Min Htet Thar pharmacy

Min Htet Thar pharmacy Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Min Htet Thar pharmacy, Pharmaceuticals, Minhla.

10/10/2023

ဒီရက်ပိုင်း ကူးစက်ပျံ့နှံ့‌နေတဲ့ မျက်စိနာရောဂါက Adenovial Conjunctivitis ပါ။ အသက်အရွယ်မရွေး ဖြစ်နိုင်ပါတယ်။ အလွန်ကူးစက်မြန်ပါတယ်။

🔺ဘာတွေ ခံစားရမလဲ

မျက်စိတစ်ဖက်က ရုတ်တရက် နီလာမယ်၊ မျက်ခွံဖောင်းလာမယ်၊ မျက်ရည်ကျမယ်၊ မျက်ချေးတွေ ထွက်မယ်၊ အထူးသဖြင့် မနက်အိပ်ရာနိုးချိန် မျက်ချေးတွေနဲ့ ပိတ်နေမယ်။ အမှိုက်ဝင်သလို ခံစားရမယ်။ အလင်းရောင် မကြည့်နိုင်ဘူး။ နောက်တစ်ရက် နှစ်ရက်ဆိုရင် တခြားမျက်စိတစ်ဖက်ကို ကူးစက်သွားပြီဆိုရင် Adenovial Conjunctivitis သေချာဖို့က အများဆုံးပါ။

တချို့က ‌မျက်မြှေးပါးက သွေးကြောလေးတွေ ပေါက်ပြီး ‌အနီရောင်အကွက်ပုံစံ ဖြစ်နေတတ်ပါတယ်။ တချို့က နောက်ဆက်တွဲ ဘက်တီးရီးယားပိုး ဝင်တတ်ပါတယ်။..

🔺ဘယ်လို ကုသရမလဲ

ဆောင်ရန် ရှောင်ရန် ၂ ခု ရှိပါတယ်။

ဆောင်ရွက်ရန် ✔️

၁။ ရေအေးဝတ် အုပ်ရပါမယ်။ တစ်ခါအုပ်ရင် ၁၀ - ၁၅ မိနစ်၊ လိုအပ်သလို ၂ နာရီခြား အုပ်သင့်ပါတယ်။

ရေခဲသေတ္တာရှိရင် ...
- အဝတ်စတစ်ခုကို ရေဆေးပါ။
- လေးထောင့် ခေါက်ပါ။
- ပလတ်စတစ်အိပ်ထဲထည့်ပြီး ရေခဲသေတ္တာထဲမှာ ၁၅ မိနစ်ထားပါ။
- ပလတ်စတစ်အိပ်ထဲက ထုတ်ပါ။
- မျက်စိကို အုပ်နိုင်ပါပြီ။

ရေခဲရှိရင် ...
- ရေခဲတွေကို ပလပ်စတစ်အိပ်ထဲမှာ ထည့်ပါ။
- ရေခဲအသေးလေးတွေဖြစ်အောင် လုပ်ပါ။
- ရေခဲအိပ်ကို သန့်စင်တဲ့အဝတ်စနဲ့ ပတ်ပါ။
- မျက်စိကို အုပ်နိုင်ပါပြီ။

ဘာမှမရှိရင် ...
- ရေစိမ်ထားတဲ့ အဝတ်နဲ့ အုပ်ပါ။

၂။ မျက်ရည်တုမျက်စဉ်း ၂-၃ နာရီခြား တစ်စက် ခတ်ပါ။ example. Cool Eyes, Protear, Neotear, Tears Naturale, Hameron, Systane

၃။ မျက်ချေးမျက်ဝတ်တွေကို သန့်ရှင်းရေးလုပ်ပါ။ မျက်ချေး အဝါရောင်၊ အစိမ်းရောင်တွေ ထွက်နေရင်တော့ ဘက်တီးရီးယားပိုးသတ်တဲ့ မျက်စဉ်းခတ်ဖို့ လိုပါတယ်။ Chloramphenicol Eye drop တစ်ခါခတ် တစ်စက် တစ်နေ့ ၄ ကြိမ် တစ်ပတ်ပြည့်အောင် ခတ်ဖို့ လိုအပ်ပါတယ်။..

ရှောင်ရန် ❌

မျက်စိနာရောဂါကူးစက်မှုရဲ့ အဓိကလမ်းကြောင်းက လက်ပါ။ လူအချင်းချင်းကြည့်လို့ မကူးစက်ပါဘူး။ မျက်မှန်တပ်ပြီး ကာကွယ်လို့ မရပါဘူး။ နေကာမျက်မှန်တပ်ရင် အလင်းရောင်မခံနိုင်တာကိုပဲဲ သက်သာစေပါတယ်။

• မျက်စိကို မကြာခဏ မကိုင်ပါနဲ့။
• မျက်စိကို မကိုင်ခင်နဲ့ ကိုင်ပြီးတိုင်း လက်ဆေးပါ။
• မျက်နှာသုတ်ပုဝါ သီးသန့်ခွဲသုံးပါ။
• လက်ဆွဲနှုတ်ဆက်တာတွေ မလုပ်ပါနဲ့။
• တခြားသူတွေကို မကူးစက်ရန် လူစုလူဝေးနေရာတွေကို မသွားပါနဲ့။

မျက်စိနာကူးစက်မှုက လက်ကနေတစ်ဆင့် ကူးစက်ပါတယ်။ မျက်စိနာရောဂါ မကူးစက်ဖို့ ကာကွယ်နိုင်ကြပါစေ.....။

Pageလေးမှာ မတင်ဖြစ်တာကြာနေလို့🤩🤩ဆိုင်လေးပြုပြင်ပြင်ဆင်နေပါတယ်နောက်ထပ် ပထမခြေလှမ်းလေးဖြစ်တဲ့ ဆေးခန်းလေးပါတွဲဖွင့်ထားပါတယ်...
08/10/2023

Pageလေးမှာ မတင်ဖြစ်တာကြာနေလို့🤩🤩
ဆိုင်လေးပြုပြင်ပြင်ဆင်နေပါတယ်
နောက်ထပ် ပထမခြေလှမ်းလေးဖြစ်တဲ့ ဆေးခန်းလေးပါတွဲဖွင့်ထားပါတယ်နော် အထွေထွေအထူးကုဆရာဝန်ကြီးကိုယ်တိုင်ထိုင်မှာဖြစ်ပါတယ်ရှင့်........😉😉😊
နောက်ရက်တွေမှာလည်း pageကိုပြန်ပြီးအသုံးပြုတော့မှာဖြစ်ပါတော့မယ်ရှင်.......

25/07/2023

Hello 👋
အားလုံးက မင်္ဂလာပါရှင်
Pageမှာ ဘာမှမတင်ဖြစ်တာကြာပြီဆိုတော့ ဘာအကြောင်းအရာလေးတွေ ပြောပြပေးရမလဲရှင့်....

🫗ဓာတ်ဆားဆိုတာ နေမကောင်းဖြစ်တဲ့သူတွေအတွက်လားဓာတ်ဆားကို အန်တဲ့သူ၊ ဝမ်းလျှောတဲ့သူ၊ ဖျားနာနေရှိနေရင်တဲ့သူတွေ သောက်ရတယ်ဆိုပေမ...
13/03/2023

🫗ဓာတ်ဆားဆိုတာ နေမကောင်းဖြစ်တဲ့သူတွေအတွက်လား
ဓာတ်ဆားကို အန်တဲ့သူ၊ ဝမ်းလျှောတဲ့သူ၊ ဖျားနာနေရှိနေရင်တဲ့သူတွေ သောက်ရတယ်ဆိုပေမယ့် နေမကောင်းဖြစ်မှ သောက်ရတဲ့ ဓာတ်စာမဟုတ်ပါဘူး။
ရေနဲ့ ဓာတ်ဆားဆုံးရှုံးတဲ့ အခြေအနေ၊ ကိုယ်ထဲမှာ ဓာတ်ဆားလျော့နည်းနေတဲ့ ဘယ်အခြေအနေမှာမဆို သောက်လို့ရပါတယ်။ နေကောင်းနေပေမယ့် မိမိမှာ ရေနဲ့ ဓာတ်ဆားဆုံးရှုံးနိုင်တဲ့ ပြဿနာရှိနေရင်၊ ဓာတ်ဆားလျော့နည်းနေတဲ့ လက္ခဏာတွေ ဓာတ်ဆားသောက်ပြီး ပြန်ဖြည့်တင်းပေးဖို့ လိုပါတယ်။ရေဓာတ်ဆုံးရှုံးခြင်းကြောင့်ဖြစ်ပေါ်လာသော ပင်ပန်းနွမ်းနယ်နေမှုများကို အမြန်ဆုံးပြန်လည်လန်းဆန်းစေသော"လတ်ဆက်လန်းဆန်း အစွမ်း"

ပင်ပန်နွမ်းနယ်ပြီးရေဓာတ် ဆုံးရှုံးနေရင် အမြန်ဆုံး

ရေဓာတ်အားဖြည့် ဓာတ်ဆားထုပ်လေးကို သောက်သုံးပေးဖို့ မမေ့ကြနဲ့နော်

_______________________

#ဓာတ်ဆားအချိုရည်

မင်္ဂလာပါရှင့် ... လူကြီးမင်းတို့သိလိုသောကျန်းမာရေးအကြောင်းများ ဆေးဝါးများအကြောင်းကို ဆွေးနွေးလို့ရပါတယ်ရှင့်...မိမိတို့...
03/03/2023

မင်္ဂလာပါရှင့် ... လူကြီးမင်းတို့သိလိုသောကျန်းမာရေးအကြောင်းများ ဆေးဝါးများအကြောင်းကို ဆွေးနွေးလို့ရပါတယ်ရှင့်...
မိမိတို့သိလိုသည်များကို pharmacist(ဆေးဝါးပညာရှင်)
လေးက ပြန်လည်ဆွေးနွေးဖြေကြားပေးသွားပါ့မယ်ရှင့်
မကြာမီအချိန်တွင်းမှာလည်း အစီအစဥ်အသစ်လေးတစ်ခု လာပါမယ်ရှင့် ...😍

လိုအပ်သောဆေးနှင့်ဆေးပစ္စည်းများကို မှာယူနိုင်ပါပြီစျေးနှုန်းချိုသာစွာနဲ့ ရောင်းချပေးနေပါပြီ......
09/01/2023

လိုအပ်သောဆေးနှင့်ဆေးပစ္စည်းများကို မှာယူနိုင်ပါပြီ
စျေးနှုန်းချိုသာစွာနဲ့ ရောင်းချပေးနေပါပြီ......

ကဲ ဒီတစ်ခါမှာတော့ ensure ထိုင်း တစ်ဘူးဝယ်ရင် ဖန်ခွက်တစ်လုံးလက်ဆောင်ထည့်ပေးမှာပါ(၈.၁.၂၀၂၃မှ၁၀.၁.၂၀၂၃ထိ)ပဲနော်
08/01/2023

ကဲ ဒီတစ်ခါမှာတော့ ensure ထိုင်း တစ်ဘူးဝယ်ရင် ဖန်ခွက်တစ်လုံးလက်ဆောင်ထည့်ပေးမှာပါ
(၈.၁.၂၀၂၃မှ၁၀.၁.၂၀၂၃ထိ)ပဲနော်

08/01/2023

ကဲ ဒီနေ့တော့ သွေးတွင်းအဆီကျဆေးလေးတစ်ခုအကြောင်းကို ဗဟုသုတအေနနဲ့မျှဝေပေးချင်ပါတယ်ရှင့်
#ဒီဆေးသည် ဆရာဝန်ညွှန်ကြားချက်နဲ့ သောက်ရသောဆေးဖြစ်ပါတယ်
💫သွေးတွင်းအဆီချဆေး 𝐀𝐭𝐨𝐫𝐯𝐚𝐬𝐭𝐚𝐭𝐢𝐧 အကြောင်း💫

𝐀𝐭𝐨𝐫𝐯𝐚𝐬𝐭𝐚𝐭𝐢𝐧 ဆိုတာ 𝐒𝐭𝐚𝐭𝐢𝐧 အုပ်စုဝင် သွေးတွင်းအဆီချဆေး အမျိုးအစား ဖြစ်ပါတယ်။ 𝐒𝐭𝐚𝐭𝐢𝐧 အုပ်စုဝင် ဆေးတွေက အသည်းမှာရှိတဲ့ 𝐇𝐌𝐆-𝐂𝐨𝐀 𝐫𝐞𝐝𝐮𝐜𝐭𝐚𝐬𝐞 ဆိုတဲ့ အင်ဇိုင်းကို တားဆီးပေးခြင်းဖြင့် သွေးထဲမှာ မကောင်းသော အဆီဓာတ် 𝐂𝐡𝐨𝐥𝐞𝐬𝐭𝐞𝐫𝐨𝐥 (𝐋𝐃𝐋, 𝐓𝐫𝐢𝐠𝐥𝐲𝐜𝐞𝐫𝐢𝐝𝐞𝐬)များ ထုတ်လုပ်မှုကို လျှော့ချပေးပါတယ်။ ကောင်းတဲ့ အဆီဓာတ်ဖြစ်တဲ့ 𝐇𝐃𝐋 ကို တက်စေပါတယ်။

💥 ဒါကြောင့်မို့ 𝐀𝐭𝐨𝐫𝐯𝐚𝐬𝐭𝐚𝐭𝐢𝐧 ကို သွေးတွင်းအဆီ များနေသူများ၊ နှလုံးနှင့်သွေးကြော ရောဂါရှင်များ၊ အမျိုးအစား(၂) ဆီးချိုလူနာများတွင် နှလုံးသွေးကြောကျဉ်းနှင့် လေဖြတ်ခြင်းစတဲ့ နောက်ဆက်တွဲ ဆိုးကျိုးများ မဖြစ်အောင် ကာကွယ်ရန် အသုံးများ ကြပါတယ်။ အစားအသောက်ပါထိန်းပြီး လေ့ကျင့်ခန်းများ တွဲလုပ်ပါက ဆေးအာနိသင်မှာ ၁လအတွင်း သိသာနိုင်ပါတယ်။

📝𝐀𝐭𝐨𝐫𝐯𝐚𝐬𝐭𝐚𝐭𝐢𝐧 ကို အသက်၁၀နှစ် အထက်မှစပြီး သုံးလို့ရပါတယ်။ အသက်အရွယ်နှင့် ရောဂါအခြေအနေ ပေါ်လိုက်ပြီး သောက်ရမယ့် ဆေးပမာဏ ကွာခြားပါတယ်။ 💊ဆေးကို အစာစားပြီးဖြစ်ဖြစ်၊ မစားခင်ဖြစ်ဖြစ် သောက်နိုင်ပါတယ်။ အခြားသော သွေးတွင်းအဆီကျဆေးများ (𝐞𝐠.𝐂𝐨𝐥𝐞𝐬𝐭𝐢𝐩𝐨𝐥, 𝐂𝐡𝐨𝐥𝐞𝐬𝐭𝐲𝐫𝐚𝐦𝐢𝐧𝐞)များကိုပါ သောက်နေရရင် 𝐀𝐭𝐨𝐫𝐯𝐚𝐬𝐭𝐚𝐭𝐢𝐧 ဆေးကို ၁နာရီစောပြီး(သို့) ၄နာရီကြာပြီးမှ အချိန်ခြားပြီး သောက်ပါ။
💊ခန္ဓာကိုယ်မှာ ကိုလက်စထရောကို ထုတ်လုပ်တဲ့ လုပ်ငန်းစဉ်ဟာ ညဘက်မှာ ဖြစ်တာမို့ 𝐒𝐭𝐚𝐭𝐢𝐧 အုပ်စုဝင်ဆေးတွေကို ညဘက်မှာ သောက်ခိုင်းလေ့ ရှိပါတယ်။ ဒါပေမယ့် တချို့ 𝐬𝐡𝐞𝐥𝐟-𝐥𝐢𝐟𝐞 များတဲ့ ဆေးတွေကိုတော့ ဘယ်အချိန်မဆို သောက်နိုင်တာမို့ ဆရာဝန် ညွှန်ကြားချက်ကို သေချာလိုက်နာဖို့ လိုပါမယ်။ ဆေးအာနိသင် အကောင်းဆုံးရဖို့ နေ့စဉ်အချိန်မှန်မှန် သောက်သုံးသင့်ပါတယ်။⏰

🔦ဘေးထွက်ဆိုးကျိုး
🎯ပြင်းထန်တဲ့ ဆိုးကျိုးတော့ သိပ်မတွေ့ရတတ်ပါ။ ဆေးမတည့်တာမျိုးလည်း ဖြစ်တာရှားပါတယ်။ အတွေ့ရများတာက ကြွက်သားများ အားနည်းခြင်း၊ အရိုးအဆစ်များ၊ ကိုယ်လက်နာကျင်ခြင်း၊ အိပ်မပျော်ခြင်း၊ ဝမ်းသွားခြင်း၊ အစာမကြေခြင်း၊ အသည်းအားနည်းခြင်းတို့ ဖြစ်ပါတယ်။ အသက်ကြီးသူတွေမှာ ပိုတွေ့ရတတ်ပါတယ်။
😖ဆေးပမာဏ လွန်ကဲစွာ သုံးမိပါက ခေါင်းမူးခြင်း၊ ပျို့အန်ခြင်း၊ ဆီးချိုထိန်းရ ပိုခက်တတ်ခြင်း၊ အသည်းကို ထိခိုက်ခြင်းများ ဖြစ်နိုင်ပါတယ်။

❌အသုံးမပြုသင့်တဲ့ အခြေအနေများ
⛔ အသည်းအားနည်းသူများ၊ အသည်းရောင် အသားဝါရောဂါ ဖြစ်နေသူ၊ အသည်းအင်ဇိုင်းများ (𝐀𝐒𝐓,𝐀𝐋𝐓) တက်နေသူ၊
⛔ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ၊
⛔ ကြွက်သားများ ပျက်စီးမှု ရှိနေသူများမှာ အသုံးမပြုသင့်ပါ။
💥ကျောက်ကပ်ရောဂါ၊ သိုင်းရွိုက်ရောဂါ၊ အတက်ရောဂါ၊ ဆီးချိုရောဂါများ ရှိနေလျင် ဆရာဝန်ကို မဖြစ်မနေ ပြောပြပါ။

📌တွဲဖက်သုံးစွဲရန် သတိထားသင့်သော ဆေးဝါးများ
💊𝐀𝐭𝐨𝐫𝐯𝐚𝐬𝐭𝐚𝐭𝐢𝐧 ဆေးကို မှိုပိုးသတ်ဆေးများ(𝐈𝐭𝐫𝐚𝐜𝐨𝐧𝐚𝐳𝐨𝐥𝐞, 𝐊𝐞𝐭𝐨𝐜𝐨𝐧𝐚𝐳𝐨𝐥𝐞)၊ ပဋိဇီဝ ပိုးသတ်ဆေးများ (𝐞𝐠.𝐄𝐫𝐲𝐭𝐡𝐫𝐨𝐦𝐲𝐜𝐢𝐧, 𝐂𝐥𝐚𝐫𝐢𝐭𝐡𝐫𝐨𝐦𝐲𝐜𝐢𝐧)၊ ဂေါက်ရောဂါဆေး 𝐂𝐨𝐥𝐜𝐡𝐢𝐜𝐢𝐧𝐞 ဆေးများနှင့် တွဲမသုံးသင့်ပါ။ ဆေးအာနိသင် လျော့ကျနိုင်ပါတယ်။ 🍹ဂရိတ်ဖရုဖျော်ရည် ပမာဏများများ (တနေ့လျင် ၁လီတာအထက်) သောက်မိရင်လည်း ဆေးအာနိသင် ပိုပြင်းထန်ကာ ဘေးထွက်ဆိုးကျိုး ရှိတတ်ပါတယ်။ ဆရာဝန်ကို မိမိသောက်နေရသော ဆေးများအကြောင်း သေချာစွာပြောပြပါ။

💦ဆေးကို 𝟔𝟖°𝐅(𝟐𝟎°𝐂) နှင့် 𝟕𝟕°𝐅(𝟐𝟓°𝐂)အတွင်း ထားသင့်ပါတယ်။ အပူချိန်မြင့်မားတဲ့နေရာ၊ စိုထိုင်းဆများတဲ့ နေရာများမှာ မထားရပါ။
💊ဆေးကရေရှည် စွဲသောက်ရမယ့်ဆေး ဖြစ်ပါတယ်။ သွေးတွင်းအဆီ များသူတွေက ပြင်ပလက္ခဏာအားဖြင့် မသိသာတတ်ကြပါဘူး။ ကိုယ့်ကိုကိုယ် ကောင်းသွားပြီထင်ပြီး ဆေးကိုရပ်လိုက်လို့ မရပါဘူး။ လိုအပ်တဲ့ သွေးစစ်ဆေးမှုတွေ လုပ်ပြီးမှသာ ဆေးအတိုးအလျှော့ကို ချိန်ရပါမယ်။ အဆီပိုပြီး ကျချင်ဇောနဲ့ ဆေးကိုလိုတာထက် ပိုသောက်တာမျိုး မလုပ်ရပါဘူး။ ဆိုးကျိုးသာ ပိုများစေပါတယ်။ ဆေးသောက်နေစဉ် ကာလမှာ အဆီဓာတ် ပါဝင်သော အစားအသောက်များကို ချင့်ချိန်စားသုံးပါ။ ဆေးလိပ်၊ အရက်ဖြတ်ပါ။ ကိုယ်လက်လှုပ်ရှား ပုံမှန်ပြုလုပ်ပါ။ 📛
“ဘေးဘယာများ ကင်းကွာပြီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေလို့ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်ရှင်။"

ဆိုင်ဖွင့်ပွဲအထိမ်းအမှတ်အနေနဲ့ (၈.၁.၂၀၂၃မှ၁၀.၁.၂၀၂၃)ထိ becozinc တစ်ဘူးဝယ်ယူပါက ဖန်ခွက်တစ်ခွက်လက်ဆောင်ပေးနေပါပြီ....😁
08/01/2023

ဆိုင်ဖွင့်ပွဲအထိမ်းအမှတ်အနေနဲ့ (၈.၁.၂၀၂၃မှ၁၀.၁.၂၀၂၃)ထိ becozinc တစ်ဘူးဝယ်ယူပါက ဖန်ခွက်တစ်ခွက်လက်ဆောင်ပေးနေပါပြီ....😁

08/01/2023

ဆိုင်တွင် (၈.၁.၂၀၂၃မှ၁၀.၁.၂၀၂၃)ထိ becozinc တစ်ဘူး ဝယ်ယူပါက ဖန်ခွက်တစ်ခွက် လက်ဆောင်ပေးနေပါပြီနော်.......
#ဆိုင်ဖွင့်ပွဲအထိမ်းအမှတ်အနေဖြင့်....

ယနေ့ဆိုင်လေးစတင်ဖွင့်ပါပြီ🤩🤩မင်းလှ(ဘက်စုံ) D9ဖုန်းဆိုင်ဘေးလိုအပ်တာရှိရင်မှာယူနိုင်ပါပြီ.......🥰
08/01/2023

ယနေ့ဆိုင်လေးစတင်ဖွင့်ပါပြီ🤩🤩
မင်းလှ(ဘက်စုံ) D9ဖုန်းဆိုင်ဘေး
လိုအပ်တာရှိရင်မှာယူနိုင်ပါပြီ.......🥰

Address

Minhla

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959976342461

Website

Alerts

Be the first to know and let us send you an email when Min Htet Thar pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Min Htet Thar pharmacy:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram