Shwe Yi Htoo Pharmacy

Shwe Yi Htoo Pharmacy Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Shwe Yi Htoo Pharmacy, Medical and health, Pyidaungsu Road, Monywa.

25/04/2022
25/04/2022
25/04/2022
25/04/2022
ABC Baby Wipes တစ်ရှူးအစို Wet Tissue အထူအရွက် ၁၀၀ ပါပါတယ်တစ်ထုပ်ကို -1200 ကျပ်အများစျေး-1100ကျပ် (10ထုပ်းစျေး)ကလေး ကျန်...
14/03/2022

ABC Baby Wipes တစ်ရှူးအစို Wet Tissue အထူ
အရွက် ၁၀၀ ပါပါတယ်
တစ်ထုပ်ကို -1200 ကျပ်
အများစျေး-1100ကျပ် (10ထုပ်းစျေး)

ကလေး ကျန်းမာရေးအတွက် Wet Tissue လည်းသုံးချင်တယ် ဆိုရင်တော့
ABC Wet Tissue ကိုသာ ရွေးချယ်လိုက်ပါနော်

ABC Baby Wipes

Alcohol free မို့ လသားအရွယ်ကစပြီး စိတ်ချစွာ အသုံးပြုနိုင်ပါတယ်

ဒီတစ်ရှူးလေးရဲ့ ထူးခြားချက်ကတော့ Vitamin E နဲ့ Aloevera ပါဝင်တာပါ

Aloevera ပါဝင်သောကြောင့် ရှားစောင်းလက်ပတ် အာနိသင်ရရှိမှာဖြစ်ပါတယ်

ရွက်ရေ 100ပါတာမို့တစ်ခါဝယ်ပြီး ခဏလေးနဲ့ကုန်သွားမှာ လည်းစိတ်မပူရပါဘူး

ကလေးများသာမက ချိမတို့အတွက်လဲ
မိတ်ကပ်ဖျက်ရန်နှင့် တခြားလိုအပ်သောနေရာများတွင်အသုံးပြုနိုင်ပါတယ်နော်
အခုလိုပူအိုက်တဲ့ နွေရာသီလေး မှာ Wet Tissue လေး တော့ဆောင်ထား သင့်တယ်နော် 😊 #ရွှေရည်ထူးဆေးဆိုင် မှာ ရရှိနိုင်ပါတယ်ရှင့် ဖုန်းဆက်ပီး​တော့လည်းမှာယူနိုင်ပါတယ်
Ph-09971207368
photo

အစားအသောက်ပျက်ကြလို အစာစားစေတဲ့ဆေးလေးရှိလားမေးရင်တော့...လူကြိုက်များ ရေပန်းစားတဲ့       .အစုံရှိပါတယ်နော်Ph -09971207368...
28/01/2022

အစားအသောက်ပျက်ကြလို အစာစားစေတဲ့ဆေးလေးရှိလားမေးရင်တော့...
လူကြိုက်များ ရေပန်းစားတဲ့




.အစုံရှိပါတယ်နော်
Ph -09971207368 ကိုသာ Hello လိုက်ပါနော်
အိမ်အရောက်ပို့ဆောင်ပေးပါတယ်
#ရွှေရည်ထူးဆေးဆိုင်
မုံရွာမြို့မုံရွာတောင် ​ညောင်ရိပ်သာရပ်ကွက် ပြည်ထောင်စုလမ်း သုခအောင်လက်ဖက်ရည်ဆိုင်အနီး

လေ့ကျင့်ခန်းတွေလုပ်နေရင်းနဲ့ ကြွက်သားတွေ နာကျင်လာရင် ကိုယ့်ကိုယ်ကို ဘယ်နားမှာ ဘယ်လိုနာကျင်နေလဲ ဆန်းစစ်သိရှိဖို့လိုတယ်နော...
05/01/2022

လေ့ကျင့်ခန်းတွေလုပ်နေရင်းနဲ့ ကြွက်သားတွေ နာကျင်လာရင် ကိုယ့်ကိုယ်ကို ဘယ်နားမှာ ဘယ်လိုနာကျင်နေလဲ ဆန်းစစ်သိရှိဖို့လိုတယ်နော်…
ဒါမှ တိုက်ဂါးဘမ်း ပလာစတာအအေးကို ရုတ်တရက်ဖြစ်ပေါ်တဲ့ နာကျင်မှုတွေ သက်သာအောင် အကောင်းဆုံးအသုံးပြုနိုင်မှာပေါ့…


#ရွှေရည်ထူးဆေးဆိူင်တွင် ရရှိနိုင်ပါတယ်ရှင့်
#ကျန်းမာပျော်ရွှင်သောနေ့ရက်လေး ဖြစ်ပါစေ

သောက်ဆေးစသောက်တော့မယ့် ယောင်းယောင်းတို့ သိမှတ်ဖွယ်ရာအဖြာဖြာ - ၂ဆေးစစသောက်တဲ့ လတွေမှာ ခန္ဓာကိုယ်က ဟော်မုန်း အတက်အကျကြောင်...
05/01/2022

သောက်ဆေးစသောက်တော့မယ့် ယောင်းယောင်းတို့ သိမှတ်ဖွယ်ရာအဖြာဖြာ - ၂
ဆေးစစသောက်တဲ့ လတွေမှာ ခန္ဓာကိုယ်က ဟော်မုန်း အတက်အကျကြောင့် ဟော်မုန်းရဲ့ ဆိုးကျိုးအနည်းငယ်ခံစားရနိုင်ပါတယ်။
✅ မူးခြင်း
✅ ခေါင်းကိုက်ခြင်း၊
✅ ရင်သားတင်းခြင်း/နာခြင်း၊
✅ ကိုယ်အလေးချိန်တက်ခြင်း၊
✅ ဝက်ခြံ (ပိုဆိုးလားခြင်း/ သက်သာသွားခြင်း၊ များသောအားဖြင့် သက်သာသွားတတ်ပါတယ်)
✅ သွေးပေါင်ချိန်အနည်းငယ်တက်ခြင်း
✅ ရာသီစက်ဝန်းပြောင်းလဲခြင်း (- ရာသီစက်၀န်းပြောင်းလဲတတ်ခြင်း (
အများစုမှာတော့ ရာသီကို လစဉ်မှန်မှန်လာစေပေမယ့် အချို့သောအမျိုးသမီးတွေမှာ စ စသောက်ခြင်းလတွေမှာ ရာသီမမှန်ခြင်း/မလာခြင်း တို့ဖြစ်တတ်ပါတယ်)
⭐️ ခန္ဓာကိုယ်က ဟော်မုန်းကိုကျင့်သားရသွားချိန်မှာ ပုံမှန် ၃လ အတွင်းမှာ သက်သာသွားပါလိမ့်မယ်
ဒါ့အပြင် ဆေးသောက်တာ ၃လကျော်လာပြီဆိုရင်
✅ရာသီလာတာ နည်းနည်း နဲ့ မှန်မှန်လာမယ်
✅ ရာသီလာစဉ်နာကျင်ကိုက်ခဲတာတွေ သက်သာစေမယ် စတဲ့ အချက်လေးတွေကို သိထားဖို့လိုမယ်နော် 😉😉
’s_OK_with_OKPills

သောက်ဆေးစသောက်တော့မယ့် ယောင်းယောင်းတို့ သိမှတ်ဖွယ်ရာအဖြာဖြာ - ၁ 👉🏻 ကိုယ်ဝန်ကို ချက်ချင်း မကာကွယ်နိုင်ပါဘူး။ ✅ ရာသီစလာတဲ့...
05/01/2022

သောက်ဆေးစသောက်တော့မယ့် ယောင်းယောင်းတို့ သိမှတ်ဖွယ်ရာအဖြာဖြာ - ၁
👉🏻 ကိုယ်ဝန်ကို ချက်ချင်း မကာကွယ်နိုင်ပါဘူး။
✅ ရာသီစလာတဲ့ရက်ကနေ ၅ ရက်အတွင်းစသာက်မယ်ဆိုရင်တော့ ချက်ချင်းဆေးအာနိသင်ရနိုင်ပါပြီ။
❎ ကျန်ရက်များမှာ စသောက်မယ်ဆိုရင်တော့ စသောက်တဲ့ရက်ကနေ ၇ရက် အတွင်း အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်းရှောင်ကျဉ်ပါ။ ဆေးအရှိန် ချက်ချင်းမရသေးလို့ပါ။
’s_OK_with_OKPills

အခါတော်မှီလေး😅😅ရှမ်းပျိုမယ် ​သွေးဆေးဘူးလေးကို ရွှေရည်ထူးဆေးဆိုင်မှာ ရရှိနိုင်ပါပီ အပျိုမယ်လေးတို့ရေ😅😉😉 #ရှမ်းပျိုမယ် သွေ...
04/01/2022

အခါတော်မှီလေး😅😅
ရှမ်းပျိုမယ် ​သွေးဆေးဘူးလေးကို ရွှေရည်ထူးဆေးဆိုင်မှာ ရရှိနိုင်ပါပီ
အပျိုမယ်လေးတို့ရေ😅😉😉
#ရှမ်းပျိုမယ် သွေးဆေး
စျေးမတတ်ခင် အပြေးလေး လာဝယ်ကြနော်😁😁

04/01/2022

🔔ဆီးချိုသွေးချိုသမားများတွင် ရှိသင့်သည့် သွေးပေါင်ချိန်🔔

⚡သာမန်သွေးတိုးလူနာတွင် သွေးပေါင်ချိန် ၁၄၀/၉၀ မီလီမီတာ မာကျူရီအောက်ရောက်ရန် သတ်မှတ်ထား‌သော်လည်း ဆီးချိုသွေးချို လူနာတို့တွင် အပေါ်သွေး ၁၃၀အောက် ၊ အောက်သွေး ၈၀အောက်ထိ ရောက်ရန် လိုပါသည်။

🔔အပေါ်သွေးရော ၊ အောက်သွေးပါ နှစ်ခုစလုံး ကျရပါမည်။

⚡ထိုထက်နည်းနေလျှင်လည်း ကောင်းသည်ဟုဆိုသည်။

🔔နေ့ ၊ ည ၂၄ နာရီပတ်လုံး ထိန်းထားရန် လိုသည်။

🔔ဇီဝကမ္မဖြစ်စဥ်အရ သွေးပေါင်ချိန်သည် နံနက်ခင်းတွင် မြင့်တက်နေတတ်ရာ ထိုနံနက်ခင်း သွေးပေါင်ချိန်ပါ စံချိန်မီ ထိန်းထားရပါမည်။

⚡သွေးပေါင်ချိန်သည် ကိုယ်၊ စိတ် လှုပ်ရှားမှုကို လိုက်၍ ပြောင်းလဲလေ့ရှိရာ အမြဲတစေ ပုံသေတည်ငြိမ်နေမည်ဟု မသေချာနိုင်ပါ၊ သင့်တင့်သော အတက်အကျ ကိုတော့ လက်ခံရပါသည်။

⚡တစ်ခါတစ်ရံ အနည်းငယ်တက်သည်ကို သာမန်ဟု မှတ်ယူရပါမည်။

💊သို့ရာတွင် အချိန်တော်တော်များများ ၁၃၀/၈၀ အထက်တွင်ရှိနေလျှင်လည်းကောင်း၊ တစ်ခါတစ်ရံ အလွန်အကျွံ တက်သွားလျှင်လည်းကောင်း သွေးတိုးကျဆေးညှိရန် လိုအပ်ပါသည်။

🚫သွေးပေါင်ချိန် ၁၅၀/၉၀ ခန့်၊ ၁၆၀/၉၅ ခန့် ရံဖန်ရံခါတက်သည်ကို အဆောတလျင် ဆွဲချရန် မလိုပါ။

🔔ယင်းသွေးပေါင်ချိန် ပမာဏဖြင့် ချက်ချင်းလက်ငင်း နှလုံး ၊ လေဖြတ်ဖြစ်မည် မဟုတ်ပါ။

⚡ထိန်းမနိုင် သိမ်းမရ ဆွဲချခြင်းသည်သာ လေဖြတ်၊ နှလုံးဖြစ်စေကြောင်း သတိရှိရပါမည်။ ဆေးညှိရန် ဆရာဝန်နှင့် တိုင်ပင်ရန် လိုမည်ဖြစ်ပါသည်။

💊သွေးကျဆေးကို သွေးပေါင်ချိန်တက်သည့် အချိန်တွင်သာ သောက်ပြီး ကျန်အချိန်များတွင် ရပ်ထားသည်မှာလည်း မှားယွင်းသည့် အပြုအမူဖြစ်သည်။

💊ရည်ရွယ်သည်မှာ ဆေးသောက်ပြီး ပုံမှန်စံချိန်ရောက်အောင် ထိန်းထားခြင်းဖြစ်ရာ သွေးပေါင်ချန်တက်မှ သောက်ခြင်းသည် သွေးတိုးကို နောက်ကလိုက်နေသည်နှင့်တူနေသည်။

💊ဖြစ်သင့်သည်မှာ ဆေးသောက်ပြီး သွေးပေါင်ချိန် မတက်အောင် ထိန်းထားခြင်းဖြစ်သည်။

💊သွေးတိုး သို့မဟုတ် သွေးပေါင်ချိန်သည် ဆေးသောက်သင့်လောက်အောင် မြင့်သည်ဟု သေချာရန်တော့ လိုသည်။

💊ပို၍ဆိုးသည်မှာ ခေါင်းထိုး ၊ ဇက်ကြောတက်သည်ကို သွေးပေါင် မချိန်ဘဲ သွေးတိုးသည်အထင်နှင့် သွေးကျဆေးများကို လက်လွတ်စပယ် သောက်နေကြခြင်းဖြစ်သည်။

⚡သွေးပေါင်ချိန်တိုင်းသည့် အကြိမ်နှင့် အချိန်ကို သတ်မှတ်ထားခြင်းမရှိပါ။

⚡သွေးပေါင်ကျဆေး လိုအပ်ချက် ညှိနေစဥ်တွင် လိုအပ်သလို ချိန်သင့်ပါသည်။

⚡သွေးပေါင်ချိန်ကို သတ်မှတ်စံနှုန်းရောက်အောင် ထိန်းနိုင်ချိန်တွင် တစ်ပတ်တစ်ကြိမ်ခန့်ချိန်ရုံဖြင့် လုံ‌လောက်ပါသည်။

⚡နေ့၊ ည ပြောင်းချိန်ခြင်းဖြင့် 24နာရီပတ်လုံး သွေးပေါင်ချိန်ထိန်းထားနိုင်မှုကို ဆန်းစစ်နိုင်မည်ဖြစ်သည်။

⚡ကျောက်ကပ်အားနည်းမှု နောက်ဆက်တွဲ ပြဿနာရှိနေသော လူနာများတွင် သွေးပေါင်ချိန်ကို ပို၍နည်းအောင် ချရန်လိုပါသည်။

🔔သွေးတိုးလမ်းညွှန်ချက်များအဆိုအရ ၁၂၅/၇၅ မီလီမီတာ မာကျူရီထိချရန် ညွှန်းထားကြပါသည်။🔔
😊ဆီးချိုသွေးချိုနှင့် သွေးတိုး ဝေဒနာရှင်များအတွက် အခုလိုမျိုး အဖိုးထိုက်တန်လှတဲ့ စာပေများကို နေ့စဉ်ပုံမှန်ဖတ်ရှုခွင့်ရလိုပါက ကျွန်မတို့ရဲ့💙 Sinocare Myanmar 💙Page လေးကို Like & Follow လုပ်ထားဖို့ ၊ See First လုပ်ထားဖို့ မမေ့ပါနဲ့ရှင့်။😊🔔
❣️အသိပညာဝေမျှခြင်းဟာလည်း ကုသိုလ်ဒါနတစ်မျိုးဖြစ်တဲ့အတွက် ဒီ Post လေးဟာ စာဖတ်သူတို့ အတွက် အကျိုးတစ်စုံတစ်ရာ ရရှိခဲ့မယ်ဆိုရင် Like & Share လုပ်ရင်းကုသိုလ်ယူနိုင်ပါတယ်ရှင့်။❣️
🙏ကိုယ်စိတ်နှစ်ပါးကျန်းမာရွှင်လန်းကြပါစေရှင်🙏
🍀 အထက်ပါအကြောင်းအရာများကို ပါမောက္ခနေဝင်း (ဆေးပညာ) ရေးသားထားသည့် သွေးချိုဆီးချို စာအုပ်မှကောက်နုတ်ဖော်ပြထားပါသည်။ 🍀
@ Sinocare Myanmar

Bhone Shwe Yi Min Co.,Ltd
ဆီးချိုသွေးတိုးသုတများ

Tothemaရဲ့အားသာချက်ကအရည်ပုံစံနဲ့လာတဲ့အပြင် Serum Iron Level  ကို 24  နာရီအတွင်းမြင့်တက်လာပြီးသံဓါတ်စုပ်ယူမှုအားကောင်းစေသ...
19/12/2021

Tothemaရဲ့အားသာချက်က
အရည်ပုံစံနဲ့လာတဲ့အပြင် Serum Iron Level ကို 24 နာရီအတွင်းမြင့်တက်လာပြီးသံဓါတ်စုပ်ယူမှုအားကောင်းစေသောကြောင့်သံဓါတ်ချို့တဲဲ့ခြင်းနှင့်သွေးအားနည်းခြင်းကိုသက်သာစေပါတယ်။
အဲ့ဒီအပြင် ဆေးရည်ထဲကို ကိုယ်ကြိုက်နှစ်သက်ရာ ဖျော်ရည်တစ်မျိုးမျိုးနဲ့ရောသောက်လို့ရတဲ့အတွက်ကြောင့် ဆေးသောက်ခါနီးတိုင်းဆေးအနံ့ကြောင့် စိတ်မဖိစီးရတော့ဘူးပေါ့။

#ရွှေရည်ထူးဆေးဆိုင် တွင် ရရှိနိုင်ပါပီရှင့်

အသေးစားထိခိုက်ရှနာများအတွက် စိတ်ညစ်မခံပါနဲ့‌ဗိုင်းရပ်စ်အန္တရယ်ရှိနေစဉ် ကာလမှာ သာမန်ထိခိုက်ရှနာများအတွက်ဆေးရုံဆေးခန်းသွား...
13/12/2021

အသေးစားထိခိုက်ရှနာများအတွက် စိတ်ညစ်မခံပါနဲ့

‌ဗိုင်းရပ်စ်အန္တရယ်ရှိနေစဉ် ကာလမှာ သာမန်ထိခိုက်ရှနာများအတွက်
ဆေးရုံဆေးခန်းသွားစရာမလိုပဲ Betadine အနာကျက်ဆေးဗူးနဲ့အိမ်မှာ အလွယ်တကူ ဆေးထည့်ပြီး ဒဏ်ရာသက်သာပျောက်ကင်းနိုင်ပါတယ်..
လူဦးရေနည်းတဲ့ မိသားစုဝင်များအတွက်ဆေးဗူးသေး 15ml, ကိုရွေးချယ်အသုံးပြုနိုင်ပါတယ်..
#ရွှေရည်ထူးဆေးဆိုင်တွင် Betadine 15ml ဘူးလေးရရှိနိုင်ပါပီရှင့်

B6 မဟုတ်သော B6 ကဒ်ပျော့======================သင်ဟာအကြောင်းအမျိုးမျိုးကြောင့် အဝေး ပြေးကွင်းကိုရောက်လေ့ရှိတဲ့သူဆို B6 ကဒ်...
12/12/2021

B6 မဟုတ်သော B6 ကဒ်ပျော့
======================
သင်ဟာအကြောင်းအမျိုးမျိုးကြောင့် အဝေး ပြေးကွင်းကိုရောက်လေ့ရှိတဲ့သူဆို B6 ကဒ်ပျော့ (B6 မဟုတ်) နဲ့ ရင်းနှီးပြီးသားဖြစ်မှာပါ

အဝေးပြေးကားဘေးမှာ ကားမူးပြေဆေး B6 ဘီစစ် ဆိုပြီးလိုက်ရောင်းနေတဲ့ ဆေးကဒ်ပျော့အကြည်ရောင်ထဲက ဆေးအဝါရောင်အလုံးလေးတွေကို သင်ဝယ်သောက်ဘူးကောင်း ဝယ်သောက်ဘူးပါလိမ့်မယ်။

ကားမူးပြေဆေးဆို‌တာတော့မှန်ပါတယ်။ ဒါပေမယ့် B6 လို့ပြောလိုက်ရင်တော့ တက်တက်စင်အောင်လွဲ‌ပါတော့တယ်။

သူရဲ့ နာမည် အစစ်အမှန်ကတော့ Dimenhydrinate ဖြစ်ပါတယ်။ သူဟာ Motion sickness လို့ခေါ်တဲ့ ကားမူး လှေမူးတာ အတွက်တော့ အသုံးဝင်တဲ့ဆေးပါ။ ကား ရထား သင်္ဘော မထွက်ခင် နာရီဝက်အလိုလောက်မှာ ကြိုသောက်ထားရင် ခရီးထွက်တဲ့အခါ မူးရမယ့်အစား မှေးခနဲ မှေးခနဲ သာဖြစ်ပြီး အန်ချင်တာကိုလည်း သက်သာစေပါတယ်။

B6 ရဲ့နာမည်အရင်းကတော့ Vitamin B6 or Pyridoxine ဖြစ်ပါတယ်။ သူဟာလဲ အမူးအမော်သက်သာစေဖို့ အထောက်အကူပြုပါတယ်။

ဒီဆေးနှစ်ခုရဲ့ပုံပန်းသွင်ပြင်ကလည်း စာမပါရင် ချွတ်စွတ်တူပါတယ်။ နှစ်ခုလုံးက အဝါရောင်အလုံးသေးသေးလေးတွေပါ။

သူတို့နှစ်ခုရဲ့ကြားမှာသိသင့်တဲ့ကွာခြားချက်
‌☠️🔥☠️🔥☠️🔥☠️🔥☠️🔥☠️🔥☠️🔥☠️

တကယ်တမ်း ဒီဆေးနစ်ခုတာ အမူးအမော်သက်သာတာရယ် အဝါလုံးချင်းတူတာရယ်ကလွဲရင် ဘယ်နေရာမှ မတူပါဘူး။

ရေမှာပျော်ဝင်နိုင်တဲ့ B6 ဟာများများသောက်ရင် ရူးရူးဝါလာတာကလွဲလို့ဘာမှ အန္တရာယ်မရှိပါ။

သို့သော် ဇာတ်လိုက်ကြော်ကြီး B6 ကဒ်ပျော့ (B6 မဟုတ်) Dymenhydrinate ‌ကတော့ များများသောက်မိရင် ဂစ်ဂစ် ဂစ်ဂစ်နေအောင် တက်တတ်ပါတယ်။

ရပ်ကွက်ထဲကပြဿနာ
=================
ကားစီး ရထားစီး ခရီးသည်တွေ အနေနဲ့ကတော့ တစ်လုံးလောက်ထပ်ပိုသောက်တာ ရှားတဲ့အတွက်ပြသနာမဖြစ်ပေမယ့် တကယ်ပြသနာဖြစ်လာတာကတော့ ရပ်ကွက်ထဲက ဆေးဆိုင် ဆေးခန်းတွေကိုပါ ဒီအခေါ်အဝေါ်ကရောက်လာပြီး တကယ့် ဘီစစ်သောက်ရမယ့်သူတွေကပါ ဒါကို B6 အစစ်အမှန်ထင်ပြီးသောက်လာကြတာပါ။

အထူးသဖြင့် TB ရောဂါရှိသူတွေလို ဘီစစ်အစစ်အမှန်ကို ဆွဲသောက်‌‌နေ‌‌ရသူတွေဟာ ဒါကိုမှားပြီးသောက်နေမယ်ဆိုရင် အဆင်မပြေပါဘူး။
အန္တရာယ်မဖြစ်ရင်တောင် လိုအပ်တဲ့အာရုံကြောအားဖြည့်စေတဲ့ အကျိုးအာနိသင်ကိုဆုံးရှုံးပါတယ်။

ဒါကြောင့် သောက်သုံးတဲ့သူတွေဟာလဲ ဒါဟာ B6 မဟုတ်ဘူးဆိုတာကို သိပြီးရှောင်ကြင်သင့်သလို

ဆေးဆိုင်တွေ ဆေးခန်းဆေးပေးသူတွေ အနေနဲ့လည်း B6 ကဒ်ပျော့ ပေးပါလို့ လာဝယ်သူတိုင်းကို ရော့အင့်လို့မရောင်းလိုက်ပဲ ဒါဟာ B6 မဟုတ်ကြောင်း‌တော့ရှင်းပြပေးသင့်ပါတယ်။

B6 အစစ်အမှန်ဟာဘူးလိုက်လာလေ့ရှိပြီးဈေးနှုန်းလဲပိုသက်သာလေ့ရှိပါတယ်။
B6 အစစ်အမှန်ကိုသောက်သုံးနိုင်ကြပါစေ

အေးချမ်းစံ အထွေထွေရောဂါဆေးခန်း

#ကျွန်တော်ရဲ့လက်တဖက်လူသားတွေအတွက်




ချစ်ရေးချစ်ရာ အဖြာဖြာကိစ္စတွေမှာ.. မမျှော်လင့်ဘဲအတူနေမိတာမျိုး .. နောက် အဆင်သင့်မဖြစ်သေးတဲ့ အချိန်ကာလတစ်ခုမှာ ကိုယ်ဝန်မရ...
09/12/2021

ချစ်ရေးချစ်ရာ အဖြာဖြာကိစ္စတွေမှာ.. မမျှော်လင့်ဘဲအတူနေမိတာမျိုး .. နောက် အဆင်သင့်မဖြစ်သေးတဲ့ အချိန်ကာလတစ်ခုမှာ ကိုယ်ဝန်မရရှိစေဖို့ လူငယ်တိုင်း သိထားသင့်တဲ့ အချက်လေးတွေကို မျှဝေပါရစေ...။လိင်ဆက်ဆံခြင်းကတစ်ဆင့်

👉ကွန်ဒုံးအသုံးပြုခြင်း🌂 🔘❤️
ကွန်ဒုံးတွေက လိင်မှုကိစ္စမှာ အကောင်းဆုံး အကာအကွယ်တွေလို့ ဆိုရင်မမှားပါဘူး။ ကွန်ဒုံးအသုံးပြုခြင်းက မလိုလားတဲ့ကိုယ်ဝန်ကို တားဆီးပေးနိုင်ရုံသာမက ကူးစက်တတ်တဲ့ ရောဂါတွေ (STIs) နဲ့ HIV ရောဂါကိုလည်း ကာကွယ်ပေးပါတယ်။ ကွန်ဒုံးကို မှန်ကန်ထိရောက်စွာအသုံးပြုမယ်ဆိုရင် (၉၈%) အထိ ထိရောက်မှုရှိနိုင်ပါတယ်။ နီးစပ်ရာ ဆေးဆိုင်နဲ့ စတိုးဆိုင်တွေမှာ လွယ်ကူစွာ ဝယ်ယူရရှိနိုင်ပါတယ်။

👉အရေးပေါ်တားဆေး အသုံးပြုခြင်း (1 Safe Pill)❤️
အရေးပေါ်တားဆေးကို မမျှော်လင့်ပဲအတူနေမိတဲ့အခါ၊ ကွန်ဒုံးပေါက်ပြဲတဲ့အခါ စတဲ့ အရေးပေါ်အခြေအနေတွေမှာ အသုံးပြုလို့ရပါတယ်။ လိင်ဆက်ဆံပြီး (၂၄) နာရီအတွင်း သောက်သုံးရင် (၉၃% ) အထိ ထိရောက်မှုရှိပြီး (၇၂) နာရီအတွင်း သောက်သုံးမယ်ဆိုရင် (၈၃%) အထိ ထိရောက်မှုရှိပါတယ်။ လိင်ဆက်ဆံပြီးစောနိုင်သမျှ စောစောသောက်နိုင်လေ အာနိသင်ရှိလေဖြစ်ပါတယ်။ ဆေးသောက်ပြီး (၂)နာရီအတွင်း ပြန်အန်ခဲ့ရင်တော့ ပြန်သောက်ပေးဖို့လိုအပ်ပါတယ်။

👉နေ့စဉ်သောက် သားဆက်ခြားဆေး🔄🔄🔄
နေ့စဉ်သောက်သားဆက်ခြားဆေးကို နေ့စဉ် အချိန်မှန် သောက်မယ်ဆိုရင် ကိုယ်ဝန်ရရှိမှုကို (၉၁%) ကနေ (၉၉ %) အထိ ကာကွယ်ပေးနိုင်ပါတယ်။ ရာသီလာချိန်စသောက်ပါက အတူနေလို့ရပါတယ်။ ကြားရက်တွေမှာ ဆေးစသောက်ပါက ဆေးသောက်ပြီး (၁) ပတ်အကြာမှာ အတူနေလို့ရပါတယ်။ နို့တိုက်မိခင်များအတွက် Lydia Lacta နှင့် ရာသီပုံမှန်လာလိုသူများ၊ ရာသီလာစဉ်ကိုက်ခဲမှု ဝေဒနာတွေကိုပါလျော့စေရန် Lydia Fine စသဖြင့်စုံလင်စွာ ရရှိနိုင်လို့ မိမိနဲ့ကိုက်ညီမယ့် နေ့စဉ်သောက်သားဆက်ခြားကဒ်ကိုရွေးချယ်အသုံးပြုနိုင်ပါတယ်။

***အရေးပေါ်အခြေအနေတွေမှာ အရေးပေါ်တားဆေး(Lydia 1 Safe Pill) ဝယ်မရသူများအနေနဲ့ အရေးပေါ် တားဆေး အစား နေ့စဉ်သောက်သားဆက်ခြားဆေးကို (၈)လုံး တွဲပြီးတကြိမ်တည်း သောက်ပေး လို့လည်းရပါသေးတယ်။***

ဒီအချက်လေးတွေကို လေ့လာပြီး လုံခြုံစိတ်ချ ပျော်ရွှင်ရတဲ့ ဘဝလေးပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းပေး လိုက်ပါတယ်နော်...။
lydia myanmar

#ရွှေရည်ထူးဆေးဆိုင်တွင်လဲ ဝယ်ယူရရှိနိုင်ပါပီရှင့်။

ချစ်တို့ရေ သတင်းကောင်းလေး လာပြီနော်။😘😘အဲ့ဒါဘာလဲဆိုတော့ “Marvelon 28 is back ! “😉 ❤️ ခုဆိုရင် Marvelon 28 ကို OK Pills ရဲ...
09/12/2021

ချစ်တို့ရေ
သတင်းကောင်းလေး လာပြီနော်။😘😘
အဲ့ဒါဘာလဲဆိုတော့ “Marvelon 28 is back ! “😉
❤️ ခုဆိုရင် Marvelon 28 ကို OK Pills ရဲ့ မိခင်အဖွဲ့အစည်းဖြစ်သော PSI မှ မြန်မာပြည်ကို FDA အသိအမှတ်ပြုလက်မှတ်ရရှိပြီး တရားဝင်ပြန်လည်တင်သွင်းရောင်းချနေပြီဖြစ်ပါတယ်။
❤️ Marvelon 28 ဟာဆိုရင် နယ်သာလန်နိုင်ငံထုတ်ဖြစ်ပြီး အရည်အသွေးနဲ့ စိတ်ချရမှု အပိုင်းမှာ ပြောစရာမလိုတာ အားလုံးအသိပါပဲနော်။
🚫 သားဆက်ခြားတဲ့အခါမှာ အရည်အသွေးနဲ့ စိတ်ချရမှုက အထူးအရေးကြီးတဲ့အတွက် ဝယ်ယူတဲ့အခါမှာ အထူးဂရုပြုဖို့က FDA အသိအမှတ်ပြု ရရှိထားတဲ့ Marvelon ဖြစ်ဖို့တော့လိုပါတယ်နော်။

#ရွှေရည်ထူးဆေးဆိုင်တွင်လဲ ဝယ်ယူရရှိနိုင်ပါပီရှင့်။

Address

Pyidaungsu Road
Monywa

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959971207368

Website

Alerts

Be the first to know and let us send you an email when Shwe Yi Htoo Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram