သုခ ဆေးခန်း Thukha Clinic Monywa

သုခ ဆေးခန်း Thukha Clinic Monywa နေကောင်း ကျန်းမာ ပျော်ရွှင်သုခ ရကြပါစေ

04/02/2026

Nurse Aid သူနာပြုအကူ ဝန်ထမ်း အလိုရှိသည်

လုပ်ငန်းအတွေ့အကြုံရှိသူ ဦးစားပေးမည်
လူနာများအပေါ် ကြင်နာနွေးထွေးစွာ ဆက်ဆံနိုင်သူ
ပေါင်းသင်းဆက်ဆံရေး အဆင်​ပြေသူ ဖြစ်ရမည်

စိတ်၀င်စားသူများအနေဖြင့် CV form ကို ဆေးခန်းသို့ဖြစ်စေ page messenger မှတဆင့်ဖြစ်စေ ပေးပို့လျှောက်ထားနိုင်ပါသည်

💚ဆီးချို သွေးချို ရောဂါဖြစ်ပွားသူဦးရေဟာ တနေ့ထက်တနေ့ ပိုမို များပြားလာပြီး ​ကျောက်ကပ်ပျက်စီးခြင်း  နှလုံးရောဂါဖြစ်ခြင်း ...
11/01/2024

💚ဆီးချို သွေးချို ရောဂါဖြစ်ပွားသူဦးရေဟာ တနေ့ထက်တနေ့ ပိုမို များပြားလာပြီး ​ကျောက်ကပ်ပျက်စီးခြင်း နှလုံးရောဂါဖြစ်ခြင်း လေဖြတ်ခြင်း မျက်စိကွယ်ခြင်း စသည့် နောက်ဆက်တွဲ ရောဂါများစွာကို ဖြစ်ပွားစေသော ​အန္တရာယ်များတဲ့ ရောဂါတခု ဖြစ်ပါတယ်

💚ဒီလို နောက်ဆက်တွဲ ရောဂါဝေဒနာတွေ မဖြစ်ဖို့အတတ်နိုင်ဆုံး တားဆီးဖို့ဆိုရင် HbA1C လို့ ခေါ်တဲ့ ၃လအတွင်း ဆီးချို သွေးချိုရောဂါကို ထိန်းထားနိုင်ခြင်း စစ်ဆေးပြီး သတ်မှတ်ထားတဲ့ စံနှုန်းများအတွင်း ထိန်းထားနိုင်ဖို့ လိုပါတယ်

💚 ဆီးချိုသွေးချို ဝေဒနာရှင်များအတွက် အရေးကြီးသော 🩸 🩸ခေါ် ၃လအတွင်း ပျမ်းမျှ ဆီးချိုစစ်ဆေးခြင်း ကို #သုခဆေးခန်း တွင် ၁၈ .၁. ၂၀၂၄ ရက် ( ပြာသိုလဆန်း ၈ရက်- ဥပုသ်နေ့ ) ၌ #အခမဲ့ စစ်ဆေးပေးမည် ဖြစ်ပါသည်

💚 လူဦးရေ ကန့်သတ်ထားပါသဖြင့် စောစောလာရောက်ကြဖို့ မေတ္တာရပ်ခံအပ်ပါသည်ရှင့်

ကျန်းမာကြစေကြောင်း မေတ္တာဖြင့်

🏥 သုခဆေးခန်း
မြတ်လေးလမ်း စက်မှုဇုံ
ဘိုးဘွားရိပ်သာအနီး
အေးငြိမ်းသီတာစက်ရုံအနီး မုံရွာမြို့
☎️09892237899

 #ခေါင်းကိုက်တယ် #ဇတ်ကြောတင်းတယ် #ခေါင်းကျဉ်တယ်အဖြစ်အများဆုံး ဒုက္ခအရောက်ဆုံး လက္ခဏာတွေပါ။နာတယ် ကိုက်တယ် ဆိုတဲ့ လက္ခဏာဟာ...
09/01/2024

#ခေါင်းကိုက်တယ်
#ဇတ်ကြောတင်းတယ်
#ခေါင်းကျဉ်တယ်

အဖြစ်အများဆုံး ဒုက္ခအရောက်ဆုံး လက္ခဏာတွေပါ။
နာတယ် ကိုက်တယ် ဆိုတဲ့ လက္ခဏာဟာ ကျွန်တော်တို့ ခန္ဓာကိုယ်မှာ တစ်ခုခုပြဿနာဖြစ်နေပြီ ဆိုပြီး #သတိပေးတာပါ

အများအားဖြင့် ရောဂါမဟုတ်ပါဘူး (Migraine, Cluster Headache တို့တော့လောက်ပဲ ရှားရှားပါးပါး ခေါင်းကိုက်ရောဂါသီးသန့် ရှိပါတယ်)

အဲ့ဒါကလွဲရင်
ခေါင်းကိုက်ရင် 👉 လေဖြတ်ပြီ ၊ ခေါင်းထဲမှာ ဦးနှောက်ကင်ဆာဖြစ်နေပြီ
#အဲ့လိုမဟုတ်ပါဘူး

ခေါင်းကျဉ်နေတယ် ခေါင်းတစ်ခြမ်းပဲကြက်သီးထနေတယ် 👉 လေဖြတ်တော့မှာပဲ
#အဲ့လိုမဟုတ်ပါဘူး

အဖြစ်အများဆုံးကတော့
ိအားတွေကြောင့် ဖြစ်ရတာပါ

- ဦးနှောက်ကို အကြီးအကျယ်အလွန်အကျွံသုံးနေတယ်
- မလုပ်ချင်တာတွေလုပ်နေရတယ်
- လုပ်ချင်တာတွေမလုပ်ရဘူး
- အစာစားချိန်မမှန်ဘူး
- အနားလုံးဝမရဘူး
- အိပ်ချိန်မမှန်ဘူး

အဲ့ဒါတွေကို ဦးနှောက်က သူပင်ပန်းနေကြောင်း လူကို သိအောင် အကြောင်းကြားတာပါ။

🤷‍♂️ ကျောင်း Lecture တစ်နေကုန် တက်နေရတယ် (စာမေးပွဲက နီးပြီး Attendence က မဖြည့်လို့မရဘူး၊ စာတွေကလည်း နားမထောင်ချင်ဘူး)
🤷‍♂️ နေ့မအိပ် ညမအိပ် Game ဆော့တယ် ( Game ဆော့တာဟာ ဦးနှောက် Fatigue ရတာအပြင် မျက်စိပါဝါပါ တိုးတဲ့အတွက် ခေါင်းပိုကိုက်ပါတယ်) ဒါပေမယ့် လုပ်ချင်တာ လုပ်နေရတာဖြစ်လို့ ဆော့နေတုန်း မကိုက်ပါဘူး ဆော့တာနားမှ စုပြီးကိုက်တာပါ
🤷‍♂️ နေ့လည်စာစားပြီး တရေးလောက် ထမင်းလုံးစီ နှပ်ချင်တာ ကို ခဏလေး အိပ်လို့မရရင် လည်းခေါင်းကိုက်ပါတယ်
🤷‍♂️ အိပ်လွန်းတဲ့ သူတွေမှာလည်း စားချိန်သောက်ချိန် မမှန် တဲ့အတွက်ခေါင်းကိုက်ပါတယ်။
🤷‍♂️ စိတ်ဖိစီးမှု များရင်လည်း ခေါင်းကိုက်ပါတယ် (စာမေးပွဲနီးလာပြီ 😢 စာဖတ်လို့ခေါင်းကိုက်သလို၊ ဖိအားတွေကြောင့် 😅 စာသိပ်မဖတ်တဲ့နေ့လည်း ခေါင်းကိုက်ပါတယ်)
🤷‍♂️ ဘဝတစ်ဆစ်ချိုး ပြောင်းလဲသွားတယ်
ဥပမာ 😅 မိန်းမရသွားတယ်ပေါ့ Tension တွေ ဝင်ပြီး ခေါင်းကိုက်တာလေ ၊ ဘာသောက်သောက်မသက်သာဘူးလေ CT scan (ဦးနှောက်ကိုကွန်ပျူတာဓာတ်မှန်တောင်ရိုက်လိုက်သေးတယ်) ဘာမှ မဖြစ်ဘူး ၊ ကျွန်တော်နဲ့ စကားပြောမိတော့ မင်းဟာက မိန်းမရသွားတဲ့ Tension ကြောင့်ဖြစ်မယ်ဆိုပြီး Anti-depressant low dose လေးတိုက်လိုက်တာ သူ့ခေါင်းကိုက်တာကြီး ပျောက်သွားပါရောလေ 😁
(သူငယ်ချင်းရေ ဖတ်မိရင် စိတ်မဆိုးနဲ့နော် ငါ နာမည်ထည့်မပြောထားဘူး 😜😜😜)

👆👆 ဒါတွေကအဖြစ်အများဆုံးတွေ 👆👆

Tension_ဖိအားတွေ_ဖိစီးမှုတွေ ကြောင့် ခေါင်းကိုက်တာ အများဆုံးဖြစ်ပေမယ့်
အန္တရာယ်ရှိတဲ့
- သွေးတိုး၊
- ဆီးချို၊
- သွေးတွင်း Carbon Dioxide ဓာတ်များခြင်းတွေကလည်း ခေါင်းကိုက်တတ်ပါတယ်

သွေးတိုး ဆီးချိုနဲ့ ဆက်နွယ်ပြီး လေဖြတ်ခြင်းဖြစ်နိုင်တဲ့ အတွက် #ခေါင်းကိုက်ပြီဆိုလျှင်
#အနည်းဆုံး***
သွေးပေါင်တော့ ချိန်သင့်ပါတယ်
ဆီးချိုရောဂါရှိရင်
ဆီးချိုဖောက်ကြည့်ရပါမယ် ( #ဆီးချိုကျရင် ခေါင်းကိုက်တတ်သလို ၊ #ဆီးချိုများလွန်းရင်လည်း
ခေါင်းကိုက်တတ်ပါတယ်
အခုအချိန် Virus မကူးအောင် အပြင်မထွက်ပဲ အိမ်ထဲမှာပဲနေသင့်ပေမယ့်၊ မဖြစ်မနေမဟုတ်ပဲ အပြင်တော့ ထွက်တယ်၊ မလိုအပ်ပဲ Mask တွေ အထပ်ပေါင်းများစွာတပ်တဲ့ လူတွေမှာ ခေါင်းကိုက်ပါတယ် (Carbon Dioxide တွေ ကောင်းကောင်းမထုတ်နိုင်လို့ပါ)

ခေါင်းကိုက်တတ်တဲ့ နောက်အကြောင်းအရာတွေက
- #ရာသီဖျား (Common Cold)
- #တုတ်ကွေး (Influenza ) တွေမှာ အများဆုံးခေါင်းကိုက်တတ်သလို

ရက်ရှည်ဖျားတာ နဲ့ ရက်ရှည်ခေါင်းကိုက်တာ တွဲပြီး ဖျားရတဲ့ အကြောင်းရင်းရှာမရရင် #ဦးနှောက်အမြှေးရောင်တာ ဖြစ်တတ်ပါတယ်။
#ငှက်ဖျားမှာလည်း ခေါင်းကိုက်တတ်ပါတယ်။

နှာစေးနေတာကို #နှပ်ညှစ်လွန်းရင်လည်း ခေါင်းကိုက်တတ်ပါတယ်။
#ထိပ်ကပ်နာ မှာလည်း ခေါင်းကိုက်ပါတယ်
#နေပူထဲအသွားများရင်လည်း ခေါင်းကိုက်တတ်ပါတယ်။

ဒီအထိ သေသေချာချာ ဖတ်မိကြရင်၊

🤔 အိပ်ချိန် မမှန်ရင်ခေါင်းကိုက်သလို 🤷‍♂️ အိပ်လွန်းရင်လည်း စားချိန် မမှန်လို့ ခေါင်းကိုက်ပါတယ်
🤔 နှာပိတ်နေလို့ နှပ်ညှစ်ရုံနဲ့လည်း ခေါင်းကိုက်တတ်သလို 🤷‍♂️ သွေးပေါင်တက်လည်း ခေါင်းကိုက်တတ်ပါတယ်
🤔 ရာသီဖျားမှာခေါင်းကိုက်တတ်သလို 🤷‍♂️ ဦးနှောက်အမြှေးရောင်လည်း ခေါင်းကိုက်တတ်ပါတယ်

အဲ့တော့ ခေါင်းကိုက်တယ် #ဘာဆေး 💊 သောက်ရမလဲ လို့ဆိုရင်

သောက်
#အကိုက်အခဲပျောက်ဆေး သောက်
ဆိုပြီး ညွှန်းကြ သောက်ကြရင်

လေယာဉ် /သင်္ဘောတွေမှာ ပြဿနာတက်လို့ Alarm မြည်တာကို #ဘာလို့မြည်ရတာလဲလို့ မရှာပဲ
မြည်နေတဲ့ Alarm ကို နားငြီးတယ် ဆိုပြီး ပိတ်ပစ်လိုက် သလိုပါပဲ
👉 Alarm ခလုပ်ကို မတော်တဆ ထိမိလို့ Alarm မြည်တာဆို ပြဿနာ မဟုတ်ပေမယ့်
👉 မီးလောင်လို့ဖြစ်စေ ဆီယိုစိမ့်မှုကြောင့်ဖြစ်စေ Alarm မြည်တာဆိုရင်တော့ ယာဉ်ကြီး တစ်ခုလုံးပျက်စီးခြင်း သို့ရောက်ရပါလိမ့်မယ်။

အဲ့တော့ #ခေါင်းကိုက် ပြီ

1. အနည်းဆုံးတော့ သွေးပေါင်ချိန်ကြည့်ပါ
2. ဆီးချိုရောဂါရှိရင် ဆီးချိုဖောက်ပါ
3. ဖျားတာ ရှိရင်သေချာကုပါ
4. တခြားဘာလက္ခဏာရှိလဲ ပြသတဲ့ ဆရာဝန်ကို သေသေချာချာပြောပါ

ခေါင်းမကိုက်ရအောင်ကတော့

1. အိပ်ချိန် စားချိန် နားချိန် မှန်ပါစေ
2. စိတ်အေးအေးထားပါ (အကောင်းမြင်စိတ်များများမွေးပြီး၊ သံသယစိတ်လျှော့ပါ)
3. ငါက လူတွေပေါ်ဒီလောက်ကောင်းနေတာကို လူတွေက ငါ့ကို မကောင်းပဲကြံနေကြတယ်လို့ တွေးနေမိရင် မဟုတ်သေးပါဘူး (သေသေချာချာ ပြန် ဆန်းစစ်ပါ)

ပြဿနာက သေးသေးလေးကနေ အကြီးကြီးထိရှိပြီး ဘာဖြစ်ဖြစ် #ခေါင်းကိုက်တာပဲ ဆိုတော့
ခံစားရတာ #ရက်ရှည်နေပြီဆိုရင် တတ်ကျွမ်းနားလည်တဲ့လူနဲ့ ပြသစစ်ဆေးမှုခံယူ ပါ။

Dr ဘုန်းစည်သူလွင်

ကျန်းမာကြစေကြောင်း မေတ္တာဖြင့်
🏥 သုခဆေးခန်း
မြတ်လေးလမ်း စက်မှုဇုံ
ဘိုးဘွားရိပ်သာအနီး
အေးငြိမ်းသီတာစက်ရုံအနီး မုံရွာမြို့
☎️09892237899

💙ဆီးချိုသွေးချို ဝေဒနာရှင်များအတွက် အရေးကြီးသော   ခေါ် ၃လအတွင်း ပျမ်းမျှ ဆီးချိုစစ်ဆေးခြင်း ကို သုခဆေးခန်း တွင် ၂၃.၆.၂၀၂...
07/06/2023

💙ဆီးချိုသွေးချို ဝေဒနာရှင်များအတွက် အရေးကြီးသော ခေါ် ၃လအတွင်း ပျမ်းမျှ ဆီးချိုစစ်ဆေးခြင်း ကို သုခဆေးခန်း တွင် ၂၃.၆.၂၀၂၃ ရက်၌ #အခမဲ့ စစ်ဆေးပေးမည် ဖြစ်ပါသည်

💙လူဦးရေ ကန့်သတ်ထားပါသဖြင့် စောစောလာရောက်ကြဖို့ မေတ္တာရပ်ခံအပ်ပါသည်ရှင့်

ကျန်းမာကြစေကြောင်း မေတ္တာဖြင့်

🏥 သုခဆေးခန်း
မြတ်လေးလမ်း စက်မှုဇုံ
ဘိုးဘွားရိပ်သာအနီး
အေးငြိမ်းသီတာစက်ရုံအနီး မုံရွာမြို့
☎️09892237899

❣️ Happy International Mother Day ❣️ကမ္ဘာပေါ်ရှိအမေများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း သုခဆေးခန်း မ...
14/05/2023

❣️ Happy International Mother Day ❣️

ကမ္ဘာပေါ်ရှိအမေများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း သုခဆေးခန်း မိသားစုမှ ဆုမွန်ကောင်း တောင်းအပ်ပါသည်ရှင် ❣️

သုခဆေးခန်း
မြတ်လေးလမ်း စက်မှူဇုံ
ဘိုးဘွားရိပ်သာအနီး မုံရွာမြို့
☎️09892237899

COVID ဗိုင်းရပ်အသစ် Omicron မျိုးကွဲ XBB.1.16 အာကျူရပ်စ် (Arcturus) အကြောင်းယခုလက်ရှိ အိန္ဒိယအပါအဝင် နိုင်ငံပေါင်း29 နို...
21/04/2023

COVID ဗိုင်းရပ်အသစ် Omicron မျိုးကွဲ XBB.1.16 အာကျူရပ်စ် (Arcturus) အကြောင်း

ယခုလက်ရှိ အိန္ဒိယအပါအဝင် နိုင်ငံပေါင်း29 နိုင်ငံမှာ Omicronမျိုးကွဲတစ်ခုဖြစ်တဲ့ အာကျူရပ်စ် (Arcturus)ကို အတွေ့များလာတယ်လို့ ဆိုပါတယ်။

ကမ္ဘာကျန်းမာရေးအဖွဲ့ WHO ကလည်း မျိုးကွဲသစ်အကြောင်း သတိပေးမှုများ ပြုလုပ်ထားပါတယ်။

👉လက္ခဏာတွေကတော့ တုပ်ကွေးလက္ခဏာတွေနဲ့သိပ်ကွဲပြားမှုမရှိပါ။
- အဖျားကြီးခြင်း (102-103°Fလောက်ထိတက်ပါတယ်)
- နုံးချိ ညောင်းညာခြင်း
- လည်‌‌ချောင်းနာခြင်း၊ တံတွေးမျိုရခက်ခြင်း
- အသံဝင်ခြင်း
- နှာစေး နှာပိတ်ခြင်း
- ပျို့အန်ခြင်း၊ ဝမ်းပျက်ခြင်း
- ချောင်းဆိုးခြင်း၊ မောခြင်း
စတဲ့လက္ခဏာတွေအပြင်

📝ထူးခြားတာက #မျက်စိနာခြင်း ( ) ဖြစ်တတ်ပါတယ်။ လူကြီးတချို့အပြင် ၁၂နှစ်အောက်ကလေးတွေမှာ ပိုအဖြစ်များပါတယ်။
ကလေးတွေနဲ့ ဆယ်ကျော်သက်တွေမှာ တွေ့ရတဲ့ 👁 မျက်လုံးအပြင်လွှာရောင်ခြင်း (Conjunctivitis) မှာ မျက်လုံးပန်းရောင်ဖြစ်ခြင်း ( ) အတွေ့များပါတယ်။ Pink eye အပြင် ပြည် (pus) မရှိဘဲ မျက်လုံးဟာ စေးကပ်ပြီး ဖွင့်မရတာမျိုး sticky ဖြစ်တာမျိုးလည်း တွေ့ရတယ်လို့ ဆိုပါတယ်။

👉အာကျူရပ်စ်ဟာ အရင်Omicronတွေထက် ပိုပြီးအခြေအနေဆိုးတာ မတွေ့ရသေးဘဲ ရောဂါလက္ခဏာအများစုမှာ ၃-၄ ရက်နဲ့ ပြန်ကောင်းသွားတတ်တယ်လို့ဆိုပါတယ်။

❗သို့သော် ကူးစက်နှုန်းများတဲ့အပြင် ကလေးတွေမှာ အဖြစ်များတာကတော့ မိဘတွေအနေနဲ့ သတိပြုစရာဖြစ်ပါတယ်။

အခုချိန်ထိတော့ အဆုတ်ပျက်ဆီးခြင်း၊ သွေးတွင်း Oxygen ကျခြင်း၊ ဆေးရုံတက်ရခြင်း၊ အသက်သေဆုံးခြင်း နည်းတယ်လို့ဆိုပါတယ်။

❗ပူပြင်းတဲ့ ရာသီမှာ အသက်ကြီးသူတွေဖျားကြရင် heat stroke heat exhaustion တွေ ရနိုင်တာမို့ ရောဂါ မကူးအောင် သတိထားဖို့ လိုပါတယ်။ ဒါ့အပြင် ကလေးတွေ ဖျားပြီး မျက်လုံးနာရင် Arcturus ကို သတိထားကြဖို့နဲ့ ကျွမ်းကျင်ဆရာဝန်တွေနဲ့ ပြသ၍ သေချာစွာကုသမှုခံယူသင့်ပါကြောင်း ​​ရေးသားတင်ပြလိုက်ရပါသည်။

ဒေါက်တာအေးပွင့်ဖြူ

ကျန်းမာကြစေကြောင်း မေတ္တာဖြင့်

🏥 သုခဆေးခန်း မုံရွာမြို့
မြတ်လေးလမ်း စက်မှုဇုံ
ဘိုးဘွားရိပ်သာအနီး
☎️09892237899


💚အုန်းစိမ်းရည်ရဲ့ ကျန်းမာရေး ကောင်းကျိူးများ💚အရပ်ထဲမှာ  #အုန်းစိမ်းရည် သောက်ရင် အပူကန်တယ် မသောက်ရဘူးလို့ ပြောကြတယ်အဖြေက ...
20/04/2023

💚အုန်းစိမ်းရည်ရဲ့ ကျန်းမာရေး ကောင်းကျိူးများ💚

အရပ်ထဲမှာ #အုန်းစိမ်းရည် သောက်ရင် အပူကန်တယ် မသောက်ရဘူးလို့ ပြောကြတယ်

အဖြေက မှားပါတယ်နော်
အပူမကန်ပါဘူး။ ဒါ့အပြင် အုန်းစိမ်းရည်ဟာ ကျန်းမာရေးအတွက် အင်မတန်ကောင်းကျိုးများတာမို့ မကြာခဏ သောက်သုံးပေးသင့်ပါတယ်
အထူးသဖြင့် အခုလို ပူပြင်းတဲ့ ရာသီဥတုအတွက် အင်မတန် သင့်လျော်ပါတယ်

💚၁။ အုန်းစိမ်းရေမှာ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ Antioxidant လို့ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာပါ၀င်လို့ အားအင်ပြည့်ဖြိုး စေပါတယ်

💚၂။ခန္ဓာကိုယ် ရေဓာတ်ပြည့်၀စေပါတယ်အားကစားလုပ်ပြီးနောက်ဖြစ်စေ ၀မ်းပျက်၀မ်းလျှောပြီးနောက်ဖြစ်စေ ချွေးထွက်လွန်ပြီးနောက်ဖြစ်စေ သောက်သုံးမယ်ဆို ဆုံးရှုံးသွားတဲ့ ရေနဲ့ အဟာရဓာတ်များကို ပြန်လည်ဖြည့်တင်းပေးပါတယ်

💚၃ ။သွေးပေါင်ချိန်ကို ထိန်းညှိပေးတဲ့ အတွက် လေဖြတ်ခြင်းမှ ကာကွယ်ပေးပါတယ်
( ဒီလိုပြောလို့ သွေးကျဆေးမသောက်ဘဲ အုန်းရေသောက်ရမယ် မဆိုလိုပါဘူး ။ သောက်လက်စ သွေးကျဆေး ဆက်သောက်ရပါမယ်။ )

💚၄ ။ကိုယ်ခံအားကိုလဲ မြှင့်တင်ပေးပါတယ်

💚၅။ကိုလက်စထရောကျစေပြီး နှလုံးကျန်းမာရေးကိုလဲ အထောက်အကူပြုပါတယ်

💚၆။ အချိုဓာတ်အနဲငယ်သာ ပါ၀င်ပြီး သွေးတွင်းအချိုဓာတ် ရုတ်တရက် မြင့်တက်ခြင်း မရှိတဲ့အတွက် ဆီးချိုရောဂါရှင်များလဲ သောက်သုံးနိုင်ပါတယ်

💚 ၇။ကယ်လိုရီ အနဲငယ်သာပါဝင်လို့ ဝိတ်မတက်စေပါဘူး ၀ိတ်ချမဲ့သူတွေအတွက် သင့်လျော်ပါတယ်

💚၈။ ဒါကတော့ မိန်းကလေးတွေ အကြိုက်ပေါ့နော်အိုမင်းရင့်ရော်ခြင်းကို နှေးကွေးစေပါတယ်
ကော်လာဂျင် ထုတ်လုပ်မှူကို မြှင့်တင်ပေးတဲ့အပြင် ရေဓာတ်ပြည့်ဝစေလို့ အသားအရည် တင်းရင်းပြီး Glow စေပါတယ်

💚၉။ကျောက်ကပ် ကျောက်တည်ခြင်းမှလဲ ကာကွယ်ပေးပါတယ်
သတိပြုရမှာက - ကျောက်ကပ်ဝေဒနာရှင်များကတော့ ဆရာ၀န် ခွင့်ပြုညွှန်ကြားမှသာ သောက်ပါနော်

ကျန်းမာကြစေကြောင်း မေတ္တာဖြင့်

Dr Khaing Thandar Soe
သုခဆေးခန်း မုံရွာမြို့
မြတ်လေးလမ်း စက်မှုဇုံ
ဘိုးဘွားရိပ်သာအနီး
☎️09892237899


#အုန်းရေ #အုန်းစိမ်းရည်

🌞🌞ရာသီဥတု အရမ်းပူလာတော့ အပူလွန်ကဲခြင်းကြောင့် ဖြစ်တဲ့လက္ခဏာတွေနဲ့ လူနာတွေ ဆေးရုံဆေးခန်းတွေမှာ များလာပါတယ်။အသက်သေဆုံးသည်ထ...
19/04/2023

🌞🌞ရာသီဥတု အရမ်းပူလာတော့ အပူလွန်ကဲခြင်းကြောင့် ဖြစ်တဲ့လက္ခဏာတွေနဲ့ လူနာတွေ ဆေးရုံဆေးခန်းတွေမှာ များလာပါတယ်။
အသက်သေဆုံးသည်ထိ အန္တရာယ်များတာမို့ အပူ​ချိန်လွန်ကဲခြင်းရဲ့ နောက်ဆက်တွဲလက္ခဏာတွေအကြောင်း ပြောပြချင်ပါတယ်။

⚛️ပထမတော့ လူက ချွေးတွေထွက်မယ်။
ရေနဲ့ ဓာတ်ဆား ဆုံးရှုံးမှုများလာတဲ့အခါ နုံးချိလာမယ်။ ကြွက်တက်နိုင်မယ် ။

⚛️ပိုဆိုးလာရင် Heat Exhausation (အပူကြောင့် ခြေကုန်လက်ပန်းကျခြင်း )ဖြစ်နိုင်ပါတယ်။
ပင်ပန်းနွမ်းနယ်ခြင်း
မူး‌‌‌ဝေခြင်း
နေထိုင်မကောင်းခြင်း
ချွေးအလွန်အမင်းထွက်ပြီး အေးစက်ခြင်း
အသက်ရှူနှုန်းမြန်ခြင်း နဲ့ နှလုံးခုန်နှုန်းမြန်ခြင်းတွေ ခံစားရနိုင်ပါတယ်။

⚛️အဆိုးဆုံးက​တော့ Heat Stroke လို့ခေါ်တဲ့ အပူလျှပ်ခြင်းပါ။
အသက်သေဆုံးတဲ့အထိ ဖြစ်နိုင်လို့ အင်မတန် အရေးကြီးပါတယ် ။

ဘယ်သူတွေ Heat stroke ဖြစ်နိုင်လဲ❓
✅သက်ကြီးရွယ်အိုများနဲ့ ကလေးငယ်တွေ
✅အရက်ဘီယာ အလွန်ကျွံသောက်သုံးသူတွေ
✅အားကစားပြင်းပြင်းထန်ထန်လုပ်သောသူတွေ၊
✅နာတာရှည် ရောဂါအခံရှိသူတွေ(ဥပမာ လည်ပင်းဟိုမုန်းများသောရောဂါ )
✅လေဝင်လေထွက်မရှိဘဲ အလုံပိတ်အခန်းထဲမှာ နေထိုင်သူတွေ
✅ပူပြင်းသောနေရောင်အောက်တွင် ကြာရှည်စွာ သွားလာလုပ်ကိုင်နေသူတွေ မှာ ပိုအဖြစ်များပါတယ်။

🚨ရောဂါလက္ခဏာတွေက
နုံးချိခြင်း,အားမရှိခြင်း , ခေါင်းကိုက်ခြင်း
ပျို့အန် ခြင်း တွေ ဖြစ်နိုင်တယ်
🚨ချွေးလုံး၀မထွက်တော့ဘဲ ခန္ဓာကိုယ်က ပူကျစ်လာမယ်
🚨အပူချိန် >40'C ကျော်ပြီး ကယောက်ကတမ်းဖြစ်တာ သတိလစ်တာတွေ ဖြစ်ပြီး အသက်ဆုံးရှုံးသည်အထိ ဖြစ်နိုင်ပါတယ်

ဒီလိုတွေ ဖြစ်လာပြီဆို အရေးပေါ်ပြုစုနည်းအနေနဲ့ လူနာကို အရင်ဆုံး
✅ အရိပ်ရပြီး အေးမြတဲ့နေရာကိုရွှေ့ပါ
✅ ရေအေးအေး များများတိုက်ပေးပါ။ ဓာတ်ဆားရည်တိုက်ပါ
✅အင်္ကျီလက်ရှည် အဝတ်ထူထူများ ၀တ်ထားပါကချွတ်ပေးပါ
✅ခန္ဓာကိုယ်နဲ့ အရေပြားတွေအေးစေရန် ရေပတ်တိုက်ပေးပါ ယပ်ခပ်ပေးပါ ပန်ကာအောက်မှာထားပေးပါ
✅ လူနာကို ပက်လက်အနေအထား ထားပြီး ခြေရင်းဘက်ကို မြှင့်ထားပါ

​🚨အရေးပေါ်ပြုစုပြီးရင်တော့ နီးစပ်ရာဆေးရုံ ဆေးခန်းကို ပို့ပေးပါနော်

ကျန်းမာကြစေကြောင်း မေတ္တာဖြင့်

Dr Khaing Thandar Soe
သုခဆေးခန်း မုံရွာမြို့
ဘိုးဘွားရိပ်သာအနီး
မြတ်လေးလမ်း စက်မှုဇုံ
☎️09892237899


#အပူချိန်လွန်ကဲခြင်း

👁️👁️ အချိန်မတိုင်ခင် အမြင်အာရုံထိခိုက်ယိုယွင်းခြင်းကို ကာကွယ်နိုင်ရန် မိမိမျက်လုံးကို ဂရုစိုက်ပါရန် 👁️👁️👁️👁️ မျက်စိဟာ လူ...
09/04/2023

👁️👁️ အချိန်မတိုင်ခင် အမြင်အာရုံထိခိုက်ယိုယွင်းခြင်းကို ကာကွယ်နိုင်ရန် မိမိမျက်လုံးကို ဂရုစိုက်ပါရန် 👁️👁️

👁️👁️ မျက်စိဟာ လူ့ခန္ဓာကိုယ်မှာ အနုနယ်ဆုံးဖြစ်သလို အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ ပါဝင်ပါတယ်။ ဒါကြောင့် အချိန်မတိုင်ခင်
မျက်စိယိုယွင်းခြင်းကို ကာကွယ်ထားဖို့လိုပါတယ်။

☀️ ခရမ်းလွန်ရောင်ခြည်နဲ့ထိတွေ့မှု၊ Screen Time များခြင်း၊ 📱
ဆိုင်ကယ်စီးတဲ့အခါ လေနဲ့ ထိတွေ့မှု 🚴‍♀️🏍️ စတာတွေဟာ
မျက်စိကို ထိခိုက်စေတဲ့ အန္တရာယ်များဖြစ်ပါတယ်။

👨‍⚕️ မျက်စိအထူးကုဆရာဝန်ကြီး Dr. Mongkol Tadarati က မျှဝေထားတဲ့ မျက်စိထိခိုက်စေတဲ့အရာတွေကို ဘယ်လိုမျိုးကာကွယ်ရမလဲ ဆိုတာအောက်ပါပုံများမှာ လေ့လာနိုင်ပါတယ်။

ဆစ်မီတဝေ့ဆေးရုံကြီး

ကျန်းမာကြစေကြောင်း မေတ္တာဖြင့်

🏥 သုခဆေးခန်း မုံရွာမြို့
ဘိုးဘွားရိပ်သာအနီး
မြတ်လေးလမ်း စက်မှုဇုံ
☎️09892237899

 #သားသား_မီးမီးလေးက_နှာတံမပေါ်ဘူး #ပြားပြား_နဲ့_ထိပ်လုံးလုံးလေးဖြစ်နေတယ် #ဂျီးတော်ကြီးပြောသလို_ငယ်တုန်းလေး_ဆွဲဆွဲပေးမှ_န...
07/04/2023

#သားသား_မီးမီးလေးက_နှာတံမပေါ်ဘူး
#ပြားပြား_နဲ့_ထိပ်လုံးလုံးလေးဖြစ်နေတယ်
#ဂျီးတော်ကြီးပြောသလို_ငယ်တုန်းလေး_ဆွဲဆွဲပေးမှ_နှာတံပေါ်လာမှာလား

မျက်နှာရဲ့အစိတ်အပိုင်း တွေဖြစ်တဲ့ နဖူး၊ မျက်လုံး၊ နှာခေါင်း၊ ပါးစပ်၊ ပါး အစရှိတာတွေ အချိုးကျကျ ရှိမှ ချောတယ်လှတယ် ဆိုပြီး ပြောကြတာမလား

ကလေးတယောက်ရလာရင်
- ကလေးလေး အဖတ်တင်ဖို့ ဆုတောင်းကြရတယ် ကြိုးစားကြရတယ်
အသက်လေးရှင်လာတော့
- ကိုယ်လက်အင်္ဂါတွေ စုံလင်ရဲ့လား စိတ်ပူကြရပါတယ်
ကိုယ်လက်အင်္ဂါတွေစုံ ပြန်တော့
- လူချောလူလှလေး လူချစ်လူခင်များတဲ့ကလေးလေး ဖြစ်စေချင်ပြန်ရော
လူချောလူလှလေးဖြစ်ပြန်တော့လည်း ဉာဏ်ပညာကြီးမားထက်မြတ်ချင်ကြတာဟာ မိဘတိုင်းရဲ့ #အဖြူရောင်လောဘ လို့ပဲပြောရမလားပဲ

ကိုယ်လက်အင်္ဂါစုံတဲ့ကလေးလေး မွေးဖွားလာတဲ့အခါ ကျွန်တော်တို့လူကြီးတတွေက တခြားအစိတ်အပိုင်းတွေကို ပြဿနာသိပ်မရှာတတ်သော်လည်း

မျက်နှာတခုလုံးမှာ ထောင်လိုက်ရှိနေတဲ့ တခုတည်းသော #နှာခေါင်း ကိုတော်တော် ကလိချင်ကြပါတယ်။

ဖအေရော မအေရော က နှာတံပေါ်ပေါ်ရယ် နင့်ကြမှ ဘာလို့ ပြားနေရတာလဲ ဆိုပြီး ကြုံတိုင်း ဆွဲပါတယ်။
ဆွဲခံရတိုင်း သူ့ဟာသူ သာသာယာယာ နေတဲ့ ကလေးက ငိုရပါတယ်
ဘာလို့ ငိုရတာလဲ ⁉️
😰 နာလို့ပေါ့ဗျာ

အရေပြား၊အသား နုနုနယ်နယ်ရှိတဲ့ ကလေးလေး ကို မဆိုနဲ့ ဒီအရွယ်ကြီး ကိုယ့်နှာခေါင်းကိုယ် ဆွဲကြည့်ပါလား နာ/မနာ

🤷‍♂️ နာမှန်းသိသားပဲ အကျိုးရှိလို့ လုပ်တာပေါ့ လို့ဆိုပြန်လဲ

#အကျိုးမရှိပါဘူးဗျာ

ကလေးလေးရဲ့ နှာခေါင်းအပါအဝင် မျက်နှာပုံပန်းသဏ္ဍာန်က ဘာသာရေးအရကြည့်ရင် အတိတ်ကုသိုလ်ကံ အတိုင်းလို့ပြောလို့ရသလို
ဆေးပညာအရပြောရရင် မျိုးရိုးဗီဇအရ သတ်မှတ်ထားပြီးသားဖြစ်ပါတယ်။
(ရေမြေသဘာဝ နဲ့ကိုက်ညီတဲ့ ပုံပန်းသဏ္ဍာန် ပဲရကြတာပါ)

🤷‍♂️ ငါတို့ဆွဲဆွဲပေးလို့ မွေးကာစ နှာပြားလေးက ၂-၃ လသားလောက်မှာ နှာတံလေးပေါ်လာတယ်လေ ဆက်ဆွဲပေးမှ နှာတံချွန်ချွန်ရမှာပေါ့
#အဲ့လိုမဟုတ်ပါဘူး 😅
ခွဲစိတ်မွေးဖွားတဲ့ ကလေးတွေထက် ရိုးရိုးမွေးဖွားတဲ့ ကလေးလေးတွေက ကျဉ်းမြောင်းတဲ့မွေးလမ်းကြောင်းတောက်လျောက် ပွတ်ပြီးထွက်လာရတဲ့အတွက် ရှိသင့်တဲ့အရွယ်ထက် နှာခေါင်းလေးက ပြားနေရခြင်းဖြစ်ပါတယ်။
မွေးဖွားပြီး အချိန်အတိုင်းအတာတစ်ခု ရရင် မူလ ပုံစံလေးရလာပါလိမ့်မယ် (ဆွဲစရာမလိုပါဘူး)

နောက်တချက်က မွေးကာစ ကလေးလေး တွေဟာ နှာခေါင်းပုံစံ ပီပီပြင်ပြင် မဖွံ့ဖြိုးသေးပါဘူး လသားအရွယ်ရောက်လာတဲ့ အခါမှ နှာခေါင်းအရိုးနုတွေ ဖွံဖြိုးလားပြီး နှာတံလေးပေါ်လာပါလိမ့်မယ်။
(သူ့ဟာသူဖွံ့ဖြိုးလာတာကို ဆွဲလို့ ပေါ်လာတယ်လို့ ပြောကြမှာပေါ့ 😬)

လသားအရွယ်ရောက်လည်း သူရဲ့ပုံပန်းသဏ္ဌာန်က လူကြီးမှာရှိမယ့် ပုံပန်းသဏ္ဌာန်မဖြစ်သေးပါဘူးဗျာ

👉 ဆွဲဖို့ မကြိုးစားကြပါနဲ့

အသက် (၈-၁၀) နှစ်လောက်ရောက်မှ နှာခေါင်းပြားမလား လုံးမလား ချွန်မလား သေသေချာချာ သိကြရတာပါ။

👉 အဲ့အရွယ်လည်းသွားမလုပ်ကြပါနဲ့ 😅

နှာခေါင်းဆိုတာ အသက်ရှူလမ်းကြောင်းရဲ့ အစဖြစ်တဲ့အတွက်အရေးကြီးပါတယ်
ကလေးနုနုနယ်နယ်လေးကို လူကြီးအားနဲ့ ဆွဲခြင်းဟာ နှာခေါင်းမှာ ဒဏ်ဖြစ်နိုင်ပါတယ်
- နှာခေါင်းသွေးလျှံခြင်း တွေပါဖြစ်လာနိုင်ပါတယ်

အကျိုးမရှိတဲ့ကိစ္စအတွက်
ဘာမှမပြောနိုင်သေးတဲ့ ကလေးလေးတွေကို #အနိုင်မကျင့်ကြပါနဲ့

Dr. ဘုန်းစည်သူလွင်

ကျန်းမာကြစေကြောင်း မေတ္တာဖြင့်

🏥 သုခဆေးခန်း မုံရွာမြို့
ဘိုးဘွားရိပ်သာအနီး
မြတ်လေးလမ်း စက်မှုဇုံ
☎️09892237899

Address

Monywa

Telephone

+959892237899

Website

Alerts

Be the first to know and let us send you an email when သုခ ဆေးခန်း Thukha Clinic Monywa posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram