A Me Yoga

A Me Yoga ကျန်းမာပျော်ရွှင်တဲ့ ဘဝပိုင်ဆိုင်ဖို့ ယောဂတူတူကျင့်ကြရအောင်🧘
ယောဂသင်တန်းနှင့်ပတ်သက်ပြီးစုံစမ်းနိုင်ပါပြီ
ကချင်ပြည်နယ်၊ မိုးကောင်းမြို့၊09400051598

🌹မနက်ခင်း 6:30-7:30 အတန်းလေး တကယ်လူပြည့်သွားလို့ပါ။🌹သင်တန်းသားအသစ်များ တက်ချင်ရင် ညနေ၅-၆အတန်း တက်ပေးကြပါရှင့်🌹အေမီက အတန်...
27/04/2026

🌹မနက်ခင်း 6:30-7:30 အတန်းလေး တကယ်လူပြည့်သွားလို့ပါ။
🌹သင်တန်းသားအသစ်များ တက်ချင်ရင် ညနေ၅-၆အတန်း တက်ပေးကြပါရှင့်

🌹အေမီက အတန်းတိုင်းကို ကိုယ်ကိုယ်တိုင်သေချာသင်ပေးရတာမှကျေနပ်လို့ပါ☺️
🌹ကိုယ်သေချာမသင်ပေးလိုက်ပဲလစ်ဟာသွားတာတွေဖြစ်မှာစိုးလို့ပါနော်
🤔မဟုတ်ရင်လိုင်းပေါ်ကြည့်ပြီးလဲလိုက်လုပ်လို့ရတယ်လေနော်။

27/04/2026

🥰🥰🥰

❤️နမ္မတီးက ချစ်ရတဲ့ယောဂမိသားစုလေး❤️ယောဂနဲ့ပတ်သက်ပြီးခင်ရတဲ့သူတွေက မိသားစုလိုပဲ ကိုယ့်အပေါ်အရမ်းချစ်ပေးကြတယ်။အရမ်း‌ပိတိဖြ...
25/04/2026

❤️နမ္မတီးက ချစ်ရတဲ့ယောဂမိသားစုလေး❤️
ယောဂနဲ့ပတ်သက်ပြီးခင်ရတဲ့သူတွေက မိသားစုလိုပဲ ကိုယ့်အပေါ်အရမ်းချစ်ပေးကြတယ်။
အရမ်း‌ပိတိဖြစ်ရတယ်😘🥰
ယောဂနဲ့ပတ်သက်ရင် marketing မလိုဘူး စေတနာပဲလိုတယ်☺️🤗
#နမ္မတီး

ကြည့်ပြီးအမောပြေရတဲ့အခိုက်လေးတွေ❤️❤️❤️❤️ကျေးဇူးအများကြီးတင်ပါတယ်😘😘😘
24/04/2026

ကြည့်ပြီးအမောပြေရတဲ့အခိုက်လေးတွေ❤️❤️❤️❤️
ကျေးဇူးအများကြီးတင်ပါတယ်😘😘😘

🍁ရာသီဥတုပူပူမှာလဲကြိုးစားကြတာ တကယ်ကိုကျေနပ်ရပါတယ်❤️❤️ကိုယ့်ထက်လှတဲ့ကိုယ့်အမတွေ❤️(မကြိုးစားနေတာအေမီပါပဲ)😁Intermediate cla...
24/04/2026

🍁ရာသီဥတုပူပူမှာလဲကြိုးစားကြတာ တကယ်ကိုကျေနပ်ရပါတယ်❤️
❤️ကိုယ့်ထက်လှတဲ့ကိုယ့်အမတွေ❤️
(မကြိုးစားနေတာအေမီပါပဲ)😁
Intermediate class 3days per week
5-6Pm
ရက်လေးနည်းနည်းပြောင်းပါမယ်နော် ကိုယ့်အမတွေ❤️

👭Partner Yoga လေ့ကျင့်ဖြစ်တာလေး👭👭တစ်ယောက်ရဲ့အားနည်းချက်၊ အားသာချက်များ ကိုမျှဝေခံစားကြမယ်။👭‌လေ့ကျင့်ကြသူအချင်းချင်းကူညီက...
23/04/2026

👭Partner Yoga လေ့ကျင့်ဖြစ်တာလေး👭
👭တစ်ယောက်ရဲ့အားနည်းချက်၊ အားသာချက်များ ကိုမျှဝေခံစားကြမယ်။
👭‌လေ့ကျင့်ကြသူအချင်းချင်းကူညီကြတယ်။
ညနေ 6-7 အတန်း

💚မနက်ခင်းအတန်းက အမတွေ ဇွဲကောင်းချက်💚မနက် 6ခွဲ-7ခွဲ💚💚Monday to Thursday (တစ်ပတ်လေးရက်)💚💚ပျက်ရက်မရှိ💚ယောဂလုပ်ဖို့တက်ကြွနေတ...
21/04/2026

💚မနက်ခင်းအတန်းက အမတွေ ဇွဲကောင်းချက်
💚မနက် 6ခွဲ-7ခွဲ💚
💚Monday to Thursday (တစ်ပတ်လေးရက်)💚
💚ပျက်ရက်မရှိ
💚ယောဂလုပ်ဖို့တက်ကြွနေတာ
💚ကိုယ်ကသာအိပ်ချင်မှုးတူးနဲ့ လမ်းလျှောက်လာတာ တချို့အမတွေက ကိုယ့်ထက်တောင်အရင်ရောက်နေသေးတယ်။
💚ကျေနပ်နေရော💚

20/04/2026

သင်တန်းအားလုံးပုံမှန်အတိုင်းပြန်ဖွင့်ပါပြီနော်

အားလုံးစိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေကိုယ်စိတ်နှစ်ဖျာ ရွှင်လန်းချမ်းမြေ့ပါစေ
10/04/2026

အားလုံးစိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေ
ကိုယ်စိတ်နှစ်ဖျာ ရွှင်လန်းချမ်းမြေ့ပါစေ

09/04/2026

11.4.2026 မှ 19.4.2026 ထိ သင်္ကြန်ပိတ်ရက်အတိုင်း ယောဂသင်တန်းပိတ်ပါတယ်ရှင့်
တရားစခန်း‌ဝင်ချင်လို့ပါနော်
20.4.2026 ပုံမှန်အတိုင်းပြန်ဖွင့်ပါမယ်နော်❤️❤️❤️

ယောဂသင်တန်းအစမှာ meditation ၅-၁၀မိနစ်ထည့်ပေးဖြစ်တယ်။ ဒါကိုနှစ်ရက်လောက်ပဲယောဂလာတက်တဲ့အမတစ်ယောက်က ထိုင်ခိုင်းတာကြာတယ် အိပ်...
08/04/2026

ယောဂသင်တန်းအစမှာ meditation ၅-၁၀မိနစ်ထည့်ပေးဖြစ်တယ်။ ဒါကိုနှစ်ရက်လောက်ပဲယောဂလာတက်တဲ့အမတစ်ယောက်က ထိုင်ခိုင်းတာကြာတယ် အိပ်တောင်ငိုက်တယ်တဲ့ ကဲ ဘယ်လိုပြောရမလဲ။ ပြောတဲ့သူကလဲကိုယ့်ထက်အသက်အများကြီးကြီးတယ်။ အကျိုးများလို့အချိန်ပေးပြီးလုပ်ခိုင်းတာပေါ့နော့🤔

🧘‍♂️ "တရားထိုင်ခြင်း" ရဲ့ အံ့မခန်း အကျိုးကျေးဇူးများ

မင်္ဂလာပါခင်ဗျာ….. ဒေါက်တာရဲ ဖြစ်ပါတယ်။

တရားထိုင်တယ်ဆိုတာ ဘာသာရေး ထုံးတမ်းစဉ်လာတခုလို့ ထင်မှတ်နေတုန်းလား?
တကယ်တော့ တရားထိုင်ခြင်း (Meditation သို့မဟုတ် Mindfulness) ဟာ ဆရာဝန်တွေ ကိုယ်တိုင် လူနာတွေကို ညွှန်ကြားလာရတဲ့အထိ အစွမ်းထက်တဲ့ "သဘာဝ ဆေးစွမ်းကောင်း" တစ်လက် ဖြစ်နေပါပြီ။
ကျွန်တော်တို့ မြန်မာတွေနဲ့ အရမ်းရင်းနှီးပြီးသားဖြစ်တဲ့ ဒီအလေ့အကျင့်လေးက ခန္ဓာကိုယ်အတွက် ဘယ်လောက်တောင် ကောင်းကျိုးတွေ ပေးစွမ်းနိုင်လည်းဆိုတာ ပြောပြပေးချင်ပါတယ်။

၁။ ဦးနှောက်ကို ပြန်လည်နုပျိုစေတယ် 🧠
သုတေသနတွေအရ တစ်နေ့ကို မိနစ် ၂၀ လောက် တရားထိုင်ပေးခြင်းဟာ စိတ်ဖိစီးမှုနဲ့ ကြောက်ရွံ့မှုတွေကို လျော့ပါးလာစေတယ်၊ မှတ်ဉာဏ် အားကောင်းလာစေပြီး ဦးနှောက်စွမ်းရည်ကို သိသိသာသာ မြင့်တက်လာစေပါတယ်လို့ ဆိုပါတယ်။

၂။ နှလုံးရောဂါနဲ့ သွေးတိုးကို ကျဆင်းစေတယ် 🫀
တရားထိုင်တဲ့အခါ ခန္ဓာကိုယ်က ဖြေလျှော့မှု (Relaxation response) ဖြစ်စဉ်ဖြစ်ပေါ်လာတဲ့အတွက် သွေးကြောတွေ ကျယ်လာပြီး သွေးပေါင်ချိန်ကို လျော့ကျစေနိုင်ပါတယ်။ နှလုံးခုန်နှုန်းကို မှန်စေလို့ နှလုံးကျန်းမာရေးအတွက်လည်း အထောက်အကူပြုပါတယ်။

၃။ ဆဲလ်တွေ အိုမင်းရင့်ရော်မှုကို တားဆီးပေးတယ် 🧬
ဒါကတော့ အရမ်းအံ့သြစရာကောင်းတဲ့ အချက်ပါ။ နောက်ဆုံးပေါ် DNA လေ့လာမှုတွေအရ တရားမှတ်ခြင်းဟာ ကျွန်တော်တို့ ခန္ဓာကိုယ်မှာရှိတဲ့ ခရိုမိုဇုန်းတွေရဲ့ အဖျားပိုင်းက Telomere လို့ခေါ်တဲ့ အကာအကွယ်လေးတွေကို ရှည်လာစေပါတယ်။ Telomere ရှည်လေလေ၊ ခန္ဓာကိုယ် အိုမင်းရင့်ရော်မှု နှေးကွေးလေလေဖြစ်ပြီး သက်ရှည်ကျန်းမာစေပါတယ်။

၄။ စိတ်ဖိစီးမှု လျော့ကျစေတယ် 😌
နေ့တိုင်း စိတ်ရှုပ်စရာတွေ ကြုံနေရရင် ခန္ဓာကိုယ်ထဲမှာ Cortisol လို့ခေါ်တဲ့ စိတ်ဖိစီးမှု ဟော်မုန်းတွေ များလာပါတယ်။ တရားထိုင်တာက ဒီဟော်မုန်းတွေကို လျော့ကျသွားစေလို့ စိတ်ဖိစီးမှုကို လျှော့ချပေးတယ်၊ စိတ်ဓာတ်ကျခြင်းကို သက်သာစေတယ်။ အကောင်းမြင်စိတ် များစေပြီး စိတ်ကြည်လင်လန်းဆန်းစေပါတယ်။

✅ အကြံပြုချက်
တရားထိုင်ဖို့အတွက် အချိန်အများကြီး ပေးစရာမလိုပါဘူး။ မနက်အိပ်ရာထ (သို့မဟုတ်) ညအိပ်ရာဝင်ချိန်မှာ ၁၀ မိနစ်လောက် အချိန်ပေးပြီး မျက်လုံးလေးမှိတ်၊ ကိုယ့်ရဲ့ ဝင်လေထွက်လေလေးကို သတိထားပြီး စိတ်ကို ငြိမ်အောင် ပြန်စုစည်းတာမျိုးလောက်နဲ့ စတင်လို့ ရနေပါပြီ။

မိတ်ဆွေတို့ရော နေ့စဉ်ဘဝမှာ စိတ်ဖိစီးမှုတွေ သက်သာအောင် တရားထိုင်တဲ့ အလေ့အကျင့်လေး ရှိလား?

တရားထိုင်ပြီးတဲ့အခါ ခန္ဓာကိုယ်နဲ့ စိတ်က ဘယ်လို ပေါ့ပါးသွားလဲဆိုတာ Comment မှာ အားလုံးဖတ်ရအောင် မျှဝေပေးသွားပါဦး။

အားလုံးပဲ ကျန်းမာကြပါစေ
ဒေါက်တာရဲ။

#ဒေါက်တာရဲ
#တရားထိုင်ခြင်း #စိတ်ဖိစီးခြင်း

မနက်ခင်း 6:30-7:30 အတန်း ကအန်တီများ၊မမများ နဲ့ပျော်စရာကြီး🥰လူစည်ကား‌ပြီး ဟာသတွေနဲ့ပါးစပ်မပိတ်ရဘူး🤗အေမီယောဂစသင်ကထဲကတက်ခဲ့...
08/04/2026

မနက်ခင်း 6:30-7:30 အတန်း ကအန်တီများ၊မမများ နဲ့ပျော်စရာကြီး🥰
လူစည်ကား‌ပြီး ဟာသတွေနဲ့ပါးစပ်မပိတ်ရဘူး🤗
အေမီယောဂစသင်ကထဲကတက်ခဲ့တဲ့သူတွေဆိုတော့

Address

Mogaung

Telephone

+959400003736

Website

Alerts

Be the first to know and let us send you an email when A Me Yoga posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category