Myat Sandar Linn သူနာပြုအကူသင်တန်း

Myat Sandar Linn သူနာပြုအကူသင်တန်း မြတ်စန္ဒာလင်း Nurse Aid Training�

 #အပူလျှပ်တယ် ဆိုရင် မြန်မာနိုင်ငံမှာ လူအများစုကနေပူထဲက ပြန်လာပြီး ရုတ်တရက် ရေချိုးလိုက်တာတို့ ၊ မျက်နှာသစ်လိုက်တာတို့ကြ...
29/04/2025

#အပူလျှပ်တယ် ဆိုရင် မြန်မာနိုင်ငံမှာ လူအများစုက
နေပူထဲက ပြန်လာပြီး ရုတ်တရက် ရေချိုးလိုက်တာတို့ ၊ မျက်နှာသစ်လိုက်တာတို့ကြောင့် လို့
ထင်နေကြတယ်။

ရုတ်တရက် သတိလစ်
အသက်ရှူရပ်သွားတယ်ပေါ့။

တကယ်တမ်းတော့ အဲ့ဒါဟာ
အပူလျှပ်တယ် ဆိုတဲ့အထဲက အလွန်ရှားပါးသော ဖြစ်ရပ်သာဖြစ်တယ်။

ပူရာကနေ ရုတ်တရက် အေးသွားတာကြောင့်
အရေပြားရှိသွေးကြောတွေရဲ့ တုန့်ပြန်မှု ကမောက်ကမဖြစ်သွားလို့ နှလုံးခုန်ရပ်သွားတာသာ ဖြစ်တယ်။ မကြာဘူး စက္ကန့် ပိုင်းအတွင်း သေနိုင်ပါတယ်။
သိနားလည်သူရှိလို့ အသက်ကယ်မယ်ဆိုရင်
ချက်ချင်း မြန်မြန် နှလုံးခုန်အောင် ပြန်လုပ်နိုင်ရင် အသက်ရှင်မှာပါပဲ။
အင်္ဂလိပ်လို Vagal Inhibition လို့ ခေါ်ပါတယ်။

တကယ့် Heat stroke အပူလျှပ်ခြင်း အစစ်ကတော့
ဒီလို မသက်သာပါဘူး။
ဆေးရုံမှာ အကြာကြီးခံရပြီးမှ သေဆုံးရတတ်တာမျိုးဖြစ်ပါတယ်။
အပူလျှပ်ခြင်း အစစ်ကတော့
ရေဓာတ်နဲ့ ဓာတ်ဆားဓာတ် ( အဖန်ဓာတ် ၊ အငံဓာတ်) တွေ ဆုံးရှုံးပြီး မမျှတလို့ ဖြစ်ရတာပါ။

နွေရာသီလို ပူတဲ့အခါ
ပူတဲ့ လုပ်ငန်းလုပ်ရတဲ့အခါ

🔹ချွေးတွေအရမ်းထွက်ပါတယ်
🔹ဆားတွေပါ ပါသွားပါတယ်။
🔹ဆားတွေများများပါသွားလေလေ
🔹ရေက မငတ်တော့လေလေ ပါပဲ။
🔹ရေက မသောက်မိဘူး။
ပိုပို ဆိုးလာတော့တာပေါ့။

အစပိုင်းမှာ ခန္ဓာကိုယ်က ပြန်ထိန်းပေးပါတယ်။

ဘယ်လိုထိန်းသလဲဆိုတော့
🔴ဆီးသိပ်မသွားဘူး
ဆီးအနေနဲ့ထွက်ရမယ့် ရေဓာတ်ကို ပြန်သိမ်းတယ်။
🔴ဒီတော့ ဆီးအရောင် ရင့်လာပါတယ်။

ဒါ့ကြောင့် ပူတဲ့အခါ ရေဆာဆာ မဆာဆာ
ဆီးအရောင်ရင့်နေရင် ရေများများသောက်ရမယ်လို့ ပညာရှင်တွေက လမ်းညွှန်ပါတယ်။

ဒီလိုနဲ့ ရေက မသောက်မိတော့
ချွေးတွေ အလွန်ထွက်ပြီး
‎ရေနဲ့ဆားတွေ ဆုံးရှုံးရတော့
‎လူဟာ အရမ်းနွမ်းနယ်လာပါတော့တယ်။
‎အခုထိ ချွေးကတော့ ထွက်မြဲပါပဲ။
‎ဒါကို Heat Exhaustion လို့ ခေါ်ပါတယ်။
‎အပူလွန်၍ပင်ပန်းခြင်း ပေါ့။

ဒီအချိန်မှာမှ ရေနဲ့ဆား ပြန်ဖြည့်တဲ့
ဓာတ်ဆားရည်သောက်တာမျိုး၊ ဓာတ်ဆားဓာတ်ပြည့်စေတဲ့ အချိုရည်တွေ သောက်တာမျိုး မလုပ်ဘူးဆိုရင်တော့
ခန္ဓာကိုယ်က ချွေးတောင် မထွက်နိုင်တော့ပါဘူး။

သူ့ ကြည့်လိုက်ရင်
ခြောက်ခြောက်ကပ်ကပ် ပင်ပင်ပန်းပန်းနဲ့
အသားကို ကိုင်ကြည့်ရင် မီးခဲလို ပူတယ်
ချွေးက နည်းနည်း မှ မရှိဘူး။
ဒါဆိုရင်တော့ Heat stroke အပူလျှပ်သွားပါပြီး
ဆေးရုံ မြန်မြန်ပြေးပါ။
( တချို့ကတော့ Heat exhaustion အဆင့်မှာကတည်းက ဆေးရုံ သွားပြခိုင်းတယ်)

🔴ဆေးရုံနဲ့ဝေးရင် ၊ ဒါမှမဟုတ် ဆေးရုံမရောက်ခင်
ဘာလုပ်ရမှာလဲ ဆိုတော့

🟢အပူကျအောင် လုပ်ရပါမယ်။
အဓိကမှတ်ထားရမှာပါက အဖျားကျတဲ့ Paracetamol လို ဆေးမျိုး ပေးဖို့မသင့်ပါဘူး။
Organ Failure အတွင်းအင်္ဂါပျက်စီးမှု ပိုဆိုးစေလို့လို့ ဆိုပါတယ်။

🟢ရေနဲ့ဆား အရင်ဖြည့်ဖို့ ဓာတ်ဆားရည် အများကြီးတိုက်ရပါမယ်
Shark၊ကျွဲရိုင်း၊ ကော်ဖီ၊အရက်၊ burn၊ speed ၊ M150၊ Lippo အစရှိတဲ့ လူကို လန်းဆန်းစေတဲ့ Stimulating Fluid တွေ လုံးဝ မသောက်သင့်ပါဘူး
အပူလျှပ်ခြင်းကို ပိုမိုလွယ်ကူစေလို့ပါ။

🟢လူနာက သတိမကောင်းတော့ဘူးဆိုရင်တော့
ရေခဲသေတ္တာထဲ အအေးခံထားတဲ့
အငံ ပုလင်း NS ကို သွေးကြောကနေ မြန်မြန်ချိတ်သွင်းရပါမယ်။ Rapid Cool NS infusion ။

🟢အရင်ဆုံး အဝတ်တွေ အကုန်ချွတ်သင့်ပါတယ်။
Air con ခန်းထဲခေါ်ရပါမယ်
Air con ကို Dehumifying mode or Dry mode မှာ ထားပြီး ဖွင့်ရင် ပိုကောင်းပါတယ်။

🟢ရေအေးအေးနဲ့ လောင်းချ ပေးရပါမယ်။
ရေနွေးနွေးလေး ကို ရေအေးငါးခါလောင်းပြီးတိုင်း
တစ်ခါလောင်းပေးရပါမယ်။
သွေးကြောတွေ ပွင့်ကျယ်လာအောင်ဖြစ်ပါတယ်။

တစ်ခု ထူးခြားတာက
အပူလျှပ်ခြင်း ဖြစ်သွားရင်တော့
ဆေးရုံမှာ ကုသပေမယ့်လည်း
၁၀၀မှာ ၂၀ယောက်လောက်က သေတာပါပဲတဲ့။

ဒီတော့ ကြိုတင်ကာကွယ်ခြင်းဟာ မရှိမဖြစ်လိုအပ်တယ်။
ကာကွယ်တာလည်း မခက်ဘူး
ဓာတ်ဆားရည် ကို ကိုယ့်အလုပ်ပေါ်မူတည်ပြီး သောက်ပေးနေရုံပါပဲ။
သွေးတိုးသမားတွေကတော့ ရေပဲ အဓိကသောက်ရုံ။
အဝတ်ကို ချောင်ချောင်ပါးပါးဝတ်ရမှာဖြစ်ပါတယ်။
အရမ်းလည်း အပင်ပန်းမခံဖို့လိုပါသေးတယ်။

ဒီလိုဆိုရင် အပူလျှပ်ဖို့ မကြောက်ရတော့ပါဘူး။

Heat stroke
အပူလျှပ်ခြင်း အကြောင်း သိကောင်းစရာ

ကျောင်းသားဘဝတုန်းက Short Noteအတွက်
ပြင်ဆင် ထားတဲ့ စာတွေ ကို ပြန်လည်ကောက်နုတ်ဖော်ပြတာပါ

🟥အရေးကြီးသည့်အချက်
ယခုလို နွေကာလ အပူကြီးချိန်တွင်
ဖျားတဲ့သူတွေကို စောင်မခြုံဖို့ အနွေးထည်အထူမဝတ်ဖို့ နဲ့ ရေဖတ်ခဏခဏတိုက်ပေးဖို့ (နဖူးအပြင် ပိုအရေးပါသည့် ဂုတ်၊ပေါင်ခြံ၊ဒူးခေါက်ကွေး၊ချိုင်းကြားတို့၌ တိုက်ရန်၊ လေသလပ်ဖို့ ယက်ခပ်ရန်) အထူးလိုအပ်ပါတယ်🟥


#အပူလျှပ်ခြင်း
Crd

Credit ;

မိဘပြည်သူတို့ရှင် …ခွေးကိုက် / ကြောင်ကိုက် တာခွေးလက်သည်း / ကြောင်လက်သည်းနဲ့ ခြစ်မိတာ အဲလိုအခြေနေတွေမှာ တော်တော်များများ ...
24/04/2025

မိဘပြည်သူတို့ရှင် …
ခွေးကိုက် / ကြောင်ကိုက် တာ
ခွေးလက်သည်း / ကြောင်လက်သည်းနဲ့ ခြစ်မိတာ
အဲလိုအခြေနေတွေမှာ တော်တော်များများ အငြင်းပွါးနေကြတာ ကိုယ့်ကိုကိုက်လိုက်/ ကုတ်လိုက် တဲ့ ခွေး/ ကြောင်က ကာကွယ်ဆေးထိုးထားရင် အကိုက်ခံရတဲ့သူ/ အကုတ်ခံရတဲ့သူက #ခွေးရူးပြန်ကာကွယ်ဆေး ထိုးစရာမလိုဘူးဆိုပြီးထင်ကြတယ်။ ဒါဟာလုံးဝ အမှားပါနော် ❌

အိမ်မွေးခွေး / ကြောင်
လမ်းဘေးခွေး/ ကြောင်
တိရိစ္ဆာန် မှန်သမျှ ဘာကောင်ပဲ အကိုက်ခံရခံရ
တိရိစ္ဆာန် မှန်သမျှ ဘာကောင်ပဲ အကုတ်ခံရခံရ
သွေးထွက်သည်ဖြစ်စေ မထွက်သည်ဖြစ်စေ…
ကာကွယ်ဆေးထိုးထားတဲ့ ခွေး/ ကြောင် ဖြစ်စေ..
ကိုက်သွားတဲ့/ ကုတ်သွားတဲ့ အကောင်က ရူးရူး/ မရူးရူး၊ သေသေ မသေသေ 👉🏽 ခွေးရူးပြန် ကာကွယ်ဆေးထိုးစရာ လိုအပ်ပါတယ်နော်။
( pure indoor cats- အိမ်မွေးကြောင်တွေကြောင့် ခွေးရူးပြန်ရောဂါပိုး ကူးစက်တာကတော့ အလွန့်အလွန်နည်းပါတယ်။ ဒါပေမယ့် stray cats -လမ်းဘေးကြောင်တွေ က မိမိရဲ့ အိမ်မွေး ကြောင်ကိုကိုက်တာမျိုး/ မိမိကိုက်ခံရတာမျိုးဆို ခွေးရူးပြန်ပိုးကူးစက်နိူင်ပါတယ်)

တကမ္ဘာလုံးမှာ ခွေးရူးပြန်ရောဂါကြောင့် တနှစ်ကို လူဦးရေ -၅၀၀၀၀ ထက်မနည်းသေဆုံးနေရပါတယ်။

❗️ တိရိစ္ဆာန် မှန်သမျှ ဘာကောင်ပဲဖြစ်ဖြစ် အကိုက်ခံ / အကုတ်ခံရပြီဆိုဘာလုပ်ရမလဲ ?
🇨🇭Post exposure prophylaxis ( PEP)
👉🏽(၁) ပထမဆုံး အကိုက်ခံရ/ အကုတ်ခံရသည့် နေရာကို သွေးထွက်သည်ဖြစ်စေ မထွက်သည်ဖြစ်စေ အရင်ဆုံး ဆပ်ပြာနှင့်ရေဖြင့် သေချာ (၅) မိနစ်ခန့် ဆေးပါ။ Betadine ထည့်ပါ။
👉🏽(၂) အကိုက်ခံရ/ အကုတ်ခံရချိန်မှ (၂၄) နာရီ အတွင်း ( သို့မဟုတ်) စောနိူင်သမျှအစောဆုံး နီးစပ်ရာဆေးရုံ/ ဆေးခန်းကိုအမြန်ပြေးပြီး ခွေးရူးကာကွယ်ဆေး ( anti-rabies vaccines) ထိုးပါ။ ဒါကို post exposure prophylaxis ( PEP) လို့ခေါ်ပြီး ယခင် ခွေးရူးပြန်ကာကွယ်ဆေး တခါမှ မထိုးထားဖူးသူတွေဆိုရင် Day-0 ( အကိုက်ခံရသောနေ့) မှာ တလုံး နဲ့ Day -3, Day -7, Day-14, Day -21 (or)Day -28 တွေမှာ တလုံးစီ သူ့ schedule အတိုင်းထိုးသွားရမှာပါ။ ( ဆေးအမျိုးအစားမတူရင် dose /schedule မတူသောကြောင့် အတိအကျကိုတော့ နီးစပ်ရာဆရာဝန်နဲ့တိုင်ပင်ပါနော်)
ကာကွယ်ဆေးကို ရက်အတိအကျ ထိုးရမှာဖြစ်ပြီး ကာကွယ်ဆေးထိုးရမည့် နေ့ရက်ထက် (၂) ရက်ထက်ပိုပြီးကျော် သွားပါက အစမှ ပြန်လည်ထိုးရမှာဖြစ်တယ်။
👉🏽(၃) အကယ်၍ အကိုက်ခံရသည့် အနာကြီး ပါက ရောဂါပိုးအဆိပ်ဖြေဆေး (Human rabies immune globulin (HRIG ) ပါ Day -0 မှာ တခါတည်း ထိုးဖို့ လိုအပ်ပါတယ်နော်။ တခြားနိုင်ငံတွေမှာတော့ PrEP မထိုးထားတဲ့သူတိုင်းကို HRIG ထိုးပါတယ်။ ။ (အတိအကျကိုတော့ နီးစပ်ရာဆရာဝန်နဲ့တိုင်ပင်ပါနော်)
👉🏽ထို့အပြင် မေးခိုင်ရောဂါကာကွယ်ဆေးကိုပါ တခါထိုးသင့်ပါတယ်နော်။

🇨🇭Pre-exposure prophylaxis (PrEP)
👉🏽မိမိ အိမ်မှာ အိမ်မွေးတိရိစ္ဆာန်တွေ၊ ခွေးတွေ၊ ကြောင်တွေ ရှိတယ်၊ ဒါမှမဟုတ် risk များတဲ့ အလုပ်လုပ်တွေနေရတဲ့သူမျိုး ( ဥပမာ - Pet Spa တို့ တိဂေဟာတို့က လူတွေ) ဆိုရင် Pre-exposure prophylaxis (PrEP) လို့ခေါ်တဲ့ အကိုက်မခံရခင် ကာကွယ်ဆေးကြိုထိုးထားတာမျိုး ကို လုပ်ထားလို့ရပါတယ်။
👉🏽PrEP schedule မှာ anti-rabies vaccine တမျိုးမျိုးကို Day-0 တလုံး Day -7 မှာတလုံး စုစုပေါင်း (၂) လုံးထိုးထားရင် ရပါပြီ။ ပြီးရင် (၃) နှစ်တကြိမ်လောက် booster တလုံးထပ် ထိုးထားရင်ပိုကောင်းပါတယ်။ ပထမဆုံးတကြိမ်မှာတော့ အပေါ်ကဆေး schedule အတိုင်းထိုးထားရပါမယ်။ ။ ( ဆေးအမျိုးအစားမတူရင် dose /schedule မတူသောကြောင့် အတိအကျကိုတော့ နီးစပ်ရာဆရာဝန်နဲ့တိုင်ပင်ပါနော်)

❗️PrEP ထိုးထားပြီး ကြာမှ တိရိစ္ဆာန် အကိုက်ခံရ/ အကုတ်ခံရရင် ကာကွယ်ဆေးထပ်ထိုးဖို့လိုလား?
👉🏽PrEP ထိုးထားရင် အနည်းဆုံး (၆) လလောက်ကနေ (၃) နှစ်လောက်အထိ ကာကွယ်ပေးတာမို့ (၃) နှစ်ကျော်ကြာမှ တိရိစ္ဆာန် ထပ်အကိုက်ခံရ/ အကုတ်ခံရရင် ခွေးရူးပြန်ကာကွယ်ဆေး ချက်ချင်းထပ်ထိုးဖို့လိုပါတယ်နော်။ Day-0 တလုံး Day -7 မှာတလုံး Day-21 မှာတလုံး စုစုပေါင်း (၃) လုံး ထပ်ထိုးရပါမယ်။ ဒဏ်ရာအကြီးအသေးပေါ်မူတည်ပြီး ကာကွယ်ဆေး တမျိုး (သို့မဟုတ်) နှစ်မျိုးလုံးထပ်မံထိုးရနိူင်ပါသည်။ (အတိအကျကိုတော့ နီးစပ်ရာဆရာဝန်နဲ့တိုင်ပင်ပါနော်)

❗️ဘယ်သူတွေ PrEP ထိုးထားသင့်လဲ?
👉🏽Risk များတဲ့သူတွေ - ဥပမာ: ခွေး/ ကြောင် အပါအဝင် တိရိစ္ဆာန် မွေးမြူသူများ၊ Pet Spa များ မှ ဝန်ထမ်းများ၊ တိဂေဟာများ၊ တိရိစ္ဆာန်မွေး မြူရေးခြံများတွင် တိရိစ္ဆာန်များနှင့်ထိတွေ့ အလုပ်လုပ်နေရသူများ၊ တောရိုင်းတိရိစ္ဆာန်များနှင့် ထိတွေ့နေရသူများ၊ တိမွေးကုဆရာ၀န်များ၊ ခွေးရူးရောဂါ ဖြစ်ပွားနေသူ လူနာကို အနီးကပ်စောင့်ရှောက်နေရသူ များ အားလုံး PrEP ထိုးထားသင့်ပါတယ်။
အထက်ပါ Risk များတဲ့သူတွေက (၆) တလတခါ ( သို့မဟုတ်) တနှစ်တခါ မိမိရဲ့ antibody level ကိုစစ်နေသင့်ပြီး antibody titre နည်းနေပါက booster dose ထပ်ထိုးထားသင့်ပါတယ်။

❗️PEP ထိုးထားပြီး မှ နောက်တကြိမ်ထပ်ပြီး အကိုက်ခံ/ အကုတ်ခံရရင် - ဒဏ်ရာအကြီးအသေးပေါ်မူတည်ပြီး ကာကွယ်ဆေး တမျိုး (သို့မဟုတ်) နှစ်မျိုးလုံးထပ်မံထိုးရနိူင်ပါသည်။ (အတိအကျကိုတော့ နီးစပ်ရာဆရာဝန်နဲ့တိုင်ပင်ပါနော်)

❗️Incubation Period - တိရိစ္ဆာန် အကိုက်ခံရ/ အကုတ်ခံရ ပြီးဘယ်နှစ်ရက်အကြာမှာ ခွေးရူးပြန်ရောဂါလက္ခဏာပြတတ်သလဲ ?
အတိအကျပြောရန်ခက်ပါသည်။
👉🏽 တိရိစ္ဆာန် အကိုက်ခံရ/ အကုတ်ခံရ သည့်နေရာနှင့် လူ၏ဦးနှောက် အကွာအဝေးပေါ် မူတည်၍ ဥပမာ- မျက်နှာ၊လည်ပင်းတို့ တွင် အကိုက်ခံရပါက ရောဂါလက္ခဏာပေါ်ချိန် မြန်ပြီး၊ ခြေ၊ လက်တို့၌ အကိုက်ခံရပါက ရောဂါလက္ခဏာ ပေါ်ချိန်ကြာတတ်ပါသည်။
👉🏽 ကိုက်လိုက်/ ကုတ်လိုက် သည့် တိရိစ္ဆာန်သည် သိသာစွာ ရူးနေသော တိရိစ္ဆာန်ဖြစ်ပါက ရောဂါလက္ခဏာအမြန်ပြနိုင်ပါသည်။
👉🏽ရောဂါ လက္ခဏာ ပြနိုင်သော အချိန်မှာ အကိုက်ခံရ/ အကုတ်ခံရပြီး (၅)ရက်မှ (၃) လအတွင်း အဖြစ်များပါသည်။ (ခွေးအကိုက်ခံရပြီး (၁၆)နှစ် လောက် ကြာမှ ရောဂါပိုးထကြွပြီး ဆုံးသွားတာမျိုးလည်းရှိခဲ့ဖူးပါသည်)

❗️ တိရိစ္ဆာန် အကိုက်ခံရ/ အကုတ်ခံရရင်ပြီးရင် ဘယ်အချိန် ကာကွယ်ဆေးထိုးသင့်သလဲ ?
👉🏽 တိရိစ္ဆာန် အကိုက်ခံရ/ အကုတ်ခံရ တိုင်း ခွေးရူးကာကွယ်ဆေးကို စောနိုင်သမျှ အစောဆုံး ထိုးသင့်ပါသည်။

❗️ တိရိစ္ဆာန် အကိုက်ခံရ/ အကုတ်ခံရပြီး (၂၄) နာရီကျော်သွားရင် ကာကွယ်ဆေးထိုးလို့မရတော့ဘူးဆိုတာ ဟုတ်လား?
👉🏽 တိရိစ္ဆာန် အကိုက်ခံရ/ အကုတ်ခံရပြီး တိုင်း ခွေးရူးကာကွယ်ဆေးကို စောနိုင်သမျှ အစောဆုံး ထိုးသင့်ပါသည်။ စောနိုင်သမျှ စောထိုးပါက ပို၍ စိတ်ချရပါသည်။ ချက်ချင်းမထိုးနိုင်ခဲ့လျှင်လည်း ထိုးနိုင်ချိန်တွင်အမြန်ဆုံးထိုးသင့်သည် ။ တစ်နည်းအားဖြင့် ခွေးရူးပြန် လက္ခဏာ မပေါ်သေးသမျှ ထိုးနိုင်ပါသည်။
ကုသရန် ဆေးမရှိသည့်အတွက် ရောဂါလက္ခဏာပေါ်လာမှ ကာကွယ်ဆေးထိုးပါက အသက်မမီနိုင်ပါ။

❗️တိရိစ္ဆာန် အကိုက်ခံရ/ အကုတ်ခံရပြီး ထိုအကောင်မရူးလျှင် / သ-တ်လိုက်လျှင် ကာကွယ်ဆေးထိုးစရာမလိုဘူးဆိုတာ ဟုတ်ပါသလား ?
👉🏽 ကိုက်သွားတဲ့/ ကုတ်သွားတဲ့ အကောင်က ရူးရူး/ မရူးရူး၊ သေသေ /မသေသေ ခွေးရူးပြန် ကာကွယ်ဆေးထိုးစရာ လိုအပ်ပါတယ်။ ဒါပေမယ့် ကိုက်လိုက်ကုတ်လိုက်တဲ့ တိရိစ္ဆာန် ရူး/ မရူး နဲ့ ဒဏ်ရာ အကြီးအသေး အပေါ်မူတည်ပြီး ပြင်းထန် အဆင့် သတ်မှတ်ချက် (Category-1,2,3 ) ဆိုပြီး ကာကွယ်ဆေး dose နဲ့ ထိုး ရမယ့် schedule တွေကွာခြားသွားပါတယ်။

❗️ကာကွယ်ဆေးထိုးထားတဲ့ ခွေး/ ကြောင် အကိုက်ခံရ / အကုတ်ခံရ တာမို့ လူက ကာကွယ်ဆေးထပ်ထိုးဖို့ မလိုဘူးဆိုတာဟုတ်ပါသလား?
👉🏽ကာကွယ်ဆေးထိုးထားတဲ့ ခွေး/ ကြောင် ဖြစ်ပါစေ လူကို ကိုက်လိုက်တယ်/ ကုတ်လိုက်တယ်ဆို အကိုက်ခံရသူ/ အကုတ်ခံရသူက ခွေးရူးပြန် ကာကွယ်ဆေးထိုးစရာ လိုအပ်ပါတယ်။ တိရိစ္ဆာန်ကို ထိုးထားတဲ့ဆေးက တိရိစ္ဆာန်အတွက်သာဖြစ်ပြီးတော့ လူအတွက်မဟုတ်လို့ပါ။

❗️ခွေးရူးပြန်ရောဂါ မဖြစ်အောင် မည်သို့ ကာကွယ်နိုင်ပါသလဲ?
👉🏽ခွေးရူးပြန်ရောဂါကာကွယ်ဆေး ( Anti-rabies vaccine ) နှင့်ရောဂါပိုးအဆိပ်ဖြေဆေး ( Human rabies immune globulin (HRIG ) ဟူ၍ (၂) မျိုးရှိပါသည်။ ရောဂါဖြစ်လာပါက ကုသရန် ဆေးမရှိသည့်အတွက်
👉🏽တခါမှ တိရိစ္ဆာန် အကိုက်ခံရ / အကုတ်ခံ ခြင်းမရှိသေးလျှင် - PrEP schedule ထိုးပါ။
👉🏽 တိရိစ္ဆာန်အကိုက်ခံရ / အကုတ်ခံရပြီးပြီ ဆို PEP schedule စောနိုင်သမျှ အစောဆုံး ထိုးပါ။

🇨🇭ခွေးရူးပြန်ရောဂါသည် ကုသရန်ထက်ကာကွယ်ခြင်းသည်သာအဓိကဖြစ်ပါသည်။ ဒါကြောင့် မိမိတို့ အိမ်မွေးတိရိစ္ဆာန်များကို ကာကွယ်ဆေးထိုးပေးခြင်း၊ ခွေးရူးပြန်ရောဂါဖြစ်နေသော ၊ သံသယဖြစ်ဖွယ်ရှိသော တိရိစ္ဆာန်များကိုထိန်းသိမ်းထားခြင်း၊ အခြားနေရာမှသွင်းလာသော တိရိစ္ဆာန်များကို သီးခြားထား၍ စောင့်ကြည့်ခြင်း/ တိရိစ္ဆာန် အချင်းချင်း အကိုက်မခံရအောင်ဂရုစိုက်ခြင်းဖြင့် ရောဂါကိုကာကွယ်နိုင်ပါသည်။

သတိ ‼️ခွေးရူးပြန်ရောဂါသည်ကုသဖို့ဆေးမရှိပါ‼️

ထပ်ပြီးသတိပေးပါရစေ..
တိရိစ္ဆာန် မှန်သမျှ ဘာကောင်ပဲဖြစ်ဖြစ် အကိုက်ခံရခံရ / အကုတ်ခံရခံရ နီးစပ်ရာဆေးရုံ၊ ဆေးခန်းများမှာ ခွေးရူးပြန် ကာကွယ်ဆေး အမြန်ဆုံးထိုးထား ဖို့ လုံးဝ ( လုံးဝ) ကို 💯 % လိုအပ်ပါတယ်နော် ✅

Rabies ကူးခံရရင် ( ခွေးရူးပြန်ရင်) သေဖို့ ရာခိုင်နှူန်းလည်း 100% ရာနှုန်းပြည့်နီးပါ ပဲမို့ လို့ မပေါ့ဆကြပါနဲ့နော်။

လွပ်လပ်စွာ share နိုင်ပါသည်။ ကူးယူဖော်ပြခြင်းသည်းခံပါ။

ကိုးကား:
https://www.cdc.gov/rabies/prevention/pre-exposure_vaccinations.html


#ခွေးရူးပြန်ကာကွယ်ဆေး
ေါက်တာယု

 -12 Biology ခက်ခဲနေတဲ့ ကလေးတွေ အတွက် ဒါနပြု သင်ကြားပေးနေတဲ့ Free link ကလေးပါနားလည်လွယ်ပြီး ရှင်းနေတာဘဲနော် နားထောင်ကြည်...
22/04/2025

-12 Biology ခက်ခဲနေတဲ့ ကလေးတွေ အတွက် ဒါနပြု သင်ကြားပေးနေတဲ့ Free link ကလေးပါ
နားလည်လွယ်ပြီး ရှင်းနေတာဘဲနော်
နားထောင်ကြည့်ပါ

မြန်မာသင်ရိုး ဇီဝဗေဒ

ခေတ်မီ သူနာပြုစုမှုတွင် ဉာဏ်ရည်တုနည်းပညာ၏ အခန်းကဏ္ဍCrd ဒေါက်တာဥမ္မာစော ​ဉာဏ်ရည်တုနည်းပညာ(Artificial Intelligence)သည် လူသ...
04/04/2025

ခေတ်မီ သူနာပြုစုမှုတွင် ဉာဏ်ရည်တုနည်းပညာ၏ အခန်းကဏ္ဍ

Crd ဒေါက်တာဥမ္မာစော

​ဉာဏ်ရည်တုနည်းပညာ(Artificial Intelligence)သည် လူသားတို့၏ အသိဉာဏ်ရည် ကိုတုပ၍ စက်ပစ္စည်းများတွင် ပေါင်းစပ်ကာ လူသားတစ်ဦးကဲ့သို့ တွေးခေါ်နိုင်၊ ဆုံးဖြတ်နိုင်၊ လေ့လာသင်ယူနိုင်သော နည်းပညာဖြစ်သည်။ အချက်အလက်ပေါင်းများကို ခွဲခြမ်းစိတ်ဖြာ စိစစ်၍ ဆုံးဖြတ်နိုင်စွမ်းရှိခြင်းကို ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍတွင် အသုံးချလာခဲ့ ကြသည်။
​ ကွန်ပျူတာနှင့် လူသားဉာဏ်ရည်ကိုပေါင်းစပ်ကာ စီမံခန့်ခွဲနိုင်မှု၊ဆန်းစစ်ဝေဖန်တွေးခေါ် နိုင်မှုရှိသော စက်ကိရိယာတီထွင် အသုံးပြုနိုင်ရေး အယူအဆကို ၁၉၅၀ ခုနှစ်မှ စတင်ခဲ့ပါ သည်။ ၆ နှစ်အကြာတွင် ထိုသိပ္ပံနှင့် နည်းပညာအခြေခံဉာဏ်ရည်တုစက်များ ထုတ်လုပ်မှုကို AI နည်းပညာဟု သတ်မှတ်ခဲ့ကြသည်။ ၁၉၅၀ ခုနှစ်မှ ၁၉၇၀ ခုနှစ်များ ကြားတွင် စက်ရုံ အလုပ်ရုံများ၌ လေးလံသော ပစ္စည်းများကို တစ်ဆင့်ပြီး တစ်ဆင့်အတင်အချပြုလုပ်နိုင်သော၊ အလိုအလျောက် ထပ်တလဲလဲ ပြုလုပ်နိုင်သော စက်ရုပ်အစိတ်အပိုင်းများ စတင်တီထွင် လာခဲ့ကြသည်။ လူသားတို့ပေးထားသော ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက် နိုင်သည့် ရွေ့လျားနိုင်သော စက်ရုပ်ကို ၁၉၆၆ ခုနှစ်တွင် စတင် တီထွင်ခဲ့သည်။
၁၉၈၀ နှစ်များအတွင်း ကျွမ်းကျင်လူသားတစ်ဦးကဲ့သို့ ဗဟုသုတပြည့်စုံ၍ ဆုံးဖြတ်နိုင် စွမ်းရှိသော Expert System စနစ်တစ်ခုပေါ်ပေါက်လာပြီး ဆေးကုသပြုစုမှုဆိုင်ရာ ဆုံးဖြတ် ချက်များ ချရာတွင် အထောက်အပံ့ပေးလာခဲ့သည်။ ဆေးဘက်ဆိုင်ရာ ပုံရိပ်ဖော်စက်များတွင် AI နည်းပညာပေါင်းစပ်ကာ ပုံမှန်မဟုတ်သည့် ရောဂါရှိသည့် အခြေအနေကို ရှာဖွေနိုင်သော ကြောင့် ဆေးဘက်ကျွမ်းကျင်သူများနှင့် ဓာတ်မှန်ပါရဂူများကို အကူအညီ ပေးနိုင်ခဲ့သည်။ ၂၀၀၀ ခုနှစ်အစောပိုင်းတွင် AI စနစ်များသည် အချက်အလက်ပေါင်း များစွာကို စီမံခန့်ခွဲ နိုင်လာသဖြင့် ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ စက်ကိရိယာများတွင် ပေါင်းစပ်အသုံးပြု လာခဲ့ကြသည်။
​အီလက်ထရောနစ် ကျန်းမာရေးဆိုင်ရာမှတ်တမ်းများ ပြုလုပ်ရာတွင် AI နည်းပညာကို အသုံးပြုလာသဖြင့် အချက်အလက်ပေါင်းများစွာ စီမံခန့်ခွဲနိုင်ခြင်းကြောင့် ကျန်းမာရေး လုပ်ငန်းစဉ်များ ပိုမိုလျင်မြန်တိကျမှုရှိလာခဲ့သည်။ ၂၀၁၀ ခုနှစ် ကာလများတွင် နက်ရှိုင်းစွာ လေ့လာမှုနှင့်အတူ ရှုပ်ထွေးသော ကျန်းမာရေးဆိုင်ရာ အချက်အလက်များကို စိစစ် အဓိပ္ပာယ် ဖော်၍ တစ်ဦးချင်းစီနှင့်ကိုက်ညီသော ကုသမှုစီမံချက်ကို ရေးဆွဲပေးနိုင်လာသည့်အပြင် ကျန်းမာရေး ဝန်ထမ်းများ ပြုစုကုသမှုဆိုင်ရာ ဆုံးဖြတ်ချက်ချရာတွင် များစွာ အထောက်အကူ ပြုလာခဲ့သည်။
၂၀၂၀ ခုနှစ် နောက်ပိုင်းယနေ့ခေတ်တွင် Chat GPT ၊ DALL-E2 အစရှိသော Generative AI (Gen AI) များ တီထွင်ဖန်တီးနိုင်မှုသည် အခြားကဏ္ဍများနည်းတူ ကျန်းမာ‌ရေး ကဏ္ဍတွင် များစွာအထောက်အကူပြုလာခဲ့သည်။ တစ်ဦးချင်းစီနှင့် ကိုက်ညီသော ဆေးညွှန်း၊ ဆေးဝါးပမာဏ ချိန်ညှိပေးနိုင်သကဲ့သို့ ဆေးဝါးသစ်များ ရှာဖွေခြင်း၊ အစီရင်ခံစာရေးသားခြင်း၊ လူနာများအား အသိပညာပေးခြင်း၊ နောင်ဖြစ်လာနိုင်သည့် ကျန်းမာရေးပြဿနာများ ကြိုတင် ခန့်မှန်းခြင်း၊ ကျန်းမာရေးဝန်ထမ်းများအား လေ့ကျင့် သင်ကြားပေးခြင်းများ လုပ်ဆောင်လာ နိုင်ပါသည်။
​ သူနာပြုလုပ်ငန်းစဉ်တွင် AI ထိရောက်စွာအသုံးချနိုင်မှုကို ပေါင်းစပ်ခြင်းသည် ကျန်းမာရေးအခန်းကဏ္ဍ၏ တိုးတက်ပြောင်းလဲမှုပုံစံတစ်ခုအဖြစ် ယူဆနိုင်ပါသည်။ လူနာ ပြုစုကုသမှုစွမ်းရည်တိုးတက်လာသကဲ့သို့ ကုသမှုဆိုင်ရာ ဆုံးဖြတ်မှုများတွင် အထောက်အပံ့ များစွာ ရရှိစေပါသည်။ လူနာ၏ ကျန်းမာရေးဆိုင်ရာ အချက်အလက်များ စနစ်တကျ သိုမှီး သိမ်းဆည်းစီမံခန့်ခွဲနိုင်သကဲ့သို့ ကျန်းမာရေးအခြေအနေကို စဉ်ဆက်မပြတ် စောင့်ကြည့် စစ်ဆေးနိုင်သည်။ တခြားသော ကျန်းမာရေးဝန်ထမ်းများနှင့် ဆက်သွယ်ဆောင်ရွက်မှုများ ပိုမို ကောင်းမွန်လာသည်။ ထို့အပြင် ပြုစုကုသမှုလုပ်ငန်းစဉ်တွင် ကြုံတွေ့ရတတ်သော မှားယွင်းမှုများကို လျော့ချနိုင်ပြီး အချိန်နှင့်တပြေးညီ ထိရောက်သော ပြုစုကုသမှု ဆောင်ရွက်နိုင်စေသည်။ ခေတ်မီ သူနာပြုစုမှုတွင် AI ပေါင်းစပ်ဆောင်ရွက်နိုင်မှုကို အောက်ပါအတိုင်း တွေ့ရှိရပါသည်-

(က)​Clinical Decision Support ။​AI သုံးစက်ကိရိယာများသည် လူနာ၏ အခြေအနေမှန်ကို စနစ်တကျသုံးသပ်၍ ကြုံတွေ့နိုင်သော ကျန်းမာ‌ရေးပြဿနာ များ၊ ရှေ့အလားအလာများကို ကြိုတင်ခန့်မှန်းကာ ထိရောက်သော ပြုစုကုသမှု ကို ပေးစွမ်းနိုင်သည်။ သူနာပြုများအနေဖြင့် လူနာနှင့်ဆိုင်သော အချက်အလက်များ (ဥပမာ- ရောဂါ ရာဇဝင်၊ နှလုံးခုန်နှုန်း၊ သွေးပေါင်ချိန်၊ အသက်ရှူနှုန်း၊ သွေးတွင်းအောက်စီဂျင်၊ ဓာတ်ခွဲခန်းအဖြေများ)ကို AI သုံး Clinical decision support system စနစ် အတွင်းသို့ ထည့်သွင်းပြီး AI မှ စဉ်းစားတွေးခေါ်ပေးသော လူနာနှင့်ဆိုင်သည့် ညွှန်ကြားချက်များ(ဥပမာ- အရေးကြီးလူနာဟုသတ်မှတ်ခြင်း၊ ဆေးပမာဏကို ညှိပေးခြင်း)ကို လိုက်နာကာ ဆရာဝန်များနှင့်ပူးပေါင်း၍ သင့်လျော်သော ပြုစုကုသမှုဆိုင်ရာ ဆုံးဖြတ်ချက် များကို ချနိုင်မည်ဖြစ်သည်။ ဆေးပညာဆိုင်ရာ ခိုင်မာသော သုတေသန ရလဒ်များကို အခြေခံ၍ evidence- based ဆုံးဖြတ်ချက်များချနိုင်ရန် တွန်းအားပေး ကူညီသည့် သဘောဖြစ်သည်။

(ခ)​Predictive Analytics for patient deterioration ။ AI သုံးစက်ကိရိယာများ သည် လူနာနှင့်ပတ်သက်သော အချက်အလက်ပေါင်းများစွာကို ခွဲခြမ်းစိတ်ဖြာ ၍ လူနာများ ချော်လဲနိုင်ခြေ ၊ ကျောပူနာဖြစ်နိုင်ခြေ၊ ပိုးဝင်သွေးဆိပ်ပျံ့နှံ့နိုင်ခြေ၊ ဆေးရုံထပ်မံတက်ရောက်နိုင်ခြေစသည့် နောက်ဖြစ်လာနိုင်သည့် အန္တရာယ်များ ကို တွက်ချက်ပေးပြီး သူနာပြုများအား အထောက်အကူပြုပေးကြသည်။ AI ၏ ‌မျှော်မှန်းတွက်ချက်မှုအပေါ် အခြေခံကာ သူနာပြုများအနေဖြင့် အရေးကြီး လူနာများ၏ နှလုံး၊ အဆုတ်၊ ကျောက်ကပ်လုပ်ဆောင်မှုများ စောင့်ကြပ် ကြည့်ရှုမှုကို တိုးမြှင့် ဆောင်ရွက်နိုင်သည်။ ထို့ပြင် ဆရာဝန်များအနေဖြင့် ပိုမိုသင့်လျော်သော ဆေးဝါး၊ ကုထုံးများကို ပြောင်းလဲပေးခြင်းဖြင့် ကာကွယ်ကုသမှုများကို ပို၍ကောင်းမွန်အောင် ဆောင်ရွက်လာနိုင်သည်။

(ဂ)​Patient case Assistance ။ AI သုံးစက်ရုပ်များ(Robots) ၊ ကိရိယာ(Devices) များ အသုံးပြု့၍လူနာများကိုမရွေ့ခြင်း ၊ ရွေ့ပြောင်းခြင်းများ ဆောင်ရွက် နိုင်သဖြင့် သူနာပြုများအား နာကျင်ပင်ပန်းမှုမှ သက်သာစေနိုင်သည်။ ထို့အပြင် ဆေးဝါးများ လှည့်လည်တိုက်ကျွေးမှုတွင်လည်း အသုံးပြုနိုင်သောကြောင့် ဆေးအမျိုးအစား၊ ဆေးဝါးပမာဏ မှန်ကန်မှုရစေပြီး ကုသမှုလုပ်ငန်းစဉ်တွင် ကြုံတွေ့တတ်သော ဆေးမှားတိုက်မိခြင်း၊ ဆေးမတိုက်မိခြင်း ပြဿနာများ မှလည်း ပြေလည်စေနိုင်ပါသည်။ AI chat bots, vistual assistants များ အသုံးပြုခြင်းသည် လူနာများအတွက် အကူကောင်းတစ်ဦးကဲ့သို့ အထောက်အကူ ပြုစေနိုင်ပါသည်။ ကျန်းမာရေး အကြံပေးမှုများ၊ ကျန်းမာရေးဆိုင်ရာ သိလိုသည်များ ဖြေကြားပေးခြင်း သာမက ဆေးဝါးများ သောက်ရန် အသိပေးခြင်း၊ follow up ပြန်ပြရန် သတိပေးခြင်များ ပြုလုပ်နိုင်သည်။ သူနာပြု့များကလည်း ထိုAI အကူစနစ်များမှ ပေးပို့သော သတင်းစကားအရ ပိုမိုကောင်းမွန်သော ထပ်မံ ကြည့်ရှုမည့် ရက်ချိန်းပေးနိုင် သကဲ့သို့ ရောဂါမျိုးစုံ ရှိသော၊ ရောဂါအခြေအနေ ထိန်းညှိရခက်သော လူနာများကို အထူးစောင့်ကြပ် သတိထားနိုင်မည် ဖြစ်သည်။ တစ်ဦးချင်းစီနှင့် သက်ဆိုင်သော ရောဂါရာဇဝင်၊ မျိုးရိုးဗီဇ၊ နေထိုင်စားသောက်ပုံ စသည့် အချက်အလက်များအပေါ် အခြေခံ၍ Personalized ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ စီမံချက်များကို AI မှရေးဆွဲပေးနိုင်သောကြောင့် သူနာပြုများသည် လူနာတစ်ဦးချင်းနှင့် ကိုက်ညီ သော ပြုစုကုသမှုကို ဆောင်ရွက်ပေးလာနိုင်သည်။ X-rays ၊ CT scan ၊ MRI စသည့်ဆေးဘက်ဆိုင်ရာ ပုံရိပ်ဖော်ရာတွင် AI သုံးစက်ကိရိယာများသည် တိကျ သော အဖြေများပေးနိုင်သောကြောင့် ဆရာဝန်များ၊ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင် များအတွက် အထောက်အပံ့ဖြစ်စေခြင်းဖြင့် လူနာများအတွက် ပို၍ သင့်လျော်သော ပြုစုကုသမှုပေးနိုင်လာပါသည်။

(ဃ)​Remote Monitoring and Talehealth ။ လူနာများသည် AI သုံးစက်ကိရိယာများ ဝတ်ဆင်ထားခြင်းဖြင့် နေ့စဉ်အချိန်နှင့်အမျှ ပြောင်းလဲ နေသော သွေးခုန်နှုန်း၊ သွေးပေါင်ချိန်၊ အသက်ရှုနှုန်း၊ သွေးတွင်းအောက်စီဂျင် စသည့် နှလုံး၊ အဆုတ် လုပ်ဆောင်မှုဆိုင်ရာအချက်အလက်များကို အချိန်နှင့် တပြေးညီ သိရှိနိုင်ပြီး ခွဲခြမ်းစိစစ်ကာ ကြုံလာနိုင်သည့် ကျန်းမာရေး အန္တရာယ်များကို ကြိုတင်ခန့်မှန်း နိုင်သည်။ နာတာရှည်ရောဂါလူနာများ၏ မိမိအိမ်တွင်း နေထိုင်စဉ် ကျန်းမာရေး အခြေအနေကို သူနာပြုများက အဝေးရောက်စောင့်ကြည့်ကိရိယာများမှ ပေးပို့ သော သတင်းအချက်အလက် များအရ လူနာ၏အခြေအနေကို သိရှိနိုင်ပြီး လိုအပ်သော ကုသမှုများ၊ အကြံပေး မှုများ ၊ ရက်ချိန်းမြန်မြန် ရရှိနိုင်ရေးများ လုပ်ပေးနိုင်ပါသည်။ အဝေးရောက် ကျန်းမာရေးကြည့်ရှုစောင့်ရှောက်မှုကို ထိရောက်စွာအကောင်အထည်ဖော်နိုင်မှု တစ်ခုဖြစ်သည်။

(င)​Patient Education and Engagement ။ လူနာတစ်ဦးချင်း၏ လိုအပ်ချက် နှင့်ကိုက်ညီသော ကျန်းမာရေးပညာပေးမှုများကို AI သုံးစနစ်များက ဆောင် ရွက်ပေးနိုင်ပြီး၊ ဆေးပုံမှန်သောက်သုံးခြင်း၊ နေ့စဉ်နေထိုင်မှုဘဝကို ကျန်းမာရေး အထောက်အကူပြုသည့် နေထိုင်မှုဘဝအဖြစ် ပြုပြင်နေထိုင်ခြင်း ရှိ/မရှိကို လည်း AI သုံးစနစ်များ အကူအညီဖြင့် စောင့်ကြပ်ကြည့်ရှုနိုင်ခြင်းသည် သူနာပြုများ၏ ပြုစုကုသမှုလုပ်ငန်းစဉ်တွင် များစွာ အထောက်အကူ ပြုနိုင်သည်။ ထို့ကြောင့် နာတာရှည်ရောဂါဝေဒနာရှိသော လူနာများကို AI နည်းပညာသုံး စက်ကိရိယာများ အသုံးပြုနိုင်ရန် လေ့ကျင့်သင်ကြား ပေးရပါမည်။ သို့မှသာ လူနာနှင့် သူနာပြုများ၊ ကျန်းမာ‌ရေး စောင့်ရှောက်သူများ အကြား ကောင်းမွန်သော ဆက်ဆံရေးကို တည်ဆောက်နိုင်ပြီး ထိရောက်သော ကုသမှုရစေနိုင်ပါသည်။

(စ) Administrative Support ။ သူနာပြုများသည် လူနာပြုစု၊ ကုသမှု သာမက လူနာ၏ မှတ်တမ်းများ စနစ်တကျသိမ်းဆည်းခြင်း၊ ရက်ချိန်းများ စနစ်တကျ ဖြစ်အောင်ဆောင်ရွက်ရခြင်းစသည့် စီမံအုပ်ချုပ်မှုဆိုင်ရာများလည်းလုပ်ဆောင် ရသည်။ AI driven scheduling system နည်းစနစ်များကို အသုံးပြုခြင်းဖြင့် ရက်ချိန်းစီမံမှုများ၊ တာဝန်ချိန်ခွဲဝေမှုများ တိကျမှုရှိလာသည်သာမက လူနာဆေးရုံတက်၊ ဆေးရုံဆင်းမှတ်တမ်းတင်မှုများ ပို၍တိကျမှုရှိလာပါသည်။ စာရွက်စာတမ်းကိစ္စများ၌ အာရုံစိုက်ရန် မလိုအပ်သောကြောင့် လူနာ ပြုစုကုသမှုတွင် ပို၍ အချိန်ပေးလာနိုင်သည်။ ထို့အပြင် လုပ်ငန်းခွင် အတွင်း၌ ဂျူတီချိန်သတ်မှတ်ချက်၊ ဂျူတီအပြောင်းအရွေ့၊ အဓိကထား ဆောင်ရွက်ရမည့် လုပ်ငန်းများ သတ်မှတ်ရာတွင် AI သုံးစနစ်များ အသုံးပြုခြင်းဖြင့် စနစ်တကျမှန်ကန်မှုရှိလာသောကြောင့် သူနာပြုများ လုပ်ငန်းခွင် အတွင်း ပင်ပန်းနွမ်းနယ်မှု၊ အလုပ်တာဝန်ဖိစီးမှုများ သက်သာကာ လူနာပြုစု စောင့်ရှောက်မှုကို ပို၍ အလေးထားလာနိုင်သည်။ ဆေးရုံရှိ လူနာခန်းများ၊ ကုတင်များ၊ စက်ကိရိယာများစသော အရင်းအမြစ်များကို စနစ်တကျ စီမံခန့်ခွဲ နိုင်သဖြင့် သင့်လျော်သောလူနာများအတွက် ထိရောက်သော ပြုစုကုသမှု ရစေနိုင်ပါသည်။ ထို့ကြောင့် လုပ်ငန်းလည်ပတ်မှုများလည်း ပိုမိုသွက်လက် မြန်ဆန်လာပါသည်။ ဦးစားပေးလုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်များကိုလည်း ညွှန်ပြပေးနိုင်သဖြင့် အချိန်နှင်တပြေးညီ ပြုစုစောင့်ရှောက်မှုများ ဆောင်ရွက်နိုင်ပါသည်။

(ဆ)​ Electronic Health Records with AI integration။ AI နည်းပညာအားဖြည့်ထားသည့် အီလက်ထရောနစ်ကျန်းမာရေး မှတ်တမ်း ထားရှိမှုသည် ပို၍စနစ်တကျရှိစေပြီး စီမံခန့်ခွဲမှုဆိုင်ရာလုပ်ဆောင်မှုများ တိုးတက်စေသည်။လူနာတဦးချင်းစီနှင့် ပတ်သက်သော ရောဂါမှတ်တမ်း၊ ဓာတ်ခွဲခန်း အဖြေများ၊ ဓာတ်မှန်ဆိုင်ရာ အချက်အလက်များကို အီလက်ထရောနစ် နည်းပညာဖြင့် ထားရှိခြင်းကြောင့် အလွယ်တကူ ပြန်လည်သိရှိနိုင်ပါသည်။ AI နည်းပညာ ပေါင်းစပ်ခြင်းဖြင့် လူနာနှင့် ဆိုင်သော အချက်အလက်များကိုသုံးသပ်၍အလွယ်တကူ မတွေ့မြင်နိုင်သော အန္တရာယ်ကို ဖော်ထုတ်ကာ အရေးကြီးလူနာဟု သတ်မှတ်ပေးနိုင်သည် သာမက ကုသမှုဆိုင်ရာ လုပ်ငန်းစဉ်များလည်း ချမှတ်ပေးနိုင်သည်။ ဆေးညွှန်ကြားမှု၊ ရက်ချိန်းသတ်မှတ်မှုများကိုပင် အလိုအလျောက်လုပ်ဆောင်နိုင်လာခြင်းသည် ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍကိုများစွာအဆင့်မြှင့်တင်ပေးနိုင်ခဲ့သည်။

(ဇ)​Training and simulation ။AI သုံးစွမ်းအားမြင့် စက်ကိရိယာများသည် သူနာပြုများအား လေ့ကျင့်သင်ကြားရေးအတွက် ပကတိအစစ်ကဲ့သို့သော သင်ကြားရေးဝန်းကျင်ကို ဖန်တီးပေးနိုင်သောကြောင့် အန္တရာယ်ရှိသော လုပ်ဆောင်မှုများ(ဥပမာ- နှလုံးရပ်သွားခြင်းကို ပြန်လည်နှိုးဆွခြင်း၊ ထိခိုက် ဒဏ်ရာရမှု ပြုစုစောင့်ရှောက်ခြင်း)ကို လူနာများမသုံးပဲ လေ့ကျင့် သင်ကြား နိုင်ပြီး ပြုစုကုသမှု စွမ်းရည်ကို မြှင့်တင်နိုင်ပါသည်။ ထို့ပြင် သူနာပြုတစ်ဦးချင်း၏ လိုအပ်ချက်နှင့် ကိုက်ညီသော သင်ကြားမှုပုံစံကို ဖန်တီးပေးနိုင်ပြီး တစ်ဦးချင်းစီ၏ အရည်အချင်း ပြည့်မှီလာမှု ရှိ/မရှိ ကို စစ်ဆေးနိုင်ခြင်းကြောင့် ပိုမိုထိရောက်သော လေ့ကျင့်သင်ကြားမှု ရရှိစေနိုင်ပါသည်။ စဉ်ဆက်မပြတ် သူနာပြုပညာ၊ ဆေးပညာဆိုင်ရာ လေ့လာမှုများတွင် AI ကိုအသုံးပြုခြင်းဖြင့် ခေတ်နှင့်အညီ နောက်ဆုံးပေါ် တွေ့ရှိမှု၊ပြောင်းလဲမှုများကို သိရှိနားလည်နိုင်မည်ဖြစ်သည်။ သူနာပြုများ၏ သုတေသန လုပ်ငန်းများတွင်လည်း AI နည်းပညာသည် အချက်အလက် ပေါင်းများစွာ ခွဲခြမ်း စိတ်ဖြာ၍ အထောက်အပံ့ပြုပေးနိုင်ပါသည်။
​ သူနာပြုစုစောင့်ရှောက်မှု၊ ဆေးဘက်ကျွမ်းကျင်မှု လုပ်ငန်းများတွင် AI ၏ အသုံးဝင်မှု များကို သိရှိလာသောကြောင့် လက်တွေ့အသုံးချလုပ်ဆောင်မှုတွင် AI သုံးစက်ကိရိယာများ နှင့် အကျွမ်းတဝင်ရှိရန်လိုအပ်ပါသည်။ ပထမဦးစွာ AI သုံးစနစ်များအသုံးချနိုင်ရန် ဆေးဘက် ပညာရှင်များအား အလုပ်ရုံဆွေးနွေးပွဲများ၊ hands-on လေ့ကျင့်သင်ကြားမှုများ၊ အင်တာနက် မှတဆင့် သင်ယူမှုများ ပြုလုပ်ပေးရပါမည်။ ပြုစုကုသမှုအဖွဲ့နှင့် IT နည်းပညာ အဖွဲ့များ အတူတကွ လက်တွဲလုပ်ဆောင်၍ AI ၏ ညွှန်ကြားချက်များကို နားလည် အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်သည်။
AI ကိရိယာများသုံးခြင်းသည် သူနာပြုများအတွက် ဝန်ထုပ် ဝန်ပိုးမဖြစ်စေပဲ သူနာပြုစုမှုကို ပိုမိုအထောက်အကူပြုရန်သာ ရည်ရွယ် လုပ်ဆောင်ခြင်း ဖြစ်သည်။ လက်တွေ့ ဆေးကုသပြုစုမှုလုပ်ငန်းစဉ်တွင် AI နည်းပညာကို ထိထိရောက်ရောက် အသုံးချခြင်းဖြင့် လူနာတစ်ဦးချင်းအလိုက် တိကျမှန်ကန် ကောင်းမွန်သော ပြုစုကုသမှု ပေးလာနိုင်မည် ဖြစ်သောကြောင့် လူနာများ၏ ကျန်းမာသက်ရှည်နိုင်မှု တိုးတက်လာနိုင် သည့်အပြင် သူနာပြုများ အလုပ်တာဝန်ဖိစီးခြင်းကြောင့် ပင်ပန်းနွမ်းနယ်မှုများမှလည်း သက်သာ စေနိုင်ပါမည်။
​ သူနာပြုစုမှုတွင် AI ကို အသုံးပြုခြင်းဖြင့် ကျန်းမာရေးစောင့်ရှောက်မှု အရည်အသွေး ကောင်းမွန်လာနိုင်သော်လည်း နည်းပညာအသုံးပြုမှုနှင့် လူသားစောင့်ရှောက်မှုအကြား သင့်တင့်မျှတမှုရှိစေရန် ညှိနှိုင်းဆောင်ရွက်ရန် လိုအပ်ပါသည်။ လူနာပြုစုရာတွင် အဓိကဖြစ်သော သူနာပြုများ၏ ကြင်နာသနားမှု၊ စာနာနားလည်နိုင်မှု၊ မေတ္တာဂရုဏာထား ပြုစုကိုင်တွယ်မှုများကို AI သုံးစက်ကိရိယာများနှင့် အစားမထိုးနိုင်ပါ။ အတွေ့အကြုံနှင့် ယှဉ်သော သူနာပြုများ၏ အရည်အသွေး၊ ထိုးထွင်းကြံဆနိုင်မှု၊ ဆက်စပ်တွေးခေါ်နိုင်မှု၊ ပြုစုကုသမှုဆိုင်ရာ ဆုံးဖြတ်နိုင်စွမ်းများကိုလည်း အလေးထားရမည်ဖြစ်သည်။
လူနာ၏ အချက်အလက်များ မှတ်တမ်းထားရာတွင် လုံခြုံမှုရှိရေး၊ လူနာ၏ အတွင်းရေး အချက်အလက်များ မပေါက်ကြားရေး၊ ယုံကြည် စိတ်ချမှုရှိရေးသည်လည်း ကျင့်ဝတ်ဆိုင်ရာ အရေးကြီးသော လိုက်နာရမည့် အချက်ဖြစ်ပါသည်။ ထို့အပြင် AI အသုံးပြုခြင်းသည် သတင်းအချက်အလက်ဆိုင်ရာ ဘက်လိုက်သွေဖီမှုများရှိနိုင်ကြောင်းလည်း သတိထားရပါမည်။ ကွန်ပျူတာအချက်အလက်များ ခိုးဝင် (Hacking) ယူသွားနိုင်သည့် အန္တရာယ်လည်း စောင့်ကြည့်ထားရပါမည်။ AI သုံးစက်ကိရိယာများ အသုံးပြု့ရာတွင် မှားယွင်းမှုများရှိလာပါက ကျင့်ဝတ်ဆိုင်ရာ တာဝန်ယူမှု၊ တာဝန်ခံမှုများကို ပြတ်သားစွာ ဖော်ပြနိုင်မှု၌ ဟာကွက်ရှိနေသည်ကိုလည်း ထည့်သွင်းစဉ်းစားရန် လိုအပ်ကြောင်း ရေးသားဖော်ပြ လိုက်ရပါသည်။
Photo Crd

ကျမ်းကိုးစာရင်း​
၁။Ross Pancho(2024) : The role of AI in modern nursing Practices.Nurse Click, Australian Collage of Nursing.
၂။Chat GPT: AI and Nursing Practices.

 # # #နွေဦးရာသီ နှင့် ရေကျောက်ရောဂါ(ပဲသီတာ)Crdရေကျောက်ရောဂါ ဆိုသည်မှာ…ဆောင်းအကုန် နွေးဦးကာလများဖြစ်ကြတဲ့ မတ်လ နှင့် ဧပြီ...
22/03/2025

# # #နွေဦးရာသီ နှင့် ရေကျောက်ရောဂါ(ပဲသီတာ)
Crd

ရေကျောက်ရောဂါ ဆိုသည်မှာ…

ဆောင်းအကုန် နွေးဦးကာလများဖြစ်ကြတဲ့ မတ်လ နှင့် ဧပြီလလောက်မှာ ရောဂါအဖြစ်များပြီး၊ ကလေးတွေမှာ ဖြစ်ရိုးဖြစ်စဉ် မြင်တွေ့ရတဲ့ ကူးစက်ရောဂါတစ်မျိုးပါ။ အင်္ဂလိပ်လို chicken pox လို့ခေါ်ပြီး၊ မြန်မာလိုတော့ ရေကျောက်ရောဂါ(သို့မဟုတ်) ပဲသီတာ လို့ခေါ်ကြပါတယ်။ ဗေရီဆယ်လား (Varicella Zoster) (ခေါ်) DNA ဗိုင်းရပ်စ်ပိုးတစ်မျိုးကြောင့်ဖြစ်တာပါ။ ဖြစ်ပွားသူ စုစုပေါင်းရဲ့ ၉၀ ရာခိုင်နှုန်းဟာ အသက် ၄-နှစ် နှင့် ၁၀-နှစ်ကြား ကလေးငယ်တွေဖြစ်ကြပြီး၊ ကျန်တဲ့ ၁၀ ရာခိုင်နှုန်း ကတော့ အသက် ၁၈-နှစ်အောက် လူငယ်လူရွယ်တွေ ဖြစ်ပါတယ်။ အမျိုးသားတွေမှာ ပိုဖြစ်တတ်ပါတယ်။ (တခါတရံ ၆-လသား အရွယ် မှာလည်း ရေကျောက်ပေါက်တာကို တွေ့ရပါတယ်)

ရောဂါ လက္ခဏာ….

ထိုဗိုင်းရပ်စ် ကူးစက်ခံရလျှင် ခန္ဓာကိုယ်မှာအနီစက်၊ အဖုအပိန့်တွေထွက်လာပါလိမ့်မယ်။ ရင်ဘတ်၊ ၀မ်းဗိုက်၊ နောက်ကျော စတဲ့ခန္ဓာ ကိုယ်အစိတ်အပိုင်းတွေမှာ အနီစက်တွေစထွက်လာပြီး ယားလို့ ကုတ်မိခြင်းဖြင့် သတိထားမိတတ်ပါတယ်။ ပိုး၀င်ပြီး ပထမ တစ်ရက်အတွင်း နှာစေး၍ ချောင်းဆိုးလာတတ်ပါတယ်။ နည်းနည်းဖျားလာပါလိမ့်မယ်။ ထို့နောက် လက်မောင်း၊ မျက် နှာ၊ ခြေထောက် နှင့် ဦးရေပြားပါမကျန် တစ်ကိုယ်လုံးအနှံ့ အလားတူအနီစက်အဖုလေးတွေ အုပ်စုလိုက်ထွက်လာပြီး ၂-ရက် ၃-ရက် ကြာရင် အရေပြားပေါ်မှာ အရည်ကြည်ဖုလေးတွေ ပေါ်လာပါတယ်။ (တချို့ကလေးတွေမှာတော့ နာရီပိုင်း အတွင်းမှာပင် အရည်ကြည်ဖုလေးများဖြစ်လာကြပါတယ်) ဗိုင်းရပ်စ်ပိုး ကူးစက်ခံရပြီး ရက်သတ္တ ၁-ပတ်အတွင်း အရည်ကြည် ဖုလေးတွေ တဖြည်းဖြည်းခြောက်ပြီး ၇-ရက် ကျော်သွားတဲ့အခါမှာတော့ အကုန်လုံးခြောက်လာပြီး ကွာကျသွားပါလိမ့်မယ်။ နောက်ဆုံးမှာ အမာရွတ်ပါမကျန် သူ့အလိုလိုပျောက်သွားပါတယ်။ အနီဖုလေးများ ပေါက်တဲ့အချိန်မှာ တွေ့မြင်ရတဲ့ အခြားလက္ခဏာများမှာ ကလေးကိုယ်ပူခြင်း၊ ခေါင်းကိုက်ခြင်း၊ ချောင်းဆိုးခြင်း၊ တခါတရံ အပြင်းဖျားခြင်း၊ ကြွက်သားများနာခြင်း၊ လည်ချောင်းနာခြင်း၊ နားကိုက်ခြင်း၊ မလှုပ်ချင်၊ မသယ်ချင်လောက်အောင်နုံးချိနေခြင်း ….စသည်တို့ဖြစ်ကြပါတယ်။

ကူးစက်ပုံ…

ကလေးတွေမှာ ရောဂါပျိုးစ(အရည်ကြည်ဖုမပေါ်ခင်)အချိန်မှာ ကူးစက်မှု အမြန်ဆုံးဖြစ်ပါတယ်။ ပျမ်းမျှအားဖြင့် အနီစက်ထွက် ပြီးနောက် ၅-ရက် အကြာမှာ နောက်တစ်ဦးဆီသို့ ရောဂါကူးစက်ဖို့အခွင့်အလမ်းများပါတယ်။ (တစ်ခါတစ်ရံ နှာစေးချောင်းဆိုး ရုံ လောက်နဲ့ ပြီးသွားပြီး တစ်ရက် နှစ်ရက်ကြာတဲ့အခါ အတူနေကလေးတွေကို ကူးစက်သွားပါတယ်) အဓိက ကူးစက်ပုံကတော့့ လေထဲကဆင့် ကူးစက်ခြင်းပါ။ ချောင်းဆိုးခြင်း၊ နှာချေခြင်းဖြင့် ရောဂါရှိတဲ့ကလေးရဲ့ အသက်ရှူလမ်းကြောင်း မှ ထွက်သော အရည်၊ အမှုန်အစက်ကလေးတွေ Droplet ကတဆင့် ကူးစက်ပါတယ်။ အနီစက်ကဖြစ်လာတဲ့ ပဲသီတာ အရည်ဖုက ထွက်တဲ့ အရည်ထဲမှာ ဗိုင်းရပ်စ်ပိုး တွေအများကြီးပါဝင်နေပါတယ်။ ဒါကြောင့် ရောဂါရှိသူနှင့် ခန္ဓာကိုယ်ခြင်း ထိတွေ့ဆက်ဆံမှုမှ ကူးစက်တတ်ပါတယ်။ ထို အရည်ကြည်ဖုလေးတွေကို ဘက်တီးရီးယား ပိုး၀င်သွားခဲ့ပါက ပြည်တည်နာလေးတွေ ဖြစ်သွားပါ တယ်။ ရေကျောက် ဗိုင်းရပ်(စ်)ပိုးကြောင့် နောက်ဆက်တွဲရောဂါများအဖြစ် ဦးနှောက်ရောင်ခြင်း၊ အဆုတ်ရောင်ခြင်း၊ အဆုတ် အအေးမိခြင်းတွေ ဖြစ်စေနိုင်ပါတယ်။ သာမန်အားဖြင့် အသက်အန္တရာယ်မရှိပေမယ့် ခုခံအားကျဆင်းနေတဲ့ ကလေးများ၊ ကျောက်ကပ်ရောင်ရောဂါရှိတဲ့ ကလေးများ၊ သွေးကင်ဆာရောဂါ ရှိတဲ့ကလေးများ၊ စတီးရွိုက်ဆေး သောက်နေရ၍ ခုခံအားကျ နေတဲ့ ကလေးများတွင် ရေကျောက်အနာဖု မှ ပြည်တည်နာဖြစ်တဲ့အခါ အသက်အန္တရာယ်ရှိနိုင်ပါတယ်။

ကုသပုံ….

(၁) ရေကျောက်ရောဂါ(ခေါ်)ပဲသီတာဟာ အန္တရာယ်မရှိလှသလို၊ သိပ်ပြီးစိုးရိမ်စရာ မလိုပါဘူး။ အရည်ကြည်ဖုလေးတွေ ဖြစ်ပေါ် လာလည်း ဘာဆေးမျှလိမ်းစရာ မလိုပါဘူး။ သနပ်ခါးလည်း လိမ်းစရာမလိုပါဘူး။ အရည်ကြည်ဖုလေးတွေ အချိန်တန်ရင် ကွာကျ သွားမှာပါ။ အနီစက်တွေထွက်ပြီး တစ်ပတ်အကြာမှာ အမာရွတ်ပါမကျန် ပျောက်ကင်းသက်သာတတ်ပြီး အချို့လူနာများ မှာ တစ်လခန့်အထိ ကြာတတ်ပါတယ်။ တစ်ခါတစ်ရံအရေပြားရဲ့ (Dermis) အလွှာကို ထိရင်တော့ အမာရွတ်သေးသေး လေး ကျန်တတ်ပါတယ်။ ပြည်တည်ရောဂါ ပိုး၀င်ခဲ့ရင်တော့ အမာရွတ်ကျန်တတ်ပါတယ်။

(၂) ရေနွေးနဲ့ ရေချိုးပါ (သို့မဟုတ်) ရေနွေးစိမ်အဝတ်နဲ့ ရေပတ်တိုက်ပေးပါ။

(၃) အဖျား၀င်နေပါက paracetamol တိုက်ကျွေးနိုင်ပါတယ်။ (သို့သော် aspirin , Ibuprofen တို့လို အကိုက်ခဲပျောက်ဆေး တွေ အသုံးမပြုသင့်ပါဘူး)
(၄) အဖုအပိန့်လေးများကို Calamine အရည် လိမ်းပေးပါ (သို့မဟုတ်) အ၀တ်သန့်သန့်ကို ရေနွေးတို့၍ သန့်စင်ပေးပါ။

(၅) သိပ်ဆိုးရင် antihistamine လို့ခေါ်တဲ့ အယားပျောက်ဆေးတွေ သောက်သုံးနိုင်ပါတယ်။ (သို့သော် အရောင်ကျဆေးတဲ့ steoid လိမ်းဆေးမျိုး မသုံးသင့်ပါဘူး)

(၆) သင်္ဘောသီး၊ နာနတ်သီး၊ ဖရဲသီး၊ စပျစ်သီး စတာတွေကလည်း အရေပြားရောဂါတွေအတွက် အထောက်အကူပြုပေး နိုင်ပါတယ်။

(၇) အုန်းရည်ဟာ အရေပြားကျန်းမာရေးကိုအထောက်အကူပြုတာကြောင့် ရေကျောက်ရောဂါအတွက်သာမက၊ ကျောက်ကြီး ရောဂါ၊ ၀က်သက်ရောဂါများအတွက် အုန်းရည်အ၀ သောက်ပေးခြင်းဖြင့် သက်သာစေပါတယ်။

(၈) မုန့်လုပ်ရာမှာသုံးတဲ့ ဆားဆိုဒါ လက်ဖက်ရည်ဇွန်း ၁-ဇွန်းကို ရေဖျော်၍၊ အဖုအပိန့်လေးများကို တို့ပေးခြင်းဖြင့် ယားယံခြင်းမှ သက်သာစေနိုင်ပါတယ်။

(၉) ၀က်သက်၊ ရေကျောက်(ခေါ်)ပဲသီတာ စသည့် အပူနာရောဂါများအတွက် ကြိုတင်ကာကွယ်ဆေးအဖြစ် ခံတက်ရွက်ကို သကြား(သို့မဟုတ်)ထန်းလျက်(သို့မဟုတ်)ပျားရည် စသည့် သင့်ရာ တစ်မျိုးမျိုးဖြင့် ပြုတ်၍ တိုက်ကျွေးသင့်ပါတယ်။

(၁၀) ဗီတာမင်အေ၊ ဗီတာမင်စီ၊ ဗီတာမင်အီး အားဆေးတွေ တွဲသောက်ပေးပါ။

(၁၁) ရေများများသောက်ခြင်း၊ သန့်ရှင်းလတ်ဆတ်တဲ့ အသီးအရွက်များများ စားခြင်းဟာ ရောဂါလက္ခဏာသက်သာ စေရုံ သာမက ကိုယ်ခံအားပါတတ်စေနိုင်ပါတယ်။

(၁၂) လည်ချောင်းနာပါက ဆားရည်ပလုတ်ကျင်းပေးနိုင်ပါတယ်။

(မှတ်ချက်) အကယ်၍ ရောဂါလက္ခဏာ ပြင်းထန်လွန်းပြီး ကူးစက်မှုများနေရင်တော့ Acyclovir ဆေးပြားကို ၇၂-နာရီအတွင်း တိုက်ကျွေးဖို့လိုအပ်နေပါပြီ်။ ဒါကြောင့် ကလေး ကိုယ်ပူပြင်းထန်လွန်းလျှင် သော်လည်းကောင်း၊ ကလေး မနေနိုင်အောင် အဖုအပိန့်များက ယားယံနေလျှင် သော်လည်းကောင်း ဆရာ၀န်ထံပြသပါ။ တခါတရံမှာတော့ အဖုအပိန့်ထဲကို ပိုး၀င်ပြီး ပြည် တည်နာများ ဖြစ်လာတတ်တဲ့အတွက် လိုအပ်တဲ့ ပိုးသတ်ပဋိဇီ ထိုးဆေး-စားဆေး-လိမ်းဆေးများကို ဆရာ၀န်က ညွှန်ကြားပေး ပါလိမ့်မယ်။

ရောဂါမဖြစ်အောင် ကာကွယ်နည်း…

(၁) အသက် ၅-နှစ်အောက် ကလေးငယ်များကို တစ်နှစ်သားမှာ တစ်ကြိမ်၊ ၅-နှစ်သားမှာ တစ်ကြိမ် စုစုပေါင်း ကာကွယ်ဆေး ၂-ကြိမ်ထိုးပေးခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။

(၂) ရေကျောက်ရောဂါ လုံး၀ မဖြစ်ပွားခဲ့ဖူးသူ ၁၈-နှစ်အောက် လူငယ်များကလည်း ကာကွယ်ဆေး ၂-ကြိမ်ထိုးပေးခြင်းဖြင့် ကြိုတင်ကာကွယ် ထားနိုင်ပါတယ်။ ထို အရွယ်များမှာတော့ တစ်ကြိမ် နှင့် တစ်ကြိမ် တစ်လခြားပြီးထိုးပေးရမှာပါ။

(၃) အမေရိကန်ပြည်ထောင်စုမှာ ၁၉၉၅ ခုနှစ်မှစတင်၍ ရေကျောက်ကာကွယ်ဆေးထိုးပေးခဲ့ရာ ဖြစ်ပွားနှုန်း ၉၀ ရာခိုင်နှုန်းခန့် လျှော့ချနိုင်ခဲ့တယ်လို့ဆိုပါတယ်။ သို့ သော် ကိုယ်ဝန်ဆောင်မိခင်များ၊ HIV ကူးစက် ခံနေရသူများ၊ aspirin ကဲ့သို့ အကိုက် အခဲပျောက်ဆေး ရေရှည်သုံးစွဲနေသူများ နှင့် lincomycin ကဲ့သို့ပဋိဇီဝဆေး မတည့်သူများကတော့ ထို ရေကျောက်ရောဂါ ကာကွယ်ဆေးထိုးမသင့်ပါဘူး။

(၄) အထူးသဖြင့် ရေကျောက်ဖြစ်ပွားဖူးခြင်း လုံး၀မရှိသေးသော မိခင်လောင်းအနေနဲ့ ကိုယ်ဝန်မဆောင်ခင် ၁-လ အလိုမှာ ကာကွယ်ဆေး အပြည့်အစုံဖြစ်အောင်ကြိုတင်ထိုးထားခြင်းဖြင့် မွေးဖွားလာမည့် ကလေးအတွက် ကြိုတင်ကာကွယ်ပေး နိုင်ပါတယ်။ အဲဒီ ကြိုတင်ကာကွယ်ဆေးမျိုးကို ဂျပန်လူမျိုး michiaki Takahashi က ၁၉၇၄ ခုနှစ်လောက်မှာ စတင် တီထွင် ထုတ်လုပ်ပေးခဲ့ ကြောင်း လေ့လာမှတ်သားရပါတယ်။

(၅) အထူးသတိပြုရမည့် အချက်မှာ ရေကျောက် တစ်ခါဖြစ်ဖူးရင်၊ နောင်လူကြီးဘဝမှာ ရေယုန်ဖြစ်ဖို့ ၂၀ ရာခိုင်နှုန်း သေချာ နေပါပြီ။ ဒါဘာကြောင့်လဲဆိုရင် ကလေးငယ်ဘ၀မှာ ရေကျောက်အနီစက်လေးတွေ လုံးဝပျောက်ကင်းသွားပေမယ့် ဗိုင်းရပ်စ်ပိုး ကတော့ ခန္ဓာကိုယ်ရဲ့ အာရုံကြောစနစ်ထဲမှာ ရှိနေတုန်းပါဘဲ။ ဒီလိုနဲ့အသက်ကြီးလာပြီးနောက် ခုခံအားကျဆင်းတဲ့ အခါဖြစ်စေ၊ အာဟာရချို့တဲ့ နေချိန်မှာဖြစ်စေ ခန္ဓာကိုယ်ထဲမှာ ကိန်းငုပ်နေတဲ့ပိုးဟာ ရေယုန်အနေနဲ့ ပြန်လည်ပေါ်ပေါက်လာ တတ်လို့ ပါဘဲ။ ထိုပြဿနာမျိုးကို အများအားဖြင့် အသက် ၆၀-ကျော် အရွယ်မှာ ကြုံတွေ့ရတတ်ပါတယ်။ ဒါကြောင့် ရေကျောက် ဖြစ်ဖူးသူတွေအနေနဲ့ တစ်ချိန် မှာ ရေယုန်မဖြစ်အောင် ကာကွယ်ဆေးထိုးထားသင့်ပါတယ်။

(၆) ရေကျောက်(ခေါ်)ပဲသီတာ ဖြစ်တဲ့အခါ၊ ရောဂါဖြစ်သူရဲ့ အဝတ်အစားများကို ရေနွေးနဲ့သီးသန့်လျှော်ဖွတ်ပါ။

(၇) ပဲသီတာ အဖုလေးတွေက ယားလွန်းတာကြောင့် ကုတ်မိပါတယ်။ အဖုလေးတွေ အနာမဖြစ်အောင် ကာကွယ်သည့်အနေဖြင့် ကလေးကို လက်သည်းညှပ်ပေးပါ။ လက်သည်း ညှပ်ပြီးတဲ့ အခါမှာလည်း စူးရှမနေစေဖို့အတွက် လက်သည်း ကို တံစဉ်းဖြင့် တိုက် ပေးထားပါ...

🅲🆁🅴🅳🅸🆃
ှပြန်လည်မျှဝေပါသည်🙏
ုဂံမြေစာပေချစ်သူ

Address

မြတ်စန္ဒာအထူးကုဆေးခန်းသင်တန်းခန်းမ, , No98 အပိုင်16 ပိတောက်လမ်း ပေါက်ကုန်း, ဝါယာလက် မဂ်လာဒုံ
Mingaladon
11021

Alerts

Be the first to know and let us send you an email when Myat Sandar Linn သူနာပြုအကူသင်တန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share