပါ။ ဒါကြောင့် ဆီးကျောက်တည်မှာ ကျောက်တဲ့သူတွေအနေနဲ့ အရက်ကို လုံဝရှောင်သင့်ပါတယ်။

#ကဖင်းဓါတ်သုံးစွဲမှုလျှော့ချပါ

ကဖင်းဓာတ်များတဲ့ ကော်ဖီလက်ဖက်ရည်တွေဟာ ဇီဝကမ္မဖြစ်စဉ်ကို မြန်စေပြီး ရေဓါတ်ကို ခမ်းခြောက်စေတာကြောင့် ဆီးကျော်တည်မှ ာကြောက်တဲ့သူတွေအနေနဲ့ ကဖင်းဓာတ်ကို လျှော့ချဖို့ လိုပါတယ်

Hello Health Group

📌သွေးတိုးရောဂါ ဂရုစိုက်ပါ‼️--------------------------------------------------🩺သွေးတိုးရောဂါဟာ ကုသရလွယ်သလောက် ကြောက်စရာကေ...
07/02/2024

📌သွေးတိုးရောဂါ ဂရုစိုက်ပါ‼️
--------------------------------------------------
🩺သွေးတိုးရောဂါဟာ ကုသရလွယ်သလောက် ကြောက်စရာကောင်းပါတယ်၊ လူငယ် လူကြီးမရွေးဖြစ်တတ်ပါတယ်၊ မျိုးရိုးလိုက်တတ်ပီး လှုပ်ရှားမှုနည်းသူများ၊ အဝလွန်သူများ၊ အငံ အဆီအစားများသူများ၊ ဆေးလိပ် အရက်သောက်သူများတွင် ပိုဖြစ်တတ်ပါတယ်။
🩺သွေးတိုးရောဂါဆိုတာ နှလုံးနဲ့သွေးကြောတွေ အထဲမှာရှိတဲ့ သွေးဖိအားများလာလို့ ဖြစ်တာပါ။ သွေးကြောလေးတွေကျဥ်းနေရင်လည်း သွေးတိုးပိုဖြစ်နိုင်ပါတယ်။
🩺လူတယောက်ရဲ့ ပုံမှန်သွေးပေါင်ချိန်က ၁၄၀/၉၀ mmHg ထက်များနေရင် သွေးတိုးနေပီဖြစ်ပီး ၁၆၀/၉၅ mmHg ထက်များနေပီဆိုရင်တော့ သွေးတိုးရောဂါရှိနေပါပြီ။ ပုံမှန်သွေးထိမ်းဆေး သောက်ဖို့လိုပါမယ်။

🩺သွေးတိုးတက်ရင် ဘယ်လို လက္ခဏာတွေ ပြပါသလဲ
-လက္ခဏာပြလေ့ မရှိပါဘူး၊ သွေးပေါင်ချိန်တိုင်းကြည့်မှသာ သိနိုင်ပါတယ်။ လက္ခဏာမပြလို့ ငါဘာမှမဖြစ်ဘူးလို့ ပေါ့ဆလို့မရပါဘူး။ တချို့လူတွေမှာ ခေါင်းကိုက်တာ ခေါင်းမူးတာ ဇက်ကြောတတ်တာ မောတာ နှာခေါင်းသွေးလျှံတာတို့ ဖြစ်တတ်ပါတယ်။

👉သွေးတိုးတာကို မကုဘဲထားရင် ဘာတွေဖြစ်နိုင်ပါသလဲ❓
‼️သွေးတိုးရောဂါကို ဆေးပုံမှန်မသောက်ရင်၊ မကုဘဲထားရင် လေဖြတ်ရောဂါ၊ နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါ၊မျက်စိမှုံ/ကွယ်တာ...စတဲ့ နောက်ဆက်တွဲရောဂါတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် တတ်ကျွမ်းနားလည်သူနဲ့ ပုံမှန် ပြသသင့်ပါတယ်။

👉သွေးတိုးရောဂါမဖြစ်အောင် ဘယ်လိုကာကွယ်မလဲ⁉️
✔ကိုယ်အလေးချိန် လျော့ချပါ
✔မိမိ ဝါသနာပါတဲ့ လေ့ကျင့်ခန်း နေ့စဥ်ပုံမှန်လုပ်ပါ
✔ကျန်းမာရေးနှင့်ညီညွတ်တဲ့ အစားအသောက်တွေသာစားပါ
✔အငံ လျော့စားပါ
✔အရက် အလွန်အကျွံသောက်တာကို ရှောင်ပါ
✔ဆေးလိပ်ဖြတ်ပါ
✔ကော်ဖီလျော့သောက်ပါ
✔စိတ်ဖိစီးမှု လျော့နည်းစေတဲ့ လူနေမှုဘဝနဲ့ နေထိုင်ပါ
✔နေ့စဥ် သွေးပေါင် ပုံမှန်ချိန်ကာ မှတ်တမ်းပြုစုထားပါ
✔မိသားစု/ မိတ်ဆွေ သူငယ်ချင်းများရဲ့ နွေးထွေးမှုကို ရယူပါ

📌သွေးတိုးတာကို သတိမမူမိလို့ နောက်ဆက်တွဲ ရောဂါတွေရရင် နောက်ကျသွားပါပြီ၊ ဒါကြောင့် ကျမတို့တွေ သွေးတိုးစေနိုင်တယ် လူနေမှုဘဝ life-style ကို ပြုပြင်၍ အစားအသောက် အနေအထိုင်တွေ ဆင်ခြင်ကြပါစို့နော်။🥰
#ချစ်ခင်စွာဖြင့်_MTZ

Credit by Myat Thu Zar.Dr Page မှ ကူးယူဖော်ပြထားပါတယ်

♥️ ဟာဝိုင်ယီက ထင်ရှားကျော်ကြားတဲ့ ♥️ ဆေးဆရာကြီးတစ်ဦးက ပြောသတဲ့။♥️ ကမ္ဘာပေါ်မှာရှိတဲ့ ဆေးဖက်ဝင် အပင်ပေါင်းများစွာထဲက♥️ သ...
03/02/2024

♥️ ဟာဝိုင်ယီက ထင်ရှားကျော်ကြားတဲ့
♥️ ဆေးဆရာကြီးတစ်ဦးက ပြောသတဲ့။
♥️ ကမ္ဘာပေါ်မှာရှိတဲ့ ဆေးဖက်ဝင် အပင်ပေါင်းများစွာထဲက
♥️ သင်ဟာ တစ်ပင်ပဲရွေးပြီး စိုက်ခွင့်ရမယ်ဆိုရင်
♥️ ရဲယိုပင်ကိုသာ ရွေးချယ်လိုက်ပါတဲ့။

ကဲ ဒီစာကို ဖတ်ပြီးပြီးချင်း
မိမိအိမ်ရဲ့ မြေမှာ အနည်းဆုံး ရဲယိုပင် တစ်ပင် စိုက်လိုက်ပါ။

တိုက်ခန်း, ကွန်ဒိုနဲ့ နေတဲ့သူများကတော့
ပန်းအိုးတစ်အိုး နဲ့ စိုက်လိုက်ပါ။

ဒါမှသာ ရဲယိုရွက်လေးတွေ ထွက်လာတာ မြင်နေရမှ
ရဲယိုရွက်ကို စားဖို့ မမေ့မှာပါ။

တစ်ကယ်လို့ အကြောင်း အမျိုးမျိုးကြောင့်
မစိုက်ဖြစ်ကြဘူး ဆိုရင်လည်း
ရဲယိုရွက်ကို အမြဲချက်စားကြဖို့
စေတနာ အရင်းခံနဲ့ တိုက်တွန်းပါတယ်။

မြန်မာပြည်မှာနေပြီး ရဲယိုရွက်တွေစားပြီး
သက်ရှည်ကျန်းမာအောင် နေကြပါလို့ တိုက်တွန်းပါတယ်။

🍃 ရဲယိုရွက် ငါးဖယ်ပြောက်ကျားဟင်း
🍃 ရဲယိုရွက် ဘဲဥ အချပ်လိုက်ကြော်
🍃 ရဲယိုရွက် ငါးဘတ်မွှေ
🍃 ရဲယိုရွက် ငါးခူဟင်း
🍃 ရဲယိုရွက် ကြက်ဥမွှေကြော်
🍃 ရဲယိုရွက်ကြော်
🍃 ရဲယိုရွက် ကြက်ကြော်သုပ်
🍃 ရဲယိုရွက် ငါးခူစင်းကော
🍃 ရဲယိုရွက် ကြက်သားဟင်း

ကျန်းမာရေးအတွက် ကောင်းလွန်းလို့
ထပ်ချက်စားတဲ့ ရဲယိုရွက် အသစ် ဟင်းလျှာတွေကို
ထပ်ထပ်ပြီး ဖြည့်ပေးသွားပါမယ်။

အားလုံးပဲ သက်ရှည် ကျန်းမာကြပါစေ။

Bago Daw Htwe Yee ပဲခူး ဒေါ်ထွေးရီ

____________________________________________

ရဲယို နဲ့ ကျန်းမာရေး
*******************
အစားအစာတိုင်းက အာဟာရဖြစ်ရုံသက်သက် မဟုတ်ပါဘူး။
ခန္ဓာကိုယ်အတွက်
ကျန်းမာရေး အကျိုးကျေးဇူးတွေ အများကြီးရစေတာပါ။

ရဲယိုရွက်ကို ဟင်းထုတ်လုပ်စားတာ၊
ငါးနဲ့ရောပြီး စင်းကောချက်တာမျိုး စားလို့ရသလို
ရဲယိုသီးကိုလည်း ဖျော်ရည်လုပ်သောက်လို့ ရပါတယ်။
ရဲယိုပင်က တစ်ပင်လုံးနီးပါး ဆေးဖက်ဝင်တာပါ။

ရဲယို က ဘယ်လိုများဆေးဖက်ဝင်တာလဲ
***************************************
ရဲယိုသီးရော ရဲယိုရွက်ကပါ
ကျန်းမာရေးအကျိုးကျေးဇူး တော်တော်လေးများပါတယ်။
သက်ကြီးရွယ်အိုတွေအတွက်ရော
လူငယ်တွေအတွက်ပါ
အထူးသင့်တော်တဲ့ ဓာတ်စာတစ်ခုပေါ့။

ရဲယိုပင်က ဆေးဖက်ဝင်အပင်တစ်မျိုးဖြစ်ပြီး
အမြဲစိမ်း အပင်ငယ်တစ်မျိုးပါ။

ရှေးယခင်ကာလတွေကတည်းက
အရေပြားအတွက်ဆေးအဖြစ် အသုံးပြုခဲ့ကြပါတယ်။
အသီးနဲ့ အရွက်တင် မကပါဘူး။
အပွင့်၊ အခေါက်၊ ပင်စည်နဲ့ အမြစ်တွေကလည်း
ဆေးဖက်ဝင်ပါသေးတယ်။

ရဲယို မှာ ပါဝင်တဲ့ အာဟာရဓာတ်တွေ
**********************************
ရဲယိုရွက်၊ ရဲယိုသီးတို့မှာ
ပရိုတင်း၊ အမျှင်ဓာတ်၊ အဆီဓါတ်၊
ဗီတာမင် A၊ ဗီတာမင် C နဲ့
သွေးတိုးကျစေနိုင်တဲ့ ပိုတက်ဆီယမ်တို့ပါဝင်ပါတယ်။

ဒါတွေအပြင်
ကင်ဆာ နဲ့ နှလုံးရောဂါတွေကို ကာကွယ်ပေးနိုင်တဲ့
ဖလေဗာနွိုက် ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေလည်း
ပါဝင်နေပါသေးတယ်။

အစာလည်းဆေး၊
ဆေးလည်း အစာလို့ ပြောလို့ရအောင်ကို
အာဟာရဓာတ်တွေ ကြွယ်ဝတဲ့ စားစရာတစ်မျိုးပါ။
မကြိုက်တဲ့သူတွေအတွက်တော့
အဝင်တော့ နည်းနည်းလေးဆိုးပါတယ်။
ကြိုက်တဲ့သူတွေအတွက်က အရမ်းစားကောင်းပါတယ်။

ရဲယိုရဲ့ ကျန်းမာရေးအတွက် အသုံးဝင်ပုံများကတော့

♦️အကိုက်အခဲပျောက်စေတယ်
******************************
ရဲယို ပင်ကို ခေါင်းကိုက်ပျောက်ပင်
အကိုက်အခဲပျောက်ပင်လို့တောင်
ခေါ်ကြတာမျိုးရှိပါတယ်။

လေ့လာမှုတွေအရ ရဲယိုပင်က
အကိုက်အခဲပျောက်စေနိုင်ပြီး

လေးဖက်နာ ဝေဒနာနဲ့
အခြားအဆစ်အမြစ်တွေ နာကျင်ကိုက်ခဲတာကို
သက်သာစေနိုင်ပါတယ်။

♦️ကိုယ်ခံအားကောင်းစေတယ်။
******************************
ကိုယ်ခံအားကောင်းစေဖို့ အထောက်အကူပြုပေးပါတယ်။

ဘက်တီးရီးယားတွေ အန္တရာယ်ကနေ ကာကွယ်ပေးသလို
တုပ်ကွေးလိုမျိုး ကူးစက်တတ်တဲ့ ရောဂါတွေကနေ
ကာကွယ်ပေးနိုင်ပါတယ်။

♦️ အိပ်ပျော်စေတယ်။
*********************
ရဲယိုသီး နဲ့ ရဲယိုရွက်က
ဆီရိုတိုနင်ဟော်မုန်းနဲ့
မယ်လ်လာတိုနင်ဟော်မုန်းတွေကို
လှုံ့ဆော်ပေးပါတယ်။

စိတ်ခံစားမှု ကောင်းမွန်စေပြီး စိတ်ဓာတ်မကျစေဖို့နဲ့
အိပ်ပျော်စေဖို့အတွက် အရေးပါတဲ့ဟော်မုန်းတွေကို
လှုံ့ဆော်ပေးမှတော့ စိတ်ဓာတ်ကျမှာ
အိပ်မပျော်မှာကို ပူစရာမလိုတော့ပါဘူး။

♦️အရေပြားနဲ့ ဆံသားကို ကျန်းမာစေနိုင်တယ်။
*******************************************
ရဲယိုရွက်နဲ့ ရဲယို သီးမှာပါတဲ့ ဂုဏ်သတ္တိတွေက
အသားအရေကို နုပျိုစေပြီး
ဆံသားကို သန်စွမ်းစေနိုင်သလို
ခြေသည်းလက်သည်းတွေကိုပါ ကျန်းမာစေနိုင်တာပါ။

♦️ ကင်ဆာကာကွယ်ပေးနိုင်တယ်
*******************************
ရဲယို ရွက် နဲ့ ရဲယိုသီးတွေက
နိုက်ထရစ်အောက်ဆိုဒ် ထွက်ရှိအောင်
လှုံ့ဆော်ပေးနိုင်စွမ်းရှိပါတယ်။

ခန္ဓာကိုယ်က ကင်ဆာဆဲလ်တွေကို
တုံ့ပြန်တိုက်ခိုက်နိုင်အောင်လုပ်ဆောင်ပေးသလို
ကင်ဆာကျိတ်တွေ ကြီးမလာအောင်လည်း
ဟန့်တားပေးနိုင်ပါတယ်။

♦️ သွေးတိုးကျစေနိုင်တယ်
*************************
phytonutrients ပါဝင်နေသလို
ဗီတာမင် C နဲ့ ဆီလီနီယမ်တို့ ပါဝင်နေတာကြောင့်
သွေးကြောနံရံတွေကို Free Radical တွေကြောင့်
ထိခိုက်ပျက်စီးမှုကနေ ကာကွယ်ပေးပါတယ်။

ပိုတက်ဆီယမ်ပါဝင်မှုကြောင့် သွေးတိုးကျစေနိုင်ပါတယ်။
နောက်ထပ်အာနိသင်တစ်ခုက
သွေးကြောတွေကို ပြေလျော့စေတာပါ။

သွေတွင်းကိုလက်စထရော ကျဆင်းစေနိုင်စေတယ်။
သွေးတွင်းက အကျိုးမပြုတဲ့
ကိုလက်စထရောတွေကို ကျဆင်းစေပြီး
သွေးကြောထဲမှာ အဆီတွေစုပုံတာမျိုးမဖြစ်အောင်
ကာကွယ်ပေးနိုင်ပါတယ်။

♦️မှတ်ဉာဏ်ကောင်းစေနိုင်တယ်
******************************
သွေးတွင်းကိုလက်စထရောကို ကျဆင်းစေနိုင်ပြီး
သွေးကြောတွေထဲမှာ သွေးစီးဆင်းမှုကောင်းစေနိုင်တာကြောင့်
ဦးနှောက်ထဲကို သွေးစီးဆင်းရောက်ရှိမှုကောင်းမွန်စေပြီး
ဦးနှောက်ကို ကျန်းမာစေနိုင်သလို
မှတ်ဉာဏ်လည်း ပိုကောင်းစေနိုင်ပါတယ်။

♦️ဝမ်းမှန်စေနိုင်တယ်
*********************
ပျော်ဝင်လွယ်တဲ့ အမျှင်ဓာတ်များစွာ ပါဝင်နေတာကြောင့်
အူတွေအတွင်းမှာ စီးဆင်းမှုကို ကောင်းမွန်စေနိုင်ပြီး
ဝမ်းမှန်စေနိုင်ပါတယ်။

အူလမ်းကြောင်းကျန်းမာဖို့အတွက် လိုအပ်တဲ့
ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို
ထောက်ပံ့ပေးပါတယ်။

ဒါတွေအပြင်

ရဲယို ပင်ရဲ့ အစိတ်အပိုင်းတွေမှာပါတဲ့ ဓာတ်တွေက
ကျန်းမာရေးကို တော်တော်လေး အထောက်အကူပြုပေးတာပါ။

လေနာရောဂါ၊ အတက်ရောဂါတွေကို သက်သာစေနိုင်သလို
ချောင်းဆိုးပျောက်စေပါတယ်။

ဆီးချိုအတွက် အသုံးတည့်သလို

ဆီးသွားရင် နာကျင်တာ၊

အဖြူဆင်းတာ နဲ့
မအီမသာဖြစ်တာတွေအတွက်လည်း အသုံးတည့်ပါတယ်။

အမျိုးသမီးတွေမှာ ရာသီသွေး မှန်စေနိုင်သလို
သွေးမဆုံးခင် ခံစားရနိုင်တဲ့
အကြိုလက္ခဏာတွေကိုလည်း သက်သာစေနိုင်ပါတယ်။

အတွင်းတိမ်မဖြစ်အာင် ကာကွယ်ဖို့
ကင်ဆာကာကွယ်ဖို့နဲ့
လေမဖြတ်အောင် ကာကွယ်ဖို့အတွက်လည်း
အထူးသင့်တော်တဲ့ ဓာတ်စာတစ်ခုပါ။

ခေါင်းတစ်ခြမ်းကိုက်တာအတွက်လည်း
စားသုံးပေးလို့ရပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

မူရင်းတည်းဖြတ်သူ မူရင်းရေးသားသူ
များအားလုံးကို Credit ပေးပါတယ်

28/01/2024

🧑‍⚕️မိမိရဲ့ဆေးရုံအတွက် ဒါမှမဟုတ် အိမ်ကလူနာအတွက် စိတ်ချယုံကြည်ရတဲ့ ဆေးရုံသုံးပစ္စည်းများလိုအပ်နေပါသလား ❓

ကျန်းမာရေးပစ္စည်းဆိုတာ လူနာရဲ့ကျန်းမာရေးအခြေအနေအရ အရေးပေါ်ကာလတို ဒါမှမဟုတ် ကာလရှည်အသုံးပြုရတဲ့ ပစ္စည်းမျိုးပါ။🛏️

❗ဝယ်ယူလိုက်ပြီးမှ ပစ္စည်းရဲ့ Quality မကောင်းလို့ ခဏလေးသုံးပြီး ထပ်သုံးလို့မရတော့တာမျိုး ၊ အရေးပေါ်အခြေအနေတွေမှာ အသုံးပြုဖို့ခက်ခဲတာမျိုးတွေဖြစ်လာခဲ့ရင် စိတ်ညစ်စရာတွေနဲ့ကြုံရတက်ပါတယ်။🤦

လူနာရှင်တွေအနေနဲ့ ဆေးကုသစရိတ်အပြင် လိုအပ်တဲ့ကျန်းမာရေးပစ္စည်းတွေပါ ထပ်ဆောင်းကုန်ကျရတာဆိုတော့ ဝယ်ယူတဲ့အခါမှာ အရွေးမမှားဖို့အရေးကြီးပါတယ်။💁

🛏ကျွန်မတို့ MJ Group Healthcare ကနေဖြန့်ဖြူးရောင်းချနေတဲ့ ဘက်စုံသုံးကုတင် (multi-functional bed) လေးနဲ့ဆိုရင်တော့ လူကြီးမင်းတို့ရဲ့ အခက်အခဲတွေအားလုံးကို အလွယ်တကူဖြေရှင်းနိုင်မယ်ဆိုတာ သေချာပါတယ်။👍

👌လူကြီးမင်းတို့ကို စိတ်ကျေနပ်မှုအပြည့်အဝရရှိစေပြီး အခက်အခဲတွေ ပြေလည်နိုင်ဖို့ အတွက်လည်း ကျွန်မတို့ MJ Group Healthcare ကနေရဲရဲကြီးအာမခံပါတယ်။💯

✅မဝယ်ရသေးခင်အချိန်မှာကတည်းက ကုတင်ရဲ့လုပ်ဆောင်ချက်အဆင့်ဆင့်ကို သေချာရှင်းပြပေးမှာမလို့ အသုံးပြုတဲ့နေရာမှာ အခက်အခဲမရှိနိုင်တော့ပါဘူး ။

✅ပြီးတော့ ကုတင်နဲ့ ထားမယ့်အခန်း ကိုက်ညီမှုရှိမရှိကို Survey ဆင်းပြီးလာရောက်တိုင်းတာပေးတာကြောင့် ဝယ်ပြီးမှ ထားရမယ့်နေရာအခက်အခဲဖြစ်တာမျိုးတွေမရှိတော့ပါဘူး။

✅တပ်ဆင်ပေးတဲ့အခါမှာလည်း ကျွမ်းကျင်တဲ့👨‍🔧 Installer များက ကျွမ်းကျင်လျင်မြန်စွာတပ်ဆင်ပေးပြီး Do and Dont's များ🙅‍♂️ ၊ အရေးကြီးတဲ့ကုတင်လုပ်ဆောင်ချက်များကိုသေချာဂရုတစိုက် ရှင်းပြပေးမှာဖြစ်တာကြောင့် ကုတင်ကိုရေရှည်ထိန်းသိမ်းနိုင်ဖို့အတွက် အထောက်အကူဖြစ်စေမှာပါ။

✅ဒါတွေအပြင် တပ်ဆင်အသုံးပြုပီးတဲ့နောက်ပိုင်းမှာလည်း လူနာအခြေနေများကို Follow up လုပ်ခြင်း ၊ Factory error များ ၊ user fault များကို တာဝန်ယူဖြေရှင်းပေးတဲ့ After Service လေးကိုအမြဲတမ်းပြုလုပ်ပေးနေမှာမလို့ ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်ပါတယ်။

ကျန်းမာရေးသုံးပစ္စည်းတွေကို စိတ်ချလက်ချနဲ့ယုံယုံကြည်ကြည်ဝယ်ယူချင်တယ်ဆိုရင်တော့ MJ Group Healthcare ကိုသာလှမ်းလာခဲ့ပါ 😘

အသေးစိတ်သိချင်သူများအနေဖြင့်

MJ Group Healthcare page ၏ page Messenger သို့မဟုတ် 09752264331 ကို
ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင့်။

နာမကျန်းသူကို ဖေးကူလက်တွဲ🤝
ဆေးရုံသုံးပစ္စည်းဆို MJ Healthcare 👈

23/12/2023

လူနာကို ဆွဲထူလိုက်တိုင်း ညည်းနေပြီလား❓

ဒီပြဿနာက ရိုးရိုးကုတင်ကြောင့်ဆိုတာရော သိပြီးပြီလား❓

ယှဉ်ပြပေးပါမယ် 👇

လူနာကို ရိုးရိုးကုတင်နဲ့ ထားတဲ့အခါ ဘာတွေဖြစ်နိုင်လဲ❓
======================

🚫 ဆွဲထူလိုက်တိုင်း သက်တောင့်သက်သာ မဖြစ်ဘူး။

🚫 ခါးနာမယ်၊ ဇက်နာမယ်။

🚽 အပေါ့အလေးသွားချင်တဲ့အခါတိုင်း ခက်ခဲမယ်။

🚫 ပက်လက်နေတာကြာတော့ အိပ်ယာပူနာ ဖြစ်နိုင်တယ်၊ သွေးလည်ပတ်မှု မကောင်းစေဘူး။

🚫 လူနာရှင်အတွက်လည်း အလုပ်ရှုပ်တယ်၊ ပင်ပန်းတယ်။

======================

💁‍♀ ဒီပြဿနာတွေ ကြုံနေရပြီဆိုရင် MJ Group Healthcare ရဲ့
🛏️“ဘက်စုံသုံးကုတင်လေး” ကို သတိရလိုက်ပါ။

MJB 101 - ဘက်စုံသုံးကုတင်လေးနဲ့သာဆိုရင် ....

✅ လူနာကို ခေါင်းထောင်ကျောမတ် လုပ်ပေးဖို့ အလွယ်လေး

✅ ဘေးဘယ်ညာစောင်းပေးမလား .... ပေါ့ပေါ့ပါးပါးပဲ

✅ သွေးလည်ပတ်မှု ကောင်းအောင် ခြေထောက်အတင်အချ လုပ်လို့ရတဲ့ Function လည်းပါသေးတယ်။

✅ အပေါ့အလေးသွားဖို့ တကူးတက ထသွားစရာမလိုဘဲ အိပ်ရာ​ပေါ်မှာပဲ သွားနိုင်လိမ့်မယ်။

✅ အိပ်ယာပေါ်မှာပဲ အဆင့်သင့်လည်း ခေါင်းလျှော်လို့လည်း ရသေးတယ် ရှင့်။

✅ ကုတင်ပေါ်မှာ ထိုင်ရင်း အစားအသောက်စားလို့ရအောင် ထမင်းစားပွဲလေးလည်း ပါပါသေးတယ်။

✅ ​ဆေးသွင်းလို့ရ​အောင် Drip Stand

✅ ​​လေ၀င်​လေထွက်​ကောင်းစေတဲ့ ​မွေ့ယာ

ပါတော့ .... ဒီဘက်စုံသုံး ကုတင်လေးနဲ့သာဆိုရင်

▪️လူနာအတွက် တစ်နေ့တာလုပ်ငန်းဆောင်တာတွေကို အခက်အခဲမရှိ တစ်နေရာတည်းမှာ ပြုလုပ်နိုင်မယ်။

▪️လူနာအနေနဲ့လည်း သက်တောင့် သက်သာနဲ့ Smart ကျကျ အနားယူနိုင်မယ်။

▪️လူနာရှင်အတွက်လည်း ကရိကထ မများဘဲ အလွယ်တကူ ပြုစုနိုင်မှာဆိုတော့ သိပ်ကို အဆင်ပြေသွားပြီနော် 💚

⎯⎯⎯⎯⎯⎯⎯⎯⎯⎯⎯⎯⎯⎯⎯⎯⎯⎯⎯⎯⎯⎯⎯⎯⎯⎯⎯⎯⎯⎯

MJ Group Healthcare မှာပဲ ရနိုင်တဲ့ အထူးဝန်ဆောင်မှုများ
=====================

👉 Survey

▫️မှာယူတဲ့ကုတင်နဲ့ လူကြီးမင်းရဲ့အခန်းနဲ့ ကိုက်ညီမှုရှိမရှိ ဆွေးနွေးရှင်းပြပေးတယ်

▫️လိုအပ်ရင် Survey ဆင်းပြီး လာရောက်တိုင်းတာပေးပါတယ်။

👉 လာရောက်တပ်ဆင်ပေးခြင်း

▫️ကျွမ်းကျင် Installer များက လူကြီးမင်းရဲ့ အိမ်တိုင်ရာရောက် လာရောက် တပ်ဆင်ပေးမှာဖြစ်ပြီး
▫️Do and Dont's များ၊ အရေးကြီးတဲ့ကုတင်ရဲ့လုပ်ဆောင်ချက်များကိုသေချာဂရုတစိုက် ရှင်းပြပေးသွားမှာပါ။

❌ တပ်ဆင်ခ (လုံးဝ) ပေးစရာမလိုပါနော်။

👉 After Sales Service

▫️ဝယ်ယူတပ်ဆင်ပြီးတဲ့ နောက်ပိုင်းမှာလည်း လူနာအခြေနေကို Follow up လုပ်ခြင်း
▫️Factory error များ ၊ user fault များကို စစ်ဆေးခြင်း စတဲ့ဝန်ဆောင်မှုတွေ ထပ်ပေးပါသေးတယ်။

မှာယူချင်တယ်ဆိုရင်တော့ ....

MJ Group Healthcare ရဲ့ Page Messenger (သို့)

ဖုန်းနံပါတ် 09 - 752 264 331 ကို ဆက်သွယ်နိုင်ပါတယ် ရှင့်။


#ဘက်စုံသုံးကုတင်
#ဆေးရုံကုတင်

မိုး​ကောင်းမြို့မှ လူနာရှင်မိသားစု မှာယူအား​ပေးမှု​​ကြောင့် MJB 101 ကုတင်​လေးကို သွား​ရောက်ပို့​​ဆောင်​ပေးခဲ့ပုံ​လေးပါ.....
01/11/2023

မိုး​ကောင်းမြို့မှ လူနာရှင်မိသားစု မှာယူအား​ပေးမှု​​ကြောင့် MJB 101 ကုတင်​လေးကို သွား​ရောက်ပို့​​ဆောင်​ပေးခဲ့ပုံ​လေးပါ.. 💚

မိဘပြည်သူများရဲ့ ယုံကြည်မှုဖြင့် ​ငွေကြိုလွှဲ​ ၀ယ်ယူအား​ပေးမှုများကိုလည်း အထူးပီတိဖြစ်ရပါတယ်..🤩

အားကိုးယုံကြည်မှု​တွေနဲ့ ​ရှေ့ဆက်တာ၀န်​ကျေ​စေရပါမယ်ခင်မျာ ..🙏🙏



#လူနာကုတင်
#ဆေးရုံကုတင်

Address

Pearl Street
Mingaladon
2210

Telephone

+959752264331

Website

Alerts

Be the first to know and let us send you an email when MJ Group Healthcare posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to MJ Group Healthcare:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram