Myat Myittar Clinic

Myat Myittar Clinic ကျန်းမာ​ရေးဆိုင်ရာ ဗဟုသုတများကို မ?

19/08/2023
19/08/2023
ရာသီတုပ်​ကွေး
19/08/2023

ရာသီတုပ်​ကွေး

10/12/2022

သွေးတိုး‌ရောဂါအတွက် စားသောက်မှုပုံစံက အထူးအရေးကြီးပါတယ်။

ပြုပြင်ပြောင်းလဲထားတဲ့အစားအစာများ၊ စည်သွပ်အစားအစာများအစား သန့်ရှင်းလတ်ဆတ်တဲ့ အစားအစာများကိုသာ ရွေးချယ်စားသောက်သင့်ပါတယ်။

ခေါက်ဆွဲခြောက်၊ ကြက်အူချောင်းကဲ့သို့ ပြုပြင်ထားသည့်အစားအစာများ၊ သရက်သီးသနပ်၊ မုန်လာချဥ်၊ ရှမ်းချဥ်၊ ဒညင်းသီးဆားရေစိမ်ကဲ့သို့ အစားအစာများမှာ သွေးပေါင်ချိန်တိုးစေနိုင်တဲ့ဆားနှင့်ဆိုဒီယမ်ဓာတ်များ ပါဝင်ပါတယ်။

ဒါကြောင့် သွေးတိုးရောဂါကာကွယ်ထိန်းသိမ်းနိုင်ရန်အတွက် ဖော်ပြပါအစားအစာများကို အတတ်နိုင်ဆုံး ရှောင်ရှားပြီး လတ်ဆတ်သန့်ရှင်းတဲ့အသီးအရွက်နဲ့ အသားငါးများကို ဦးစားပေးစားသုံးကြဖို့ အကြံပြုပါတယ်။

သို့/ ဒေါက်တာအပ်ပုန်းညောင်ပင်သာရွာအကြောင်းအရာ။   ။ လူကြီးမင်း၏ လူနာအခြေအနေအား အကြောင်းကြားခြင်း။အထက်ပါအကြောင်းအရာနှင့် ပ...
05/10/2022

သို့/
ဒေါက်တာအပ်ပုန်း
ညောင်ပင်သာရွာ

အကြောင်းအရာ။ ။ လူကြီးမင်း၏ လူနာအခြေအနေအား အကြောင်းကြားခြင်း။

အထက်ပါအကြောင်းအရာနှင့် ပတ်သက်၍ လွန်ခဲ့သောနှစ်ရက်က လူကြီးမင်းနှင့် ဆေးထိုးခဲ့သော ညောင်ပင်သာရွာမှ မောင်လူအေး အသက် ၄ နှစ်သည် ကျွန်ုပ်တို့၏ မကွေးတိုင်းဆေးရုံရှိ ကလေးကုသဆောင်သို့ ရောက်ရှိလာပြီးနောက် ယခုအခါ အဖျားကျ၍ နေကောင်းနေပြီဖြစ်သည်။ သို့သော် လူကြီးမင်းဆေးထိုးပေးခဲ့သော တင်ပါးတွင်မူ ပူးတွဲပါပုံအတိုင်း နီရဲယောင်ရမ်းပြီး ခဲနေပါသဖြင့် လမ်းမလျှောက်နိုင်ဖြစ်နေရရှာလေသည်။ ဆရာဝန်များ၏ စမ်းသပ်တွေ့ရှိချက်များအရ မောင်လူအေး၏ရောဂါမှာ သွေးလွန်တုပ်ကွေး အဆင့် ၁ ဖြစ်ကြောင်း, သွေးဥမွှားနည်းနေသည့် အခိုက်အတန့်တွင် အသားဆေးထိုးလိုက်၍ တင်ပါးအသားထဲ၌ သွေးယိုစိမ့်ခြင်းဖြစ်ကြောင်း ကြားသိရသည်။ သွေးလွန်တုပ်ကွေးရောဂါအနေအထားမှာ စိုးရိမ်ဖွယ်မရှိသော်လည်း လူကြီးမင်း၏ ဆေးထိုးကြမ်းချက်ကြောင့် ကလေးမှာ အိပ်ရာပေါ်က မထနိုင်ဖြစ်နေရသည်။ နောက်နောင် အပ်ပုန်းကုသရာတွင် ကလေးများအား ချမ်းသာပေးရန် အကျွန်ုပ်မှ သတိပေးအကြောင်းကြားလိုက်သည်။

ပုံ/
ကလေးဆောင်စောင့်နတ်မင်း
မကွေးတိုင်းဆေးရုံကြီး။
=======================
ကလေးနှင့်အသားဆေး

ကလေးတွေကို ဆေးပေးရာမှာ လိမ်းဆေး သောက်ဆေး ထိုးဆေး (အသားဆေး, အကြောဆေး) တွေပေးဖို့အတွက် ကလေးရဲ့ ဖြစ်တဲ့ရောဂါ, ရောဂါရဲ့ ပြင်းထန်မှု, အစာအိမ်နဲ့အူလမ်းကြောင်းက သောက်ဆေးကို လက်ခံစုပ်ယူနိုင်တဲ့ အခြေအနေ ရှိ/မရှိ ဒါတွေကို ထည့်သွင်းစဉ်းစားပြီးမှ ရွေးချယ်ရပါတယ်။

💉 အရင်ခေတ်ကလို ဖျားတာနဲ့ ဆေးသွားထိုးတတ်ကြတဲ့ခေတ် ကုန်ပါပြီ။ မလိုအပ်ဘဲ ဆေးမထိုးတော့ပါ။ တတ်နိုင်သမျှ သောက်ဆေးသာပေးတတ်ပါတယ်။

💉 ဘာကြောင့်လဲဆိုတော့ ထိုးဆေးရဲ့ ဆိုးကျိုးတွေက သောက်ဆေးထက် ပိုများလို့ပါ။ အထူးသဖြင့် ကလေးတွေမှာ ပိုလို့ဆိုးကျိုးဒဏ်ခံရပါတယ်။ မွေးတုန်းကအကောင်းကနေ တင်ပါးမှာ အသားဆေးထိုးခံရလို့ အာရုံကြောကို ထိမိပြီး ခြေတဖက် ထော့ကျိုးဖြစ်သွားတဲ့ ကလေးတွေ မနည်းမနောတွေ့နေရပါတယ်။

💉 အခုလို သွေးယိုလွယ် သွေးမတိတ်လွယ်တဲ့ သွေးလွန်တုပ်ကွေးဖြစ်နေတဲ့ ကလေးတွေ တင်ပါးကို ဆေးထိုးခံလိုက်ရရင်တော့ အသားထဲသွေးယိုရာကနေ အနာဖြစ်နိုင်သလို အသက်အန္တရာယ်ဖြစ်လောက်အောင်ထိလည်း သွေးယိုနိုင်ပါတယ်။

💉 ဘာကြောင့်လဲဆိုတော့ သွေးလွန်တုပ်ကွေးဖြစ်တဲ့ကလေးမှာ ဖျားလို့ သုံးရက်မြောက်ကနေ ခြောက်ရက်အထိကာလအတွင်း ကလေးရဲ့သွေးထဲမှာ သွေးတိတ်ဖို့ ကူညီပေးတဲ့ သွေးဥမွှားလေးတွေရော သွေးခဲပစ္စည်းတွေပါ နည်းနေတတ်လို့ပါ။

💉 Hemophilia ခေါ်တဲ့ သွေးမတိတ်ရောဂါ ရှိတဲ့ကလေးတွေလည်း အလားတူဖြစ်နိုင်ပါတယ်။

💉 ဒါကြောင့် မိဘများ ကိုယ့်ကလေးကို မလိုအပ်ဘဲ ဆေးထိုးမခံကြပါနဲ့။ ကလေးနေမကောင်းပါက ယုံကြည်ရသော ဆရာဝန် ဆရာမသာ ပြသပါ။ တာဝန်ရှိသူများအနေနဲ့လည်း အပ်ပုန်းများ ရမ်းကုများအား အရေးယူနှိမ်နင်းနိုင်ပါစေ။

ကလေးတို့ ဆေးထိုးခံရခြင်း ဝေးကြပါစေ။

ဒေါက်တာသက်ထားရွှေစင်ဝင်း
ကလေးဆရာဝန်

04/10/2022

ဝမ်းသွားရင် တိုက်တဲ့ ဓာတ်ဆားရည်အကြောင်း သိကောင်းစရာ

ဒီ post အတွက် ကလေးအထူးကုဆရာဝန်ကြီးပါမောက္ခဒေါက်တာဒေါ်လှမြတ်နွယ်ကို credit ပေးပါတယ်။🙏🙏🙏



ကလေးများ ဝမ်းလျောဝမ်းပျက်လျင် တိုက်ကျွေးရမည့် ဓာတ်ဆားရည်နှင့် မတိုက်ကျွေးသင့်သည့် ဓာတ်ဆားရည်များ

ကလေးများဝမ်းပျက်ဝမ်းလျောတဲ့အခါ ရေနဲ့ ဓာတ်ဆားတွေ ခန္ဓာကိုယ်ထဲက ဆုံးရှုံးသွားတာမို့ ဆုံးရှုံးသွားတဲ့ ရေနဲ့ဓာတ်ဆားတွေကို ပြန်ဖြည့်ပေးဘို့ အရေးကြီးပါတယ်။

ဝမ်းအရည်သွားတာများလို့ ခန္ဓာကိုယ်က ရေနဲ့ဓာတ်ဆား ဆုံးရှုံးမှုများရင် ရေဓာတ်ခမ်းခြောက်တာ (Dehydration) ဖြစ်ပြီး ဆီးနည်းလာတာ၊ သွေးပေါင်ကျတာ၊ သတိလစ်တာ၊ တက်တာတွေ ဖြစ်ပြီးအသက်ဆုံးရှုံးနိုင်ပါတယ်။

ဒီမှာပြောပြချင်တာက ဝမ်းပျက်ဝမ်းလျောတဲ့အခါ ဘယ်လိုဓာတ်ဆားရည်မျိုးကို ရွေးချယ်ပြီး တိုက်သင့်သလဲ ဆိုတာကိုပါ။

အဓိကတိုက်သင့်တဲ့ ဓာတ်ဆားရည်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့ World Health Organization (WHO) က သတ်မှတ်ထားတဲ့ အချိုးအဆ (Formula) အတိုင်း ဖော်စပ်ထားတဲ့ ဓာတ်ဆားမှုန့်ထုပ် Oral Rehydration Salts ( ORS) ကို ဖျော်စပ်ရမယ့်ရေအချိုးအဆပမာဏ အတိုင်း ဖျော်စပ်ပြီး တိုက်ကျွေးရမှာပါ။

စျေးကွက်ထဲမှာလဲ ဓာတ်ဆားမှုန့်မျိုးစုံရှိနေတော့ တစ်ချို့ဓာတ်ဆားထုပ်တွေက WHO ရဲ့ Formula အတိုင်း မဟုတ်တဲ့အတွက် ဝမ်းပျက်ရင် တိုက်လို့မရပါဘူး။

WHO Formula ORS ကို အလွယ်ဆုံးဥပမာပေးရရင် BPI ဓာတ်ဆားထုပ်အပြာ (ဖော်မြူလာအဟောင်း) နဲ့ BPI ဓာတ်ဆားထုပ်အစိမ်း (ဖော်မြူလာအသစ်) ပါ။

BPI ဓာတ်ဆားထုပ်အပြာ (ဖော်မြူလာအဟောင်း) မှာ ပါတဲ့ အချိုးအဆတွေကတော့
ဆိုဒီယမ်ကလိုရိုဒ် ၃.၅ ဂရမ်
ဆိုဒီယမ်ဆီးထရိတ် ၂.၉ ဂရမ်
ပိုတက်စီယမ်ကလိုရိုဒ် ၁.၅ ဂရမ်
ဂလူးကို့စ် ၂၀ ဂရမ်
ဒီဓာတ်ဆားတစ်ထုပ်ကို ရေ ၁ လီတာနဲ့ဖျော်ရပါမယ်။

BPI ဓာတ်ဆားထုပ်အစိမ်း (ဖော်မြူလာအသစ်) မှာ ပါတဲ့ အချိုးအဆတွေကတော့
ဆိုဒီယမ်ကလိုရိုဒ် ၂.၆ ဂရမ်
ဆိုဒီယမ်ဆီးထရိတ် ၂.၉ ဂရမ်
ပိုတက်စီယမ်ကလိုရိုဒ် ၁.၅ ဂရမ်
ဂလူးကို့စ် ၁၃.၅ ဂရမ်
ဒီဓာတ်ဆားတစ်ထုပ်ကို ရေ ၁ လီတာနဲ့ဖျော်ရပါမယ်။

ဖော်မြူလာအသစ်မှာ ဆိုဒီယမ်ကလိုရိုဒ် (အငံဓာတ်) နဲ့ ဂလူးကို့စ် (အချိုဓာတ်) ကိုလျှော့ထားတာ တွေ့ပါလိမ့်မယ်။ Reduced Osmolarity ORS လို့လဲခေါ်ပါတယ်။

စျေးကွက်ထဲမှာ တွေ့ရတဲ့ ဓာတ်ဆားထုပ် တွေကလဲ ဒီ WHO ဖော်မြူလာအတိုင်းတွေဆိုရင် တိုက်လို့ရပါတယ်။
တစ်ချို့ဓာတ်ဆားထုပ်တွေက တစ်ခွက်စာ ( ၂၀၀ စီစီ သို့မဟုတ် ၂၅၀ စီစီနဲ့ ဖျော်ရန်) သာထည့်ထားတာမို့ ဒီဖော်မြူလာနဲ့ တူရဲ့လား ပြန်တွက်ကြည့်ဘို့လိုပါတယ်။

ဥပမာ - Pharolit ဓာတ်ဆားထုပ်ကိုကြည့်ရအောင်
Pharolit ဓာတ်ဆားတစ်ထုပ်မှာ
ဆိုဒီယမ်ကလိုရိုဒ် ၀.၅၂ ဂရမ်
ဆိုဒီယမ်ဆီးထရိတ် ၀.၅၈ ဂရမ်
ပိုတက်စီယမ်ကလိုရိုဒ် ၀.၃ ဂရမ်
ဂလူးကို့စ် ၂.၇ ဂရမ် ပါပါတယ်
ဒီဓာတ်ဆားတစ်ထုပ်ကို ရေ ၂၀၀ စီစီနဲ့ဖျော်ရပါမယ် (၁ လီတာ = ၁၀၀၀ စီစီ။
၂၀၀ စီစီ ဆိုတော့ ၁လီတာရဲ့ ၅ ပုံတစ်ပုံ)

ဒီတော့ WHO ဖော်မြူလာနဲ့ ကိုက်သလားသိချင်ရင် ပါတဲ့ ဂဏန်းတွေရဲ့ ၅ ဆ (သို့) ၅ နဲ့မြှောက်ကြည့်ပါ။
အဲဒီအခါ WHO ဖော်မြူလာအသစ် နဲ့ကိုက်တာတွေ့ပါလိမ်မယ်။ ဒါဆို ဝမ်းသွားတဲ့ကလေးကို တိုက်လို့ရပါတယ်။

နောက်ဓာတ်ဆားထုပ်တစ်မျိုး
Electral forte အထုပ်ကြီးတစ်ထုပ်မှာ
ဆိုဒီယမ်ကလိုရိုဒ် ၃.၅ ဂရမ်
ဆိုဒီယမ်ဆီးထရိတ် ၂.၉ ဂရမ်
ပိုတက်စီယမ်ကလိုရိုဒ် ၁.၅ ဂရမ်
ဂလူးကို့စ် ၂၀ ဂရမ် ပါ
ဒီဓာတ်ဆားတစ်ထုပ်ကို ရေ ၁ လီတာနဲ့ဖျော်ရပါမယ်။
ဒီတော့WHO ဖော်မြူလာအဟောင်းနဲ့ကိုက်တာတွေ့ရပါတယ်။

Electral forte မှာ အထုတ်အကြီး နဲ့အသေး ရှိပြန်ပါတယ်။ အထုတ်သေးတစ်ထုပ်မှာ

ဆိုဒီယမ်ကလိုရိုဒ် ၀.၇ ဂရမ်
ဆိုဒီယမ်ဆီးထရိတ် ၀.၅၈ ဂရမ်
ပိုတက်စီယမ်ကလိုရိုဒ် ၀.၃ ဂရမ်
ဂလူးကို့စ် ၄ ဂရမ် ပါပါတယ်
ဓာတ်ဆားထုပ်အသေးတစ်ထုပ်ကို ရေ ၂၀၀ စီစီနဲ့ဖျော်ရပါမယ်။

အထုတ်အကြီးနဲ့အသေး ၂မျိုးလုံးလာတဲ့ ဓာတ်ဆားထုပ်တွေမှာ ရေအချိုးအဆ မမှားဘို့ သတိပြုရပါမယ်။
အထုတ်အကြီးကို ရေ ၁လီတာနဲ့ ဖျော်ရမယ့်အစား ၂၀၀ စီစီ (200 ml) နဲ့ဖျော်ပြီးတိုက်ရင် ဝမ်းတွေပိုသွားပြီး ဒုက္ခရောက်သွားနိုင်ပါတယ်။

ဘာကြောင့် ဒီ WHO ဖော်မြူလာအတိုင်း ဖျော်တိုက်ရလဲဆိုတော့ ဝမ်းပျက်တဲ့အချိန်မှာ အူလမ်းကြောင်းကနေ ဓာတ်ဆားနဲ့ ရေကိုစုတ်ယူဘို့အတွက် အသင့်တော်ဆုံးအချိုးအဆနဲ့ ဂလူးကို့စ်ကို ထည့်ပေးထားလို့ပါ။
ဂလူးကို့စ် ပါတာများရင်လဲ ပိုပြီးဝမ်းသွားစေပါတယ်။ ဂလူးကို့စ် လုံးဝမပါပြန်ရင်လဲ ရေနဲ့ဓာတ်ဆားကို အူကစုတ်ယူနိုင်စွမ်း မရှိလို့ အောက်ကဒီအတိုင်း ပြန်ထွက်သွားမှာပါ။

စျေးကွက်ထဲက ဓာတ်ဆားထုပ်နောက်တစ်မျိုးကို ကြည့်ရအောင်။
Royal D ဓာတ်ဆားထုပ်တစ်ထုပ်ကို ရေ ၂၅၀ စီစီနဲ့ ဖျော်ရပါတယ်။ ဖျော်ပြီးသား ၁၀၀ စီစီမှာ ဂလူးကို့စ် ၄.၇ ဂရမ် ပါတော့ တစ်လီတာအတွက်ဆို ဂလူးကို့စ် ၄၇ ဂရမ် ပါနေပါတယ်။ Royal D အချိုရည်ပုလင်းမှာလဲ ၄၀၀ စီစီမှာတင် ဂလူးကို့စ် ၂၁ ဂရမ် ပါတော့ တစ်လီတာအတွက်ဆို ဂလူးကို့စ် ၅၂ ဂရမ်ပါနေပါတယ်။
ဒီတော့ WHO formula နဲ့မကိုက်ဘဲ အချိုဓာတ် အရမ်းများနေလို့ ဝမ်းပျက်ဝမ်းလျောရင် Royal D ကို မတိုက်သင့်ပါဘူး။

ဒီလောက်ဆိုရင် ဝမ်းပျက်ဝမ်းလျှောတဲ့အခါ ဘယ်လိုဓာတ်ဆားထုပ် ဓာတ်ဆားရည်မျိုးကို ရွေးချယ်တိုက်ကျွေးသင့်သလဲဆိုတာ သဘောပေါက်ကြပြီ ထင်ပါတယ်နော်။

ဖျော်ပြီးဓာတ်ဆားရည်ကို ၂၄ နာရီအတွင်းဘဲ သုံးရမှာပါ။ ဓာတ်ဆားထုပ်အကြီးတွေကိုလဲ ကုန်မှာမဟုတ်ဖူးဆိုပြီး ခွဲဖျော်တာမျိုး မလုပ်ရပါဘူး။ အချိုးအဆမမှန်ရင် ထိရောက်မှုမရှိတဲ့အပြင် ပိုတောင် ဆိုးစေနိုင်ပါတယ်။

ထပ်ပြီးပြောချင်တာက ဝမ်းပျက်ရင် တိုက်ကြတဲ့ Probiotics ထုပ်လေးတွေ (ဥပမာ - Bioflor, Kidlac) တွေမှာ ဓာတ်ဆားလုံးဝမပါပါဘူး။ အဲဒီအထုပ်သေးသေးလေးတွေ၊ တစ်ချို့လဲအချောင်းပုံ အထုပ်လေးတွေ လို့ပြောတဲ့ Probiotics ထုပ်လေးတွေမှာ ကောင်းတဲ့သက်ရှိမှိုပိုး (Bioflor မှာပါဝင်) သို့မဟုတ် ကောင်းတဲ့ သက်ရှိဘက်တီးရီးယားပိုး (Kidlac, Bi-lact စသည်မှာပါဝင်) အူလမ်းကြောင်းကိုအကျိုးပြုတဲ့သက်ရှိပိုးလေးတွေဘဲပါတာပါ။
ဝမ်းပျက်ရင် အဓိကတိုက်ကျွေးရမှာက ဓာတ်ဆားရည်ပါ။ စျေးလဲ Probiotics ထုပ်တွေလို စျေးမကြီးပါဘူးနော်။

မှတ်ချက်။ ။ စျေးကွက်ထဲမှာရတဲ့ ဓာတ်ဆားထုပ်များကို နမူနာ အဖြစ်ပြခြင်းသာ ဖြစ်ပါသည်။ ဓာတ်ဆားထုပ်ကြော်ငြာ မဟုတ်ပါ။
Crd.

သလိပ်က အစိမ်းရောင် သို့မဟုတ် အဝါရောင်ဆိုရင် ခန္ဓာကိုယ်က ပိုးဝင်တာကို ပြန်ပြီး တိုက်ထုတ်နေတာကို ပြချင်တာပါ။ စစချင်းမှာတော...
30/09/2022

သလိပ်က အစိမ်းရောင် သို့မဟုတ် အဝါရောင်ဆိုရင် ခန္ဓာကိုယ်က ပိုးဝင်တာကို ပြန်ပြီး တိုက်ထုတ်နေတာကို ပြချင်တာပါ။ စစချင်းမှာတော့ အဝါရောင် ပြီးရင်တော့ အချိန်ကြာသည်ထိ မပျောက်သေးပါက အစိမ်းရောင် ဖြစ်လာတတ်ပါတယ်။

▶ လေပြွန်ရောင်ခြင်း( Bronchitis )– စစချင်းမှာတော့ ချောင်းခြောက်ဆိုးမယ်။ သလိပ်ကျဲကျဲ ဒါမှမဟုတ် အဖြူလောက်ပဲ ထွက်မယ်။ နောက်ပိုင်းကြာလာရင်တော့ အဝါရောင်တွေ၊ အစိမ်းရောင်တွေ ပါလာမယ်။

▶ အဆုတ်ရောင်ခြင်း(Pneumonia) - အဆုတ်ရောင်တယ်ဆိုတာ တခြား အဆုတ်ရောဂါတစ်ခုခုရဲ့ နောက်ဆက်တွဲ လက္ခဏာလည်း ဖြစ်နိုင်ပါတယ်။ အဆုတ်ရောင်လာပြီဆိုရင်တော့ သလိပ်က အဝါရောင်၊ အစိမ်းရောင်ကနေ သွေးရောင် အထိဖြစ်နိုင်ပါတယ်။ ဖြစ်တဲ့ အဆုတ်ရောင်ရောဂါပေါ်မူတည်ပြီး လက္ခဏာတွေ မတူနိုင်ပါဘူး။ ဒါပေမယ့် ချောင်းဆိုးတာ၊ ချမ်းတုန်ဖျားတာ၊ မောတာတွေကတော့ အဆုတ်ရောင်ရောဂါရဲ့ တွေ့ရများတဲ့ လက္ခဏာတွေပဲ ဖြစ်ပါတယ်။

▶ ထိပ်ကပ်နာ(Sinusitis)– ဗိုင်းရပ်စ်၊ ဓာတ်မတည့်တာနဲ့ ဘက်တီးရီးယားပိုးတွေဟာ ထိပ်ကပ်နာကို ဖြစ်စေပါတယ်။ ဘက်တီးရီးယားကြောင့်ဆိုရင်တော့ အဝါရောင်၊ အစိမ်းရောင် သလိပ်ထွက်ပါတယ်။ ဒါ့ပြင် နှာခေါင်းပိတ်တာ၊ နှာရည်ယိုတာ၊ မျက်နှာတွေ တင်းနေတာလည်း ဖြစ်တတ်ပါတယ်။

▶ Cystic fibrosis- ဟု​ခေါ်သော​နာတာရှည် အဆုတ်ရောဂါဖြစ်ပြီး အဆုတ်ထဲမှာ ချွဲသလိပ်တွေနဲ့ ပြည့်နေတတ်ပါတယ်။ သလိပ်အရောင်ကတော့ အဝါရောင်၊ အစိမ်းရောင်ကနေ အညိုရောင်အထိ ဖြစ်တတ်ပါတယ်။
Crd. to ဒေါက်တာချယ်ရီ ❤

26/09/2022

ကလေးမွေးပြီးရင် အခုကြီးနေတဲ့ သားအိမ်က ပြန်ချပ်ပါ့လား ?
ဒေါက်တာစိုးလွင်
(သားဖွားမီးယပ် အထူးကုဆရာဝန်ကြီး) ဖြေကြားသည်။

Q. အခု ကိုယ်ဝန်ဆောင်လာချိန်မှာ သားအိမ်က တအားကြီးလာပါတယ်။ အဲဒီသားအိမ်က ကလေးမွေးပြီးချိန်မှာ နဂိုအနေအထား ပြန်ဖြစ်ပါ့မလား၊ ဖြစ်ဖို့ ဘယ်လောက် အချိန်ယူရပါ့မလဲ၊ ဗိုက်စည်းစည်းတာကရော ဗိုက်တကယ်ချပ်ပါ့လား ဆရာ။

A. မိခင်တိုင်း မိခင်တိုင်းက တစ်သားမွေးပြီးရင် တစ်သွေးလှချင်ကြပါတယ်။ ဒါပေမဲ့ တကယ့်ဖြစ်ရပ်တွေမှာ တစ်သားမွေးပြီးရင် တစ်သွေးဝလာတာ ပိုများပါတယ်။ လူ့ခန္ဓာကိုယ်မှာ အင်မတန် ထူးဆန်းအံ့သြဖွယ်ကောင်းတဲ့ အင်္ဂါအစိတ်အပိုင်းဆိုတာ သားအိမ်ပါပဲ။ သားအိမ်ဆိုတာ လက်သီးဆုပ် တစ်ဝက်လောက်ပဲရှိတယ်၊ ပြောမယ်ဆိုရင် သရက်သီးသေးသေးတစ်လုံး အရွယ်လောက်ပဲ ရှိတယ်။ အဲဒီသေးသေးလေးထဲကို ကလေးလေးတစ်ယောက် သန္ဓေတည်ပြီး နေ့စေ့လစေ့အထိ ဖြစ်လာရင် သားအိမ်က အကြီးကြီး ဖြစ်သွားတယ်။ တချို့ အမြွှာကိုယ်ဝန်ဆိုရင် သားအိမ်က ပိုကြီးတယ်။ ဒါပေမဲ့ ထူးဆန်းအံ့သြဖို့ကောင်းတာက ကလေးလေး မွေးပြီးတာနဲ့ အဲဒီသားအိမ်ဟာ စပြီးဝပ်ပါတယ်။ သားအိမ်ထဲမှာရှိတဲ့ ကြွက်သားတွေက ညှစ်ချတာ တစ်နေ့ကို လက်တစ်လုံးနှုန်းနဲ့ ပြန်ဝပ်ပါတယ်။ ကလေးမွေးပြီး ၁၀ရက်မြောက်နေ့ကစပြီး ၁၁ရက်မြောက်နေ့မှာ အဲဒီသားအိမ်ကို ဗိုက်ပေါ်ကနေ စမ်းလို့မမိတော့လောက်အောင် ပြန်သေးသွားပါတယ်။ ကလေးမွေးပြီး ခြောက်ပတ်ဆိုရင် အဲဒီသားအိမ်ဟာ ကလေးမမွေးခင်အချိန်အထိ ပြန်သေးသွားပါတယ်။ သားအိမ်က အကြီးကြီးကနေ သေးသေးလေး ပြန်ဖြစ်သွားတယ်။

ဒီလို ဖြစ်သွားဖို့အတွက် ဘာတွေလိုအပ်သလဲဆိုတော့ ကလေးကို မိခင်နို့ချိုတိုက်ကျွေးရင် ပိုပြီး သားအိမ်ဝပ်ပါတယ်။ ကလေးကို နို့တိုက်ရင် မိခင်ကိုယ်ထဲမှာ ဟော်မုန်းတစ်မျိုး ထွက်လာပါတယ်။ အဲဒီဟော်မုန်းကို အောက်ဆီတိုစင်လို့ ခေါ်တယ်။ အဲဒီဟော်မုန်းက နို့ရည်ကို ပန်းထွက်အောင် လုပ်သလို သားအိမ်မှာရှိတဲ့ ကြွက်သားတွေကို ကျုံ့အောင် လုပ်ပေးပါတယ်။ ပြီးတော့ သွေးသွန်တာတွေကို ကာကွယ်ပေးပါတယ်။ ဒီတော့ သားအိမ်က မြန်မြန်သေးသွားပါတယ်။ မွေးပြီးရင် ဗိုက်က အကြီးကြီးဖြစ်ပြီး ကျန်ခဲ့တယ်။

အဲဒီဗိုက်ကို ပြန်ချပ်အောင်လုပ်ဖို့ မိခင်က လေ့ကျင့်ခန်းလုပ်ရပါမယ်။ ဘယ်လိုလေ့ကျင့်ခန်း လုပ်မှာလဲဆိုတော့ မိခင်တွေက ကိုယ်ရဲ့ ဝမ်းဗိုက်ကြွက်သားတွေကို တောင့်တင်းလာအောင်နဲ့ အားရှိအောင် လုပ်ရမယ်။

ဗိုက်စည်းလိုက်ရင် ဗိုက်ချပ်သွားမှာပဲလို့ လူတွေက ထင်တယ်။ အဲဒါက ခဏပါပဲ။ ဗိုက်စည်းဖယ်လိုက်ရင် ဗိုက်က ပြန်ဖောင်းလာတတ်ပါတယ်။ ဗိုက်စည်းစည်းတာကို ဆရာလည်း အားပေးပါတယ်။ တစ်ခုပဲ...ဗိုက်ကြီးကို အတင်းစည်းထားရင် ဗိုက်စည်းက မသန့်တဲ့အခါ အောက်မှာ ချုပ်ထားတဲ့ ချုပ်ရိုးကို ပွတ်မိရင် အဲဒီမှာ ပြည်တည်တတ်တယ်။ ဒါကြောင့် ဗိုက်စည်းစည်းတဲ့အခါ ချုပ်ရိုးကို ထိလောက်အောင် အရမ်းမစည်းရပါဘူး။

တကယ် ဗိုက်ပိန်စေဖို့ ကြွက်သားတွေအားရှိအောင် လေ့ကျင့်သင့်ပါတယ်။ ကိုယ်ဝန်ဆောင်ကာလမှာကတည်းက ဗိုက်ကို တင်းလိုက်၊ လျှော့လိုက်
အမြဲလုပ်ရတယ်။ နောက်တစ်ခုက မိခင်တွေဟာ ဝမ်းဗိုက်ကြွက်သားတွေတင်မက မွေးလမ်းကြောင်းတစ်ဝိုက် ကြွက်သားတွေ တင်းရင်းဖို့လည်း အရေးကြီးပါတယ်။ အဲဒီကြွက်သားတွေ အားလျော့သွားရင် သားအိမ်ကျတတ်တယ်၊ ဆီးအိမ် ဝမ်းအိမ်တွေ ကျပြီး ဖောင်းလာတတ်တယ်။ ချောင်းဆိုးတော့ ဆီးထွက် ရှက်ရှက်လို့တောင် ပြောတယ်။ အသက်ကြီးလာတာနဲ့ အပေါ်က ''အဟွတ်''ဆို အောက်က ဗြွတ်ဆိုပြီး ဆီးထွက်သွားတတ်တယ်။ အဲဒါက ဆီးအိမ်ကြွက်သားတွေ အားလျော့သွားလို့ပါ။ အိမ်ထောင်သည်တွေမှာ အဲဒီကြွက်သားတွေ အားလျော့သွားရင် အိမ်ထောင်ရေးပြဿနာတွေနဲ့ ရင်ဆိုင်ရတတ်ပါတယ်။ အမျိုးသမီးတွေရဲ့ မွေးလမ်းကြောင်းတစ်ဝိုက်မှာရှိတဲ့ ကြွက်သားတွေ အားကောင်းမှ အိမ်ထောင်ရေး သုခတွေနဲ့ ပြည့်စုံမှာပါ။

ဒါကြောင့် အဲဒီကြွက်သားတွေ အားကောင်းစေမယ့် လေ့ကျင့်ခန်းလေးကို လုပ်ပေးသင့်ပါတယ်။ အဲဒီလေ့ကျင့်ခန်းက မခက်ပါဘူး၊ အချိန်မရွေး နေရာမရွေး ဘယ်သူမဆို လုပ်လို့ရတယ်။ အောက်ပိုင်းမှာရှိတဲ့ ကြွက်သားတွေ အကုန်လုံးက တစ်စုတဝေးတည်း ရှိတာ။ အခုထိုင်နေတယ်ဆိုရင် စအိုဝလေးက ထိုင်ခုံနဲ့ ထိနေတယ်မဟုတ်လား။ အဲဒီထိနေတဲ့ စအိုဝလေးကို မိုးပေါ်မြှောက်ကြည့်. . .အိမ်သာတက်ချင်နေတဲ့အချိန် တက်ဖို့ အဆင်မပြေသေးတဲ့အခါမှာ စအိုကြွက်သားတွေကို ရှုံ့ပြီး အောင့်ရသလိုမျိုးပေါ့။ ဝမ်းဗိုက်ကြွက်သားကိုလည်း အဲဒီလို လုပ်ပေးရမယ်။ အဲဒီလို လုပ်ကြည့်ရင် ဝမ်းဗိုက်ကြွက်သားတွေနဲ့ မိန်းမကိုယ်ကြွက်သားတွေ သန်မာပြီး ကလေးမွေးပြီးတဲ့အခါ ဝမ်းဗိုက်ချပ်ရပ်မယ်၊ သားအိမ်မကျဘူး၊ ဆီးအိမ်မကျဘူး၊ အိမ်ထောင်ရေး ပြဿနာတွေလည်း နည်းပါးသွားမှာ ဖြစ်ပါတယ်။

Credit : Dr.Soe Lwin Page
https://www.facebook.com/Dr-Soe-Lwin-242727989149454

(Zawgyi)
ကလေးမွေးပြီးရင် အခုကြီးနေတဲ့ သားအိမ်က ပြန်ချပ်ပါ့လား ?
ဒေါက်တာစိုးလွင်
(သားဖွားမီးယပ် အထူးကုဆရာ၀န်ကြီး) ဖြေကြားသည်။

Q. အခု ကိုယ်၀န်ဆောင်လာချိန်မှာ သားအိမ်က တအားကြီးလာပါတယ်။ အဲဒီသားအိမ်က ကလေးမွေးပြီးချိန်မှာ နဂိုအနေအထား ပြန်ဖြစ်ပါ့မလား၊ ဖြစ်ဖို့ ဘယ်လောက် အချိန်ယူရပါ့မလဲ၊ ဗိုက်စည်းစည်းတာကရော ဗိုက်တကယ်ချပ်ပါ့လား ဆရာ။

A. မိခင်တိုင်း မိခင်တိုင်းက တစ်သားမွေးပြီးရင် တစ်သွေးလှချင်ကြပါတယ်။ ဒါပေမဲ့ တကယ့်ဖြစ်ရပ်တွေမှာ တစ်သားမွေးပြီးရင် တစ်သွေး၀လာတာ ပိုများပါတယ်။ လူ့ခန္ဓာကိုယ်မှာ အင်မတန် ထူးဆန်းအံ့သြဖွယ်ကောင်းတဲ့ အင်္ဂါအစိတ်အပိုင်းဆိုတာ သားအိမ်ပါပဲ။ သားအိမ်ဆိုတာ လက်သီးဆုပ် တစ်၀က်လောက်ပဲရှိတယ်၊ ပြောမယ်ဆိုရင် သရက်သီးသေးသေးတစ်လုံး အရွယ်လောက်ပဲ ရှိတယ်။ အဲဒီသေးသေးလေးထဲကို ကလေးလေးတစ်ယောက် သန္ဓေတည်ပြီး နေ့စေ့လစေ့အထိ ဖြစ်လာရင် သားအိမ်က အကြီးကြီး ဖြစ်သွားတယ်။ တချို့ အမြွှာကိုယ်၀န်ဆိုရင် သားအိမ်က ပိုကြီးတယ်။ ဒါပေမဲ့ ထူးဆန်းအံ့သြဖို့ကောင်းတာက ကလေးလေး မွေးပြီးတာနဲ့ အဲဒီသားအိမ်ဟာ စပြီး၀ပ်ပါတယ်။ သားအိမ်ထဲမှာရှိတဲ့ ကြွက်သားတွေက ညှစ်ချတာ တစ်နေ့ကို လက်တစ်လုံးနှုန်းနဲ့ ပြန်၀ပ်ပါတယ်။ ကလေးမွေးပြီး ၁၀ရက်မြောက်နေ့ကစပြီး ၁၁ရက်မြောက်နေ့မှာ အဲဒီသားအိမ်ကို ဗိုက်ပေါ်ကနေ စမ်းလို့မမိတော့လောက်အောင် ပြန်သေးသွားပါတယ်။ ကလေးမွေးပြီး ခြောက်ပတ်ဆိုရင် အဲဒီသားအိမ်ဟာ ကလေးမမွေးခင်အချိန်အထိ ပြန်သေးသွားပါတယ်။ သားအိမ်က အကြီးကြီးကနေ သေးသေးလေး ပြန်ဖြစ်သွားတယ်။

ဒီလို ဖြစ်သွားဖို့အတွက် ဘာတွေလိုအပ်သလဲဆိုတော့ ကလေးကို မိခင်နို့ချိုတိုက်ကျွေးရင် ပိုပြီး သားအိမ်၀ပ်ပါတယ်။ ကလေးကို နို့တိုက်ရင် မိခင်ကိုယ်ထဲမှာ ဟော်မုန်းတစ်မျိုး ထွက်လာပါတယ်။ အဲဒီဟော်မုန်းကို အောက်ဆီတိုစင်လို့ ခေါ်တယ်။ အဲဒီဟော်မုန်းက နို့ရည်ကို ပန်းထွက်အောင် လုပ်သလို သားအိမ်မှာရှိတဲ့ ကြွက်သားတွေကို ကျုံ့အောင် လုပ်ပေးပါတယ်။ ပြီးတော့ သွေးသွန်တာတွေကို ကာကွယ်ပေးပါတယ်။ ဒီတော့ သားအိမ်က မြန်မြန်သေးသွားပါတယ်။ မွေးပြီးရင် ဗိုက်က အကြီးကြီးဖြစ်ပြီး ကျန်ခဲ့တယ်။

အဲဒီဗိုက်ကို ပြန်ချပ်အောင်လုပ်ဖို့ မိခင်က လေ့ကျင့်ခန်းလုပ်ရပါမယ်။ ဘယ်လိုလေ့ကျင့်ခန်း လုပ်မှာလဲဆိုတော့ မိခင်တွေက ကိုယ်ရဲ့ ၀မ်းဗိုက်ကြွက်သားတွေကို တောင့်တင်းလာအောင်နဲ့ အားရှိအောင် လုပ်ရမယ်။

ဗိုက်စည်းလိုက်ရင် ဗိုက်ချပ်သွားမှာပဲလို့ လူတွေက ထင်တယ်။ အဲဒါက ခဏပါပဲ။ ဗိုက်စည်းဖယ်လိုက်ရင် ဗိုက်က ပြန်ဖောင်းလာတတ်ပါတယ်။ ဗိုက်စည်းစည်းတာကို ဆရာလည်း အားပေးပါတယ်။ တစ်ခုပဲ...ဗိုက်ကြီးကို အတင်းစည်းထားရင် ဗိုက်စည်းက မသန့်တဲ့အခါ အောက်မှာ ချုပ်ထားတဲ့ ချုပ်ရိုးကို ပွတ်မိရင် အဲဒီမှာ ပြည်တည်တတ်တယ်။ ဒါကြောင့် ဗိုက်စည်းစည်းတဲ့အခါ ချုပ်ရိုးကို ထိလောက်အောင် အရမ်းမစည်းရပါဘူး။

တကယ် ဗိုက်ပိန်စေဖို့ ကြွက်သားတွေအားရှိအောင် လေ့ကျင့်သင့်ပါတယ်။ ကိုယ်၀န်ဆောင်ကာလမှာကတည်းက ဗိုက်ကို တင်းလိုက်၊ လျှော့လိုက်
အမြဲလုပ်ရတယ်။ နောက်တစ်ခုက မိခင်တွေဟာ ၀မ်းဗိုက်ကြွက်သားတွေတင်မက မွေးလမ်းကြောင်းတစ်ဝိုက် ကြွက်သားတွေ တင်းရင်းဖို့လည်း အရေးကြီးပါတယ်။ အဲဒီကြွက်သားတွေ အားလျော့သွားရင် သားအိမ်ကျတတ်တယ်၊ ဆီးအိမ် ၀မ်းအိမ်တွေ ကျပြီး ဖောင်းလာတတ်တယ်။ ချောင်းဆိုးတော့ ဆီးထွက် ရှက်ရှက်လို့တောင် ပြောတယ်။ အသက်ကြီးလာတာနဲ့ အပေါ်က ''အဟွတ်''ဆို အောက်က ဗြွတ်ဆိုပြီး ဆီးထွက်သွားတတ်တယ်။ အဲဒါက ဆီးအိမ်ကြွက်သားတွေ အားလျော့သွားလို့ပါ။ အိမ်ထောင်သည်တွေမှာ အဲဒီကြွက်သားတွေ အားလျော့သွားရင် အိမ်ထောင်ရေးပြဿနာတွေနဲ့ ရင်ဆိုင်ရတတ်ပါတယ်။ အမျိုးသမီးတွေရဲ့ မွေးလမ်းကြောင်းတစ်ဝိုက်မှာရှိတဲ့ ကြွက်သားတွေ အားကောင်းမှ အိမ်ထောင်ရေး သုခတွေနဲ့ ပြည့်စုံမှာပါ။

ဒါကြောင့် အဲဒီကြွက်သားတွေ အားကောင်းစေမယ့် လေ့ကျင့်ခန်းလေးကို လုပ်ပေးသင့်ပါတယ်။ အဲဒီလေ့ကျင့်ခန်းက မခက်ပါဘူး၊ အချိန်မရွေး နေရာမရွေး ဘယ်သူမဆို လုပ်လို့ရတယ်။ အောက်ပိုင်းမှာရှိတဲ့ ကြွက်သားတွေ အကုန်လုံးက တစ်စုတဝေးတည်း ရှိတာ။ အခုထိုင်နေတယ်ဆိုရင် စအိုဝလေးက ထိုင်ခုံနဲ့ ထိနေတယ်မဟုတ်လား။ အဲဒီထိနေတဲ့ စအိုဝလေးကို မိုးပေါ်မြှောက်ကြည့်. . .အိမ်သာတက်ချင်နေတဲ့အချိန် တက်ဖို့ အဆင်မပြေသေးတဲ့အခါမှာ စအိုကြွက်သားတွေကို ရှုံ့ပြီး အောင့်ရသလိုမျိုးပေါ့။ ၀မ်းဗိုက်ကြွက်သားကိုလည်း အဲဒီလို လုပ်ပေးရမယ်။ အဲဒီလို လုပ်ကြည့်ရင် ၀မ်းဗိုက်ကြွက်သားတွေနဲ့ မိန်းမကိုယ်ကြွက်သားတွေ သန်မာပြီး ကလေးမွေးပြီးတဲ့အခါ ၀မ်းဗိုက်ချပ်ရပ်မယ်၊ သားအိမ်မကျဘူး၊ ဆီးအိမ်မကျဘူး၊ အိမ်ထောင်ရေး ပြဿနာတွေလည်း နည်းပါးသွားမှာ ဖြစ်ပါတယ်။

Credit : Dr.Soe Lwin Page
https://www.facebook.com/Dr-Soe-Lwin-242727989149454

Doctor

26/09/2022

ဗီတာမင်-စီ က အသားဖြူစေသလား❓❓

ဗီတာမင်-စီ သည် အရေပြားကျန်းမာရေးကို များစွာ အကျိုးပြုသည်။ အဆိုပါအာနိသင်များအနက် အသားကို ဖြူဝင်းစေသော အာနိသင်သည်လည်း လူအများစိတ်ဝင်စားသည့် အကြောင်းအရာ ဖြစ်ပါသည်။

သုတေသနရလဒ်များအရ ဗီတာမင်-စီ သည် အသားအရေကို ဖြူဝင်းလာစေသည်ကို တွေ့ရသည်။

ဗီတာမင်-စီ သည် အသားအရောင်ကို ဖြစ်စေသော မယ်လနင်ရောင်ခြယ် (Melanin) ထွက်ရှိမှုကို နည်းစေခြင်းဖြင့် အသားကို ဖြူစေသည်။

ထို့ကြောင့် မယ်လနင်ရောင်ခြယ် များခြင်းကြောင့်ဖြစ်ရသော အမဲစက် အမဲကွက်များ၊ တင်းတိပ်နှင့် မှဲ့ခြောက်များ၊ နေလောင်ကွက်များနှင့် အသက်အရွယ်ကြောင့် ဖြစ်သော အမဲ အစက်အပြောက်များကို ကုသရာတွင်လည်း ဗီတာမင်-စီ ကိုသုံးနိုင်သည်။

ဗီတာမင်-စီ တွင်ပါဝင်သော အင်တီအောက်ဆီဒင့်များက ခရမ်းလွန်ရောင်ခြည်ကြောင့်ဖြစ်သော အရေပြားပျက်စီးမှုများမှလည်း ကာကွယ်ပေးနိုင်သည်။

ဗီတာမင်-စီ သည် အသားကို ဖြူဝင်းစေသည်သာမက အရေးအကြောင်းများကို လျော့နည်းစေခြင်း၊ ကော်လာဂျင်များကို တိုးပွားစေပြီး ကော်လာဂျင်များ မပျက်စီးအောင် ထိန်းသိမ်းပေးခြင်း၊ အနာကျက်မြန်စေခြင်း နှင့် အမာရွတ်များကို ပျောက်ကင်းစေခြင်း စသော အာနိသင်များစွာကိုလည်း ပေးစွမ်းနိုင်ပါသည်။

ထို့ကြောင့် ဗီတာမင်-စီ ကြွယ်ဝစွာပါဝင်သော အစားအသောက်များကို ပိုမိုစားသုံးပေးခြင်း (သို့) အစားအစာများမှ ရရှိသော ဗီတာမင်-စီ ဖြည့်စွက်စာများ (ဥပမာ Nature-C®) ကို ပုံမှန်မှီဝဲပေးခြင်း၊ ဗီတာမင်-စီ ပါဝင်သော အလှကုန်များကို သုံးစွဲပေးခြင်းတို့ဖြင့် စိုပြေလှပသော အသားအရေကို ရရှိကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

ဒေါက်တာခင်မောင်လွင် (FAME)

💪 ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးစေရန် ကြက်ဥစားပါကြက်ဥဟာ အာဟာရဓာတ် အင်မတန်ကြွယ်ဝတဲ့ အစားအစာတစ်ခု ဖြစ်ပါတယ်။ ကြက်ဥမှာ အဓိကအန...
20/09/2022

💪 ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးစေရန် ကြက်ဥစားပါ

ကြက်ဥဟာ အာဟာရဓာတ် အင်မတန်ကြွယ်ဝတဲ့ အစားအစာတစ်ခု ဖြစ်ပါတယ်။ ကြက်ဥမှာ အဓိကအနေနဲ့ ခန္ဓာကိုယ်ဖွံ့ဖြိုးစေဖို့ လိုအပ်တဲ့ ပရိုတင်းဓာတ်တွေ ပြည့်ပြည့်ဝဝ ပါဝင်နေပါတယ်။ ကြက်ဥမှာ အကာပိုင်း (Egg white) နဲ့ အနှစ်ပိုင်း (Egg yolk) ဆိုပြီးရှိရာမှာ အကာပိုင်းကတော့ ၁၀၀% ပရိုတင်းတွေ ဖြစ်ပါတယ်။ ကြက်ဥတစ်လုံးမှာ ပါဝင်တဲ့ စုစုပေါင်းပရိုတင်းရဲ့ ၅၀% ဟာ အကာမှာပါပြီး ကျန်ပရိုတင်း ၅၀% ကတော့ အနှစ်ပိုင်းမှာ ပါဝင်ပါတယ်။ အဲ့ဒီပရိုတင်းတွေဟာ မရှိမဖြစ် အမိုင်နိုအက်ဆစ်တွေနဲ့ ပြည့်စုံစွာ ဖွဲ့စည်းထားလို့ ကြက်ဥဟာ ပရိုတင်းဓာတ်အပြည့်စုံဆုံး အစားအစာတစ်ခုလို့ ဆိုနိုင်ပါတယ်။

ဒါ့အပြင် ကြက်ဥအနှစ်ထဲမှာ အဆီဓာတ်တွေ၊ ဗီတာမင်ဓာတ်တွေဖြစ်တဲ့ ဗီတာမင်အေ၊ ဒီ၊ ဘီ-၁၊ ဘီ-၂၊ ဘီ-၆၊ ဘီ-၁၂၊ ဖောလစ်အက်ဆစ်၊ ပန်သိုသီးနစ်အက်ဆစ်နဲ့ ကိုလင်းဓာတ်တွေ ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ကိုလင်းဓာတ်ဆိုတာကတော့ ဦးနှောက်နဲ့ အာရုံကြောတွေ သန်စွမ်းဖို့၊ မှတ်ဉာဏ်ကောင်းစေဖို့ အရေးပါတဲ့ ဓာတ်တစ်မျိုး ဖြစ်ပါတယ်။ ဒါ့အပြင် ကယ်ရိုတီနွိုက်တွေဖြစ်တဲ့ လူတင်းနဲ့ ဇီဇန်သင်းဓာတ်တွေ ပါဝင်လို့ မျက်စိအမြင်ကို ကောင်းမွန်စေပါတယ်။ သွေးကြောတွေကို ကျန်းမာစေပါတယ်။

သတ္တုဓာတ်အနေနဲ့ ကယ်လ်စီယမ်၊ ပိုတက်စီယမ်၊ သွပ်၊ ဆီလီနီယမ်နဲ့ သံဓာတ်တွေပါဝင်လို့ အရိုးအဆစ်တွေ သန်စွမ်းဖို့၊ အရပ်ရှည်ဖို့ အရေးပါလှပါတယ်။ ဒါ့ကြောင့် ကြက်ဥဆိုတာ ကိုယ်ဝန်ဆောင် မိခင်တွေ၊ နို့တိုက်မိခင်တွေကအစ ခြောက်လကျော်တဲ့ ကလေးတွေ၊ အသက် ၁၈-၂၀ အထိ နေ့စဉ် အနည်းဆုံးတစ်လုံး စားသင့်တဲ့ အစားအစာတစ်ခု ဖြစ်ပါတယ်။ ကြက်ဥလိုပဲ ဘဲဥတို့၊ ငုံးဥတို့ စားရင်လည်း ရပါတယ်။

ဒေါက်တာခင်မောင်လွင် (FAME)

ကိုးကားချက် - "သဘာဝမှရသော ကျန်းမာသုခ" စာအုပ်၊ အခန်း (၁၆) ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးရေးကို အထောက်အကူပြုစေမည့် အစားအစာများမှ ထုတ်နုတ်ဖော်ပြသည်။

ဗီတာမင်စီ ချို့တဲ့တယ်၊ မချို့တဲ့ဘူးဆိုတာ ဘယ်လိုသိနိုင်ပါသလဲ❓❓ဗီတာမင်စီချို့တဲ့တဲ့ ရောဂါကို စကာဗီ (𝐒𝐜𝐮𝐫𝐯𝐲) လို့ခေါ်ပါတယ်။...
17/09/2022

ဗီတာမင်စီ ချို့တဲ့တယ်၊ မချို့တဲ့ဘူးဆိုတာ ဘယ်လိုသိနိုင်ပါသလဲ❓❓

ဗီတာမင်စီချို့တဲ့တဲ့ ရောဂါကို စကာဗီ (𝐒𝐜𝐮𝐫𝐯𝐲) လို့ခေါ်ပါတယ်။ ကလေး၊ လူကြီး ကျား/မ မရွေး ဖြစ်နိုင်တဲ့ရောဂါ ဖြစ်ပါတယ်။ ဒါတွေကတော့ အဓိကလက္ခဏာတွေပဲ ဖြစ်ပါတယ်။

⚠️ သွားနဲ့သွားဖုံးတွေမှာ ဒုက္ခပေးတတ်ပါတယ်။ ကလေးတွေမှာဆိုရင် သွားပေါက်တာ နှေးပါတယ်။ သွားတွေ ခိုင်မာမှုမရှိလို့ သွားပိုးစားတာတို့၊ သွားကျွတ်ထွက်တာ၊ သွားကျိုးလွယ်တာ၊ သွားဖုံးတွေရောင်ပြီး သွေးထွက်တာတို့ ဖြစ်နိုင်ပါတယ်။

⚠️ အရိုးတွေ သန်မာမှု မရှိပါဘူး။ အရိုးတွေ ကောင်းကောင်း မတည်ဆောက်နိုင်လို့ ကလေးတွေမှာဆိုရင် ထွားကျိုင်းမှု နှေးကွေးမှာဖြစ်သလို လူကြီးတွေမှာဆိုရင်လည်း အရိုးကျိုးလွယ်မှာ ဖြစ်ပါတယ်။ အသက်ကြီးတဲ့အမျိုးသမီးတွေမှာ ဖြစ်တတ်တဲ့ အရိုးပွရောဂါမှာ ဗီတာမင်စီ ထပ်ပြီးချို့တဲ့ရင် ပိုဆိုးပါတယ်။

⚠️ တစ်ကိုယ်လုံးမှာရှိတဲ့ သွေးကြောတွေ ခိုင်မာမှုမရှိတဲ့အတွက် သွေးယိုစီးမှုတွေ ဖြစ်တတ်ပါတယ်။ အရေပြားအောက်မှာ သွေးယိုရင် အနီစက်တွေ၊ အညိုအမဲကွက်တွေ တွေ့ရသလို အရိုးအဆစ်တွေကြားမှာ သွေးယိုရင် နာကျင်မှုဝေဒနာ ခံစားရပါတယ်။ သွေးလွန်တုပ်ကွေးရာသီမှာ ကလေးတွေ ဗီတာမင်စီ သောက်ထားသင့်ပါတယ်။

⚠️ ကြွက်သားတွေ မလှုပ်ရှားခြင်း ဖြစ်တတ်ပါတယ်။ ကြွက်သားတွေ ကြုံလှီသွားပြီး အားနည်းသွားတတ်ပါတယ်။

⚠️ သွေးအားနည်းရောဂါ ခံစားရလေ့ရှိပါတယ်။ အူလမ်းကြောင်းကနေ သံဓာတ်ကိုစုပ်ယူဖို့ ဗီတာမင်စီ လိုအပ်ပါတယ်။ ဗီတာမင်စီ ချို့တဲ့ရင် သံဓာတ်ပါချို့တဲ့လို့ သွေးအားနည်းရောဂါ ရတာဖြစ်ပါတယ်။ ဒါ့အပြင် ဖောလစ်အက်ဆစ် (Folic acid) ရဲ့လုပ်ငန်းဆောင်တာတွေ ကောင်းဖို့အတွက်လည်း ဗီတာမင်စီ လိုအပ်ပါတယ်။ ကိုယ်ဝန်ဆောင်တွေ ဗီတာမင်စီ ပါဝင်တဲ့ အစားအစာတွေ စားသင့်ပါတယ်။ ဗီတာမင်စီ ချို့တဲ့ရင် ဖောလစ်အက်ဆစ် ချို့တဲ့လို့ဖြစ်တဲ့ Megaloblastic anemia လို့ခေါ်တဲ့ သွေးအားနည်းရောဂါတစ်မျိုး ထပ်ဖြစ်နိုင်ပါသေးတယ်။ ဖောလစ်အက်ဆစ် တစ်ခုတည်း စားလို့မရပါဘူး။

⚠️ အနာကျက်နှေးခြင်းဟာလည်း ဗီတာမင်စီ ချို့တဲ့ခြင်းရဲ့ လက္ခဏာတစ်ရပ် ဖြစ်ပါတယ်။ အထူးသဖြင့် ဆီးချိုရောဂါသည်တွေမှာ နဂိုကထဲက အနာကျက်နှေးရတဲ့အထဲ ဗီတာမင်စီ ထပ်ပြီးချို့တဲ့ခဲ့ရင် ဒီအနာဟာ မကျက်နိုင်တော့ပါဘူး။

ဒေါက်တာခင်မောင်လွင် (FAME)

Photo Credit

Address

Mu-Se

Opening Hours

Monday 07:00 - 20:00
Tuesday 07:00 - 20:00
Wednesday 07:00 - 20:00
Thursday 07:00 - 20:00
Friday 07:00 - 20:00
Saturday 07:00 - 20:00
Sunday 07:00 - 20:00

Website

Alerts

Be the first to know and let us send you an email when Myat Myittar Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram