24/05/2024
Aspirin (အက်စ်ပရင်)
#သန့်ဆေးဆိုင်ဘက်စုံအထက်မင်းလှမလွန်ကြားD9ဖုန်းနန်းတော်ရှေ့
Uses-နှလုံးသွေးကြောကျဥ်း၍ ဖြစ်သော နှလုံးစူးအောင့်နာအတွက်ပထမဦးစားပေး အသုံးပြုပါတယ်။
-နှလုံးသွေးကြောကျဥ်းရောဂါတွင် နှလုံးသွေးကြောပိတ်ခြင်းမဖြစ်အောင်ကာကွယ်ရန်အသုံးပြုပါတယ်။
-နှလုံးသွေးကြောပိတ်ရောဂါ ဖြစ်နေလျှင်လည်းနောက်ထပ်မဖြစ်အောင်ကာကွယ်သည့်အနေဖြင့်အသုံးပြုပါတယ်။
-ဦးနှောက်သွေးကြောပိတ်ခြင်းကြောင့်ဖြစ်သော လေဖြတ်ရောဂါတွင် နောက်ထပ်သွေးကြောပိတ်ပြီး လေထပ်မဖြတ်အောင် ကာကွယ်သည့်အနေဖြင့်အသုံးပြုပါတယ်။
***အကိုက်ခဲပျောက်ဆေးအဖြစ် အခြားsteroidမဟုတ်သောအရောင်လျော့အကိုက်ခဲပျောက်ဆေးများကိုအစားထိုးအသုံးပြုနေကြပြီဖြစ်ပါတယ်။
***ခေါင်းကိုက်ခြင်း၊ဖျားခြင်း၊အဆစ်မြစ်ရောင်ခြင်းအတွက် စတင်ပေါ်ခါစက တွင်တွင်ကျယ်ကျယ်အသုံးပြုခဲ့သော်လည်း ယခုအခါ လေးဘက်နာအဆစ်ရောက်ခြင်းအတွက်သာ အဓိကအသုံးပြုလေ့ရှိပါတယ်။
***မိုးမခပင်၏အခေါက်ကို အဖျားကျဆေး အကိုက်အခဲပျောက်ဆေးအဖြစ် ရှေးကတည်းက လူတို့အသုံးပြုခဲ့ကြပါတယ်။
***Aspirin ကို 1899 တွင်ဆေးဝါးအဖြစ် စတင်အသုံးပြုခဲ့ပါတယ်။
***Aspirin သည်အဖျားကျ အကိုက်အခဲပျောက်စေသည့်အပြင် သွေးဥမွှားများ စုဖွဲ့ပြီး သွေးခဲဖြစ်ခြင်းကို ဟန့်တားနိုင်သည့်အာနိသင်လည်းရှိပါတယ်။
မှတ်ချက်-ဆေးဝါးများအသုံးပြုမည်ဆိုလျှင် ဆရာဝန်(သို့မဟုတ်)ဆေးဝါးပညာရှင်များနှင့်တိုင်ပင်ပြီးမှသာအသုံးပြုရန်။