27/12/2025
အမှန်ပင်လျှင် မရေမတွက်နိုင်သော ဗုဒ္ဓရှင်တော်ဘုရား၏ ဂုဏ်တော်
အပေါင်းသည် အတိုင်းအဆမရှိ မြောက်များကြီးလှပေသည်။
အိန္ဒိယပြည်တွင် ရှေးပဝေသဏီက သုံးစွဲခဲ့ကြသော ပါဠိဘာသာ
စကားသည်လည်း ဗုဒ္ဓမြတ်စွာ ဟောကြားမြွက်ဖော်ခဲ့သော
သန့်စင်သော တရားများကို ကောင်းစွာ ထိန်းသိမ်းစောက်ရှောက်ခဲ့
ရာ၌ ခမ်းနားထည်ဝါထူးခြားသော ဂုဏ်ပုဒ်များဖြင့် ပြည့်စုံလှပေသည်။
ထိုကြောင့် ဤပါဠိတော်များ ကိန်းအောင်းရာ၊ ရတနာသိုက်၊
ဘဏ္ဍာသိုက်ကြီးမှ ကျောက်မျက်ရွဲလုံးအချို့ကို ရွေးချယ်ထုတ်နုတ်၍
ဆရာကြီး ဦးဂိုအင်ကာ၏ ဂါထာများတွင် စီခြယ်သီကုံးရန်မှာ
မခဲယှဉ်းလှတော့ပါ။
ကဗျာစာဆို ဆိုသည်မှာ မိမိကဗျာများကို အက္ခရာတူစာလုံးများဖြင့်
စီကုံး၍ ချိုမြိန်သာယာသော အသံဖြစ်ပေါ်စေသည့် မဓုရတာဂုဏ်၊
သမတာဂုဏ်များဖြင့် ပြည့်မြောက်သော ချောက်ညက်ပြေပြစ်သော
ကဗျာအလှများကို ဖန်တီးလိုမြဲ ဖြစ်ပါသည်။ ဤကဗျာမျိုးများကို
ဖန်တီးရန် ဝါသနာကြီးလှသည့် ဆရာကြီး ဦးဂိုအင်ကာအတွက်မှာ
ဝေါဟာရကြွယ်၀လှသော ပါဠိဘာသာသည် လွန်စွာအဖိုးထိုက်
အသုံး၀င်လှတော့သည်။
ကွန်ပြူတာနည်းပညာဖြင့် "ဗုဒ္ဓဂုဏဂါထာ၀လိ" ဂါထာ ဤကဗျာများ
ကို ဘာသာစကာ (၇)မျိုး၏ အက္ခရာများဖြင့် ပြောင်းလဲရေးသား
ထုတ်ဝေဖြန့်ချိခဲ့ပြီး ဖြစ်ပါသည်။ ဤဗုဒ္ဓဂုဏ်တော် ကဗျာများသည်
နိုင်ငံအသီးသီး၌ ပါဠိဘာသာစကား သင်ကြားနေကြသော စာသင်
သားများနှင့် မြတ်ဗုဒ္ဓဟောကြားသော ကျင့်စဉ်လမ်းကောင်းများ
အတိုင်း လျှောက်သွား ကြိုးပမ်းနေကြသူ သူတော်စင် အပေါင်းအား
ကောင်းကျိုးမင်္ဂလာ ဖြစ်ထွန်းကြသည်မှာ ဧကန်ပင်ဖြစ်ပါသည်။
ဆက်ရန်...
မောင်ရင့်ကျူး ( မြောင်းမြ)၏ "ဆရာကြီး ဦးဂိုအင်ကာ နှင့်
မဟာပါရမီဖြည့်ဖက်" စာအုပ်၊ စာမျက်နှာ(၆၄၊ ၆၅)