Myat Sandar Linn သူနာပြုအကူသင်တန်း

Myat Sandar Linn သူနာပြုအကူသင်တန်း မြတ်စန္ဒာလင်း Nurse Aid Training�

 #ခေါင်းမူးတယ် #ရိတ်တိတ်ရိတ်တိတ်ပဲ_လည်ထွက်နေတာမဟုတ်ဘူး ောက်ထားတယ်_မသက်သာဘူး မူးတယ်ဆိုတဲ့ ခံစားချက်က လူတိုင်းနီးပါးခံစားဖ...
18/12/2025

#ခေါင်းမူးတယ်
#ရိတ်တိတ်ရိတ်တိတ်ပဲ_လည်ထွက်နေတာမဟုတ်ဘူး
ောက်ထားတယ်_မသက်သာဘူး

မူးတယ်ဆိုတဲ့ ခံစားချက်က လူတိုင်းနီးပါးခံစားဖူးကြပါတယ်။
ဒီလိုပဲ အနားယူလိုက်လို့ သက်သာသွားတာများပေမယ့် ဆေးရုံ/ဆေးခန်းသွားရလောက်အောင် ကြီးမားတဲ့ အရာတွေလည်းရှိပါတယ်။

#မူးတယ် ဆိုတာ ရောဂါမဟုတ်ပါဘူး 👉 လက္ခဏာပါ။

ကျွန်တော်စာရေးရင် အမြဲ ရောဂါ နဲ့ လက္ခဏာကို ခွဲပြီးပြောတတ်ပါတယ်။
ရောဂါဆိုတာက 👉 ကုသရတာဖြစ်ပြီး
လက္ခဏာက 👉 အဲ့ဒီလက္ခဏာဖြစ်ရတဲ့ ရောဂါကို ရှာရပါတယ် (အဲ့ဒါမှ အပြီးပျောက်တာပါ)

အခု #မူးတယ် ဆိုတဲ့ ဟာ အာရုံခံစားမှုပြဿနာပါ (အထူးသဖြင့် အမြင်အာရုံ ၊အကြားအာရုံ နဲ့ ခန္ဓာကိုယ်ရဲ့ Balance ထိန်းညှိမှု ပြဿနာပါ)

လူနာတစ်ယောက် #မူးတယ်ဆိုပြီး လာရင် ကျွန်တော် 🤔 စဉ်းစားတဲ့ အတိုင်းရှင်းပြပါမယ်။

#သောက်နေကျဆေး
ဘာဆေးတွေသောက်နေတာရှိလည်း
- သွေးကျဆေး ( အခုခေတ်မှာ သွေးပေါင် ၁၃၅/၈၀ လောက်ကို သွေးတိုးရောဂါ လို့သတ်မှတ်ပြီး ဆေးသောက်နေကြပါတယ်)
စိတ်ပျက်စရာပါ ကျွန်တော်က အောက်သွေး ၉၀ ကျော်နေလို့ အမေသောက်တဲ့ Amlong သောက်နေတယ် 😰😰😰
လူငယ်တွေ အောက်သွေးတက်တာဟာ
- အဆီအစားများခြင်း၊
- အရက် Beer ၊
- ဆေးလိပ်သောက်သုံးမှုများခြင်း ၊
- လှုပ်ရှားမှုနည်းခြင်း
- စိတ်ဖိစီးမှုများခြင်းတွေကြောင့် ဖြစ်လို့

သွေးကျဆေး မသောက်ခင် Life style changes အရင်လုပ်ခိုင်းရပါတယ်။
မလိုအပ်ပဲ ဆေးတွေ လျှောက်သောက်တော့ #သွေးပေါင်ကျပြီး ***မူးနေတတ်ပါတယ်
___
#သွေးပေါင်တက်လည်း မူးပါတယ်

လူငယ်တွေက သွေးပေါင်လေး ၁၃၀ လောက်ကို ဆေးတွေသောက်ကြပေမယ့် လူကြီးတွေကျပြန်တော့ ၁၅၀/၁၆၀ လောက်ကို ကျွန်တော်က ဒီလောက်နဲ့မှ နေလို့ကောင်းတာ ဆိုပြီး မသောက်ကြပါဗျာ

အဲ့တော့ #သောက်နေကျဆေး ***မသောက်လည်း မူးပါတယ်
___
အခုဒီရက်ပိုင်း Mask တပ်ရတော့ ဝက်ခြံတွေပေါက်ကြပါတယ်။
ဝက်ခြံပျောက်ဆေး ဆိုပြီး နီးစပ်ရာမေးပြီး #ပိုးသတ်ဆေးတွေသောက်ပါတယ်
အဲ့ဒီ ဝက်ခြံပျောက်တယ်ဆိုတဲ့ ပိုးသတ်ဆေးတွေက မူးပါတယ် (တော်တော်ကို မူးပါတယ်)
___
#ဆီးချိုဆေး

ဆီးချိုတက်လည်း မူးတတ်သလို
ဆီးချိုကျရင် မူးရုံမကပဲ အရမ်းကျရင် သတိပါလစ်တတ်ပါတယ်။

အဲ့ဒါကြောင့် #မူးတယ် ဆိုရင်
- သွေးပေါင်ချိန်ရပါမယ် (သွေးပေါင်ချိန်သိရပါမယ်)
- ဆီးချိုရောဂါရှိရင် ဆီးချိုစစ်ကြည့်ရပါမယ်

___
#အခုအချိန် Stay Home နဲ့ အားနေကြတော့
ဖုန်းကြည့် ၊ Game ဆော့ ၊ ရုပ်ရှင်ကြည့် နဲ့

မျက်စိပါဝါတွေ တက်ပါတယ်။
ရိုးရိုးပါဝါ မတက်တောင် စလင်ဒါတက်ပါတယ်။

အဲ့ဒါကလည်း ဇတ်ကြောတက်ပြီး ရိတ်ရိတ် ရိတ်ရိတ် မူးရတဲ့ အကြောင်းပါပဲ

👉 မျက်စိပါဝါ Check ပါ
___
ရေဓာတ်ခမ်းခြောက်တာကလည်း မူးတတ်ပါတယ်

ဒီရက်ပိုင်း
- ဝမ်းလျှောထားတယ်
- အန်ထားတယ် (အူရောင်ရောဂါ)
- ချွေးတွေအများကြီးထွက်ထားတယ်
- အမျိုးသမီးတွေ ဓမ္မတာ လာထားတယ်
ဆိုရင် ရေဓာတ်နည်းနေတဲ့ အတွက် ရိတ်ရိတ် မူးနေရုံမက ရုတ်တရက် ထလိုက်ရင် မျက်လုံးတွေပါ ပြာဝေပြီး သတိလစ်မတတ် ဖြစ်တတ်ပါတယ်။

👉 အရည်များများပြန်သောက်ပေးပါ၊
___
အလွန်အကျွံ Diet လုပ်ခြင်းကလည်း သွေးတွင်း သကြားဓာတ်ကျတတ်လို့ #မူးတတ်ပါတယ်

မူးနေရုံမက ပဲ စိတ်ပါတိုနေရင် ကျိန်းသေ ပါတယ်
(အခု ခေတ်စားနေတဲ့ IF Intermittent Fasting 16:8 => 16 နာရီ အစားမစားပဲနေ 8 နာရီအတွင်းပဲ စားရတာပါ)

ကျွန်တော်လည်း IF လုပ်ပါတယ် Ratio ကတော့ ပြောင်းပြန်ပါ ၁၆ နာရီစားပြီး ၈ နာရီ မစားပါဘူး (၈ နာရီက အိပ်နေတဲ့ အချိန်လေ 😁)

👉 ဆိုလိုတာက တော်ရုံတန်ရုံလုပ်ပါ (Diet ဆိုတဲ့ အဓိပ္ပာယ်က ကျန်းမာရေးကောင်းအောင်လုပ်တာပါ အလွန်အကျွံလုပ်ရင်းကနေ ဆေးရုံ/ဆေးခန်း ရောက်ရရင် မတန်ပါဘူး)

အပေါ်က ရှင်းပြခဲ့တာတွေက အဖြစ်များတဲ့ အကြောင်းရင်းတွေပါ

***မူးတာအပြင် #အရေးကြီးတဲ့လက္ခဏာတွေက
- ခြေ/လက် လေးသွားခြင်း (ကိုယ်တစ်ခြမ်းလေးသွားခြင်း)
- ကိုယ်တစ်ခြမ်း ထုံကျဉ်ခြင်း (လက်ထိပ်ခြေထိပ်လေးတွေကျဉ်တာ မဟုတ်ပါဘူးနော်)
- မျက်နှာရွဲ့သွားခြင်း
- အစာမျိုချ၍မရတော့ခြင်း
- လျှာလေး၍စကားမပီသတော့ခြင်း (စကားမပြောနိုင်တော့ခြင်း)
- သတိလစ်ခြင်း
- တက်ခြင်း
အစရှိတာတွေ နဲ့တွဲဖြစ်လျှင်တော့ ဆေးရုံချက်ချင်းပြသပါ (လေဖြတ်ခြင်း ဖြစ်ဖို့များပါတယ်)

👉👉👉
ပြန်ခြုံရရင်

#မူးတယ်ဆိုတာ
- လက္ခဏာပါ ရောဂါမဟုတ်ပါဘူး
- ​ဖြစ်ရတဲ့အကြောင်းရင်းရှာရပါမယ် (အမူးပြေဆေးသောက်နေရုံနဲ့မရပါဘူး)
- Betex ဆိုတာ Vitamin B1,B6,B12 ရယ်ပါတဲ့ဆေးပါ သူ့သောက်တာနဲ့ မူးတာကြီးကပျောက်မသွားပါဘူး
- အရေးကြီးတဲ့ Danger signs တွေကို စောင့်ကြည့်ပါ ရှိတာနဲ့ ချက်ချင်းဆေးရုံပြပါ

- အနည်းဆုံးတော့ သွေးပေါင်ချိန်ပါ (ဆီးချိုရောဂါရှိလျှင် ဆီးချိုစစ်ပါ)
- ဖုန်းသုံးတာ မျက်စိအသုံးပြုတာလျှော့ပါ
- မျက်စိပိတ် စိတ်လျှော့ပြီး အိပ်ယာပေါ်မှာ အနားယူလိုက်ပါ

- မူးတာအပြင်စိတ်တိုပြီး ရင်ပါတုန်ရင်တော့ ချိုတာစားပါ။
- ရေ အရည် များများသောက်ပါ။

အားလုံးကို ***ကာမိအောင် ရေးပေးထားပါတယ်
#သင့်တော်ရာ_ယူသုံးပါ
ဒီထဲမပါပဲ #ထူးခြားတဲ့_Presentation နဲ့ *မူးနေရင်တော့ ဆရာဝန်ပြလိုက်ပါ

(မူးနေမှာပေါ့ ကျီးပေါင်းရှိတာကိုးလို့ ပြောတတ်ကြပါတယ်) ကျီးပေါင်းကြောင့်မူးတယ် ဆိုတာ ချာချာလည်အောင်မူးပါတယ်
(Original post; Jan,2021 👉 https://www.facebook.com/104993831383029/posts/177764427439302/)
ကျန်းမာရေးဗဟုသုတ တိုးပြီး
သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ

Crd-Dr. ဘုန်းစည်သူလွင်

(ကျန်းမာရေးဆောင်းပါးများ နေ့စဉ်တင်ပေးနေသောကြောင့် #ကျွန်တော့_Pageကို_Like လုပ်ထားခြင်းဖြင့် ကျန်းမာရေးဗဟုသုတတိုးပွား လာပါလိမ့်မယ် 💕💕💕 )

Dr. ဘုန်းစည်သူလွင်

(ကျန်းမာရေးဆောင်းပါးများ နေ့စဉ်တင်ပေးနေသောကြောင့် #ကျွန်တော့_Pageကို_Like လုပ်ထားခြင်းဖြင့် ကျန်းမာရေးဗဟုသုတတိုးပွား လာပါလိမ့်မယ် 💕💕💕 )

💝2025 နှစ်ရဲ့နောက်ဆုံး ပျော်ရွှင်ဖွယ်ပုံရိပ်များနဲ့ သင်တန်းဆင်းကြပါပြီ…👩‍⚕️👩‍⚕️🩷သက်မွေးပညာ ..ကျွမ်းကျင်လာအောင်ရည်ရွယ် ဆေ...
29/11/2025

💝2025 နှစ်ရဲ့နောက်ဆုံး
ပျော်ရွှင်ဖွယ်ပုံရိပ်များနဲ့
သင်တန်းဆင်းကြပါပြီ…👩‍⚕️👩‍⚕️

🩷သက်မွေးပညာ ..
ကျွမ်းကျင်လာအောင်
ရည်ရွယ် ဆောင်ကြဉ်း..
မြတ်စန္ဒာလင်း🎊🌸🍀🎉

🍀ဆက်လက်ဖွင့်လှစ်မဲ့ သင်တန်းများအတွက်အသစ်အသစ်သော သင်တန်းသား/ သူ လေးများကိုလည်း နွေးထွေးစွာကြိုဆိုလျက်…

💝ပျော်ရွှင်ဖွယ်ပုံရိပ်များနဲ့ သင်တန်းဆင်းကြပါပြီ…👩‍⚕️👩‍⚕️🩷သက်မွေးပညာ ..ကျွမ်းကျင်လာအောင်ရည်ရွယ် ဆောင်ကြဉ်း..မြတ်စန္ဒာလင်...
25/09/2025

💝ပျော်ရွှင်ဖွယ်ပုံရိပ်များနဲ့ သင်တန်းဆင်းကြပါပြီ…👩‍⚕️👩‍⚕️

🩷သက်မွေးပညာ ..
ကျွမ်းကျင်လာအောင်
ရည်ရွယ် ဆောင်ကြဉ်း..
မြတ်စန္ဒာလင်း🎊🌸🍀🎉

🍀ဆက်လက်ဖွင့်လှစ်မဲ့ သင်တန်းများအတွက်အသစ်အသစ်သော သင်တန်းသား/ သူ လေးများကိုလည်း နွေးထွေးစွာကြိုဆိုလျက်…

တချို့က ပြောကြတယ် မဟုတ် လား၊ တရားအားထုတ်လိုက်တာ ရောဂါပျောက် သွားတယ်။ကံကောင်းအောင် လုပ်ပေးလိုက်တာ ဖြစ်တယ်။ရောဂါဝေဒနာကို ဖ...
19/09/2025

တချို့က ပြောကြတယ် မဟုတ် လား၊ တရားအားထုတ်လိုက်တာ ရောဂါပျောက် သွားတယ်။

ကံကောင်းအောင် လုပ်ပေးလိုက်တာ ဖြစ်တယ်။

ရောဂါဝေဒနာကို ဖြစ်စေတတ်တဲ့ အကုသိုလ် ကံတွေကို ရှင်းသွားစေပြီးတော့ ကုသိုလ်ကံတွေ ဖြစ်လာတယ်။

ပစ္စုပ္ပန်မှာဖြစ်တဲ့ မိမိ စိတ်မှာလည်းပဲ လောဘ ဒေါသစတဲ့ အကုသိုလ် အညစ်အကြေးတွေ ကင်းစင်သွားပြီး

အလောဘ အဒေါသစတဲ့ ကုသိုလ် တရားတွေ တိုးပွားလာ တယ်။

ထိုအလောဘ အဒေါသစတဲ့ ငြိမ်းအေးတဲ့ ကုသိုလ်တရားတွေက ထုတ်လုပ်ပေးတဲ့ ရုပ်တရား ဟာ သန့်စင်လာတယ်။

ကျန်းမာလာတယ်။

ကုသိုလ်တရားဟာ ကျန်းမာမှုကို ဖြစ်စေတယ်။

ဒါကြောင့် ကုသလရဲ့ အဓိပ္ပါယ်ကို “ကျန်းမာခြင်း” လို့လည်း ပြောတယ်။

ကုသလဆိုတာ ကျန်းမာ ခြင်း ဖြစ်တယ်။

ဒီသဘာဝတရားတွေ ရင်ထဲ နှလုံးထဲမှာ ဖြစ်လို့ရှိရင် ကျန်းမာတယ်တဲ့။

ဘာဖြစ်လို့တုန်း ဆိုတော့ အလောဘဆိုတာ Generosity ပဲ ပေးချင်တယ်၊ကမ်းချင်တယ်၊လှူချင်တယ်၊တန်းချင်တယ်။

ပေးကမ်းဖို့ အဆင်သင့် ဖြစ်တယ်။

အိမ်မှာ နေရင်း ကလဲ မျှဝေသုံးစွဲတယ်။

ကိုယ်စားတဲ့ အစာ အာဟာ ရကို သူများ
မျှဝေပေးတယ်ဆိုတာ အင်မတန်
မွန်မြတ်တဲ့ အလုပ် ဖြစ်တယ်။

အဒေါသ ဆိုရင်လည်း ရင်ထဲမှာ အမုန်းတရား မထားဘဲနဲ့ တစ်ဦးပေါ် တစ်ဦး အကျိုးလိုလားတဲ့ စိတ်တွေမွေးတယ်။

အဲဒါလည်း အင်မတန် မွန်မြတ် တဲ့ စိတ်ပဲ။

အမောဟဆိုတာလည်း လုပ်သင့်တာနဲ့
မလုပ်သင့်တာကို ခွဲခြားသိပြီး
မလုပ်သင့်တာကို ရှောင်တယ်လုပ်သင့်တာကို လုပ်တယ်။

ဒီတရားတွေ ကိုယ့်သန္တာန်မှာ ရှိနေပြီဆိုရင် ကောင်းကျိုး ချမ်းသာတွေ ရလာပြီပေါ့။

လောဘ၊ ဒေါသ၊ မောဟတရားတွေ ဖြစ်လာပြီ ဆိုရင် အားလုံးဟာ အလွဲလွဲ အချော်ချော်နဲ့ စိတ်ကို ပူလောင်စေတယ်။

ထို စိတ်ပူလောင်မှုကြောင့် ကိုယ့်ရဲ့ ရုပ်ကိုလည်း ပူလောင်စေတာပါပဲ။

စိတ်ပူရင် ရုပ်ပူသွားတာပေါ့။

ဒါကြောင့်ကျန်းမာခြင်းရဲ့ အဓိက သည် ကုသိုလ်ကောင်းမှုပဲဖြစ်တယ်။

ကုသိုလ် စိတ်ဓါတ်တွေပဲပေါ့။

အခုလို ကုသိုလ် စိတ်ဓါတ်တွေ ဖြစ်လာပြီ ဆိုရင် စိတ်နှလုံး ဖြူစင် အေးချမ်းလာသည့် အတွက် ကျန်းမာမှုက ပိုကောင်း လာတာဖြစ်တယ်။

ဒါကြောင့်“ကုသိုလ်ကောင်းမှု မမေ့နဲ့”လို့ မြတ်စွာ ဘုရားက ဟောတာဖြစ်တယ်။

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ
🙏🙏🙏

03/09/2025

Check out Myat Sandar Linn’s video.

ခုရက်ပိုင်းခွေးကိုက်ခံရသူတွေ များလာနေလို့တွေ့မိတာလေး ထပ်ဆင့်မျှဝေတာပါ
02/08/2025

ခုရက်ပိုင်းခွေးကိုက်ခံရသူတွေ များလာနေလို့
တွေ့မိတာလေး ထပ်ဆင့်မျှဝေတာပါ

23/07/2025

အဲလိုကျတော့…😂😂

Address

မြတ်စန္ဒာအထူးကုဆေးခန်းသင်တန်းခန်းမ, , No98 အပိုင်16 ပိတောက်လမ်း ပေါက်ကုန်း, ဝါယာလက် မဂ်လာဒုံ
Mingaladon
11021

Alerts

Be the first to know and let us send you an email when Myat Sandar Linn သူနာပြုအကူသင်တန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram