အသဲရောင်အသားဝါ B ပိုး

အသဲရောင်အသားဝါ B ပိုး Health education for hepatitis B virus

ဆေး company သို့ MR အဆက်အသွယ် ရချင်ပါတယ်
23/02/2023

ဆေး company သို့ MR အဆက်အသွယ် ရချင်ပါတယ်

10/01/2023

အသည်းရောင်ရောဂါ (သို့မဟုတ်) အသည်းရောင်အသားဝါရောဂါ (Hepatitis) (Jan 2023)

🟥 အသည်းရောင်အသားဝါရောဂါဆိုတာ ဘာလဲ။

အသည်းရောင်အသားဝါရောဂါသည် အသည်းရောင်ခြင်းကြောင့်ဖြစ်သောရောဂါ ဖြစ်သည်။ အသည်းရောင်အသားဝါရောဂါသည် အလိုအလျောက် ပြန်ကောင်းလာနိုင်သော်လည်း အသည်းတွင်အနာရွတ်ဖြစ်ကျန်ခဲ့ခြင်း သို့မဟုတ် အသည်းခြောက်ခြင်း သို့မဟုတ် အသည်းကင်ဆာအထိ ဖြစ်လာနိုင်သည်။

ကမ္ဘာပေါ်တွင် အသည်းရောင်အသားဝါရောဂါ၏ အဖြစ်များဆုံးအကြောင်းရင်းမှာ အသည်းရောင်အသားဝါရောဂါ ဗိုင်းရပ်စ်ပိုးများ ဖြစ်သော်လည်း အခြားသော ရောဂါပိုးများ၊ အဆိပ်အတောက်ဖြစ်စေသော အရာများ (ဥပမာ အရက်၊ အချို့သော ဆေးဝါးများ) နှင့် မိမိ၏ ခန္ဓာကိုယ်အတွင်း ခုခံအားစနစ် တုံ့ပြန်မှုကြောင့်ဖြစ်သော ရောဂါများ (Autoimmune diseases) သည်လည်း အသည်းရောင်ခြင်းကို ဖြစ်စေနိုင်သည်။

အသည်းရောင်အသားဝါရောဂါ ဖြစ်စေသော ဗိုင်းရပ်စ်အမျိုးအစားများမှာ အဓိကအားဖြင့် A၊ B၊ C၊ D နှင့် E ဟူ၍ ၅ မျိုး ရှိသည်။ အဆိုပါ ၅ မျိုးကြောင့်ဖြစ်သော နာမကျန်းမှု၏ နောက်ဆက်တွဲ ဝန်ထုပ်ဝန်ပိုး၊ သေဆုံးမှု၊ အစုလိုက်အပြုံလိုက် ရောဂါဖြစ်ပွားမှုနှင့် ကပ်ရောဂါ ပြန့်ပွားနိုင်ခြေတို့ကြောင့် စိုးရိမ်စရာအကောင်းဆုံးအဖြစ် သတ်မှတ်ထားသည်။ အထူးသဖြင့် B နှင့် C အမျိုးအစားများသည် သန်းရာနှင့်ချီသော လူများတွင် နာတာရှည်ရောဂါများ ဖြစ်စေနိုင်ပြီး အသည်းခြောက်ခြင်းနှင့် အသည်းကင်ဆာ အဖြစ်များဆုံး အကြောင်းရင်းဖြစ်သည်။

အသည်းရောင်အသားဝါ ရောဂါပိုး A နှင့် E သည် အများအားဖြင့် ရောဂါပိုး ပါရှိသော အစားအစာစားသုံးမိခြင်း သို့မဟုတ် ရေကို သောက်သုံးမိခြင်းကြောင့် ဖြစ်တတ်ပါသည်။ အသည်းရောင်အသားဝါ ရောဂါပိုး B၊ C နှင့် D သည် ရောဂါပိုးရှိသော သူ၏ ခန္ဓာကိုယ်မှ ထွက်ရှိသော အရည်များနှင့် ထိတွေ့မှုကြောင့် ဖြစ်တတ်သည်။ ရောဂါပိုးရှိသောသွေး သို့မဟုတ် သွေးပစ္စည်းများကို သွင်းခြင်း၊ ပိုးသတ်ထားခြင်းမရှိသော ကိရိယာများ အသုံးပြု၍ ခွဲစိတ်ခြင်း၊ ဆေးထိုးခြင်းနှင့် မွေးဖွားစဥ်ကာလတွင် ရောဂါပိုးရှိသော မိခင်မှတစ်ဆင့် မွေးကင်းစကလေးသို့ သို့မဟုတ် ကလေးဘဝ အစောပိုင်းကာလတွင် ရောဂါပိုးရှိသော မိသားစုဝင်တစ်ဦးထံမှတစ်ဆင့် ကလေးသို့ အသည်းရောင်အသားဝါ B ပိုး ကူးစက်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာ ထိတွေ့မှုတို့ကြောင့်လည်း ကူးစက်နိုင်သည်။

လတ်တလောကူးစက်ခံရပါက ရောဂါလက္ခဏာ မတွေ့ရဘဲ သို့မဟုတ် အနည်းငယ်သာ တွေ့ရခြင်း သို့မဟုတ် အသားဝါခြင်း (အရေပြားနှင့် မျက်လုံးများ ဝါခြင်း)၊ ဆီးအရောင် ရင့်ခြင်း၊ အလွန်အမင်း ပင်ပန်းနွမ်းနယ်ခြင်း၊ ပျို့အန်ခြင်း၊ အော့အန်ခြင်းနှင့် ဝမ်းဗိုက်နာခြင်း စသည့် လက္ခဏာများ ခံစားရနိုင်ပါသည်။

🟥 အသည်းရောင်အသားဝါ ရောဂါပိုး (၅) မျိုး

1️⃣ အသည်းရောင်အသားဝါ A ရောဂါပိုး (Hepatitis A virus - HAV)

အသည်းရောင်အသားဝါ A ရောဂါပိုး (HAV) သည် ရောဂါပိုးရှိသူများ၏ မစင်များတွင် ရှိနေပြီး ရောဂါပိုးပါ နေသောရေ သို့မဟုတ် အစားအစာများ စားသုံးခြင်းမှတစ်ဆင့် ကူးစက်တတ်သည်။ အချို့သော လိင်အပြုအမူများသည် HAV ရောဂါပိုးကို ပျံ့နှံ့စေနိုင်သည်။ လူအများစုသည် ရောဂါလက္ခဏာ သိပ်မခံစားရဘဲ အပြည့်အဝပြန်လည်ကောင်းမွန်နိုင်ပြီး နောက်တစ်ကြိမ် ကူးစက်ခံရနိုင်သည့် HAV ရောဂါပိုးများကိုပါ ခုခံအား ရရှိနိုင်ပါသည်။ သို့ရာတွင် HAV ရောဂါပိုး ကူးစက်ခံရခြင်းကြောင့် ရောဂါပြင်းထန်ပြီး အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်နိုင်သည့်အခြေအနေလည်း ရှိနိုင်ပါသည်။ တစ်ကိုယ်ရည်နှင့် ပတ်ဝန်းကျင်သန့်ရှင်းမှု အားနည်းသော ဒေသများရှိ လူအများစုသည် HAV ရောဂါပိုး ကူးစက်ခံထားရနိုင်ပါသည်။ HAV ရောဂါပိုးကို ကာကွယ်ရန် ဘေးကင်းပြီး ထိရောက်သော ကာကွယ်ဆေးများ ရှိပါသည်။

2️⃣ အသည်းရောင်အသားဝါ B ရောဂါပိုး (Hepatitis B virus - HBV)

အသည်းရောင်အသားဝါ B ရောဂါပိုး (HBV) သည် ရောဂါပိုးရှိသော သွေး၊ သုက်ရည်နှင့် ခန္ဓာကိုယ်မှ ထွက်သော အခြားအရည်များနှင့် ထိတွေ့မှုမှ ကူးစက်သည်။ HBV ရောဂါပိုးသည် မွေးဖွားစဥ်ကာလတွင် ရောဂါပိုးရှိသော မိခင်မှတစ်ဆင့် မွေးကင်းစကလေးသို့ သို့မဟုတ် ကလေးဘဝ အစောပိုင်းကာလတွင် ရောဂါပိုးရှိသော မိသားစုဝင်တစ်ဦးထံမှတစ်ဆင့် ကလေးသို့ ကူးစက်နိုင်သည်။ HBV ရောဂါပိုးရှိသော သွေးနှင့် သွေးပစ္စည်းများကို သွင်းခြင်း၊ ဆေးကုသနေစဉ်အတွင်း ပိုးသတ်ထားခြင်းမရှိသော အပ်ဖြင့် ဆေးထိုးခြင်းနှင့် မူးယစ်ဆေးဝါးကို သွေးကြောထဲထိုး၍ အသုံးပြုခြင်းတို့မှတစ်ဆင့် ကူးစက်ခြင်းလည်း ဖြစ်နိုင်သည်။ HBV ရောဂါပိုး ကူးစက်ခံရသူ လူနာများကို ပြုစုနေစဉ် မတော်တဆ အပ်စူးမိခြင်းကြောင့်လည်း ကျန်းမာရေးဝန်ထမ်းများအနေဖြင့် HBV ပိုး ကူးစက်ခံရမည့် အန္တရာယ်ရှိပါသည်။ HBV ရောဂါပိုး ကာကွယ်ရန် ဘေးကင်းပြီး ထိရောက်သော ကာကွယ်ဆေးများ ရှိပါသည်။

3️⃣ အသည်းရောင်အသားဝါ C ရောဂါပိုး (Hepatitis C virus - HCV)

အသည်းရောင်အသားဝါ C ရောဂါပိုး (HCV) သည် အများအားဖြင့် ရောဂါပိုးရှိသော သွေးနှင့် ထိတွေ့ခြင်းကြောင့် ကူးစက်သည်။ ၎င်းသည် HCV ရောဂါပိုး ပါရှိသောသွေးနှင့် သွေးပစ္စည်းများကို သွင်းခြင်း၊ ဆေးကုသနေစဉ်အတွင်း ပိုးသတ်ထားခြင်းမရှိသော ဆေးထိုးအပ်ဖြင့် ဆေးထိုးခြင်းနှင့် မူးယစ်ဆေးဝါးကို သွေးကြောထဲထိုး၍ အသုံးပြုခြင်းတို့မှတစ်ဆင့် ကူးစက်ဖြစ်ပွားနိုင်သည်။ လိင်မှတစ်ဆင့် ကူးစက်ခြင်းလည်း ဖြစ်နိုင်သော်လည်း အဖြစ်နည်းပါသည်။ HCV ရောဂါပိုးအတွက် ကာကွယ်ဆေး မရှိသေးပါ။

4️⃣ အသည်းရောင်အသားဝါ D ရောဂါပိုး (Hepatitis D virus - HDV)

အသည်းရောင်အသားဝါ D ရောဂါပိုး (HDV) သည် အသည်းရောင်အသားဝါ B ရောဂါပိုး (HBV) ကူးစက်ခံရသူများတွင်သာ ကူးစက်ဖြစ်ပွားနိုင်ပါသည်။ HDV နှင့် HBV ရောဂါပိုး (၂) ခု ကူးစက်ခံရမှုကြောင့် ရောဂါ ပိုမိုပြင်းထန်စေပြီး နောက်ဆက်တွဲခံစားရမှုများ ပိုဆိုးစေနိုင်ပါသည်။ အသည်းရောင်အသားဝါ B ကာကွယ်ဆေးများသည် အသည်းရောင်အသားဝါ D ရောဂါပိုး (HDV) ကူးစက်ခံရမှုမှလည်း ကာကွယ်ပေးနိုင်ပါသည်။

5️⃣ အသည်းရောင်အသားဝါ E ရောဂါပိုး (Hepatitis E virus - HEV)

အသည်းရောင်အသားဝါ E ရောဂါပိုး (HEV) သည် ရောဂါပိုး ပါဝင်သောရေ သို့မဟုတ် အစားအစာ စားသုံးခြင်းမှတစ်ဆင့် ကူးစက်တတ်ပါသည်။ HEV ရောဂါပိုးသည် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အသည်းရောင်အသားဝါ ကပ်ရောဂါအသွင်ဖြစ်ပွားမှုများ၏ အဓိကအကြောင်းအရင်းဖြစ်ပြီး ဖွံ့ဖြိုးပြီးနိုင်ငံများတွင် အသည်းရောင်အသားဝါရောဂါ ဖြစ်ပွားစေသော အရေးပါသည့် အကြောင်းအရင်းအဖြစ် မှတ်ယူထားကြပါသည်။ HEV ရောဂါပိုး ကူးစက်မှုကို ကာကွယ်ရန် ဘေးကင်းပြီး ထိရောက်သော ကာကွယ်ဆေးများကို တီထွင်ထုတ်လုပ်ထားသော်လည်း တွင်တွင်ကျယ်ကျယ် မရရှိနိုင်သေးပါ။

Source: World Health Organization

 #ကမ္ဘာ့​ဆေး​လောကရှုခင်း၃၁ #အသည်းရောင်အသားဝါရောဂါများအမြစ်ပြတ်သုတ်သင်ရေး #ရတနာပုံသတင်းစာ၃၁၇၂၀၂၂ နှစ်စဉ်နှစ်တိုင်းလိုလို ...
31/07/2022

#ကမ္ဘာ့​ဆေး​လောကရှုခင်း၃၁
#အသည်းရောင်အသားဝါရောဂါများအမြစ်ပြတ်သုတ်သင်ရေး
#ရတနာပုံသတင်းစာ၃၁၇၂၀၂၂

နှစ်စဉ်နှစ်တိုင်းလိုလို ဇူလိုင်လ ၂၈ရက်နေ့က ကမ္ဘာ့အသည်းရောင်အထိမ်းအမှတ်နေ့ဖြစ်သည်။ အသည်းရောင်အသားဝါဖြစ်စေသည့် ဗိုင်းရပ်စ်ပိုးများစွာ ရှိသည့်အနက် အဓိက ပြဿနာပေးနေသည်က အသည်းရောင်အသားဝါ ဘီပိုးနှင့် စီပိုးသာဖြစ်သည်။ ဤအသည်းရောင် ဗိုင်း
ရပ်စ်ပိုး နှစ်မျိုးက အသည်းကို ရောင်စေသည်၊ဒဏ်ရာအနာတရဖြစ်စေသည်၊ အသည်းကို ခြောက်စေနိုင်သည်၊ နောက်ဆုံး အသည်းကင်ဆာဖြစ်
စေသည်အထိ အန္တရာယ်ပေးနိုင်သည်။

အသည်းရောင်အသားဝါပိုးများ၏ ကူးစက်မှုနှုန်း၊ လူသားတို့အပေါ် ဖိစီးမှုနှုန်းကလည်း အတော်ကြီးသည်။ အသည်းရောင်အသားဝါ
ဘီပိုး ဆိုလျှင် အမျိုးသားတွေမှာ ပိုအဖြစ်များသည်။၂၀၁၉-၂၀၂၀ နှစ်များအတွင်း အသည်းရောင်အသားဝါ ဘီပိုး ကူးစက်ခံရသူ ၈၉၀၀၀၀ ရှိသည်။
ထိုအချိန်မှာ HIV ကူးစက်ခံရသူ ဦးရေက ၇၂၀၀၀၀ဖြစ်သည်။ ၂၀၁၉ခုနှစ်အတွင်း HIV/AIDS ရောဂါကြောင့် သေဆုံးရသူ ၇သိန်း ရှိခဲ့စဉ်မှာ အသည်းရောင်အသားဝါ ဘီပိုးနှင့် စီပိုးကြောင့် သေဆုံးရသူက ၁၁သိန်းဖြစ်သည်။

ရောဂါကူးစက်မှု၊ရောဂါကြောင့် သေဆုံးရမှု ကိန်းဂဏန်းတွေ များလာနေပေမယ့် ကောင်းလာသည့်အချက်လေးတွေလဲ ရှိပါသည်။ လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်း အသည်းရောင်အသားဝါ စီပိုးကို လုံးဝပျောက်ကင်းသွားအောင် ကုသပေးနိုင်သည့် ဗိုင်းရပ်စ်သတ်ဆေးတွေ ပေါ်လာသည်။ အသည်းရောင်အသားဝါ ဘီပိုး ကာကွယ်ဆေးကို မွေးကင်းစအရွယ်မှ စတင်ထိုးနှံလာနိုင်ခဲ့သည့်အတွက် ကူးစက်မှုကွင်းဆက်ကို ဖြတ်တောက်နိုင်ပြီး ဘီပိုးကို အမြစ်ဖြတ်နိုင်တော့မည်ဟူသော မျှော်လင့်ချက်ရောင်ခြည်သန်းလာခဲ့သည်။ တစ်ခုတော့ ရှိသည်။ သိပ္ပံပညာ၏ ဖွံ့ဖြိုးတိုးတက်မှုများကို လက်တွေ့အကောင်အထည်ဖော်နိုင်ဖို့၊ လူသားတို့အပေါ် လက်တွေ့ကျကျ အကျိုးပြုနိုင်ဖို့ ဆိုင်ရာအစိုးရအာဏာပိုင် များ၏ မူဝါဒဆိုင်ရာ ပံ့ပိုးမှုများတော့ လိုအပ်ပါသည်။

၂၀၂၂၊ မေလအတွင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) မှ အသည်းရောင်ပိုးများအမြစ်ဖြတ်နိုင်ရေးနှင့် ပတ်သတ်သည့် ရည်မှန်းချက်အသစ်
များ ထုတ်ပြန်ခဲ့သည်။ ရည်မှန်းချက်ပန်းတိုင် အသစ်များအရ ၂၀၃၀ပြည့်နှစ်မှာ အသည်းရောင် ဘီပိုးနှင့် စီပိုး နှစ်ခုစလုံးအတွက် ရောဂါကူးစက်ခံ
ရမှု အသစ်နှင့် သေဆုံးရသူ အရေအတွက်စုစုပေါင်းကို ၁၀သိန်းအောက် လျော့ချမည်ဟု ဆိုသည်။ အသက် ၅နှစ်အောက် ကလေးသူငယ် ဘီပိုး
ကူးစက်ခံရမှုကိုလည်း အယောက် ၁၀၀၀ မှ ၁ ယောက်အထိ (၀.၁ရာခိုင်နှုန်းအထိ) လျော့ချရမည် ဖြစ်သည်။

မျှော်မှန်းသုတေသနများအရတော့ ရည်မှန်းချက်တွေ ပြည့်မီဖို့ သိပ်မလွယ်နိုင်။ အသည်းရောင်အသားဝါ စီပိုးတစ်ခုတည်းကိုပဲ နှစ်စဉ်
ကူးစက်မှုနှုန်းက ပျမ်းမျှ ၁.၄၂သန်း ရှိနေသည်။ ၂၀၃၀ပြည့်နှစ်အထိ သည်နှုန်းအတိုင်း သွားမည်ဟု ခန့်မှန်းထားသည်။ အသည်းရောင်အသားဝါ
ဘီပိုး ကြောင့် သေဆုံးမှုနှုန်းကတော့ ဖြည်းဖြည်းချင်း လျော့ကျနေတာ တွေ့ကြရသည်။ အရင်က WHO ၏ မျှော်မှန်းချက်ဖြစ်သည့် ၂၀၂၀ပြည့်နှစ်
အရောက် အသက်၁နှစ်အောက်ကလေးငယ်များအကြား ဘီပိုးကူးစက်မှုနှုန်း ၁ရာခိုင်နှုန်းအောက် လျော့ချနိုင်ရေး ရည်မှန်းချက်ကတော့ ပြည့်မီ
ခဲ့ပါသည်။

အသည်းရောင်ရောဂါများ ထိန်းချုပ်ရေးမှာ အားနည်းချက်တစ်ခုက တကမ္ဘာလုံးမှ အခွင့်အရေး ညီတူမျှတူ မရခြင်းဖြစ်ပါသည်။ ဉပမာ
အာဖရိကတိုက်နိုင်ငံများမှာဆိုလျှင် HBsAg ခေါ်သည့် အသည်းရောင် ဘီပိုး ရှိနေသည့် နှုန်းက ၂.၇ရာခိုင်နှုန်းဖြစ်ပါသည်။ လူဦးရေ ၁၀၀မှာ ၂.၇
ယောက် ဘီပိုးရှိနေသည်ဆိုတော့ ၎င်းကိန်းဂဏန်းက ကမ္ဘာ့ပျမ်းမျှ ဘီပိုး ရှိသည့်နှုန်းထက် သုံးဆပိုများနေသည်။ ကာကွယ်ဆေးများ လှူဒါန်းနေ
သည့် Gavi အဖွဲ့ကြီးက ဘီပိုးကာကွယ်ဆေးတွေကို မွေးကင်းစကလေးငယ်များမှာ အခမဲ့ထိုးနှံပေးနိုင်ဖို့ ရံပုံငွေ လှူဒါန်းထားခဲ့တာရှိသည်။ ကိုဗစ်
-၁၉ကပ်ဘေးဖြစ်လိုက်တော့ ယင်းအစီအစဉ် ပျက်သွားသည်။ လတ်တလောကာလမှာ အသည်းရောင်စီပိုးအတွက်လည်း ဗိုင်းရပ်စ်သတ်ဆေးများကို အခမဲ့ပံ့ပိုးပေးနိုင်မည့် အစီအစဉ်မရှိသေး။

အသည်းရောင်ဘီပိုးကို ထိန်းချုပ်နိုင်ဖို့ ကာကွယ်ထိုးဆေးက အရေးကြီးသည်ဟုဆိုလျှင် အသည်းရောင်စီပိုးအတွက်ကတော့ ဗိုင်းရပ်စ်
သတ်ဆေးက အရေးကြီးပါသည်။ ၎င်းလက်နက် ၂ခုမရှိပဲ အသည်းရောင်ရောဂါများကို ထိန်းချုပ်ဖို့မလွယ်။ ကမ္ဘာပေါ်မှာ အသည်းရောင်စီပိုး အများဆုံးဒေသက အရှေ့ဉရောပနိုင်ငံများဖြစ်သည်။ အာရှနိုင်ငံများထက် ကံဆိုးသည်က အရှေ့ဉရောပနိုင်ငံများမှာက ဈေးသက်သက်သာသာ
နှင့် ရနိုင်မည့် အလားတူဆေး(Generics) တွေ မရှိခြင်းဖြစ်သည်။

ရောဂါတစ်ခုခုကို အမြစ်ဖြတ်နိုင်ဖို့ဆိုသည်က ငွေကြေးရံပုံငွေအင်အားတောင့်တင်းဖို့လိုသည်။ ဖြစ်စဉ်တစ်ခုကို နမူနာပြပါမည်။ အီဂျစ် နိုင်ငံမှာ တစ်ချိန်က Schistosomiasis အမည်ရသည့် ကပ်ပါးရောဂါတစ်မျိုး အဖြစ်များခဲ့ဖူးသည်။ ထိုရောဂါကိုကုသဖို့ တစ်နိုင်ငံလုံးအတိုင်းအ
တာနှင့် အမျိုးသားအဆင့် မူဝါဒအရ ထိုးဆေးတစ်မျိုးထိုးရသည်။ ထိုကာလများက တစ်ခါသုံးအပ်ဆိုတာ မရှိသေး။ သည်တော့ အီဂျစ်နိုင်ငံတဝှမ်း ဆေးထိုးအပ်များ ပြန်လည် ဝေငှသုံးစွဲခြင်းကြောင့် အသည်းရောင် စီပိုးများ ကူးစက်ကုန်တော့သည်။ ၂၀၀၈ခုနှစ်တုန်းက အီဂျစ်နိုင်ငံသား ၁၀ဦးမှာ ၁ဦးက အသည်းရောင်အသားဝါစီပိုး ကူးစက်ခံနေရသည်။ အသည်းရောင်စီပိုးကို ကုသဖို့ ၂၀၁၈ခုနှစ်မှာ ကမ္ဘာ့ဘဏ်မှ အီဂျစ်နိုင်ငံကို ကန်ဒေါ်လာ
၅၃၀သန်း ထောက်ပံ့သည်။ အခုဆိုရင် အီဂျစ်နိုင်ငံက ကမ္ဘာပေါ်မှာ အသည်းရောင်စီပိုး အမြစ်ပြတ်မည့် ပထမဆုံးနိုင်ငံဖြစ်လာတော့မည်။

အသည်းရောင်အသားဝါ ဘီပိုးဆိုရင်လည်း မီးဖွားနေချိန်နှင့် မီးဖွားပြီးစအချိန်များမှာ မိခင်မှ ကလေးဆီသို့ ကူးစက်ခံရတာများသည်။
သည်တော့ မွေးကင်းစအရွယ်မှာ အသည်းရောင် ဘီပိုး ကာကွယ်ဆေးထိုးပေးနိုင်ဖို့က အလွန်အရေးကြီးသည်။ တချို့က ရောဂါကာကွယ်ရေး
အတွက် ငွေကြေးသုံးစွဲရမှာ စိုးရိမ်ကြသည်။ တကယ်တမ်းကျတော့ ရောဂါကာကွယ်ရေးအတွက် ငွေကြေးသုံးစွဲခြင်းက ဖြစ်မှရောဂါကို ကု
သည်ထက် ကုန်ကျစရိတ်များစွာ သက်သာသည်ဆိုသော သက်သေသက္ကာယသုတေသနများစွာ ရှိနေပါသည်။

အသည်းရောင်ရောဂါများ အမြစ်ဖြတ်နိုင်ရေးအတွက် စိန်ခေါ်မှုတစ်ခုက အသည်းရောင်ရောဂါပိုးများ ရှိနေသူ အများစု မိမိမှာ ပိုးရှိ
နေမှန်း မသိကြခြင်းဖြစ်သည်။ နာတာရှည်အသည်းရောင် ဘီပိုး ရှိနေသူများ၏ ၁၀ရာခိုင်နှုန်းသာလျှင် သူတို့မှာ ဘီပိုးရှိနေမှန်း သိကြပြီး
နာတာရှည်အသည်းရောင် စီပိုး ရှိနေသူများ၏ ၂၁ရာခိုင်နှုန်းကသာလျှင် သူတို့မှာ စီပိုးရှိနေမှန်း သိကြသည်။ ဘီပိုးနှင့်စီပိုး ကူးစက်ခံထားရသူ
များအတွက် ပိုးရှိ၊မရှိ အလွယ်တကူ စစ်ဆေးနိုင်မည့် နေရာများ၊ ကိုယ့်ဘာသာကိုယ် အလွယ်တကူ စစ်ဆေးနိုင်မည့် Test-kit များ ဖန်တီးပေး
နိုင်ဖို့လိုအပ်ပါသည်။ ထို့အပြင် ဘီပိုးနှင့် စီပိုး စစ်ဆေးပေးပြီး၊ ကုသမှုပါ တစ်ခါတည်း စတင်ပေးလိုက်မည့် ကွင်းဆင်းဆေးကုသမှုမျိုးကိုလည်း
ပြုလုပ်ပေးရန်လိုအပ်သည်။

နိဂုံးချုပ်အားဖြင့် ဆိုရသော် အသည်းရောင်အသည်းဝါရောဂါများကို ၂၀၃၀ပြည့်နှစ်မှာ ချုပ်ငြိမ်းသွားစေရေး မျှော်မှန်းချက်ကတော့
စိန်ခေါ်မှုအများအပြား ရှိနေသေးသည်။ သို့ပေမယ့် လုံးဝမဖြစ်နိုင်သည့် အရာတော့မဟုတ်။ အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်နိုင်မှာတော့
သေချာသည်၊ အောင်မြင်မှု တစုံတရာ ရှိမှာလည်း သေချာသည်။ အသည်းရောင်ရောဂါများအတွက် ရံပုံငွေများ ပိုမိုထည့်ဝင်ကြရမည်၊ အမျိုး
သားအဆင့်မှသည်၊ အပြည်ပြည်ဆိုင်ရာအဆင့်အထိ ပူးပေါင်းချိတ်ဆက်ဆောင်ရွက်ကြရပါမည်။ အသည်းရောင်အသားဝါရောဂါများ တိုက်
ဖျက်ရေးအတွက် ပြိုင်တူတွန်းကြရမည့် အချိန်ကျရောက်ပြီဖြစ်ပါကြောင်း။
Ref: Viral hepatitis elimination: a challenge, but within reach from Lancet July 2023

B ပိုးအသည်းရောင်အသားဝါ B ရောဂါသည် Hepatitis B Virus (HBV) ကြောင့်ဖြစ်သည့် ကူးစက်ရောဂါတစ်ခုဖြစ်ပြီး နောက်ဆက်တွဲဆိုးကျိုးအ...
22/06/2022

B ပိုး
အသည်းရောင်အသားဝါ B ရောဂါသည် Hepatitis B Virus (HBV) ကြောင့်ဖြစ်သည့် ကူးစက်ရောဂါတစ်ခုဖြစ်ပြီး နောက်ဆက်တွဲဆိုးကျိုးအနေဖြင့် အသည်းပျက်စီးခြင်း၊ အသည်းခြောက်ခြင်း၊ အသည်းကင်ဆာဖြစ်ခြင်းတို့ကိုဖြစ်စေပါတယ်။ ကလေးငယ်များတွင် Hep B ရောဂါပိုးကူးစက်ခံရပါက နာတာရှည်ရောဂါအဖြစ်သို့ ဦးတည်သွားနိုင်ပေမယ့် လူကြီးအရွယ်တွင် ကူးစက်ခံရပါက ရောဂါလက္ခဏာပြင်း ထန်သည့်တိုင်အောင် လုံး၀ပြန်ကောင်းလာဖို့ အလားအလာရှိပါတယ်။

ကူးစက်ပုံ

=====

သွေး၊ သုတ်ရည်အပါအ၀င် ခန္ဓာကိုယ်မှထွက်သောအခြားအရည်များမှတဆင့် ကူးစက်ခြင်းဖြစ်ပြီး ရောဂါပိုးရှိသူနှင့် အကာအကွယ်မသုံးဘဲ လိင်ဆက်ဆံခြင်း၊ ရောဂါပိုးရှိသူနှင့် ဆေးထိုးအပ် မျှေ၀သုံးစွဲခြင်း၊ ရောဂါပိုးရှိနေသောအပ်စူးမိခြင်း တို့ကြောင့် ကူးစက်နိုင်ပါတယ်။ အသည်းရောင်အသားဝါ B ပိုးရှိတဲ့ ကိုယ်၀န်ဆောင်မိခင်မှ ကလေးထံသို့ မွေးဖွားချိန်နှင့် မွေးပြီးကာစမှာ ရောဂါပိုးကူးစက်နိုင်ပါတယ်။



ယာယီ နှင့် နာတာရှည် အသည်းရောင်အသားဝါ B

======

Hepatitis B ပိုးကူးစက်ခံရခြင်းက ယာယီ (acute) လည်းဖြစ်နိုင်ပြီး နာတာရှည် (chronic) လည်းဖြစ်နိုင်ပါတယ်။ Acute infection ဟာ 6 လအောက်သာကြာမြင့်ပြီး ခန္ဓာကိုယ်ခုခံအားစနစ်မှ ဗိုင်းရပ်စ်ကို ဖယ်ရှားလိုက်နိုင်တာကြောင့် လအနည်းငယ်အတွင်းမှာ ရောဂါပိုးတွေအလိုလိုရှင်းသွားနိုင်ပါတယ်။

6 လနှင့် အထက်ကြာတယ်ဆိုရင်တော့ Chronic Infection ဖြစ်သွားပါပြီ။ ခုခံအားစနစ်က B ပိုးကို မတိုက်ထုတ်နိုင်တာကြောင့် အသည်းခြောက်ခြင်း၊ အသည်းကင်ဆာဖြစ်ခြင်း စတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်ပွားလာနိုင်ပါတယ်။ မွေးကင်းစနှင့် အသက် 5 နှစ်အောက် ကလေးများတွင် ကူးစက်ခံရပါက နာတာရှည် (Chronic Infection) ဖြစ်ဖို့ အလားအလာပိုများပါတယ်။



အသည်းရောင်အသားဝါ B ပိုး ကူးစက်ခံရနိုင်ခြေ မြင့်မားသူများ

======

လိင်ဆက်ဆံဖော်တယောက်နှင့် အထက်ရှိသူများ၊ အမျိုးသားအချင်းချင်း လိင်ဆက်ဆံသူများ၊ မူးယစ်ဆေး အကြောထဲထိုးသူများ၊ နာတာရှည် HBV ပိုးရှိသူနှင့် တစ်အိမ်ထဲ အတူနေသူများ၊ ကျန်းမာရေး၀န်ထမ်းများ၊ မကြာခဏကျောက်ကပ်ဆေးရသူများ၊ HBV ဖြစ်ပွားနှုန်းမြင့်သည့် ဒေသများသို့ ခရီးသွားသူများဟာ HBV ရောဂါပိုးကူးစက်ခံရဖို့ အလားအလာပိုများပါတယ်။



ရောဂါလက္ခဏာများ

======

ကူးစက်ခံရပြီး 1 လမှ 4 လအတွင်း ရောဂါလက္ခဏာ စပြလေ့ရှိပါတယ်။ ရောဂါလက္ခဏာများမှာ -

- ၀မ်းဗိုက်ညာဘက်ခြမ်း (အသည်းနေရာ) နာခြင်း

- ဆီးအရောင်ရင့်ခြင်း

- ဖျားခြင်း

- အဆစ်နာခြင်း

- ခံတွင်းပျက်ခြင်း

- ပျို့အန်ခြင်း

- အားနည်း၍ပင်ပန်းခြင်း

- အရေပြားနှင့် မျက်သားအဖြူများဝါလာခြင်း

မွေးခါစနှင့် ကလေးအများစုတွင် ရောဂါလက္ခဏာ လုံး၀မပြသပေ။ သွေးစစ်ဆေးခြင်းဖြင့် အသည်းရောင်အသားဝါ B ပိုး ရှိ/မရှိ သိနိုင်ပါတယ်။ သွေးမှတဆင့် HBV Antibody (ခုခံအား)၊ Hbs Ag (Hepatitic B Surface Antigen)၊ Hbc Ag (Hepatitic B C Antigen)၊ Viral DNA (ဗိုင်းရပ်ရဲ့ မျိုးရိုးဗီဇ) တို့ကို စစ်ဆေးသိရှိနိုင်ပါတယ်။



စမ်းသပ်စစ်ဆေးခြင်း

======

ရောဂါလက္ခဏာများပေါ်လာချိန်တွင် အသည်းကိုထိခိုက်နေပြီဖြစ်တာကြောင့် အချိန်မီကုသမှုခံယူနိုင်ရန်နှင့် ကာကွယ်နိုင်ရန် အသဲရောင်အသားဝါ B ပိုး ရှိ/မရှိ လူတိုင်းစစ်ဆေးသင့်ပါတယ်။ အထူးသဖြင့် -

- အသည်းရောင်အသားဝါ B ပိုးရှိသူနှင့် အတူနေသူများ

- အသည်းရောင်အသားဝါ B ပိုးရှိသူနှင့် လိင်ဆက်ဆံသူ

- HIV ပိုးကူးစက်ခံထားရသူများ

- အသည်းရောင်အသားဝါ B ပိုးဖြစ်ပွားမှုများသည့် အာရှ၊ ပစိဖိတ်ကျွန်း၊ အာဖရိကနှင့် ဥရောပအရှေ့ပိုင်းမှပြောင်းလာသူများ

- မူးယစ်ဆေးအကြောတွင်းထိုးသူများ

- အမျိုးသားအချင်းချင်း လိင်ဆက်ဆံသူများ

- ကျောက်ကပ်မကြာခဏဆေးသူများ

- ခုခံအားစနစ်ကို အားနည်းစေတဲ့ ဆေးဝါးများမှီ၀ဲနေသူများ

- ကိုယ်၀န်ဆောင်အမျိုးသမီးများအနေဖြင့် HBV ပိုး ရှိ/မရှိ စစ်ဆေးသင့်ပါတယ်။

HBV DNA ကို တွေ့ရှိပါက ခန္ဓာကိုယ်ထဲမှာ ဗိုင်းရပ်တွေပွားများနေတဲ့လက္ခဏာဖြစ်ပါတယ်။ အသည်းမှာရောဂါ ဖြစ်နေနိုင်သလို့ သူတပါးဆီသို့ ကူးစက်ဖို့အလားအလာလည်းများပါတယ်။

Hepatitis B Surface Antigen (HBsAg) ရှိကြောင်းသိရပါက Hepatitis B ရောဂါရှိနေပြီး အခြားသူများထံ ကူးစက်နိုင် ပါတယ်။



ကုသခြင်း

======

HBV ပိုးနှင့်ထိတွေ့မိပြီး ကာကွယ်ဆေးမထိုးရသေးပါက 24 နာရီအတွင်း hepatitis B immune globulin အား ထိုးခြင်းဖြင့် အသဲရောင်အသားဝါ B ရောဂါမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။



Acute hepatitis B (ယာယီဖြစ်သော အသည်းရောင်အသားဝါ B)



Acute hepatitis B အတွက် သီးခြားကုသမှုမရှိပေ။ ခန္ဓာကိုယ်မှရောဂါပိုးကို တိုက်ထုတ်နေချိန်တွင် အနားယူခြင်း၊ အာဟာရပြည့်၀အောင် စားသုံးပေးခြင်းတို့ပြုလုပ်ပေးပါ။



Chronic hepatitis B (နာတာရှည် အသည်းရောင်အသားဝါ B)



နာတာရှည်ဖြစ်ပါက အသည်းကို ပုံမှန်စစ်ဆေးပြီး နောက်ဆက်တွဲ ဆိုးကျိုးတွေဖြစ်မလာခင်မှာ ကုသမှုခံယူရပါမယ်။



ဆေးဝါးများဖြင့်ကုသခြင်း



နာတာရှည်အသည်းရောင်အသားဝါ B အား အဓိကအားဖြင့် antiviral ဆေးများဖြင့် ကုသပြီး ဗိုင်းရပ်စ်ကြောင့် အသည်းပျက်ဆီးမှုမဖြစ်အောင် ကာကွယ်ပေးသည်။

ယခုအခါအလွန်ထိရောက်သော ဆေးများရှိနေပြီး ဗိုင်းရပ်စ်ကို နှစ်ပေါင်းများစွာ ချိုးနှိမ်ထားနိုင်ကာ အသည်းပျက်ဆီးမှုကို နှေးကွေးစေနိုင်သော်လည်း ဗို်င်းရပ်စ်ကို လုံး၀ကင်းစင်စေနိုင်ခြင်းမရှိပေ။

နေကောင်းသည်ဟု ခံစားရသည့်တိုင် ဆေးကုသမှုဆက်ခံယူရမည်ဖြစ်ပြီး ဆေးကိုစော၍ဖြတ်မိပါက ဆေးမတိုးတော့ဘဲ အသည်းပျက်ဆီးနိုင်သဖြင့် ဆရာ၀န်နှင့်တိုင်ပင်ပြီးမှ ဆေးဖြတ်သင့်ပါတယ်။ B ပိုးကုထုံးတွေဟာ တစ်နှစ်ထက် တစ်နှစ် အသစ်အသစ်များ ပေါ်ထွက်လာသလို ကုသမှုရလဒ်တွေကလည်း ပိုမိုကောင်းမွန်လာပါတယ်။ Pegylated (PEG) interferon (IFN) နှင့် Nucleoside Analogs (NA) တွေအသုံးပြုပြီး ကုသပါတယ်။ Nucleoside Analogs က Pegylated (PEG) interferon ထက်ပိုပြီး ဘေးထွက်ဆိုးကျိုးနည်းခြင်း၊ သောက်ဆေးပုံစံဖြစ်ခြင်းတို့ကြောင့် Nucleoside Analogs ကို ဦးစားပေးရွေးချယ်လာကြပါတယ်။ lamivudine, Adefovir, Entecavir, telbivudine, tenofovir, Emtricitabine တို့ဟာ နာတာရှည် အသည်းရောင်အသားဝါ B ပိုးကို ကုသရာမှာသုံးတဲ့ Nucleoside Analogs တွေဖြစ်ပါတယ်။

• Nucleoside analogs (NA)

Nucleoside analogs သည် virus ၏ genetic code အား ကျန်းမာသော cells များအတွင်း မကူးထည့်နိုင်စေရန် တားဆီးပေးပါတယ်။

• Pegulated Interferon Alfa (Peg-IFN)

Pegulated Interferon Alfa က ခန္ဓာကိုယ်၏ ခုခံအားစနစ်ကို နှိုးဆွ၍ HBV ပိုး ပွားများလာမှာကို တားဆီးပေးပါတယ်။

ဆေးထိုးခြင်းဖြင့် ကုသလေ့ရှိပြီး တစ်ပတ်တစ်ခါနှင့် 6 လ မှ 12 လထိ ကုသရသည်။ အချို့တွင် များပြားသော ဘေးထွက်ဆိုးကျိုးများဖြစ်နိုင်သဖြင့် ရပ်တန့်၍ အခြား antiviral များသုံးစွဲရပါတယ်။



အသည်းရောင် အသားဝါ B ပိုး ပွားများမှုအား ကာကွယ်ခြင်း

========

ဆေးများကြောင့် နာတာရှည်ရောဂါပိုးပြန့်ပွားမှုကို ထိန်းချုပ်နိုင်သော်လည်း ရောဂါကို မကုသနိုင်သေးရာ အခြားသူများထံသို့ ကူးစက်မှုကိုတားဆီးရန်အတွက် -

• အကာအကွယ်မပါဘဲ လိင်ဆက်ဆံခြင်းမပြုပါနှင့်။ သင့်တွင် HBV ရှိကြောင်းကိုလည်း သင့်အဖော်အားပြောပြထားပါ။

• ဆေးထိုးအပ်မျှေ၀မသုံးပါနှင့်။

• သွေး (သို့) ကိုယ်တွင်းအင်္ဂါမလှူပါနှင့်။

• သွားတိုက်တံ၊ မုတ်ဆိတ်ရိတ်ဓာ မျှေ၀မသုံးပါနှင့်။

• ကိုယ်၀န်ရှိပါက ဆရာ၀န်နှင့်တိုင်ပင်ပါ။ သို့မှသာ မွေးပြီးပြီးချင်း ကလေးငယ်အားကုသပေးနိုင်မည်ဖြစ်သည်။



နောက်ဆက်တွဲဆိုးကျိုးများ

=======

နာတာရှည် HBV ပိုးရှိပါက ဆိုးဝါးသောနောက်ဆက်တွဲ ပြဿနာများဖြစ်လာနိုင်သည်။ ၎င်းတို့မှာ -

- အသည်းခြောက်ခြင်း (cirrhosis)

- အသည်းကင်ဆာ

- အသည်းပျက်ဆီးခြင်း

- ကျောက်ကပ်ဆိုင်ရာပြဿနာများ

- သွေးအားနည်းခြင်း

- သွေးကြောများ ရောင်ရမ်းခြင်း တို့ ဖြစ်ပါတယ်။



ကာကွယ်ခြင်း

=======

I. Hepatitis B ကာကွယ်ဆေးထိုးထားပါ။

- မွေးခါစကလေးများကို 24 နာရီအတွင်း အသည်းရောင်အသားဝါ B ပိုးကာကွယ်ဆေးထိုးပေးသင့်ပါတယ်။

- ကျန်းမာရေး၀န်ထမ်းများနှင့် သွေးနှင့်ထိတွေ့နိုင်သည့် အလုပ်လုပ်သူများ

- HIV ရောဂါပိုးရှိသူများ

HIV ရောဂါပိုးရှိသူများ

- ယောကျာ်းအချင်းချင်း လိင်ဆက်ဆံသူများ

- လိင်ဆက်ဆံဖော်တစ်ယောက်အထက်ရှိသူများ

- နာတာရှည်အသည်းရောဂါရှိသူများ

- အသည်းရောင်အသားဝါ B ပိုးရှိသူနှင့်အတူနေသူများ

- အဖော်ဖြစ်သူ၌ HBV ရှိသူများအနေဖြင့် B ပိုး ကာကွယ်ဆေးမဖြစ်မနေထိုးသင့်ပါတယ်။



II. HBV ကိုရှောင်ကြဉ်ရန် ဂရုစိုက်ခြင်းဖြင့် ဖြစ်နိုင်ချေလျော့နည်းစေနိုင်ပါတယ်။



1. သင့်အဖော်၏ HBV အခြေအနေကို သိထားပါ။ မသေချာဘဲနှင့် အကာအကွယ်မယူဘဲ လိင်ဆက်ဆံခြင်းမပြုပါနှင့်။

2. မူးယစ်ဆေးမသုံးပါနှင့်။

3. နားဖောက်ခြင်း၊ ဆေးမှင်ကြောင်ထိုးခြင်းတို့ကို သတိထားပါ။



B ပိုး ေ၀ဒနာရှင်များအတွက် နေထိုင်မှုပုံစံ

======

အိမ်တွင်းကုသမှုများကြောင့်လည်း ရောဂါလက္ခဏာသက်သာစေပါတယ်။

1.အပင်ပန်းမခံပါနှင့်။

2.အိပ်ယာထဲ၌ နေရန်မလိုသော်လည်း ပင်ပန်းလာပါက အနားယူပါ။

3. အလုပ် (သို့) ကျောင်းတွင်ပင်ပန်းသည်ဟု ခံစားရပါက အလုပ်ပမာဏကိုလျှော့ချပါ။

4. ပင်ပန်းသော ကိုယ်လက်လှုပ်ရှားမှုများကို ရှောင်ပါ။

5. ကျန်းမာရေးနဲ့ညီညွတ်အောင်စားသုံးပါ။

အစာစားချင်စိတ်မရှိသည့်တိုင် ကောင်းစွာစားသုံးရန်လိုအပ်သည်။ အများစုမှာ ကြာလာသည်နှင့်အမျှ စားချင်စိတ်ပို၍ ကျဆင်းလာတတ်သည်။ မနက်ပိုင်းတွင် ခပ်များများစားသုံး၍ ညနေတွင်သင့်တင့်မျှတရုံ စားသုံးပေးပါ။

6. B ပိုး ေ၀ဒနာရှင်များ ရှောင်ကြဉ်ရမည့်အစားအစာများ

- ခရင်မ်အပြည့်ပါသော နို့၊ ဒိန်ချဉ်၊ ချိစ်

- ဘီစကွတ်၊ ကိတ်နှင့်အဆီများသော အစာများ

- ချောကလက်

- တစ်ပတ်လျှင် ကြက်ဥ/ဘဲဥ သုံးလုံးထက်မပိုရ

- အားလူးကြော်အပါအ၀င် အခြားသောအဆီဓာတ်ကြွယ်၀သော အစားအစာများ

- ထောပတ်သီး

7. ရေဓာတ်မချို့တဲ့ပါစေနှင့်။

- ရေများများသောက်ပါ။

- အသီးမှရသော လတ်ဆတ်သော ဖျော်ရည်များသောက်ပါ။

8. အရက်နှင့်ဆေးများကိုရှောင်ပါ။

အသည်းရောင်ခြင်းကြောင့် အသည်းမှ ဆေးနှင့်အရက်ကိုခြေဖျက်ရန် ခက်ခဲစေပြီး အသည်းပျက်ဆီးမှုအားပို၍ ဆိုးဝါးစေသည်။ သို့သော် ဆရာ၀န်မှ မညွှန်ကြားဘဲ သောက်လက်စဆေးများကို ရပ်မပစ်ပါနှင့်။

9. အရေပြားကို ဂရုစိုက်ပါ။

အသည်းရောင်ပါက အရေပြားယားယံတတ်တာကြောင့် အေးသောနေရာတွင်နေ၍ နေပူထဲမထွက်ဘဲ ချည်သားအ၀တ်များ၀တ်ခြင်း စသည်ဖြင့် ယားယံခြင်းကို ကာကွယ်နိုင်ပါတယ်။



Dr. Htet Htet Aung
➖➖➖➖➖➖➖
မူရင်းမှ
တဆင့်ကူးယူမျှဝေပါသည်။

13/06/2022

တခါတလေ အချို့ ရောဂါကြောင့် ပညာရေး စီးပွားရေး
လူမှု့ရေးမှာ အားငယ်စိတ် ဝင်သလို
ဘာသာရေး မှာလည်း အတွေးဝင်မိတတ်ပါတယ်
ဗဟုသုတ ရစေချင်တာရယ် စိတ်ထဲ ရှင်းအောင်
နားထောင်ကြည့်ပါ။

09/03/2022

အသည်းရောင်(ဘီ)ပိုးရှိသူ တစ်ယောက်အနေနဲ့ မိမိရဲ့ရောဂါအဆင့်ဘယ်လောက်ရှိတယ်ဆိုတာကိုသိဖို့ဘာတွေစစ်မလဲ???

*၁) HBeAg, Anti-HBeAb (ပွားခွံနှင့် ၎င်းကိုတိုက်သော ပဠိပစ္စည်း)*

ဓာတ်ခွဲခန်းများတွင်စစ်ဆေးသည့်အခါ B Combo (Qualitative) ဟူ၍ပြောစစ်နိုင်သည်။ ခန့်မှန်းကျသင့်ငွေ ၁၅၀၀၀-၂၀၀၀၀ ဝန်းကျင် ဓာတ်ခွဲခန်းပေါ်မူတည်ပြီးကျသင့်နိုင်ပါတယ်။ မြန်မာလို ဘီပိုးအခွံ(၅)မျိုးဖြစ်ပြီး ကွင်းစ ကွင်းပိတ်ထဲမှ (Qualitative) သည် ရှိမရှိ POSITIVE/NEGATIVE ကိုသာစစ်ဆေးရန် ဟု အဓိပ္ပာယ်ဖြစ်ပါသည်။ အကယ်၍ စစ်ဆေးသူအနေဖြင့် ကွင်းစကွင်းပိတ်ထဲမှ စာသာကျန်ခဲ့ပါက ဓာတ်ခွဲခန်းများအနေဖြင့် (Quantitative) တစ်ခုချင်းကို ဂဏန်းဖြင့်ထွက်သော စစ်ဆေးမှုပြုလုပ်လိုက်မည်ဖြစ်ပြီး ၎င်းတစ်ခုချင်းစီအတွက် ၁၀၀၀၀ ကျပ်ခန့်ကျသင့်မည်ဖြစ်ပြီး ၅ မျိုး ၅ဆ ကျသင့်မှာဖြစ်ပါသည်။ ဤနေရာတွင် အသည်းရောင်ဘီပိုးကုသမည့်ဆရာဝန်အနေဖြင့် တစ်ခုချင်းဆီအား ဂဏန်းဖြင့်သိရှိရန် မဖြစ်မနေမလိုအပ်သဖြင့် မကုန်သင့်သည်ကို မကုန်စေရန် အသေးစိတ် မှတ်သားရန်သင့်၏။

*၂) HBV DNA Testing (ဘီပိုးကောင်ရေ)*

အသည်းရောင်ဘီပိုးကုသမှုနယ်ပယ်ထဲမှာတော့ ၎င်းကို B Viral Load လို့အများသိကြသည်။ သာမန်အားဖြင့် ဘီပိုးထိန်းဆေးစသောက်သင့်မသောက်သင့်ကို ဆုံးဖြတ်သည့်အခါ (Baseline/Pre-treatment assessment) မှာတစ်ကြိမ်၊ စစ်ပြီးလို့ ပိုးထိန်းဆေးသောက်သည်ဖြစ်စေ မသောက်ဖြစ်သည်ဖြစ်စေ ယေဘူယျအားဖြင့် တစ်နှစ်နေမှ တစ်ခါပြန်စစ်ရန်လိုပါတယ်။ ဆေးစသောက်ရန်သင့်မသင့်အတွက် လက်ရှိနိုင်ငံတကာ ကုသမှုသတ်မှတ်ချက်များအရ ထည့်သွင်းစဉ်းစားရသည့် အထဲမှ အချက်တစ်ချက်လည်းဖြစ်သည်။ ဆေးသောက်ပြီး တစ်နှစ်နှင့် နှစ်နှစ်၊ အချို့ ဆေးဖြတ်ပြီး ၆ လတစ်ကြိမ်စသည်ဖြင့် ဆရာဝန်မှ လိုအပ်သလို ကာလသတ်မှတ်ပြီး စစ်ဆေးရန်ညွှန်ကြားလေ့ရှိပါသည်။ ပိုးကောင်ရေစစ်ဆေးမှုဟာ ကုန်ကျစရိတ်တစ်ခုကျသင့်မှာဖြစ်တဲ့အတွက် အခက်အခဲရှိသူများအနေဖြင့် ချန်လှပ်စစ်ဆေးလိုပါက နံပါတ် (၁) ပါ ဘီပိုးပွားခွံနှင့် ပဠိပစ္စည်း ရှိ/မရှိ (Positive/Negative) များအရ ပိုးကောင်ရေ သိန်းဂဏန်း/သောင်းဂဏန်း/ထောင်ဂဏန်းကို ဆရာဝန်မှ အကြမ်းဖျင်းခန့်မှန်းပေးနိုင်မှာဖြစ်ပါတယ်။

*(၃) ALT (အသည်းဆဲလ်ရောင်ရမ်းမှုအင်ဇိုင်း)*

သာမန်အားဖြင့် အမှန်တကယ်ကုသမှုပြုလုပ်ပြီဆိုလျှင်အခြားသော အသည်းအင်ဇိုင်းများလည်းစစ်ဆေးပေးရန်လိုအပ်မှာဖြစ်သော်လည်း ဤနေရာတွင် အသည်းရောင်ရမ်းခြင်းရှိမရှိက အဆင့်သတ်မှတ်ရာတွင် ထည့်သွင်းတွက်ချက်ရသဖြင့် ၎င်းတို့အထဲမှာ အသည်းဆဲလ်တိုက်ရိုက်ရောင်ရမ်းခြင်းရှိမရှိကိုသိသာစေသော ALT ကိုစစ်ဆေးရခြင်းဖြစ်ပါသည်။ သို့ရာတွင် အသည်းရောင်ဘီပိုး၏သဘာဝအရ ALT သည် အတက်၊ အကျ၊ အငြိမ် စသည်ဖြင့် ကာလအလျောက် အပြောင်းအလဲရှိတတ်သဖြင့် တစ်ခါစစ်ဆေးခြင်း၏ ရလဒ်ကို တစ်ထစ်ချတွက်ချက်ခြင်းထက် ၃-၆ လဆက်တိုက်စစ်ဆေးရာတွင် ပုံမှန်ရှိခြင်းကိုသာ အမှန်တကယ်ပုံမှန် Persistant ALT Normalization ဟုယူဆရန်ဖြစ်ပါသည်။

ဤစာဖတ်နေသူတို့တွင် ဘီပိုးရှိမှန်းသိသော်လည်း မကုသဘဲလျစ်လျူရှုထားသူ၊ သူ့ဖာသာပျောက်သွားလိ်မ့်မည်ဟုထင်နေသူ၊ အသည်းအားဆေးသောက်နေရုံဖြင့် အသည်းခြောက် အသည်းကင်ဆာကာကွယ်ပြီးဖြစ်သည်ဟု ခံယူထားသူ၊ သို့မဟုတ် အကြောင်းကြောင်းကြောင့် ကုသမှုခံယူရန်‌ ရွှေ့ဆိုင်းထားသူများသည် မိမိဖာသာ အထက်ပါ စစ်ဆေးမှု တို့အား အခါအားလျော်စွာပြုလုပ်ပြီး မိမိခန္ဓာကိုယ်အတွင်းမှ မိမိအားသတ်မည့် /မိမိ၏မိသားစုဖြင့်သာယာပျော်ရွင်ရမည့် အနာဂတ်အချိန်တို့ကို ဖျက်စီးမည့် ချိန်ကိုက်ဗုံးအား သတိထားစောင့်ကြည့်နေသင့်ကြောင်း အသိပေးရေးသားလိုက်ပါသည်။



Crd.

13/01/2022

ဒေါက်တာ ထက်အောင် (အသည်းအထူးကု) နှင့် online consultation ပြသလိုသော လူနာများ OnDoctor App တွင် တိုင်ပင်ပြသ ဆွေးနွေးလို့ ရပါပြီ။ ☎️☎️☎️☎️📞📞📞📞📞📞

ယခင် viber တွင် ပြသနေသော လူနာများ viber တွင် ဆက်လက် တိုင်ပင် ပြသနိုင်ပါသည်။📱📱📱📲📲📲📲📲📲📲

online consultation ပြသရန် ငွေကြေး အခက်အခဲ ရှိသော လူနာများ online မှအခမဲ့ ပြသလိုပါက viber နံပါတ် +959763269217 တွင် register ပြုလုပ်၍ appointment ရယူနိုင်ပါသည်။🎧🎧🎧📽️📽️🎥🎥🎥🎙️🎙️🎙️🎙️🎙️

06/01/2022

#အသည်းရောင်အသားဝါဘီပိုးကာကွယ်ဆေး Hepatitis B Vaccine အကြောင်းကိုသာမန်ပြည်သူတွေအနေနဲ့မဖြစ်မနေသိထားသင့်တဲ့အချက်ကလေးတွေအနည်းငယ်မျှဝေချင်ပါတယ်။

Vaccine အကြောင်းမပြောခင်အသည်းရောင်ဘီပိုးဘယ်လိုကူးစက်နိုင်သလဲဆိုတာလေးအရင်ပြောပါရစေ။
အဓိကကူးစက်နိုင်တာကရောဂါပိုးရှိသူရဲ့သွေး၊ တံတွေး၊ကိုယ်တွင်းရည် များကနေတဆင့်ကူးတာပါ။နောက်တနည်းကတော့လိင်ဆက်ဆံရာမှတဆင့်ကူးစက်တာဖြစ်ပါတယ်။ရောဂါပိုးရှိသူမိခင်မှသန္ဓေသားသို့လည်းကူးစက်နိုင်ပါသေးတယ်။

#ဒီမှာတချို့တွေစိုးရိမ်နေကြသလိုနှာချေခြင်း၊ချောင်းဆိုးခြင်း၊သာမန်ဖက်ရမ်းနမ်းရှုံ ့ခြင်း၊ထမင်းတဝိုင်းထဲအတူစားသောက်ခြင်း၊မိခင်နို့တိုက်ကျွေးခြင်းတို့ကနေတဆင့်မကူးစက်နိုင်ဘူးဆိုတာသေသေချာချာသိထားသင့်ပါတယ်။

#ဘယ်လိုကာကွယ်ကြရမလဲ။

#ကာကွယ်ဆေး
ကာကွယ်ဆေးမထိုးရသေးတဲ့သူများမှာဆေးကို၃ကြိမ်အပြည့်ထိုးနှံရပါမယ်။ကာကွယ်ဆေးထိုးတဲ့နည်းကတော့*ပထမတကြိမ်နဲ့ဒုတိယတကြိမ်ကိုတလခြားပြီးထိုးရပါမယ်။ *တတိယတကြိမ်ကိုတော့ဒုတိယအကြိမ်ထိုးပြီးတလ(သို့မဟုတ်) ပထမအကြိမ်နှင့်၆လခြားပြီးထိုးနှံနိုင်ပါတယ်။
ချွင်းချက်အနေနဲ့ ပထမအကြိမ်ထိုးပြီးတနှစ်အတွင်းထိုးလို့လည်းရပါတယ်။

ကာကွယ်ဆေးထိုးဖို့အခွင့်မသာသေးသူများအနေနဲ့တော့ကူးစက်ပုံကူးစက်နည်းကိုသိထားရင်မကူးအောင်ဘယ်လိုကာကွယ်နိုင်မလဲဆိုတာအကြမ်းအားဖြင့်မှန်းဆနိုင်ပါတယ်။

#ပိုးရှိသူရဲ့သွေးမိမိကိုယ်တွင်းသို့မရောက်အောင်

ပိုးရှိသူသုံးစွဲသောဆေးထိုးအပ်၊တက်တူး၊ခေါင်းရိတ်ဒါး၊မုတ်ဆိတ်ရိတ်ဒါး၊ခေါင်းဘီး၊သွားတိုက်တံ၊သွားကြားထိုးတံ..စသည်များကိုအတူသုံးစွဲခြင်းမပြုရန်

သွားရောဂါကုသပစ္စည်းများ၊ခွဲစိတ်ကရိယာ၊သွေးသွင်းခြင်း၊ကျောက်ကပ်ဆေးခြင်း...စသည့်ပစ္စည်းကရိယာများကိုစနစ်တကျပိုးသတ်ပြီးမှသုံးစွဲခြင်း၊

ကျန်းမာရေးဝန်ထမ်းများအနေနဲ့အကာအကွယ်လက်အိတ်ဝတ်ခြင်း၊သွေးပေသောပစ္စည်းကရိယာများကိုစနစ်တကျစွန့်ပစ်ခြင်း

ပိုးရှိသူနှင့်လိင်ဆက်ဆံလျင်အကာအကွယ်သုံးခြင်း..စသည်

ရောဂါရှိသူမိခင်မှကလေးသို့မကူးစက်ရန်ကာကွယ်ခြင်း
(သီးခြားပို့စ်ဖြင့်အသေးစိတ်ရေးသားဖေါ်ပြထားပါတယ်)

#မြန်မာနိုင်ငံမှာ ကာကွယ်ဆေးကို
(၀,၁,၂) သို့မဟုတ် (၀,၁,၆) ပုံစံနဲ့ အများဆုံးထိုးကြပါတယ်။

(၀,၂,၄) ပုံစံကို တိုးချဲ့ကာကွယိဆေးထိုးအစီအစဉ်မှာအသုံးပြုထိုးကြပါတယ်။

High risk people များအတွက် အရေးပေါ်အနေနဲ့(၀,၇,၂၁) ရက် အတွင်းလည်းထိုးနှံပေးနိုင်ပါတယ်။

လို့ခေါ်တဲ့အားဖြည့်ခြင်းကိုတော့လိုအပ်သူများမှာသာထိုးဖို့လိုပါတယ်။ ကာကွယ်ဆေးအောင်မအောင်ကိုတော့ပဠိပစ္စည်းလို့ခေါ်တဲ့HBs Ab ကိုစစ်ကြည့်ရပါမယ်။ကာကွယ်ဆေး၃ကြိမ်ပြည့်ပြီးနောက်၆ပတ်(သို့မဟုတ်)၈ပတ်မှာကာကွယ်ဆေးအောင်မအောင်စစ်နိုင်ပါတယ်။

ကာကွယ်ဆေးထိုးပြီးသူတိုင်းအသည်းရောင်အသားဝါဘီပိုးမဝင်နိုင်တော့ဘူးလားလို့မေးရင်၁၀%ခန့်သောဆေးထိုးပြီးသူများမှာဝင်နိုင်ပါသေးတယ်။ကာကွယ်ဆေးထိုးနှံသူ၉၀%မှ၉၅%အထိဟာရောဂါကာကွယ်မှုရကြပါတယ်။

- - - - - - - - - - - - - - -

ဘယ်လိုလူတွေကကာကွယ်ဆေးမအောင်ကြတာလဲ။

#ကာကွယ်ဆေးကိုမတုန့်ပြန်ကြသူတွေရှိပါတယ်။

- မျိုးရိုးဗီဇကြောင့်တုန့်ပြန်မှုမရှိခြင်း

- အသက်၅၀ကျော်မှစထိုးသူများမှာတုန့်ပြန်မှုနဲပါးခြင်း

- ကိုယ်ခံစွမ်းအားကျစေတဲ့ဆေး-Immunosuppressive သောက်နေရသူများ၊ဥပမာ Prednisolone၊
HIV infection ရှိသူများမှာတုန်ု့ပြန်မှုအားနည်းတတ်ပါတယ်။

- Vaccine storage ကာကွယ်ဆေးသိုလှောင်မှုနည်းစနစ်မမှန်တာတွေဟာလည်းတုန့်ပြန်မှုနည်းပါးစေတဲ့အကြောင်းရင်းတခုဖြစ်ပါတယ်။

#ပထမ၃ကြိမ်ကာကွယ်ဆေးထိုးပြီးမတုန့်ပြန်သူတွေကိုဘယ်လိုဆက်လုပ်ပေးရမလဲ။

-နောက်တလုံးထပ်ထိုးပေးရင်၂၅%ဟာပြန်ပြီးတုန့်ပြန်တာတွေ့ရပါတယ်။
-နောက်၃ကြိမ်တကျော့ပြန်ထိုးပေးရင်တော့၇၅%ဟာတုန့်ပြန်တာတွေ့ရပါတယ်။

#တုန်ု့ပြန်မှုရှိမရှိဆိုတာဘာကိုပြောတာလဲ။

တုန့်ပြန်မှုရှိမရှိသိရအောင်ပဠိပစ္စည်းလို့ခေါ်တဲ့ HBs Ab ကိုတိုင်းတာရပါတယ်။ဆေး၃ကြိမ်ထိုးပြီး၂လလောက်မှာစစ်ရင်ပိုသေချာပါတယ်။ International Unit per Litre (IU/L)
နဲ့အဖြေထွက်ပါတယ်။

10-IU/L ယူနစ်၁၀ကျော်ရင်ကာကွယ်ဆေးအောင်ပါတယ်။ ( according to WHO Guideline)
၁၀ယူနစ်အောက်ဆိုဆေးမအောင်ပါဘူး၊ လို့ခေါ်ပါတယ်။

၁၀ယူနစ်နဲ့၁၀၀ယူနစ်ကြားအောင်မြင်သူဆို လို့ခေါ်ပါတယ်။

ကာကွယ်ဆေးထိုးပြီး၂လမှာပဌိပစ္စည်းမထွက်သေးပဲနောက်တဖြေးဖြေးမှထွက်လာတာမျိုးလည်းရှိပါတယ်။ ခေါ်ပါတယ်။

ကျွန်မတို့မြန်မာနိုင်ငံမှာတော့ ၁၀၀ယူနစ်ကျော်ရှိရင်စိတ်ချရပါတယ်။ဘီပိုးမကူးစက်နိုင်တော့ပါဘူး။ (မြန်မာနိုင်ငံလို High Risk Country မှာ ၁၀ယူနစ်ကျော်ရုံနဲ့စိတ်မချရဘူးလို့ဆိုကြပါတယ်။ ယူနစ်၁၀၀ထက်မကများလေကာကွယ်မှုပိုကောင်းလေပါ။)

= =. =. =. =. =. =. =. =. =. =. =. =. =

ကိုဗစ်အချိန်အခါမှာမြန်မာပြည်သူပြည်သားများ၊ကိုဗစ်ဗိုင်းရပ်စ်ပိုးသာမက အသည်းရောင်အသားဝါဘီပိုး🦠လည်းကင်းဝေးကြပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

မေတ္တာဖြင့်
Dr. YYS

23/12/2020

New Normal
*************
ရှောင်လွှဲ ပုန်းအောင်း နေလို့မရတော့..
ကိုဗစ် ရဲ့ အဆိပ်လူးမြှားတွေ ကြားထဲ
ရှောင်တိမ်း ပြေးလွှားရင်း
အလုပ် လုပ်ကြရတော့မယ်... ။

မလုပ်ရင်လည်း
ငတ်ဖို့သာ ရှိတော့သကိုး ။

အောက်ခြေ ပြည်သူလူထုနဲ့ နေ့စဉ်ထိတွေ့ နေရတဲ့ ဆရာဝန် တစ်ဦးအနေနဲ့
ပြောတယ်.. အကြံပြုတယ် လို့ပဲ
သတ်မှတ်ပေးပါ..
ဆရာလုပ်တာ မဟုတ်ရပါကြောင်း။

လုပ်ရမယ့် (၄)ချက်ကတော့
ကမအဝ (MOHS) က ပြောပြီးသား
၁..Mask တပ်ပါ
၂...လက်ဆေးပါ
၃....ခပ်ခွါခွါ နေနိုင်သမျှ နေပါ
၄....မလိုအပ်ပဲ အပြင်မထွက်နဲ့ ။

ကျနော်ပြောပြချင်တဲ့သတိပြုရမယ့် အရာတွေကတော့

၁...ပိုက်ဆံ
ပိုးဖြန့်ဖြူးနေသော အဓိက တရားခံပါ ။

၂....လှေခါး လက်ရမ်းများ
ဖြစ်နိုင်ရင် လက်ရမ်း လက်ကိုင်များ
မကိုင် မထိ မိအောင် တက်ပါ ဆင်းပါ သွားလာပါ။

၃.....ရုံးသုံး အများသုံး အိမ်သာရေခွက်.. ရေပန်းခလုတ်
မဖြစ်မနေ သုံးပြီးရင် ချက်ချင်းလက်ဆေးပါ။

၄....ရုံးကိစ္စ စာရွက်စာတန်းများ
ဖြစ်နိုင်ရင် စာရွက်စာတန်းတွေကို
ပလပ်စတစ် အိတ်အကြည်ထဲထည့်ပြီး
အပေးအယူ လုပ်ပါ... ပိုးသတ်ဆေးရည် ဖြန်းလို့ရအောင်..
စာရွက်ကို ဖြန်းရင် တံဆိပ်တုံး မှင်တွေ
ပျက်ကုန် နိုင်တယ်။

၅....ပါးစပ် စည်းစောင့်ပါ
စကားတွေ ကျယ်လောင်စွာပြောဆိုနေသော လူစုလူဝေး တွေထဲမှာ
ပိုးတွေဟာ ပိုမိုပြန့်နှံ့နေမှာပါ..
ရုံးသူ ရုံးသား အချင်းချင်း လိုအပ်လို့
ပြောရရင်တောင် ဟန်းဖုန်းတွေနဲ့ ပြောဆိုပါ.. (နီးလေ အန္တရာယ် များလေ)
ဖုန်းဘေလ် မနှမြောပါနဲ့ ။
(MPT ကရော ဖုန်းဘေလ် နှုန်းထားတွေ ခေတ္တ ချပေးဖို့ အစီအစဉ် ရှိ... မရှိ 😜😜)

၆....ကွမ်းတံတွေးနှင့် နှပ်ညှစ်ခြင်း
တကယ့် ပြသနာ အကြီးကြီးပါ ။
ပိုးသတ်ဆေးရည် ထည့်ထားတဲ့ အမှိုက်ပုံး ကြီးကြီးတွေ ဖြည့်ဆည်းထားကြပါ။

၇....ဖုန်း ဟန်းဆက်များ
လက်ကို မကြာခဏ ဆေးသလို
ကိုယ်ကိုင်တဲ့ ဖုန်း Screen တွေကိုလည်း
သန့်ရှင်းပေးဖို့ မမေ့ပါနဲ့..
ကိုယ့် လက်နဲ့ ပွတ်မိဆုံးက အဲ့ကောင်ပါပဲ။

၈...လက်ကို ထိန်းချုပ်ပါ
မျက်နှာမျက်စိကို ပွတ်မိတာ
နှာခေါင်း နှိုက်တာ
ဆံပင်သပ်တင်တာ ထိန်းချုပ်ပါ။

၉...အစားမပုတ်နဲ့
အပြင်မှာ တဇွတ်ဇွတ် စားနေတာ
နေကြာစေ့တွေ တဖြေက်ဖြောက်ခွါစားနေတာ.. ဗန်းသေးသေးလေးတွေဘေးမှာ ဝက်သားဒုတ်ထိုးတွေ တိုးဝှေ့စားနေတာ ဆင်ခြင်ကြပါ။

အနှစ်ချုပ်ကတော့

ဗုဒ္ဓ ဘုရား နောက်ဆုံးမှာတမ်း အတိုင်းပါပဲ....
မမေ့မလျော့ သော သတိ ဖြင့်
နေထိုင်ကြကုန်လော့ ။

ဒေါက်တာတေဇကျော်... မေမြို့

10/07/2020
03/05/2020

အသည်းရောင်အသားဝါ (ဘီ)ပိုး ကာကွယ်ဆေး

အသည်းရောင်အသားဝါ(ဘီ)ပိုး ကာကွယ်ဆေးကို မွေးကင်းစအရွယ်မှစ၍ လူတိုင်းထိုးထားသင့်ပါသည်။
ဘီပိုးကာကွယ်ဆေးမထိုးမှီလက်တလောဘီပိုးကူးစက်ခံထားရခြင်း
ရှိမရှိသိနိူင်သော HBs Antigen (ဘီပိုးမှပါလာသော အန်တီဂျင်) နှင့် ဘီပိုးကိုခန္ဓာကိုယ်မှ ပြန်လည်တိုက်ထုတ်နိူင်သော HBs Antibody (ကိုယ်ခန္ဓာမှထုတ်သော Antibody) များရှိ၊ မရှိ အရင်စစ်ဆေးရန် အလွန်အရေးကြီးပါသည်။

သဘာ၀အလျောက် ကိုယ်ခန္ဓာ၏ ခုခံအားစနစ်မှ Antibody ထွက်ပေါ်လာနိူင်ပါသည်။ Antibody ထွက်ပေါ်ပြီးသား လူတစ်ယောက်အနေဖြင့် ကာကွယ်ဆေးထိုးရန် မလိုပါ။ သို့ဖြစ်ပါ၍ HBs Antigen နှင့် HBs Antibody နှစ်မျိုးစလုံး မရှိမှသာလျှင် ကာကွယ်ဆေးထိုးရပါမည်။ အောက်ပါလမ်းညွန်ချက်များကိုကြည့်ပါ။

(1) ကာကွယ်ဆေးမထိုးမှီ B profile (or) B Combo ကိုအရင် စစ်ဆေးရပါမည်။ B profile တွင် HBs Antigen, HBs Antibody, HBe Antigen, HBe Antibody နှင့် HBc Antibody တို့ပါဝင်ပါသည်။

(2) All negative (အားလုံး Negative) ဖြစ်မှသာလျှင် ကာကွယ်ဆေးထိုးရပါမည်။

(3) ကာကွယ်ဆေးထိုးနည်း ပုံစံနှစ်မျိုးရှိပါသည်။ ပုံစံတစ်(0,1,6) နှင့် ပုံစံနှစ်(0,1,2,12) တို့ဖြစ်သည်။

ပုံစံတစ်
0 - ပထမတစ်ချောင်း
1 - တစ်လပြည့်လျင် ဒုတိယ တစ်ချောင်း
6 - ခြောက်လပြည့်လျင် တတိယ တစ်ချောင်း

ပုံစံနှစ်
0 - ပထမတစ်ချောင်း
1 - တစ်လပြည့်လျင် ဒုတိယ တစ်ချောင်း
2 - နှစ်လပြည့်လျင် တတိယ တစ်ချောင်း
12 - တစ်နှစ်ပြည့်လျင် စတုတ္ထတစ်ချောင်း

(4) ပုံစံတစ်မှာ ပုံမှန်ကာကွယ်ဆေးထိုးနည်း ပုံစံဖြစ်ပြီး ပုံစံနှစ်မှာ ဘီပိုးခုခံအားစနစ်ကို အလျှင်အမြန် လိုအပ်နေသူများအတွက်ဖြစ်သည်။ (ဥပမာ အိမ်ထောင်ပြုမည့်သူများ၊ နိူင်ငံခြားသွားမည့်သူများ)

(5) ပုံစံတစ်ဖြင့်ထိုးသည်ဖြစ်စေ၊ ပုံစံနှစ်ဖြင့်ထိုးသည်ဖြစ်စေ နောက်ဆုံးကာကွယ်ဆေး ထိုးပြီး တစ်လခွဲပြည့်သည့် နေ့၌ ကာကွယ်ဆေး အောင်မအောင် Antibody ကိုစစ်ဆေးရန် အလွန်အရေးကြီးပါသည်။

(6) Antibody ကိုစစ်ဆေးရာတွင် ပမာဏ ဖြင့်စစ်ဆေးရန်လိုအပ်ပါသည်။ Antibody ပမာဏကိုကြည့်၍ ကာကွယ်ဆေးအောင်မအောင် ဆုံးဖြတ်ရပါသည်။

(7) Antibody ပမာဏ (0 to 9 IU/L) ဆိုလျှင် ကာကွယ်ဆေးမအောင်ဟု သတ်မှတ်ပါသည်။ အစအဆုံး ပြန်ထိုးရပါသည်။

(8) Antibody ပမာဏ (10 to 500 IU/L) ဆိုလျှင် ကာကွယ်ဆေးအောင်သည်ဟု သတ်မှတ်သော်လည်း ပမာဏနည်းသည့် အတွက် နောက်တစ်ချောင်း (Booster Dose) ထိုးရန်လိုအပ်ပါသည်။

(9) Antibody ပမာဏ (500 IU/L) အထက်ရှိလျှင် အပြည့်အဝ အောင်သည်ဟုသတ်မှတ်ပါသည်။

(10) ပုံစံတစ်ဖြင့်ထိုးသည်ဖြစ်စေ၊ ပုံစံနှစ်ဖြင့်ထိုးသည်ဖြစ်စေ နှစ်စဉ်နှစ်တိုင်း Antibody ပမာဏ ကိုပုံမှန်စစ်ဆေး၍ (500 IU/L) အောက်ရောက်နေလျှင် Booster Dose တစ်ချောင်းထိုးရန်လိုအပ်ပါသည်။

Only for Public Health Education

Address

Mingaladon

Telephone

+959454579515

Website

Alerts

Be the first to know and let us send you an email when အသဲရောင်အသားဝါ B ပိုး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to အသဲရောင်အသားဝါ B ပိုး:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram