27/10/2020
COVID-19 ရောဂါကူးစက်ပျံ့ပွားမှု ဖြစ်ပွားနေစဉ်ကာလအတွင်း လယ်ယာသုံး စက်ပစ္စည်းကိရိယာများ ရွှေ့ပြောင်း အသုံးပြု ရာတွင် လိုအပ်သော အကူအညီတောင်းခံဆောင်ရွက်နိုင်ကြောင်း အသိပေး ကြေညာချက်
===============================
၁။ ၂၀၁၉-၂၀၂၀ခုနှစ် မိုးစပါးရိတ်သိမ်းရာတွင် အချိန်မီရိတ်သိမ်းနိုင်ရန်နှင့် အခြောက်ခံနိုင်ရန် အတွက် ရိတ်သိမ်းခြွေလှေ့စက်(Combine Harvester) များ နှင့် အခြောက်ခံစက်(Dryer)များကို ရွှေ့ပြောင်းသယ်ယူပို့ဆောင်ရေးနှင့် တပ်ဆင်အသုံးပြုရေး၊ ဆောင်းသီးနှံ ထွန်ယက်စိုက်ပျိုးရေး အတွက် ထွန်စက် ကြီးများ ရွှေ့ပြောင်းဆောင်ရွက်ရာတွင် ပါဝင်ဆောင်ရွက်ကြမည့် မောင်းနှင်သူ များ နှင့် ကျွမ်းကျင်သူများအား Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့်ဗဟိုကော်မတီ၏ ညွှန်ကြား ချက် များနှင့်အညီ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် စိုက်ပျိုး ရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်း ရောင်း ဝယ်ရေးဝန်ကြီးဌာန နှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ညှိနှိုင်း ဆောင်ရွက်မှုဖြင့် မြို့နယ်အဆင့် လယ်ယာသုံးစက်ကိရိယာများ ရွှေ့ပြောင်း အသုံးချနိုင်ရေး ပူးပေါင်းညှိနှိုင်းရေးအဖွဲ့ အား ဖွဲ့စည်းထားရှိပြီးဖြစ်ပါသည်။
၂။ COVID-19 ရောဂါကူးစက်ပျံ့ပွားမှုဖြစ်ပွားနေစဉ်ကာလအတွင်း ကုန်တင် ယာဉ်များ အဆင်ပြေ ချောမွေ့စွာသွားလာနိုင်ရေးနှင့် ကုန်စည်စီးဆင်းမှု ပြတ်တောက်မှု မရှိစေရေးအတွက် သွားလာမည့် ကုန်တင်ယာဉ်များ လိုက်နာ ဆောင်ရွက်ရမည့် စံသတ်မှတ်ချက် (Standard Operating Procedure, SOP) များနှင့် အညီ မိုးစပါးရိတ်သိမ်းခြင်း၊ အခြောက်ခံခြင်း၊ သယ်ယူ ပို့ဆောင် ခြင်း၊ ဈေးကွက်သို့ တင်ပို့ခြင်းလုပ်ငန်းများအား “မြို့နယ်အဆင့် လယ်ယာသုံး စက်ကိရိယာများရွှေ့ပြောင်းအသုံးချနိုင်ရေး ပူးပေါင်းညှိနှိုင်းရေးအဖွဲ့”က ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။
၃။ သို့ဖြစ်ပါ၍ တောင်သူလယ်သမားများအပါအဝင် သီးနှံစိုက်ပျိုး ထုတ်လုပ် ရောင်းဝယ်ရေး လုပ်ငန်းများတွင်ပါဝင်ဆောင်ရွက်နေကြသော လုပ်ငန်းရှင်များ အနေဖြင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးရန်လိုအပ်ပါက သက်ဆိုင်ရာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနများသို့ လည်းကောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ နေပြည်တော်၊ ဖုန်းနံပါတ် - ၀၆၇-၄၁၀၁၃၉ နှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ ဖုန်းနံပါတ် - ၀၁-၂၃၀၁၁၂၈ နှင့် ၀၁-၂၃၀၁၁၂၉ တို့သို့ ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း အသိပေးအပ်ပါသည်။
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန