Groot Pharmacy & Special Clinic

Groot Pharmacy & Special Clinic Groot Pharmacy & Special Clinic မှလှိုက်လှဲစွာကြိုဆိုပါတယ်ရှင့်🙏🙏🙏

မင်္ဂလာပါရှင်လူကြီးပိုင်းတွေမှာ အဖြစ်များတတ်တဲ့ လေဖြတ်ခြင်းရောဂါအကြောင်းကို ဗဟုသုတရပြီး ကျန်းမာရေးအတွက် သိထားသင့်သည်များ...
10/03/2024

မင်္ဂလာပါရှင်
လူကြီးပိုင်းတွေမှာ အဖြစ်များတတ်တဲ့ လေဖြတ်ခြင်းရောဂါအကြောင်းကို ဗဟုသုတရပြီး ကျန်းမာရေးအတွက် သိထားသင့်သည်များကို ဖော်ပြပေးသွားလိုပါတယ်ရှင်....
နှစ်စဉ်နှစ်တိုင်း လူဦးရေ ၈ သိန်းခန့်ဟာ လေဖြတ်ရောဂါကို ခံစားနေရပြီး စက္ကန့် ၄၀ မှာ တစ်ယောက်နှုန်းဖြစ်ပွားနေကြရတယ်လို့ လေ့လာသိရှိရပါတယ်၊၊
လေဖြတ်ခြင်းဆိုတာ ဦးနှောက်ကိုသွားတဲ့သွေးကြောတွေ ပြဿနာဖြစ်ခြင်းပါပဲ၊၊ သွေးကြောပိတ်ခြင်းကြောင့်ဖြစ်စေ သွေးကြောပေါက်ခြင်းကြောင့်ဖြစ်စေ ဦးနှောက်ဆဲလ်တွေကို သေစေနိုင်သည့်အတွက် လေဖြတ်ခြင်းစာ အရေးပေါ်အခြေအနေဖြစ်လို့ အမြန်ဆုံးကုသမှုခံယူသင့်ပါတယ်.....
လေဖြတ်ခြင်းတွင် ယာယီလေဖြတ်ခြင်း၊ သွေးကြောပေါက်လေဖြတ်ခြင်း၊ သွေးကြောပိတ်လေဖြတ်ခြင်းဆိုပြီး ခံစားရတတ်ပါတယ်၊၊
- ယာယီလေဖြတ်ခြင်းတွင် သွေးကြောများ ယာယီပိတ်ပင်မဲ့ အခြားသောလေဖြတ်ခြင်းတွေလိုပဲ အရေးပေါ်ကိစ္စလို့ မှတ်ယူရပါမယ်၊၊ နောင်တချိန်တွင် အခြားသော လေဖြတ်ခြင်းကို ခံစားရနိုင်တဲ့လက္ခဏာပဲဖြစ်လို့ အထူးသတိထားသင့်ပါတယ်၊၊
- သွေးကြောပေါက်လေဖြတ်ခြင်း ဦးနှောက်အတွင်းမှ သွေးကြောတွေပေါက်သွားပြီး ဆဲလ်များကို ဖိအားပေးပျက်စီးစေပြီး ဦးနှောက်အလည်ပိုင်းနှင့်မျက်နှာပြင်ပိုင်းသွေးကြောပေါက်ပြီး သွေးများဟာ ဦးနှောက်နှင့် ဦးခေါင်းခွံကြားကို ရောက်သွားတတ်ပါတယ်၊၊
- သွေးကြောပိတ်လေဖြတ်ခြင်း ကတော့ အဖြစ်အများဆုံး လေဖြတ်ရောဂါဖြစ်ပြီး အားလုံးရဲ့ ၈၀ ရာခိုင်နှုန်းရှိပြီး ဦးနှောက်ကိုသွားတဲ့ သွေးလွှတ်ကြောထဲမှာ သွေးခဲသွားခြင်းကြောင့်ပဲဖြစ်ပါတယ်၊၊ သွေးခဲခြင်းကြောင့် ဦးနှောက်တွင်းသွေးရောက်တာလျော့နည်းသွားစေခြင်းကြောင့် ဖြစ်ပေါ်ရတဲ့ လေဖြတ်ခြင်း တစ်မျိုးပဲဖြစ်ပါတယ်...
လေဖြတ်ရောဂါဖြစ်ပေါ်လာနိုင်သည့် ရှေ့ပြေးလက္ခဏာများကို ထပ်မံဖော်ပြပေးသွားပါရစေရှင်..
- ဦးခေါင်းနောက်စေ့တွင်ခေါင်းကိုက်ခြင်း၊ မကြာခန မူးဝေခြင်း
- ခြေလက်များ မကြာခန ကျဉ်ခြင်း၊ ကိုယ်လက်လေးလံထိုင်းမှိုင်းခြင်း
- မျက်ခွံနှင့်မျက်နာကြွက်သားများ မကြာခနလှုပ်ခြင်း
- ညအိပ်ချိန် ကျဉ်ခြင်း၊ ထုံခြင်း၊ လန့်နိုးခြင်း
- မကြာခနဝမ်းချုပ်ခြင်း၊ ဆီးအနီရောင်သွားခြင်း
- ပစ္စည်းများကိုင်လျှင်မမြဲခြင်း၊ အကြာခန လွတ်ကျခြင်း
- ဘယ်ဘက်လက်ကိုက်ခဲပြီး လက်မထုံကျဉ်ခြင်း၊ ဘယ်ခြေဆွဲခြင်း
- ရေချိုးပြီးချိန်တွင် မျက်စိများ ကြာရှည်စွာ နီရဲနေခြင်း တို့ဟာ လေဖြတ်နိုင်ခြေရှိတဲ့ ရှေ့ပြေးလက္ခဏာရပ်တွေပဲ ဖြစ်လို့ သေချာသတိထားသင့်ပါတယ်။
လေဖြတ်ခြင်းကို ဘယ်လိုကြိုတင်ကာကွယ်မလဲ??
- ကျန်းမာရေးနှင့်ညီညွှတ်အောင်စားပြီး ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်း
- ဆေးလိပ်ဖြတ်ခြင်း
- အရက်သောက်ခြင်းအား ရှောင်ကြဉ်ခြင်း
- ကိုလက်စထရောနည်းအောင် နေထိုင်စားသောက်ခြင်း
- အချိန်မတော် ရေချိုး၊ ခေါင်းလျော်ခြင်းတို့ကို ရှောင်ကြဉ်ခြင်း
- သွေးတိုး ၊ဆီးချိုနှင့်အခြားသွေးကြော ပြဿနာများရှိပါက ဆရာဝန်နှင့်သေချာပြသခြင်းတို့ကို ပြုလုပ်ပြီး လေဖြတ်ရောဂါကို ကြိုတင်ကာကွယ်နိုင်ပါတယ်၊၊
လေဖြတ်ခြင်းကြောင့် သင့်ကိုဘာတွေဖြစ်စေနိုင်လဲ ???
- ဦးနှောက်ပျက်စီးသွားစေနိုင်ခြင်း
- စကားပြောခက်ခဲသွားခြင်း
- မသန်မစွမ်းဖြစ်ခြင်း
- လမ်းမလျောက်နိုင်ခြင်း
- နားလည်နိုင်စွမ်း ခက်ခဲသွားခြင်း
- စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများ ဖြစ်ပေါ်စေနိုင်ခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်၊၊
ဒါကြောင့် သက်ကြီးပိုင်းတွေအပြင် ခုခေတ်တွင် လူငယ်ပိုင်းတွေပါ လေဖြတ်ရောဂါကို ခံစားရလာနိုင်ပြီမို့လို့ လေဖြတ်ရောဂါဟာ မပေါ့ဆသင့်တဲ့ ရောဂါတစ်ခုဖြစ်ကြောင်း ဖော်ပြပေးလိုက်ရပါတယ်

Address

No. 52, Kyundaw Street, Sanchaung Tsp, Yangon
Mogaung

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00

Telephone

+959679176090

Website

Alerts

Be the first to know and let us send you an email when Groot Pharmacy & Special Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Groot Pharmacy & Special Clinic:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram