YKT Liquor House

YKT Liquor House စစ်မှန်ပြီး အရည်အသွေးပြည့်ဝသော

ကုန?

🤣🤣🤣အရက်ကိုအားကစားဝတ်စုံလေး ဝတ်ပြီး သောက်ကြည့်တယ်။မူးတာပဲ …စတစ်ကော်လံလေးနဲ့ လူကောင်းယောင်ဆောင်ပြီး သောက်ကြည့်တယ်မူးတာပဲ…T...
21/12/2021

🤣🤣🤣

အရက်ကို
အားကစားဝတ်စုံလေး ဝတ်ပြီး
သောက်ကြည့်တယ်။
မူးတာပဲ …

စတစ်ကော်လံလေးနဲ့
လူကောင်းယောင်ဆောင်ပြီး
သောက်ကြည့်တယ်
မူးတာပဲ…

Tshirt လေးဝတ်ပြီး
လူငယ်အထာနဲ့ သောက်ကြည့်တယ်
မူးတာပဲ…

Shirt ဝတ်ပြီး
လူကြီးလူကောင်းတစ်ယောက်လို
သောက်ကြည့်တယ်
မူးတာပဲ…

စွတ်ကျယ် ဝတ်ပြီး
ရပ်ကွက် အထာလေးနဲ့
သောက်ကြည့်တယ်
မူးတာပဲ…

စုပ်ပျက်သက်နေတဲ့
အဝတ်စားလေးနဲ့ ထပ်သောက်ကြည့်တယ်
မူးတာပဲ…

ကျနော်အရက်ကို နားလည်သွားပြီ
ဒီကောင်က ဝတ်စားဆင်ယင်မှုတွေ
ဂုဏ်ဓနတွေ ငွေကြေးတွေ မခွဲခြားပဲ
တန်းတူညီမျှ မှုဆိုတဲ့ အရာကိုပေးတယ်။

သူက လူမျိုးမရွေးဘူး
ဘာသာလည်းမခွဲခြားဘူး. .!

အသားအရောင် ဖြူ နက် ညိုပြာ စိတ်မဝင်စားဘူး !

ကိုကာကိုလာနဲ့လည်း နေပျော်တယ်
ရေခဲနဲ့လဲ တင်းတိမ်တယ်
ရေသန့်လေးနဲ့ဆိုလည်း ရောင်ရဲတယ်
ဆိုဒါ နဲ့လဲ ကျေနပ်တယ်

အဓိက သူ့ရဲ့ ရည်ရွယ်ချက်ကိုက
လူတန်းစားမရွေး မူးယစ်ရီဝေစေဖို့ပဲ

မာန်မာန ကင်းတယ်
အဆောင်ယောင်နဲတယ်

သူ့မှာ စေတနာလေးတစ်ခုပဲ ရှိတယ်
လူတန်းစားအနိမ့်မြင့် မမရွေး
မူးယစ်ရီဝေ ပျော်ရွှင်စေချင်တာလေးတစ်ခုပါပဲ

ဒါ့ကြောင့် ရိုးသားအပြစ်ကင်းစင်ပြီး
စေတနာဖြူတဲ့ အရက်ကိုပဲ
ကျနော်ချစ်တယ်…

Credit original writer
😛
:p

ကိုဗစ် ကာကွယ် ၊ မကွယ်တော့ မပြောတက်ဖူးဒီကောင်ကတော့ ဈေးတွေတက်သွားတယ်။ငဗစ်ရယ် လူကိုဒုက္ခပေးယုံတင်မဟုတ်ဖူးသွသူနေတဲ့ ဂျက်ကာ တ...
09/08/2021

ကိုဗစ် ကာကွယ် ၊ မကွယ်တော့ မပြောတက်ဖူး
ဒီကောင်ကတော့ ဈေးတွေတက်သွားတယ်။
ငဗစ်ရယ် လူကိုဒုက္ခပေးယုံတင်မဟုတ်ဖူး
သွသူနေတဲ့ ဂျက်ကာ တောင် ဒင်းကြောင့်ထပြေးရဘီ

အသက်ကလေးရယ်တဲ့ ရှည်စေလို " ဂျက်ကာ " ရိပ် မှာခို 🤙🤙-------------------------------------------စပါယ်လင် နဲ့ ဂျင်းပြုတ်ရည် ...
05/08/2021

အသက်ကလေးရယ်တဲ့ ရှည်စေလို
" ဂျက်ကာ " ရိပ် မှာခို 🤙🤙
-------------------------------------------
စပါယ်လင် နဲ့ ဂျင်းပြုတ်ရည် သောက်ရတာ
ငြီးငွေ့နေပြီလား ဂေါင်းကြီးတို့ 🤙🤙

လည်ချောင်းထဲမှာပုန်းအောင်းနေတဲ့ 🦠🦠
​ပိုးမွှားတွေကို " ဂျက်ကာ " နဲ့ ဆေးကြောလိုက်ပါ။👊👊
---------------------------------------------
ဆေးဖြစ် ဝါးဖြစ်သောက်သုံးပြီးကာကွယ်ပါ။ 😊😊
ခွေး ဖြစ် နွား ဖြစ်တော့ သောက်တာတော့ 👎👎
---------------------------------------------
ရေခဲလေး ၂ တုံးလောက်နဲ့ ပလိန်း ကစ်ကစ်
ရေခဲထည့် ၊ Red Bull နဲနဲရော ပီး ကစ်ကစ်
---------------------------------------------
အရက်ဆိုတာ သောက်တက်ရင် " ဆေး " တဲ့
" ဆေး " လောက်သောက်သုံးပေးဖို့အကြံပြုရင်း

ပစ္စည်းလက်ကျန် အနည်းငယ်ပဲကျန်ပါတော့တယ်။

1L = 23000
20cL = 7300
2cL = 2000

ဆိုင်ကပိတ်ထားတာဖြစ်သည့်အတွက်
09792015475 ဆက်သွယ်ပေးကြပါဗျ။

မြန်မာနိုင်ငံသားများအားလုံး
ကိုဗစ် ကပ်ရောဂါ မှကျော်လွှားနိုင်ပါစေ 🙏🙏🙏
YKT Liquor House.......

ကျွန်တော်တို့ YKT Liquor House မှယခုလိုကာလကြီးမှာ အိမ်အပြင်မထွက်ချင်သူများအတွက် အိမ်အရောက် Delivery လိုက်လံပို့ဆောင်ပေးန...
06/07/2021

ကျွန်တော်တို့ YKT Liquor House မှယခုလိုကာလကြီးမှာ အိမ်အပြင်မထွက်ချင်သူများအတွက် အိမ်အရောက် Delivery လိုက်လံပို့ဆောင်ပေးနေပါပြီခင်ဗျာ။

မုံရွာမြို့အတွင်း အိမ်အရောက် Delivery Service ရှိပါတယ်ဗျ။အသေးစိတ်သိရှိလို့ပါက ဖုန်းဆက်ပြီးမေးမြန်းနိုင်ပါတယ်။ဖုန်းဆက်ပြီးလည်း မှာယူနိုင်ပါတယ်ခင်ဗျာ။

Edit - ဆိုင် ခေတ္တ ပိတ်ထားပါတယ်ဗျ။

☎09-792015475

🙏🏻အားပေးမှုကိုအထူးပင်ကျေးဇူးတင်ရှိပါသည်🙏🏻

🏡YKT Liquor House

11/06/2021

လွင်မိုး မှန်ဒရ် 😂😂👌👌👌

YKT Liquor House မှ ဝယ်ယူအားပေးသောCustomer တစ်ယောက်စီတိုင်းကို မေတ္တာလက်ဆောင်အနေဖြင့် ဘီယာဖောက်တံ သော့ချိတ်တစ်ခုစီ လက်ဆေ...
25/05/2021

YKT Liquor House မှ ဝယ်ယူအားပေးသော
Customer တစ်ယောက်စီတိုင်းကို မေတ္တာလက်ဆောင်အနေဖြင့် ဘီယာဖောက်တံ သော့ချိတ်တစ်ခုစီ
လက်ဆောင်ပြန်ပေးနေပါပြီခင်ဗျ။😍

🙏အားပေးမှုကို အထူးပင်ကျေးဇူးတင်ရှိပါသည်🙏

🏡 YKT Liquor House

☎ 09.792015475

19/05/2021

ပုလင်း ရှာ မတွေ့ရင် " YKT Liquor House " ကို

အပြေးလေးလှမ်းလာခဲ့ဖို့ ဖိတ်ခေါ်ပါရစေ 🙏🙏🙏

😁😁

🚨 New Arrival 🚨🥃 Chivas 12 Years (Manchester United Edition)🥃     Chivas 12 Years ကို Manchester United ရဲ့ ၁၂ ယောက်မြော...
15/05/2021

🚨 New Arrival 🚨

🥃 Chivas 12 Years (Manchester United Edition)🥃

Chivas 12 Years ကို Manchester United ရဲ့ ၁၂ ယောက်မြောက်ကစားသမား ဖြစ်တဲ့ Man-U ပရိတ်သတ်တွေကို ဂုဏ်ပြုသောအားဖြင့် Manchester United Edition ကို ထုတ်လုပ်လာတာ ဖြစ်ပါတယ်.

မန်ချာစတာ ယူနိုက်တက်ရဲ့ ပုရိတ်သတ်အားကြောင့် အောင်မြင်နိူင်ခဲ့တဲ့ ၂၀၀၁ ခုနှစ် စက်တင်ဘာ ၂၉ ရက်နေ့မှာ ကျင်းပခဲ့တဲ့ တော့တင်ဟန် ဟော့စပါးနဲ့ ပွဲကို ဂုဏ်ပြုတဲ့ အနေနဲ့ ထုတ်လုပ်ထားတာ ဖြစ်ပါတယ်.

အဲ့ဒီ့ပွဲစဉ်မှာ မန်ချက်စတာ ဟာ ပွဲစဉ်ပထမပိုင်း အပြီးမှာ တော့တင်ဟန် ဟော့စပါးကို ၃ ဂိုး - ဂိုးမရှိ (၃-၀) နဲ့ ရှုံးနိမ့်နေခဲ့ပါတယ်.

ပရိတ်သတ်ရဲ့ တခဲနက်အားပေးမှု့ကြောင့် ပွဲစဉ် ဒုတိယပိုင်း ၄၆ မိနစ်မှာ တိုက်စစ်မှူး အန်ဒီကိုးလ် (Andy Cole) ဟာ မန်ချက်စတာ ယူနိုက်တက်အတွက် ပထမဆုံးခြေပဂိုးကို ခေါင်းတိုက်သွင်းယူ နိုင်ခဲ့ပါတယ်. ၁၂ ယောက်မြောက်ကစားသမားဖြစ်တဲ့ ပုရိတ်သတ်ရဲ့ အားနဲ့ မန်ချက်စတာ ယူနိုက်တက်ဟာ တော့တင်ဟန် ဟော့စပါးကို ၅ ဂိုး - ၃ ဂိုး (၅-၃) နဲ့ အန်ိူင်ရရှိခဲ့ပါတယ်.

အဲ့ဒီ့ပွဲစဉ်မှာ မန်ချက်စတာ ယူနိုက်တက်ရဲ့ အောင်မြင်မှု့ကို ရရှိအောင် တခဲနက် အားပေးခဲ့ကြတဲ့ ၁၂ ယောက်မြောက်ကစားသမားဖစ်ြတဲ့ ပုရိတ်သတ်တွေကို ဂုဏ်ယူသောအားဖြင့် Chivas 12 Years ကို Manchester United Edition အဖြစ် ထုတ်လုပ်ထားတာ ဖြစ်ပါတယ်. ပုရိတ်သတ်ရဲ့ အားပေးကြောင့် စိတ်အားထက်သန်လာပြီး ပထမဆုံး ခြေပဂိုးကို ခေါင်းတိုက် သွင်းယူနိုင်ခဲ့တဲ့ တိုက်စစ်မှူး အန်ဒီကိုးလ် (Andy Cole) ရဲ့ ပုံကိုလည်း ထည့်သွင်းဂုဏ်ပြုထားပါတယ်.

၁၂ ယောက်ကစားသမား Red Devil ပုရိတ်သတ်တွေ Chivas 12 years ရဲ့ နူးညံ့သိမ့်မွေ့တဲ့ အရသာကို ဂုဏ်ယူစွာ ခံစားလိုက်ပါ.

Chivas 12 Years (Manchester United Edition) (Andy Cole)



YKT Liquor House တွင်ဝယ်ယူရရှိနိုင်ပါပြီ။

🏘YKT Liquor House

🗺ဗိုလ်ချုပ်လမ်း၊ဗိုလ်ချုပ်ကြေးရုပ်နှင့်နာရီစင်အကြား

☎️09-792015475

13/05/2021

သောက်ရင်း လေပေါ.........
ရောက်တက်ရာရာ.............
ပင်ပမ်းလည်းပြေ................
သောကပျောက်စေ...........
သွေး၊လေ မှန်ကြောင်း.......
အိပ်ကောင်း စားဝင်..........
ခင်မင် ပေါင်းသင်း..........
ရွှင်ပျော်စေသည်။...........
😝သို့သော်😝 မိတ်ဆွေ 👇👇👇
ဘယ်ဟာမဆို.................
တန်လျင်တော့ဆေး.........
လွန်လျင် ဘေးမို့.............
အန္တရာယ်ကင်းစွာ.....အိမ်ပြန်​ရောက်ဖို့
သင့်တင့်ရုံသာသောက်ကြပါစို........ ချီးယား 🍺🍺

#မူရင်း_ခရက်စ်တစ်
ုပ်မ😛😛

11/05/2021

Girl : ကိုကို အရက်တွေ သောက်နေတယ်ဆို 😏😏
Boy : သူငယ်ချင်းတွေ စုံမှသောက်တာပါ သဲရဲ့ 🥰🥰
Girl : Aww.....လူမစုံရင်မသောက်ဖူးဆိုပါတော့😘😘
Boy : လူမစုံရင်..စုံအောင်လုပ်တယ်လေ😝😝

လူတိုင်းသိထားသင့်သော Johnnie Walker ပုလင်းမှ အရောင်များအကြောင်း- - - - - - - - - - - - - - - - - - - - - -Johnnie Walker...
09/05/2021

လူတိုင်းသိထားသင့်သော Johnnie Walker ပုလင်းမှ အရောင်များအကြောင်း
- - - - - - - - - - - - - - - - - - - - - -

Johnnie Walker သည် အရက်စျေးကွက်တွင် ကမ္ဘာ့အရက်စျေးကွက်အတွင်း အကြီးမားဆုံးအရက်ဖြန့်ဖြူးရေး စကော့(ဒ်)တလန် ကုမ္ပဏီတစ်ခုဖြစ်ပြီး သက်တမ်းနှစ် ၂ဝဝ ကျော်ပြီ ဖြစ်သည်။ Johnnie Walker ဝီစကီ၏ ထူးခြားချက်မှာ အခြားအရက်များကဲ့သို့ ကုန်ကြမ်းမှတိုက်ရိုက်ချက်လုပ်ထားခြင်းမဟုတ်ဘဲ ဝီစကီများကို ကုန်ကြမ်းအဖြစ်အသုံးပြုကာ ထပ်မံချက်လုပ်ထားခြင်းဖြစ်သည်။ ကမ္ဘာတစ်လွှားတွင် တစ်နှစ်လျင် Johnnie Walker ပုလင်းပေါင်း သန်း ၁၃ဝ ခန့် သောက်သုံးကြပါသည်။ Johnnie Walker ဝီစကီတွင် အရောင်အပေါ်မူတည်၍ အရည်အသွေးနှင့်စျေးနှုန်းကွာခြားပုံကို ဗဟုသုတရဖွယ် ဖော်ပြလိုက်ပါသည်။

၁။ Johnnie Walker Red Label

Red Label သည် ဆန်စေ့နှင့်မုယောဝီစကီပေါင်း ၃၅မျိုး ရောနှောချက်လုပ်ထားသော ဝီစကီပင်ဖြစ်သည်။ Red Label သည် စကော့စလန်အနောက်ဘက် ကမ်းရိုးတန်းမှ အပြင်းစား Peat Whiskey နှင့် စကော့တလန်အရှေ့ဘက် ကမ်းရိုးတမ်းမှ အပျော့စား ဝီစကီတို့ကို ပေါင်းစပ်ချက်လုပ်ထားခြင်း ဖြစ်သည်။ Red Label သည် Johnnie Walker တံဆိပ်တွင် ဈေးအနည်းဆုံး ဖြစ်သည်။

၂။ Johnnie Walker Black Label

စနစ်တကျရွေးချယ်ထားသော စကော့တလန်ဝီစကီအမျိုးပေါင်း ၄ဝ ကျော်ဖြင့် Black Label ကို ပေါင်းစပ်ချက်လုပ်ထားခြင်းဖြစ်သည်။ Black Label ကို ချက်လုပ်ရာတွင် ကုန်ကြမ်းအဖြစ် ၁၂နှစ်သက်တမ်းရှိသော ဝီစကီများကိုသာ အသုံးပြုထားသောကြောင့် Black Label တစ်လုံးသည် အကြမ်းဖျဉ်းအားဖြင့် အနည်းဆုံးသက်တမ်း ၁၂နှစ်ရှိပြီဟု ဆိုနိုင်သည်။

၃။ Johnnie Walker Double Black Label

Johnnie Walker မှ ထပ်မံထုတ်လုပ်လိုက်သော Double Black သည် Black Label ကို စည်ထဲတွင် ထည့်ပြီး မုယောသစ်ဆွေးများကိုလောင်စာအဖြစ်အသုံးပြုပြီး မီးခိုးငွေ့မှိုင်းတိုက်တာ ထပ်မံချက်လုပ်ထားခြင်းဖြစ်သည်။ ထို့ကြောင့် Double Black သည် သင်းပျံ့သောရနံ့၊ ထုံရီစေသော အရသာတို့ ပါဝင်နေခြင်း ဖြစ်သည်။



၄။ Johnnie Walker Green Label

Green Label သည် Linkwood ၊ Cragganmore ၊ Talisker နှင့် Caol lla ကဲ့သို့သော အရက်ချက်စက်ရုံကြီးများမှ အကောင်းဆုံးမုယောအရက်များကို ထပ်မံရောနှော ချက်လုပ်ထားခြင်းဖြစ်သည်။ ၁၅နှစ်သက်တမ်းရှိသော မုယောဝီစကီများကိုသာ အသုံးပြုထားသောကြောင့် Green Label ကို အကြမ်းဖျဉ်းအားဖြင့် ၁၅နှစ်သက်တမ်းရှိသော ဝီစကီဟု ဆိုနိုင်သည်။

၅။ Johnnie Walker Gold Label

Gold Label သည် ၁၉၉ဝ အလွန်နှစ်များမှစ၍ အရက်စျေးကွက်အတွင်း ဝင်ရောက်လာခဲ့သည်။ Gold Label သည် မုယောဝီစကီ ၁၅မျိုးကို ထပ်မံချက်လုပ်ထားပြီး ချိုရှရှအရသာဖြင့် သောက်သုံးရအဆင်ပြေစေပါသည်။

၆။ Johnnie Walker Blue Label
Blue Label သည် Johnnie Walker ဝီစကီထဲတွင် စျေးအကြီးဆုံးနှင့်အရှားပါးဆုံးပင် ဖြစ်သည်။ ပညာရှင်များသည် ကမ္ဘာပေါ်မှ အကောင်းတကာ့ အကောင်းဆုံးအရက်များကို ထပ်မံစိစစ်ရွေးချယ်၍ ၁၉ရာစုစတိုင် (အရသာ) ဖြင့် Blue Label ကို ထုတ်လုပ်ထားပါသည်။

အရက်မူးသမား ၁၇ မျိုး🥴🥃🍻🥂💃🏻🕺----------------------ဖြေခဲ့ကြည့် ကိုယ်က ဘာအကောင်လဲလို့😁😁😁( ၁ ) 🐕ခွေးမူး – မူးလာသည်နှင့် အခြာ...
07/05/2021

အရက်မူးသမား ၁၇ မျိုး🥴🥃🍻🥂💃🏻🕺
----------------------
ဖြေခဲ့ကြည့် ကိုယ်က ဘာအကောင်လဲလို့😁😁😁

( ၁ ) 🐕ခွေးမူး – မူးလာသည်နှင့် အခြားသူများကို ဒေါသထွက်ကာ ရန်ရှာတတ်သူ။

( ၂ ) 🐐ဆိတ်မူး – တွေ့သမျှ စားစရာများ တစ်ယောက်တည်း ဒိုင်ခံစားပစ်တတ်သူ။

( ၃ ) 🐓ကြက်မူး – ရေချိန်မှန်လာလျှင် မိန်းကလေးများကိုသာ စိတ်ဝင်စားလာတတ်သူ။

( ၄ ) 🐒မျောက်မူး – အရက်မူးလာလျှင် ခုန်ပေါက် သီချင်းဆိုနေတတ်သူ။

( ၅ ) 🐖ဝက်မူး – တွေ့ရာနေရာမှာ ထိုးအိပ်တတ်သူ။

( ၆ ) 🦢ဆက်ရက်မူး – အဆက်မပြတ် စကားများတတ်သူ။

( ၇ ) 🦎တောက်တဲ့မူး – ခွာမရတော့အောင် ကပ်ရစ်၍ တိုင်ပတ်သောသူ။

( ၈ ) 🐄နွားမူး – မူးလာလျှင် ချည်တိုင်ကို သတိရ၍ ပြန်ရန် ပြင်တတ်သူ။

( ၉ ) 🐊ဖွတ်မူး – အမူးပြေသွားလျှင် မူးနေစဉ်က ပြုခဲ့သည်များကို မမှတ်မိဟုပြောတတ်သူ။

( ၁၀ ) 🐍မြွေမူး – မည်မျှသောက်သောက် တွင်းဝင်ဖြောင့်သူ၊ လုပ်စရာရှိသည်များကို မမှားအောင်လုပ်နိုင်သူ။

(၁၁ ) 🦜သာလိကာမူး – နှစ်ပက်လောက် သောက်ပြီးတိုင်း ငါမူးနေပြီ မရတော့ဟု အမြဲပြောတတ်သူ။

( ၁၂ ) 🕊️ခိုမူး – မူးလာရင် မပြေလည်တဲ့အကြောင်းတွေ ပြောပြီး ညည်းတတ်သူ။

( ၁၃ ) 🐧ငုံးမူး – မူးလာရင် အနှိပ်ခန်းလေး Ktv လေးသွားဖို့ စည်းရုံးတတ်သူ။

( ၁၄ ) 🐁ကြွက်မူး – မူးလာရင် သူများပစ္စည်း လိုက်ဖွက်တတ်သူ။

( ၁၅ ) 🦃ဥဩမူး – မူးလာရင် နာမည်တစ်ခုကို ထပ်ခါထပ်ခါခေါ်ကာ ငိုချင်းချတတ်သူ။

( ၁၆ ) 🦎ပုတ်သင်မူး – မူးလာရင် ဘယ်သူပြောပြော မပြောပြော ခေါင်းတညိမ့်ညိမ့် လုပ်တတ်သူ။

( ၁၇ ) 🐸ဖားပြုတ်မူး – မျက်ခွံတစ်ဝက်စင်းထားကာ ပါးစပ်ကို ပြုံးဖြဲဖြဲကြီးလုပ်၊ ဆရာလိုလို သဘာလိုလို သူများပြောသည်ကို မိန်မိန်ကြီး ထိုင်နားထောင်နေတတ်သူ။

Admin ကတော့ = 🐍 🐍 🐍 😝😝
#အရက်သမားတွေကိုမန်းရှင်းခေါ်🤣🤣

Address

ဗိုလ်ချုပ်လမ်း၊နာရီစင်နှင့်ကြေးရုပ်ကြား၊KBZ Bank-1နဲ့မျက်စောင်းထိုး
Monywa
7MJQ448J+7Q

Opening Hours

Monday 10:00 - 21:30
Tuesday 09:00 - 21:30
Wednesday 10:00 - 21:30
Thursday 10:00 - 21:30
Friday 10:00 - 21:30
Saturday 10:00 - 21:30
Sunday 10:00 - 21:30

Telephone

+959792015475

Website

Alerts

Be the first to know and let us send you an email when YKT Liquor House posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to YKT Liquor House:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram