သမားတော်အထူးကုဆေးခန်း မိုးကုတ် ph.09 752632863

  • Home
  • Myanmar
  • Mogok
  • သမားတော်အထူးကုဆေးခန်း မိုးကုတ် ph.09 752632863

သမားတော်အထူးကုဆေးခန်း မိုးကုတ် ph.09 752632863 အထူးကုဆေးခန်း

ခါးအာရုံကြောညှပ်လျင် ဘယ်လိုနေထိုင်သင့်သလဲ။ ခါးဆစ်ရိုးကြားကနေ ထွက်လာတဲ့ အာရုံကြောမကြီးဟာ ခါးကနေ ခြေဖျားအထိ ဖြာထွက်လာတာမို...
31/07/2025

ခါးအာရုံကြောညှပ်လျင် ဘယ်လိုနေထိုင်သင့်သလဲ။

ခါးဆစ်ရိုးကြားကနေ ထွက်လာတဲ့ အာရုံကြောမကြီးဟာ ခါးကနေ ခြေဖျားအထိ ဖြာထွက်လာတာမို့ အခြေနေ တခုခုကြောင့် ခါးမှာအာရုံကြောညှပ်သွားပါက ထိခိုက်ထားတဲ့ အာရုံကြောတဝိုက်မှာ

> ခါးနာခြင်း၊ခါးမဆန့်နိုင်ခြင်း၊

> တင်ပါးခွက်ထဲက ကိုက်ခြင်း၊ အောင့်ခြင်း၊

> ပေါင်ကြောတင်းခြင်း၊

> ခြေသလုံးကြွက်သားကိုက်ခြင်း၊

> ခြေထောက်ကျဥ်ခြင်း၊ထုံခြင်း၊

> လမ်းကြာကြာ မလျှောက်နိုင်ခြင်း၊
တို့ကို ခံစားရနိုင်ပါတယ်။

အခြေအနေဆိုးပါက အိပ်ယာထဲမှာတောင် ဘယ်၊ ညာစောင်းမရဖြစ်တတ်ပါတယ်။

လမ်းလည်းကြာကြာ လျှောက်မရဘဲ လမ်းလျှောက်နေရင်း ခြေထောက်ကျဥ်လာ သောကြောင့် ထိုင်ချလိုက်ရတာမျိုး ဖြစ်တတ်ပါတယ်။

အာရုံကြောညပ်တဲ့အခါ သက်သာစေမယ့်နည်းလမ်းတွေ ဒီဝေဒနာတွေ သက်သာစေဖို့က ဆေးခန်းပြပြီး ဆေးသောက်တာအပြင် ကိုယ်တိုင်လိုက်နာ လုပ်ဆောင်သင့်တဲ့ အချက်လေးတွေ ရှိပါတယ်။

(၁) ပိုအိပ်၊ ပိုနားပါ။

အာရုံကြောကို ပြန်ကျန်းမာစေဖို့အတွက် အိပ်စက်ခြင်းကို မရှိမဖြစ်လိုအပ်ပါတယ်။

အိပ်စက်တဲ့အချိန်မှာ ခန္ဓာကိုယ်က အလိုအလျောက် ပြန်လည် ပြုပြင်ပေးတတ်တာမို့ လက္ခဏာတွေကို မြန်မြန်သက်သာစေနိုင်ပါတယ်။

ဒီလိုအချိန်မှာ နာကျင်နေတဲ့ အာရုံကြောကို သိပ်ပြီးများများ အလုပ်မလုပ်မိဖို့ အရေးကြီးပါတယ်။

မဟုတ်ရင် အာရုံကြောအပေါ်ထိခိုက်မှု ပိုဆိုးလာနိုင်ပါတယ်။

အိပ်တဲ့အခါလည်း သူ့ကို သက်သောင့်သက်သာရှိစေမယ့် အနေအထားနဲ့အိပ်သင့်ပါတယ်။

(၂) ကိုယ်နေဟန်ထား ပြောင်းလဲပါ။

အနေအထားမမှန်ရင် အာရုံကြောပြဿနာတွေ ပိုဆိုးတတ်ပါတယ်။

ရပ်တဲ့အခါ၊ ထိုင်တဲ့အခါ မမှန်ကန်တဲ့ကိုယ်နေဟန်ထားကြောင့် ခန္ဓာကိုယ်မှာ မလိုအပ်ဘဲ ဝန်ပိစေပြီး ကျောရိုးနဲ့ကြွက်သားတွေကို ထိခိုက်စေတယ်။

အာရုံကြော ညပ်တာဖြစ်လာစေတယ်။

(၃) လေ့ကျင့်ခန်းလုပ်ပါ။

အရိုးအကြော အဆစ်ဆရာဝန်တွေ အကြံပြုထားတဲ့ လေ့ကျင့်ခန်းလေးတွေကို ပုံမှန်လုပ်ပေးပါ။ အကြောတွေ ပြေလျော့ပြီး ပျော့ပျောင်းလာရင် ပြန်သက်သာဖို့ လွယ်ကူပါတယ်။

တကယ်လို့ လေ့ကျင့်ခန်းလုပ်ရင်း နာကျင်မှု ပိုဆိုးလာတာ၊ အဆင်မပြေတာ တခုခုဖြစ်လာရင် ရပ်လိုက်သင့်ပါတယ်။

(၄) ခြေထောက်ကို မြှင့်ထားပါ။

ခါးမှာ အာရုံကြောညပ်တဲ့သူတွေဟာ ကျောရိုးဆီက ဖိအားဖြစ်စေတာကို လျော့စေဖို့ ခြေထောက်ကို မြှင့်ထားရင် သက်သာနိုင်ပါတယ်။

အိပ်တဲ့အခါ ဒူးအောက်မှာ ခေါင်းအုံးခုထားရင်လည်း နေရသက်သာစေနိုင်တယ်။

(၅) ရေခဲကပ်၊ ရေနွေးအိတ်ကပ်ပါ။

အပူနဲ့အအေး တလှည့်စီကပ်တာက ရောင်ရမ်းမှုကို လျော့ကျသက်သာစေနိုင်ပါတယ်။ ဒီလိုနှစ်မျိုးပေါင်းတာက သွေးလည်ပတ်မှုကို ကောင်းစေပြီး နာကျင်မှုကို သက်သာစေနိုင်ပါတယ်။

ရေနွေးအိတ်ဖြစ်ဖြစ် ရေခဲဝတ်ဖြစ်ဖြစ် ကပ်တဲ့အခါ ခံနိုင်လောက်တဲ့ အပူချိန်နဲ့ တကြိမ်ကို ၁၅ မိနစ်ခန့်၊ တနေ့ သုံးကြိမ် ကပ်နိုင်တယ်။

(၆) နေထိုင်မှုပုံစံပြောင်းလဲပါ

ရေရှည်မှာ လမ်းလျှောက်တာ၊ ရေကူးတာ၊ စက်ဘီးစီးတာတို့လို လှုပ်ရှားမှုတွေ နည်းနည်းချင်းပုံမှန်လုပ်သွားရင် ဒီလက္ခဏာတွေနဲ့ အဝေးမှာ သက်သောင့်သက်သာ နေထိုင်နိုင်မှာပါ။

ကိုယ်အလေးချိန်ထိန်းသိမ်းတာကလည်း အာရုံကြောတွေအပေါ် ဖိအားလျော့စေပြီး ပုံမှန်လှုပ်ရှားမှုကြောင့် ရောင်ရမ်းမှုကို လျော့စေမှာပါ။

လေ့ကျင့်ခန်းမလုပ်ခင် နဲ့ လုပ်ပြီးချိန်မှာ အကြောလျှော့တာက ခန္ဓာကိုယ်ကို ပျော့ပျောင်းစေပြီး အာရုံကြောတွေတဝိုက်မှာ ဖိအားလျော့စေပါတယ်။

ကျန်းမာချမ်းသာကြပါစေ။

ပြန်လည် ကူးယူ ဖော်ပြပါတယ်။

05/04/2024
01/08/2023

အရေးပေါ်လူနာများ/
အဝေးမှလာသောလူနာများ မနက် (၈)နာရီခွဲ မှ (၉)နာရီခွဲ အတွင်း ပြသနိုင်ပါသည်

ဖုန်းကြိုဆက်ပါ

အထူးကုသမားတော်နှင့် ပြသသင့်သော ရောဂါများ
26/06/2023

အထူးကုသမားတော်နှင့် ပြသသင့်သော ရောဂါများ

22/04/2023

Address

အောင်မြေကျောင်းအတက်, ရွှေလိပ်ပြာရေသန့်အနီး, ထင်းရှူးခြံရပ်
Mogok

Opening Hours

Monday 12:00 - 13:00
16:00 - 17:30
Tuesday 12:00 - 13:00
16:00 - 17:30
Wednesday 12:00 - 13:00
16:00 - 17:30
Thursday 12:00 - 13:00
16:00 - 17:30
Friday 12:00 - 13:00
16:00 - 17:30
Saturday 12:00 - 13:00
16:00 - 17:30
Sunday 12:00 - 13:00
16:00 - 17:30

Website

Alerts

Be the first to know and let us send you an email when သမားတော်အထူးကုဆေးခန်း မိုးကုတ် ph.09 752632863 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category