Royal Family Hospital

Royal Family Hospital Healthcare service Healthcare Service

“ မေမေ နှင့် ရင်‌သွေးလေးအတွက်  Ultrasound ၏ အရေးပါမှု “📇 Ultrasound (အယ်လ်ထရာဆောင်း)  ဆိုတာ အသံလှိုင်းကိုအသုံးပြုပြီး ကိ...
13/11/2025

“ မေမေ နှင့် ရင်‌သွေးလေးအတွက် Ultrasound ၏ အရေးပါမှု “

📇 Ultrasound (အယ်လ်ထရာဆောင်း) ဆိုတာ အသံလှိုင်းကိုအသုံးပြုပြီး ကိုယ်ဝန်ဆောင်မိခင်နဲ့ မိခင်ရဲ့၀မ်းတွင်းသန္ဓေထဲက ကလေးအခြေအနေကို စစ်ဆေးခြင်းဖြစ်ပါတယ် ။
မိခင်နှင့်ကလေး အတွက် အန္တရာယ် နဲ့ ကျန်းမာရေးအခြေအနေများကို သိနိုင်ဖို့ မွေးဖွားမှုမတိုင်ခင် ကြိုတင်ပြင်ဆင်နိုင်ဖို့အတွက် Ultrasound က အရေးကြီးဆုံး စစ်ဆေးမှုတစ်ခု လည်းဖြစ်ပါတယ် ။

👶 Ultrasound ကို ဘယ်အချိန်တွေမှာ လုပ်သင့်သလဲ?

1. ပထမအကြိမ် (ကိုယ်၀န် 8 ပတ် မှ 12 ပတ်အတွင်း)

⁃ ကိုယ်ဝန်ရှိကြောင်း အတည်ပြုခြင်း ၊
⁃ ကလေး၏နှလုံးခုန်သံ ကြားနိုင်ခြင်း ၊
⁃ ကလေးတစ်ဦးတည်းလား (သို့) အမြွှာလား စစ်ဆေးနိုင်ခြင်း ၊
⁃ ပထမ 3 လမှာ Ultrasound ရိုက်ခြင်းဖြင့် မွေးဖွားသည့်ရက်ကို အနီးစပ်ဆုံး ခန့်မှန်းနိုင်ပါတယ် ။

2. ဒုတိယအကြိမ် (ကိုယ်၀န် 18 ပတ်မှ 20 ပတ်အတွင်း)

⁃ ကလေး၏ ကြီးထွားဖွံ့ဖြိုးမှု စစ်ဆေးခြင်း ၊
⁃ အချင်း၏ တည်နေရာ နှင့် ရေမြွှာရေ အနည်းအများ စစ်ဆေးခြင်း ၊
⁃ ကလေးကိုလည်း ယောကျာ်းလေးလား ၊ မိန်းကလေးလား ခွဲခြားနိုင်ခြင်း ။

3. တတိယအကြိမ် (32 မှ 36 ပတ်အတွင်း)

⁃ ကလေး၏ ကြီးထွားမှု နှင့် အနေအထားကိုစစ်ဆေးခြင်း ၊
⁃ အချင်း နှင့် ရေမြွှာရေ ပမာဏကို စစ်ဆေးခြင်း ၊
⁃ သင့်လျော်သောမွေးဖွားနည်း‌ ရွေးချယ်ရန်အတွက် အချက်အလက်များ ရရှိနိုင်ခြင်း ။

4. 4 D Ultrasound (26 ပတ်မှ 32 ပတ်အတွင်း) ***

⁃ ကလေးရဲ့ လှုပ်ရှားမှုအသေးစိတ်ကို ကြည့်လို့ရတဲ့အတွက် ကြီးထွားဖွံ့ဖြိုးမှုကို စစ်ဆေးနိုင်ခြင်း ၊
⁃ ကလေးလေးရဲ့ ခန္ဓာကိုယ်ပေါ်ရှိ ကိုယ်လက်အင်္ဂါ အသေးစိတ်ကို ရှင်းလင်းစွာ မြင်ရနိုင်ခြင်း ၊
⁃ နှုတ်ခမ်းကွဲ ၊ အာခေါင်ကွဲ နှင့် မွေးရာပါနှလုံးရောဂါ စသည်တို့ကို စစ်ဆေးနိုင်ခြင်း ။

🌷 Ultrasound အကြောင်း မှားယွင်းသည့် ယုံကြည်ချက်တွေလည်း ရှိပါတယ်

❌ “ Ultrasound များများလုပ်ရင် ကလေးအန္တရာယ်ရှိတယ် ”
အမှန် _ Ultrasound သည် radiation ဓာတ်ရောင်ခြည်မပါသော အသံလှိုင်းကိုပဲ အသုံးပြုတာဖြစ်လို့ ဓာတ်ရောင်ခြည်အန္တရာယ် မရှိပါဘူး ။

❌ “Ultrasound ကိုတစ်ကြိမ်ပဲ လုပ်ရင်လုံလောက်တယ်”
အမှန်_ ကိုယ်၀န်ဆောင်ချိန်မှာ ultrasound ကိုအနည်းဆုံး နှစ်ကြိမ် မှ သုံးကြိမ် စစ်‌ဆေးပေးခြင်းက မိခင်နှင့်ကလေးအတွက် ပိုမိုအကျိုးရှိ‌စေပါတယ် ။

ဒါ့အပြင် Ultrasound ကို လိုအပ်တဲ့အချိန်မှာစစ်ဆေးခြင်းက ‌မိခင်နဲ့ရင်‌သွေးလေးအတွက် ဘေးကင်းစိတ်ချရတဲ့မွေးဖွားမှုရရှိအောင် များစွာအထောက်အကူ ဖြစ်စေပါတယ် ။

✔ ကျွန်တော်တို့ Royal Family ဆေးရုံမှာ ကိုယ်ဝန်ဆောင်မိခင်တို့အတွက် ခေတ်မှီ Ultrasound နဲ့ 4D Ultrasound ပါစစ်ဆေးကြည့်ရှုနိုင်လို့ရပါတယ် ။

“ နွေးထွေးကြင်နာ ကျန်းမာစေမှာ Royal Family ပါ “

Phone ☎️ : 09 77 5678 555 , 09 88 111 555 6
Address 🏩 : မူဆယ်မြို့ ၊ ဟိုမွန် ရပ်ကွက် ၊ သိန်းသန်းချီ ကားကြီးဝင်း အထွက်လမ်း ။

Hello  November !    ကျွန်တော်တို့  " တော်ဝင် မိသားစု ဆေးရုံ "  မှ    ကောင်းချီး မင်္ဂလာ အဖြာဖြာ ပြည့်စုံသော နေ့သစ် ၊ လသ...
01/11/2025

Hello November !
ကျွန်တော်တို့ " တော်ဝင် မိသားစု ဆေးရုံ " မှ ကောင်းချီး မင်္ဂလာ အဖြာဖြာ ပြည့်စုံသော နေ့သစ် ၊ လသစ် ဖြစ်ပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါတယ်ခင်ဗျာ ။ ။

Happy  Diwali  🪔  !
20/10/2025

Happy Diwali 🪔 !

ပျော်ရွှင် ချမ်းမြေ့စရာ  သီတင်းကျွတ်  ဖြစ်ပါစေကြောင်း  ကျွန်တော်တို့   Royal Family  ဆေးရုံ  မိသားစု   မှ ဆုတောင်းမေတ္တာ...
06/10/2025

ပျော်ရွှင် ချမ်းမြေ့စရာ သီတင်းကျွတ် ဖြစ်ပါစေကြောင်း
ကျွန်တော်တို့ Royal Family ဆေးရုံ မိသားစု မှ
ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ် ခင်ဗျာ 🙏🙏🙏

🔥အစာအိမ်နာတာ H pylori ပိုးကြောင့်လား?အစာအိမ်နာခြင်းက အကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်ပါတယ်၊ ဒါပေမယ့်အဖြစ်အများဆုံးကတေ...
04/10/2025

🔥အစာအိမ်နာတာ H pylori ပိုးကြောင့်လား?

အစာအိမ်နာခြင်းက အကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်ပါတယ်၊ ဒါပေမယ့်အဖြစ်အများဆုံးကတော့ H pylori
ပိုးကြောင့်ပါ။

H pylori (Helicobacter pylori )ဆိုတဲ့ ဘက်တီးရီးယားပိုးဟာ အစာအိမ်အတွင်းမှာ ရှင်သန်နိုင်ပြီး အစာအိမ် ရောင်ခြင်း(gastritis) နှင့် အစာအိမ်အနာ (peptic ulcer) တို့ကိုဖြစ်‌စေပါတယ် ၊ မကုသဘဲ အချိန်ကြာလာရင် အစာအိမ်ကင်ဆာ ထိပြောင်းလဲသွားနိုင်ပါတယ် ။

🧬ဘယ်လို ကူးစက်နိုင်သလဲ?

▫️မသန့်ရှင်းသောရေ နဲ့ အစားအစာများကိုစားသုံးမိခြင်း

▫️ပန်းကန် ၊ ဇွန်း စသောပစ္စည်းများကို အတူတကွသုံးစွဲခြင်း

▫️လက်ကို စင်ကြယ်စွာ ဆေး‌ကြောသော အလေ့အကျင့်မရှိခြင်း

🧬ရောဂါပိုးရှိရင် ဘယ်လိုခံစားရမလဲ ?

ရောဂါပိုးရှိသူအများစုက မည်သည့်လက္ခဏာမှ မရှိတာဖြစ်တတ်ပါတယ် ။ များသောအားဖြင့်ကတော့ အောက်ပါလက္ခဏာများပြလေ့ရှိပါတယ်

▫️အစာအိမ်နာခြင်း

▫️ပျိူ့ခြင်း၊ အန်ခြင်း

▫️အစားအသောက် ပျက်ခြင်း

▫️အစာမကြေလေပွခြင်း၊

▫️အကြောင်းရင်းမရှိဘဲ ကိုယ်အလေးချိန်ကျခြင်း

▫️အနာမှသွေးထွက်ပြီးသွေးအန်ခြင်း၊ အညိုရောင် သို့မဟုတ်အမည်းရောင်၀မ်းသွားခြင်း

🔬H pylori ပိုးရှိ‌ကြောင်းကို ဘယ်လိုနည်းလမ်းနဲ့စမ်းသပ်ရမလဲ

▫️Breath test

▫️Stool antigen test ၀မ်းစစ်ခြင်း

▫️Blood test သွေးစစ်ခြင်း

▫️Endoscopy with biopsy အစာအိမ်မှန်ပြောင်းကြည့်ပြီးစစ်ဆေးခြင်း

💉ကုသပျောက်ကင်းနိုင်လား

H. pylori ပိုးရှိခြင်းက ကာကွယ်နိုင်ပြီး မှန်ကန်စွာကုသမှု ယူရင် ပျောက်ကင်းနိုင်တဲ့ ရောဂါဖြစ်ပါတယ်။

ရောဂါပိုးကူစက်ခြင်းကို အောက်ပါ နည်းလမ်းများနဲ့ကာကွယ်နိုင်ပါတယ်

▫️လက်ကို ဆပ်ပြာနဲ့ ဆေးပါ 🧼

▫️သန့်ရှင်းတဲ့ ရေကိုသောက်ပါ 💧

▫️အစားအစာများကို သေချာချက်ပြီး စားပါ 🍲

▫️ဇွန်း ၊ ခွက် ၊ ပန်းကန် များကို အတူ မျှဝေပြီး မစားပါနှင့် 🍴

▫️အစာအိမ်နာ‌သော လက္ခဏာများ ခံစားရပါက ဆရာဝန် နှင့် အမြန်ပြသပြီး သင့်‌တော်သော ကုသမှုခံယူပါ 🏥

H. pylori ကုသမှုမှာ ပဠိဇီ၀ဆေး(Antibiotics) နဲ့

အစာအိမ်အနာအတွက် ဆေးများ ပါဝင်ပါတယ် ၊

ဆေးကို သေချာသောက်မယ်ဆိုရင် ရောဂါပိုးကင်းစင် ပျောက်ကင်းမှာပါ ။

🔥ရောဂါကို ကုသနိုင်ဖို့ ဆိုရင် ဗိုက်နာတာနဲ့ အထက်ပါ ရောဂါလက္ခဏာများ မကြာခဏ ခံစားရခဲ့ရင် စောစော စမ်းသပ်ကုသဖို့က အရေးကြီးပါတယ် ၊၊

ကျွန်တော်တို့ Royal Family ဆေးရုံမှာလည်း H pylori ရောဂါစစ်ဆေးခြင်းဓာတ်ခွဲစမ်းသပ်မှုအမျိုးမျိုးရရှိနိုင်ပြီး ~ အစာအိမ်မှန်ပြောင်းကြည့်ခြင်းများကို နေ့စဉ် စစ်ဆေးကုသပေးလျက် ရှိပါတယ်ခင်ဗျာ။

"နွေးထွေးကြင်နာ ကျန်းမာစေမှာ Royal Family " ပါ

☎️ 09 88 111 555 6 / 09 77 5678 555
0969 851 3336 / 0998 2959 437
🏨 မူဆယ်မြို့ ဟိုမွန် ရပ်ကွက် ၊ သိန်သန်းချီ ကားကြီးဝင်း အထွက်ပေါက် ။

💢 သွေးတိုးရောဂါကို တိတ်တဆိတ်လူသတ်သမား (silent killer)လို့ တင်စားတတ်ကြပါတယ် ။     ပုံမှန်အားဖြင့် သွေးတိုးရောဂါဟာ ရောဂါလက...
07/09/2025

💢 သွေးတိုးရောဂါကို တိတ်တဆိတ်လူသတ်သမား (silent killer)လို့ တင်စားတတ်ကြပါတယ် ။

ပုံမှန်အားဖြင့် သွေးတိုးရောဂါဟာ ရောဂါလက္ခဏာ သိပ်ပြလေ့မရှိပါဘူး ။ လူအများစုကသွေးတိုးရောဂါရဲ့ ရောဂါလက္ခဏာတွေကို ခံစားရလေ့ မရှိပါဘူး ။ အစပိုင်းမှာ အန္တရာယ်မရှိဘူးလို့ ထင်တတ်ကြပေမယ့် သွေးတိုးတာ အချိန်ကြာလာတာနဲ့အမျှ နောက်ဆက်တွဲ ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ် ။ 🤦‍♀️

သွေးတိုးရောဂါရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကတော့ .......

👉 နှလုံးရောဂါ
သွေးတိုးကြောင့် နှလုံးက 🫀အလုပ်ပိုလုပ်ရတဲ့အတွက် နှလုံးသွေးကြောကျဉ်းတာ ၊ ရင်ဘတ်အောင့်တာ ၊ နှလုံးရောဂါ ဖြစ်နိုင်ပါတယ် ။ အချိန်ကြာလာတာနဲ့အမျှ နှလုံးကြီးလာပြီး နောက်ဆက်တွဲရောဂါတွေလည်း ဖြစ်စေပါတယ် ။

👉 လေဖြတ်ခြင်း
သွေးပေါင်ချိန်တက်ခြင်းကြောင့် ဦးနှောက်ထဲမှာရှိတဲ့ 🧠 သွေးကြောတွေ ပိတ်တာ ၊ ပေါက်တာ မျိုးတွေ ဖြစ်စေပါတယ် ။ ဦးနှောက်တစ်သျှူးတွေပျက်စီးပြီး ကိုယ်တစ်ခြမ်းသေတာ ၊ စကားမပြောနိုင်တာ စသည့်အပြင် အသက်သေဆုံးတဲ့အထိပါ ဖြစ်နိုင်ပါတယ် ။

👉 ကျောက်ကပ်ပျက်စီးခြင်း
သွေးပေါင်ချိန် မြင့်တက်ခြင်းကြောင့် ကျောက်ကပ်မှာရှိတဲ့ သွေးကြောတွေပျက်စီးလာပါတယ် ။ အချိန်ကြာလာတာနဲ့အမျှ နာတာရှည်ကျောက်ကပ်ရောဂါ ဖြစ်စေပြီး ကျောက်ကပ်ဆေးရတာတွေ ၊ ကျောက်ကပ်အစားထိုးရတာတွေအထိပါ ဖြစ်စေနိုင်ပါတယ် ။

👉 အမြင်အာရုံချို့ယွင်းခြင်း
သွေးတိုးကြောင့် မျက်စိထဲက 👁️ သွေးကြောမျှင်တွေပေါက်ပြီး သွေးယိုစိမ့်နိုင်ပါတယ် ။ ဒါ့ကြောင့် အမြင်အာရုံ ပြောင်းလဲတာတွေ ၊ မျက်စိကွယ်တာတွေအထိ ဖြစ်နိုင်ပါတယ်။

👉 Peripheral Artery Disease (PAD)
သွေးတိုးကြောင့် ခြေထောက်တွေမှာရှိတဲ့ သွေးကြောတွေ ကျဉ်းလာပြီး ခြေဖျားတွေကို သွေးကောင်းကောင်းမလျှောက်နိုင်တဲ့ အခြေအနေ Peripheral Artery Disease (PAD) ဖြစ်လာပါတယ် ။ ဒါ့ကြောင့် ခြေထောက်တွေထုံတာ ၊ နာတာတွေ ဖြစ်နိုင်ပါတယ် ။

👉 မှတ်ဉာဏ်ချို့ယွင်းခြင်း
သွေးတိုးကြောင့် ဦးနှောက် 🧠 အတွင်းပိုင်းမှာရှိတဲ့ သွေးကြောငယ်လေးတွေ ပျက်စီးစေတဲ့အတွက်ကြောင့် သတိမေ့တာ ၊ မှတ်ဉာဏ်ပျောက်ဆုံးတာတွေ ဖြစ်စေပါတယ် ။

🩺 သွေးတိုးရောဂါရှိလာပြီဆိုရင်တော့ သက်ဆိုင်ရာ ကျွမ်းကျင်ဆရာဝန်ကြီးများနဲ့ အမြန်ဆုံးပြသပြီး သွေးတိုးရောဂါ ရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ကြိုတင်ကာကွယ်ကြရအောင် ။ 💪

▪️ တော်ဝင်မိသားစု ဆေးရုံ ▪️
Royal Family Hospital

📍မူဆယ်မြို့ ၊ ဟိုမွန် ရပ်ကွက် ၊ သိန်းသန်းချီ ကားကြီးကွင်း အထွက်လမ်း ။

☎️09 77 5678 555
☎️09 88 111 555 6
☎️09 88 111 555 7
☎️09 88 111 555 8
☎️09 88 111 555 9

#‌‌ တော်ဝင်မိသားစု ဆေးရုံ

အဆုတ်ကျန်းမာရေးအတွက် ဒါတွေဖြတ်   ကျွန်‌တော်တို့တွေ  ကောင်းကောင်းအသက်ရှင်နေထိုင်နိုင်ဖို့  အဓိကတာဝန်ထမ်းဆောင်နေပြီး ခန္ဓာ...
01/09/2025

အဆုတ်ကျန်းမာရေးအတွက် ဒါတွေဖြတ်

ကျွန်‌တော်တို့တွေ ကောင်းကောင်းအသက်ရှင်နေထိုင်နိုင်ဖို့ အဓိကတာဝန်ထမ်းဆောင်နေပြီး ခန္ဓာကိုယ်ရဲ့ မရှိမဖြစ်နဲ့ ၊ မဖြစ်မနေ ကျန်းမာအောင်ထားပေးရမယ့် အစိတ်အပိုင်းတွေထဲမှာ .... တစ်ခုအပါအဝင်ဖြစ်တဲ့ အဆုတ် အတွက် ရောဂါဖြစ်နိုင်ခြေတွေကနေ ကာကွယ်နိုင်ဖို့ အောက်ပါအတိုင်း ဂရုစိုက်ပေးပါ ခင်ဗျာ ။

🔺ဆေးလိပ်မသောက်ပါနဲ့ ။
မသောက်ဘဲမနေနိုင်ရင် အတိုင်းအတာတစ်ခုထားပြီး တဖြည်းဖြည်းလျှော့သောက်ကြည့်ပါ ။
စီးကရက်သောက်သုံးခြင်းက အဆုတ်ကင်ဆာတွေ ၊ နာတာရှည် လေပြွန်ရောင်ရောဂါတွေ ဖြစ်စေပြီး အဆုတ်ပျက်စီးခြင်းရဲ့ လမ်းစတစ်ခုလည်း ဖြစ်ပါတယ် ။ ဆေးလိပ်ငွေ့တွေက ခန္ဓာကိုယ်ရဲ့ လေဝင် ၊ လေထွက် လမ်းကြောင်းတွေကို ကျဉ်းစေနိုင်တာကြောင့် အချိန်ကြာလာတာနဲ့အမျှ အဆုတ် Tissue တွေကိုဖျက်ဆီးပစ်နိုင်ပြီး ကင်ဆာအဖြစ်သို့ ပြောင်းလဲ သွားစေနိုင်လောက်အောင် အန္တရာယ်များပါတယ် ။

🔺 ဖုန်နဲ့ အမှုန်တွေ၊ လေထုညစ်ညမ်းမှုတွေ အဆုတ်ထဲတိုက်ရိုက်ရှူသွင်းခြင်းမှ ရှောင်ရှားပါ။
အပြင်ထွက်ပြီဆိုတာနဲ့ လေထုညစ်ညမ်းမှုတွေက အမြဲလိုလို ထိတွေ့နေရတာဆိုတော့ အဆုတ်ကိုထိခိုက်စေတဲ့ Pollutant တွေကနေကာကွယ်ပေးနိုင်တဲ့ N95 Mask (သို့) Surgical Mask လိုမျိုး Mask များ ဝတ်ဆင်ပါ ၊ အိမ်အတွင်းနဲ့ ပတ်ဝန်းကျင်ကို အမြဲသန့်ရှင်းအောင်ထားပါ ။ အခန်းပတ်ဝန်းကျင်နဲ့ အိမ်ပတ်ဝန်းကျင်မှာ လေသန့်စင်ပေးနိုင်တဲ့ အပင်များစိုက်ပေးတာကလည်း ကောင်းမွန်တဲ့နည်းလမ်းတစ်ခုပါပဲ ခင်ဗျာ ။

🔺မီးခိုးငွေ့များ၊ ညှော်နံ့များမှ ကာကွယ်နိုင်ဖို့အတွက် မီးခိုင်ချောင်မှာ လေပူထုတ်ပန်ကာများကိုလည်း တပ်ဆင်နိုင်ပါတယ် ။

🔺လေဝင်လေထွက် မျှတဖို့အတွက် အသက်ရှူလေ့ကျင့်ခန်းများ ပုံမှန်လုပ်ဆောင်ပါ ။

🔺အစားအစာတွေအနေနဲ့ အမျှင်ဓာတ် ၊ Vitamin C ဓာတ်ကြွယ်ဝတဲ့အသီးအနှံများ ၊ Antioxidant ကြွယ်ဝတဲ့အစားအစာများကို စားသုံးပေးပါ ။
အငန်လျှော့စားပါ။
ကိုယ်အလေးချိန်မျှတအောင်ထိန်းညှိပေးပါ။
အဆုတ်ကျန်းမာရေးကို စစ်ဆေးပေးပါ။

ဒါဆိုရင်တော့ အဆုတ်ရောဂါတွေကနေ ကာကွယ်ဖို့ နည်းလမ်းကောင်းလေးတွေကို သိလောက်ပြီထင်ပါတယ် ။ မိမိမှာ အဆုတ်ကင်ဆာ မျိုးရိုးရှိရင်ပဲဖြစ်ဖြစ် ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ မူမမှန်တာတွေရှိနေရင်ပဲ ဖြစ်ဖြစ် .... ဒီနည်းလမ်းလေးတွေကို လက်တွေ့ အသုံးချကြည့်ဖို့လည်း တိုက်တွန်းလိုပါတယ် ခင်ဗျာ ။ ။

▪️ တော်ဝင်မိသားစု ဆေးရုံ ▪️
Royal Family Hospital

📍မူဆယ်မြို့ ၊ ဟိုမွန် ရပ်ကွက် ၊ သိန်းသန်းချီ ကားကြီးကွင်း အထွက်လမ်း ။

☎️09 77 5678 555
☎️09 88 111 555 6
☎️09 88 111 555 7
☎️09 88 111 555 8
☎️09 88 111 555 9

#‌‌ တော်ဝင်မိသားစု ဆေးရုံ

09/07/2025
မူဆယ်ခရိုင်  ပြည်သူ့ဆေးရုံကြီး မှ  အောက်ပါအစီအစဉ်အတိုင်း  မြို့နယ်အလိုက်  ၊ သတ်မှတ်ထားသော ရက်များတွင်  .... " ကလေးကာကွယ်...
17/05/2025

မူဆယ်ခရိုင် ပြည်သူ့ဆေးရုံကြီး မှ အောက်ပါအစီအစဉ်အတိုင်း မြို့နယ်အလိုက် ၊ သတ်မှတ်ထားသော ရက်များတွင် .... " ကလေးကာကွယ်ဆေး ထိုးနှံပေးပါမည် ဖြစ်ကြောင်း " သတင်းကောင်း ပါးလိုက်ပါတယ် ခင်ဗျာ ။ ။

အသေးစိတ်အား မူဆယ်ခရိုင် ပြည်သူ့ဆေးရုံကြီး တွင် စုံစမ်းရန် ။

ကိုယ်ဝန်ဆောင်မိခင်များအတွက် သတင်းကောင်းလေးတစ်ခု လာပါပြီ ခင်ဗျာ ။   မေလ (၁၁) ရက်နေ့တွင် ကျရောက်မည့်  " World Happy Mother...
10/05/2025

ကိုယ်ဝန်ဆောင်မိခင်များအတွက် သတင်းကောင်းလေးတစ်ခု လာပါပြီ ခင်ဗျာ ။

မေလ (၁၁) ရက်နေ့တွင် ကျရောက်မည့် " World Happy Mother's Day " ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် 🙏
မူဆယ်မြို့ရှိ ကျွန်တော်တို့ Royal Family Hospital -
တော်ဝင်မိသားစု အထူးကုဆေးရုံ မှ ကိုယ်ဝန်ဆောင်မိခင်များ မည်သူမဆို ….. မေလ (၁၁) ရက်နေ့တွင် 4D Ultrasound ရိုက်ပါက 50% 👍 နှင့် ရိုးရိုး Ultrasound ရိုက်ပါက 15% 👍 Discount ..... လျှော့ချပေးမည် ဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါတယ် ခင်ဗျာ ။

အကယ်၍ Ultrasound ကို မေလ (၁၁) ရက်နေ့တွင် ချက်ချင်း ရိုက်ယူရန် အဆင်သင့် မဖြစ်သေးသော မိခင်များအနေဖြင့်လည်း ---> မေလ(၁၁)ရက်နေ့တွင် ဆေးရုံသို့လာရောက်‌၍ ဤ Promotion ၌ ကြိုတင်စာရင်းပေး ငွေသွင်းချေထားရှိပြီး လျှင် ၊ မိမိ Ultrasound ရိုက်ယူလိုသောရက်ကို Appointment ရက်ချိန်းယူပြီးလည်း ရိုက်နိုင်မည်ဖြစ်ပါကြောင်း ထပ်မံ သတင်းကောင်းပါးအပ်ပါတယ် ခင်ဗျာ ။

"နွေးထွေးကြင်နာ ကျန်းမာစေမှာ Royal Family " ပါ

☎️ 09 88 111 555 6 / 09 77 5678 555
0969 851 3336 / 0998 2959 437
🏨 မူဆယ်မြို့ ဟိုမွန် ရပ်ကွက် ၊ သိန်သန်းချီ ကားကြီးဝင်း အထွက်ပေါက် ။

" Royal Family ဆေးရုံ အလှူ "  မြေငလျင်ဘေးကြောင့် အားလုံး ခက်ခဲနေချိန်မှာ မန္တလေးမြို့ နဲ့ စစ်ကိုင်းမြို့ကြီးဆီကို ကူညီဖေ...
15/04/2025

" Royal Family ဆေးရုံ အလှူ "

မြေငလျင်ဘေးကြောင့် အားလုံး ခက်ခဲနေချိန်မှာ မန္တလေးမြို့ နဲ့ စစ်ကိုင်းမြို့ကြီးဆီကို ကူညီဖေးမ ပါဝင်လှူဒါန်းနိုင်ဖို့အတွက် … မူဆယ်မြို့ ကမ်းလက်ကူညီ ပရဟိတအသင်း အားများစွာ ကျေးဇူးတင်ပါကြောင်း …. 🙏

စစ်ကိုင်းမြို့ရှိ ဘုန်းတော်ကြီးကျောင်း နှင့် မင်းကွန်းဘိုးဘွားရိပ်သာ အား ဆန် ၊ ဆီ၊ ပဲ ၊ ရေသန့်ဗူး ၊ ခေါက်ဆွဲခြောက်ထုပ် များဖြင့် ပါဝင်လှူဒါန်းခဲ့ပါတယ် ။

Royal Family ဆေးရုံ ရဲ့ ပြုသမျှ ကုသိုလ်အစုစုတို့ကို (၇)ရက်သားသမီးများ အတူတကွ သာဓုခေါ်ဆိုနိုင်ပါတယ်ခင်ဗျာ🙏

" နွေးထွေးကြင်နာ ကျန်းမာစေမှာ Royal Family ပါ “

Family Hospital

#ငလျင်
#မန္တလေးမြို့
#စစ်ကိုင်းမြို့

ကိုယ်ဝန်ဆောင်ကာလဟာဆိုရင် သန္ဓေသားရော မိခင်ပါ ကျန်းမာဖို့အတွက် မေမေတို့ အစစအရာရာ အထူးဂရုပြုရတဲ့ ကာလပဲဖြစ်ပါတယ် ။   ဒီကာလက...
21/03/2025

ကိုယ်ဝန်ဆောင်ကာလဟာဆိုရင် သန္ဓေသားရော မိခင်ပါ ကျန်းမာဖို့အတွက် မေမေတို့ အစစအရာရာ အထူးဂရုပြုရတဲ့ ကာလပဲဖြစ်ပါတယ် ။

ဒီကာလကို ကောင်းကောင်းကျော်ဖြတ်နိုင်မှ ကျန်းမာတဲ့ သားသမီးရတနာလေးတွေကို ရရှိခံစားရနိုင်မှာမို့ ကိုယ်ဝန်နုစဉ်ကာလကနေ ကလေးမီးဖွားခါနီးအချိန်ထိ မေမေတို့ ရှောင်ရှားရမယ့် အချက်လေးတွေကို ဖော်ပြပေးချင်ပါတယ် …

🔈အစားအသောက် ....
🚩 ကိုယ်ဝန်ဆောင်မိခင်က ဗိုက်ထဲက ကလေးအတွက်ပါ အစာကို နှစ်ဆစားရမယ် ဆိုပြီး နားလည်မှုတွေ လွဲမှားနေပါတယ် ။ သာမန်အမျိုးသမီးတစ်ယောက်အတွက် တစ်နေ့တာ လိုအပ်တဲ့ ကယ်လိုရီက (၂၂၀၀ ) ဖြစ်ပြီး ၊ ကိုယ်ဝန်ဆောင်တစ်ယောက်အတွက်ဆို နောက်ထပ် ကယ်လိုရီ (၃၅၀) ကနေ (၄၀၀) အထိ စားပေးရင် လုံလောက်ပါပြီ ။ ကလေးအတွက်ဆိုပြီး အစားကို လိုတာထက် ပိုစားခြင်းက မိခင်ကို ကိုယ်အလေးချိန် တက်စေနိုင်ပြီး ကိုယ်အလေးချိန်များလွန်းတာက မိခင်အတွက် သွေးတိုး ၊ ဆီးချိုရောဂါကို ဖြစ်စေနိုင်တာကြောင့် လိုအပ်တဲ့ အာဟာရအတိုင်း အစာအုပ်စု (၅) အုပ်စုကို သင့်တင့်မျှတစွာသာ စားသုံးပေးသင့်ပါတယ် ။

🚩 မကျက်တကျက် ချက်ထားတဲ့ အသားတွေ ၊ ဆာရှိမိတွေ ၊ ငန် လွန်းတဲ့ အစားအစာတွေ ၊ ကဖင်းဓာတ်အလွန်အကျွံ သောက်သုံးတာတွေကို ရှောင်ကြဉ်ရပါမယ် ✖️

🔈အနေအထိုင် ....
🚩 ကိုယ်ဝန်ဆောင်တစ်ယောက်အနေနဲ့ လေးလံတဲ့ ပစ္စည်းတွေ မ,တာ ၊ ပြုတာတွေကို လုံးဝမလုပ်သင့်ပါဘူး ✖️

🚩 အိမ်ရဲ့ အမှိုက်တွေ ၊ တိရစ္ဆာန်တွေရဲ့ အညစ်အကြေးတွေမှာ Bacteria အများကြီးရှိတတ်တာကြောင့် ကိုင်တွယ်ရှင်းလင်းတာမျိုးလဲ မလုပ်သင့်တော့ပါဘူး ✖️

🚩 အပျော်စီး ယာဉ်တွေစီးတာ ၊ ကိုယ်ဝန်လရင့်တဲ့ချိန် ခရီးသွားတာတွေပါ ရှောင်ပါ ✖️

🚩 ဖိနပ်ခပ်မြင့်မြင့် စီးတာလည်း ရှောင်သင့်ပါတယ် ✖️

🔈 အခြားအပြုအမူတွေ ....
🚩 ဆေးလိပ်နဲ့ အရက်ကို သောက်သုံးတဲ့ မိခင်ဟာ ... မွေးရာပါ နှုတ်ခမ်းကွဲ ၊ အာခေါင်ကွဲ ကလေးတွေ ဖွားမြင်တာ ၊ ကလေး ဉာဏ်ရည် ဉာဏ်သွေး နိမ့်ကျတတ်တာတွေ ဖြစ်တတ်လို့ ကိုယ်ဝန်ဆောင်ကာလမှာတော့ လုံးဝကို မသောက်သုံးသင့်သလို ၊ ဆေးလိပ်သောက်သုံးသူအနားလည်း မနေသင့်ပါ ။

🚩 ဆရာဝန်ကိုယ်တိုင် သောက်ဖို့ညွှန်ကြားထားခြင်းမရှိတဲ့ ဆေးဝါးတွေသောက်သုံးတာ ..... စတဲ့ အပြုအမူတွေက မိခင်အတွက်တင်မကဘဲ ကလေးတွက်ပါ ထိခိုက်စေလို့ အထူးကို ရှောင်ကြဉ်ကြရပါမယ် ။

🌸 နွေးထွေးကြင်နာ ကျန်းမာစေမှာ Royal Family ပါ 🌸
🏨 မူဆယ်မြို့ ၊ ဟိုမွန် ရပ်ကွက် ၊ သိန်းသန်းချီ ကားကြီးကွင်း အထွက်ပေါက် လမ်း ။
☎️ 09 88 111 555 6 / 09 77 5678 555

Address

Family , Muse Highway Bus Station
Mu-Se

Telephone

+959775678555

Website

Alerts

Be the first to know and let us send you an email when Royal Family Hospital posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Royal Family Hospital:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category