Set Kyar Minn Pharmaceuticals

Set Kyar Minn Pharmaceuticals မင်္ဂလာပါ
CustomerCare ☎ 09405080140
သို့ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
သာယာသောနေ့လေးဖြစ်ပါစေ🙏
(512)

Traditional Medicine Manufacturing Industry,
Traditional Clinic
Herbalist Journal

🍀 စကြာမင်း နှလုံးအားတိုးဆေး 🍀ဤဆေးသည် တိုင်းရင်းဆေးစစ်စစ်ဖြစ်ပြီး သဘာ၀ ဆေးဖက်ဝင် ပရဆေးပစ္စည်းများဖြင့် စနစ်တကျစီမံဖော်စပ်...
17/01/2025

🍀 စကြာမင်း နှလုံးအားတိုးဆေး 🍀
ဤဆေးသည် တိုင်းရင်းဆေးစစ်စစ်ဖြစ်ပြီး သဘာ၀ ဆေးဖက်ဝင် ပရဆေးပစ္စည်းများဖြင့် စနစ်တကျစီမံဖော်စပ် ထားခြင်းကြောင့် နှလုံးရောဂါအမျိုးမျိုး ကို သက်သာပျောက် ကင်းစေပြီး သွေးလှည့်ပတ်မှုစနစ်ကို ကောင်းမွန်စေသော ဆေးစွမ်းကောင်းတစ်လက်ဖြစ်ပါသည်။
📝 သုံးစွဲနိုင်သောရောဂါများ 📝
နှလုံးအားနည်းခြင်း၊ သွေးအားနည်းခြင်း၊ နှလုံးတုန်ခြင်း၊ အသက်ရှူမ၀ခြင်း၊ နှလုံးခုန်မမှန် မူးဝေမောပန်းခြင်း၊ အိပ်မပျော်ခြင်း၊ စိတ် မကြည်လင်ခြင်း၊ ကိုယ်ရောစိတ်ပါနွမ်းနယ်ခြင်းများနှင့်နှလုံးရောဂါအမျိုးမျိုးတို့ကို သက်သာစေပါသည်။
💊 သုံးစွဲရန်ဆေးပမာဏ 💊
လူကြီး - တစ်ကြိမ် လက်ဖက်ရည်ဇွန်း တစ်ဇွန်း
ကလေး - တစ်ကြိမ် လက်ဖက်ရည်ဇွန်း တစ်ဝက်
(၅ နှစ် မှ ၁၂ နှစ်)
တစ်နေ့ (၃) ကြိမ်၊ ရေအေး (သို့) သံပုရာဖျော်ရည်နှင့်သောက်ပါ။
🏆 နိုင်ငံတကာအသိမှတ်ပြု 🏆
🏆 𝗜𝗦𝗢 9001:2015 𝗖𝗲𝗿𝘁𝗶𝗳𝗶𝗲𝗱
🏆 𝗜𝗦𝗢 14001:2015 𝗖𝗲𝗿𝘁𝗶𝗳𝗶𝗲𝗱
🏥 အမြို့မြို့အနယ်နယ်ရှိဆေးဆိုင်များတွင် ဝယ်ယူရရှိနိုင်ပါပြီ။🏥
🚚 𝐃𝐨𝐨𝐫 𝐭𝐨 𝐃𝐨𝐨𝐫 အိမ်အရောက်ဝန်ဆောင်မှုအနေဖြင့်
𝐒𝐡𝐨𝐩.𝐜𝐨𝐦.𝐦𝐦 တွင် လည်းမှာယူ ရရှိနိုင်ပါသည်။
🛒မှာယူရန် 𝑳𝒊𝒏𝒌 👉 https://www.shop.com.mm/shop/set-kyar-minn-pharmaceuticals/…
☎ ပင်ရင်း ☎
စကြာမင်း တိုင်းရင်းဆေးဝါးစက်ရုံ - အမှတ် - ၂၆၁၊၆ လမ်း၊ ရန်ကုန်စက်မှုဇုန်၊ မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်မြို့။
Ph- 09 730 45 119, 09 40 50 80 140 , 09 40 50 80 150
📲 တိုင်ပင်ဆွေးနွေးရန် 📲
စကြာမင်းဆေးတိုက်နှင့် ဆေးကုဌာန - အမှတ် (စ/၆၆၆) သုဓမ္မာလမ်းမကြီး၊မြောက်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။
Ph - 0973197524, 019691091
📲 စကြာမင်း တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး မှ ထုတ်လုပ်ထားသော ဆေးဝါးများနှင့် အချက်အလက်များကို Up to Date သိရှိနိုင်စေရန် အောက်ပါ Telegram Link နှင့် Viber Link များကိုလည်း Join ထားနိုင်ပါသည်။ 📲
𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐋𝐢𝐧𝐤 👉 https://t.me/setkyarminnpharma
𝐕𝐢𝐛𝐞𝐫 𝐋𝐢𝐧𝐤 👉https://invite.viber.com/...
🤗 အသေးစိတ် အချက်လက်များ ထပ်မံ သိရှိစုံစမ်းလိုပါက Set Kyar Minn Pharmaceuticals page သို့ဝင်ရောက်၍ 𝐂𝐡𝐚𝐭𝐛𝐨𝐱 တွင်လည်း စုံစမ်းမေးမြန်းနိုင်ပါသည်။ 🤗
𝐏𝐚𝐠𝐞 𝐋𝐢𝐧𝐤 👉 https://www.facebook.com/setkyarminnpharmaceuticals/

ဆီးရောဂါအကြောင်း သိကောင်းစရာ********************တစ်နေ့ သော တနင်္ဂနွေနေ့မှာပေါ့ ညီမတစ်ယောက်လို ချစ်ခင်ရတဲ့ မမဥ္ဇူဆိုသူမှ ...
16/01/2025

ဆီးရောဂါအကြောင်း သိကောင်းစရာ
********************
တစ်နေ့ သော တနင်္ဂနွေနေ့မှာပေါ့ ညီမတစ်ယောက်လို ချစ်ခင်ရတဲ့ မမဥ္ဇူဆိုသူမှ Messenger မှ စာပို့ပြီး “ ဆရာ သမီး အခု ဆီးတွေကျင်နေတယ်… ဆီးသွားရင်တစ်စက်နှစ်စက်ပဲ သွားလို့ရတယ်… အဲလိုတစ်စက် နှစ်စက်ကျဖို့အရေး အရမ်းနာကျင်တယ်… ပြီးတော့ ဆီးစပ်တွေနဲ့ ခါးကကိုက်တယ်…ဆီးအရောင်ကနီတယ်… အဲတာဘာဖြစ်လို့လဲဆရာ… ပြီးတော့ ဘာဆေးသောက်ရမလဲ…” ဆိုပြီးမေးလာပါတယ်။

ကျွန်တော်လည်း မအားတာနဲ့ စာကိုရှည်ရှည်မပြန်နိုင်ခဲ့ဘူး။ လိုရင်း တိုရှင်းပဲ ရေးပြီးပြန်လိုက်တယ်။
“.. မမဥ္ဇူရေ… ဆီးကျင်တာ၊ ဆီးအောင့်တာ၊ ဆီးပူတာ၊
သွားရင် တစ်စက် နှစ်စက်ပဲသွားတာတွေဟာ ဆီးလမ်း
ကြောင်းပိုးဝင်လို့လည်းဖြစ်တတ်တယ်၊ အပူအစပ်တွေ
အစားများလို့လည်းဖြစ်တတ်တယ်၊ အပူထဲကပြန်လာစမှာ ရေခဲရေလိုပုံမှန်ထက် အေးတဲ့ရေသောက်မိရင်လည်းဖြစ်တတ်တယ်၊ အပြင်အပူထဲကပြန်ရောက်စမှာ
ရေချိုးမိတာ၊ ခြေလက်ဆေးမိတာ၊ အေးတဲ့ အဲယားကွန်းခန်းထဲနေမိတာတွေကြောင့်လည်း ဖြစ်တတ်
တယ်၊ တကိုယ်ရေသန့်ရှင်းမှုနည်းတာကြောင့်နဲ့ နဂိုထဲက ကျောက်ကပ်အားနည်းနေရင်လည်း ဖြစ်တတ်တယ်၊ ရေသောက်နည်းရင်လည်းဖြစ်တတ်တယ်၊ ရေသောက်နည်းပြီးချွေးထွက်များရင်လည်းဖြစ်တတ်တယ်၊ ဆီးသွားချင်တာကို မသွားပဲအချိန်အကြာကြီးအောင့်ထားရင်လည်းဖြစ်တတ်တယ်….”

“..ညီမလေးရေ…ဆီးကျင်၊ ဆီးအောင့်နာတာကို သင့်တော်တဲ့ဆေး ညွှန်ရရင်တော့ စကြာမင်း.. ဆီးကျောက်ကြေဆေးကို နီးစပ်ရာဆေးဆိုင်တွေမှာ ဝယ်ပြီး တစ်နေ့ ၃ ကြိမ်၊ တစ်ကြိမ် ဆေး ၃ တောင့်
ရေများများနဲ့သာသောက်ပေးလိုက်ပါ သက်သာသွားပါလိမ့်မယ်….” စာပြန်လိုက်တယ်။

တနင်္ဂနွေနေ့က ဆီးကျင်အောင့်တာနဲ့ ပတ်သက်လို့ မေးလို့ သောက်ရမယ့်ဆေးကို ပြောပြခဲ့တာ ဗုဒ္ဓဟူးနေ့ကြတော့ ညီမလေး မမဥ္ဇူဆီက စာပြန်လာတယ်၊ သမီး ဆီးကျင်ပြီးအောင့်နေတာ ဆရာပြောတဲ့ စကြာမင်း ဆီးကျောက်ကြေဆေး တစ်နေ့ ၃ ကြိမ်သောက်
လိုက်တာ တစ်ရက်နဲ့သက်သာတယ်၊ ဆရာပြောသလို နှစ်ရက်ဆက်တိုက် သောက်လိုက်တာ ခုကောင်းသွားပြီ၊ ဆီးတွေလည်း ဖြူတယ်၊ အများကြီးသွားတယ်၊ ဆီးသွားရင် အောင့်တာ၊ နာတာ၊ ကျင်တာ၊ ဆီးသွားရခက်တွေဘာတစ်ခုမှမရှိတော့ဘူး ကျေးဇူးတင်လိုက်တာ ဆရာရယ်..”

“..အခုလိုသက်သာသွားတယ်ဆိုတော့ ဝမ်းသာပါတယ် ..”

“..အစက သမီးက ဆီးကျောက်ကြေဆေး ဆိုတော့ ဆီးရောဂါဖြစ်တာနဲ့ မဆိုင်ဘူးမှတ်နေတာ ဆရာပြောတာနဲ့
သောက်လိုက်မှ ဆီးရောဂါတွေလည်း သက်သာပျောက်ကင်းတယ်ဆိုတာ ကိုယ်တွေ့သိရတော့တယ်…”

“..ဆီးလမ်းကြောင်းနဲ့ ကျောက်ကပ်စတဲ့အစိပ်အပိုင်းတွေမှာ ကျောက်တည်တာဟာ ဆီးစွန့်ထုတ်မှုမူမမှန်တာကစတာပါ၊ စားတဲ့အစားအစာမှတစ်ဆင့် ဆီး
အနယ်ထိုင်ပြီး ဆီးထဲကအနယ်အမှုန်တွေစုဝေးပါများရာက ကျောက်ပုံဆောင်ခဲတွေဖြစ်လာတာပါ၊ ဖြစ်စေ
တဲ့အကြောင်းတွေ အများကြီးရှိပေမယ့် ပုံမှန်ဆီးမစွန့်ထုတ်နိုင်ခြင်း၊ ဆီးကျန်ခြင်း၊ ဆီးအနယ်ထိုင်ခြင်း၊ ကျောက်ကပ်အားနည်းခြင်းစတဲ့အကြောင်းတွေကြောင့် ဆီးလမ်းကြောင်း၊ ဆီးအိမ်၊ ကျောက်ကပ်စတဲ့နေရာ
တွေမှာ ကျောက်တည်တတ်ပါတယ်၊ ဆီးကျောက်​ကြေဆေးဟာလည်း ဆီးအတွက်အထောက်အကူဖြစ်စေသလို ဆီးဆေးဟာကျောက်အတွက် ကာကွယ်ပေးနိုင်ပါတယ်၊ ဆရာ့ရဲ့ စကြာမင်း ဆီးကျောက်ကြေဆေး
ဟာဆိုရင် ….

✅ ဆီးကျင်၊ ဆီးအောင့်၊ ဆီးနီး၊
ဆီးပူ၊ ဆီးနည်းခြင်းနဲ့ သွားရခက်ခြင်း၊
✅ ဆီးလမ်းကြောင်းနဲ့ ကျောက်ကပ်မှာကျောက်တည်ခြင်း၊
✅ ဆီးကျိတ်ရောင်ခြင်း၊
✅ ဆီးသွားရ အားမရခြင်း၊
✅ ဆီးပိုးဝင်ခြင်း စတဲ့ ဆီးရောဂါတွေအပြင် ကျောက်ကပ်အားနည်းတဲ့ရောဂါတွေလည်း သက်သာပျောက်ကင်းစေပါတယ်…”

“…ဟုတ်ကဲ့ပါဆရာ…အခုက သမီးကိုယ်တွေ့မို့ ဆရာ့ကို ကျေးဇူးတင်ပါတယ်…”

16/01/2025
❤ အနန္တဂိုဏ်းဝင်ကျေးဇူးရှင်မေမေမေမေရဲ့ကျေးဇူးတွေကြောင့်သားသမီးတွေမှာကျန်းမာလှပခွန်အားတွေအပြည့်နဲ့ တက်ကြွပျော်ရွင်လျက်ပါမ...
13/01/2025

❤ အနန္တဂိုဏ်းဝင်ကျေးဇူးရှင်မေမေ
မေမေရဲ့ကျေးဇူးတွေကြောင့်သားသမီးတွေမှာ
ကျန်းမာလှပခွန်အားတွေအပြည့်နဲ့ တက်ကြွပျော်ရွင်လျက်ပါမေမေ...

🌞 သားသမီးတွေအတွက် ကုန်ခမ်းခဲ့တဲ့ မေမေ့ရဲ့နုပျိုမှုနဲ့ခွန်အားတွေကို ပြန်လည်ဖြည့်တင်းဖို့

စကြာမင်း Biophyll နဲ့ ကျေးဇူးဆပ်ပါရစေ...

မျက်နှာပြင်မှ အရေးအကြောင်းများ ဖယ်ရှား၍အသားအရေ စိုပြေဝင်းပ တင်းရင်းလှပပြီး အရွယ်တင်နုပျိုစေဖို့…
11/01/2025

မျက်နှာပြင်မှ အရေးအကြောင်းများ ဖယ်ရှား၍အသားအရေ စိုပြေဝင်းပ တင်းရင်းလှပပြီး အရွယ်တင်နုပျိုစေဖို့…

သွေးပျစ်ခြင်းအတွက်ဆေးတစ်ခွက်*********************************ဒီလို အေးချမ်းတဲ့ ဆောင်းရာသီကို လူတော်တော်များများက နှစ်သက်...
10/01/2025

သွေးပျစ်ခြင်းအတွက်ဆေးတစ်ခွက်
*********************************
ဒီလို အေးချမ်းတဲ့ ဆောင်းရာသီကို လူတော်တော်များများက နှစ်သက်ကြတယ်။ နှင်းမှုန်လေးတွေ ရွာသွင်းနေတာကို ကြည့်ပြီး စိတ်ကိုကြည်နူးပျော်ရွှင်စေတယ်။ ငွေနှင်းမှုန်ကြား ပြေးလွှားဆော့ကစားချင်စိတ်တွေ ထိန်းမရတဲ့အထိ ဆောင်းရဲ့ ဆွဲဆောင်မှုက အားကြီးစေတယ်။ အေးချမ်းတဲ့ သဘာဝကို အမြဲတောင်းတတဲ့ လူသားတွေရဲ့ စိတ်ခံစားချက်ပဲဖြစ်ပါတယ်။

ဘယ်အရာမဆို “တန်ဆေး လွန်ဘေး” တဲ့ အရာရာဟာ အကောင်း အဆိုးနှစ်တန်ဟာ အမြဲဒွန်တွဲနေတဲ့သဘောရှိတော့ ဆောင်းရာသီမှာ နေမင်းဟာ ဒက္ခိဏလမ်းကြောင်းကနေပြီး ကမ္ဘာကြီးကို ဖြတ်သွားတဲ့အတွက် ဥတ္တရနယ်မြေ မြောက်ဝန်ရိုးစွန်းဘက်မှာ အအေးပိုစေတယ်။ ထိုမြောက်
အရပ်က တိုက်ခတ်လာတဲ့ လေထုထဲမှာ အအေးဓာတ်နဲ့ ထိုအအေးတေဇောနဲ့အတူ အာပေါအာဗန္ဓနဓာတ်တွေကလည်း ကပ်ပါလာလေတယ်။ ဒီတော့ သွေးနွေးသတ္တဝါဖြစ်တဲ့
လူသားတွေရဲ့ ခန္ဓာကိုယ်ကို ထိုသီတတေဇော+ အာပေါ
+ထောက်ကန်ဝါယော အပိုင်းအခြားအာကာသဓာတ်တွေနဲ့ထိတွေ့ဝင်ရောက် ထိန်းချုပ်ခြင်းကိုဖြစ်စေပါတယ်။

ဒီလိုအေးချမ်းတဲ့ဆောင်းရာသီမှာ နှာစေး၊ ချောင်းဆိုး၊ဖျားနာခြင်းများအပြင် ခန္ဓာကိုယ်ထဲမှာ စီးဆင်းနေတဲ့
သွေးဟာလည်း ပျစ်လာစေတယ်၊ နဂိုမူလထဲက သွေးပျစ်
ရောဂါရှိနေသူတွေဆိုရင် သွေးခဲစေတဲ့ အခြေအနေပိုများ
စေတယ်။ လူတွေဟာ ဆောင်းရာသီအအေးဓာတ်ပိုလာရင်
ပိုလာသလောက် သွေးဟာလည်းစီးဆင်းမှု နှေးကွေးသွား
စေတဲ့အတွက် လူတွေကို လေးလံထိုင်းမှိုင်းစေတဲ့ ရာသီလို့ ဆိုရမှာဖြစ်ပါတယ်။

သွေးပျစ်ရင် သွေးကြောပိတ်တဲ့ရောဂါတွေဖြစ်လာတတ်သလို သွေးခဲအပိုင်းအစတွေက နှလုံးသွေးကြောတွေကိုလည်း ပိတ်ဆို့စေပါတယ်။ ထို့အတူ ဦးနှောက်သွေးကြောတွေပိတ်ပြီး လေငန်း၊ သွက်ချာပါဒရောဂါတွေဖြစ်စေနိုင်
ပါတယ်။ ဒါကြောင့် ဆောင်းရဲ့ အေးချမ်းမှုဟာ လူသားတွေကို စိတ်အေးချမ်းမှုပေးစွမ်းနိုင်သလို အအေးပတ်ဖွဲ့ရာကတစ်ဆင့် ဖြစ်ပေါ်လာစေတဲ့ အနာရောဂါတွေကိုလည်း ခံစားဖြစ်ပေါ်လာစေပါတယ်။

ဒီနေ့တော့ သွေးပျစ်တဲ့ ရောဂါအတွက် ဆေးတစ်ခွက် ပြောပြချင်ပါတယ်။ အဲဒါကတော့ ရေနွေးဖြူ ကော်ဖီခွက် တစ်
ခွက်စာထဲကို ချင်းလက်တစ်ဆစ်လောက်ပါးပါးလှီးထည့်ပါ၊ ပြီးရင် ပင်စိမ်းရွက် အနည်းငယ်ထည့်ပြီးအဖုံး ဖုံးထားပါ။ ၁၅ မိနစ်ခန့်ကြာရင် မွှေလှုပ်ပြီး သောက်လို့ရပါပြီ။ ဒီဆေးစိမ်ရည်၊ ပြုတ်ရည်ကို တစ်နေ့တစ်ကြိမ် နှစ်ကြိမ်သောက်သုံးပေးခြင်းဖြင့် နှာစေး၊ ချောင်းဆိုး၊ ရင်ကြပ်၊ ဖျားနာ၊ ကိုယ်လက်လေးလံကိုက်ခဲ၊ သွေးပျစ်ခြင်းကို သက်သာပျောက်ကင်းစေပါတယ်။

ဆေးကိုအလွယ်တကူဆောင်ထားချင်ရင်တော့..
စကြာမင်း အဖျားပျောက်ဆေး၊
စကြာမင်းအမူးပြေရှူဆေး၊
သက်စောင့်သမားတော် ချောင်းဆိုးပျောက်ဆေး
များကို ဆောင်ထားပြီးလည်း မဖြစ်ခင်က ကာကွယ်၊
ဖြစ်ရင်ပျောက်ကင်းစေတဲ့ဆေးတွေပါ…။

ဆရာမြင့်(skm)

ဟေးးးး ချောင်းဆိုးနေသလား…သက်စောင့်သမားတော် ပင့်လိုက်နော်…
10/01/2025

ဟေးးးး ချောင်းဆိုးနေသလား…
သက်စောင့်သမားတော် ပင့်လိုက်နော်…

မအိုဆေး**************မြန်မာမှုနယ်ပါယ်မှာ ပြောစကားတစ်ခုရှိတယ်။“မသေဆေးပင်” တဲ့ အဲဒီမသေဆေးပင်ဆိုတာတွေဟာဥနှဲပင်၊ ဆင်တုံးမနွယ...
09/01/2025

မအိုဆေး
**************
မြန်မာမှုနယ်ပါယ်မှာ ပြောစကားတစ်ခုရှိတယ်။
“မသေဆေးပင်” တဲ့ အဲဒီမသေဆေးပင်ဆိုတာတွေဟာ
ဥနှဲပင်၊ ဆင်တုံးမနွယ်ပင်၊ နဂါးစက်၊ မီမလောင်ပန်း၊
ရှားစောင်းလက်ပပ်၊ (အချို့ကငုသီး၊ ပျားရည်)ပါထည့်ပြီး မသေဆေးပင်လို့ပြောကြတယ်။ မသေဆေးဆိုတာ
သုံးစွဲသူတွေ မသေးစေတဲ့ဆေးလို့ ပြောဆိုတာမဟုတ်ပါ။ ဥပမာ- ဆင်တုံးမနွယ်ဆိုရင် သူ့ကိုခုတ်ဖြတ်လိုက်ပေမယ့် အပင်ပေါ်မှာနွယ်တက်နေတဲ့ အပိုင်းအစကဆက်လက်ရှင်သန် ပွါးများနေတယ်။
သေမသွား၊ ပြီးတော့ သူ့ရဲ့အပိုင်အစလေးကို ဒီအတိုင်းပစ်ချထားရင်ပဲ အတက်အမြစ်ထွက်လာပြီး
ရှင်သန်စေတယ်စတဲ့ ထိုအပင်တွေရဲ့ သဘာဝစရိုက်လက္ခဏာ ဖွဲ့စည်းပုံတွေကြောင့် သူတို့ကိုမသေဆေးပင်လို့ ခေါ်ကြတာဖြစ်တယ်။

နနွင်းဆိုရင်လည်း ကျန်းမာပြီး အသက်ရှည်ဆေးတွေ၊ နုပျို၍ ဇရာကို အံတုတဲ့ဆေးတွေ၊ နာတာရှည်ရောဂါကြီးတွေကို တားဆည်းနိုင်တဲ့ ကာကွယ်ဆေးတွေ၊ နနွင်းဆေးကိုသုံးစွဲပါက နနွင်းမှာပါဝင်တဲ့ Anti Oxidant က ကိုယ်ခံအားကိုမြှင့်တင်ပေး နိုင်ခြင်းကြောင့် ခန္ဓာကိုယ်ရှိဓာတ်ပစ္စည်းများ မှန်ကန်တည့်မတ်အောင် ထောက်ကူပံ့ပိုးပေးနိုင်လို့
ဆဲလ်အသစ်တွေအလျှင်အမြန်ဖြစ်ထွန်းစေပြီး ရှိရင်းစွဲဆဲလ်တွေကလည်း ရင့်အိုမှု၊ ဟောင်းနွမ်းမှု၊ သေကြေပျက်စီးမှု နှေးကွေးသွားစေတဲ့အတွက် အရွယ်တင်
နုပျိုစေတယ်၊ ကျန်းမာပြီး စိုပြေစေတယ်၊ အသားအရေတင်းရင်းကျစ်လှစ်စေတယ်၊ အိုမင်းရင့်ရော်မှုကို ဟန့်တားစေတယ်။

နနွင်းဟာ အစာအိမ်ရောဂါ၊ သွေးမသန့်တဲ့ရောဂါ၊
သွေးအတွင်းအပူငုပ်တဲ့ရောဂါ၊ သားအိမ်မှာ ရေအိတ်
တည်တဲ့ရောဂါ၊ သားအိမ်ထဲ မူမမှန်သွေးလုံးတည်
ခြင်း၊ မီးယပ်ဖြူဆင်းခြင်း၊ မီးယပ်နဲ့ပတ်သက်တဲ့ရောဂါ၊ အစာအိမ်အူလမ်းကြောင်းဆိုင်ရာရောဂါ၊
ချမ်းလိုက်၊ ပူလိုက်ရောဂါ၊ အပူအအေးကို မခံနိုင်တဲ့ရောဂါ၊ ကိုယ်တွင်းမီာဖြစ်တတ်တဲ့ အနာရောဂါတွေကို
ထိရောက်စေတဲ့ အစွမ်းအာနိသင်ရှိပါတယ်။

ဒါကြောင့် “မအိုဆေး” ဖက်တွေထဲမှာ နနွင်းဟာလည်းပါဝင်နေပါတယ်။ သို့သော် ဆေးဖက်ဝင်အပင်တွေရဲ့ အာနိသင်တွေဟာ ထက်မြက်ကြပေမယ့် စနစ်တကျနဲ့ စီမံဖေါ်စပ် အသုံးပြုနိုင်ဖို့လိုသလို စနစ်တကျစီမံထားတဲ့ ဆေးတွေနဲ့ ဆေးဖက်တွေကိုသုံးစွဲကြဖို့လည်းလိုပါတယ်။

ဆောင်းရာသီဥတုက အေးတာမို့ အအေးပတ်ဖွဲ့ခံရပြီးဖျားတတ်ပါတယ်။  ကိုယ်ခံအားနည်းတဲ့ သူတွေ၊ ကလေးသူငယ်တွေနဲ့ သက်ကြီးရွယ်ကြီးတွေ နွ...
09/01/2025

ဆောင်းရာသီဥတုက အေးတာမို့ အအေးပတ်ဖွဲ့ခံရပြီး
ဖျားတတ်ပါတယ်။ ကိုယ်ခံအားနည်းတဲ့ သူတွေ၊ ကလေးသူငယ်တွေနဲ့ သက်ကြီးရွယ်ကြီးတွေ နွေးနွေး
ထွေးထွေးနေရမယ့် ရာသီဖြစ်ပါတယ်…

ရာသီဥတုတွေက ဖေါက်ပြန်တတ်တယ်၊ကျန်းမာရေးကို ဂရုစိုက်ကြပါ၊ ကျန်းမာမှသာပညာရေး၊ စီးပွါးရေး၊ မိသားစုအရေးတွေကို ကိုယ့်စိတ်တိုင်...
08/01/2025

ရာသီဥတုတွေက ဖေါက်ပြန်တတ်တယ်၊
ကျန်းမာရေးကို ဂရုစိုက်ကြပါ၊ ကျန်းမာမှသာ
ပညာရေး၊ စီးပွါးရေး၊ မိသားစုအရေးတွေကို ကိုယ့်စိတ်
တိုင်းကျပုံဖေါ်နိုင်ကြမှာဖြစ်ပါတယ်….

အေးတဲ့ခုလို ဆောင်းရာသီမှာ နံနက်စောစောနဲ့ ညပိုင်းအချိန်တွေမှာ ခေါင်းလျှော်တာ၊ ရေချိုးတာတွေမလုပ်မိပါစေနဲ့နော်…
08/01/2025

အေးတဲ့ခုလို ဆောင်းရာသီမှာ နံနက်စောစောနဲ့ ညပိုင်းအချိန်တွေမှာ ခေါင်းလျှော်တာ၊ ရေချိုးတာတွေမလုပ်မိပါစေနဲ့နော်…

အပူချောင်း၊ အပုပ်ချောင်း၊ အငုပ်ချောင်း၊ အအေးချောင်း၊ဘာချောင်းပဲဖြစ်ဖြစ်…
07/01/2025

အပူချောင်း၊ အပုပ်ချောင်း၊ အငုပ်ချောင်း၊ အအေးချောင်း၊
ဘာချောင်းပဲဖြစ်ဖြစ်…

ဆောင်းရာသီနှင့်ကျန်းမာရေး**************************ဆောင်းလေရဲ့အအေးဓာတ်သည် လူသားတွေရဲ့ အရေပြား(Skin) နဲ့ ကြွက်သား( Muscle...
04/01/2025

ဆောင်းရာသီနှင့်ကျန်းမာရေး
**************************
ဆောင်းလေရဲ့အအေးဓာတ်သည် လူသားတွေရဲ့ အရေပြား(Skin) နဲ့ ကြွက်သား( Muscles) များရဲ့ ကလာပ်စည်း(Cell) တွေဟာ တင်းတောင့်မာကြမ်းလာစေပါတယ်။ ထို့ကြောင့် ဆောင်းတွင်း
ကာလမှာ လူသားတွေရဲ့ အသားအရေတွေဟာ မာကြမ်းနေတယ်လို့ တိုင်းရင်းဆေးပညာရှင်တွေက ဆိုကြပါတယ်။

ဒီလိုဆောင်းလေအေးရဲ့ အအေးငွေ့တွေဟာ အာပေါဓာတ်နဲ့ပထဝီဓာတ်ကို တောင့်တင်ခိုင်မာလာစေတဲ့အတွက် မွှေးညှင်းပေါက်ခေါ် ကလာပ်စည်းဆဲလ်လေးတွေ တစ်ခုနဲ့တစ်ခုကြား
ဟာ ကျဉ်းမြောင်းပိတ်ဆို့သွားစေပါတယ်။ ဒါကို တိုင်းရင်းဆေးပညာအလိုရ အာကာသဓာတ်ပိတ်တယ်၊ အာကာသမရဘူး၊ အခိုးပိတ်တယ်၊ အခိုးငုပ်တယ်လို့သတ်မှတ်ပါတယ်။

အာကာသမရရင် တနည်းကလာပ်စည်းဆဲလ်တွေပွမာကြီးထွားလာရင် ကြွက်သားအရေပြားတွေမှာ အခိုးအငွေ့ထွက်စရာ အပေါက်ကလေးတွေမရှိတော့၍ ကိုယ်တွင်းအပူရှိန် (Heat) တွေဟာ
ခန္ဓာကိုယ်တွင်းမှာ စုပြုံလာတတ်ပါတယ်။ ဒါကြောင့်
ဒီလိုဆောင်းတွင်းကာလမှာ လူသားတွေရဲ့ ကိုယ်သားကိုယ်ရေဟာ နွေးနေတတ်ပါတယ်။ အေးတဲ့ဆောင်းမှာ ကိုယ်သား ကိုယ်ရေဟာ နွေးမနေပဲ အေးနေရင်တော့ ဥတုနဲ့ဆန့်ကျင်နေခြင်းကြောင့် ထိုသူဟာ ကျန်းမာရေးနဲ့ပတ်သက်တဲ့ ရောဂါတစ်ခုခု ခံစားဖြစ်ပေါ်ပြီလို့
မှတ်ယူရပါမယ်။

ကိုယ်တွင်းက အပူခိုး အပုပ်ခိုး၊ အဆိပ်ခိုးတွေဟာ ဒွါရ ၉ ပေါက်နဲ့ အရေပြားမွှေးညှင်းပေါက်လေးတွေက ပြင်ပသို့ ထုတ်ဆောင် ရပါတယ်။ အခုလိုဆောင်းရာသီရဲ့ ဓာတ်သဘာဝကြောင့် ကလာပ်စည်းဆဲလ်တွေဟာပွကြီးမာကြမ်းလာတော့ ကြွက်သားနဲ့အရေပြားတွေက တစ်ဆင့် အဆိပ်ခိုး၊ အပူခိုး၊ အပုပ်ခိုးတွေဟာ
မွှေညှင်းပေါက်လေးတွေက ထွက်ခွင့်မရကြတော့တဲ့အခါ ပင်မ ခေါင်းတိုင်လိုဖြစ်နေတဲ့ လည်ချောင်းအာစောက်မှတစ်ဆင့် ပါးစပ်ကနေအပြင်သို့ထွက်ရန် ပါးစပ်ရှိရာ ခန္ဓာကိုယ်အပေါ်ပိုင်းသို့ တက်ရောက်လာပါတယ်။ ထိုအခါမှာ လုံလောက်စွာပါးစပ်ကနေ အပြင်သို့မထွက်ရတဲ့အခါ လည်ချောင်းထဲအာစောက်မှာ အပူခိုး၊ အပုပ်ခိုး၊ အဆိပ်ခိုးတွေဟာ ခိုအောင်းငုပ်လျှိုးနေကြတဲ့အတွက် အာခေါင်းခြောက်ခြင်း၊ လည်ချောင်းနာခြင်း၊ လျှာကွဲခြင်း၊ လျှာမှာ အပူနာဖြစ်ခြင်း၊ နှုတ်ခမ်းကွဲခြင်း၊ နှာစေးခြင်း၊ နှာပိတ်ခြင်း၊ ချောင်းဆိုးခြင်း၊ ဦးခေါင်းပိုင်းလေးလံထိုင်မှိုင်း ကိုက်ခဲအုံနေခြင်း၊ အိပ်ချင်နေတတ်ခြင်း၊ အအိပ်များခြင်းများဖြစ်တတ်ပါတယ်။

ပြီးတော့လည်း ပြင်ပလေအေးဓာတ်တွေကို ရှူသွင်းရာမှ အဆုတ်အတွင်းသို့ အအေးဓာတ်တွေ ရောက်သွားစေပါတယ်။ ဒီလိုဖြစ်လာတဲ့အတွက် အခိုးအငွေ့တွေဟာ အဆုတ်မှာငုပ်ဝင်ရာက အဆုတ်ကိုပတ်ဖွဲ့မှုဖြစ်စေပါတယ်။ ပြင်ပအအေးဓာတ်ရှိနေစဉ် အအေးခံများခြင်း၊ အေးတဲ့နေရာမှာ ကြာကြာနေခြင်း၊ ခေါင်းလျှော် ရေချိုးတာတွေကို အေးတဲ့အချိန်အခါတွေဖြစ်တဲ့ မနက်စောစောနဲ့ ညနေ၊ ညပိုင်းတွေမှာချိုးခြင်းတွေကြောင့် အဆုတ်ကိုအာကာသပိတ်စေတဲ့အတွက် အဆုတ်ပွခြင်း၊ ချွဲထခြင်း၊ ချွဲကြပ်ခြင်း၊ ရင်ကြပ်ခြင်း၊ ချောင်းဆိုခြင်းစတဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာနဲ့ အဆုတ်နဲ့ပတ်သက်တဲ့ရောဂါတွေ ဖြစ်ပေါ်စေပါတယ်။

ဆောင်းရဲ့သဘာဝအရက တိုက်လာတဲ့လေထဲမှာ အအေးပတ်ဖွဲ့စေတဲ့ ဓာတ်တွေပါလာတော့ အအေးပတ်ပြီး အပူငုပ်ကာ ဖျားတတ်ပါတယ်။ ဒီလိုရာသီက ခန္ဓာကိုယ်ရဲ့ လည်ပါတ်မှုကို အဟန့်အတားဖြစ်စေပြီး ကိုယ်ခံအားကျစေတဲ့အချိန်အခါမျိုးမှာ
လူသားတွေကိုနှိပ်စက်မယ့် ဗိုင်းရပ်စ်(Virus)၊ ဘက်တီးရီယား(Bacteria) တွေကလည်းအခွင့်အရေး
စောင့်နေကြတာ အခွင့်အရေးရတာနဲ့ ခန္ဓာကိုယ်ထဲပြေးဝင်တော့တာပဲ…

ဒီတော့ ဆောင်းလေအေးအေးမို့ နေလို့ကောင်းလိုက်တာဆိုပြီး မပေါ့ဆကြပါနဲ့ ကျန်းမာရေးကိုဂရုစိုက်ကြပါ…။

ကျန်းမာခြင်းဆုလာဘ်နှင့်ပြည့်စုံကြပါစေ…

ဆရာမြင့်(skm)

ကလေး လူကြီး ဒီရာသီမှာ ချောင်းဆိုး၊ လည်ချောင်းနာ၊ နှာစေး၊ ရင်ကြပ်ဖြစ်တတ်တယ်နော်… မစိုးရိမ်ပါနဲ့…
03/01/2025

ကလေး လူကြီး ဒီရာသီမှာ ချောင်းဆိုး၊ လည်ချောင်းနာ၊
နှာစေး၊ ရင်ကြပ်ဖြစ်တတ်တယ်နော်… မစိုးရိမ်ပါနဲ့…

အရိုးကျီးပေါင်းနဲ့ ကြပ်ထုပ်*************************** အရိုးဓာတ်တွေ အရွတ်တွေ ခြင်ဆီဓာတ်တွေ ခြောက်ခမ်းအားနည်းစေတဲ့ အပူ၊အစ...
02/01/2025

အရိုးကျီးပေါင်းနဲ့ ကြပ်ထုပ်
***************************
အရိုးဓာတ်တွေ အရွတ်တွေ ခြင်ဆီဓာတ်တွေ ခြောက်ခမ်းအားနည်းစေတဲ့ အပူ၊အစပ်၊ အချဉ်၊ အငန် အရသာရှိတဲ့အစာတွေ အာနိသင်ပြင်းတဲ့ ဆေးဝါးတွေကို ကြိမ်ဖန်များစွာ စားသောက်ကြခြင်းကြောင့် အရိုးဓာတ်၊ ခြင်ဆီဓာတ်နဲ့တကွ အရွတ်တွေ၊ အရိုးအကျိရည်တွေ အားနည်းခမ်းခြောက်ပျက်စီးရာမှ ဖြစ်ပေါ်လာတဲ့ အပူအရိုးကျီးပေါင်းရောဂါ၊ ထို့အတူ အရိုးဓာတ်၊ ခြင်ဆီဓာတ်နဲ့ အရွတ်တွေ ပွားများပိုလျှံလာစေတဲ့ အဆီ၊ အဆိမ့်တွေ အချိုစတဲ့ ပထဝီ၊ အာပေါဓာတ်တွေ တိုးပွားစေတဲ့ အစားအစာတွေကို လွန်လွန်ကဲကဲ စားကြသောက်ကြခြင်းကြောင့် အရိုးဓာတ်ပွားရာမှ ဖြစ်လာစေတဲ့ အရိုးအတက်တို့၊ ကျီးပေါင်းတို့ဟာ အအေးကျီးပေါင်းလို့ ဆိုရမှာဖြစ်ပါတယ်။

'အနေအထိုင်ကြောင့်ကတော့ ပက်လက်ကုလားထိုင်ပေါ်မှာ အချိန်ကြာကြာထိုင်ခြင်း၊ ခေါင်းအုံးမြင့်မြင့်အုံးခြင်း၊ အထိုင်များခြင်း၊ အရပ်များခြင်း၊ ဇိမ်ခံများခြင်း၊ အလေးအပင်တွေ မ ရ၊ ရွက်ရ၊ ထမ်းရခြင်း၊ သွားလာလှုပ်ရှားမှုများခြင်း၊ မူမှန်စွာ လှုပ်ရှားသွားလာမှု မပြုလုပ်ခြင်း၊ အရိုးအဆစ်တွေကို အသုံးပြုမှုများခြင်း စတဲ့ အကြောင်းတွေကြောင့် အရိုးအဆစ်တွေ အထိုင်ပျက်ခြင်း၊ အရွတ်တွေ ပျက်စီးခြင်းဖြစ်ကာ ခါးရိုးဆစ်အပါအဝင် အရိုးကျီးပေါင်းရောဂါတွေ ဖြစ်ပေါ်စေပါတယ်'

'အချို့က အသက်ကြီးလို့ ဖြစ်တဲ့ရောဂါ ဆို'
'ဒါက ယေဘုယျကောက်ချက်ပါပဲ၊ တကယ်တော့ မူလအရိုးဓာတ်တွေ၊ အဆစ်ဓာတ်တွေရဲ့ ဖွဲ့စည်းပုံတွေ၊ အရွတ်တွေ ပျက်စီးအောင်နေထိုင်စားသောက်ကြမယ်ဆိုရင် ကြီးကြီးငယ်ငယ် အရိုးကျီးပေါင်းရောဂါဟာ ဖြစ်ပေါ်စေပါတယ်။ ကျွန်တော်ရဲ့ အတွေ့အကြုံအရ ပြောရရင် အသက် (၉)နှစ်သာ ရှိသေးတဲ့ ကလေးငယ်ရဲ့ ခါးဆစ်ရိုးကျီးပေါင်းရောဂါကို ကုသပေးခဲ့ဖူးပါတယ်'
'ဒါဆို ကျွန်တော်ရောဂါအတွက် လိုအပ်တဲ့ ကုသတွေပေးပါ ဆရာ'

'လိုအပ်တဲ့ကုသမှုတွေ ပေးရမယ်ဆိုရင်တော့ ခင်များကိုယ်တိုင်က စောစောက ကျွန်တော်ပြေသာခဲ့တဲ့ အရိုးကျီးပေါင်းရောဂါကို ဖြစ်စေတဲ့ အနေအထိုင်၊ အစားအသောက်တွေကို ရှောင်ကြဉ်ရမယ်'
'ဟုတ်ကဲ့ပါ ဆရာ၊ လိုအပ်တာပြောပါ၊ ကျွန်တော် လိုက်နာပါ့မယ်'
'ဒီတော့ ဦးနိုင်ထွန်း၊ ခါးဆစ်ရိုးကျီးပေါင်းရောဂါအတွက် ကျွန်တော်ရဲ့ ဆရာကိုင်ဆေးဖြစ်တဲ့ စကြာမင်း အရိုးကျီးပေါင်းရောဂါ သောက်ဆေး၊ လိမ်းဆေး၊ ဆေးကြပ်ထုပ်တွေအပြင် စကြာမင်း အကြောအား ဆေးပါ ပေးလိုက်မယ်။ အဲ့ဒါကို စနစ်တကျသောက်ပါ။ လိမ်းပါ၊ အဓိကဆေးချက် တစ်ချက်ကတော့- ကြပ်ထုပ်ဆေးချက်
ပါ။ ဒီဆေးချက်ဟာ အရံအကူဆေးချက်ဆိုပေမယ့် ကျီးပေါင်းရောဂါအတွက်တော့ အဓိကဆေးချက်ထဲပါပါတယ်။ စကြာမင်းရဲ့ ရွှေရိုးရာ ဆေးကြပ်ထုပ်ဆေးကို အလွယ်တကူ ဝယ်ယူအသုံးပြုချင်လည်းရသလို မိမိဘာသာအောက်ဖေါ်ပြပါဆေးဖက်တွေနဲ့ ဆေးကြပ်ထုပ်
ပြုလုပ်ပြီး အသုံးပြုချင်ရင်တော့…

၁။ သက်ရင်းကြီးရွက် - ၁၀ ကျပ်သား
၂။ ချင်း - ၃၀ ကျပ်သား
၃။ မိဿလင်ဥ - ၁၀ ကျပ်သား
၄။ ရှောက်ရွက် - ၁၀ ကျပ်သား
၅။ မှိုနတို ပဉ္စငါးပါး - ၁၀ ကျပ်သား
၆။ ဆား - ၂ ကျပ်သား
၇။ ပုစွန်စာပဥ္စ ၅ ပါး ၁၀ ကျပ်သား
စတဲ့ ဆေးပစ္စည်း (၇)မျိုးကို ပါးပါးလှီးဖြတ်ပြီး ရောစပ်ကာဆေးကြပ်ထုပ်ပြုလုပ်၍ ရေနွေးငွေ့ အပူပေးကာ ခါး၊ တင်ပါးခွက်၊ ပေါင်၊ ခြေသလုံး စတဲ့ ဝန်းကျင်နေရာတွေကို ကြပ်ထုပ်ဆေးငွေ့ ထိုးပေးပါ။ အဲဒီလို ဆေးလည်းသောက်၊ ဆေးလည်းလိမ်း၊ ဆေးကြပ်ထုပ်လည်းထိုးမယ်ဆိုရင် ခင်များရောဂါဟာ သက်သာပျောက်ကင်းပါလိမ့်မယ်'
'ဟုတ်ကဲ့၊ ကျေးဇူးအများကြီးတင်ပါတယ် ဆရာ'

ဆရာမြင့်(skm)

နှစ်ဟောင်းကုန်ပျောက် နှစ်သစ်ရောက်သောဤအခါသမယ၌ မြန်မာပြည်သူ၊ ပြည်သားများ၊ ကမ္ဘာသူ၊ ကမ္ဘာသားများအပေါင်းတို့သည် စီးပွါးဥစ္စာ...
01/01/2025

နှစ်ဟောင်းကုန်ပျောက် နှစ်သစ်ရောက်သောဤအခါသမယ၌
မြန်မာပြည်သူ၊ ပြည်သားများ၊ ကမ္ဘာသူ၊ ကမ္ဘာသားများအပေါင်းတို့သည် စီးပွါးဥစ္စာဒီရေအလား တိုးပွါးကြ၍ လိုရာဆန္ဒပြည့်ဝကြ
ပြီး..
ကျန်းမာချမ်းသာကြပါစေ…
ဘေးရန်ခတ်သိမ်း ငြိမ်းကြပါစေ…
သောကခတ်သိမ်း ငြိမ်းကြပါစေ…
ဆင်းရဲခတ်သိမ်း ငြိမ်းကြပါစေ…
ရောဂါခတ်သိမ်း ငြိမ်းကြပါစေ…
ဒေါသခတ်သိမ်း ငြိမ်းကြပါစေ…
စိုးရိမ်ခတ်သိမ်း ငြိမ်းကြပါစေ…
ဗျာပါဒခတ်သိမ်း ငြိမ်းကြပါစေ…
ကပ်ကြီး ၃ ပါးမှ ကင်းငြိမ်းပါစေ…
နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ…

31/12/2024

Happy New Year🎉🎉🎉

Address

No. 261, 6th Street, Yangon Industrial Zone
Mingalardon
11021

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00
Saturday 08:00 - 17:00

Telephone

+95943083477

Alerts

Be the first to know and let us send you an email when Set Kyar Minn Pharmaceuticals posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Set Kyar Minn Pharmaceuticals:

Share