17/10/2025
အားလုံးပဲ မင်္ဂလာပါခင်ဗျာ! 🤗
Chindwin King ခရီးသွားဝန်ဆောင်မှု Page ကနေ မေတ္တာရပ်ခံစကားလေး ပြောပါရစေနော်။
📞 အရေးကြီးကိစ္စများအတွက် ဖုန်းနှင့်ဆက်သွယ်ပေးပါခင်ဗျာ ။
အရင်က ကျွန်တော်တို့ Page မှာ အချိန်ပြည့် စစ်ဆေးပေးမယ့် (Admin) မရှိခဲ့တာကြောင့် Messenger ကနေ မေးထားတဲ့ ကားငှားရမ်းမှု ကိစ္စများနဲ့ မေးခွန်းတွေကို အချိန်မီ အကြောင်းပြန်ဖို့ ခက်ခဲခဲ့ပါတယ်။ ဒီအတွက် တကယ်ပဲ စိတ်မကောင်းပါဘူးခင်ဗျာ။ 🙏
ဒါကြောင့် အရေးကြီးတဲ့ ကားကိစ္စတွေ ဒါမှမဟုတ် ချက်ချင်း သိချင်တာတွေ ရှိရင်...
☎️ Page မှာ ဖော်ပြထားတဲ့ ကားအသင်း ဖုန်းနံပါတ်တွေဆီကိုပဲ တိုက်ရိုက်ဆက်သွယ် ပေးဖို့ မေတ္တာရပ်ခံပါရစေနော်။ ဒါမှ အချိန်မနှောင်းဘဲ ကျွန်တော်တို့ အမြန်ဆုံး ဝန်ဆောင်မှု ပေးနိုင်မှာပါ။
☎️ Monywa gate -
09-440 44 6822, 09-440 44 7833,
09-97 660 6880
📞 Mandalay gate -
09-777 233 344, 09-97 660 6881,
09-449 533 188
အခုကစပြီးလည်း ဒီ Page ကို အတတ်နိုင်ဆုံး ပုံမှန် Run ပေးသွားတော့မှာ ဖြစ်ပါတယ်။
ဒါကြောင့် ဝန်ဆောင်မှုပိုင်းမှာ အားနည်းတာ၊ ပြင်ဆင်စေချင်တာတွေ ဒါမှမဟုတ်...
ကားအသင်းနဲ့ပတ်သက်တဲ့ မကျေနပ်ချက်များ (Complaint)
အကြံပြုလိုတာများ
ထောက်ပြဝေဖန်လိုတာများ
ရှိရင်လည်း Page Messenger ကနေ တိုက်ရိုက် စာပို့ ဆက်သွယ် ပြောကြားနိုင်ပါတယ်ခင်ဗျာ။ Founder များကိုယ်တိုင် လက်ခံရရှိပြီး လိုအပ်တာတွေကို လျှို့ဝှက်စွာနဲ့ အမြန်ဆုံး ဖြည့်ဆည်းပေးသွားမှာပါ။
ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုတွေ ပိုကောင်းလာအောင် အမြဲတမ်း ကြိုးစားနေပါတယ်နော်။
အားလုံးပဲ ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ! ခရီးသွားတိုင်း စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာနဲ့ ဘေးကင်းပါစေ။ 😊