မေတ္တာရိပ် အထူးကုဆေးခန်း

  • Home
  • Myanmar
  • Monywa
  • မေတ္တာရိပ် အထူးကုဆေးခန်း

မေတ္တာရိပ် အထူးကုဆေးခန်း Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from မေတ္တာရိပ် အထူးကုဆေးခန်း, Medical and health, ချမ်းသာကြီးဘုရားလမ်း၊ကျောက္ကာလမ်း နှင့် စျေးလမ်းကြား၊, ဆူးလေကုန်းရပ်၊ မုံရွာမြို့။, Monywa.

အသည်းရောင်အသားဝါ ဘီပိုး ကင်းစင်ဖို့ရာ မေတ္တာရိပ်မှာ ဆေးထိုးပါကမ္ဘာတစ်ဝှမ်းမှာ ဖြစ်ပွားနေတဲ့ အသည်းရောင်အသားဝါ ဘီပိုး (Hep...
19/02/2025

အသည်းရောင်အသားဝါ ဘီပိုး ကင်းစင်ဖို့ရာ မေတ္တာရိပ်မှာ ဆေးထိုးပါ

ကမ္ဘာတစ်ဝှမ်းမှာ ဖြစ်ပွားနေတဲ့ အသည်းရောင်အသားဝါ ဘီပိုး (Hepatitis B Virus) ဗိုင်းရပ်စ်ပိုးက နာတာရှည်အသည်းရောဂါနှင့် အသည်းကင်ဆာကိုဖြစ်စေဖို့အတွက် အဓိကအကြောင်းအရင်းပဲဖြစ်ပါတယ်။

ဘယ်လိုအခြေအနေတွေမှာ ကူးစက်နိုင်လဲ?
🩺ကလေးမွေးဖွားခြင်း
🩺ရောဂါပိုးရှိသူရဲ့သွေးနဲ့ ပွင့်နေတဲ့ဒဏ်ရာများနဲ့ ထိတွေ့ခြင်း
🩺ရောဂါပိုးရှိသူနဲ့ လိင်ဆက်ဆံခြင်း
🩺သွားတိုက်တံကဲ့သို့သော ပိုးမွှားများနဲ့ ထိတွေ့နိုင်ခြေရှိသော ပစ္စည်းများ မျှဝေသုံးစွဲခြင်း တို့ကနေတစ်ဆင့် ဒီပိုးကို ကူးစက်နိုင်ပါတယ်။

အသည်းရောင်အသားဝါ ဘီပိုး ကူးစက်ခံရမယ်ဆိုရင် ပြင်းထန်တဲ့အသည်းရောင်ရောဂါဖြစ်ပွားနိုင်ပြီး ကိုယ်ခံအားကောင်းမွန်တဲ့သူများက ပြန်လည်ကောင်းမွန်နိုင်ပြီး ကိုယ်ခံအားနည်းသူများကတော့ ခန္ဓာကိုယ်က ဗိုင်းရပ်စ်ပိုးကို မဖယ်ရှားနိုင်တော့ဘဲ နာတာရှည်အသည်းရောင်ခြင်း၊ အသည်းခြောက်ခြင်း၊ အသည်းပျက်စီးခြင်းနဲ့ အသည်းကင်ဆာတို့ ဖြစ်ပွားနိုင်ပြီး အသက်အန္တရာယ်စိုးရိမ်ရတဲ့ထိ ဖြစ်နိုင်ပါတယ်။

ဒါကြောင့် အလွယ်တကူကူးစက်နိုင်တဲ့ ဒီဗိုင်းရပ်စ်ပိုးကို မကူးစက်အောင် ကြိုတင်ကာကွယ်ဆေးထိုးကြတာပဲဖြစ်ပါတယ်။
မွေးကင်းစကနေစပြီး လူတိုင်းကြိုတင်ကာကွယ်ထားသင့်တဲ့ ဗိုင်းရပ်စ်ပိုးဖြစ်တာကြောင့် ကိုယ်တိုင်က ကာကွယ်ဆေးမထိုးရသေးဘူးဆို အချိန်မလွန်ခင် ကြိုတင်ကာကွယ်ထားဖို့ အကြံပြုချင်ပါတယ်ရှင်။

မုံရွာမြို့သူမြို့သားများအတွက်ကတော့ မေတ္တာရိပ်ဆေးခန်းမှာ အသည်းရောင်အသားဝါဘီပိုးကာကွယ်ဆေးကို လာရောက်ထိုးနှံနိုင်သလို
အခြားရောဂါနဲ့ ကာကွယ်ဆေးများအတွက်လည်း ဘိုကင်ယူပြီး တိုင်ပင်ဆွေးနွေးနိုင်ပါတယ်ရှင်။

အသေးစိတ်တိုင်ပင်ဆွေးနွေးချင်တယ်ဆိုရင်တော့
🏥ဘူတာလမ်းနှင့် ကျောက္ကာလမ်းကြား၊ ချမ်းသာကြီး ဘုရားလမ်း၊ ဆူးလေကုန်းရပ်၊ မုံရွာမြို့။
☎️09-427521755, 09-780059769, 09-762242034

🧰မှန်ကန်မျှတသော ဈေးနှုန်း၊ နွေးထွေးကျွမ်းကျင်သော ဝန်ဆောင်မှုများကို ပိတ်ရက်မရှိ ဆောင်ရွက်ပေးနေပါပြီ

#မေတ္တာရိပ်အထူးကုဆေးခန်း
#အဆင့်မြင့်ရောဂါရှာဖွေရေး
#အထွေထွေရောဂါကုဆေးခန်း
#ဆေးအမျိုးမျိုးရောင်းဝယ်ရေး

ရာသီသုံးပါးလုံးဒုက္ခပေးတဲ့ အရေပြားရောဂါပြဿနာများအရေပြားဆိုတာက ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးအုပ်ထားပြီး ကိုယ်ခံအားစနစ်ရဲ့ ပ...
15/02/2025

ရာသီသုံးပါးလုံးဒုက္ခပေးတဲ့ အရေပြားရောဂါပြဿနာများ

အရေပြားဆိုတာက ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးအုပ်ထားပြီး ကိုယ်ခံအားစနစ်ရဲ့ ပထမဦးဆုံးနဲ့ အပြင်ဘက်အကျဆုံး ခံတပ်တစ်ခုဖြစ်တဲ့အပြင် ရောဂါပိုးမွှားတွေကို အသက်ရှူလမ်းကြောင်း၊ အစာရေမျိုလမ်းကြောင်းကနေ ခန္ဓာကိုယ်ထဲ မဝင်ရောက်စေဖို့ တားဆီးပေးပါတယ်။
ဒီလိုပြင်ပအန္တရာယ်တွေနဲ့ တိုက်ရိုက်ထိတွေ့နေရတဲ့ အရေပြားမှာလည်း အရေပြားရောဂါဆိုတာက ဖြစ်ဖို့ လွယ်ကူပါတယ်။

အဖြစ်များတဲ့ အရေပြားပြဿနာတွေကတော့
🩺 ဝက်ခြံ
🩺 ရေယုန်နာ
🩺 အရည်ကြည်ဖု
🩺 နေရောင်ခြည်နှင့် ထိတွေ့မှုများခြင်းကြောင့်ဖြစ်သော အရေပြားအနာ
🩺 နာတာရှည်အရေပြားရောဂါ ရိုစေးရှာ
🩺 အနာပဆုပ်
🩺 နှင်းခူရောဂါ
🩺 ရေကျောက်ပေါက်ခြင်း
🩺 အရေပြားရောင်ခြယ်ဆဲလ်များ ပျောက်ဆုံးခြင်း
🩺 ဝဲစို၊ ဝဲခြောက်
🩺 ပွေးပေါက်ခြင်း
🩺 ကြွက်နို့
🩺 ညှင်း
🩺 ဓာတ်မတည့်ပစ္စည်းနှင့် ထိတွေ့ပြီးနောက် အနာဖြစ်ခြင်းတို့ဖြစ်ပါတယ်

ဒီလိုအရေပြားပြဿနာတွေကို အဖြစ်များစေတဲ့ အကြောင်းအရာတွေကတော့
🧰နေရောင်ခြည်နှင့် ထိတွေ့မှုများခြင်း
🧰အစိုဓာတ်၊ ရေဓာတ် ခန်းခြောက်ခြင်း
🧰နေထိုင်မှုစားသောက်မှုပုံစံ
🧰ပတ်ဝန်းကျင်က ထိတွေ့မိတဲ့အရာတွေ
🧰မိဘမျိုးရိုး
🧰ပတ်ဝန်းကျင်မသန့်ရှင်းခြင်း တို့ကြောင့်ဖြစ်ပါတယ်

ဒါကြောင့် အရေပြားမှာ
⚠️အလွန်အမင်းယားယံတာ
⚠️ပုံမှန်အသားအရောင်နဲ့ မတူတဲ့အကွက်တွေဖြစ်တာ
⚠️အနီစက်များနဲ့ အပိန့်များ အင်ပျဉ်ကွက်များထနေတာ
⚠️အရေခွံတွေကွာနေတာ
⚠️မကောင်းတဲ့အနံ့အသက်တွေထွက်နေတာ
⚠️ပြည်တည်တာ, ပုံမှန်မဟုတ်တဲ့အရည်များစိမ့်ထွက်နေတာ စတဲ့ လက္ခဏာတွေကို ကြုံတွေ့ရပြီဆိုရင်တော့ ကိုယ့်ဘာသာ ဆေးဝယ်လိမ်းတာ၊ သောက်တာ၊ ဆေးမြီးတိုနဲ့ ကုသတာမျိုး မလုပ်ဘဲ နားလည်တတ်ကျွမ်းတဲ့ အရေပြားဆရာဝန်နဲ့သာ စစ်ဆေးကုသမှုခံယူဖို့ အကြံပေးလိုက်ချင်ပါတယ်ရှင်။

အသေးစိတ်တိုင်ပင်ဆွေးနွေးချင်တယ်ဆိုရင်တော့
🏥ဘူတာလမ်းနှင့် ကျောက္ကာလမ်းကြား၊ ချမ်းသာကြီး ဘုရားလမ်း၊ ဆူးလေကုန်းရပ်၊ မုံရွာမြို့။
☎️09-427521755, 09-780059769, 09-762242034

🧰မှန်ကန်မျှတသော ဈေးနှုန်း၊ နွေးထွေးကျွမ်းကျင်သော ဝန်ဆောင်မှုများကို ပိတ်ရက်မရှိ ဆောင်ရွက်ပေးနေပါပြီ

#မေတ္တာရိပ်အထူးကုဆေးခန်း
#အဆင့်မြင့်ရောဂါရှာဖွေရေး
#အထွေထွေရောဂါကုဆေးခန်း
#ဆေးအမျိုးမျိုးရောင်းဝယ်ရေး

သတိထားသင့်တဲ့ သွေးအားနည်းရောဂါလက္ခဏာများသွေးအားနည်းရောဂါဆိုတာက ခန္ဓာကိုယ်မှာ heamoglobin မလုံလောက်တာကြောင့် ခံစားရတဲ့ ရေ...
11/02/2025

သတိထားသင့်တဲ့ သွေးအားနည်းရောဂါလက္ခဏာများ

သွေးအားနည်းရောဂါဆိုတာက ခန္ဓာကိုယ်မှာ heamoglobin မလုံလောက်တာကြောင့် ခံစားရတဲ့ ရောဂါတစ်ခု ဖြစ်ပါတယ်။
သွေးအားနည်းရောဂါဖြစ်တယ်ဆိုရင် ခန္ဓာကိုယ်မှာ အောက်စီဂျင်လုံလုံလောက်လောက်မရရှိတာကြောင့် အလုပ်ကောင်းကောင်းမလုပ်နိုင်တော့ပါဘူး။
ဒီရောဂါကို အဓိကဖြစ်စေတဲ့အကြောင်းရင်းတွေကတော့ သွေးနီဥဆဲလ်တွေ မရှိတာကြောင့် ဖြစ်ပါတယ်။
ခန္ဓာကိုယ်က သွေးနီဥဆဲလ်တွေကို လုံလုံလောက်လောက်မထုတ်ပေးနိုင်တာ ဒါမှမဟုတ် သွေးထွက်များလို့ သွေးနီဥဆဲလ်တွေ ဆုံးရှုံးသွားတာ, သွေးနီဥဆဲလ်များဖျက်ဆီးခံရတာနဲ့ တချို့ရောဂါတွေကြောင့် သွေးနီဥဆဲလ်များ ဖျက်ဆီးခံရခြင်းတွေက သွေးအားနည်းရောဂါကို ဖြစ်ပွါးစေပါတယ်

အဖြစ်များတဲ့ သွေးအားနည်းရောဂါတွေကတော့
🩺သံဓါတ်ချို့တဲ့သော သွေးအားနည်းရောဂါ
🩺ဗီတာမင် ချို့တဲ့သော သွေးအားနည်းရောဂါ
🩺ဆဲလ်အသစ်မထုတ်နိုင်သော သွေးအားနည်းရောဂါ
🩺သွေးနီဥဆဲလ်များ ပျက်စီးသော သွေးအားနည်း ရောဂါ
🩺တံစဉ်ပုံ ဆဲလ်များဖြစ်သော သွေးအားနည်းရောဂါတွေပဲဖြစ်ပါတယ်။

သွေးအားနည်းရောဂါရဲ့ လက္ခဏာတွေကတော့.....
မောပန်းနွမ်းနယ်ခြင်း၊ အားနည်းခြင်း၊ အသားအရည် ဖျော့ တော့ခြင်း၊ နှလုံးခုန်နှုန်း မမှန်ခြင်း၊ အသက်ရှူခက်ခြင်း၊ မူးဝေ ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ ခြေလက် အေးခြင်း၊ ခေါင်းကိုက် ခြင်းတို့ ဖြစ်ပါတယ်။
ဒီလိုရောဂါမျိုးက အစပိုင်းမှာ သေချာသတိမထားမိနိုင်ပေမယ့် ရောဂါဆိုးလာလေလေ လက္ခဏာများ ပိုဆိုးလာလေလေဖြစ်ပါတယ်။

ဒါကြောင့် သံဓါတ် ဒါမှမဟုတ် ဗီတာမင်ချို့တဲ့ခြင်းကြောင့် ဖြစ်တဲ့ သွေးအားနည်းရောဂါဆိုရင် ကုသမှုအနေနဲ့ လိုအပ်တဲ့အာဟာရကို ထောက်ပံ့ပေးတဲ့ဆေးတွေကို သောက်သုံးနိုင်ပြီး
အခြားအကြောင်းရင်းခံရောဂါတွေရှိမယ်ဆိုရင်တော့ ကျွမ်းကျင်တဲ့ဆရာဝင်ဆီမှာ ဆွေးနွေးတိုင်ပင်ကုသနိုင်ပါတယ်။

အသေးစိတ်တိုင်ပင်ဆွေးနွေးချင်တယ်ဆိုရင်တော့
🏥ဘူတာလမ်းနှင့် ကျောက္ကာလမ်းကြား၊ ချမ်းသာကြီး ဘုရားလမ်း၊ ဆူးလေကုန်းရပ်၊ မုံရွာမြို့။
☎️09-427521755, 09-780059769, 09-762242034

🧰မှန်ကန်မျှတသော ဈေးနှုန်း၊ နွေးထွေးကျွမ်းကျင်သော ဝန်ဆောင်မှုများကို ပိတ်ရက်မရှိ ဆောင်ရွက်ပေးနေပါပြီ

#မေတ္တာရိပ်အထူးကုဆေးခန်း
#အဆင့်မြင့်ရောဂါရှာဖွေရေး
#အထွေထွေရောဂါကုဆေးခန်း
#ဆေးအမျိုးမျိုးရောင်းဝယ်ရေး

တိကျမြန်ဆန်အဖြေထွက်ဖို့ မေတ္တာရိပ်မှာ သွေးစစ်စို့နိုင်ငံခြားထွက်ဖို့ စီစဉ်ထားတဲ့ကျောင်းသားကျောင်းသူများ၊ လုပ်ငန်းခွင်ဝင်...
04/02/2025

တိကျမြန်ဆန်အဖြေထွက်ဖို့ မေတ္တာရိပ်မှာ သွေးစစ်စို့

နိုင်ငံခြားထွက်ဖို့ စီစဉ်ထားတဲ့ကျောင်းသားကျောင်းသူများ၊ လုပ်ငန်းခွင်ဝင်မယ့်သူများ၊ သင်္ဘောတက်မယ့်သူ များအနေနဲ့ သက်ဆိုင်ရာဌာနသို့မဝင်ခင်မှာ ဆေးစစ်ချက်လက်မှတ်ပြုလုပ်ရပါတယ်။ အဓိကကတော့ လုပ်ငန်းခွင် မဝင်ခင်မှာ ကျန်းမာရေးစစ်ဆေးမှုအောင်မြင်မှသာ ခန္ဓာကိုယ်ကျန်းမာရေးကောင်းမွန်ပြီး အလုပ်ကိုထိထိရောက် ရောက်လုပ်ဆောင်နိုင်မှာဖြစ်ကြောင်းဆေးစစ်ချက်လက်မှတ်နဲ့ အတည်ပြုတာဖြစ်ပါတယ်။

✨မေတ္တာရိပ်အထူးကုဆေးခန်းနှင့်ရောဂါရှာဖွေရေးဆေးခန်းမှာတော့ နိုင်ငံခြားထွက်ဖို့ စီစဉ်ထားသူများ, မှတ်ပုံတင်လုပ်ချင်သူများနဲ့ အခြားသွေးစစ်ဖို့လိုအပ်သူများအတွက် အောက်ပါသွေးစစ်ခြင်းတွေကို
သင့်တင့်တဲ့နှုန်းထားနဲ့ အထူးဦးစားပေးဆောင်ရွက်လျက်ရှိပါတယ်။

🩺သွေးအုပ်စုအမျိုးအစားခွဲစစ်ပေးခြင်း (Blood Group)
🩺ဘီပိုးရှိ/မရှိစစ်ပေးခြင်း (Hepatitis B)
🩺စီပိုးရှိ/မရှိစစ်ပေးခြင်း (Hepatitis C)
🩺အေပိုးရှိ/မရှိစစ်ပေးခြင်း (HIV)
🩺ကာလသားပိုးရှိ/မရှိစစ်ပေးခြင်း (Syphilis)
🩺အဆုတ်တီဘီရောဂါရှိ/မရှိစစ်ပေးခြင်း (Pulmonary TB)

အသေးစိတ်တိုင်ပင်ဆွေးနွေးချင်တယ်ဆိုရင်တော့
🏥ဘူတာလမ်းနှင့် ကျောက္ကာလမ်းကြား၊ ချမ်းသာကြီး ဘုရားလမ်း၊ ဆူးလေကုန်းရပ်၊ မုံရွာမြို့။
☎️09-427521755, 09-780059769, 09-762242034

🧰မှန်ကန်မျှတသော ဈေးနှုန်း၊ နွေးထွေးကျွမ်းကျင်သော ဝန်ဆောင်မှုများကို ပိတ်ရက်မရှိ ဆောင်ရွက်ပေးနေပါပြီ

#မေတ္တာရိပ်အထူးကုဆေးခန်း
#အဆင့်မြင့်ရောဂါရှာဖွေရေး
#အထွေထွေရောဂါကုဆေးခန်း
#ဆေးအမျိုးမျိုးရောင်းဝယ်ရေး

ကိုယ််ဝန်မရဖို့အတွက် ဘယ်နည်းလမ်းကို ရွေးချယ်ထားလဲ? 👩🏻‍⚕️သားဆက်ခြားနည်းလမ်းတွေဆိုတာက ကိုယ်၀န်ရှိခြင်းကနေကာကွယ်ဖို့အတွက် ထ...
17/01/2025

ကိုယ််ဝန်မရဖို့အတွက် ဘယ်နည်းလမ်းကို ရွေးချယ်ထားလဲ? 👩🏻‍⚕️

သားဆက်ခြားနည်းလမ်းတွေဆိုတာက ကိုယ်၀န်ရှိခြင်းကနေကာကွယ်ဖို့အတွက် ထိရောက်မှု့မြင့်မားတဲ့အပြင် အားသာချက်အများကြီးရှိပြီး ရေရှည်ကာကွယ်နိုင်ပါတယ်။

ကလေးယူဖို့ အဆင်သင့်မဖြစ်သေးတဲ့အချိန်မှာ ကိုယ်ဝန်ရသွားမယ်ဆိုရင် မိဘတွေအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်လာနိုင်ပါတယ်။

💁🏻‍♀️ဒီလိုအကြောင်းအမျိုးမျိုးကြောင့် သားဆက်ခြားနည်းလမ်းတွေအသုံးပြုနေကြတဲ့ အိမ်ထောင်ရှင်အမျိုးသမီးများအတွက် မေတ္တာရိပ်ရဲ့ အမေးအဖြေအစီအစဉ်လေးရောက်ရှိလာပါပြီရှင်။

အိမ်ထောင်ရှင်အမျိုးသမီးများအနေနဲ့ ဘယ်လိုသားဆက်ခြားနည်းလမ်းတွေကို အသုံးပြုနေပြီး ဘယ်လို ကောင်းကျိုးဆိုးကျိုးတွေရရှိနေလဲဆိုတာကို
Comment မှာ အပြန်အလှန်ဆွေးနွေးရင်း နွေးထွေးသော ရပ်ဝန်းတစ်ခုကို တည်ဆောက်ကြရအောင်ပါရှင်။🙆🏻‍♀️

သားဆက်ခြားနည်းလမ်းများနဲ့ပတ်သတ်လို့ အသေးစိတ်တိုင်ပင်ဆွေးနွေးချင်တယ်ဆိုရင်တော့
🏥ဘူတာလမ်းနှင့် ကျောက္ကာလမ်းကြား၊ ချမ်းသာကြီး ဘုရားလမ်း၊ ဆူးလေကုန်းရပ်၊ မုံရွာမြို့။
☎️09-427521755

🧰မှန်ကန်မျှတသော ဈေးနှုန်း၊ နွေးထွေးကျွမ်းကျင်သော ဝန်ဆောင်မှုများကို ပိတ်ရက်မရှိ ဆောင်ရွက်ပေးနေပါပြီ

#မေတာ္တရိပ် အထူးကုဆေးခန်း
#အဆင့်မြင့်ရောဂါရှာဖွေရေး
#အထွေထွေရောဂါကုဆေးခန်း
#ဆေးအမျိုးမျိုးရောင်းဝယ်ရေး

🏥Online က နေ ဆေးခန်း ပြမယ်မန္တလေး မှာ ဆေးခန်း ခဏခဏပြန်ပြဖို့ လမ်းခရီးအဆင်မပြေတဲ့အခါ 🛣Online ကနေပဲ သွေးအဖြေလေးတွေပြန်ပြပြ...
14/01/2025

🏥Online က နေ ဆေးခန်း ပြမယ်

မန္တလေး မှာ ဆေးခန်း ခဏခဏပြန်ပြဖို့ လမ်းခရီးအဆင်

မပြေတဲ့အခါ

🛣Online ကနေပဲ သွေးအဖြေလေးတွေပြန်ပြပြီး

ဆေးကုသမှုဆက်လက်ခံယူချင်သူများ အတွက်

🧪ဆေးမှတ်တမ်း တွေကို သေချာဖတ်ပေးပြီး စစ်ဆေး

ချင်တဲ့ အမျိုးအစား တွေကို

🏨မေတ္တာရိပ်အထူးကုဆေးခန်းရဲ့အဆင့်မြင့်ဓါတ်ခွဲခန်း

မှာ စစ်ဆေးနိုင်ပါတယ်ရှင်။

သားအိမ်ခေါင်းကင်ဆာဆိုတာက အမျိုးသမီးတွေအတွက် မပေါ့ဆသင့်တဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။သားအိမ်ခေါင်းကင်ဆာဖြစ်ရတဲ့အကြောင်းအရင်းက H...
13/01/2025

သားအိမ်ခေါင်းကင်ဆာဆိုတာက အမျိုးသမီးတွေအတွက် မပေါ့ဆသင့်တဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။

သားအိမ်ခေါင်းကင်ဆာဖြစ်ရတဲ့အကြောင်းအရင်းက HPV ဗိုင်းရပ်စ်ကြောင့်လို့ တော်တော်များများက သိကြပေမယ့် ဒီဗိုင်းရပ်စ်ရှိတိုင်းလည်း သားအိမ်ခေါင်းကင်ဆာမဖြစ်နိုင်တာကြောင့် အကြောင်းအရင်းကတော့ အတိအကျမရှိပါဘူး။
တကယ်တော့ သားအိမ်ခေါင်းကင်ဆာရောဂါဆိုတာက HPV ဗိုင်းရပ်စ်အပြင် အခြားသောအကြောင်းအရာတွေကလည်း သားအိမ်ခေါင်းကင်ဆာဖြစ်ဖို့ လမ်းစကို ရောက်နိုင်ပါတယ်။

သားအိမ်ခေါင်းကင်ဆာရဲ့ လက္ခဏာတွေကတော့
🩺အတူနေပြီး သွေးဆင်းတာ
🩺ရာသီနှစ်ခုကြားဖောက်ပြီး သွေးဆင်းတာ
🩺သွေးဆုံးပြီးမှ သွေးပြန်ဆင်းတာ
🩺မိန်းမကိုယ်ကနေ အဖြူဆင်းတာ သွေးစတွေပါလာတာ၊ များတာ၊ အနံ့ဆိုးတာ
🩺ဆီးစပ်ကိုက်တာ
🩺အတူနေစဉ် မိန်းမကိုယ်နာတာ စတာတွေပဲ ဖြစ်ပါတယ်။

ဒီလို လက္ခဏာတွေက ကနဦးပိုင်းမှာ ရောဂါလက္ခဏာမပြဘဲ အချိန်လွန်မှသာ ပြတတ်တာကြောင့် မဖြစ်ခင်ထဲက အမျိုးသမီးတိုင်း ကြိုတင်ကာကွယ်ထားသင့်ပါတယ်။

သားအိမ်ခေါင်းကင်ဆာရောဂါကို ကာကွယ်ဖို့အတွက်ဆိုရင်တော့ နီးစပ်ရာဆေးရုံဆေးခန်းတွေမှာ HPV ကာကွယ်ဆေးထိုးထားတာက သားအိမ်ခေါင်းကင်ဆာအပါအဝင် အခြားသော HPV ကြောင့်ဖြစ်တဲ့ ကင်ဆာရောဂါတွေကိုပါ ကာကွယ်ပေးနိုင်တာကြောင့် ဆရာဝန်တဲ့ တိုင်ပင်ပြီး သင့်တော်တဲ့ ကာကွယ်ဆေးထိုးနှံထားသင့်ပါတယ်။

မုံရွာမြို့တွင်းက သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးနှံချင်တဲ့ အမျိုးသမီးများအတွက် ကျွန်မတို့ရဲ့ မေတ္တာရိပ်အထူးကုဆေးခန်းနှင့် ရောဂါရှာဖွေရေးမှာ ကျွမ်းကျင်ဆရာဝန်များနဲ့ လာရောက်ဆွေးနွေးပြီး ကာကွယ်ဆေးထိုးနှံနိုင်ပါတယ်ရှင်။

အချိန်လွန်မှ အသိနောက်ကျတာမျိုးမဖြစ်ရအောင် ကြိုတင်ကာကွယ်သင့်တဲ့ သားအိမ်ခေါင်းရောဂါဖြစ်ပါတယ်။

အသေးစိတ် ဆက်သွယ်မေးမြန်းရန် ကြိုတင်ဘိုကင်ယူရန်
🏥ဘူတာလမ်းနှင့် ကျောက္ကာလမ်းကြား၊ ချမ်းသာကြီး ဘုရားလမ်း၊ ဆူးလေကုန်းရပ်၊ မုံရွာမြို့။
☎️09-427521755
09780059769
09762242034

🧰မှန်ကန်မျှတသော ဈေးနှုန်း၊ နွေးထွေးကျွမ်းကျင်သော ဝန်ဆောင်မှုများကို ပိတ်ရက်မရှိ ဆောင်ရွက်ပေးနေပါပြီ

စုံတွဲတွေအတွက် အိမ်မက်ဆိုးဖြစ်လာစေမယ့် လိင်မှတစ်ဆင့်ကူးစက်တတ်တဲ့ ရောဂါတွေအကြောင်း👨‍⚕️လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေဆိ...
05/01/2025

စုံတွဲတွေအတွက် အိမ်မက်ဆိုးဖြစ်လာစေမယ့် လိင်မှတစ်ဆင့်ကူးစက်တတ်တဲ့ ရောဂါတွေအကြောင်း

👨‍⚕️လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေဆိုတာက ပျော်ရွှင်စရာကောင်းတဲ့ စုံတွဲတွေကြားက ဆက်ဆံရေးတွေကို ပျက်စီးစေနိုင်သလို အနာဂတ် မိသားစုစီမံကိန်းအပေါ်မှာပါ ထိခိုက်တာတွေ ဖြစ်လာစေနိုင်ပါတယ်။

STDsလို့ခေါ်တဲ့ လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေ ဒါမှမဟုတ် STIsလို့ခေါ်တဲ့ လိင်ဆက်ဆံရာကနေတဆင့် ကူးစက်တတ်တဲ့ရောဂါတွေဆိုတာက လူတစ်ဦးဆီကနေ အခြား တစ်ဦးဆီကို လိင်ဆက်ဆံရာကနေ တဆင့်ကူးစက်တတ်တဲ့ ရောဂါတွေပါ။

ဒီလို ကူးစက်ခံရမှုက များသောအားဖြင့် မိန်းမကိုယ်နဲ့ ဆက်ဆံမှုကနေ ကူးစက်နိုင်သလို။ ပါးစပ်နဲ့ လိင်ဆက်ဆံခြင်း (oral s*x)၊ စအိုကနေ လိင်ဆက်ဆံခြင်း (a**l s*x) တို့ကနေလည်း ကူးစက်နိုင်ပါတယ်။
အဲ့အပြင်ရုပ်ပိုင်းဆိုင်ရာ နီးနီးကပ်ကပ် ထိတွေ့မှုတွေကနေတဆင့်လည်း ကူးစက်နိုင်ပါသေးတယ်။ လိင်ကတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေ ဖြစ်ကြတဲ့ လိင်အင်္ဂါ ကြွက်နို့၊ ရေယုန် စတဲ့ရောဂါတွေက အရေပြားချင်း ထိတွေ့မှုကနေတဆင့်လည်း ကူးစက်နိုင်ပါတယ်။

ဒီလို လိင်ကတစ်ဆင့်ကူးဆက်တတ်တဲ့ ရောဂါတွေထဲကမှ အဖြစ်များတဲ့ ရောဂါတွေကတော့
🩺Chlamydia ပိုးဝင်ခြင်း
🩺လိင်အင်္ဂါ ရေယုန်များ
🩺ဆီးပူညောင်းကျ
🩺HIV/AIDS ရောဂါ (ခုခံအားကျဆင်းမှု ကူးစက်ရောဂါ)
🩺လိင်အင်္ဂါ ကြွက်နို့
🩺လိင်အင်္ဂါ သန်း
🩺ကာလသားရောဂါ
🩺Trichomoniasis ရောဂါပိုးဝင်ခြင်း
🩺အသည်းရောင် အသားဝါ ဘီနှင့် စီ တို့ပဲဖြစ်ပါတယ်။

ဒီလိုလိင်ကတဆင့် ကူးစက်တဲ့ရောဂါတွေ (STDs)အများစုက အမျိုးသားတွေမှာရော အမျိုးသမီးတွေမှာပါ ဖြစ်စေနိုင်ပြီးတော့ အမျိုးသမီးတွေမှာတော့ ရောဂါပိုပြီး ပြင်းထန်နိုင်ပါတယ်။
နောက်ပြီးတော့ ကိုယ်ဝန်ဆောင် အမျိုးသမီးမှာ STD ရောဂါတွေ ရှိမယ်ဆိုရင် မွေးလာမယ့် ကလေးမှာပါ ကျန်းမာရေး ပြဿနာ ရှိနိုင်ပါသေးတယ်။

ရောဂါ ရှိနေတာကို မသိဘဲ အတူနေမိရာကနေ ရောဂါပိုးတွေက တစ်ယောက်စီကနေ အခြား တစ်ယောက်စီကို ကူးစက်သွားတာနိုင်ပြီးတော့
လိင်ကတဆင့် ကူးစက်တတ်တဲ့ရောဂါတွေ ကူးစက်ခံရတဲ့အခါ
🩺လိင်အင်္ဂါကနေ ပုံမှန် မဟုတ်တဲ့ အကျိအချွဲတွေ ဆင်းခြင်း
🩺မျိုးပွားအင်္ဂါ တဝိုက် အနာတွေ၊ ရေယုန်တွေ ဖြစ်ခြင်း
🩺ဆီးသွားတဲ့အခါ နာကျင်ခြင်း
🩺မျိုးပွားအင်္ဂါ တဝိုက် ယားယံခြင်း။ နီမြန်းခြင်း။
🩺ပါးစပ်တဝိုက်မှာ အရည်ကြည်ဖုတွေ ဖြစ်ခြင်း အနာတွေ ဖြစ်ခြင်း
🩺ပုံမှန် မဟုတ်ဘဲ မိန်းမကိုယ်က အနံ့ဆိုး ထွက်ခြင်း
🩺စအို တဝိုက် ယားယံခြင်း နာကျင်ခြင်း သွေးထွက်ခြင်း
🩺ဗိုက်အောင့်ခြင်း
🩺အဖျားတက်ခြင်း စတဲ့လက္ခဏာတွေ ခံစားရနိုင်ပါတယ်။

ဒါကြောင့်မို့ လိင်ဆက်ဆံတဲ့အခါ ကွန်ဒုံးကို နည်းစနစ်မှန်မှန်အသုံးပြုမယ်ဆိုရင် လိင်ကတဆင့် ကူးစက်တဲ့ရောဂါတွေ (STDs) ကူးစက်နိုင်ခြေကို ရာနှုန်းပြည့်မဟုတ်တောင် သိသိသာသာ လျှော့ချပေးနိုင်ပါတယ်။

STD, STI ရောဂါလက္ခဏာပြတာမျိုး ကြုံတွေ့နေရတယ်ဆိုရင်လည်း မေတ္တာရိပ် အထူးကုဆေးခန်းနှင့် ရောဂါရှာဖွေရေးဆေးခန်းမှာ ဆွေးနွေးအကြံပြုကုသနိုင်ပါတယ်ရှင်👋

အသေးစိတ် ဆက်သွယ်မေးမြန်းရန် ကြိုတင်ဘိုကင်ယူရန်
🏥ဘူတာလမ်းနှင့် ကျောက္ကာလမ်းကြား၊ ချမ်းသာကြီး ဘုရားလမ်း၊ ဆူးလေကုန်းရပ်၊ မုံရွာမြို့။
☎️09-427521755

🧰မှန်ကန်မျှတသော ဈေးနှုန်း၊ နွေးထွေးကျွမ်းကျင်သော ဝန်ဆောင်မှုများကို ပိတ်ရက်မရှိ ဆောင်ရွက်ပေးနေပါပြီ

(30.12.2024 ) တွင် ကျရောက်ပါသော“ကရင်နှစ်သစ်ကူး” ပွဲတော်ချိန်မှာ ကရင်တိုင်းရင်းသားညီကိုမောင်နှမများနှင့်တကွ ပြည်သူများအား...
30/12/2024

(30.12.2024 ) တွင် ကျရောက်ပါသော
“ကရင်နှစ်သစ်ကူး” ပွဲတော်ချိန်မှာ ကရင်တိုင်းရင်းသားညီကိုမောင်နှမများနှင့်တကွ ပြည်သူများအားလုံး ပျော်ရွှင်ကြည်နူးစရာ အချိန်ကောင်းလေးတွေပိုင်ဆိုင်နိုင်ကြပါစေကြောင်း “မေတ္တာရိပ်”မှ ဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်...✨

💪မုံရွာမြို့သူမြို့သားများရဲ့ ကျန်းမာရေးအတွက် အားကိုးစရာ မေတ္တာရိပ်ကိုလာ...ကျန်းမာရေးနဲ့ပတ်သတ်ရင် အခြားမြို့တွေကို သွားရ...
27/12/2024

💪မုံရွာမြို့သူမြို့သားများရဲ့ ကျန်းမာရေးအတွက် အားကိုးစရာ မေတ္တာရိပ်ကိုလာ...

ကျန်းမာရေးနဲ့ပတ်သတ်ရင် အခြားမြို့တွေကို သွားရောက်ကုသနေစရာမလိုဘဲ မုံရွာမြို့တွင်းမှာတင် ရောဂါရှာဖွေတာမှုကအစ ကုသမှုအဆုံး မေတ္တာရိပ်အထူးကုဆေးခန်းမှာ လာရောက်ဆွေးနွေးကုသနိုင်ပါပြီ။

မေတ္တာရိပ်အထူးကုဆေးခန်းမှာ အထူးကုဆရာဝန်ကြီးတွေ၊ ခေတ်မီရောဂါရှာဖွေရေးစက်ကြီးတွေနဲ့ အဆင့်မြင့်ဆေးစစ်ဝန်ဆောင်မှုတွေကို ပိတ်ရက်မရှိ ဖွင့်လှစ်ပြီးဝန်ဆောင်မှုပေးနေပါတယ်။

မေတ္တာရိပ်အထူးကုဆေးခန်းနှင့် ရောဂါရှာဖွေရေးဆေးခန်းမှာ
➕အထူးကုဆရာဝန်ကြီးများနှင့် တိုင်ပင်ဆွေးနွေးနိုင်ခြင်း
➕အထွေထွေရောဂါကုဆရာဝန်များနှင့် တိုင်ပင်ဆွေးနွေးနိုင်ခြင်း
➕ဓာတ်ခွဲခန်းတွင် သွေးစစ်ခြင်း
➕Medical Check-up ပြုလုပ်ခြင်း
➕ကာကွယ်ဆေးအမျိုးမျိုး ထိုးနှံနိုင်ခြင်း
➕နှလုံးစမ်းသပ်စစ်ဆေးခြင်း ECG
➕️ Ultrasound USG ရိုက်ခြင်း ဝန်ဆောင်မှုများ ရယူနိုင်ပါတယ်။

ဒါ့အပြင် ဆေးခန်းကို ကိုယ်တိုင်လာရောက်မပြသနိုင်တဲ့ လူနာများအတွက်လည်း အိမ်တိုင်ရာရောက် စစ်ဆေးကုသပေးနေပါတယ်ရှင်။

အသေးစိတ် ဆက်သွယ်မေးမြန်းရန် ကြိုတင်ဘိုကင်ယူရန်
🏥ချမ်းသာကြီးဘုရားလမ်း၊ဘူတာလမ်းနှင့် ကျောက္ကာလမ်းကြား၊ ဆူးလေကုန်းရပ်၊ မုံရွာမြို့။
☎️09-780059769
09-427521755
09-955069729

🧰မှန်ကန်မျှတသော ဈေးနှုန်း၊ နွေးထွေးကျွမ်းကျင်သော ဝန်ဆောင်မှုများကို ပိတ်ရက်မရှိ ဆောင်ရွက်ပေးနေပါပြီ

 👶👼သားသား မီးမီးတို့ကို နှစ်စဥ် တုပ်ကွေးကာကွယ်ဆေးထိုးပေးချင်တဲ့🤱🤱 မေမေ Mom တွေ အတွက် 👨‍⚕️👨‍⚕️ကလေးအထူးကုဆရာဝန်ကြီးpaediat...
10/05/2024



👶👼သားသား မီးမီးတို့ကို နှစ်စဥ် တုပ်ကွေး

ကာကွယ်ဆေးထိုးပေးချင်တဲ့🤱🤱 မေမေ Mom တွေ

အတွက် 👨‍⚕️👨‍⚕️ကလေးအထူးကုဆရာဝန်ကြီး

paediatricians များ ကိုယ်တိုင် ထောက်ခံချက်ပေး

သော

Vaxigrip Tetra 12.2024
MMReg No. ကို မုံရွာမြို့ တွင် ထိုးနှံနိုင်ပါပြီရှင်။

👼ကလေးအသက် 6 လ မှစပြီးထိုးနှံနိုင်ပါသည်။

📌📌(ယခုနှစ် မှစပြီး ထိုးသော ကလေးများ အတွက် တစ်လ1️⃣Month ခြားပြီး တစ်ကြိမ် ထပ်ထိုးရပါသည်။)




09427521755
ချမ်းသာကြီးဘုရားလမ်း၊ဆူးလေကုန်းရပ်၊မုံရွာမြို့။

 #မြန်မာနှစ်သစ်ကူးကုသိုလ်🙏🙏🙏အခါတွင်း တရားစခန်းဝင်ကြမည့် မိဘ ဘိုးဘွား ဦးဦး ဒေါ်ဒေါ်များရှင့်..🛕🛕တရားစခန်းမဝင်ခင်ကျန်းမာ...
10/04/2024

#မြန်မာနှစ်သစ်ကူးကုသိုလ်

🙏🙏🙏အခါတွင်း တရားစခန်းဝင်

ကြမည့် မိဘ ဘိုးဘွား ဦးဦး ဒေါ်ဒေါ်

များရှင့်..

🛕🛕တရားစခန်းမဝင်ခင်

ကျန်းမာရေး စစ်ဆေးလိုပါက

သွေးပေါင်ချိန်ခြင်း၊ ဆီးချိုစစ်ခြင်း၊

ECG (နှလုံးစမ်းသပ်ခြင်း) ဆွဲခြင်း

များကို *အခမဲ့*🆓️ ပြုလုပ်နိုင်

မှာဖြစ်ပါတယ် ရှင့်။

⚓️ နေရာ - ချမ်းသာကြီးဘုရား

လမ်း၊ ကျောက္ကာလမ်း နှင့် ဘူ

တာလမ်းကြား၊ဆူးလေကုန်း၊မုံရွာ

မြို့။

⏰️အချိန်- နံနက် ၈ နာရီ မှ ၁၂

နာရီ ထိ ၊ ၁၀.၄.၂၄ ၊၁၁.၄.၂၄

☎️☎️09762242034,09427521755

Address

ချမ်းသာကြီးဘုရားလမ်း၊ကျောက္ကာလမ်း နှင့် စျေးလမ်းကြား၊, ဆူးလေကုန်းရပ်၊ မုံရွာမြို့။
Monywa

Website

Alerts

Be the first to know and let us send you an email when မေတ္တာရိပ် အထူးကုဆေးခန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram