Eant Bhone Thukha Haemodialysis Center & Specialist Clinic

Eant Bhone Thukha Haemodialysis Center & Specialist Clinic Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Eant Bhone Thukha Haemodialysis Center & Specialist Clinic, Medical and health, Bogyoke Road, Ahlone, Monywa., Monywa.

FYI
07/11/2022

FYI

ဝိလာသီ အသင်းကြီးမှ မတည်၍ ကျောက်ကပ်အစားထိုးကုသပေးရန်အတွက် လျှောက်လွှာ ခေါ်ယူခြင်း။

*************************************

(၁) ဝိလာသီ အသင်းကြီး၏ ကျောက်ကပ်အစားထိုးပေးရခြင်း အဓိက ရည်ရွယ်ချက်ဖြစ်သည့် - အစားထိုးပြီးပါက မိမိပတ်ဝန်းကျင် လူ့လောကအတွက်သော်လည်းကောင်း/မိမိနှင့်ဘဝတူ ကျောက်ကပ် ဝေဒနာရှင်များအတွက်သော်လည်ကောင်း အကျိုးပြုနိုင်မည့် လူကိုသာ ဦးစားပေးရွေးချယ်မည်ဖြစ်သည်။

(၂) ကျောက်ကပ်ပျက်စီး၍ လက်ရှိပုံမှန် ကျောက်ကပ်ဆေးနေရသူဖြစ်ရမည်။

(၃) အစားထိုးကုသရန်အတွက် အမှန်တကယ် ခက်ခဲရုန်းကန်နေရသူဖြစ်ရမည်။(မိမိကိုယ်ပိုင်ငွေကြေးဖြင့် အချိန်မရွေး ကုသနိုင်သူမျိုးထက် ကြိုးပမ်းရုန်းကန်၍ အစားထိုးရန် ငွေကြေးစုဆောင်းနေရသူမျိုးဖြစ်ရမည်။)

(၄) ကျောက်ကပ်အလှူရှင် အဆင်သင့်ရှာဖွေထားပြီး ဖြစ်ရမည်။(ဆွေမျိုးဖြစ်စေ/သူစိမ်းဖြစ်စေ)

(၅) လူနာ၏နောက်တွင် အဓိက ငွေကြေးထောက်ပံ့ပေးနိုင်မည့်သူ တဦးဦးကို တင်ပြနိုင်ရမည်။(ဥပမာ - မိဘဆွေမျိုး အစရှိသဖြင့်)။အစားထိုးပြီးပါက တသက်လုံး နောက်ဆက်တွဲပြုလုပ်သွားရမည့် သွေးစစ်ခများ၊စျေးကြီးပါသော သောက်ဆေးများအတွက် တာဝန်ယူရန်ဖြစ်သည်။

(၆) အစားထိုးမည့်လူနာသည် မိမိကျောက်ကပ်ရောဂါနှင့် ပတ်သတ်သည့် ကျွမ်းကျင်သော ဆေးပညာဗဟုသုတ ရှိသူဖြစ်ရမည်။(အစားထိုးပြီးပါက အနေထိုင်အစားသောက် မဆင်ခြင်သည်ဖြစ်စေ/ဆေးပညာဗဟုသုတအားနည်းပြီး လွဲမှားသော လုပ်ဆောင်ချက်များကြောင့် အစားထိုးကျောက်ကပ်မှာ ပြန်လည်ပျက်စီးနိုင်ပါသောကြောင့်ဖြစ်သည်။)

(၇) ပြည်တွင်းအစားထိုးပေးရန် ခွဲစိတ်ခ ဆေးရုံသွင်းငွေသာ အသင်းမှ အပြည့်ဝထောက်ပံ့ပေးမည်ဖြစ်ပါသောကြောင့် တခြား ကုန်ကျစရိတ်အဝဝ အား တာဝန်ယူနိုင်သူဖြစ်ရမည်။(အစားမထိုးမီပြုလုပ်ရသည့် အခြေခံသွေးစစ်ခများ/စင်ကာပူပို့စစ်ရသည့် သွေးနှောသွေးစစ်ခများ/အစားထိုးရာတွင် အသုံးပြုမည့် စျေးကြီးပါသော ဆေးများ/အစားထိုးပြီး ကံမကောင်းမှုကြောင့် Rejection ဖြစ်ပါက နောက်ဆက်တွဲကုန်ကျမည့် ငွေကြေးစရိတ်များအတွက် လူနာဘက်မှ မိမိငွေကြေးဖြင့် ဆောင်ရွက်ရမည်။)

(၈) အထူးသိထားရန်မှာ အသင်းမှ အစားထိုးခွဲစိတ်ခ ဆေးရုံစရိတ်ကိုသာ အပြည့်ဝ ထောက်ပံ့ပေးသွားမည်ဖြစ်သည်။

(၉) ပြည်တွင်းအစားထိုးကုသမှုဖြစ်ပါသောကြောင့် အလှည့်ကျရောက်ရန်မှာ ကြာရှည်စွာစောင့်ဆိုင်းရမည်ဖြစ်သဖြင့် ခွဲစိတ်မည့်အချိန်ကာလထိတိုင်အောင် လုံလောက်သော ကျန်းမာရေးလိုအပ်ချက် ပြည့်စုံသူဖြစ်ရမည်။(​ထိုသို့ ပြည့်စုံရန်လည်း ကြိုတင်ပြင်ဆင် ဂရုစိုက်ထားနိုင်ရမည်။)

(၁၀) အထက်ပါအချက်အရ အစားထိုးစောင့်ဆိုင်းနေရသည့် ကာလများအတွင်း အလှူငွေပိုမိုရရှိခဲ့ပါကလည်း ခွဲစိတ်ခအပြင် ပိုမိုထောက်ပံ့ပေးနိုင်ရန် အသင်းမှဆောင်ရွက်ပေးသွားမည်။(အလှူငွေရရှိမှုအပေါ်မူတည်၍ အကောင်းဆုံး ကြိုးစားပေးသွားမည်ဖြစ်သည်။)

(၁၁) အစားထိုးစောင့်ဆိုင်းနေရသည့် ကာလသည် မည်မျှကြာမည် မခန့်မှန်းနိုင်ပါသောကြောင့် အပြီးသတ်လူနာရွေးချယ်ရာတွင် (၃)ဦး (သို့မဟုတ်) (၅)ဦး ထိရွေးချယ်ထားမည်။တစ်ဦးထဲရွေးချယ်ထားပါက စောင့်ဆိုင်းနေရသည့်ကာလများအတွင်း ကျန်းမာရေးအခြေနေကြောင့် အစားထိုးရန် စံချိန်မမှီတော့ခြင်း/လူနာဆုံးပါးသွားနိုင်ခြင်း အစရှိသည့် ပြသာနာများအား ကာကွယ်နိုင်ရန်ဖြစ်သည်။

(၁၂) အပြီးသတ်အစားထိုးရန် အချိန်ကျရောက်ခါမှသာ အဆုံးသတ် လူနာတဦးအား ရွေးချယ်သွားမည်ဖြစ်ပါသည်။

*အထက်ပါ စည်းကမ်းချက်များအား သေချာနားလည်စွာ ဖတ်ရှူပြီး မိမိနှင့်ကိုက်ညီမှသာ လျှောက်ထားပေးပါရန် သတိပေးပြောကြားလိုပါသည်။ရွေးချယ်မည့် အသင်းအဖွဲ့ဝင်များထဲတွင် လက်ရှိကျောက်ကပ်ဆေးလောကမှ လူနာများနှင့် အကျွမ်းတဝင်ရှိပြီး မြင်တွေ့နေကြဖြစ်နေသောကြောင့် မည်သူမည်ပုံရှိသည်ကို သိရှိပြီးဖြစ်သည့်အတွက် မကိုက်ညီပါက ထည့်သွင်းစဥ်းစားပေးမည်မဟုတ်ပါ။

အကယ်၍ အထက်ပါအချက်အလက်များနှင့် ကိုက်ညီပါက အောက်ပါ လျှောက်လွှာ အချက်အလက်များအားဖြည့်၍ ဝိလာသီအသင်း၏ ပေ့ မက်ဆင်ဂျာ(cb) သို့ပေးပို့လျှောက်ထားရမည်ဖြစ်သည်။
(cmt တွင်လျှောက်ထားခြင်း မပြုလုပ်ပါရန်)

(1) အမည်

(2) အသက်

(3) HD သက်တမ်း

(4) ကျောက်ကပ်ပျက်စီးရသည့် အကြောင်းအရင်း

(5) ကျောက်ကပ်အလှုရှင်၏ နာမည်နှင့် တော်စပ်ပုံ(ဥပမာ - ဦးဘ/ဖခင်)။
သူစိမ်းဆိုပါက သူစိမ်းဟုရေးပါ။

(6) လူနာအားနောက်မှ ငွေကြေးထောက်ပံ့ပေးမည့်သူ

(7) လူနာ၏ ပညာအရည်အချင်းနှင့် လက်ရှိအလုပ်အကိုင်

(8) လူနာ၏ မိသားစု စီးပွားရေးနောက်ခံ - (ဥပမာ - စျေးရောင်းပါသည်)

(9) အစားထိုးရန်အတွက် ပြင်ဆင်ထားမှုရှိပါက လူနာ+အလှူရှင် ၏ ကျောက်ကပ်ဆရာဝန်နှင့် ပြသစစ်ဆေးထားမှု ဆေးမှတ်တမ်း
(မရှိပါက ကျောက်ကပ်ဆရာဝန်နှင့် ပုံမှန်ပြသနေကျ ဆေးမှတ်တမ်း)

(10) လူနာ၏ ကိုယ်ရေးအကျဥ်း

(11) လူနာဓာက်ပုံတပုံ။(mask မထားထားဘဲ မျက်နှာမြင်သာသည့်ပုံ/ ကျောက်ကပ်ဆေးနေသည့် ပုံမဟုတ်လဲရပါသည်။)

*************************************

အထက်ပါ (၁၁) ချက်အား ပြည့်စုံစွာ ဖြည့်စွက်ပြီး အသင်း၏ ပေ့ မက်ဆင်ဂျာ(cb) သို့လျှောက်ထားပေးပါရန်။

လျှောက်ထားရမည့် (၁၁) ချက်အား ဖြည့်စွက်ရလွယ်ကူစေရန် ကွန်းမန့်တွင် သီးသန့်မန့်ထားပေးပါသည်။(Copy/paste) လုပ်ကာ အဆင်သင့်ဖြည့်စွက်နိုင်ပါသည်။

(အငြင်းပွားဖွယ်ရာ တစုံတရာ ကြုံတွေ့ပါက အသင်း၏ ဆုံးဖြတ်ချက်သည်သာ အတည်ဖြစ်သည်။)

10/10/2022

“Crash landers“

ကျောက်ကပ်ဆရာဝန်တွေ စိတ်အညစ်ရဆုံး၊ စိတ်မကောင်းအဖြစ်ရဆုံးက လူနာတစ်ယောက်ဟာ ကျောက်ကပ်ဆေးဖို့လိုမှ၊ အသည်းအသန်ဖြစ်နေမှ သူ့တို့ဆီကို ရောက်ရှိလာခြင်းဖြစ်ပါတယ်။

အဲ့လိုအသည်းအသန် ဖြစ်မှ ရောက်လာတဲ့ ကျောက်ကပ်လူနာတွေကို Crash Landers လို့ခေါ်ကြတယ်။ သူများနိုင်ငံမှာတော့ အဲ့လိုလူနာတွေမရှိအောင် စနစ်တကျ ကာကွယ်တားဆီး ကုသပေးနေကြပါတယ်၊

မြန်မာပြည်မှာတော့ အဲ့လိုလူနာတွေပဲအမြဲလိုလို တွေ့နေရပါတယ်။

မပြည့်စုံတဲ့ငွေကြေး၊ ကျောက်ကပ်ဆေးဖို့နေရာရှားပါးခြင်း၊ အရေးပေါ်ကျောက်ကပ်ဆေးဖို့ ကျောက်ကပ်ဆရာဝန်တွေရှားပါးခြင်းကြောင့် ကျောက်ကပ်လူနာတွေဟာ နေစဥ် သေဆုံးနေရပါတယ်။ နောက်ထပ် ဘယ်လောက်များများသေနေကြရဦးမှာလဲ...

တကယ်တော့ လူတွေရဲ့ အသက်ဟာ တစ်နှစ်ပြီး
တစ်နှစ်ကြီးလာတာပဲရှိသလို နာတာရှည်ကျောက်ကပ်
ရောဂါဟာလည်း တစ်နေ့ပြီးတစ်နေ့ ပိုပိုဆိုးလာတာပဲရှိပါတယ်၊ သူဟာ နောက်ကို ဘယ်တော့မှ မဆုတ်တဲ့ ရောဂါတစ်ခုပါ၊ အဆင့် ၁ ကနေ စပေမယ့် အဆင့် ၅ ကို တစ်ချိန်ချိန်မှာတော့ လူနာတိုင်းရောက်ကြမှာပါ၊ နှေးနှေးရောက်တာနဲ့ မြန်မြန်ရောက်တာပဲကွာပါတယ်။

ကျွန်နော်တို့ တက်နိုင်တာကတော့ ကျောက်ကပ်လူနာတွေဟာ စောစောစီးစီးကုသမှုသေချာရခဲ့ရင် ရောဂါဖြစ်စဉ်ကို နှေးသွားအောင်လုပ်လို့တယ်၊ ဖြစ်လာမယ့် နောက်ဆုံးအခြေနေတွေအတွက် ကုသမှုနည်းလမ်းတွေကို သေချာဆွေးနွေးတိုင်ပင်ပြီး ပြင်ဆင်ထားမယ်၊ အဲ့လိုဆိုရင် သေလုမြောပါးဖြစ်မှရောက်လာမယ့် Crash Landers patients တွေကိုလျော့ချနိုင်မှာဖြစ်ပါတယ်။

လူနာတွေကို အကြံပေးချင်တာက သွေးတိုး၊ ဆီးချို၊ လေးဘက်နာရောဂါတစ်မျိုးမျိုး ရှိလျှင် ကျောက်ကပ်လုပ်ငန်းများကို ပုံမှန်စစ်ဆေးပါ၊ အကိုက်အခဲပျောက်ဆေး၊ မြန်မာဆေး၊တိုင်းရင်းဆေးများကိုရှောင်ပါ၊ ဟိုအရွက်၊ဒီအရွက်တွေ ကျောက်ကပ်အတွက်ဆိုပြီး ကျိုကျိုပြီး ဆေးအဖြစ်မသောက်ကြပါနဲ့။သက်ဆိုင်ရာ ဆရာဝန်များနဲ့ စောစောစီးစီးတိုင်ပင်ပါ၊

အနည်းဆုံးတော့ဗျာ
ငွေးကြေးမရှိပေမယ့်
ဂုဏ်သိက္ခာရှိရှိ
လူ့ဘဝကြီးကနေ ထွက်ခွာသွားဖို့ဆိုတာ
လူသားတိုင်းအတွက် ထိုက်တန်ပါတယ်
Crash Landers patients တွေကိုလျော့ချကြပါစို့ .....။

Dr.Nyi Min Han

🎉Now Opening🎊🎆 စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ အလုံတွင် ( 9.10.2022 ) တနင်္ဂနွေနေ့မှ စတင်၍ ဂျပန်နိုင်ငံမှ နိုင်ငံတကာအဆင့...
06/10/2022

🎉Now Opening🎊

🎆 စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ အလုံတွင် ( 9.10.2022 ) တနင်္ဂနွေနေ့မှ စတင်၍ ဂျပန်နိုင်ငံမှ နိုင်ငံတကာအဆင့်မီ ကျောက်ကပ်သွေးသန့်စင်သည့် စက်အသစ်ကြီးများတပ်ဆင်ထားသော ကျောက်ကပ်သွေးသန့်စင်ရေးဆေးခန်း ( Haemodialysis Center ) ကို ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း အသိပေးအပ်ပါတယ်ရှင့်....။

👨‍⚕️ဆီး၊ ကျောက်ကပ်နှင့် အထွေထွေရောဂါအထူးကု သမားတော်ကြီးနှင့်လည်း အနီးကပ်ဆွေးနွေး၊တိုင်ပင်၊
ကုသနိုင်စေရန်လည်း စီစဉ်ပေးထားပါတယ်ရှင့် .....☺

-------------------------------------------------------------------------

🎉 အထူးဝန်ဆောင်မှု 🎊

* ၂၀၂၂ ခုနှစ် အောက်တိုဘာလ၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလ သုံးလအတွင်း ကျောက်ကပ်သွေးသန့်စင်ခြင်း ( ၁၀ )ကြိမ်ပြည့်ပါက (၁)ကြိမ် အခမဲ့ဆေးနိုင်ခြင်းကို ဝန်ဆောင်မှုပေးမည် ဖြစ်ပါသည်။

* (9.10.2022 မှ 9.11.2022 အတွင်း ) ကျောက်ကပ်သွေးသန့်စင်ခြင်းပြုလုပ်သော ကျောက်ကပ်ဝေဒနာရှင်များအား ကျောက်ကပ်တု ( Dialyzer )အား အခမဲ့ဝန်ဆောင်မှုပေးသွားမည် ဖြစ်ပါသည်။

* ကျောက်ကပ်ဝေဒနာရှင်များ၏ ပုံမှန်စစ်ဆေးနေရသော သွေးဓာတ်ခွဲ၍ရောဂါရှာဖွေခြင်းများအားလုံးအတွက် ဓာတ်ခွဲစစ်ဆေးသည့် အကြိမ်တိုင်းအတွက် (5%) အထူးလျှော့ဈေးနှုန်းထားဖြင့် စစ်ဆေးပေးသွားမည်ဖြစ်ပါသည်။

* ထို့အပြင် မိမိတို့ဆေးခန်းတွင် ပုံမှန်ကျောက်ကပ်ဆေးမည့်လူနာများအနေဖြင့် တစ်လလျှင်တစ်ကြိမ်
ဆီးနှင့်ကျောက်ကပ်အထူးကုသမားတော်ကြီးနှင့်
အခမဲ့ တိုင်ပင်၊ဆွေးနွေး၊ပြသခွင့်ကိုလည်း
ရရှိမည်ဖြစ်ပါသည်။

* ကျောက်ကပ်သွေးသန့်စင်ရာတွင် စက်အတွင်းပုံမှန်ထည့်သွင်းအသုံးပြုရသော သွေးကျဲဆေး ( Heparin ) ကိုလည်း အခမဲ့ပေးသွားမည် ဖြစ်ပါသည်။

* ကျောက်ကပ်သွေးသန့်စင်သည့်ဈေးနှုန်းများမှာ ...
တစ်ကြိမ်လျှင် -

(၁) AVF - လက်မှအကြောမွေးထားသည့်လူနာအတွက် -
၄၅၀၀၀ ကျပ် ၊

(၂) Neckline - လည်ပင်းမှအကြောမွေးထားသည့်လူနာအတွက် - ၅၀၀၀၀ ကျပ် ၊

(၃) Bပိုး၊ Cပိုး ရှိသူ (AVF) လူနာအတွက် - ၅၅၀၀၀ ကျပ်၊

(၄) Bပိုး၊ Cပိုး ရှိသူ ( Neckline ) လူနာအတွက် -
၆၀၀၀၀ ကျပ် ....
......ကျသင့်မည် ဖြစ်ပါသည်။

( သတ်မှတ်ထားသော Promotion ကာလအတွင်း ကျောက်ကပ်ဆေးသည့်လူနာများအတွက် အထက်ပါဈေးနှုန်းများမှာ ကျောက်ကပ်တု (Dialyzer) နှင့် သွေးကျဲဆေး ( Heparin ) အပြီးအစီးပါဝင်သော ဈေးနှုန်းများဖြစ်ပါသည်။ )

--------------------------------------------------------------------------------

🎆 အထက်ပါဝန်ဆောင်မှုများအပြင် ...
ရရှိနိုင်သေးသော အခြားဝန်ဆောင်မှုများမှာ ......🎇

✅ Bပိုး၊ Cပိုးရှိသူ လူနာများအတွက် သီးသန့် HD စက်ဖြင့် ဝန်ဆောင်မှုပေးခြင်း ၊

✅ နေ့စဉ် နံနက် (၇)နာရီမှ ည (၇)နာရီအထိ ပိတ်ရက်မရှိ ဝန်ဆောင်မှုပေးခြင်း ၊

✅ ဆီးနှင့်ကျောက်ကပ်အထူးကုသမားတော်ကြီးကိုယ်တိုင် အနီးကပ်ညွှန်ကြား၊ ကြီးကြပ်ကုသပေးခြင်း ၊

✅ ဝါရင့် ကျွမ်းကျင် ဆရာ၊ဆရာမများမှ နွေးထွေးစွာ ဝန်ဆောင်မှုပေးခြင်း ၊

✅ သန့်ရှင်း၊သပ်ရပ်၍ ဆိတ်ငြိမ်၊အေးချမ်းသော အခန်းများတွင် စိတ်ချမ်းသာစွာ ဝန်ဆောင်မှုရယူနိုင်ခြင်း ၊

✅ လူနာစောင့်များအတွက် သန့်ရှင်းပြီး ဆိတ်ငြိမ်အေးချမ်းသော ဧည့်ခန်းတွင် စိတ်အေးသက်သာစွာစောင့်ဆိုင်း၊အနားယူနိုင်ခြင်း .....

စသည်တို့ဖြစ်ပါသည်။

💧ထို့အပြင် ကျောက်ကပ်ဆေးရာတွင် အသုံးပြုသော R.O ရေ၏ Water Quality ကိုလည်း သတ်မှတ်ထားသော လစဉ်တိုင်းတွင် အမျိုးသားဓာတ်ခွဲခန်း ( National Health Laboratory ) သို့ R.O water sample ပို့၍ စစ်ဆေးစေမည်ဖြစ်ပါသည်။ 💧

☎ ကျောက်ကပ်သွေးသန့်စင်ခြင်းနှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုခြင်း ၊ Booking တင်လိုခြင်းများအတွက် ဖုန်းဆက်ခြင်းအပြင် Page Messenger နှင့် Viber များမှလည်း ဆက်သွယ်၊မေးမြန်း၊စုံစမ်းနိုင်ပါသည်။📲

📞 - 09- 459 679 396 , 09- 740 919 594 ,
09- 756 736 164 , 09- 794 911 230 ,

📲 - 09- 740 919 594 , 09- 794 911 230 ,

🏥 - လိပ်စာ - ဗိုလ်ချုပ်လမ်းမ (မုံရွာ-ရေဦး ကားလမ်းမဘေး ၊ အလုံသုံးမြှောင့်ချွန်းအကျော် ၊ "ရွှေ" အအေးဆိုင်ဘေးကပ်လျက် ) အလုံ၊ မုံရွာမြို့ ။


Address

Bogyoke Road, Ahlone, Monywa.
Monywa

Telephone

+959794911230

Website

Alerts

Be the first to know and let us send you an email when Eant Bhone Thukha Haemodialysis Center & Specialist Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram