𝔽𝕠𝕠𝕕 𝕒𝕥 𝕄𝕠𝕟𝕪𝕨𝕒

𝔽𝕠𝕠𝕕 𝕒𝕥 𝕄𝕠𝕟𝕪𝕨𝕒 မုံရွာမြို့မှ အစားအသောက်ကောင်းလေးတ

ဘယ်ဆန်အမျိုးအစားချက်ချက် ရေစိမ်ကြပါ။"ဆန်ကို မချက်မီ ရေစိမ်ထားသင့်သည့် အကြောင်းများ"“တစ်ည”ရေစိမ်ထားနိုင်မယ်ဆိုရင် Arsenic...
09/01/2025

ဘယ်ဆန်အမျိုးအစားချက်ချက် ရေစိမ်ကြပါ။
"ဆန်ကို မချက်မီ ရေစိမ်ထားသင့်သည့် အကြောင်းများ"

“တစ်ည”ရေစိမ်ထားနိုင်မယ်ဆိုရင် Arsenic ပမာဏဟာ ၈၀% ခန့် လျော့ကျသွားပါသတဲ့။
တစ်ည မစိမ်နိုင်ရင်လည်း ၃-၄ နာရီပေါ့။

Arsenic ဟာ heavy metal စာရင်းထဲမှာ ပါနေပါတယ်။
"Heavy metalဆိုသည်မှာ အလွန်သိပ်သည်းဆမြင့်မားပြီး အဆိပ်သင့်မှု သို့မဟုတ် အဆိပ်ပြင်းသည့် သတ္တုဒြပ်စင်မှန်သမျှကို ရည်ညွှန်းပါတယ်"

"Arsenic ၏ ဘေးရန်"
===============
Arsenic အဆိပ်သင့်ရင် နှလုံးရောဂါ/ဆီးချို/ကင်ဆာရောဂါ များနဲ့ ဆက်နွယ်နေပါတယ်တဲ့။ ကလေးတွေရဲ့ပုံမှန် သိမြင်မှု ဖွံ့ဖြိုး တိုးတက်ရေးကိုလဲ နှောင့်နှေးစေတတ်ပါတယ်တဲ့။(cognitive development)
(WHO )

Arsenic ဟာ ဘယ်လိုကြောင့် ဆန်ထဲမှာ ရောက်နေရတာပါလဲ?
======================================
ဆန်စပါး စိုက်ပျိုးတဲ့အခါ စပါးပင်တွေဟာ အခြားအပင်တွေထက် Arsenicကို ပိုပြီး စုတ်ယူတတ်ပါတယ်တဲ့။
မြေကြီးထဲက ဖြစ်စေ/စပါးပင်တွေကို ပေးတဲ့ရေထဲက ဖြစ်စေ/
အချို့သော ဓာတ်မြေဩဇာထဲက ဖြစ်စေ/ ပိုးသတ်ဆေး ပေါင်းသတ်ဆေး စသည်ဖြင့်ကနေ ဖြစ်စေ စပါးထဲကို ရောက်ပါသတဲ့။

👉ဆန်ကို မချက်ခင် ဆေးပြီးတဲ့အခါ ရေစိမ်သင့်တဲ့ အဓိက အကြောင်း ဖြစ်ပါတယ်။ လုပ်နေကျဆိုရင် ကျင့်သား ရသွားပါလိမ့်မယ်။

အခြားအကြောင်းတွေကတော့ ထမင်းချက်ဖို့ ကြာချိန်ဟာ လည်း လျော့သွားပါတယ်။ ဆန်အစေ့တွေဟာ ရေနဲ့ဝလာပြီး ပျော့ပြောင်းလာပါတယ်။

လေ့လာချက်များအရCalifornia, Pakistan နဲ့ Indiaတို့က Sushi rice / Basmati riceဆန်တွေဟာ Arsenic နည်းပါသတဲ့။

မြန်မာပြည်မှာလည်း “ဒေသအလိုက်” Arsenic level အနည်းအများ ကွာခြားမှု ရှိနိုင်ပါတယ်။

ကိုယ်လုပ်ရမဲ့ တာဝန်ကတော့ ဆန်ကို ရေဆေးပြီးတဲ့အခါ ရေစိမ်ဖို့ပါ။
ရေစိမ်ထားတဲ့ဆန်ဟာ ချက်ရင်လဲ ပိုလှတယ်/ နူးနူးညံ့ညံ့လဲ ရှိတယ်။
Heavy metal Arsenic လျော့နည်းမယ်ဆိုတော့လဲ လုပ်သင့်လုပ်ထိုက်တာ လုပ်ရမှာပါပဲ။

အစစ အရာရာမှာ ဗဟုသုတနဲ့ပြည့်စုံနေတာ ကိုယ်အတွက် သာမက မိသားစု အတွက်ပါ အလွန်ကောင်းပါတယ်နော်။

အရသာရှိသော ပသျှူးထမင်းကြော်နည်း*********************************လိုအပ်သော ပစ္စည်းများပြောင်းဖူး တစ် ဖူး(အဝါ)ဘိုစားပဲသီး ...
23/08/2023

အရသာရှိသော ပသျှူးထမင်းကြော်နည်း
*********************************
လိုအပ်သော ပစ္စည်းများ
ပြောင်းဖူး တစ် ဖူး(အဝါ)
ဘိုစားပဲသီး အနည်းငယ်
ရွှေပဲသီးအနည်းငယ်
ပန်းဂေါ်ဖီ အနည်းငယ်
မုံလာဥနီ တစ်လုံး
ဂျပန်ပြောင်းဖူး တစ်ထုပ်
ကြက်သား ၁၅ကျပ်သား(ပြုတ်ပြီး အသေးတုံးထားရန်)
တရုတ်မဆလာ အနည်းငယ်
ငရုတ်သီး အစိမ်းမှုန့် စတီဇွန်း တစ်ဇွန်း
အသားမှုန့်အနည်းငယ်
ငရုတ်ကောင်းမှုန့်အနည်းငယ်
ခရုဆီ စတီးဇွန်း တစ်ဇွန်း
သကြားစတီးဇွန်း တစ်ဇွန်း
ပဲငံပြာရည် စတီးဇွန်းတစ်ဇွန်း
ကြက်ဥ နှစ်လုံး
ထမင်း တည်ထားပြီးသား နှစ်လုံး
ဆီ ၇ ကျပ်ခွဲသားခန့်
ပထမဆုံး ထမင်းတည်ထားပြီးသားထဲသို့ အသားမှုန့်အနည်းငယ် ပဲငံပြာရည် အနည်းငယ်ထည့်၍နယ်ထားပါ
အိုးပူလျှင် ဆီထည့်ပါ
ကြက်ဥကို မွှေထည့်ပါ
ပြုတ်ထားသော ကြက်သားအတုံးလေးများထည့်ပါ
ငရုတ်သီးအစိမ်းမှုန့် ထည့်ပါ
ငရုတ်သီးအစိမ်းအနံ့ပျောက်စေရန် ၅မိနစ်လောက်မွှေပေးပါ
အသီးအရွက် အစုံလှီးထားပြီးရေစစ်ထားပါ
ငရုတ်သီးအစိမ်းနံ့ပျောက်လျှင် အသီးအရွက်များကိုထည့်ပါ
အသားမှုန့်ထည့်ပါ တရုတ်မဆလာထည့်ပါ
သကြားနည်းနည်းထည့်ပါ
ခရုဆီထည့်ပါ
၁၀မိနစ်လောက်ကြော်ပေးပါ
အသီးအရွက်များနွမ်းသည်အထိကြော်ပေးပါ(မိမိစိတ်ကြိုက်အနေအထား ရသည်အထိကြော်ပါ)
ငရုတ်ကောင်းအမှုန့်ထည့်ပါ
နယ်ထားသောထမင်းများကိုထည့်ကြော်ပေးပါ ၅မိနစ်လောက်မွှေပေးပါ။

Address

Monywa

Website

Alerts

Be the first to know and let us send you an email when 𝔽𝕠𝕠𝕕 𝕒𝕥 𝕄𝕠𝕟𝕪𝕨𝕒 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram